Showing posts with label ချင်း. Show all posts
Showing posts with label ချင်း. Show all posts

April 29, 2013

ချင်းအမျိုးသားတပ်ဦး ကန်ပက်လက် မြို့ ပြည်သူများနှင့် လူထုတွေ ့ဆုံပွဲပြုလုပ်




CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ ့များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ ့ ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါလူထုတွေ ့ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို ့ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ကဆောင်ရွက်ပေးကြောင်း တွေ ့ဆုံပွဲတွင် ပါ၀င်သူ တစ်ဦးကဆို သည်။
သဘာပတိအဖြစ်ဆောင်ရွက်သူ ဦး ထန်မနားက CNF နှင့်အဖွဲ့အား ကန်ပက်လက်မြို ့ မှလှိုက်လှဲ စွာကြိုဆိုကြောင်း၊ ကန်ပက်လက်မြို့ သည် ချင်းပြည်နယ်တွင် အဆင်းရဲဆုံးနှင့် တိုးတက် မှုအနိမ့်ဆုံးမြို့ဖြစ်ေကြာင်း၊ အင်တာနက်၊ သတင်းစာနှင့်ပြည်သူများကို ဗဟုသုတ နှင့်အကြား အမြင်ပေးနိုင်သည့် မီဒီယာများမရှိကြောင်း၊ ယခုကဲ့သို ့ ပြည်သူများနှင့်တွေ့ဆုံခြင်း များြပု လုပ်ပေးခြင်းဖြင့် ဒေသ ခံပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားပြီး CNF အနေဖြင့် ကန်ပက်လက်မြို ့ တိုုးတက်ဖွဲ ့ဖြိုးနိုင်ရေးအတွက် အတတ်နိုင် ဆုံး အကူအညီများ ပေးစေ လိုကြောင်း ပြောကြားသည်ဟုသိရသည်။
ချင်းပြည်နယ်် တောင်ပိုင်း မတူပီမြို ့ CNF ၏ လိုင်စင်ရုံး တာဝန်ခံ ပူးထန်ယဲန်းက မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို ့၊ ရေဇွနှင့် ဆာမီးမြို ့နယ်ခွဲများတွင် ပြုလုပ်မည့် လူထု တွေ ့ဆုံပွဲ ကိုဦးဆောင်လျှက်ရှိသည်။
CNF အဖွဲ ့တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပူးထန်လိန်းကီး၊ ပါတီ အတွင်းရေးမှူးချုပ် (၂) ပူးပေါလ်ဆီထာနှင့် အဖွဲ ့များ ပါ၀င်ကြကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပိုင်းတွင် လူထုတွေ ့ဆုံပွဲ ပြုလုပ်သည့် CNF အဖွဲ ့သည် ကန်ပက်လက်မြို ့ မှ မင်းတပ်မြို ့၊ ထိုမှတဆင့် ၄င်းတို ့၏လိုင်စင်ရုံးစိုက်ရာ မတူပီဘက်သို ့ သွားရောက်ပြီး လူထုတွေ ့ ဆုံပွဲများ ဆက်လက်လုပ်သွားမည်ဖြစ်သည်။
မတူပီမှတဆင့် ဆာမီးမြို ့နယ်ခွဲ၊ ပလက်ဝမြို ့နှင့် ရေဇွာမြို ့နယ်ခွဲများတွင် လူထုတွေ ့ဆုံပွဲ လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

http://khonumthungburmese.org/?p=2037

April 23, 2013

CNF က ချင်းပြည် တပြည်လုံးအတိုင်း အတာဖြင့် လူထုတွေ ့ဆုံဆွေးနွေးပွဲ လုပ်ငန်း စတင်



ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် တပြည်လုံး အတိုင်း အတာဖြင့် လူထုတွေ ့ ဆုံးဆွေးပွဲ လုပ်ငန်းကို ယခုလမှစတင် အကောင် အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။
ယင်းလူထုတွေ ့ဆုံပွဲကို ချင်းပြည်နယ် မြောက် ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း စသဖြင့် သက် ဆိုင်ရာ CNF လိုင်စင်ရုံးတာဝန်ခံ များက ဦးစီးပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယမန်နေ ့ CNF ၏သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းဖြစ်သည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့ နယ်၊ ရေဇွာနှင့် ဆမီးမြို ့နယ်ခွဲရှိ လူထုများကို မတူပီမြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ခံ များမှဦးစီးပြီး လူထုတွေ ့ ဆုံဆွေးနွေးပွဲပြုလုပ်ရန်နှင့်ချင်းပြည်နယ် အလယ်ပိုင်းဖြစ် သည့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို ့ နယ်ရှိ လူထုများကို ထန်တလန် မြို ့CNF လိုင်စင်ရုံး တာဝန်ခံများက ဦးစီးပြီး လုပ်ငန်းအကောင် အထည်ဖေါ် သွား ရန် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထို ့အပြင် ချင်းပြည်နယ် မြောက်ပိုင်းတီးတိန်၊ တွီးဇန်မြို ့နယ်နှင့်ကျီခါးမြို ့နယ်ခွဲဒေသများကို တီးတိန်မြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ရှိ သူများက ဦးဆောင်ကာ လုပ်ငန်းအကောင်အထည်ဖေါ် သွားရန်ဖြစ်ကြောင်း သိရသည်။
ထိုသို ့လူထု တွေ ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို ့ အပစ် အခတ်ရပ်ဆဲရေး သဘောတူညီချက်တွင် အခြေခံရမည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့နှင့် ပတ်သက် သည့် အချက် များအပေါ် ပြည်သူလူထု၏ ဆန္ဒသဘောထားများ ရယူသွားမည်ဖြစ်သည် ဟုသိရ သည်။
ထို ့အပြင် ပြည်သူလူထုအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါ၀င်စေရန်နှင့် ချင်းပြည်သူလူထုမှ ပြည်ထောင်စု တည်ဆောက် ရေးနှင့် ပတ်သက်၍ ဆန္ဒအမှန်ဖေါ်ထုတ်လာစေရန် ဖြစ်ကြောင်း သိရ သည်။
ယင်းလုပ်ငန်းကို ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအစိုးရအကြား (၃)ကြိမ်တိုင်တိုင်် အပစ် အခတ်ရပ်ဆဲရေးနှင့် ပြည်ထောင်စု ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်တွင် ချင်းလူထုများနှင့် လွတ်လပ်စွာ တွေ ့ ဆုံဆွေးနွေး ပွဲများပြုလုပ်ရန် သဘောတူခဲ့သည့်အတိုင်း ချင်းအမျိုးသားတပ်ဦးက စတင်အကောင် အထည်ဖေါ်ခြင်း ဖြစ်ကြောင်း သိရ သည်။
ချင်းအမျိုးသားတပ်ဦးသည် ဖက်ဒရယ်စနစ်ထူထောင်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်း ကား ရေးနှင့် ချင်းလူထုများ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့အတွက် ၁၉၈၈ခုနှစ် မတ်လ (၂၀) တွင် ဖွဲ ့စည်းထူထောင်ခြင်းဖြစ်သည်။

April 10, 2013

CNF က လူထုတွေ့ဆုံပွဲ ဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ပြုလုပ်

၂၀၁၂ ခုနှစ် ဇန္နဝါရီလ က ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ချင်းအမျိုး သားတပ်ဦး ( စီအဲန်အက်ဖ်) က ယခုလ လလယ်ပိုင်းမှ စပြီး ချင်းပြည်သူများနှင့် တွေ့ ဆုံပွဲပြု လုပ်ရန်  ပြင်ဆင်နေပြီး ၄င်းအတွက် အလုပ်ရုံဆွေး နွေးပွဲပြု လုပ်ကြသည်ဟု သိရ သည်။
လူထုနှင့် တွေ့ဆုံဆွေးနွေးရာတွင် ချပြမည့် နိုင်ငံရေး ဆိုင်ရာ၊ အမျိုးသားရေးဆိုင်ရာ ရပ်တည်ချက်၊ ခံယူချက်များနှင့် ပါတ် သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၉ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြ သည်။
“အလုပ်ရုံဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်မှာဖြစ်တယ်၊ လူထုတွေ့ဆုံပွဲအတွက် Training for Trainer ပေါ့၊ အဲဒါ ပြီးယင် သုံး ဖွဲ့ခွဲပြီး ပြုလုပ်ကြမှာပါ” ဟု သတင်းနှင့် ပြန်ကြား ရေး အတွင်းရေး မှူး ပူး ငိုင်းကြားထန်းက ခိုနုမ်းထုန်ကို ပြောသည်။
ဆက်လက်ပြီး ယခု လူထုတွေ့ဆုံပွဲက အစိုးရနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် အရ ပြုလုပ်မှာ ဖြစ်ကြောင်း ဆက်ဆိုသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီအဲန်အက်ဖ် လက်ရှိ ဥက္ကဌ ပူး လျန်အုပ်၊ ဥက္ကဌ ဟောင်း ဒေါက်တာ ဇလှေထန်း၊ အထွေ ထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးအပါအဝင်  စီအဲန်အက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မတော်အရာရှိများ၊ အမျိုးသ မီးများ စုစုပေါင်း ၃၀ ခန့် ပါ၀င် တက်ရောက်ကြသည်။
အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြည်သူ့တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့် ပြည်သူလူထု အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်တွင် တက်တက်ကြွကြွပါဝင်လာရေး၊ ယနေ့ ချင်းအမျိုးသား တပ်ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရတို့၏ တွေ့ဆုံဆွေးနွေးပွဲအား ချင်းပြည်သူနှင့်ပြည်ထောင်စုြမန်မာနိုင်ငံ အစိုးရ တွေ့ဆုံဆွေးနွေး ပွဲသို့အသွင်ေြပာင်းရေး၊ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်း ကားရေးနှင့် တန်းတူညီမျှမှုရှိသောပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ကြောင်း ရှင်းလင်း ပြော ကြားခဲ့သည်။
ချင်းအမျိုးသားတပ်ဦး၏ ဥက္ကဌ ပူးလျန်အုပ်က အလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်း ပြောကြား ရာတွင်ဒီနေ့အချိန် ကာလ သည် အထူးအရေးကြီးသောကာလဖြစ်ကြောင်း၊ ခေါင်းဆောင်များ အနေဖြင့် အမျိုးသားရေး အတွက် လုပ်ဆောင် နေကြ သော ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ အမျိုးသားရေးအကျိုးစီးပွား ကိုဦးထိပ်ထား၍ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပြောဆိုသွားသည်။
ချင်းပြည်နယ် (၉)မြို့နယ်နှင့် မြို့နယ်ခွဲ (၃)ခုတွင် လူထုတွေ့ဆုံပွဲပြုလုပ်မည့် အစီအစဉ်၊ ကျေး လက်ဒေသများတွင် ပြုလုပ်မည့် အစီအစဉ်၊ ချင်းပြည်နယ်ပြင်ပဒေသနှင့် ပင်လယ် ရပ်ခြား ရောက် ချင်း အမျိုးသားများအတွက် တွေ့ဆုံပွဲပြု လုပ်ရေးနှင့် ချင်းပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ ချင်းအမျိုး သားညီလာခံတရပ် ကျင်းပ ရေးတို့ကိုတပါတည်း ဆွေးနွေးခဲ့ ကြသည်။

http://khonumthungburmese.org/?p=1903

February 28, 2013

CNF က အဖိုးတန် ပန်းမာလ်များ ရောင်းဝယ် လုပ်စားခြင်းမပြုရန် တားမြစ်



ချင်းတော်လှန်ရေးလက်နက်ကိုင် CNF က ချင်းပြည်နယ်အတွင်း အဖိုးတန် ပန်းမာလ် များ ရောင်း ၀ယ်လုပ်စားခြင်းမပြုရန် ယနေ့ တားမြစ်လိုက်သည်။
စာအမှတ် ၀၁/၂၀၁၃။ အပိုဒ် ၀၁/၁၀ အရ ပဥ္စမအကြိမ်ပါတီညီလာခံံသက်တမ်း၊ သတ္တမ အကြိမ် ဗဟိုအလုပ်အ မှုဆောင်ကော် မီတီအစည်းအဝေး ဆုံးဖြတ် အရ ချင်းလဲန်းတွင် အလှပန်းမာလ် များ၊ တောင်ဇလပ်ပန်းနှင့် ပန်းရိုးများရောင်း ဝယ် လုပ် စားခြင်းကြောင့် သစ်တောဖြုန်း တီးမှုများ ရှိနေကြောင်း သိရှိရပါသဖြင့် ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည် ဟု သိရ သည်။
“ကျတော်တို့ ချင်းလဲန်ထဲမှ အဖိုးတန်သစ်ခွ၊ သဇင်၊ တောင်ဇလပ်ပန်းများကြောင့် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ နေကြတာ တားမြစ်ပေး ဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့ အပေါ် ယခုလို လုပ်လိုက်ရတာပါ” ဟု ပါတီရေး ရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
တဆက်တည်းဤတားဖြစ်ချက်ကို နိုင်ငံခြားရောက် ချင်းအမျိုးသားများမှတဆင့် မိမိ တို့ ကျေး ရွာ ဒေသ များသို့ Email/ Phone ဖြင့် အသိပေးအကြောင်းကြားပေးပါရန် နှင့်  ချင်းအမျိုးသား တပ်ဦး၊ ပြည်တွင်း ဆက်ဆံရေးရုံးနှင့် အခြား ဌါနဆိုင် ရာ ရုံးများမှတဆင့် ပြည်သူများသို့ ဖြန့်ဝေ အသိပေး ပါရန် မေတ္တာ ရပ်ခံထားသည်။
ချင်းပြည်ရှိ အဖိုးတန် သစ်တောထွက်ပစ္စည်းများကို အဓိကအားဖြင့် မန္တလေးမှ တဆင့် တရုတ်ပြည် သို့ တင်ပို့ကြကြောင်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ဒေသခံတချို့သည် တောင်ဇလပ်ပန်းကို ၀ုိင်အဖြစ် ထုတ်လုပ် ရောင်းချ နေရသဖြင့် တောင်ဇလပ်ပင်များ ပြုန်းတီးမှုများရှိနေသည်။
“တောင်ဇလပ်ပန်း အစိုတပိသာကို ကျပ်ငွေ ၈၀၀ နဲ့ ၀ယ်ယူပြီး ၀ုိင်အဖြစ်ထုတ်လုပ်တယ်၊ ၀ုိင်တပု လင်းကို ကျပ်ငွေ ၁၀၀၀ နဲ့ ပြန်ရောင်းကြတယ်၊ ဘာပဲဖြစ်ဖြစ် အပွင့်ခူးတာတော့ ရပါတယ်၊ ပင်စည် ခုတ်လှဲတော့ လုံးဝမဖြစ်သင့်ဘူး” ဟု ချင်း အမျိုးသားတပ်ဦး ပြန်ကြားရေး အတွင်းရေးမှူး ပူး ငိုင်းကြားထန်းက ပြောသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၉၄ – ၁၉၉၅ ခုနှစ်ကတည်းက အောက်ချင်းငှက် နှင့် ရှားပါး တိရိစ္ဆာန် များဖြစ်သည့် ကျား၊ ဆင်၊ ပြောင်၊ ၀က်ဝံ၊ မျောက်၊ မျောက်လွဲကျော် များအား သတ် ပစ်ခြင်း မပြုလုပ်ရန်  မိုင်းဗုံး၊ ဒိုင်နမို၊ အဆိပ် ဖြင့် ရေ သတ္တဝါ များ ဖမ်းဆီးခြင်း၊ တိရိစ္တာန်များ မျိုးပွား ချိန်တွင် သတ်ဖြတ်ခြင်းမပြုလုပ်ရန်တားမြစ်ထားသည်။

http://khonumthungburmese.org/?p=1642

January 16, 2013

CNF ဥက္ကဌ CNA သင်တန်းသားများအား ကြည့်ရှုစစ်ဆေး

ချင်းအမျိုးသားတပ်ဦး CNF ၏ ၂၀၁၃–၁၄ သက်တမ်း ဥက္ကဌ Pu Lian Uk  ယနေ့ နံနက် (၉) နာရီခန့်က ချင်းအမျိုး သားတပ်မ တော် CNA အခြေခံ စစ်သင်တန်း သားများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။
၀ိတိုရိယ ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ချင်းအမျိုးသားတပ်မတော် အပတ်စဉ် (၂၁) အခြေခံစစ် သင်တန်းသို့ ဥက္ကဌ အပါအဝင် အထွေထွေအတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ်နှင့် ဗျူဟာမှူးများလည်း ပါ၀င်တက်ရောက်ကြောင်း သိရသည်။
ဥက္ကဌက အမှာစကားပြောကြားရာတွင် အခြေခံစစ်သင်တန်းဆိုတာ ရဲဘော်တွေ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ခံနိုင်ရည် ရှိရေး၊ ကျန်းမာ ကြ့ံခိုင်ရေး၊ ၀ိရိယ ရှိရေး၊ စည်းကမ်းလိုက်နာရေး ၊ စည်းလုံးညီညွတ်ရေး အတွက် ပြုလုပ်ခြင်းဖြစ် ပြီး ရဲဘော်သစ် တွေ အနေဖြင့် အပတ်တကုတ် ကြိုးပမ်းကြဘို့ လို အပ်ကြောင်း မှာကြားခဲ့သည်။
ထို့အပြင် ဘိုးဘွားစဉ်ဆက် ချင်းမျိုးချစ်တွေအနေနဲ့ ဗြိတိသျှတို့ကို  သူ့ကျွန် မခံလိုမှု၊ မျိုးချစ်စိတ်ဓါတ်ပြင်း ထန်မှု တို့ကို  အခြေ ခံပြီး စည်းလုံး ညီညွတ်မှု အားနဲ့ တော်လှန်တိုက်ခိုက်ကြကြောင်း အဲဒါကို ရဲဘော်တွေ အတုယူသင့်ကြောင်း သမိုင်းအ ထောက်အထားများနဲ့အတူ ဆက်လက် မှာ ကြားသည်။
ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ ခုနှစ် တွင် ကချင် ကေအိုင်အိုထံတွင် အခြေခံစစ်ပညာကို ရယူပြီး ချင်းအမျိုး သားတော်လှန်ရေး တိုက်ပွဲကို ဆင်နွဲလာခဲ့သည်မှာ ယခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ၂၅ နှစ်တင်းတင်း ပြည်တော့ မည်ဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် UNFC တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါ၀င်လျက် ရှိသည်။

http://burmese.bnionline.net/index.php/news/khonumthung/12696-cnf--cna--.html

January 1, 2013

CNF မှ ချင်းပြည်သူများထံ နှစ်သစ် သဝဏ်လွှာ ပေးပို့

ချင်းအမျိုးသားတပ်ဦးက ချင်းပြည်သူများအား ၂၀၁၃ ခုနှစ် နှစ်သစ်မှာ ပျော်ရွှင်မှု၊ ၀မ်းမြောက်မှု၊ ငြိမ်သက် မှုများနဲ့  စိတ်သစ် လူသစ်၊ အားမာန် အပြည့််ဖြင့် နှစ်သစ်မင်္ဂလာအခါကို ဆင်နွဲနိုင်ကြ ပါစေကြောင်း နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ လိုက်သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့သည် ချင်းအမျိုးသားတပ်ဦးထူထောင်သည့် ၂၅ နှစ် တင်းတင်းပြည့် တော့မည့် ကာလတွင် ချင်းအမျိုးသားတပ်ဦး၏ ၂၅ နှစ်တာ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုသည် ချင်းပြည်သူ များ၏ ကြိုး ပမ်းအား ထုတ်မှု၊ နိုင်ငံရေးအရ ပေါင်းစည်းမှု၊ အင်အားစုစည်းမှု တို့ကြောင့် ပြည်သူ့တော်လှန်ရေး လှုပ်ရှားမှု အသွင်သို့ ရောက်ရှိနေပြီကြောင်း ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ၂၀၁၂ ခုနှစ် ဇန္နဝါရီလမှ စပြီး ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင့် ငြိမ်း ချမ်းရေး ရယူပြီးချိန်မှ စပြီး ထာဝရငြိမ်းချမ်းရေးဖြစ် တည်လာဖို့   ချင်းပြည်သူများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေခဲ့သည်။
သဝဏ်လွှာတွင် ချင်းအမျိုးသားများ၊ ချင်းပြည် သူများ၊နိုင်ငံရေးပါတီများ၊ လူထုအဓိက အခြေပြု အဖွဲ့ အစည်းများ၊ ဘာသာရေး အသင်းအဖွဲ့များ၏ အမျိုးသားရေးဆိုင်ရာ စုစည်းမှုကို ကြောက်ရွံ့ နေကြ သူများ၊ ရန်သူ့ဖက်တော်သားများနှင့် ကိုယ်ကျိုးရှာအဖျက်သမားများ၏ ရန်အား သတိဝိရိယဖြင့် ရင် ဆိုင်ဖော်ထုတ်ပြီး တိုက်ထုတ် သွားကြရန် နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး ကို နှောင့်ယှက်ဟန့် တား နေသူများအား ဖော်ထုတ်ပြီး စည်းလုံးမှု ကို အမိအရ တည်ဆောက် သွားကြရန် ဆက်လက် တိုက် တွန်းထားသည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်သူများ၊ အစိုးရမဟုတ်သောပြည် တွင်း၊ပြည်ပအဖွဲ့ အစည်းများ၊ ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်ထောင်စုအစိုးရတို့နှင့်အ တူအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်များကို စတင်အကောင်အထည်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ရှိချင်းအမျိုးသားများနှင့် ချင်းပြည်သူများ အနေဖြင့်မိမိတို့ကျွှမ်းကျင်ရာ ကဏ္ဍ အလိုက် တက်တက် ကြွကြွ ပါဝင်ရန်လို အပ်ကြောင်း ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ယခုနှစ် နွေဦးတွင် အပစ်အခပ်ရပ်စဲရေးဆိုင်ရာနှင့် ရှေ့လုပ်ငန်း စဉ်များ အတွက် ချင်းပြည်သူများထံ တွေ့ဆုံဆွေးနွေးပြီး အကြံအဉာဏ် ရယူမှုများ ပြုလုပ်သွားကြမည်ဟု ထပ်မံသိရသည်။

http://khonumthungburmese.org/?p=1064

December 21, 2012

ချင်းပြည်နယ်အစိုးရနဲ့ CNF အဖွဲ့ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး



ပြည်ထောင်စု အစိုးရနှင့် ဒုတိယ အဆင့်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားပြီးသော ချင်းအမျိုး သား တပ်ဦးနှင့် ချင်းပြည်နယ် အစိုးရတို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမဆုံးအကြိမ်လုပ်ငန်းညှိနှိုင်း ဆွေးနွေးကြသည်။

အစည်းအဝေးကို ချင်းပြည်နယ် ဟားခါးမြို့လွှတ်တော်ခန်းမတွင် ပြုလုပ်ကြခြင်းဖြစ်ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် အပါအဝင်၊၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်တရားသူကြီးအဖွဲ့များ၊ CNF အဓိပတိကောင်စီ ဥက္ကဌ အပါအဝင် စီအဲန်အက်ဖ် ခေါင်းဆောင်များ စုစုပေါင်း ၄၀ ခန့် တက်ရောက်ကြသည်။
အဓိက အစိုးရနှင့် စီအဲန်အက်ဖ် အကြား ငြိမ်းချမ်းရေး သဘောတူညီထားသည့် အချက်များတွင် ပြည်နယ် အစိုးရ နှင့် ပူးတွဲအကောင်အထည်ဖော်ရမည့် လုပ်ငန်း စဉ်များကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သဘောတူညီထားသည့် အချက်များဖြစ်သည့် အပစ်အခပ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကိစ္စ၊ ချင်းလူ့ အခွင့်အရေး ကော်မရှင်ဖွဲ့စည်းရေး၊ စီးပွားရေးရုံးဖွင့် လှစ်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကိစ္စ၊ ချင်းအမျိုးသားနေ့ ကိစ္စ အပြင် ချင်းပြည် နယ် တွင် UNHCR ရုံးခွဲထားရှိရေးကိစ္စများကို ဆွေးနွေးဖလှယ်ကြကြောင်း ထပ်မံသိရသည်။
ယခုလက်ရှိ ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးက ချင်းအမျိုးသားနေ့ကို တရားဝင်သတ်မှတ်ရန် နှင့် ချင်းပြည် နယ်တွင် ချင်းအမျိုးသားအခမ်းအနား သိုကဝန်ထမ်းများလည်း လွတ်လွတ်လပ်လပ် ပါ၀င်စေရန်ဆုံးဖြတ်ထားပြီး ကြောင်း လည်း ပြောကြသည်။
CNF သည် ယနေ့ တွင် ချင်းပြည်သူလူထုနှင့် Carson Hall တွင် လူထုရှင်းလင်းပွဲပြုလုပ်ခဲ့ကြပြီး ဟားခါး ချင်းပြည် သူလူထုမှ ဖျော်ဖြေဧည့်ခံပေးခဲ့ကြသည်။

December 20, 2012

ချင်းငြိမ်းချမ်းရေးသဘောတူညီချက်သည် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအတွက် မီးမောင်း

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းနှင့် ချင်းအမျိုးသားတပ်ဦး အကြား သဘောတူညီချက်သည် အပစ်ရပ်အဖွဲ့အစည်းမျာအတွက် လတ်တလော ဘာလုပ်ဆောင်နိုင်မည်၊ မည်သည့်စိန်ခေါ်မှုများ ဆက်လက်ရှိနေသည်ကိုပြသ သည်ဟု  မြင်ရကြောင်း ဒီဇင်ဘာ ၁၆ ရက်အစည်းအဝေးတရပ်တွင် ပါဝင်သည့် ပညာရှင်တဦးကပြောသည်။
cnf-govt-peace-talks
ဒီဇင်ဘာလ ၉ ရက်နေ့က ပူဇင်ဂျုံးနှင့် ဦးအောင်မင်းတို့ ဆွေးနွေးသဘောတူပြီးနောက်ပိုင်း လက်ဆွဲနှုတ်ဆက်ကြပုံ (ဓါတ်ပုံ- မဇ္ဈိမ)

ပူဇင်ဂျုံး ဦးဆောင်သော ချင်းအမျိုးသားတပ်ဦး CNF နှင့်  ဦးအောင်မင်းဦးဆောင်သော မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင် ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယခုလ ၇ ရက်မှ  ၉ ရက်နေ့အထိ  ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှ ဆွေးနွေးချက် ၃၁ အနက် သဘောတူညီချက် ၂၇ ချက်ရရှိရာ ၄ ချက်ကိုမူ မှတ်တမ်းတင်၍ဆက်လက် ဆွေးနွေးသွားမည်ဟု ပါရှိသည်။

ထိုသဘောတူညီချက်များအနက် အားလုံးနှင့်ပတ်သက်နိုင်မည့်  အဓိက ကျသော အချက်  အချို့မှာ - (၁)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်း အက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့် အုပ်ချုပ် ခဲ့သော ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့်အုပ် ချုပ်ခဲ့သော ကချင်တောင် တန်းဒေသ၊ ပြည်ထောင်စု ရှမ်းပြည်အက် ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်ခဲ့သော ပြည်ထောင်စုရှမ်းပြည် နှင့် (The Government of Burma Act, 1935) အရ အုပ်ချုပ်ခဲ့သော နယ်မြေများကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့် ပြည်ထောင်စုဖြစ်ပါ သည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက် ထား သည့် နိုင်ငံဖြစ်သည်နှင့် အညီ ပင်လုံညီ လာခံ ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရည်မှန်းခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရန် သဘောတူကြ ပါသည်။

ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်နေ့တွင် ချုပ်ဆိုပြီးနောက်  အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ချင်းအမျိုးသားတပ်ဦးနှင့် ပြည်သူလူထုအကြား ဆက် သွယ် ဆက်ဆံမှုအားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်းကောင်း၊ မတရားအသင်းအက် ဥပဒေအရလည်း ကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘောတူသည်။ 

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား တပ်ဖွဲ့များမှ လိုက်နာစောင့်ထိန်းအပ်သော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများအား တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စု အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေး နွေးရန် သဘောတူသည်။

ချင်းလူမျိုးများအကြား ဆက်သွယ်ရေး ပြေပြစ်ချောမွေ့စေရေးနှင့် သတင်းမီဒီယာပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် မိမိတို့ မျိုးနွယ်စု ဘာသာစကားဖြင့် ထုတ်လွှင့်မည့် Community Radio ထူထောင်ရေးအစီအစဉ်ကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသား တပ်ဦးတို့မှ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူသည်။

ဆွေးနွေးပွဲအတွင်း ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆွီးခါးက လက်မခံနိုင်သည့်အသုံးအနှုန်း  ၃ ရပ်ရှိကြောင်း၊ ၎င်းတို့မှာ ၁။ တည်ဆဲဥပဒေအရ၊ ၂။ ၂၀၀၈ အခြေခံဥပဒေအရ၊ ၃။ မူအရ အစရှိအသုံးအနှုန်းများဖြစ်ကြောင်း ပြောပါသည်။ ဤစကားရပ်များသည် သဘောတူညီချက်ကို  အကောင်အထည်ဖော်ရာ၌ အဟန့်အတားသာဖြစ်စေသည်ဟု ရှင်းလင်းပြောဆိုချက်ကို ဦးအောင်မင်း ကလက်ခံသွားကြောင်း ပြောပြပါသည်။

တဖက်မှာလည်း မြန်မာအစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ UPWC ဘက်မှ သဘောမတူနိုင်သေးဘဲ ဆက်လက်ဆွေး နွေးရမည် ဟူသည့် အချက် ၄ ချက်မှာ -  ၁။ ပြည်ထောင်စုတပ်မတော်နှင့် ပြည်နယ်လုံခြုံရေးတပ်မတော်ဖွဲ့စည်းရေး၊ ၂။ တိုင်းရင်းသား ဒေသများမှ မြန်မာစစ်တပ်များဆုတ်ခွါပေးရေး၊ ၃။ CNF တပ်များလှုပ်ရှားရန်နယ်မြေအသစ်များ သတ်မှတ်ပေးရေး၊ ၄။ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွါးနေမှုများကိုရပ်တန့်ပေးရေး အစရှိ အချက် ၄ ချက်တို့ဖြစ်သည်။

ဦးအောင်မင်း၏ရှင်းလင်းပြောဆိုချက်အရ သိရသည်မှာ စေ့စပ်ဆွေးနွေးပွဲကို အဆင့် နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သွားရန်လို ကြောင်း၊
 အစိုးရနှင့် ဆွေးနွေးရာ၌ အစိုးရဘက်မှ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း၌သာ ဆွေးနွေး၍သဘောတူညီချက်ရယူရန်။
 ၂၀၀၈ အခြေခံဥပဒေဘောင်ဘက်ကျော်လွန်၍ ဆွေးနွေးလိုပါက ပင်လုံကဲ့သို့သော် ပြည်ထောင်စု ညီလာခံတွင် တင်ပြဆွေးနွေးရန် - တို့ဖြစ်ကြောင်း။

နိုင်ငံရေး ဆွေးနွေးပွဲများကို လာမည့် ၂၀၁၃ ခုနှစ် အတွင်းကျင်းပပြုလုပ်သွားမည်ဟု အစိုးရနှင့် အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ရပ်လုံးကပြောပါသည်။

CNF ချင်းအမျိုးသားတပ်ဦးသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC တိုင်းရင်းသား များ မဟာမိတ်တပ်ဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သည်။ အစိုးရနှင့်အပစ်ရပ်ရေးဆွေး နွေးပြီးသော တိုင်းရင်းသား တပ်ဖွဲ့ ၁၃ ဖွဲ့ရှိရာ  UNFC မှ ၆ ဖွဲ့ အပြင် UNFC အဖွဲ့ဝင်မဟုတ်သော အဖွဲ့ ၇ ဖွဲ့တို့ ဖြစ်ပါသည်။

ပြည်ထောင်စုညီလာခံကြီး၌ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အရေအတွက်တူညီစွာ ပါဝင်ဆွေးနွေးနိုင်ရန် တိုင်းရင်း သားများအနေဖြင့် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ၊ လက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်အဖွဲ့များ စုပေါင်းကာ WGEC working group for ethnic coordination (တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့)  ကိုဖွဲ့စည်းကာ ပြင်ဆင်မှုများပြုလုပ်နေကြပါသည်။

http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3748-2012-12-20-09-53-08.html

December 19, 2012

ချင်းစုစည်းမှု ဖလမ်းကနေ စတင်ကြောင်း CNF ထွေချုပ်ပြော



ချင်းတွေ စည်းလုံးညီညွတ်မှု အားကို ဖလမ်းမြို့မှ စတင်သည်ဟု ချင်းအမျိုးသားတပ်ဦးအထွေထွေ အတွင်းရေးမှူးချုပ် ပူး ဇင်ကျုံးက ပြောလိုက်သည်။ အဓိပတိကောင်စီ ဥက္ကဌ ဒေါက်တာ ဇလှေထန်း ဦးဆောင်လာသည့် CNF ငြိမ်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေ ၃ နာရီခန့်တွင် ဖလမ်းမြို့သို့ ၀င်ရောက်လာပြီး မြို့နယ်ခန်းမ လူထုတွေ့ဆုံပွဲတွင် ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့တွင် ချင်းလူထု ၅၀၀၀ ခန့်တက်ရောက်သည့် ဖလမ်းညီလာခံကြီးကို ရည်ညွန်းပြီး ပြောဆိုလိုက်တာဖြစ်သည်။
“ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပေါက်ဖွားစေတဲ့ ဖေဖေါ်ဝါရီ ၂၀ ချင်းအမျိုးသားနေ့ဟာ ချင်းတမျိုးသား လုံးစည်း လုံးညီ ညွတ်မှုကို ပြသတာဖြစ်တယ်၊ ဒီဖလမ်းစိတ်ဓါတ်ကို စွဲကိုင်ပြီးချင်းအမျိုးသားနိုင်ငံရေးကို လုပ်ဆောင်ရမှာဖြစ်တယ်၊ ယနေ့ လို ငြိမ်းချမ်းရေးတံခါးပွင့်လာတဲ့ အချိန်မှာ ချင်းတမျိုးသားလုံးဟာ လက်တွဲသင့်တယ်၊ ယနေ့လိုမျိုး ဒေသခံတွေရဲ့ ကြိုဆိုမှုဟာချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ပြသတာဖြစ်တယ် ” ဟု ပြောသည်။
ဒေါက်တာဇလှေထန်းနှင့် အဖွဲ့အား ဖလမ်းမြို့ပေါ် အထင်ကရပုဂ္ဂိုလ်များ၊ အမျိုးသမီးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အစိုးရ အရာရှိကြီးများ၊ ကျောင်းသားလူငယ်စုစုပေါင်း ၁၀၀၀၀ ခန့်မှ ရိုးရာအကများ၊ ညစာစားပွဲများဖြင့် နွေးထွေးစွာကြိုဆိုကြ သည်။ ဥက္ကဌကြီး ဒေါက်တာဇလှေထန်းကလည်း ချင်းအမျိုးသားတပ်ဦးရဲ့ တော်လှန်ရေးတိုက်ပွဲဟာ ကျတော် လုပ်လာခဲ့တဲ့ တော်လှန်ရေး ရည်မှန်းချက်နဲ့ ထပ်တူ ကျလို့ ကျတော်စီအဲန်အက်ဖ်ကို ၀င်ရခြင်းဖြစ်ကြောင်း၊ စီအဲန်အက်ဖ်ဟာ ဒေသ မျိုးနွယ်စု တခု နှစ်ခု အတွက် တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်း ဒါကြောင်း အားလုံးက ပါ၀င်သင့်ကြောင်း ပြောခဲ့ သည်။
ဖလမ်းမြို့ပေါ်မှ မြို့မိမြို့ဖ ဖြစ်သူ ပူးထန်ကိမ်း တိုင်ပေးချက်အရ ဖလမ်းပြည်သူလူထုသည် ဒီမိုကရေစီအရေး ဒို့အရေး၊ စည်းလုံးညီညွတ်ရေး ဒို့အရေး၊ ဖက်ဒရေတည်ဆောက်ရေး ဒို့အရေး ဆိုပြီး သုံးကြိမ်တိုင်တိုင် ရွတ်ဆို ကြသည်။
“ ဖလမ်းလူထုရဲ့စီအဲန်အက်ဖ်ကြိုဆိုမှုဟာ အဲ့မခန်းပါပဲ” ဟု ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် အတွင်းရေးမှူးက ပြော သည်။

December 15, 2012

ချင်းပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ မြင့်တက်လာ

တွန်းဇံနှင့် တီးတိန်မြို့တို့တွင် ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်နေကြပြီး ဒေသခံများ၏ ပြောဆိုချက်များအရ ဧက ၃၅၀၀ ခန့် ရှိသည်ဟု ဆိုသည် (ဓာတ်ပုံ – Reuters)
ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသူများပြားလာပြီး လူငယ်များကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်နေကာ မူးယစ်ဆေးဝါး သုံးစွဲသူ ပမာဏ မြင့်တက်လာနေခြင်းကြောင့် ချင်းအမျိုးသားပါတီနှင့် NGO များ ပူးပေါင်း၍ ၂၀၁၃ တွင် စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တွန်းဇံနှင့် တီးတိန်မြို့တို့တွင် ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်နေကြပြီး ဒေသခံများ၏ ပြောဆိုချက်များအရ ဧက ၃၅၀၀ ခန့် ရှိကြောင်း ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲဘစ်ခ်ထောင်းက ပြောသည်။
ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြည်နယ်လွှတ်တော်တွင် ၎င်းပြဿနာ ဖြေရှင်းနိုင်ရန် ပညာရှင်များနှင့် နိုင်ငံရေး အဖွဲ့အစည်းများ ပါ၀င်သော ဘိန်းနှိမ်နင်းရေး ကော်မရှင် တခု ဖွဲ့စည်ပေးရန် အဆိုတင်သွင်းခဲ့သော်လည်း ပြည်နယ် အစိုးရအဖွဲ့က ဘိန်းနှိမ်နင်းရေးများ လုပ်ဆောင်နေကြောင်း ပြောကာ အဆိုကို ပယ်ချခဲ့သည်ဟု သိရသည်။
“အဲဒီတုန်းက ပြည်နယ်ဝန်ကြီးချုပ်က တွန်းဇံမှာ သွားပြီးတော့ ဘိန်းကို ပြည်တောင်း ၁၅၀ ကျော်လောက် သိမ်းလိုက်တယ်။ ဒီဘိန်းတွေ ကိုဘယ်နားမှာ သိမ်းထားလိုက်လဲ ကျနော်တို့တွေမသိဘူး” ဟု ဆလိုင်းကျဲဘစ်ခ်ထောင်းက ဆိုသည်။
ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းအား လက်ခံဖြေကြားပေးခဲ့ခြင်း မရှိပေ။
ဘိန်းကို အဓိက စိုက်ပျိုးနေသူများသည် မဏိပူရ်ပြည်နယ်အတွင်းမှ ခွဲထွက်ပြီး မြန်မာပြည်အတွင်း တရားမဝင် ၀င်ရောက် နေထိုင်နေကြသော ကသည်းလက်နက်ကိုင်များ ဖြစ်သောကြောင့် ပြည်နယ်အစိုးရ၏ သြဇာလွှမ်းမိုးမှု လျော့ပါးလျှက် ရှိကြောင်း၊ တရားဝင် အဖွဲ့အစည်း ဖွဲ့ကာ နှိမ်နင်းခြင်းမရှိဘဲ တခါတရံမှသာလျှင် ဘိန်းအနည်းအကျဉ်း ရောင်းသော လူများကို ဖမ်းဆီးခြင်းသာ တွေ့နေရခြင်းကြောင့် ချင်းတိုင်းရင်းသားများ အနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် ယုံကြည်ရန် ခဲယဉ်းနေကြောင်း ချင်းနိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုကြသည်။
“ဆင်းရဲမွဲတေမှုနဲ့ ဘိန်းစိုက်တာက ဘာမှမဆိုင်ဘူး။ လာသင်ပေးလို့ တတ်သွားတာဗျ။ အခု ချင်းပြည်နယ်ရဲ့ ဘိန်းစိုက်တဲ့ ရာခိုင်နှုန်းက မကြာခင်မှာပဲ ရှမ်းနဲ့ ကချင်ကို မီတော့မှာ” ဟု ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
ချင်းတိုင်းရင်းသားများ ဦးစီးပြီး ပြည်မြို့၊ ကလေးမြိုနှင့် ပလက်ဝ မြို့နယ်တို့တွင် ချင်းကျောင်းသားများနှင့် တွေ့ဆုံကာ Chin Youth Forum ကျင်းပခဲ့ကြောင်း၊ မြေပြန့်ဒေသများ၌ လူမျိုးရေးအရ ခွဲခြားဆက်ဆံ ခံရခြင်း၊ ဘာသာစကား အခက်အခဲကြောင့် စာသင်ရာတွင် ခက်ခဲခြင်း များသာ ရှိသော်လည်း၊ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသားများ အနေဖြင့် သာမန် အလုပ်များထက် ၀င်ငွေကောင်းသော ဘိန်းစိုက်ခင်းများတွင် ၀င်ရောက်လုပ်ကိုင်နေခြင်း၊ ဘိန်းစွဲနေခြင်းသည် အများစုဖြစ်နေကြောင်း Chin Youth Forum မှ တာဝန်ခံ ကိုဒေးဗစ်က ဆိုသည်။
အစိုးရ၏ တရားဝင် သန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းကျော်ရှိသော ပြည်နယ်တခုဖြစ်သော်လည်း တက္ကသိုလ် မရှိခြင်း၊တခြားဒေသများ၌ တက္ကသိုလ်တက်ရာတွင် ကုန်ကျစားရိတ် များခြင်းကြောင့် ကျောင်းဆက်တက်နိုင်သူ နည်းပါးခြင်းနှင့် ဘာသာရေး ပွဲတော်များ ကျင်းပခွင့်အား ပိတ်ပင်ခံနေရခြင်းများ ရှိသည်။
ပြည်နယ်အတွင်း၌ ပုဂ္ဂလိက လျှပ်စစ်မီးကိုသာ အဓိက သုံးစွဲနေရခြင်းကြောင့် အကြီးစား၊ အလတ်စား လုပ်ငန်း ကုမ္ပဏီများ ၀င်မလာဘဲ ဖြစ်နေရာ ပညာတတ် လူငယ်များရှိသော်လည်း တောင်ယာစိုက်ခြင်း၊ နယ်စပ်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း ဖြင့်သာ အသက်မွေး ၀မ်းကြောင်းပြုသူ များကြကြောင်း၊ ပညာမတတ်သူ အများစုမှာ ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူ များကြောင်း သိရသည်။
ထို့အပြင် တခြားသော ပြည်နယ်များကဲ့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သဘောကျနိုင်သော နေရာပတ်ဝန်းကျင်များ ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး ဒေသဖြစ်ခြင်း၊ နယ်မြေလုံခြုံမှု အားနည်းခြင်းနှင့် နယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့် အာဏာပိုင်များဘက်မှ တင်းကျပ်ထားခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းများ ၀င်ရောက်လာနိုင်ခြင်း နည်းပါးလျက် ရှိသည်။
ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွါမောင်က “အခု ချင်းပြည်နယ်မှာ ပထမဆုံး လေယာဉ်ကွင်း လုပ်ပေးဖို့ ဟားခါးမြို့နားမှာ မြေတိုင်းတာနေပါပြီ။ ဟားခါးနားမှာက ချင်းပြည်နယ်ရဲ့ နာမည်ကြီး အသဲနှလုံးပုံ ရိဒ်ရေကန်အပြင် တခြားလည်စရာ နေရာတွေလည်း ရှိနေတော့ ဒါကြီးပြီးရင် ခရီးသွားလုပ်ငန်းတွေ ပွင့်လာမယ်ထင်တယ်” ဟု ပြောသည်။
စစ်တမ်း ကောက်ယူခြင်းကို လာမည့် ၂၀၁၃ ခုနှစ် အစပိုင်းတွင် စတင်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာတွင်လည်း ချပြသွားရန် ရှိကြောင်းနှင့် ဘိန်းစိုက်ရာ နေရာအနီးတွင်ရှိသော လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)နှင့်လည်း အစိုးရတို့ မကြာသေးမီက ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေး ထားခြင်းကြောင့် ၎င်းတို့ထံမှ အကူအညီများလည်း ရရန်ရှိကြောင်း သိရသည်။
ချင်းအမျိုးသားပါတီ၏ လူမျိုးစု စစ်တမ်းအရ မြန်မာတနိုင်ငံလုံးတွင် ချင်းတိုင်းရင်းသား ၁၂ သိန်းခန့်ရှိရာမှ ယခုအခါတွင် ၈ သိန်းဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိရသည်။

http://burma.irrawaddy.org/archives/28158

December 12, 2012

CNF ၏ ငြိမ်းချမ်းရေး သဘောတူညီချက် ရှင်းလင်းပွဲ ချင်းလူထု ၅၀၀ ခန့် တက်ရောက်


CNF ၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှင်းလင်းပွဲသို့ ရန်ကုန်ရှိ ချင်း နိုင်ငံရေး ပါတီများ၊ ဘာသာ ရေးအဖွဲ့ အစည်းများ၊ မိဘပြည်သူများ ၅၀၀ ခန့်တက် ရောက်ခဲ့ ကြသည်။
ရှင်းလင်းပွဲကို ၁၁ ဒီဇင်ဘာ ၂၀၁၂ တွင် ရန်ကုန်မြို့ Myanmar Institute Theological Hall တွင် ညနေ ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်ကြသည်။
ရှင်းလင်းပွဲ အဖွင့် အမှာစကားကို အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ၄င်း၊  ဒီမိုကရေစီ ရေးရာ ဆိုင်ရာကို အဓိပတိ ကောင်စီဝင် ဆလိုင်းကစ်ခိုလျန်က ၄င်း ၂၇ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အဓိပတိကောင်စိ၀င် ပူး သော မတ်စ်ထန်နိုးတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။
“ ချင်းအမျိုးသားတွေရဲ့အားထုတ်မှုနဲ့ ပြည်ထောင်စုအစိုးရ၊ ၂၀၁၀ နိုင်ငံရေးပါတီများရဲ့ ကြိုးပမ်း မှုကြောင့် သာ ယခုလို တွေ့ ဆုံနိုင်တာဖြစ်ကြောင်း CNF အနေနဲ့  အစိုးရနဲ့ တွေ့ဆုံဆွေးနွေး တဲ့နေရာမှာ မိမိတို့ ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် သုံးရပ်၊ UNFC ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၆) ချက်ကို လက်ကိုင်ပြုပြီး ဆွေးနွေးနေ တာဖြစ်ကြောင်း  ပူး ဇင်ကျုံးက ပြောသည်။
ချင်းအမျိုးသားနေ့၊ ချင်းပြည်နယ်နေ့နဲ့ပါတ်သက်ပြီး အစိုးရနဲ့ သဘောတူထားမှုအပေါ် အထူး ၀မ်းမြောက် ၀မ်း သာဖြစ် ကြောင်း အလားတူစွာ ချင်းယဉ်ကျေးမှုရိုးရာပွဲတော်ြဖစ်သည့် ခွါဒိုပွဲ ကိစ္စကိုလည်း အစိုးရနဲ့ ဆွေးနွေး ပွဲမှာ ထည့်သွင်း ဆွေးနွေးဖို့လည်း Chin Progressive Party အတွင်းရေးမှူး Pu Daithung က တင်ပြသွားသည်။
ထို့အပြင် CNF ငြိမ်းအဖွဲ့သည်  88 Generation Student မှ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ကို ဂျင်မီတို့ နဲ့ တွေ့ဆုံ ခဲ့ကြ သည်။
“အဓိက တန်းတူရေး၊ ပြည်ထောင်စုအရေးမှာ နှစ်ဖက်သဘောထားဆန္ဒတူညီကြပါတယ်၊ လက်ရှိ နိုင်ငံရေး ဖြစ်စဉ် ကို ပြည် သူလူထု တရပ်လုံး ချပြဖို့ တာဝန်ရှိကြောင်း လည်း ဆွေးနွေးကြပါတယ်၊  88 အဖွဲ့အနေ ဖြင့် ချင်းတောင်ကို တက်လာဖို့ ပြင်ဆင်ထား တဲ့ အပေါ် လှိုက်လှိုက်လှဲလှဲကြို ဆိုပါတယ် ”  ဟု အထွေထွေ အတွင်းရေးမှူးချုပ် ပူး ပေါလ်ဆီထာ က ပြော သည်။
88 Generation Student သည် ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် နှစ်နှစ် ပြည့်တော့မည်ဖြစ် သည်၊ အဓိကအားဖြင့်  Peace and Open Society ကို အဓိက လုပ်ဆောင် အကောင်အ ထည်ဖော်နေ ကြသည်။
ထို့အပြင် ယနေ့ ငြိမ်းအဖွဲ့သည် ယနေ့တွင် UNLD ခေါင်းဆောင်များ၊ ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မီတီ နှင့် နို်င်ငံ တကာ သံရုံးများနှင့် တွေ့ဆုံကြကြောင်း  သိရသည်။

http://khonumthungburmese.org/?p=1036

December 11, 2012

CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ

CNF ငြိမး်ချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်တွင်း တို်င်းရင်းသားနိုင်ငံရေးပါတီေခါင်းဆောင်များ သည် ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယမန်နေ့ က တွေ့ ဆုံဆွေးနွေးခဲ့ကြသည်။
နံနက်ပိုင်း တွင် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ချင်းတိုးတက်ရေးပါတီ ( CPP) ချင်းအမျိုးသား ပါတီ (CNP) နှင့် အရှိူချင်းအမျိုးသားပါတီ (ACNP) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ညနေ ပိုင်းတွင် ချင်းအမျိုးသားပါတီ၊ Shan National Democratic Party, All Mon Democratic Party,  ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ  (PSDP) , Rakhine Nationalities Progressive Party ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ကြပြန်သည်။
ဆွေးနွေးပွဲတွင် CNF နဲ့ အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စု သဘောတူညီချက်နှင့် UNFC ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် (၆) ချက် အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
CNF အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ယခုလို တွေ့ဆုံတာဟာ အနာဂါတ် ချင်းလူ မျိုးများ စည်းလုံးညီညွတ်မှုကို  အထောက်အကူပြုမှာဖြစ်ကြောင်းနဲ့ အရှိုချင်းအမျိုးသားပါတီ ထူထောင်တဲ့ အပေါ် ၀မ်းမြောက်ကြောင်း ပြောသည်။
အရှိူချင်း အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦး အောင်မင်းလှိုင် ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိတို့ဟာ မြိုု့နယ် ၂၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြောင်း၊ ယခုလို ချင်းအမျိုးသားတပ်ဦးနဲ့ တွေ့ဆုံနိုင်တာကို ၀မ်းမြောက် ကြောင်း ပြောသည်။
တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ နေ့သစ်ရောက်ရှိပါပြီ၊ ခေတ်အဆက်ဆက် ဗမာတိုင်းရင်း သားတွေက မိမိတို့ တိုင်းရင်း သားတွေကို မယုံကြည်သလို မိမိတို့ကလည်း သူတို့ကို မယုံ ကြည်ကြောင်း သို့သော် ယနေ့ အစိုးရသစ် ပေါ်လာပြီး နောက်ပိုင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့နဲ့ အစိုးရအကြား အပစ်ရပ်ပြီး ယုံကြည်မှုကို တည်ဆောက် နေပြီဖြစ်သည်။
ယနေ့ကာလဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန် ဖြစ်ကြောင်း မိမိတို့ တိုင်းရင်းသား ပါတီများ၊ လက်နက် ကိုင် အဖွဲ့အစည်းအားလုံး တပေါင်းတစည်း တည်းဖြစ်နေပြီဖြစ်ေကြာင်း Shan National Democratic Party ခေါင်းဆောင် စဝ် သန်းမြင့် က ပြောသည်။
All Mon Democratic Party ခေါင်းဆောင် နိုင်လှမွန်က မြန်မာနို်င်ငံမပြိုကွဲဖို့ဆိုယင် ဖက်ဒရေ အုပ်ချုပ်ရေးစနစ် လိုအပ်ကြောင်း တန်းတူရေး လိုအပ်ကြောင်း ဆွေးနွေးပြီး ရခိုင်ခေါင်းဆောင် ကလည်း နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဗဟိုချုပ် ကိုင်မှုကို တဖြည်းဖြည်း လျှော့ချသင့်ကြောင်း ယနေ့ရခိုင်ပြည်နယ်မှာ ဘင်္ဂလီပြသာနာကြောင့် ပြည်နယ် ဖွံ့ဖြိုးရေး အတွက် တစုံတရာ လုပ်လို့မရတော့ကြောင်း ရခိုင် ဂက်စ်ရဲ့ အကျိုးအမြတ်ထဲ့ ရ၅ ရာခိုင်နှုန်းကို လွှတ်တော်မှာ တင်ပြ ထား သော်လည်း ထူးခြားမလာကြောင်း ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်ပြီး ညနေ ၄းဝဝ တွင် အစီအ စဉ်ကို အဆုံးသတ်ကြသည်။
ထို့အပြင် CNF ခေါင်းဆောင်များသည် UK နှင့် US သံအမတ်များနှင့် လည်းကောင်း၊ NLD ခေါင်းဆောင် ဦး တင်ဦး၊ ဦးဝင်းတင်၊ ဦး ၀င်းဆွေ တို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ထပ်မံသိရသည်။
“ အဓိက က တိုင်းရင်းသားတွေရဲ့ Identity ကိစ္စကို ဆွေးနွေးကြတယ်၊ ၆၂ ခုနှစ်ကတည်းက တိုင်းရင်း သားတွေ Identity မှေးမှိန်သွားကြောင်း၊ NLD အနေနဲ့ တိုင်းရင်းသားကိစ္စကို အထူးအလေးထားကြောင်း ပြောတယ်” ဟု CNF အဓိပတိ ကောင်စီဝင်  ပူး သောမတ်စ် ထန်နို်းက ပြောသည်။

http://khonumthungburmese.org/?p=1031

CNF နှင့် အစိုးရ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၀
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ Myanmar Peace Center ၌ ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ နိုင်ငံတကာ အကဲခတ်လေ့လာသူ ပုဂ္ဂိုလ်များ ရှေ့မှောက်၌ ပြုလုပ်ပြီး ချင်းအမျိုးသားတပ်ဦးဘက်မှ အဆိုပြုသည့်အချက် (၃၁)ချက်အနက်မှ (၂၇)ချက်ကို သဘောတူညီမှု ရရှိခဲ့ကာ (၄)ချက်ကို မှတ်တမ်းတင်၍ ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ တိုင်းရင်းသားလူမျိုး အားလုံးပါဝင်သော ညီလာခံကြီးတစ်ရပ် ကျင်းပရေးဆိုသည့် အချက်သုံးချက် အပေါ်၌ အခြေခံ၍ အဓိက ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့သည် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကို အန္တိမ ရည်မှန်းချက်အဖြစ် ထားရှိ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အပြင် ဒီမိုကရေစီထွန်ကားရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အာမခံချက်ပေးနိုင်သည့် အချက်များကို အခြေခံမူများအဖြစ် ထပ်လောင်း အတည်ပြုကြသည်။
ဒီဇင်ဘာ ၉ ရက်တွင် အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည့် အချက်(၂၇) ချက်တွင် ချင်းအမျိုးသားရေး ဆိုင်ရာ သဘောတူညီချက်များအဖြစ် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး၊ ချင်းပြည်နယ်နေ့ သတ်မှတ်ရေး တို့ကို ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စစ်ရေးဆိုင်ရာ ကိစ္စများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုး တိုးတက်မှု ကိစ္စရပ်များနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ကချင်ပြည်နယ် ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအစိုးရ အနေဖြင့် ကချင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးများ ရရှိရန် အလေးအနက် ထားရှိကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ ပညာရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူ များလည်း တက်ရောက် လေ့လာခဲ့ကြပြီး သဘောတူလက်မှတ် ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲ များသည် ဒီဇင်ဘာလ ၉ရက် မွန်းလွဲ ၁နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

http://www.ministryofinformation.gov.mm/index.php/reference/peace/1637-2012-12-11-04-35-32.html

December 10, 2012

ချင်းပြည်နယ်နေ့ နှင့် ချင်းအမျိုးသားနေ့ ပြန်လည်သတ်မှတ်ရေး အစိုးရ သဘောတူ

အစိုးရငြိမ်းချမ်းရေး အဖွဲ့   နှင့် CNF ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာ ရ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ - နန်းသီရိလွင်/ဧရာဝတီ)
အစိုးရငြိမ်းချမ်းရေး အဖွဲ့ နှင့် CNF ရန်ကုန်မြို့ငြိမ်းချမ်းရေး စင်တာ၌ ဒီဇင်ဘာ ရ ရက်က စတင် ဆွေးနွေးစဉ်(ဓာတ်ပုံ – နန်းသီရိလွင်/ဧရာဝတီ)
ချင်းအမျိုးသား တပ်ဦး(CNF)နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ချင်း ပြည်နယ်နေ့ နှင့် ချင်း အမျိုးသားနေ့ သတ်မှတ်ရေး တို့ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ရ ရက်နေ့မှ စ၍ ၂ ရက်ကြာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက် ချင်းပြည်နယ်နေ့ကို ချင်းအမျိုးသားနေ့ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနစ် အခြေခံ ဥပဒေအရ ချင်းဝိသေသတိုင်းကို ချင်းပြည်နယ် အဖြစ် သတ်မှတ်ခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် လည်း ကောင်း သတ်မှတ်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့ကို တရားဝင် ကျင်းပခွင့်ရဖို့၊ တရားဝင် သတ်မှတ်ဖို့က ချင်းပြည်နယ် လွှတ်တော်က ဆုံးဖြတ် အတည်ပြုရဦးမယ်။ ဒီနှစ် မကုန်ခင်မှာ ဒါတွေက ဖြစ်လာမှာပါ။ ချင်းပြည်နယ်နေ့နဲ့ ချင်းအမျိုးသားနေ့တွေဟာ ချင်းပြည်နယ်ရဲ့ အစိုးရ ရုံးပိတ်ရက်တွေ ဖြစ်လာမှာပါ”ဟု CNF လက်ထောက် အတွင်းရေးမှူးချုပ် ၂ ဒေါက်တာ ရွှေခါးက ပြောသည်။
ချင်းပြည်နယ်နေ့အဖြစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် ပြည်နယ်လွှတ်တော် တွင် အဆိုပြု တင်သွင်းမှုများ ရှိခဲ့သော်လည်း ဆွေးနွေးခွင့်မပြုခြင်း၊ အဆိုပယ်ချခံရခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ခွင့်ပြုချက် မရရှိခြင်း တို့ကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
“ဒီလ ၁၇ ရက်နေ့ ပြည်နယ် လွှတ်တော်မှာ ဒါကို အပြီးသတ် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားနေ့နဲ့ ချင်းပြည်နယ်နေ့ကို ရှင်း ရှင်းလင်းလင်း ဖော်ထုတ်ခွင့် ရတဲ့အတွက် နားလည်ပေးတဲ့ ပြည်ထောင်စု အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့်၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ မှာ ချင်းအမျိုးသားနေ့ အောင်ပွဲ ကျင်းပနိုင်အောင် ကျနော်တို့ ကြိုးစားမှာ ဖြစ်ပါတယ်”ဟု ချင်း အမျိုးသား ပါတီ ဥက္ကဌ ချင်းပြည်နယ် လွှတ်တော်အမတ် ဦးဇိုဇမ်က ပြောသည်။
ချင်းပြည်နယ်တွင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ်ဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သော ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ချင်းရေးရာ ကောင်စီမှ ဆုံးဖြတ်ခဲ့ပြီး ပထမဆုံး ချင်းအမျိုးသားနေ့ ဖြစ်သည့် ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ကန်ပက်လက်မြို့တွင် ကျင်းပခဲ့ရာ ၀န်ကြီးချုပ် ဦးနုကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
၁၉၅၁ ခုနှစ်မှစ၍ နှစ်စဉ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် ကျင်းပခဲ့ရာ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ် လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီးနောက် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့ အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
CNF နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပြည်ထောင်စုအဆင့် အကြို ဆွေးနွေးပွဲတွင် CNF ဘက်မှ ၃၁ ချက်တင်ပြ ဆွေးနွေးခဲ့ပြီး ၂၇ ချက် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့၌ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမ သဘော တူ ညီချက် ၉ ချက်ကို လည်းကောင်း၊ မေလ ရ ရက် က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဟားခါးမြို့၌ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက် ၁၅ ချက်ကို လည်းကောင်း သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ် သည်။
CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည်။

http://burma.irrawaddy.org/archives/27689

December 9, 2012

CNF နဲ့ အစိုးရအကြား သဘောတူညီချက်လက်မှတ်ရေးထိုးတော့မည်



ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး ငြိမ်းချမ်းရေး ကိုယ်စားလှယ် များအကြား အချက် ၃၀ ပါ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူ လက်မှတ်ရေးထိုးတော့မည်။

နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲကို အဆင့်သုံးဆင့်ပါ စစ်ရေးအပါအဝင် တိုက်ခိုက်ပစ်ခတ်မှုများရပ်ဆိုင်းခြင်း၊ ပြည် ထောင်စု အဆင့်  နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ များကျင်း ပခြင်း၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် ပြည်ထောင်စုညီ လာခံကြီး တရပ်ကျင်းပပြီး ပြည်ထောင်စု သဘောတူစာချုပ်တရပ်ကို ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ညီညွတ် စွာ လက်မှတ်ရေးထိုးခြင်း ဖြစ်စဉ်အောက် တွင် ဆွေးနွေး ခဲ့ကြသည်။
သဘောတူညီချက်ထဲတွင် အဓိက အားဖြင့် စီအဲန်အက်ဖ်ဖက်မှ တင်ပြသည့် ချင်းအမျိုးသားရေးဆိုင်ရာ၊ လူ့အခွင့် အရေး ဆိုင်ရာ၊ တပ်နေရာချ ထားရေး၊ ပြည်နယ် ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပါ၀င်သည်ဟု သိရသည်။
သဘောတူညီချက်တချို့မှာ – ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်ထဲတွင် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်၄င်း၊ ဇန္နဝါ ရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေး ကိစ္စ ပြည်နယ် အစိုးရ မှ ဆောင်ရွက်ရေး၊ လူ့အခွင့်အရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ပပျောက်ရေး အတွက် ချင်းလူ့ အခွင့်အရေးကော်မီတီဖွဲ့စည်း ပြီး မြန်မာနိုင်ငံလူ့အခွင့် အရေးကော် မရှင် နဲ့ လက်တွဲအကောင်အ ထည်ဖော်ရေး၊ စစ်ဖက်ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ချင်းအမျိုးသားတပ်မတော်က လွဲပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချခွင့် မပြုရေး၊ ယဉ်ကျေးမှု ဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်နိုင် ရေးအ တွက် ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်းများကို ချင်းပြည်နယ်တွင် ဖွင့်လှစ်ခွင့်ပြုရေး တို့ ဖြစ်သည်။
ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ချင်းမိဘပြည်သူ များ၊ နိုင်ငံရေး ပါတီများ၊ လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်ဟု ပြောကြသည်။
ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရ တို့သည် ယခုနှစ် ဇန္နဝါရီ တွင် ပြည်နယ်အဆင့်၊ မေလတွင် ပြည်ထောင်စု အဆင့် ၊ ယခုလ ဒီဇင်ဘာ ရ -၈ ရက်နေ့ တွင်ပြည်ထောင်စု အဆင့် ဆိုပြီး သုံးကြိမ်တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

http://khonumthungburmese.org/?p=994

ချင်းအမျိုးသားတပ်ဦး၏ ဒုတိယအဆင့်ပြည်ထောင်စုသဘောတူညီချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင်  စစ်ရေးအပါအဝင် ရန်မူတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ ပြည်ထောင်စု အဆင့် နိုင်ငံရေးတွေ့ ဆုံဆွေး နွေးပွဲများ ကျင်းပခြင်း၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံသည့်“ ပြည်ထောင်စု သဘောတူစာချုပ် ” တရပ်ကို ပြည်ထောင်စု အစိုး ရ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုံညီစွာ လက် မှတ်ရေးထိုးခြင်းတို့ကိုအခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ် (၃) ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင်လည်းကောင်း သဘော တူထားသော ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တ့ံခိုင်မြဲရေးတို့အပြင် ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် တန်းတူညီမျှရေး၊ တိုင်းရင်းသား လူမျိုး များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးတို့ကို ငြိမ်းချမ်း ရေးဖြစ်စဉ် နို်င်ငံရေးဆွေးနွေးပွဲပြုလုပ်ရာတွင် အခြေခံရမည့် အခြေခံမူဝါဒများအဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်အဖြစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားတို့ အမြတ်တနိုး တန်ဖိုးထား သည့် နေ့ ထူးနေ့မြတ်ဖြစ်သော ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရေး၊ ချင်းဝိသေသတိုင်းအား ချင်းပြည်နယ် အဖြစ် ပြောင်းလဲသတ်မှတ်သည် ဇန္နဝါရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေးတို့ကို ချင်းပြည် နယ်အစိုးရမှဆက်လက် ဆောင်ရွက်သွားရန် ပြန်လည်ဆုံးဖြတ်ခဲ့ကြသည်။
စစ်ဖက်ဆိုင်ရာ နှင့် ပါတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ်ရပ်စဲစဉ် ကာလ အတွင်း ချင်းအမျိုးသား တပ်ဦး နှင့် ပြည်သူလူထု၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ အကြားဆက်သွယ် ဆက်ဆံမှု အားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း၊ မတရားအ သင်း အက်ဥပဒေအရသော်လည်းကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘော တူခဲ့ကြသည်။
လူ့အခွင့်အရေးဆိုင်ရာ နှင့် ပါတ်သက်ပြီးချင်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု လျှော့ပါးရေးအတွက် ချင်းလူ့ အခွင့်အရေးကော်မီတီကို ဖွဲ့စည်းအကောင်အထည်ဖော်ရန်နှင့် ၄င်းတို့၏ အစီရင်ခံစာအား ချင်းပြည်နယ်အစိုးရ၊ ချင်း အမျိုးသားတပ်ဦး နှင့်“ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့် အရေးကော်မရှင် ” ထံသို့ တင်ပြရန် သဘောတူခဲ့ကြသည်။
ယဉ်ကျေးမှု၊ လူမှု ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် ချင်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတခုဖွဲ့စည်းပြီး ချင်းပြည်နယ်နှင့် ချင်းအမျိုး သားများ နေထိုင်ရာ ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်ရန် ဖြစ် သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ၊ INGO, NGO တို့နှင့် ပူးပေါင်း ဆောင် ရွက်ရန် သဘောတူခဲ့ကြသည်။
ချင်းပြည်နယ်အတွင်းအနည်းဆုံး ခေတ်မှီလေယာဉ်ကွင်းတခု တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ တွန်းဇံမြို့ နယ်မှ ပလက်ဝမြို့နယ် အထိ ပြည်ထောင်စု လမ်းမကြီး တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ မျိုးနွယ်စု ဘာသာ စကားဖြင့် ထုတ်လွှင့်မည် Community Radio Program ထူထောင်ရေးအတွက်သော်လည်းကောင်း၊ ချင်းပြည် နယ်ရှိ ကျောင်းသူကျောင်းသားများ ကွန်ပြူတာ နှင့် အင်တာနက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သော် လည်းကောင်း ၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းအကောင်အ ထည် ဖော် ဆောင် ရွက်ရန် သဘောတူညီခဲ့ကြသည်။
ချင်းလူမျိုးများ ဖွံ့ဖြိုးရေး၊ လူမှုရေး၊ ပညာရေးအထောက်အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်နယ်သားများ ခရီးသွားအဆင်ပြေချောမွေ့စေရေးအတွက်လည်းကောင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေးမြို့၊ စစ်တွေ နှင် ဆိတ်ဖြူမြို့များတွင် ချင်းပြည်နယ်ဂေဟာ ( Chin State  House) များကို ပြည်ထောင်စု အစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ပူးပေါင်းပြီး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့
ဆက်သွယ်ရန်
ဒေါက်တာရွှေခါး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ချင်းအမျိုးသား တပ်ဦး တို့၏ ဒုတိယအကြိမ် တွေ့ဆုံညှိုနှိုင်းမှုအပြီး နှစ်ဘက်လက်မှတ်ရေးထိုးသည့် သဘောတူညီချက်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် အနှစ် (၆၀) ကျော်ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းစေလျက် ရေရှည် တည်တံခိုင် မြဲသော ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ခြင်းအလို့ငှာ အောက်ပါ အဆင့်သုံးဆင့်ပါဝင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ချင်းအမျိုးသားတပ်ဦးတို့က နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ ကြပါသည်။
(က)    စစ်ရေးအပါအဝင် ရန်မူပစ်ခတ် တိုက်ခိုက််မှုများကိုရပ်ဆိုင်းခြင်း၊
(ခ)     ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကျင်းပခြင်း၊
(ဂ)     ပင်လုံစိတ်ဓါတ်ကိုအခြေခံသည့် ပြည်ထောင်စုညီလာခံကြီးတစ်ရပ်ကျင်းပ၍  “ပြည်ထောင်စု
သဘောတူစာချုပ်” တစ်ရပ်ကို ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်စွာ
လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆောင်ရွက်ခြင်း။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင် ဟားခါးမြို့၌ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့အကြား အချက် (၉)ချက် ပါဝင်သော  အပစ်အ ခတ် ရပ်စဲရေးသဘောတူညီချက်ကို လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင် ဟားခါးမြို့၌  ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေးဆွေးနွေးရေး အဖွဲ့ကိုယ်စားလှယ်များနှင့်  ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင် များ၊ ပြည်ထောင် စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို အသိသက်သေအဖြစ် ပါဝင်စေလျက် အချက်(၁၅) ချက်ပါ ပြည်ထောင်စုအဆင့် သဘောတူညီချက်များကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါသည်။ ယင်းသဘောတူညီချက်များအား ပြည်ထောင်စုငြိ်မ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ချင်းအ မျိူးသားတပ်ဦး ငြိ်မ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့မှ ထပ်လောင်း အတည်ပြုပါသည်။
၂၀၁၂ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဝင်များ နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ချုပ်ဆိုထား သည့် သဘောတူညီချက် အပိုဒ်(၄)တွင် ပါရှိသည့် “နိုင်ငံရေး တွေ့ဆုံဆွေနွေးရာတွင် အခြေခံရမည့်မူဝါဒ” များဖြစ်ကြသော ဒို့တာဝန်အရေးသုံး ပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ ခိုင်မြဲရေး တို့အပြင် ဒီမိုကရေစီ ထွန်းကားရေး၊ ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားလူမျိုးများအရေး တို့ဖြစ်သည့် ပင်လုံစိတ်ဓါတ်ကိုအခြေခံသော တန်းတူညီမျှရေးနှင့် တိုင်းရင်း သားလူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးတို့ကို ဤသဘောတူညီ ချက်ပါ ငြိမ်း ချမ်းရေးဖြစ်စဉ် ဒုတိယအဆင့်နှင့် တတိယအဆင့်များတွင် အခြေခံရမည့် “အခြေခံမူဝါဒ” များ အဖြစ် ထပ်လောင်း အတည်ပြုပါသည်။
လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား၍ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တ့ံ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဤသဘောတူညီချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ချင်းအမျိုးသား တပ်ဦးငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့သည် ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့၊ ချင်းငြိမ်း ချမ်းရေးအ ကျိုးတော်ဆောင်အဖွဲ့နှင့် လေ့လာသူများရှေ့၌ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဤသဘောတူညီချက်များကို လက်မှတ်ရေးထိုးကြပါသည်။
ချင်းအမျိုးသားရေးဆိုင်ရာသဘောတူညီချက်
(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် ၁၈၉၆ ခုနှစ်၊ ချင်းတောင်တန်း အက်ဥပဒေ (The Chin Hills Regulation, 1896) ဖြင့် အုပ်ချုပ် ခဲ့သော ချင်းတောင်တန်းဒေသ၊ ကချင်တောင်တန်းဒေသဥပဒေ (The Kachin Hill Tribes Regulation) ဖြင့်အုပ်ချုပ်ခဲ့သော ကချင်တောင် တန်းဒေသ၊ ပြည်ထောင်စု ရှမ်းပြည်အက် ဥပဒေ (Federated Shan States) ဖြင့် အုပ်ချုပ်ခဲ့သော ပြည်ထောင်စုရှမ်းပြည် နှင့် (The Government of Burma Act, 1935) အရ အုပ်ချုပ်ခဲ့သော နယ်မြေများကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ စုပေါင်း၍ ဖွဲ့စည်းတည်ထောင်သည့် ပြည်ထောင်စုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက် ထား သည့် နိုင်ငံဖြစ်သည်နှင့် အညီ ပင်လုံညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရည်မှန်းခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးများအကြား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ရန် သဘောတူကြ ပါသည်။
(၂)     ချင်းအမျိုးသားတို့၏ အမြတ်တနိုးတန်းဖိုးထားသည့် နေ့ရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့  အဖြစ်ပြန်လည်သတ် မှတ်ရန် နှင့် ချင်းပြည်နယ်တွင် ယင်းနေ့ရက်အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်တို့ ကို ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(၃)     ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ်အဖြစ်သို့ ပြောင်းလဲသတ်မှတ်သည့် ဇန္နဝါရီလ (၃) ရက်နေ့အား ချင်းပြည်နယ်နေ့ အဖြစ်သတ်မှတ်ရေးကို ချင်းပြည်နယ်အစိုးရက ဆက်လက်ဆောင်ရွက်ရန် သဘောတူ သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊လူ့အခွင့်အရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်
(၄)     ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ကို ၂၀၁၂ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်နေ့တွင် ချုပ်ဆိုပြီးနောက်  အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း ချင်းအမျိုးသားတပ်ဦးနှင့် ပြည်သူလူထုအကြား ဆက်သွယ်ဆက်ဆံမှုအားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရလည်းကောင်း၊ မတရားအသင်းအက်ဥပဒေအရလည်းကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘောတူသည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်မှုများသည့် အခြားပြဌာန်းထားသည့်ဥပဒေများ နှင့် ပြစ်မှုဆိုင်ရာဥပဒေများကို ဖောက်ဖျက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(၅)     ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်း၍ လွတ်လပ်သော ချင်းလူ့အခွင့်အရေး ကော်မတီကို ဖွဲ့စည်းရန် သဘောတူသည်။ ယင်းကော်မတီသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့သို့ အစီရင်ခံစာတင်သွင်းရမည်။ ယင်းသို့ အစီရင်ခံ တင်ပြရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများ၊ နိုင်ငံတကာလူသား ချင်းစာနာမှုဥပဒေများကို အခြေခံတင်ပြရန် ဖြစ်သည်။
(၆)     ချင်းပြည်နယ်အတွင်းရှိဖွံ့ဖြိုးရေးစီမံကိန်းများနှင့်စပ်လျဉ်း၍ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက် မှုများအပေါ် လေ့လာမှုများ ပြုလုပ် သွားမည်။ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား လေ့လာနိုင်ရေးအတွက် အကျိုးသက်ရောက်မှုလေ့လာရေးကော်မတီ တစ်ရပ် ကို လွတ်လပ်သော ကျွမ်းကျင်သူ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်သဘောတူသည်။ ချင်းပြည်နယ်အတွင်း မြေပေါ်၊ မြေအောက် သယံဇာတ ထုတ်လုပ် ရာ တွင် ဒေသခံပြည်သူလူထု၏ ဆန္ဒကို ဦးစားပေး ထည့်သွင်း စဉ်းစားမည့် (Free Prior Informed Consent) လုပ်ထုံးလုပ်နည်းကို ဆောင်ရွက်ရန် သဘောတူသည်။
စစ်ဘက်ဆိုင်ရာသဘောတူညီချက်
(၇)     မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များမှ လိုက်နာစောင့်ထိန်းအပ်သော စစ်ဖက်ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများအား တိုင်းရင်းသားပေါင်းစုံ ပြည်ထောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းဆွေး နွေးရန် သဘောတူသည်။
(၈) (က) ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ဗန်ဇန်ကျေးရွာအုပ်စု၊ လုံဒိမ်းကျေးရွာအုပ်စု၊   ဘဲလ်ဟာရ်ကျေးရွာအုပ်စု၊ လုံလ်ပီးလုံကျေးရွာအုပ်စု နှင့် တီးတိန်မြို့နယ်ရှိ ဒမ်ပီးကျေးရွာ အုပ်စုတို့တွင် ချင်းအမျိုးသား တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးတပ်ဖွဲ့ဝင်များအား အခြေချနေထိုင်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တစ်လအတွင်းစာဖြင့် အကြောင်းပြန်ကြား ရန်သဘောတူသည်။
(ခ)     ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တင်ပြထားရှိသည့် ကျန်ကျေးရွာအုပ်စုများနှင့်စပ်လျဉ်း၍ တတိယ အကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြန်လည်ဆွေးနွေးရန် သဘောတူသည်။
(ဂ)     ချင်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ချင်း အမျိုးသားတပ်မတော်တို့သာ နေရာချထားခွင့်ပြုရန် သဘောတူသည်။
(၉)     ချင်းအမျိုးသားတပ်မတော်သားများ တပ်လှုပ်ရှားမှုပြုလုပ်ရာတွင်လည်းကောင်း၊ တပ်အပြောင်း အရွှေ့ပြုလုပ်ရာ တွင်လည်းကောင်း၊ ချင်းအမျိုး သားတပ်မတော် အခြေစိုက်နယ်မြေ အဖြစ်သတ်မှတ်ထား သော ပြင်ပနယ်မြေသို့ လက်နက်ဖြင့် ဝင်ထွက်သွား လာရာတွင် မြန်မာ့တပ်မတော်၏ အနီး စပ်ဆုံး တပ်စခန်း သို့မဟုတ် နယ်မြေခံတပ်ရင်း သို့မဟုတ် နယ်မြေခံဗျူဟာမှူး ထံအသိပေးအကြောင်းကြားရန် နှင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိမှသာ နယ်မြေ ဖြတ်သန်းခွင့် ပြုရန် သဘောတူသည်။
(၁၀)    ပြည်ထောင်စုအစိုးရ နှင့် ချင်းအမျိုးသားတပ်ဦး တို့အကြား နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများစတင် ရပ်ဆိုင်းသည့် အချိန်မှစ၍ ချင်းအမျိုးသား တပ်ဦးအား တရားဝင်နေထိုင်ခွင့်ပြုထားသည့် နယ်မြေများနှင့် ထိစပ် သည့်နေရာများတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဆိုပါက နှစ်ဖက်အကြား သဘောတူညီမှု ရယူ ဆောင်ရွက်ရန် သဘောတူသည်။
(၁၁)    ချင်းအမျိုးသားတပ်ဦး ၊ ချင်းအမျိုးသားတပ်မတော်သားများနှင့် ၎င်းတို့အခြေချသည့် သတ်မှတ် နယ်မြေများရှိ ချင်းပြည်သူလူထု၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နိုင်ငံတကာ မိသားစုနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှုများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်နှင့် အညီ တိုက်ရိုက် လက်ခံရယူခွင့် ပြုရန် သဘောတူသည်။
ဖွံ့ဖြိုးရေးဆိုင်ရာသဘောတူညီချက်
(၁၂)    ပြည်ထောင်စုအစိုးရနှင့် ချင်းပြည်နယ်အစိုးရတို့သည် ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချင်းအမျိုးသားတပ်ဦး၏ ဆောင်ရွက်မှု များကို တတ်နိုင်သ၍ အကူအညီများ ပေးသွားမည်။ ထိုသို့ဆောင်ရွက်ရာတွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ကော်မတီ သို့မဟုတ် အဖွဲ့အစည်းတစ်ခု ကို တရားဝင်ထူထောင်ပြီး၊ INGO, NGO များနှင့် ပူးပေါင်းဆောင်ရွက်ခွင့် ရှိကြောင်းသဘောတူသည်။
(၁၃)    အပိုဒ် (၁၂) အရ ဖွဲ့စည်းထားသည့်ကော်မတီ သို့မဟုတ် အဖွဲ့အစည်းအနေဖြင့့် ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အောက်ပါ အတိုင်းဆောင် ရွက်ရန်သဘောတူသည်။
(က)    ချင်းပြည်နယ်တွင် လက်တွေ့ကျပြီး ရပ်ရွာများအနေဖြင့် မိမိတို့ကိုယ်တိုင် ကမကထပြု၍ ဦးဆောင် အကောင်ထည်ဖော်သော စနစ်ကို အခြေခံ ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်များ (TORs) ကို ချင်းအမျိုးသားတပ်ဦးသည် ချင်းပြည်နယ်အစိုးရနှင့့် ညှိုနှိုင်း သတ်မှတ်၍ အကောင်ထည်ဖော်ဆောင်ရွက် ခြင်း၊
(ခ)     ယင်းကနဦး လေ့လာမှုများ ပြုလုပ်ရေးအတွက် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံ  ရှိသော နိုင်ငံတကာပညာရှင်များ ငှားရမ်းဆောင်ရွက် ပြီး လေ့လာတွေ့ရှိချက်ကို  ယင်းပညာရှင်များက ၂၀၁၃ခုနှစ်၊ ဇွန်လမတိုင်မီ ချင်းအမျိုးသားတပ်ဦး၊ ပြည်ထောင်စု အစိုးရနှင့် ချင်းပြည်နယ်အစိုးရထံ တင်ပြခြင်း၊
(ဂ)    နိုင်ငံခြားပညာရှင်များက လေ့လာစူးစမ်းမှုပြုလုပ်နိုင်ရေးအတွက် ယင်းတို့အားဝင်ထွက်ခွင့် နှင့် အလုပ်လုပ်ကိုင်ခွင့်ပြု ရန် ပြည်ထောင်စု အစိုးရ ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေး ခြင်း။
(၁၄)    ချင်းလူမျိုးများအကြား ဆက်သွယ်ရေး ပြေပြစ်ချောမွေ့စေရေးနှင့် သတင်းမီဒီယာပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်မိမိတို့ မျိုးနွယ်စု ဘာသာစကားဖြင့် ထုတ်လွှင့်မည့် Community Radio ထူထောင်ရေးအစီအစဉ်ကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသား တပ်ဦးတို့မှ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူသည်။
(၁၅)    ချင်းပြည်နယ်အတွင်း ကွန်ပျူတာ၊ အိုင်တီ ပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေး အတွက် ပြည်ထောင် စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုး သားတပ်ဦး တို့ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူသည်။
(၁၆)    ချင်းပြည်နယ်တွင် အထူးစီးပွားရေးဇုံများ ထူထောင်ရန်အတွက် ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ် အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။
(၁၇)    ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးအတွက် ချင်းပြည်နယ်အတွင်း သင့်လျော်သည့်  နေရာတွင် ခေတ်မီလေယာဉ်ကွင်း အနည်းဆုံး တစ်ခု တည်ဆောက်ရန် ပြည်ထောင်စုအစိုးရက ကွင်းဆင်း လေ့လာမှုပြုလုပ်ပြီး ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ပေးရန် သဘောတူသည်။
(၁၈)    ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက် တွန်းဇံမြို့နယ်မှ ပလက်ဝမြို့နယ်အထိ ချင်းပြည်နယ်အတွင်းရှိ မြို့များအားလုံးကို ဆက်သွယ်ပေးနိုင်သော လမ်းမကြီးဖောက်လုပ်လျက်ရှိရာ အဆင့်မီပြည်ထောင်စုလမ်းမ ကြီးအဖြစ်သို့ တည်ဆောက်ရေးကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွား ရန် သဘောတူ သည်။
(၁၉)    ချင်းပြည်သူများ၏ လူမှုဘဝတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ရေ၊ မီး အပါအဝင် စားဝတ်နေမှုဖူလုံရေး၊ ပညာရေးနှင့် ကျန်း မာရေး လုံလောက်စွာ ရရှိရေးအတွက် ပြည်ထောင်စုအစိုးရ၊ ချင်း ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း၍အမြန်ဆုံး အကောင် ထည်ဖော်ဆောင် ရွက်ရန် သဘောတူသည်။
(၂၀)    ချင်းပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံ တကာ ကမ္ဘာလှည့်ခရီးသည်များအား လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို ပြည်ထောင်စုအစိုးရက အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
လူမှုရေး နှင့် ယဉ်ကျေးမှုကိစ္စရပ်များဆိုင်ရာသဘောတူညီချက်
(၂၁)    ချင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများတွင် ချင်းတိုင်းရင်းသားစာပေများကို မူလတန်းအဆင့် သင်ကြားခြင်း၊ ဆက်လက်တိုးမြှင့် သင်ကြားခြင်း တို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရမှ ဆက်လက်တင်ပြ အကောင်ထည်ဖော်ဆောင်ရွက်ရန် သဘောတူသည်။
(၂၂)    ချင်းအမျိုးသားတို့ အမြတ်တနိုးတန်ဖိုးထားသော ယဉ်ကျေးမှုများ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များကို အချင်းချင်းဖလှယ်နိုင်ရေး နှင့် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် “ချင်းယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်းကျောင်း” အားချင်းပြည်နယ်အတွင်း သင့်လျော် သည့်နေရာများတွင် ဖွင့်လှစ်ရန် သဘောတူသည်။
(၂၃)    မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့် ရှင်သန်ပွင့်လင်းရေးကို ဦးထိပ်ထားသောအားဖြင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ သမ္မာကျမ်း စာအုပ်အပါအဝင် ဘာသာရေးဆိုင်ရာ စာအုပ်စာပေများ လွတ်လပ်စွာရေးသားပုံနိုပ်ထုတ်ဝေခွင့်၊ ခရစ်ယာန်ဘာသာအပါအဝင် အခြားဘာသာများမှ သာသနာပိုင် မြေယာများ ပိုင်ဆိုင်ခွင့်၊ ဘုရားကျောင်းများအပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ များ ဆောက် လုပ်ပိုင် ခွင့်၊ နိုင်ငံတကာဘာ သာရေးအသင်းအဖွဲ့များ နှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်၊ သာသနာ ပြုခွင့်၊ ချင်းပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်၊ လူမှုရေးနှင့် လူသာချင်း စာနာထောက်ထားသော လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ ညှိနှိုင်းဆောင်ရွက် ရန် သဘော တူသည်။
(၂၄)    အစိုးရဝန်ထမ်း ရွေးချယ်ခန့်ထားရာတွင် လည်းကောင်း၊ ရာထူးအဆင့်တိုးမြှင့်ခြင်းများတွင် လည်းကောင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် လိင်ကွဲပြားမှုကိုအခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန် သဘောတူသည်။
(၂၅)    ချင်းပြည်နယ်အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်၊ ရေဒီယို၊ အင်တာနက် နှင့် တီဗွီအစီ အစဉ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများဖွဲ့စည်းရေးကိစ္စရပ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်၊ ထုတ်လုပ်ဖြန့်ချီလုပ်ကိုင်ခွင့် လိုင်စင်များ ကို ထုတ်ပေးရန် သဘောတူသည်။
(၂၆)    ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဥပဒေနှင့်အညီ ရံပုံငွေရှာဖွေခွင့်ပြုရန် သဘောတူသည်။
(၂၇)    ချင်းပြည်နယ်ပြင်ပတွင် နေထိုင်ကြသော ချင်းလူမျိုးများဖွံ့ဖြိုးရေး၊ လူမှုရေး ပညာရေး အထောက် အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်သူများ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် လည်းကောင်း ချင်းပြည်နယ်ဂေဟာများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေး၊ စစ်တွေနှင့် ဆိတ်ဖြူမြို့များတွင် ပြည်ထောင်စုအစိုးရ ၊ ချင်းပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းကာ တဖြည်းဖြည်း တည်ဆောက်သွားရန် သဘောတူသည်။
၂၈။     အထက်ဖော်ပြပါအချက်များကို သဘောတူညီကြပါသဖြင့် အောက်တွင် လက်မှတ်ရေးထိုးကြပါ သည် -

               ပြည်ထောင်စုအဆင့်                                          ချင်းအမျိုးသားတပ်ဦး (CNF)
        ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့                              ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့

၁။       ဦးအောင်မင်း                                                                ၁။       Pu Zing Cung
ပြည်ထောင်စုဝန်ကြီး                                                                    အဖွဲ့ခေါင်းဆောင်
သမ္မတရုံးဝန်ကြီးဌာန                                                                အထွေထွေအတွင်းရေးမှူးချုပ်
ချင်းအမျိုးသားတပ်ဦး

၂။       ဦးဝင်းထွန်း                                                                  ၂။       Pu Thomas Thang Nou
ပြည်ထောင်စုဝန်ကြီး                                                                    ဒုတိယအဖွဲ့ခေါင်းဆောင်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်                                                    အဓိပတိကောင်စီဝင်
သစ်တောရေးရာဝန်ကြီးဌာန                                                       ချင်းအမျိုးသားတပ်ဦ

၃။       ဦးဟုန်းငိုင်း                                                                 ၃။       Pu Paul Sitha
ဝန်ကြီးချုပ်                                                                                             အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့                                                  အထွေထွေအတွင်းရေးမှူးချုပ်- ၁                                                                                                       ———————                                                             ချင်းအမျိုးသားတပ်ဦး

၄။       ဗိုလ်ချုပ်ဇော်ဝင်း                                                       ၄။       Dr. Sui Khar
ဒုတိယဝန်ကြီး                                                                                     အဖွဲ့ဝင်
နယ်စပ်ရေးရာဝန်ကြီးဌာန                                                        ပြောရေးဆိုခွင့်ရှိသူ
—————————                                         အထွေထွေအတွင်းရေးမှူး – ၂
————————–                                                   ချင်းအမျိုးသားတပ်ဦး

၅။       ဦးထွန်းထွန်းဦး                                                     ၅။       Salai Kipp Kho Lian
ဒုတိယရှေ့နေချုပ်                                                                                  အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်ရုံး                                                    ၂၀၁၄ – အလှည့်ကျဥက္ကဌ
—————————–                                                     ချင်းအမျိုးသားတပ်ဦး
၆။       ဗိုလ်မှူးကြီး ကျော်စိုးဝင်း                                  ၆။       Pu H.C Ral Hnin
ကာကွယ်ရေးဦးစီးချုပ်ရုံး                                                               အဖွဲ့ဝင်
——————————                                             အဓိပတိကောင်စီဝင်
——————————                                            ချင်းအမျိုးသားတပ်ဦး

၇။       ဗိုလ်မှူးကြီး ဇော်မင်းဦး                                       ရ။       Pu Thang Yen
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး                                                    အဖွဲ့ဝင်
ချင်းပြည်နယ်အစိုးရအဖွဲ့                                                         အဓိပတိကောင်စီဝင်
—————————                                                  ချင်းအမျိုးသားတပ်ဦး

၈။       ဗိုလ်မှူးကြီး ကျော်သန့်နိုင်                                    ၈။       Colonel Solomon
တိုင်းဦးစီး (ဗိုလ်မှူးကြီး)                                                                         အဖွဲ့ဝင်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်                                 ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————-                                             ချင်းအမျိုးသားတပ်ဦး

၉။       ဦးငွန်မောင်း                                                         ၉။       Pu Thla Hei
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                                    အဖွဲ့ဝင်
ဟားခါး မဲဆန္ဒနယ်                                                       ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————-                                            ချင်းအမျိုးသားတပ်ဦး

၁၀။     ဦးပေါ်လျံလွင်                                                      ၁၀။     Pu Hau Kang
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်                                            အဖွဲ့ဝင်
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၉)                        ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
——————————–                                     ချင်းအမျိုးသားတပ်ဦး
၁၁။     Dr. Lian Hmung Sakhong
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး

၁၂။     Pu Thang Ning Kee
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး

၁၃။     Pu Zo Tum Hmung
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး

၁၄။     Pu Laramlawma
အဖွဲ့ဝင်
အဓိပတိကောင်စီဝင်
ချင်းအမျိုးသားတပ်ဦး
၁၅။     Pu Thawng Za Lian
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၆။     Pu Ngai Cia Thang
အဖွဲ့ဝင်
ဗဟိုကော်မတီဝင်
ချင်းအမျိုးသားတပ်ဦး
၁၇။     Colonel Than Htun
အဖွဲ့ဝင်
ဒုတိယစစ်ဦးစီးချုပ်
ချင်းအမျိုးသားတပ်ဦး
၁၈။     Major Sang Lian Thang
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
၁၉။     Major Kha Pawng
အဖွဲ့ဝင်
ဗျူဟာမှူး၊ ချင်းအမျိုးသားတပ်မတော်
အသိသက်သေများ
၁။       ဦးခင်မောင်ဆွေ                                                                                    ၁။       Rev. Dr. Lal Uk
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအင်အားစု
၂။       ဦးမျိုးညွန့်                                                                                             ၂။       Rev. Tluang Ceu
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၃။       ဦးရှိန်းထွန်း                                                                                         ၃။       Rev. Ngun Thawng Mang
အထွေထွေအတွင်ရေးမှူး (၂)/ပြောရေးဆိုခွင့်ပုဂ္ဂိုလ်
ချင်းတိုးတက်ရေးပါတီ
၄။       ဆလိုင်းငယ်ပီး
အတွင်းရေးမှူး
ချင်းအမျိုးသားပါတီ

 http://khonumthungburmese.org/?p=1023

December 8, 2012

အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးတို့ရဲ့ ဒုတိယနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသား တပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် ဒုတိယနေ့ ဆွေးနွေးပွဲကို စနေနေ့က ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ ဆက်လက် ကျင်းပခဲ့ကြပါတယ်။
Photo: RFA/Nay Myo Tun
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ရဲ့ ပြည်ထောင်စုအဆင့် အကြိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ရ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပခဲ့စဉ်
၂ဝ၁၅ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါ အခက်အခဲတွေရှိနိုင်တာကြောင့် အခုလက်ရှိအစိုးရလက်ထက်မှာပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးဆုံးအောင် ဖော်ဆောင်သွားချင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က တက်ရောက်သတင်းယူတဲ့ မီဒီယာတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၁ ချက်ထဲက တဝက်လောက်ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး  မနက်ဖြန် ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ရ ရက်နဲ့ ၈  ရက် နှစ်ရက်ဆွေးနွေးမယ်လို့ စီစဉ်ထားပေမဲ့၊ ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေဟာ နယ်မြေခွဲခြားရေးကိစ္စတွေ စစ်ရေးကိစ္စတွေ ပါဝင်နေတဲ့အတွက် မပြီးပြတ်သေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

http://www.rfa.org/burmese/news/mmgov-chin-peace-talk-12082012100704.html

ချင်းအမျိုးသားတပ်ဦး အစိုးရနဲ့တွေ့

ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ်တွေ ရန်ကုန်မှာ အစိုးရ ဖွင့်ထားတဲ့ ငြိမ်းချမ်းရေး စင်တာမှာ သောကြာနေ့က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြ ပါတယ်။
ချင်းအမျိုးတပ်ဦး CNF နဲ့ အစိုးရတို့ စနေနေ့မှာ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယအကြိမ် လုပ်ဖို့ အကြို ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
အလွတ်သဘော ဆွေးနွေးပွဲမှာတော့ CNF ဖက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ဘယ်လိုပုံနဲ့ တွေ့ဆုံဆွေးနွေး ကြမလဲ၊ နောက်ပြီး တပ်မတော် တခုတည်းရှိရမယ် ဆိုတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ် လို့ CNF အတွင်းရေးမှူး ဒေါက်တာ ရွှေခါးက ပြောပါတယ်။
နောက်ပြီး ချင်းအမျိုးသားရေး ကိစ္စနဲ့ CNF အတွက် လှုပ်ရှားမယ့် နယ်မြေ စတဲ့ အချက်တွေကိုလည်း ဆွေးနွေးခဲ့တယ် လို့ CNF ပြောရေးဆိုခွင့်ရ ဦးရွှေခါးက ပြောပါတယ်။
CNF တင်ပြတဲ့ ၅ ချက်ထဲက စစ်ရေးဆိုင်ရာ ကိစ္စ၊ နယ်မြေ သတ်မှတ်မှုကိစ္စ တွေက လွဲပြီး ကျန်တဲ့အချက်တွေကို အစိုးရဘက်က အလွယ်တကူ သဘောတူ လိုက်လျော နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ဦးရွှေခါးက ဆိုပါတယ်။
ဒီဆွေးနွေးပွဲကိုတက်ရောက်တဲ့ CNF အဖွဲ့၀င်တွေကို အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး (Pu Zing Cung) က ဦးဆောင်ပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေကို အရေးပေါ် ကူညီထောက်ပံ့နေတဲ့ ဂျပန်နိုင်ငံက နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei Sasakawa တို့အဖွဲ့နဲ့ အမေရိကန် သံရုံး ကိုယ်စားလှယ် တွေလည်း လေ့လာသူတွေ အနေနဲ့ ပါဝင်ခဲ့ပါတယ်။
CNF ဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေစိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ အစိုးရနဲ့ သူတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တခါ၊ မေလမှာ တခါ ၂ ခါ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။
မနက်ဖြန် လုပ်မယ့် ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးရင် ရန်ကုန်က ချင်းလူထု အခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသား လူငယ်တွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

http://www.bbc.co.uk/burmese/burma/2012/12/121207_cnfpeacergn.shtml
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India