April 23, 2013

CNF က ချင်းပြည် တပြည်လုံးအတိုင်း အတာဖြင့် လူထုတွေ ့ဆုံဆွေးနွေးပွဲ လုပ်ငန်း စတင်



ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် တပြည်လုံး အတိုင်း အတာဖြင့် လူထုတွေ ့ ဆုံးဆွေးပွဲ လုပ်ငန်းကို ယခုလမှစတင် အကောင် အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရ သည်။
ယင်းလူထုတွေ ့ဆုံပွဲကို ချင်းပြည်နယ် မြောက် ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း စသဖြင့် သက် ဆိုင်ရာ CNF လိုင်စင်ရုံးတာဝန်ခံ များက ဦးစီးပြီး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယမန်နေ ့ CNF ၏သတင်းနှင့်ပြန်ကြားရေးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းဖြစ်သည့် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့ နယ်၊ ရေဇွာနှင့် ဆမီးမြို ့နယ်ခွဲရှိ လူထုများကို မတူပီမြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ခံ များမှဦးစီးပြီး လူထုတွေ ့ ဆုံဆွေးနွေးပွဲပြုလုပ်ရန်နှင့်ချင်းပြည်နယ် အလယ်ပိုင်းဖြစ် သည့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို ့ နယ်ရှိ လူထုများကို ထန်တလန် မြို ့CNF လိုင်စင်ရုံး တာဝန်ခံများက ဦးစီးပြီး လုပ်ငန်းအကောင် အထည်ဖေါ် သွား ရန် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထို ့အပြင် ချင်းပြည်နယ် မြောက်ပိုင်းတီးတိန်၊ တွီးဇန်မြို ့နယ်နှင့်ကျီခါးမြို ့နယ်ခွဲဒေသများကို တီးတိန်မြို ့ရှိ CNF လိုင်စင်ရုံး တာဝန်ရှိ သူများက ဦးဆောင်ကာ လုပ်ငန်းအကောင်အထည်ဖေါ် သွားရန်ဖြစ်ကြောင်း သိရသည်။
ထိုသို ့လူထု တွေ ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို ့ အပစ် အခတ်ရပ်ဆဲရေး သဘောတူညီချက်တွင် အခြေခံရမည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့နှင့် ပတ်သက် သည့် အချက် များအပေါ် ပြည်သူလူထု၏ ဆန္ဒသဘောထားများ ရယူသွားမည်ဖြစ်သည် ဟုသိရ သည်။
ထို ့အပြင် ပြည်သူလူထုအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် ရေး လုပ်ငန်းစဉ်တွင် တက်ကြွစွာ ပါ၀င်စေရန်နှင့် ချင်းပြည်သူလူထုမှ ပြည်ထောင်စု တည်ဆောက် ရေးနှင့် ပတ်သက်၍ ဆန္ဒအမှန်ဖေါ်ထုတ်လာစေရန် ဖြစ်ကြောင်း သိရ သည်။
ယင်းလုပ်ငန်းကို ချင်းအမျိုးသားတပ်ဦးနှင့် ပြည်ထောင်စုအစိုးရအကြား (၃)ကြိမ်တိုင်တိုင်် အပစ် အခတ်ရပ်ဆဲရေးနှင့် ပြည်ထောင်စု ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်တွင် ချင်းလူထုများနှင့် လွတ်လပ်စွာ တွေ ့ ဆုံဆွေးနွေး ပွဲများပြုလုပ်ရန် သဘောတူခဲ့သည့်အတိုင်း ချင်းအမျိုးသားတပ်ဦးက စတင်အကောင် အထည်ဖေါ်ခြင်း ဖြစ်ကြောင်း သိရ သည်။
ချင်းအမျိုးသားတပ်ဦးသည် ဖက်ဒရယ်စနစ်ထူထောင်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်း ကား ရေးနှင့် ချင်းလူထုများ ကိုယ့်ကြမ္မာကိုယ် ဖန်းတီးပိုင်ခွင့်ရရှိရေးတို ့အတွက် ၁၉၈၈ခုနှစ် မတ်လ (၂၀) တွင် ဖွဲ ့စည်းထူထောင်ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India