Showing posts with label လူထုသဘောထား. Show all posts
Showing posts with label လူထုသဘောထား. Show all posts

January 3, 2013

စစ်ဘေးရှောင် ပြည်သူများအား နှစ်ဘက်စလုံးမှ စာနာရန်လိုအပ်နေပြီဟု နိုင်ငံရေးအင်းအားစုများဆို

ဇန်နဝါရီ ၃၊ ၂၀၁၂
ကချင်ပြည်နယ်အတွင်း စစ်ပွဲများပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်နေရပြီး နှစ်ဘက်စလုံးမှ စာနာရန် လိုအပ်နေပြီ ဟု နိုင်ငံရေးအင်အားစုများက ဆိုကြသည်။
စစ်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ဒေသတွင်းတွင် စစ်ဘေးရှောင်ပြည်သူများ တဖြည်းဖြည်း တိုးမြင့်လာကြောင်း သိရပြီး ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲသည် တိုင်းပြည်အတွက် မကောင်းသည့် လက္ခဏာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကို်ယ်စားလှယ် ဦးညဏ်ဝင်းက ဆိုသည်။
“ဒီစစ်ပွဲကို ငြိမ်းချမ်းစွာ မရှင်းနိုင်ရင် နိုင်ငံရေးအရ မရှင်းနိုင်ရန် သံသရာရှည် မယ်၊ လူတွေ ဒုက္ခရောက်မယ်၊ စစ်ဘေးသင့် ပြည်သူတွေကတော့ တကယ့် ဓားစာခံပါပဲ၊ ဒီကိစ္စတွေကို နှစ်ဘက်စလုံးက စာနာတတ်ဖို့ လိုလာပြီ” ဟု ဦးညဏ်ဝင်းက ပြောကြားသည်။
“နှစ်ဖက်စလုံးမှာရှိတဲ့ လူကြီးတွေမှာ အပစ်အခက်ရပ်စဲဖို့ ဆန္ဒမရှိဘဲ ဒီစစ် ကြီးရပ်လိမ့်မယ်လို့ မထင်ဘူး။ သူတို့ စိတ်ကူးထဲမှာ ဒီစစ်ကြောင့် ငြိမ်းချမ်းရေး ခရီးစဉ် နှောင့်နှေးမှာတွေ ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူ (IDP) တွေကို စာနာတာတွေ၊ ဒါလိိုအတွေးမရှိဘူး ဆိုရင် ဒီစစ်ကရပ်မှ ရပ် ပါ့မလားလို့ ထင်တယ်” ဟု ဒေါက်တာတူးဂျာက ၎င်း၏အမြင်ကို ပြောကြားသည်။
၎င်းကပင် “စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေမှာ သူတို့ ဘယ်အချိန်ပြန်မလဲ ဆိုတာကို မမျှော်မှန်းနိုင်ကြဘူး။ တရုတ်ကလည်း လက်မခံဘူး၊ အထောက် အပံ့ တွလည်း မပြည့်စုံတော့ အတော်ဒုက္ခရောက်နေကြတယ်။ ဒေသခံပြည်သူတွေက တကယ်ကိုမြေဇာပင်တွေပါ” ဟု ထပ်မံ ပြောကြားခဲ့သည်။
ဒေသတွင်း စစ်ပွဲအရှိန်များမြင့်လာသောကြောင့် နယ်စပ်ဒေသတစ်လျှောက်နှင့် စစ်ဖြစ်ပွားရာအနီးတစ်ဝိုက်မှ လာရောက်ခိုလှုံသူ ဦးရေ တစ်သိန်းကျော် သွားပြီဖြစ်ကြောင်း ထပ်မံသိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)မှ ဥက္ကဋ္ဌ ဦးသုဝေက “စစ်ဖြစ်ပွားတဲ့နေရာက ပြည်သူတွေ အတော်ဒုက္ခ ရောက်နေကြ တယ်၊ ပြည်သူတွေဒုက္ခရောက်နေတာ မကောင်းပါဘူးဗျာ၊ ဒီကိစ္စမှာ တကယ် သက်ဆိုင်ပြီး လက်နက်ကိုင်ပြီးဖြေရှင်းနေကြတဲ့ သူတွေညှိနှိုင်းကြဖို့ လိုပါ တယ်” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။
၎င်းအနေဖြင့် အစိုးရ၏ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့်တွေ့ဆုံစဉ် “ငြိမ်းချမ်းရေးအဖွဲ့ကတော့ ငြိမ်းချမ်းရေး ရအောင် ဆက်လုပ်သွားမှာပဲ၊ ဒီအချိန်မှာ နှစ်ဖက်စလုံးမှာလည်း အခက် အခဲတွေ ရှိနေကြတယ် ၊ဒီကိစ္စတွေမှာ ဘေးပရောဂတွေလဲပါတယ်”ဟုပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
“ဒီစစ်ပွဲတွေနဲ့ပဲ ဖြေရှင်းနေရင် တိုင်းပြည်အတွက် ဘာအကျိုးမှရှိမှာ မဟုတ် ဘူး၊ စစ်ပွဲတွေကြောင့် မြေစာပင်ဖြစ်ရတာ ပြည်သူတွေပဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဘက်ကလည်း လက်နက်ကိုင်ပြီး ဖြေရှင်းမယ် ဆိုရင် ကချင်ပြည်နယ်လွတ်မြောက်ရေးက မဖြစ်နိုင်သလို၊ ဒီဘက်က မြန်မာ့ တပ်မတော်ဘက်က လည်းစစ်ရေးနဲ့ အပြုတ်တိုက်မယ်ဆိုရင် လုံးဝငြိမ်းချမ်းရေး မရပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေနဲ့ အဖြေရှာ သင့်တယ်။ အဲလို အဖြေရှာနေတဲ့အချိန်မှာ အပစ်အခတ် ရပ်စဲထားသင့်တယ်။ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးလို့ အော်နေပေမယ့် တကယ် လက်တွေ့ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ သံတယ ရှိစရာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှု ၃ ကြိမ်၊ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်၊ စုစုပေါင်း ၁၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အစိုးရပိုင်မီဒီယာများတွင် ဖော်ပြ ထားကြောင်း သိရသည်။
ဓာတ်ပုံ – ခွန်ဇော်ဦး
မြန်မာ့ခေတ် မီဒီယာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

http://moemaka.com/?p=30785

December 15, 2012

ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ကာလတွင်း အခွန်ငွေကောက်ခံမှု တချို့အပေါ် လူထုမလိုလား

ကယား(ကရင်နီ)ပြည်နယ်အတွင်း KNPP နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ယူထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကာလအတွင်း လူထုတွေအနေနဲ့ အခွန်ငွေပေးဆောင်နေရမှုကို မလိုလားကြတဲ့အတွက် KNPP လွိုင်ကော်ဆက်ဆံရေးရုံးသို့ လူထုကိုယ်စားလှယ်တွေက လာရောက်တိုင်ကြားကြောင်းသိရှိရပါတယ်။
ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှာ KNPP နာမည်ခံထားတဲ့လူတစုမှ နှစ်စဉ်ကြေးအခွန်ကောက်ခံနေမှုနဲ့ပါတ်သက်ပြီး
ဒေသခံလူထုကိုယ်စားလှယ်နှစ်ဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လွိုင်ကော်ရှိ KNPP ဆက်ဆံရေးရုံးသို့ လာရောက်တင်ပြခဲ့ကြတာပါ။

မူဆိုကျေးရွာမှ တောင်သူဦးကြီးက “အဲဒီကိစ္စမျိုးခါကျတော့ ခံလာခဲ့ဖူးတာလည်းမနည်းဘူးပေါ့နော။ နှစ်ပေါင်းလေးဆယ် ငါးဆယ်လောက်ရှိပြီပေါ့နော။….ဆိုတော့အဲလိုမျိုးတနှစ်ပြီးတနှစ် အခွန်လာကောက်တော့ ဒီတနှစ်လည်းဘယ်လိုလဲ.. မကောက်တော့ဘူး .. မကောက်တော့ဘူးလို့ ကိုယ်ကထင်တယ်ပေါ့။ အခုကလည်း KNPP အဖွဲ့ဆိုလည်း ငြိမ်းချမ်းရေးယူ တဲ့အချိန်။ ဘယ်လိုပြောမလဲ လာပြီးပူးပေါင်းတဲ့အချိန် ဖြစ်တယ်ပေါ့နော။ သူတို့ကလည်း ဒီမိုကရေစီ လိုလားတယ်ပြောပြီးတော့မှ ပြည်သူလူထုအပေါ်မှာ အဲလိုမျိုးလုပ်တော့ ကျနော်တို့ ဟိုလူကြီးတွေကို သိစေချင်တယ်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၅ ရက်နေ့က KNPP အဖွဲ့ဟုပြောဆိုပြီး မူဆိုကျေးရွာသို့ရောက်ရှိလာတဲ့ ယူနီဖောင်းဝတ် လူတဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သန်းခေါင်စာရင်းနှင့် ဘိန်းစိုက်ပျိုးသူ တောင်သူစာရင်းများကို စုဆောင်း ခိုင်းကြောင်းကိုလည်း တောင်သူဦးကြီးထံမှသိရပါတယ်။
အခွန်ငွေကောက်ခံသည့်နှုန်းထားမှာ စက်ကြီးတစီးလျှင် တသိန်းကျပ်၊ ထော်လာဂျီနှင့် လယ်ယာတွင်အသုံးပြုသော စက်ခေါင်းများမှာ ငါးသောင်းကျပ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင်၎င်းဒေသဘက်တွင်မှာလည်း ဘိန်းစိုက်ပျိုးမှုရှိနေပါသဖြင့် ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်စေဖို့ မှာကြားသွားတယ်လို့ သိရပါတယ်။
“ကျမတို့အနေနဲ့ကတော့ အဲဒီ နိုင်ငံတော်ကိုတောင်းဆိုထားတဲ့ အချက် ၂၀ ထဲမှာ အဲဒီ နံပါတ် ၁၉ ထဲမှာ အဲဒီဘိန်းကို နိုင်ငံတော်အစိုးရ ပြည်သူတွေနဲ့ပူးပေါင်းပြီးမှ တိုက်ဖျက်ရမယ်ဆိုတဲ့အချက် ထဲမှာပါ၀င်တယ်။ အဓိကအချက်ပေါ့နော သူတို့တောင်းဆိုတယ်။ နင်တို့ကိုဒဏ်ခတ်တဲ့အနေနဲ့ ဘိန်းခွန်ပေးရမယ်ဆိုပြီးတော့။ တိုက်ဖျက်ရမှာကိုတွေ့တယ်လေ၊ အဲဒီတောင်ယာကို သွားဖျက်ရင်ရတယ်မှလား ဒါပေမဲ့ သူတို့က ဒဏ်ခတ်တဲ့အနေနဲ့ဆိုပြီးတော့မှ အဲလိုမျိုးဘိန်းခွန်ကောက်တဲ့အတွက်ကြောင့် ကျမတို့အနေနဲ့က အားပေး အားမြောက်တယ်လို့မြင်တယ် ခံစားမိတယ်” လို့ ဘိန်းစိုက်ပျိုးမှုကိုမလိုလားတဲ့ မူဆိုဒေသခံ တဦးက အခုလိုထောက်ပြသွားပါတယ်။
အဆိုပါကိစ္စတွေနဲ့ပါတ်သက်ပြီး KNPP ဘက်မှ အမှတ် ၁ ခရိုင်မှူး ဆရာဦးဖိုးရယ်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တဲ့အခါမှာတော့ ယခုလိုရှင်းပြပါတယ်။
“ပေါ်လစီအရကတော့ ကယားပြည်နယ် ထဲမှာနေထိုင်တဲ့့လူတိုင်း အတွက် ဗဟိုကော်မတီက ဆုံးဖြတ်ချက်ရှိပြီးသားပါ။ အိမ်ထောင်စုတအိမ်ထောင်မှာ ဆန်၂ပုံးနဲ့ ငွေ နှစ်ထောင်ကျပ်၊ မုဆိုးဖို မုဆိုးမ တွေက ဆန်တပုံးနဲ့ ငွေတရာ ဒါတွေကရှိတယ်။ လုံးလုံးမတတ်နိုင်တဲ့ တနေ့လုပ်တနေ့စားတွေခါကျတော့ ကျနော်တို့မတောင်းပါဘူး။ ကျေးရွာဥက္ကဌတွေကို သူတို့ကိုချန်ထားခဲ့ခိုင်းပါတယ်” လို့ပြောပါတယ်။
ဘိန်းစိုက်ပျိုးနေမှုကိုမလိုလားတဲ့ ဒေသခံတွေက ယခုလို ဘိန်းစိုက်ပျိုးနေသူတွေကို အခွန်တောင်းနေခြင်း အပေါ်မှာလည်း ဘိန်းစိုက်ပျိုးမှုများကို အားပေးအားမြောက်မှုပြုလုပ်ခြင်းဖြစ်ရာရောက်တယ်ဟု ဆိုသည့်အမြင်ပေါ်မှာလည်း ဆရာဦးဖိုးရယ်က ဘိန်းစိုက်ပျိုးသည့်အချိန်က စတင်တားမြစ်ထားကြောင်း သို့သော် ဒေသခံများက လိုက်နာမှုမရှိ၍ ယခုလို ဒဏ်ငွေအဖြစ်တောင်းခံလိုက်ရခြင်းတယ်လို့ ပြောပါတယ်။
“အားပေးတာမျိုးတော့မဟုတ်ပါဘူး။ အသီးမသီးခင် မပွင့်ခင်မှာ လုပ်လို့မရဘူးနော။ မလုပ်ကြနဲ့လို့ သူတို့ကိုပြောပါတယ်။ သူတို့ကဆက်လုပ်တော့ အခု အပင်တွေအသီးသီးနေကုန်ပြီ။ အသီးကုန်တော့ သူတို့ဟာကိုဖျက်ရင်လည်း သူတို့ပဲ ထိခိုက်နစ်နာသွားမယ်လေ။ အဲဒါကြောင့် ဒဏ်ငွေပဲ တောင်းတာပါ။ ကျနော်တို့ဖက်ကတော့ ဘိန်းစိုက်ပျိုးခွင့်လုံးဝမပေးပါဘူး။ ဒါပေမဲ့ ဒီလိုစပ်ကူးမတ်ကူး ကာလမှာတော့ ဒီကိစ္စဟာ သိပ်ထိရောက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ရှေ့ဆက် အနာဂါတ်မှာ အဖွဲ့အစည်းပေါင်းစုံက ဘိန်း၊ ရာမတွေကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ အဖွဲ့အစည်းပေါင်းစုံက ရှေ့ဆက်ဘယ်လိုသွားမလဲဆိုတာ စုဝေးပါမယ်” လို့ ဆရာဖိုးရယ်ကပြောပါတယ်။

http://www.ktimes.org/index.php/news/399-2012-12-15-06-21-44

November 23, 2012

ငြိမ်းချမ်းရေးကိစ္စ သတိရှိရန် KNU ကို ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို

ဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထုအ ကျိုးကို ရှေးရှု ရန် ပြည်တွင်း ရှိ ကရင်လူမှုအဖွဲ့အစည်း များက ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention – MBC အဆောက်အဦး၌ နိုဝင်ဘာလ ၂၀ရက်နေ့၊ မြန်မာစံတော် ချိန် ၉နာရီမှ မွန်းလွဲ ၂နာရီအထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ တွင် KNU သို့ သတိပေး ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် KNU တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၂၉,၁၄၈ဧက၊ လှိုင်းဘွဲမြို့နယ် ၂၀,၁၀၀ဧက၊ သျှမ်းရွာ သစ်မြို့နယ်တွင် ၂၁,၁၀၀ဧကရှိ လာသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကရင့်ရေးရာကော်မတီမှ စောကျော်စွာက ပြောသည်။
“ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် အကျိုးပြုမပြု ထည့်သွင်းစဉ်းစားဖို့။ နောက် ကရင်ပြည်နယ်မှာ ဒုက္ခသည် တွေ ပြန်လည်နေချထားရေးဆိုပြီး လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကို KNU က ကာကွယ်ပေး ဖို့။”ဟု တင်ပြပြောဆိုခဲ့ သည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်းလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစော ဒေါ့လေးမူ၊ ဗဟိုကော်မတီဝင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မတီဝင်လည်းဖြစ်၊ ကရင်အမျိုးသ မီးအစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်တို့က KNU အဖွဲ့အတွင်းရှိ လက်ရှိ အခြေအနေများ အပါအ ၀င် အစိုးရနှင့် ဆက်လက် လုပ်ဆောင်သွားမည်များကို တုံ့ပြန်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ KNU ကိုယ်စားလှယ်များ အပါအဝင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသအသီးသီးမှ ကရင်နှစ်သစ်ကူး ကျင်းပရေးကော် မတီအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ နယ်စပ်မှ ဘာသာရေးခေါင်းဆောင်များ အပါအ ၀င် လူဦးရေ ၅၀နီးပါး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း ငြိမ်းချမ်းရေး တည် ဆောက်မှုအပိုင်းတွင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်အမျိုးသားအချင်းချင်းကြား စည်းလုံး ညီညွှတ်မှု တည်ဆောက်ရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက KNU နှင့် အစိုးရအကြား ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက်ပိုင်း ဖြစ်ပေါ် လာသည့် လယ်မြေသိမ်းဆည်းမှုများအပြင် KNU ဆက်ဆံရေးရုံး၏ လုပ်ငန်းတာဝန်များ၊ KNU ကို အစိုးရမှ မတရားအသင်းမှ ပယ်ဖျက်စေလိုခြင်းများနှင့် အဖွဲ့အတွင်း စည်းလုံးညီညွှတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးပါ၀င်မှုနှင့် လူငယ်များ၏ ပညာရေး အရေးပါမှုများကို KNU ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမှုက “ကျနော်တို့ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ဖို့ ကရင်လူထုတစ်ရပ်လုံးရဲ့ဆန္ဒ ကို အခြေခံပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့ လိုတယ်။ နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြဲရှိနေသေးတယ်။ အထူးသဖြင့် မြေယာသိမ်းခံရမှုကိစ္စပါ။ ဒါတွေအားလုံး အစိုးရနဲ့ ထပ်တွေ့ဆုံေ ဆွးနွေးတဲ့အခါ တင်ပြသွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကာလအတွင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၌ နိုင်ငံရေးအရဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ပါဝင်ကူညီလုပ်ဆောင်ရန် လိုအပ်သည်ဟု ပဒိုစောဒေါ့လေးမူက လူမှုအဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။
KNU ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Karen Baptist Convention ခေါ် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ သာသနာအတွင်းရေးမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ထို နေ့ညနေ ၆နာရီတွင် သမတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှ မောင်ရွှေတို့နှင့် Peace Center ၌ တစ်နာရီခန့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

http://www.kicnews.org/?p=14269

November 19, 2012

မတူပီမြို့နယ်တွင် CNF ၏ Public consultation အကြိုမိတ်ဆက်ခြင်း ပြုလုပ်

ချင်းအမျိုးသားတပ်ဦး၏ မတူပီမြို့ဆက်ဆံရေးရုံး ဦးဆောင်မှုဖြင့် လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထု တွေ့ဆုံပွဲအကြိုမိတ်ဆက်ခြင်းကို နို၀င်ဘာလ ၁၇ ရက်နေ့က မတူပီမြို့ Rev Tha Dun ဘုရားကျောင်းတွင် ပြုလုပ် ကြောင်း သိရသည်။
မိတ်ဆက်ပွဲတွင် မတူပီမြို့အခြေစိုက် စီအဲန်အက်ဖ် ဆက်ဆံရေးရုံးတာဝန်ခံ ပူး ထန်ယဲန်း၊ ဒု တာဝန် ခံ ပူး မန်လိုင်း၊ ရုံးတာ ၀န်ခံ ဂျိမ်းရိုလဲန်တို့ ပါ၀င်ပြီး မတူပီမြို့ပေါ် သုံးရပ်ကွက်မှ ကျောင်း သား လူငယ်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအ ၀င် ၁၀၀ ခန့် ပါ၀င်တက်ရောက်သည်ဟု သိရသည်။
“ မတူ၊ မရာ၊ ဇိုသုန်၊လောက်တူ၊ ဒိုင် စသည့် လူငယ်တွေ စုံတယ်၊ နံနက် ၁၁ နာရီကနေ ညနေ ၆းဝဝ နာရီမှာ ရုတ်သိမ်း ခဲ့တယ်၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒေသခံ အဆိုရှင်တွေလည်း ပါ၀င်တယ်” ဟု ပူး မန်လိုင်းက ပြောသည်။
မိတ်ဆက်ပွဲတွင် ပူး မန်လိုင်းမှ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ၁၅ ချက်အပေါ် ရှင်းလင်းမှု ပြုလုပ်ပြီး၊ ဂျိမ်း ရိုလဲန်မှ လူငယ်အသင်းအဖွဲ့အရေးပါပုံ၊ အနာဂါတ် နိုင်ငံတော်တည်ဆောက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ဆိုင်ရာကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မကြာခင်တွင် CNF ဟာ ချင်းပြည်သူလူထုနှင့် တွေ့ဆုံပွဲ အကြီးအကျယ်ပြုလုပ်မှာဖြစ်သဖြင့် ယခုကဲ့သို့ လူထုတွေ့ဆုံပွဲ အတွက် Pre instruction ကို  ပြုလုပ်ခြင်းဖြစ်ကြောင်း ပူး မန်လိုင်းက ဆက်ဆိုသည်။
လူငယ်ခေါင်းဆောင်များဖက်မှလည်း စီအဲန်အက်ဖ် ဟာ  အနာဂါတ် ချင်းပြည်နယ် ပြန်လည် တည်ဆောက်ရေးမှာ အင်မ တန် အရေးပါမည့် အဖွဲ့အစည်းလို့ မြင်ကြောင်း ၊ ထို့ကြောင့် စီအဲန်အက်ဖ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေး ထောက် ခံ ကြောင်း ပြောကြသည်။
တဆက်တည်း နို၀င်ဘာလ ၁၈ ရက်နေ့တွင် စီအဲန်အက်ဖ်နှင့် မတူပီကျောင်းသားလူငယ်တို့သည် မတူပီမြို့အနီး ငလိုင် ရွာသို့ သွားရောက်ပြီး Cingtlang လူငယ်၊ ဒေသခံ မိဘ ပြည်သူ ၃၀၀ ကျော် နှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ကြသည်ဟု သိရပြန် သည်။
“ စီအဲန်အက်ဖ် ခေါင်းဆောင်တွေနဲ့ ကျတော်တို့ မတူပီလူငယ် ၅၀ ကျော် ဟာ ဆိုင်ကယ် ၂၇ စီးနဲ့ ငလိုင်ရွာကို သွားကြတယ်၊ ဖနိုင် အစိုးရအလယ်တန်းကျောင်းမှာ လူထုနဲ့တွေ့ဆုံခဲ့ကြတယ်၊ ငလိုင်ရပ်မိရပ်ဖတွေက ညစာ  ထမင်းနဲ့ အထူးဧည့်ခံကြတယ်၊ အင်မတန်အားရ စရာကောင်း တယ်” ဟု လူငယ်ခေါင်းဆောင်တဦးက ပြောသည်။
သတင်းများအရ စီအဲန်အက်ဖ်နှင့် ပြည်ထောင်စု အစိုးရသည် ရန်ကုန်မြို့တွင် ပြည်ထောင်စု အဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ရ-၈ ရက်နေ့တွင် ပြုလုပ်မည်ဟု ကြားသိရ သည်။

http://khonumthungburmese.org/?p=925

November 16, 2012

စစ်သင်တန်းကျောင်းရပ်ဆိုင်းရန် ကရင်နီအခြေပြု လူမှုအဖွဲ့အစည်းကွန်ယက်မှ ကြေညာချက်ထုတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကရင်နီ(ကယား)ပြည်နယ် အနောက်မြောက်၊ ဖရှူဆိုမြို့နယ်အတွင်း တည်ဆောက်နေသည့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသစ်ကို ရပ်ဆိုင်းပေးရန် ကရင်နီအခြေပြု လူမှုအဖွဲ့ အစည်းကွန်ယက်မှ နိုဝင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်စပ်ရှိ ဆည်တစ်ခု(Internet)
“စစ်သင်တန်းကျောင်းဆောက်လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့မြေယာသိမ်းထားတာမနည်းဘူး၊ လူထုတွေအနေနဲ့ ဒီစစ်သင်တန်းကျောင်းအစား အများနှင့်ဆိုင်တဲ့ ဘာသင်တန်းကျောင်းပဲဖြစ်ဖြစ်ဆောက်ရင် သူတို့သဘောတူတယ်၊ အခု စစ်သင်တန်းကျောင်းကို ဆောက်နေတာ ၇၀ ရာခိုင်းနှုန်းလောက်ရှိနေပြီး အဲဒါကြာင့် ဒီဆောက်လုပ်ရေးကိုရပ်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူထုအကျိုးပြုအရေး ပါဝင်ဆောင်ရွက်နေသူ ကိုသက်တင်က ပြောသည်။ ယင်းအမှတ်(၁၄) စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၁ ခုနှစ်မှ စတင်တည်ဆောက်ခဲ့စဉ် လယ်ယာမြေ ဧက ၃၅၂၅ သိမ်းဆည်းခံထားရပြီး အိမ်ခြေ ၅၀ဝ ခန့်အပါအဝင် လူဦးရေ ၃၀ဝ၀ ကျော် ပြောင်းရွေ့ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လူထုအခြေပြုကိုယ်စားလှယ်(၄၀)ကျော် ပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်တိုးချဲ့ချထားခြင်း၊ မြေယာ သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာသောလုပ်ကိုင်စားသောက်မှုပြဿနာများနှင့် ခရီးသွားလာရေးကန့်သက်ပိတ်ပင်ခြင်းများအပေါ် စိုးရိမ်ပူပန်မှုများကို ထိုနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးခဲ့ကြသည်။
ဒေသခံ လူထုများအနေဖြင့် ၎င်းအမှတ်(၁၄) စစ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို အများပြည်အတွက် အကျိုးပြုမည့် အများပိုင်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရည်စူးအသုံးပြုသွားရန် လိုလားကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကရင်နီပြည်နယ် တည်ဆောက်မည့် အကြီးစားရေကာတာစီမံကိန်းအားလုံးကိုရပ်စဲရန်နှင့် မည်သည့်စီမံကိန်းကိုမဆို ကောင်းစွာကြိုတင် အသိပေးထားသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လွတ်လပ် သော ဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို သေချာ အသုံးပြုသွားရန် အစိုးရအား တောင်းဆိုလိုက်ကြသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် အစိုးရနှင့် ကေအဲန်ပီပီတို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှ သဘောတူညီချက်ဖြစ်သည့် “ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်းတည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒကို လေ့လာသုံး သပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီး အစီရင်ခံစားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတထံ တင်ပြရန် သဘောတူခဲ့ကြသည်” ဆိုသည့်အပေါ် လက်တွေ့တွင် အစိုးရဖက်မှ ၎င်းလေ့လာသုံးသပ်လုပ်ငန်းကို ချုပ်ကိုင်လွှမ်းမိုးပြီး ဒေသခံလူထု၏အသံကို လျစ်လျူရှုထားကာ လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် ၎င်းစစ်လေ့ကျင့်ရေးကျောင်း ဆက်လက်တည်ဆောက်နိုင်ရန်ကိုသာ တင်ပြခဲ့ကြသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

http://burmese.monnews.org/?p=5839

ဆက်စပ်သော် သတင်းများ။
  1. ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန် ခတ္တာနွန် – ယနေ့တပေါင်းလပြည့်နေ့တွင်ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်အရ (PNLO) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပြည်လုံးအတိုင်းအာတာဖြင့် အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးအရ...
  2. အပြောင်းအလဲကာလမှာ ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီကြေညာချက်ထုတ် မင်းသုတ – လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပေါ်ထွန်းစေနိုင်သည့် အပြောင်းအလဲကာလဖြစ်နေသဖြင့် လူမျိုးစုံပြည်သူတိုင်း...
  3. ဖားအံမြို့တွင်ဖွင့်လှစ်မည့်ဆက်ဆံရေးရုံးကိစ္စ ကေအဲန်ယူမသိရှိဟုကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင့်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်၊ ဖားအံမြို့၌ မနက်ဖြန်တွင်...
  4. ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့ပေါင်းစည်းရေး အတွက် နှစ်ပါတီခေါင်းဆောင်များနှင့်...
  5. တိုင်းရင်းသားညီးလာခံ ကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံမှ ငြိမ်းချမ်းရေးစီမံချက်လမ်းပြမြေပုံ ၆ ချက်ကို...
  6. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာချက်ထုတ်ပြန် မင်းသုတ – လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းလက်ငင်း လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန်...
  7. မြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားဒေသ၌ မြန်မာစစ်တပ်ထိုးစစ်ဆင်နေသဖြင့် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံထားရန် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု...
  8. တရုတ်သို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေမှုရပ်ဆိုင်းရန် ရွှေဂက်စ်မှတောင်းဆို ခတ္တာနွန် – ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ လက်ရှိသွယ်တန်းနေသော သဘာဝဓါတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(ရွှေဂတ်စ်)အဖွဲ့မှ ဦးဆောင်၍ ရ ကြိမ်မြောက်လှုပ်ရှားမှုတစ်ရပ်ကို...
  9. လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပထမဦးဆုံး ဆက်ဆံရေးရုံးဖွင့် ဂျူရီချိုင်း – ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)က ပထမဦးဆုံး ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့နံနက်တွင်...
  10. မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ် မင်းသုတ- အနာဂတ်တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region...

စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးရပ်စဲရန် ကရင်နီဒေသခံတို့၏ တောင်းဆိုချက် KCSN ထောက်ခံ

နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် တည်ဆောက်နေသည့် မြန်မာအစိုးရ၏ အမှတ်-၁၄ စစ်လေ့ကျင့်ရေး သင်တန်း ကျောင်းသစ်ကို အစိုးရမှ ရပ်စဲထားရန် ဒေသခံများ၏ တောင်းဆိုထားမှုကို ထောက် ခံကြောင်း ကရင်နီ အခြေပြု လူမှုအဖွဲ့အ စည်းကွန်ယက်- KCSN မှ နိုဝင်ဘာလ ၁၄ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ကရင်နီပြည်နယ် လူမှုအသင်းအဖွဲ့များမှ ဦးဆောင်၍ ကရင်နီပြည်နယ်ရှိ မြို့နယ် ၅ ခုအပါအဝင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ လူထုကိုယ်စားလှယ် ၄၀ ကျော် တက်ရောက်ခဲ့သည့် နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာ တွင် နို၀င်ဘာလ ၆ရက်မှ ၁၀ရက်နေ့အထိ ကျင်းပခဲ့ရာ စစ်သင်တန်းကျောင်း ဆောက်လုပ်ခြင်းကြောင့် လယ်မြေအသိမ်းခံရမှု နှင့် နစ်နာမှုများကို ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ကြေညာချက်ကို KCSN က ထောက်ခံခဲ့ခြင်းဖြစ်သည်။
KCSN ၏ ပြောခွင့်ရဖြစ်သူ ကိုသက်တင်မှ “ဒေသခံတွေဟာ လယ်မြေအသိမ်းခံရတော့ လုပ်ကိုင်စားသောက်ရ ကြပ်တည်းလာ တယ်။ နောက် သူတို့နယ်မြေထဲမှာ စစ်သင်တန်းကျောင်းရှိတဲ့အတွက် သွားလာရတာ မလွတ်တော့ ရပ်စဲဖို့ တောင်းဆိုတာပဲ။ ဒါကို ပြည်သူဘက်ရပ်ပြီး KCSN ကလည်း ထောက်ခံတာပါ”ဟု ပြောသည်။
ဆက်လက်၍ ကရင်နီပြည်နယ်အတွင်းတွင် ရေကာတာနှင့် သတ္တု စသည့် စီမံကိန်းကြီးများကြောင့် သဘာပတ်ဝန်းကျင်၊ အင်း အိုင် ပျက်စီးသွားမည်ဖြစ်သည်ဟု ကိုသက်တင်က ဆိုသည်။
အစိုးရအနေဖြင့် ကရင်နီပြည်နယ်အတွင်း လက်ရှိ လုပ်ဆောင်နေသည့် အကြီးစား စီမံကိန်းများကို ရပ်စဲရန်၊ သိမ်းဆီးထားသည့် မြေယာများကို ဒေသခံပိုင်ရှင်များထံ ပြန်ပေးရန်နှင့် လာမည့်အနာဂတ်၌ လုပ်ဆောင်လိုသည့် မည်သည့်စီမံကိန်းကိုမဆို ကြိုတင် အသိပေးထားကာ ပြည်သူများ၏ လွတ်လပ်သောဆန္ဒဖြင့် ထုတ်ဖော်သည့် သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို အသုံးပြုသွားရန် KCSN ထုတ်ပြန်ချက်တွင် တောင်းဆိုလိုက်ကြသည်။
“အစိုးရတပ်သိမ်းဆီးထားတဲ့ မြေတွေဟာ ကျနော်တို့ ဘိုးဘွားပိုင်မြေနဲ့ စိုက်ပျိုးမြေတွေပါ။ ကျနော်တို့ မှီခိုနေရတဲ့ ဒီမြေတွေ မရှိ တော့ဘူးဆိုရင် ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ“ဟု မြေယာအသိမ်းဆီးခံခဲ့ရသူ ဒေသခံ ရွာသားတဦးဖြစ်သူ တူရယ်၏ ပြောကြားချက်ကို ကိုးကား၍ KCSN ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ကရင်နီလူမှုအသင်းအဖွဲ့များအနေဖြင့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်ရေးရပ်စဲရန် ပြည်သူလူထု၏ တင်ပြ တောင်းဆိုချက်နှင့်ပတ်သက်၍ တစုံတရာ ထူးခြားလာမည်ဟု မျှော်လင့်ကြောင်း ထူးခြားမှုမရှိပါက ဒေသခံများနှင့်အတူ ပူးပေါင်း ကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း၊ ဆုတောင်းပွဲများ ပြုလုပ်ခြင်း စသည့်လှုပ်ရှားမှုများကို ဆက်လက် လုပ် ဆောင်သွားမည်ဟု ကိုသက်တင်က ပြောသည်။
ယခင်လ အောက်တိုဘာ ၃၁ ရက်နေ့၌လည်း ကရင်နီပြည်နယ်၌ လုပ်ဆောင်နေသည့် စီမံကိန်းလုပ်ငန်းများသည် ပွင့်လင်းမြင် သာမှု မရှိသောကြောင့် လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားပျော့ပျက်ပြယ်စေနိုင်အကြောင်း KCSN မှ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 http://www.kicnews.org/?p=14117

October 16, 2012

KNU တပ်မဟာ(၆)မှ ကော့ကရိတ် မြို့နယ်ရှိ ဒေသခံအချို့ကို လူထုရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)တွင် ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အချို့တို့သည် ထိုဒေသရှိ ကျေးရွာများမှ လူထုများကို ယခုရက်ပိုင်းအတွင်း ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ယခု အောက်တိုဘာလ ၁၃ရက် မှ ၁၆ရက်နေ့အထိ ကေအဲန်ယူ ကော့ကရိတ်မြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ကော်သော၊ တပ်မဟာ (၆)မှ တပ်ရင်း(၂၀၁)မှူး ဒုဗိုလ်မှူးကြီးဘူးဖော၊ တပ်ရင်း(၁၀၃)မှူး ဒုဗိုလ်မှူးကြီးနေစေးနှင့် အခြားခေါင်းဆောင်အချို့က နိုင်ငံရေး၊ ပညာရေး နှင့် ကျန်းမာရေးကိစ္စများကို လူထုများအား ရှင်းလင်းပေးခြင်းဖြစ်သည်ဟု သိရသည်။
ပဒိုစောအယ်ကော်သောက “ကျနော်နယ်မြေထဲမှာ လူထုနဲ့ ပိုပြီးတော့ နီးစပ်အောင် အမြဲနေရမှာဖြစ်တဲ့အတွက် ဒီလို ရှင်းလင်းပွဲတွေ ပြု လုပ်ရတာပါ။ လူထုတွေကလည်း ကျနော်တို့ရဲ့ ရှင်းလင်းမှုတွေကို ကြိုဆိုတာ တွေ့ရပါတယ်။ နောက် လောလောဆယ် တိုက်ပွဲတွေ မရှိ တဲ့အတွက် လူထုတွေက လုပ်ကိုင်စားသောက်မှုတွေ နည်းနည်း အဆင်ပြေလာတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများအတွက် အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် ဗဟိုက ပညာရေးဌာနနှင့် တိုင်ပင် ပြီး လုပ်ဆောင်သွားမည်ဟု လူထုရှင်းလင်းပွဲတွင် ပါ၀င်သည့် ခေါင်းဆောင်များက ပြောသည်။
ထိုလူထုရှင်းလင်းပွဲကို အောက်တိုဘာလ ၁၃၊ ၁၅နှင့် ၁၆ရက်နေ့များတွင် နေရာခွဲ၍ ထီးနူကျေးရွာ၊ ဒုတိယနေ့အဖြစ် ကလော်ဝေါ်ရွာနှင့် တတိယနေ့အဖြစ် ကော်ချဲရွာတို့တွင် သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး ထီးနူ၊ အို့ဖိုးထာ့၊ ကနဲလေး၊ လယ်ခေါ်၊ ကလော်ဝေါ်၊ ခေါဖိုးခီး၊ ဖောဘုလာ့ ထာ့၊ ကော်ချဲ၊ မောခီး၊ မောဖိုးကလိုး၊ လားတိုနှင့် ကွီးချဲဘော စသည့်ရွာများမှ ဒေသခံလူထု ၂၀၀ကျော်အထိ တက်ရောက်ခဲ့ကြသည်ဟု ပါ၀င်ခဲ့သူများက ပြောသည်။
ရှင်းလင်းပွဲသို့ တက်ရောက်သည့် လူထုများက ကေအဲန်ယူခေါင်းဆောင်များအကြား သဘောထားကွဲလွဲကြောင်း သတင်းထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ခေါင်းဆောင်များအချင်းချင်း စည်းလုံးညီညွှတ်မှုရှိကြရန် ၎င်းတို့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။
ပဒိုစောအယ်ကော်သောက “ကေအဲန်ယူမှာဖြစ်တဲ့ ခေါင်းဆောင်အချင်းချင်း တခဏတာအတွင်းမှာ အမြင်မတူမှုကြောင့် အလုပ်မှာ လုပ် နည်းလုပ်ဟန် မတူကြပေမယ့် ပန်းတိုင်ဟာ တစ်ခုတည်းပဲဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာ မလိုဘူးလို့ လူထုတွေကို ကျနော်တို့ ရှင်းပြခဲ့ပါ တယ်”ဟု ဖြည့်စွက်ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ လူထုများကို ပုံမှန်အားဖြင့် တနှစ်လျှင် ၂ကြိမ် ရှင်းလင်းပွဲများ ပြုလုပ်ကျင်းပလျှက်ရှိရာ ယခုပြုလုပ်သည့် လူထုရှင်းလင်းပွဲကို ခေတ္တရပ်ထားပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကော့ကရိတ်မြို့နယ်မှ ကေအဲန်ယူခေါင်း ဆောင်များက ဆိုသည်။

http://www.kicnews.org/?p=13754

October 8, 2012

KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက်တည်ရှိစေရေး OKRSO ဆုတောင်း

အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိစေရေးအတွက် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့-OKRSO ရုံးတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို ယမန်နေ့ညနေ ၆နာရီတွင် နာရီဝက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။
OKRSO ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ စောမင်သီက “လက်ရှိ မြန်မာအစိုးရနဲ့ KNU တို့ရဲ့ ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့ အတွင်း ပြဿနာတွေကို ကျနော်တို့ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ မိခင်အဖွဲ့အစည်း KNU အတွင်း မှာ အချင်းချင်း စည်းလုံးမှုတွေရဖို့ ဆုတောင်းပွဲလုပ်ရတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအစိုးရသည် KNU နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ခွဲခြားဆွေးနွေးမှုများ ရှိခဲ့သည့်အပေါ် KNU အတွင်း ခေါင်းဆောင်များအ ကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားလာရကြောင်းနှင့် စေတနာမှန်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း မဟုတ်ကြောင်း OKRSO မှ ရှုမြင် သည်ဟုလည်း သူက ဆက်ပြောသည်။
ယမန်နေ့က OKRSO သည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အသစ်များ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပ ခဲ့ပြီး ထိုတင်မြှောက်ပွဲအပြီး ညနေပိုင်းတွင် ဆုတောင်းပွဲကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းဆုတောင်းပွဲအခမ်းအနားတွင် OKRSO အဖွဲ့ဝင် အပါအဝင် ဘန်ကောက်တွင် လူမှုရေးနှင့် ကရင်စာပေယဉ်ကျေးမှု လုပ် ဆောင်နေကြသူပုဂ္ဂိုလ်များနှင့် လူငယ်များ စုစုပေါင်း ၄၀ဦးကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ကရင်အမျိုးသားအလံတော် ကို ကိုင်ဆောင်၍ ဖယောင်းတိုင်မီးကိုယ်စီ ထွန်းညှိကာ ၀တ်ပြု ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆုတောင်းပွဲတွင် ပါ၀င်သူများမှ “ကရင်လူထုတရပ်လုံး ညီညွတ်ကြပါစေ၊ ကရင်လူထုတရပ်လုံး ငြိမ်းချမ်းကြပါစေ၊ ကရင်လူထုတရပ်လုံး တိုးတက်အောင်မြင်ပါစေ”ဟု တညီတညွှတ်တည်း ရွတ်ဆိုကြကာ ဆုတောင်းပွဲကို အဆုံးသတ်ခဲ့သည်။
ကေအဲန်ယူ၏ လက်ရှိအခြေအနေအပေါ် ပြီးခဲ့သည့် အောက်တိုဘာလ ၅ရက်နေ့က ကရင်လူထုအခြေပြုအဖွဲ့အစည်း ၃၀ကျော် ဆွေးနွေးသုံးသပ်ခဲ့ကြရာ အချင်းချင်း ပြန်လည်စုစည်းညီညွှတ်စေလိုသည့် သဘောထားကို ဒေါက်တာစင်သီယာမောင် အပါအ ၀င် ၎င်းအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အချို့က ကေအဲန်ယူခေါင်းဆောင်များထံ သွားရောက် အသိပေးခဲ့ကြသေးသည်။
Oversea Karen Relive Social Organization-OKRSO ကို စစ်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်သူများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများကို လူမှုရေး ကူညီထောက်ပ့ံရန် ရည်ရွယ်၍ ၁၉၉၂ခုနှစ်၊ ဇွန် လက စတင် ဖွဲ့ စည်းခဲ့သည်။

http://www.kicnews.org/?p=13601

October 5, 2012

ကရင်တိုင်းရင်းသားတို့၏ စည်းလုံးမှုကို မဖြိုခွဲသင့်ဟု ဥရောပရောက် ကရင်ကွန်ယက်ပြောဆို

အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ထောက်ပံ့ကူညီပေးနေသော အဖွဲ့အစည်းများသည် ကရင်တိုင်းရင်းသားတို့၏ စည်းလုံးညီညွှတ်ရေးကို မဖြိုခွဲ သင့်ကြောင်း ဥရောပရောက်ကရင် ကွန်ယက်-EKN မှ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ၎င်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟို တရားရေးဌာန တာဝန်ခံ ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို အဖွဲ့အစည်းမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်မှုဖြင့်ဟူ၍ တာဝန်ရပ်စဲကြောင်း သတင်းထွက်ပေါ်ပြီးနောက် EKN မှ ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
EKN ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဝေးနိုင်ငံရောက် ပဒိုစောဇော်နောင်က “မြန်မာအစိုးရဟာ KNU နဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဆောင် တဲ့နေရာမှာ မရိုးသားဘူး။ နောက်တချက်က နိုင်ငံခြားကပေးတဲ့ အကူအညီဟာ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ ကျနော်တို့ အဖွဲ့အ စည်း(KNU)ကို ရှုတ်ထွေးအောင် ဖြစ်ပေါ်စေတယ်ဆိုတာ ထောက်ပြချင်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ယခုနှစ် ဇန်နဝါရီလက KNU နှင့် အစိုးရတို့၏ သဘောတူညီချက် ၁၁ချက်နှင့်အညီ အစိုးရ သည် KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် ဗဟိုအဖွဲ့ကို စနစ်တကျ တွေ့ဆုံဆွေးနွေးသကဲ့သို့ တစ်ဖက်၌လည်း ဗဟိုဌာနချုပ်သို့ သတင်းမပေးဘဲ ၎င်းတို့နှင့် သွားရောက်တွေ့ဆုံသည့် KNU စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို တွေ့ဆုံခြင်းမှာ ခွဲထုတ်သည့်သဘောဆောင်ကြောင်း သူက ဆက်ပြောသည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ကရင်လူမျိုးများနှင့် နိုင်ငံတကာသို့ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို အလိုရှိ သည်ဟု ဖေါ်ပြလိုပါက ယခင်ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်သော နည်းဗျူဟာဟောင်းကြီးကို ရပ်တန့်ကာ ဖားအံ၌ ဖွင့်လှစ်ခဲ့ သည့် တရားမဝင် ဆက်ဆံရေးရုံးဖွင့်နေခြင်းကို တားမြစ်သင့်သည်ဟု EKN ကြေညာချက်တွင် ပါရှိသည်။
မြန်မာပြည်တွင်းသို့ ၀င်ရောက်ကူညီပေးနေသည့် အဖွဲ့အစည်းများမှာ KNU အား အသိပေးအကြောင်းမှုများနှင့် ပတ်သက်၍ ပွင့် လင်းမြင်သာမှု မရှိကြောင်းနှင့် လက်ရှိ အစိုးရ၏ လုပ်ဆောင်ချက်များသည် ဒီမိုကရေစီဘက်သို့ ဦးလှည့်နေသည်ဟုဆိုသော် လည်း ကရင်ဒေသတွင် သိသာထင်ရှားသည့် ပြောင်းလဲမှုများ မတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကူညီပေးနေသည့် Myanmar Peace Support Initiative ၏ လုပ်ဆောင်ချက်သည် ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်ပင်အကြံပေးမှုများ ရယူမှုမရှိခြင်းတို့ကြောင့် သံသယစိတ်များပို၍ ကြီးထွားစေပြီး ထောက်ပ့ံသင့်သည့်အရာများကို မပြုလုပ်ဘဲ ဖားအံဆက်ဆံရေးရုံးခန်း ဖွင့်လှစ်ခြင်းအတွက် ထောက်ပံ့ကူညီနေခြင်းသည် KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်နိုင်သည်ဟုလည်း EKN ကြေညာချက်၌ ဖော် ပြထားသည်။
ထို့အပြင် ၂၀၀၄ခုနှစ် စစ်အစိုးရလက်ထက်ကလည်း KNU နှင့် တွေ့ဆုံဆွေးနွေးမှုတွင် အပေါ်အောက် ခွဲခြားဖဲ့ထုတ်စည်းရုံးမှုများ ပြုလုပ်ကာ နောက်ဆုံးတွင် တပ်မဟာ(၇)မှူးဟောင်း ဗိုလ်မှူးချုပ်စောထင်မောင် မိခင်အဖွဲ့အစည်းမှ ခွဲထုတ်သွားသည့် သာဓကရှိ ခဲ့ပြီး ယခုလည်း အလားတူ ပုံစံမျိုးတွေ့ရကြောင်း ပဒိုစောဇော်နောင်က ဖြည့်စွက်ပြောဆိုသည်။
EKN က ၎င်းတို့၏ ကြေညာချက်နိဂုံးတွင် ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာအစိုးရ၏ သွေးခွဲသပ်သျှို ချေမွဖျက် ဆီးခြင်း၊ ယဉ်ကျေးမှုနှင့် လူမျိုးတုံးစေခြင်း စသည့်အဖြစ်များကို အမြဲသတိရှိကြရန် လိုအပ်ပြီး KNU ၏ စစ်မှန်သော ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဟု ထည့်သွင်းထားသည်။
ဥရောပရောက် ကရင်ကွန်ယက်-EKN ကို ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေးနှင့် အင်္ဂလန်နိုင်ငံရောက် ကရင်အသင်းအဖွဲ့များ စုပေါင်း၍ ဖွဲ့စည်းထားသည့် ကွန်ယက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

- စည်းလုံးကြရန် ကေအန်ယူကို ကရင်လူထုနှင့် ပါတီများ တိုက်တွန်း click

http://www.kicnews.org/?p=13582

October 3, 2012

ချင်းအမျိုးသားတပ်ဦးက လူထုသေဘာထားရရန် ကြိုးပမ်း


အပစ်ရပ် ချင်းအမျုိးသားတပ်ဦး (စီအန်အက်ဖ်) က   အစိုးရနဲ့ ြပည်ေထာင်စုအဆင့် ေဆွးေနွးရင် ချင်းလူထုရဲ့ဆန္ဒကို ကျယ်ကျယ်ြပန့်ြပန့် သိရေအာင် ေကာ်မတီေတွဖွဲ့စည်းြပီး ေတွ့ဆံု ဖို့ ေဆာင်ရွက်ေနတယ်လို့ ချင်းအမျုိးသားတပ်ဦး ဗဟို အလုပ်အမှုေဆာင် ေကာ်မတီ၀င် ေဒါက်တာေရွှခါးက ေြပာပါတယ်။

ချင်းအမျိုးသားတပ်ဦးဟာ ဆက်ဆံေရးရံုးေတွ ဖွင့်လှစ်ြပီးတဲ့အြပင် လူထုတှေ့ဆုံဆှေးနှေးရေး ကျောမတီတှေကိုလညျွးမို့နယျအလိုကျ ဖှဲ့စညျးနေတာပါ။

ဒေါကျတာ ရှေခါး

ဒီကျောမတီတှေ ဖွဲ့စည်းမှုဟာ ြပည်သူ့ဆန္ဒအေပါ် မူတည်တယ်လို့   ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုအလုပ်အမှုေဆာင် ေကာ်မတီ၀င် ေဒါက်တာေရွှခါးက ေြပာပါတယ်။

“ကျေနာ်တို့က တှေ့ဆုံဆှေးနှေးပှဲ တကယျ့ဆှေးနှေးပွှဲဖဈလာဖို့ အစကတည်းက အားလံုးပါ၀င်တဲ့ inclusive process ြဖစ်ေစချင်တယ်။ ဒါက စီအန်အက်ဖ်က လုပ်တာမဟုတ်ဘဲနဲ့ လူထုနဲ့ စီအန်အက်ဖ်ေပါင်းြပီး လုပ်တယ်ဆုိတာမျိုးေပါ့။”

ဗဟိုအဆင့် လူထုေတွ့ဆံုေရး ဗဟိုေကာ်မတီမှာေတာ့ ချင်းအမျုိးသားတပ်ဦးအပါအ၀င် နိုင်ငံေရးပါတီနဲ့ ချင်းလူမှုအဖွဲ့အစည်း ၁၂ ဖွဲ့က  ကိုယ်စားလှယ်ေတွ ပါ၀င်တယ်လို့ သိရပါတယ်။

လွွန်ခဲ့တဲ့ ဩဂုတ်လကစြပီး  ထန်းတလန်၊ မတူပီြမို့နဲ့ ဟားခါးြမို့ေတွမှာ ဖွဲ့စည်းခဲ့ြပီးြဖစ်သလို ကျန်ြမို့ေတွမှာလည်း ဖွဲ့ဖို့ ြပင်ဆင်ေနတယ်လို့ ဆိုပါတယ်။

လူထုတှေ့ဆုံဆှေးနှေးရေး ကျောမတီတှေဟာ လာမယ့် လပိုင်းအတွင်းမှာ ချင်းအမျုိးသားတပ်ဦးက ကျင်းပမယ့် လူထုတှေ့ဆုံဆှေးနှေးပှဲအ တှကျ  ြကိုတင်ြပင်ဆင်မယ် လို့ ေဒါက်တာေရွှခါး က ေြပာပါတယ်။

၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းြပီး အစိုးရကို လက်နက်ကိုင်ေတာ်လှန်ခဲ့တဲ့ ချင်းအမျုိးသားတပ်ဦးဟာ ဒီနှစ််ဆန်းပိုင်းက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ေရးထိုးခဲ့ပါတယ်။

http://burmese.dvb.no/archives/31568


September 26, 2012

တီးတိန်မြို့ခံပြည်သူ ချင်းအမျိုးသားတပ်ဦး ရုံးခန်းဖွင့်လှစ်မှု ကန့်ကွက်ဆန္ဒပြ



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။

 ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA ကို ပြောပါတယ်။
“သူတို့က ချင်းအမျိုးသား တပ်ဦးပေါ့။ ချင်းအမျိုးသား တပ်ဖွဲ့ ဆိုပေမယ့် ချင်းလူမျိုးကို ခြုံငုံပြီးတော့ ဖွဲ့စည်းတာ မဟုတ်ဘူး။ ပြီးတော့ ချင်းကိုယ်စားဆိုပေမယ့် အကုန်လုံး ခြံုငုံပြီးတော့ လုပ်ထားတာလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ တီးတိန်နယ်က နေဆိုရင် လူဦးရေ (၁၆) ယောက်လောက်က သူတို့ သတ်ပစ်တာပေါ့။ ဖြေရဲတာလည်း မရှိသေးဘူး။ ဒီအတိုင်းပဲ သူတို့က မြေပုံပဲကြည့်ပြီးတော့ သူတို့ဖွင့်ချင်သလို ဖွင့်တဲ့အခါကြတော့ ကျွန်တော်တို့လည်း မကျေနပ်ဘူးလေ။ တကယ်လို့များ သူတို့က ဒီလိုဖွင့်ချင်လို့ရှိရင် လူထုနဲ့တွေ့ဆုံပြီးမှ ဖွင့်ရမှာ”
ဒီကနေ့ ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ CNF တွဲဖက်အတွင်းရေးမှူးချုပ်(၂) ဆလိုင်းရွှေခါးက RFA ကို အခုလိုပြောပါတယ်။
“ဒီစစ်တိုက်တာတွေ ဘာတွေ ကြားထဲမှာကတော့ မတော်တဆ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်နော်။ ဆိုတော့ အဲဒီမှာ ဘယ်သူ့လက်ချက်လဲ ဆိုတဲ့ဟာကိုလည်း ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့နော်။ ပြီးတော့ ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ မတော်တဆဖြစ်တာတွေ တော်တော်များမှာ ဖြစ်ပါတယ်”
သူတို့ဒေသခံတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကတည်းက ရုံးဖွင့်မှာကို လက်မခံကြောင်း သမ္မတဆီ စာတင်ခဲ့ပေမယ့် အခုထိ ထူးခြားမှု ရှိမလာခဲ့ဘူးလို့လည်း နုန်းရှင်းတွောင်က ပြောပါတယ်။
သူတို့တွေအနေနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါကြောင့် CNF အနေနဲ့ အခုလို ရုံးဖွင့်မယ်ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပါတယ်။

http://www.rfa.org/burmese/news/cnf-office-local-people-against-09252012112637.html

CNF ရုံးခွဲသစ်ကိုတီးတိန်ဒေသခံများ ကန့်ကွက်ဆန္ဒပြ


တီးတိန်မြို့လယ် နာရီစင် (ဓာတ်ပုံ – zogampost.com)
ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဆက်ဆံရေးရုံးခွဲ ချင်းပြည်နယ် တီးတိန်မြို့တွင် ဖွင့်လှစ်သည်ကိုု မလိုုလားသည့် တီးတိန်ဒေသခံများက အဆိုပါရုံးကို ပိတ်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
“CNF အဖွဲ့ဟာ ချင်းပြည်နယ် တမျိုးသားလုံုးကိုု ကိုုယ်စားပြုတဲ့အဖွဲ့မဟုုတ်ပါဘူး။ သမ္မတကြီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးတွေဆီကိုုပါ ရုံးမဖွင့်ဖိုု့ ဖေဖော်ဝါရီလကတည်းက စာပိုု့ထားတာကို အလေးမထားတဲ့အပြင်၊ ပြည်သူတွေက မလိုလားတဲ့ကြားက ဒီလို ဆက်ဆံရေးရုံးကို ဖွင့်လိုက်တာကြောင့် မကျေနပ်လို့ပါ” ဟု တီးတိန်ဒေသခံ ကိုုနုမ်းရှမ်းတွမ်က ဧရာဝတီသို့ ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုုယ်စားလှယ်အဖွဲ့နှင့် CNF တိုု့အကြား အပစ်အခတ် ရပ်စဲရေးအပါအဝင် ပဏာမ သဘောတူညီချက်များအရ CNF ၏ ဆက်ဆံရေးရုံးခွဲကို စက်တင်ဘာလ ၂၄ က တီးတိန်မြို့တွင် ဖွင့်လှစ်ခဲ့ရာ အဆိုုပါရုံုးရှေ့တွင် တီးတိန် ဒေသခံ ၂၀၀ ကျော်က “CNF အလိုမရှိ”၊ “သမ္မတဦးသိန်းစိန် အစိုုးရသာ အလိုရှိသည်”၊ “ပြည်သူကို ဗဟိုပြုရေး ဒိုု့အရေး” စသည်တိုု့ကိုု ကြွေးကြော် ကန့်ကွက်ခဲ့ကြသည်ဟုု ဆိုုသည်။
“အစိုုးရနဲ့ ငြိမ်းချမ်းရေး မလုုပ်ခင်တုုန်းက CNF က ကျနော်တိုု့ ပြည်သူတွေကိုု ကာကွယ်မပေးတဲ့အပြင် ဆက်ကြေးတောင်းတာ၊ လူသတ်တာတွေ ရှိခဲ့တယ်။ အဲဒီလို ကိုုယ့်အမျိုးသားအချင်းချင်းအပေါ် လုုပ်နေတဲ့ သူတိုု့ရဲ့ လုုပ်ရပ်တွေကိုု ကျနော်တိုု့ ပြည်သူတွေက လက်မခံနိုင်ပါဘူး။ ကျနော်တိုု့ ဒေသက ငြိမ်းချမ်းနေပြီးသား” ဟုု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမုံလခ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း တီးတိန်မြို့တွင်းရှိ စျေး၊ ဆိုင်များ အားလုံးကိုပိတ်၍ CNF ၏ ဆက်ဆံရေးရုံုးခွဲ မဖွင့်လှစ်ရန်နှင့် တီးတိန်မြို့ကို ခရိုင်အဆင့် တိုးမြှင့်ပေးရန် ကန့်ကွက်မှုများ ပြုလုုပ်ခဲ့သေးသည်။
၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းခဲ့သည့် CNF သည် ပြီးခဲ့သည့် မေလ ရ ရက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက် ၁၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုုပါ အချက်များတွင် တီးတိန်အပါအဝင် ထန်တလန်နှင့် မတူပီမြို့နယ်တိုု့၌ CNF ၏ ဆက်ဆံရေးရုံုးခွဲများ ဖွင့်လှစ်ရန် သဘောတူညီမှုများ ပါ၀င်သည်။
ထိုစဉ်က CNF ၏ ရုံးခွဲကိုု ၄င်းတို့မြို့တွင် ဖွင့်လှစ်ရန် သဘောမတူညီကြောင်း တီးတိန်ဒေသခံများက အစိုးရအဖွဲ့အစည်းများသို့ စာပေးပို့ တောင်းဆိုခဲ့သကဲ့သို့ CNF ကလည်း ဒေသခံများ၏ ဆန္ဒမပါ၀င်ဘဲ ရုံးခွဲများကို ဖွင့်လှစ်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း Chin Peace and Tranquility Committee က ချင်းပြည်နယ်ရှိမြို့နယ် ၉ မြို့နယ်တွင် “ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့” များ အမြန်ဆုံးဖွဲ့စည်းသွားရန် ဦးဆောင်စီစဉ်နေကြောင်း သိရသည်။
ယင်းစောင့်ကြည့်ရေးအဖွဲ့များတွင် အစိုးရဝန်ထမ်းများနှင့် CNF ၏ အဖွဲ့ဝင်များ မပါ၀င်ဘဲ သီးခြားလွတ်လပ်သော ဘာသာရေးခေါင်းဆောင်များ၊ ချင်းလူငယ်များနှင့် ဒေသခံလူကြီးများ ပါ၀င်ဖွဲ့့စည်းသွားမည် ဖြစ်ကြောင်း၊ နှစ်ဖက် လက်နက်ကိုင်တပ်များက ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အနိုင်ကျင့်မှုများ ပြုလုပ်လျှင် ယင်းအဖွဲ့များက ချက်ချင်းစုံစမ်းကာ အစီရင်ခံမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

http://burma.irrawaddy.org/archives/21286
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India