Showing posts with label လူ့အခွင့်အရေးကော်မရှင်. Show all posts
Showing posts with label လူ့အခွင့်အရေးကော်မရှင်. Show all posts

August 17, 2012

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်ပေါ် KIO ကန့်ကွက်


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သြဂုတ်လ ၁၄ ရက်နေ့ထုတ် သတင်းထုတ်ပြန်ချက်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)သည် လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းရှိနေပြီး တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခြင်းကိုမပြုလုပ်ရန် တိုက်တွန်းထားခြင်းအပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ကန့်ကွက်လိုက်သည်။
အစိုးရနှင့် KIO  နှစ်ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပြီး ကာယကံရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်ဟု လူ့အခွင့်အရေးကော်မရှင်မှ ပြောဆိုခဲ့ခြင်းအပေါ် အဖြစ်မှန်ကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်းနှင့် အစိုးရက ခန့်ထားသောအဖွဲ့ဖြစ်သောကြောင့် အစိုးရဘက်လိုက်သော ထုတ်ပြန်ချက်သာဖြစ်သည်ဟု KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်က ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“သူတို့အနေနဲ့ လာရောက်တယ်ဆိုတာက နှစ်ဖက်က လက်နက်ကိုင်တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကို သူတို့ဘယ်မှာ ဆုံးဖြတ်လို့ရလဲ။ အဲဒီမြစ်ကြီးနားမြို့မှာပဲ ရောက်ပြီး သူတို့ အထူးရွေးပြီး ခေါ်ထားတဲ့သူတွေနဲ့ မေးပြီးရတဲ့ ဟာကိုပဲ ချုံပြီးပြောလိုက်တာဆိုရင်တော့ သူတို့ မြန်မာအစိုးရတွေရဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ သိက္ခာတော့ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် အချုပ်အနေနဲ့ပြောမယ်ဆိုရင် အခုသူတို့လုပ်တာက တဖက်မှာပဲရပ်ပြီးပြုလုပ်တဲ့ ကော်မရှင်တစ်ခု ဖြစ်တယ်လို့ပြောချင်တယ်။ အဲဒါကြောင့် သူတို့ပြောတာကို ကျနော်တို့ KIO အနေနဲ့ ကန့်ကွက်ချင်တယ်။”
ထို့အတူ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ကချင်ပြည်နယ်ခရီးစဉ် သတင်းထုတ်ပြန်ချက်အပေါ်လည်း နှစ်ဖက်မျှတမှုမရှိကြောင်း သုံးသပ် ပြောဆိုနိုင်သည်ဟု ဆက်ဆိုသည်။
“ဒီအဖွဲ့က အစိုးရအတွင်းကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့တစ်ခုဖြစ်တဲ့အတွက် အစိုးရကြိုက်သလို ပြောဖို့ သူတို့မှာ တာဝန်ရှိတယ်။ အခုဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုဖြစ်တယ်။ ဘယ်လို နည်းလမ်းနဲ့ဖြစ်တယ် ဆိုတာကို သူတို့မစုံစမ်းဘူး။ ကြားတာကိုပဲ လူ့အခွင့် အရေးချိုးဖောက်တယ်ဆိုပြီး ဆုံးဖြတ်ပြောတယ်လို့ မြင်တယ်” ဟု KIO ဒု-အထွေထွေအတွင်းရေးမှူး ဦးလာနန်ကပြောသည်။
လူ့အခွင့်အရေး ကော်မရှင်သည် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ သက်သေများ၏ ထွက်ဆိုချက်အရ KIA မှ တာလောကြီးရွာသားများအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းရှိခဲ့ကြောင်းနှင့် KIA ပြည်သူ့စစ်အဖြစ်ဆောင်ရွက်နေသူ တာလောကြီးရွာသား (၅၃) ဦးအလင်းဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။
ကချင်ပြည်နယ်မှ တိုင်ကြားစာနှင့်ပတ်သက်၍လည်း သက်သေများအား ခေါ်ယူစစ်ဆေးချက်အရ လူ့အခွင့်အရေး ချိုးဖောက်မှုအချို့တွေ့ရှိရကြောင်းနှင့် တပ်သားသစ်များ အဓမ္မစုဆောင်းခြင်းမပြုရန် တိုက်တွန်းထားခြင်းအပေါ် KIA အနေဖြင့် တိုက်ပွဲဖြစ်ပွားလာခြင်းကြောင့် မိမိဒေသအား ကာကွယ်နိုင်ဖို့ အင်အားဖြည့်ရန် စစ်သားစုဆောင်းခြင်းကို လူ့အခွင့်အရေးချိုးဖောက်ခြင်းဟု မဆိုနိုင်ကြောင်း  ဦးလာနန်မှ ဆက်ဆိုသည်။
“ဒီနေ့ ကျနော်တို့ဒေသမှာ စစ်ဖြစ်တာမရှိလို့ရှိရင် စစ်သားစုဆောင်းတာလည်းရှိမှာ မဟုတ်ဘူး။ အောက်ပိုင်းက မြန်မာအစိုးရတပ်ဖွဲ့တွေ ထောင်ဂဏန်း ကိုယ့်ဒေသမှာ ထိုးစစ်ဆင်လာတာကြောင့် မိမိဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေက အောက်ပြည်ကရောက်လာတဲ့ ရန်သူတွေကို ပုန်ကန်ဖို့လိုလာတယ်။ ဒီလို လိုလာတယ်ဆိုတော့ ကိုယ်ကလက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ပုန်ကန်ဖို့ဆိုရင် ကိုယ့်ဖက်မှာလည်း လက်နက်ကိုင် တပ်ဖွဲ့တွေ အင်အားများရမယ်။ အဲဒါကြောင့် ဒီနေ့ ကျနော်တို့ဒေသတွေမှာ စစ်သားစုဆောင်းတယ်ဆိုတာ ရှိလာတာဖြစ်တယ်။ ဒီဟာကို လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး ပြောရင်တော့ မမှန်ဘူးလို့ပြောချင်တယ်။ အစိုးရက စစ်အင်အားနဲ့ ထိုးစစ်ဆင်လာတယ်ဆိုတော့ ကိုယ့်ဘက်က ကာကွယ်နိုင်ဖို့ စစ်အင်အား များလာအောင် ရှိလာအောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပဲ” ဟု ဦးလာနန်ကပြောသည်။
KIA မှ စစ်သားစုဆောင်းမှုပြုလုပ်နေသော်လည်း အသက်မပြည့်သေးသောကလေးများနှင့် ကိုယ်ခန္ဓာကျမ်းမာခြင်းမရှိသော သူများကို ခေါ်ယူခြင်းမရှိပဲ ကျမ်းမာရေးစစ်ဆေးပြီးမှသာ KIA တာဝန် ထမ်းဆောင်ခွင့် ပေးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
လူ့အခွင့်အရေးကော်မရှင်အဖွဲ့များမူ နယ်ခြားဒေသများသို့ မသွားနိုင်ခဲ့ခြင်းသည် လုံခြုံရေးအရ စိတ်ချမှုမရှိသောကြောင့်နှင့် နှစ်ဘက် မည်သို့ဖြစ်သည်ကို ဖော်ပြခြင်းမရှိခြင်းသည် လည်း နှစ်ဘက် တပ်ဖွဲ့အားသွေးထိုးသည့်သဘော ဖြစ်မည်ကိုစိုးရိမ်သဖြင့်၊ ပြည်သူလူထု၏ စိုးရိမ်မှု ပိုမိုကြီးထွားစေမည်ကို မလိုလားသောကြောင့် နှစ်ဘက် မျှပြီး တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ဗီအိုအေ သတင်းဌာနတွင် ပြောဆိုထားသည်။
ကချင်ပြည်နယ်တွင်း အစိုးရတပ်ဖက်မှ ထိုးစစ်များရပ်နားခြင်းမရှိပဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲကာလ တွင် KIA ဖက်မှ စစ်သားစုဆောင်းမှုများ ဆက်လက်ပြုလုပ်နေခြင်းကို ငြိမ်းချမ်းရေး လိုလားသောလူထုများတွင် လည်း ထောက်ခံသူများရှိနေသကဲ့သို့ ကန့်ကွက်သူများလည်း ရှိနေကြောင်း ဒေသခံများပြောသည်။
တပ်သားစုဆောင်းမှုတွင်လည်း ပြီးခဲ့သည့်လ ၀ိုင်းမော်မြိ့နယ် နမ့်ဝါ (Nam Wa) ကျေးရွာမှ ရွာသား ၁၀ ဦးအား KIA မှ စုဆောင်းသွားခဲ့စဉ် တချို့ရွာသားများကို အိမ်တွင်း အခက်အခဲကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း  နမ့်ဝါ ဒေသခံတစ်ဦးကပြောသည်။
“တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်။ မိဘမဲ့ ကလေးတွေ တကယ် အိမ်မှာ အခက်အခဲရှိတာကို သူတို့မိသားစုက တင်ပြနိုင်တဲ့သူတွေကိုတော့ လွတ်လိုက်ပြီ။ တချို့ပညာတတ်တဲ့သူတွေကိုတော့ ဆေးပညာတွေ သင်ပေးမယ်ဆိုပြီး ဘာမပြောတော့ဘူး” ဟု နမ့်ဝါကျေးရွာဒေသ အမျိုးသားပြောသည်။
အဓမ္မစစ်သားစုဆောင်းခြင်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုဟုတ်မဟုတ် နှစ်ဖက် ဝေဖန်ပြောဆိုမှုများသည်လည်း မတူညီသော အယူအဆ၊ ခံယူချက်များအရ အမြင်ကွဲလွဲနေခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT မှ ပြောရဲဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီပြောသည်။
“KIO အနေနဲ့ စစ်သားစုဆောင်းတယ်ဆိုတာကို ကြည့်မယ်ဆိုရင် အဲဒါကို လူ့အခွင့် အရေးချိုးဖောက်တယ်လို့ ပြောမလား။ အမျိုးသားရေးမှာ ပူးပေါင်းဆောင်ရွယ်တယ်လို့ပြောမလားလေနော်။ အဲဒါက တစ်ယောက်နဲ့တစ်ယောက် ခံယူတဲ့ အယူအဆက မတူရင်မတူမှာလေနော်။ စစ်သားစုဆောင်းတာကိုလည်း တော်လှန်ရေးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ သူတို့အနေနဲ့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာပဲဟု တော့မြင်တယ်လေ” ဟု မွန်းနေလီကပြောသည်။
အဖွဲ့ဝင် (၁၅) ဦးပါသော မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ ဇူလိုင်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့များသို့ သွားရောက်၍ စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုတွင် လေ့လာခဲ့ပြီး နှစ်ဖက်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/913-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%81%8F-%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%B1%E1%80%95%E1%81%9A-kio-%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%80%E1%80%BC%E1%80%80%E1%80%B9.html

အစိုးရစစ်တပ်နှင့် KIA နှစ်ဘက်စလုံး လူ့အခွင့်အရေး ချိုးဖောက်နေဟုဆို

အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ် ဖြေရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီ စာရေးတောင်းဆိုထားပေမယ့် တစုံတရာ အကြောင်းမပြန်သေးဘူးလို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က  ပြောကြားလိုက်ပါတယ်။
ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး  ရှမ်းပြည်တပ်မတော်က အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပေမယ့် ရပ်မသွားတဲ့အတွက်  ဒီကိစ္စဖြေရှင်းပေးဖို့ ရှမ်းပြည်တပ်မတော်အဖွဲ့က ဩဂုတ် ၂ ရက်နေ့ကတည်းက သမ္မတဆီ စာရေးတောင်းဆိုထားတာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
အပစ်ခတ်ရပ်သဘောတူချက်တွေထဲမှာ နယ်မြေထဲကို လက်နက်ကိုင်ဆောင် ၀င်ရောက်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ပါရှိပေမယ့် အစိုးရတပ်ဘက်က လိုက်နာခြင်းမရှိဘဲ နယ်ကျွံဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ဆိုပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက ကြားဝင်ညှိနှိုင်းပေးခဲ့ပေမယ့်လည်း ပစ်ခတ်မှုတွေ ဖြစ်မြဲဖြစ်နေတာဟာ အထက်လူကြီးတွေရဲ့ အမိန့်ကို အောက်ခြေတပ်သားတွေ လေးစားလိုက်နာမှုမရှိလို့ ဖြစ်တဲ့အကြောင်း ရှမ်းပြည်တပ်မတော်က ဝေဖန်ပြောဆိုလိုက်ပါတယ်။
သမ္မတကြီးဆီ စာပို့ပြီးတဲ့နောက်ပိုင်း လွန်ခဲ့တဲ့ ၄ ရက်က ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နားမွန် ကျေးရွာအုပ်စုထဲမှာလည်း ပစ်ခတ်မှု ၂ ကြိမ်လောက် ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေဟာ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တို့ ငြိမ်းချမ်းရေး တည်ဆောက်ဆဲကာလ ယုံကြည်မှုကို ပျက်ပြားစေနိုင်တဲ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း နှောင့်နှေးစေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။ 

http://burmese.dvb.no/archives/29303

August 16, 2012

မြန်မာ့ လူ့အခွင့်အရေး ကော်မီရှင်၏ တွေ့ရှိချက် မမှန်ကန်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ ထောက်ပြ

30178353-01ကချင် ဒုက္ခသည် စခန်းများ၏  အခြေအနေအပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ လေ့လာ တွေ့ရှိချက်သည် လက်တွေ့ ဖြစ်ရှိနေသော အခြေအနေနှင့် ကင်းကွာနေပြီး တရားမျှတမှု မရှိဟု ကချင် ဒုက္ခသည်များ အရေး ဆောင်ရွက် ပေးနေသည့် ဦးတွဲပီဇာမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောပါသည်။
“ သူတို့ရဲ့ ထုတ်ပြန်ချက်က မှန်လည်း မမှန်ပါဘူး။ သူတို့က အစိုးရက ထိမ်းချုပ်ထားတဲ့ ဒီမြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာရှိတဲ့ ဒုက္ခသည်စခန်း (၁၆) ခု ကိုဘဲ လေ့လာ တာပါ။ ဒါတောင်မှ ကျနော်တို့သိတဲ့ အခြေအနေနဲ့ လွဲနေတယ်။ ပြီးတော့ KIO ထိမ်း ချုပ်တဲ့ ဒုက္ခသည် စခန်းကို မသွားဘဲနဲ့ ဒုက္ခသည်ရဲ့ အခြေအနေ တခုလုံးကို ခြုံပြီးတင်ပြဟန်ကို ယူထားတယ်ဆိုတော့ တရားလည်း မတရားပါဘူး” ဟု ဆိုပါသည်။
လက်တွေ့၌ ကေအိုင်အို ထိန်းချုပ်ရာ နယ်မြေထဲမှ လိုင်ဇာ ပတ်ဝန်းကျင်တွင် ဒုက္ခသည်ပေါင်း ၅၄,၀၀၀ ခန့် ရှိပြီး အစိုးရ ထိန်းချုပ် နယ်မြေထဲတွင် ဒုက္ခသည်ပေါင်း ၂၄, ၀၀၀ ခန့်သာ ရှိပါသည်။ ဤသို့ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော် မရှင်၏ အစီရင်ခံစာသည် အခြေအနေမှန်ကို တင်ပြနေခြင်း မဟုတ်ကြောင်း ကချင် ဒုက္ခသည်များ အရေးကိုဆောင်ရွက် ပေးနေသော ဒုက္ခသည် ကော်မီတီက ဆိုပါသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်မှ ပြောသော လောက်ငှမှုသည် ဘာကို ဆိုလိုခြင်း မသိရပေ။ အစိုးရ ထိန်းချုပ်သော စခန်း များ၌လည်း ရိက္ခာများ သိုလှောင်ထားခြင်း မရှိပါဘဲနှင့် လောက်ငှမှု ရှိသည်ဟု ပြောနေသလို ဖြစ်နေပါသည်။ အစိုးရ ထိမ်းချုပ်သော စခန်းများ၌လည်း UNHCR ကသာ အများစု ထောက်ပံ့နေပါသည်။ သို့သော်လည်း ကျနော်တို့ နည်းတူသာ ပေးထားသည်ဟု UNHCR ကိုယ်စားလှယ် များမှ သိရကြောင်း ဦးတွဲပီ ဇာကဆိုပါသည်။
KIO ထိမ်းချုပ်သော နယ်မြေ၌ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များ (၅) ဖွဲ့မျှရှိပါသည်။ ၄င်းတို့သည် အခြေခံရိက္ခာများ ကိုပင်လောက်ငှစွာ မပေးနိုင်ဘဲ ယခုလို မိုးရာသီတွင်း၌ တလစာ နှစ်လစာ စသည်ဖြင့် သင့်တော်သလို ခွဲတမ်းနှင့် ပေးနေရ ပါသည်။
Kachin_refugee_044Je_Yang_campမိုင်ဂျာယန် ကချင် ဒုက္ခသည် စခန်းမှ ဒုက္ခသည် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
“ဖူလုံမှုရှိတယ် ဆိုပြီးပြောတယ်၊ ကျနော်တို့မှာ ပေးသလို အစိုးရ ထိမ်းချုပ်တဲ့ စခန်းမှာလည်း အဲဒီလိုဘဲ ပေးတယ်။ ဒီတော့ ကျနော်တို့မှာက လူတစ်ယောက်ကို တစ်နေ့ကို ဆန် (၂) ပေါင်(၄ဘူးခန့်)၊ ဆီ၊ ဆား ပေးနေတယ်။ ဒါတောင် အခြေခံ ရိက္ခာ အပြင် ဟင်းဖိုးအတွက် တစ်ဦးကို ကျပ် ၃၀၀ ထပ်ဖြည့် ပေးရတယ်။ အဲဒါ အဟာရဖြစ် လောက်တဲ့ ထောက်ပံ့မှု မဟုတ်ဘူးလေ၊ ဒီတော့ အတူတူလောက် ရနေတဲ့ အခြေအနေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က လောက်ငှ တယ်လို့ ပြော နေတာဟာ ပေါ်လစီ တခုခုကြောင့် ဒီစကားကို ပြောနေတယ်လို့ ထင်ပါတယ် ”ဟုဒုက္ခသည် စခန်း ကော်မီတီဝင် များက ဆိုပါသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် အစိုးရမှ ဖွဲ့စည်းပေးထားသော ကော်မီရှင်ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာအ မေရိကန်သံရုံးသည် ကချင် ဒုက္ခသည်များ အတွက် ဒေါ်လာ သုံးသန်း ထောက်ပံ့ရန် ထုတ်ပြန် ထားပါသည်။ ဤအကူအညီများ သည် တရုတ်နိုင်ငံ၏ ခွင့်ပြုချက် မရပါက KIO ထိန်းချုပ်သော ကချင် ဒုက္ခသည် စခန်းသို့ ရောက်ရှိရန် ခက်ခဲပေလိမ့်မည်။  ဤသို့ကြောင့် KIO ထိမ်းချုပ်သော ကချင် ဒုက္ခသည် စခန်းများ၌ အခြေခံ ရိက္ခာကိုပင် အကန့်အသတ်ဖြင့် ပေးနေရခြင်း ဖြစ်ပါသည်။
အစိုးရသည် ကချင် ဒုက္ခသည်အပေါ် ကမ္ဘာကရော မြန်မာကပါ အကြောင်းပြချက် ကောင်းအောင်၊ အာရုံ မစိုက်မိအောင် ရည်ရွယ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ထုတ်ပြန်ခိုင်းဖွယ် ရှိကြောင်း အကဲခတ် များက ဆိုပါသည်။
ကချင်ဒေသရှိ စစ်ပြေး ဒုက္ခသည် စခန်းများ မြေပုံအား အောက်ဖော်ပြပါ လင့်ခ်၌ သွားရောက် ကြည့်ရှူ့ နိုင်ပါသည်။
http://www.scribd.com/doc/102920405/%E1%80%97%E1%80%AE%E1%80%AF%E1%80%90%E1%80%AD-%E1%80%97%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%B9-%E1%80%8A%E1%80%B8%E1%80%92%E1%80%BD%E1%80%B9%E1%80%92%E1%80%92%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%80%E1%80%B1%E1%80%81%E1%80%BA%E1%80%84%E1%80%B9
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ကချင် ဒုက္ခသည် စခန်းများအား သွားရောက် လေ့လာခဲ့သည့် အစီရင်ခံချက်အား အောက်ဖော်ပြပါ လင့်ခ်၌ သွားရောက် ကြည့်ရှူ့ နိုင်ပါသည်။
http://www.mini




stryofinformati



on.gov.mm/index


.php/announceme

nt/668-2012-08-
14-05-17-49.html

August 14, 2012

အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက်

2012-08-14
အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

RFA
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
ဘယ်လို အကြောင်းမျိုးနဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဖို့နဲ့ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း ကော်မရှင်က ဒီကနေ့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒေသခံတွေအပေါ် လက်နက်ကိုင် တပ်ဖွဲ့တွေက ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း မိမိတို့အဖွဲ့က တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။။
"သွားပြီးတော့ စစ်ဆေးတဲ့အခါမှာ ပေါ့နော်။ ညှဉ်းပန်း နှိပ်စက်တယ် ဆိုတာမျိုးကို ကျွန်တော် တွေ့ရတယ်။ တွေ့ရတော့ ဒီမှာလည်းပဲပေါ့နော်၊ ဒီလူ့အခွင့်အရေးရဲ့ စံတစ်ခုဖြစ်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကို မပြုရဘူးပေါ့နော်။ Torture မလုပ်ရဘူးဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ရှောင်ရှားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့ တိုက်တွန်းချက်ပေါ့နော်။ ဒါလူ့အခွင့်အရေး စံတွေနဲ့ ကျွန်တော်တို့ အရေးကြီးတာတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ သွားပြီးတော့ စုံစမ်းစစ်ဆေးရင်းနဲ့ ကျွန်တော်တို့ ဒီအရေးကြီးတဲ့ အချက်လေးတွေကိုလည်း ထည့်သွင်းဖြော်ပပါတယ်"
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ၀ိုင်းမော် မြို့နယ်တွေထဲက စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုကို သွားရောက် လေ့လာခဲ့ရာမှာ နှစ်ဖက်တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/government-kia-human-rights-08142012111741.html

August 5, 2012

ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော

ကချင်ပြည်နယ်အတွင်း နှစ်ဘက်လက်နက်ကိုင်တပ်တွေအနေနဲ့ ဒေသခံ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဦး စစ် မြိုင်
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်အနီးအနားက ဒုက္ခသည်စခန်း ၁၆ ခုကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြတာပါ။
စခန်းတွေရဲ့ အနေအထားဟာ  အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေးဝါးလိုအပ်နေတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
“လိုအပ်ချက် အဓိကတော့ မိုးတွင်းဖြစ်တော့ အအေးမိ၊ နှာစေးမယ်၊ တုပ်ကွေး ဖြစ်မယ်။ ၀မ်းလျှောမယ်။ ငှက်ဖျားရှိမယ်။ အဲဒီဆေးတွေ အဓိက ပံ့ပိုးပေးဖို့ပါ။ နောက်တခုက ယူအန်အိပ်ခ်ျစီအာက လိုအပ်တဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ပေးနေပါတယ်။ အဲဒါလေးတွေ ရလာရင်တော့ စခန်းတွေအနေနဲ့ အတော်အသင့် နေသာထိုင်သာ ဖြစ်သွားမှာပါ။”
အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့  ကော်မရှင် အတွင်းရေးမှူးက တိုက်တွန်းလိုက်ပြီး  ကချင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာလည်း မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နှစ်ဘက်တပ်တွေဟာ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေ ရှိတယ် ဆိုတဲ့အပေါ် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ခုလို သုံးသပ်ပြောကြားပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပူတာအိုနားမှာ ကေအိုင်အေ တပ်ရင်း ၇ ကနေ ဒေသခံရွာတချို့ကို မီးရှို့တယ်ဆိုတာမျိုးလည်း သတင်းထွက်လာတယ်။ အဲဒါလည်း သူတို့ သေချာစုံစမ်းပြီးမှ သက်ဆိုင်တဲ့ တပ်ရင်း ၇ က တပ်ရင်းမှူးကို သူတို့ အရေးယူတယ်။ ရာထူးချလိုက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတဲ့ အပိုင်းရှိတယ်။ ကေအိုင်အေ ဘက်ကတော့ accident ပုံစံပေါ့ မတော်တဆပေါ့။ ဟိုက ညွှန်ကြားမှု မပါဘဲနဲ့ တပ်ဖွဲ့ဝင်တွေက ချိုးဖောက်မှုတွေ ရှိရင်လည်း တကယ်စစ်ဆေးပြီးမှ အရေးယူတဲ့ အပိုင်းတွေ ရှိတာကို တွေ့ရတယ်။ အစိုးရကတော့ စနစ်တကျနဲ့ ချိုးဖောက်နေတဲ့ဆိုတဲ့အပိုင်း..။ အဲဒါကြောင့်လည်း ဒုက္ခသည်တွေ အတော်များများက ကေအိုင်အို ထိန်းချုပ်တဲ့နေရာကို ထွက်ပြေးတာ များတယ်။ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေက စစ်ဆေးမေးမြန်းတာကို လက်ခံတယ်။ ဒါပေမယ့် အစိုးရတပ်က ညှဉ်းပန်းနှိပ်စက်တယ်၊ ရွာတွေ မီးရှို့တယ် အဲဒါမျိုးတွေကို ကြောက်ပြီး ကေအိုင်အို ထိန်းချုပ်တဲ့ဒေသကို ထွက်ပြေးတာ များတယ်။”
ကေအိုင်အို ဒုက္ခသည်ရေးရာကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိပြီး၊ ကေအိုင်အေ နယ်မြေထဲမှာ ဒုက္ခသည်စခန်း ၅၀ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော် ရှိနေပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေဟာ မနှစ်ဇွန်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမယ့်   အောင်မြင်မှုမရသေးဘဲ ဖြစ်နေပါတယ်။ 

http://burmese.dvb.no/archives/28812
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India