Showing posts with label သျှမ်းတွေ့ဆုံဆွေးနွေးမှု. Show all posts
Showing posts with label သျှမ်းတွေ့ဆုံဆွေးနွေးမှု. Show all posts

October 11, 2012

လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော

SSA-N နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေစဉ် (ဓာတ်ပုံ- ဦးလှမောင်ရွှေ Facebook မှ)
ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSA-N) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် လားရှိုးမြို့ ရွှေလီခန်းမတွင် တွေ့ဆုံနေကြကြောင်း သတင်းရရှိသည်။
မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့ပိုင်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းမှ အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်နှင့် ဗဟို ကော်မတီဝင် ၉ ဦးတို့ ပါ၀င်ကြကြောင်း သိရသည်။
“တော်တော်လေး နွေးနွေးထွေးထွေးနဲ့ တဘက်နဲ့ တဘက် သဘောထားကြီးကြီး ဆွေးနွေးကြတာတွေ့တယ်။ ၂ ဘက်လုံးမှာ ဖြစ် နေ တဲ့ နားလည်မှု လွဲနေတာလေးတွေ ဆွေးနွေးလိုက်တော့ တော်တော်လေး သက်သောင့် သက်သာ အနေအထား ဖြစ်သွားတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
SSA မြောက်ပိုင်း တပ်များ အခြေချနေထိုင်နိုင်ရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တပ်ပိုင်းဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများနှင့် ဒေသ ဖွံ့ဖြိုးရေး အတွက် အစိုးရဘက်မှ ကူညီဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည့် ၈ လကျော် အချိန်ကာလအတွင်း မြန်မာအစိုးရဘက်မှ သဘောတူညီချက်ပါ အချက်အလက်တချို့ကို ချိုးဖောက်သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း SSA-N က ဆိုသည်။
“SSA တပ်တွေအနေနဲ့ ရောက်ရှိတဲ့ နေရာမှာ ယာယီနေထိုင်ခွင့် ရဖို့ သဘောတူညီချက်ရှိတယ်။ အဲဒါကို ရွှေ့ခိုင်းတာ၊ မရွှေ့တဲ့ နေ ရာ တွေမှာ တပ်နဲ့ ၀င်တိုက်တာတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု ဦးအောင်မင်းနဲ့ တွေ့တဲ့အခါ ကျနော်တို့ တပ်တွေ နေရာချထားရေး ကို ပထမအဆင့်အနေနဲ့ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းမယ်”ဟု SSA ပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလကလည်း ပြောဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုင်းရှုးမြို့နယ် တာဆန်းဖူး ဒေသတွင် အခြေစိုက်ထားသော SSA-N တပ်မဟာ ၃ နှင့် တပ် မဟာ ၆ တို့ ကို ဆုတ်ခွာပေးခဲ့ရပြီး ၎င်းတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ အခြေချနေထိုင်ရန်၊ စီးပွားရေး၊ စို်က်ပျိုးရေး လုပ်ငန်းများ ထူထောင်ရန်အတွက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
တပ်မဟာ ၆ နှင့် တပ်မဟာ ၃ ရှိ တပ်သားများနှင့် တပ်မိသားစု စုစုပေါင်း လူဦးရေ ၃၅၀၀ ခန့်ရှိပြီး အခြေချနေထိုင်ခွင့်ရရန် ခက်ခဲနေကြောင်း သိရသည်။
ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှု မပြီး ပြတ်သဖြင့် ယနေ့တွင် ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်တွင် SSA မြောက်ပိုင်း အဖွဲ့ မိသားစုများ၏ လူနေမှု ဘဝမြှင့်တင်ရေး၊ ဒေသတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ ထာဝရငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါ၀င်ခဲ့သည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (ခေါ်) ရှမ်းပြည်တိုးတက်ရေး ပါတီ(SSA/ SSPP) သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို  ငြင်းဆန်ကာ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

http://burma.irrawaddy.org/archives/22565

စစ်ရေးတင်းမာမှုရှိနေသော်လည်း ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် စစ်ရေးဆွေးနွေးချက်မရှိ

ယမန်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ပြုလုပ်သော သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့်  ဒုတိယအကြိမ်ဆွေးနွေးပွဲမှ စစ်ရေးနှင့် ပတ်သက်သည့် ဆွေးနွေး ချက်တခုမှ မပါရှိကြောင်း SSPP/SSA သတင်း ရပ်ကွက်ကဆိုပါသည်။ 
SSPP_union_peace_talk
SSPP/SSA နှင့် မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ဆွေးနွေးပွဲ (ဓါတ်ပုံ- ဦးလှမောင်ရွှေ FB မှ)

“  တာ့ဆမ်ပူး ကူးတို့ဆိပ်ကနေဖယ်ခိုင်းထားတဲ့ကိစ္စ စစ်ရေး ကိစ္စ  ဒီဆွေးနွေးပွဲမှာ သူတို့ တခွန်းမှ မဟ လာဘူး။ ခေါင်းစဉ်ကလည်း ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တပ်မိသားစု ပြန်လည်နေရာချထား ရေးကိစ္စ ဆိုတော့ ခေါင်းစဉ်အတိုင်းဘဲ ဆွေးနွေးသွားတယ်” ဟု ပြောခွင့်ရဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က လားရှိုးတိုင်းရုံး၌ကျင်းပသော   ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ၂ ဦးအောင်မင်း ၊ ဒုဥက္ကဌ ၂ ဦးသိန်းဇော် တို့နှင့် အတူ သျှမ်းပြည် နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူး ကြီးအောင်သူ ၊သစ်တော ရေးရာ ဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီး၊ စစ်ဖက်မှ သျှမ်းပြည်မြောက်ပိုင်း လားရှိုး အခြေ စိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ခိုလမ် အခြေစိုက် ရလခ တိုင်းမှူး ဗိုလ်ချုပ် မင်းနောင်တို့ပါ၀င်တက် ရောက်ကြ သည်ဟု သျှမ်းပြည် တပ်မတော်မှ  အရာရှိတဦးက ပြောပါ သည်။  

သျှမ်းပြည်တပ်မတော်ဘက်ကမူ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် သျှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင်ဦးဆောင်သော ၁၀ ယောက်ပါ ကိုယ်စား လှယ်က တက်ရောက်ဆွေးနွေး ခဲ့သည်ဟုဆိုပါသည်။

“ ကျနော်တို့ ဘက်ကနေပြီးတော့ စစ်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ရွာတွေကိုပြန်လည်တည်ဆောက်မယ်။ ကျနော်တို့ တပ်သား မိသားစုတွေနဲ့ ဒီစစ်ဘေးဒုက္ခသည်တွေကို နေရာပြန်ချပေးမယ်လို့တင်ပြတော့ အစိုးရက မြေနေရာတွေကို ကွင်း ဆင်းကြည့်ရှုမယ် ပြောတယ်။ နောက်ပြီးဘိန်းအစားထိုးသီးနှံအတွက် ပြောင်းဖူးမျိုးစေ့ပေးတယ်၊ ပေါက်တူးအလက် ၂၀၀ ပေးတယ်၊ လက်တွန်းလယ်ထွန်စက် ၂ စီးပေးတယ်။ဆန်အိတ် ၁၀၀၀ ထောက်ပ့ံပေးတယ် ” ဟု ဗိုလ်မှူးစိုင်းလ ကပြောသည်။

နေရာပြန်လည်ချထားရေးအတွက် သဘောတူထားသော ဒေသများမှာ မိုင်းရှူးမြို့နယ်အတွင်းရှိ တိုက်ပွဲများဖြစ်ပွား ခဲ့သော ဟိုနမ့် အုပ်စု၊ နမ့်စိုင်အုပ်စု၊ နမ့်လောင်းအုပ်စု၊ လွယ်ချိုအုပ်စုတို့လည်းပါ၀င်ကြောင်း၊ တရွာလျင် အိမ်ခြေ ၃၅၀ ထားရှိရန်စီစဉ်ထားကြောင်း၊ နှစ်ဦးနှစ်ဘက်၏ သက်ဆိုင် ရာတာဝန်ရှိပုဂ္ဂိုလ် များ မှ ဆက်လက်ညှိနှိုင်းအကောင်အထည် ဖော်သွားဖို့  ဆွေးနွေးခြင်းမှ လွဲ၍ မည်သည့် သဘော တူညီ ချက်လက်မှတ်ရေး ထိုးခြင်း မရှိခဲ့ ကြောင်းလည်း ပြောပါသည်။

ကရင်ပြည်တွင်းဒုက္ခသည်များအတွက် နော်ဝေးနိုင်ငံ  Myanmar Peace Support Initiative-MPSI မှ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့၌ စံပြကျေးရွာတည်ဆောက်ပေးရာတွင် တရွာလျင် အိမ်ခြေ ၂၂၄ ၊ လူဦးရေ ၁၅၀၀ ထားရှိပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်သည်ဟုလည်းပြည်တွင်းသတင်းရပ်ကွက်က ဆိုပါသည်။

စစ်ရေးနှင့်ပတ်သက်၍လည်း  “ ကျနော်တို့ကို တာ့ဆမ်ပူးကူးတို့ဆိပ်ကနေ တပ်စခန်းပြောင်းပေးဖို့ သူတို့ပြောတုန်းက - ဗမာစစ် တပ်ဟာ လူထုကိုကာကွယ်ဖို့တာဝန်ရှိ တဲ့အတွက် ရွာထဲကို သျှမ်းတပ်ကဝင်ရင် သူတို့က တိုက် ခိုက်မယ်လို့ ပြောတယ်။ ဒီဆွေး နွေးပွဲမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘာမှထပ်မဆွေးနွေးလာတော့ ကျနော်တို့ နေနေမြဲဖြစ်တဲ့ တပ်စ ခန်းတွေမှာ ဆက်လက်နေ သွား မယ်။ ဆုတ်ပေးမှာမဟုတ်သလို လူထုနေတဲ့ မြို့ထဲရွာထဲလဲ ၀င်မှာမဟုတ်ဘူး။ ကျနော် တို့ တပ် စခန်းဆုတ်ဖို့ထပ်ပြီး ဖိအားပေး လာ မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဘဲရှိတယ်လေ။” ဟု သျှမ်းပြည် တပ်မတော် SSPP/SSA ပြောခွင့်ရဗိုလ်မှူးစိုင်းလ ကပြောသည်။

ယခုနှစ်ဆန်း ဂျန်နဝါရီ ၂၈ ရက်က တောင်ကြီး ၌ဆွေးနွေးကြစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဌ ဦးသိန်းဇော်က SSPP/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ မြန်မာအစိုးရတပ်များ တပတ်အတွင်းအပြီးတပ်ဆုတ်ပေးမည်ဟု ကတိပေးပြောကြား ခဲ့ သော်လည်း တပ်မဆုတ်ပေးသေးသည့်အပြင် သျှမ်းပြည်တပ်မတော်အဆိုအရ ယနေ့အထိ တိုက်ပွဲပေါင်းအကြိမ် ၄၀ ထက် မနည်း ဖြစ်ပွါးခဲ့သည်။ ယခင်အပတ်ကလည်း သျှမ်းပြည်နယ်အစိုးရ၏ လုံခြုံရေးဝန်ကြီး ဦးအောင်သူက သျှမ်းပြည်တပ်မတော် SSPP/SSA ၏နမ့်ပန်ချောင်း တာ့ဆမ်ပူးကူးတို့ဆိပ်အနီး တပ်စခန်းကို အောက်တို ဘာလ ၅ ရက်နေ့နောက်ဆုံးထား တပ်ရုပ်ပေးရန် သတိပေး ပြောဆိုခဲ့သေး၏။ ထူးခြားချက်မှာ ထိုသို့ စစ်ရေးနှင့် ပတ် သက်ပြီး တင်းမာမှုများရှိနေသည့်တိုင် ယမန်နေ့က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် စစ်ရေးနှင့်ပတ်သက်၍ တခွန်းမျှ မဆွေးနွေးခဲ့ကြပေ။

October 10, 2012

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSA မြောက်ပိုင်းအဖွဲ့ ဆွေးနွေး

မြန်မာအစိုးရ နဲ့ SSA မြောက်ပိုင်း တပ်မတော်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
Photo courtesy of Shanland
SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။
ဒီကနေ့ ဆွေးနွေးပွဲဟာ ၄ နာရီလောက် ကြာမြင့်ပြီး နှစ်ဘက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့  ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလှမောင်ရွှေက အာရ်အက်ဖ်အေကို ပြောပါတယ်။
မြန်မာအစိုးရဘက်က ၀န်ကြီးဦးအောင်မင်း နဲ့ အတူ  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှူး နဲ့ ပြည်ထောင်စု ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ၀န်ကြီးတွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ တစ်စုံတစ်ရာ ရခဲ့ပေမယ့် နှစ်ဘက်  သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မနက်ဖြန်မှာလည်း  မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)  ခေါင်းဆောင်တွေ ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။

http://www.rfa.org/burmese/news/ssa-n-peacegroup-meet-10102012152645.html

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ SSA မြောက်ပိုင်းအဖွဲ့ ဆွေးနွေး

မြန်မာအစိုးရ နဲ့ SSA မြောက်ပိုင်း တပ်မတော်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ နဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြကြောင်း သိရပါတယ်။
Photo courtesy of Shanland
SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်သားများကို ၂၀၁၂ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်စခန်းတနေရာတွင် တွေ့ရစဉ်။
ဒီကနေ့ ဆွေးနွေးပွဲဟာ ၄ နာရီလောက် ကြာမြင့်ပြီး နှစ်ဘက် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုတွေ ရှိခဲ့တယ်လို့  ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလှမောင်ရွှေက အာရ်အက်ဖ်အေကို ပြောပါတယ်။
မြန်မာအစိုးရဘက်က ၀န်ကြီးဦးအောင်မင်း နဲ့ အတူ  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းမှူး နဲ့ ပြည်ထောင်စု ဒုဝန်ကြီးတွေ၊ တိုင်းဒေသကြီး ၀န်ကြီးတွေ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုတွေ တစ်စုံတစ်ရာ ရခဲ့ပေမယ့် နှစ်ဘက်  သဘောတူ လက်မှတ်ရေးထိုးခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။ မနက်ဖြန်မှာလည်း  မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)  ခေါင်းဆောင်တွေ ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိကြောင်း သိရပါတယ်။


October 8, 2012

အစိုးရ ငြိမ်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA-N ထပ်မံတွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဗုဒ္ဓဟူးနေ့တွင် လားရှိူးမြို့၌ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ပြောသည်။

ဇန်နဝါရီလက ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးကြမည်
ဖြစ်ပြီး SSA မှ ခုနှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဦးဆောင်မည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ထင်တယ်။ ဘာအချက်အလက် အဓိက ဆွေးနွေးမယ်ဆိုတာ ကြိုတင် မပြောထားဘူး။ ဒီသုံးရက်အတွင်းမှာ တွေ့မယ်။ မနက်ဖြန်တော့ မဟုတ်ဘူး။ သဘက်ခါလောက် တွေ့မယ်” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

မိုင်းရှူးမြို့နယ် ကူးတိုးဆိပ်(တာဆမ်းဖူး) SSA တပ်များကို အောက်တိုဘညလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က စာပို့ထားသည်။

“ကျနော်တို့ သဘောတူညီချက်တွေ ပြောရမယ်။ အကောင်အထည်ဖော်တယ်။ လိုက်နာဆောင်ရွက်တာ မရှိတာ
ကြောင့် ပြဿနာ ခဏခဏ ဖြစ်နေတယ်လေ။ အဲဒါ သဘောတူညီထားတဲ့အတိုင်း လိုက်နာ ကျင့်သုံးဖို့ ပြောမယ်။ ဒီလို ဆက်ဖယ်ဆိုရင် ပြဿနာတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလှ က ဆက်ပြောသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရှမ်းပြည်နယ် လားရှိုးမြို့နှင့် တောင်ကြီးမြို့တို့တွင် SSPP/SSA-N ဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ထားပြီး
ဖြစ်သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/10227------ssa-n-.html

ကာချုပ်နှင့်အဖွဲ့ ‘ဝ’ နှင့် မိုင်းလားအား မူးယစ်ဆေးဝါးအဓိကထားဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအဖွဲ့  ဝ နှင့် မိုင်းလား ခေါင်း ဆောင်များအား စနေနေ့က ကျိုင်းတုံ၌တွေ့ဆုံကာ မူးယစ်ဆေးဝါးကိစ္စ အဓိကထားဆွေးနွေးသွား ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။
wa-naypyipaw
ယမန်နှစ်က လားရှိုး၌ ကျင်းပသော UWSA နှင့်နေပြည်တော်အဖွဲ့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

“သီးသန့်လေယာဉ်နဲ့ လာတယ်။ ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တယ်။တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ရလခ၊ ရမခ နဲ့အတူ တြိဂံ တိုင်းမှူးလဲပါတယ်။ အစိုးရရဲ့ စစ်ခေါင်းဆောင်ပိုင်း အားလုံး ၉ ယောက် လာတယ်၊ အဓိက ကတော့ နိုင်ငံရေး စစ်ရေးဘက်သိပ်မပြောဘူး၊ မူးယစ်ယစ်ဆေးဝါး တိုက်ဖျက်ဖို့ အဓိက ပြောသွားတယ်” - ဟု ကျိုင်းတုံရှိ အပစ်ရပ် ကိုယ်စားလှယ်ရုံးအသိုင်းအဝိုင်းက ပြောပါသည်။

စက်တင်္ဘာ ၆ ရက် မွန်းလွဲ ၁၂:၃၀ နာရီ က သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့်အတူ လားရှိုး၊ ခိုလမ် နှင့် ကျိုင်းတုံမှ စစ်တိုင်းမှူးတို့ ပါဝင်သောအဖွဲ့က UWSA ဝ တပ်ဖွဲ့ ဒု ဥက္ကဌ ရှောက် မင်လျှံ၊ ကျောက် ကော်အန်း၊ လီဂျူးလျဲ့ ခေါ် ဦးအောင်မြင့် ၊ ၁၄:၀၀ နာရီတွင် NDAA-ESS မိုင်းလားတပ်ဖွဲ့ မှ ဥက္ကဌ စိုင်းလင်း၊ ဒုဉက္ကဌ ဆန်းပေ နှင့် ခွန်ဆန်လူ တို့က တွေ့ဆုံဆွေးနွေးကြသည်ဟု ဆိုသည်။

“ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေပြီးတော့ ‘အခုကျနော်တို့တိုင်းပြည်မှာမူးယစ်ဆေးဝါး အရမ်းပေါများ နေတယ်။ ထိုင်း၊ တရုတ်နှင့် အမေရိကန်တွေတောင်မေးမြန်းလာတယ်ဆိုတော့၊ ခင်ဗျားတိုအပစ်ရပ် နယ်မြေတွေလဲ ၂၀၁၅ မှာ မူးယစ်ဆေးဝါးမရှိစေချင်တော့ဘူး၊ ခင်ဗျားတို့နာမည်ပျက်ရင်လဲ၊ ကျနော်တို့ နာမည် အဖျက်ခံရတာနဲ့ အတူတူဘဲ’ စတာတွေပြောတယ်” - ဟု ဝ  ၊ မိုင်းလား ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတဦးကပြောပါသည်။

မြန်မာအစိုးရသည် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး နှင့် CCDAC မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုကလည်း ‘၂၀၁၄ အပြီးလုပ် ဆောင်မည့် မြန်မာနိုင်ငံမူးယစ် ဆေးဝါးတိုက် ဖျက်ရေး စီမံကိန်းအား ၂၀၁၉ အထိ စီမံကိန်းနှစ်ဆက်တိုးထား သည်ဟု  ပြောကြောင်း’ -  ၆ ရက်နေ့ထုတ်အစိုးရပိုင် သတင်းစာ၌ ရေးသား၏။

ထို့အတူ အာဆီယံနိုင်ငံ အတွင်း မူးယစ်ဆေးဝါး ပပျောက်ရန် မြန်မာနိုင်ငံအပေါ်မူတည်ကြောင်း၊ မြန်မာအစိုး ရ၏ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းပြောင်းလဲမှုကြောင့် အာဆီယံမူးယစ်ကင်းစင်ရေးလည်း ၂၀၁၅ မှ၂၀၂၀ သို့ ရွှေ့သွား ဖွယ်ရှိ ကြောင်း သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းကပြောပါသည်။

ဂျူလိုင် ၁၁-၁၅ အထိ တပ်ဖွဲ့ညီလာခံမှ ဆုံးဖြတ်ချက်အရ ‘စိုက်ပျိုးခြင်း၊ ချက်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း လုံး၀မရှိရ ဆိုသည့်ဝန်ခံကတိအား အိမ်တိုင်း လက်မှတ်ရေးထိုးခိုင်း သည့်နောက် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်သူ ၃၀၀ ကျော်အား ထိန်းချုပ်ထားပြီးချထားသော စည်းမျဉ်းဥပဒေ အရ တရားစီရင်သွားမည်ဖြစ်ကြောင်း မိုင်းလားအရှိ တဦးကလည်းပြောပါသည်။
http://www.burmese.panglong.org/news/92-2008-08-03-06-48-25/3551-2012-10-08-09-48-57.html

“၀” ၊ မိုင်းလား အဖွဲ့များ နှင့် ကာချုပ် တွေ့ဆုံ


ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – ဧရာဝတီ)
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နယ်စပ်အခြေစိုက် အပစ်ရပ်အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA)၊ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) ခေါင်းဆောင်များနှင့် ရှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တွင် ပြီးခဲသည့်စနေနေ့က  တွေ့ဆုံဆွေးနွေးသည်။
UWSA အဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မီလျံ၊ NDAA အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိပေ။
“ပြဿာနာ ကြီးကြီးမားမားရှိလို့ တွေ့ဆုံတာမဟုတ်ပါဘူး၊ နယ်မြေ အတွင်းမှာဖြစ်ပေါ်နေတဲ့ လတ်တလော အခြေအနေလေးတွေကို ပြောကြမှာပါ”ဟု UWSA အဖွဲ့၏ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးဘွမ်တိန်းက ဧရာဝတီကို ပြောဆိုသည်။
ယခင် စစ်အစိုးရလက်ထက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် ပြောင်းလဲရန် ကြိုးစားရာ တဖက်နှင့် တဖက်တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဆက်ဆံရေး တန်းသွားခဲ့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း က ပဏာ မငြိမ်းချမ်းရေး သဘောတူညီချက်များ အောက်ခြေတပ်မှူးများအဆင့် ဆွေးနွေးပွဲများမှတဆင့် ရယူနိုင်ခဲ့သည်။
ထိုသဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများကို မြို့ကြီးများတွင် ပြန်လည်ဖွင့်လှစ်ရန်၊ နှစ်ဘက်တပ်ဖွဲ့များ လက်ရှိ အခြေ အနေအတိုင်း ဆက်ရှိနေရန်၊ လက်နက်ကိုင် တပ်ဖွဲ့များ အစိုးရနယ်မြေများသို့ လာရောက်လျှင် ကြိုတင်အကြောင်းကြားရန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တူညီသည့် ဘုံအချက်များကိုသာ ဆွေးနွေးပြီး ပဋိပက္ခဖြစ်မည့် အငြင်းပွားဖွယ်အချက်များကို ရှောင် ရန်၊  နှစ်ဖက်တင်းမာမှု ဖြစ်ပွားစဉ်က ၀နယ်မြေမှ ထွက်ခွာသွားသည့် အစိုးရဝန်ထမ်းများကို ပြန်လည်လက်ခံရန် စသည့်အချက် များ ပါ၀င်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၀ လက်နက်ကိုင်တပ်ဖွဲ့ (UWSA)တို့ တွေ့ဆုံမှုသည်  မြန်မာတပ်မ တော်နှင့် ကချင်လွတ်လပ် ရေး တပ်ဖွဲ့ (KIA)တို့ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေး၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက“တရုတ်နယ်စပ်က တိုင်းရင်းသားတွေက တရုတ်နဲ့ အရမ်းနီးစပ်သလို၊ လက်ရှိ ၀တပ်ဖွဲ့ အနေအထားအရလည်း မြန်မာတပ်ကတိုက်ဖို့ မလွယ်သေးဘူး၊ ဒါကြောင့် သတိကြီးကြီးနဲ့ ကိုင်တွယ်နေတဲ့ပုံပဲ”ဟု ဆိုသည်။
တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားများအရေးသည် တရုတ်အစိုးရအပေါ်တွင်လည်း မူတည်ပြီး၊ အစိုးရသစ် လက်ထက်တွင် အမေရိကန်နှင့် အနီးကပ်ဆက်ဆံလာ ခြင်း၊ မြစ်ဆုံရေကာတာစီမံကိန်းကို ရုတ်သိမ်းခဲ့ခြင်းတို့သည်တရုတ်- မြန်မာဆက်ဆံရေးကို ထိခိုက်နိုင် ကြောင်း၊ ထိုကြောင့် တရုတ်အစိုးရက တိုင်းရငး်သားများကို ကျောထောက်နောက်ခံပြန်လည် ပြုလာနိုင်ကြောင်း ဦးအောင် ကျော်ဇောက သုံးသပ်သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းရင်းသားအရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ကိုင်တွယ်သူတဦးဟု အများက ပြောဆိုကြ သော်လည်း စစ်တပ်ပိုင် မြဝတီသတင်းဌာနမှ ဖော်ပြ သည့် ဓာတ်ပုံများ၌မူ ၀တိုင်းရင်းသားခေါင်းဆောင် ရှောက်မီလျံ နှင့် ရင်းနှီးစွာ ဖက်လှဲတကင်း နှုတ်ဆက်နေသည်ကို တွေ့ရသည်။
ကြိဂံတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်တာဝန်ယူခဲ့သူ ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၏အနေ အထား စစ်ရေးလေ့ကျင့်မှုများကိုလည်း သွားရောက်စစ်ဆေးခဲ့သေးသည်။

http://burma.irrawaddy.org/archives/22288
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India