Showing posts with label ကချင်တွေ့ဆုံဆွေးနွေးမှု. Show all posts
Showing posts with label ကချင်တွေ့ဆုံဆွေးနွေးမှု. Show all posts

April 30, 2013

မြစ်ကြီးနား၌ တွေ့ဆုံရန် အစိုးရ ကမ်းလှမ်းခြင်းသည် မရေရာ သေးဟု KIO ကဆို

KiA ရှေ့တန်းတနေရာမှ တပ်သားများ KiA ရှေ့တန်းတနေရာမှ တပ်သားများ (ဓါတ်ပုံ KIA)
အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည်  လာမည့် မေလ ဆန်းပိုင်းတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO  နှင့် ကချင်ပြည် နယ် မြစ်ကြီးနား မြို့တွေ့ဆုံရန် ကမ်းလှမ်း ထားသည်ဟု ထွက်ပေါ်နေသော သတင်းများသည် မသေချာ မရေရာ သေးကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။
“ဦးအောင်မင်းတို့ ကဘဲ ကျနော်တို့ KIO ကို အရမ်း တွေ့ချင် နေသလိုလို ပြောပြီး ကျနော်တို့ KIO ကဘဲ မတွေ့ချင် သလိုလို်၊ တနည်း ပြောရရင် KIO ကဘဲ ငြိမ်းချမ်းရေး မလိုချင်သလိုလို သဘောမျိုး နဲ့ ကမ္ဘာကို ကြေငြာချင်နေတာ၊ ပြောချင် နေတာပါ။ ကမ်းလှမ်းမှု ရှိတယ်လို့ ကျနော်တို့ မသိရသေးဘူး၊ ဖြစ်နိုင် မနိုင်လဲ မပြောနိုင်သေးတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်”ဟု ဆိုပါ သည်။
KIO ၏ သဘောထားသည် ၁၉၉၄ ခုနှစ်က ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ အတိုင်း အစိုးရ ဘက်က လိုက်နာ ဆောင်ရွက် ပေးပါက အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်တော့မည် မ ဟုတ်ကြောင်း KIO ဘက်က ဆိုပါသည်။
ဤသို့ကြောင့် KIO အနေဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာ အစိုးရနှင့် ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်သည် ဟု တွေ့ဆုံပွဲ တိုင်းပြောကြား ထားပြီး ဖြစ်ပါသည်။
အစိုးရသည် ပြီးခဲ့သည့် မတ်လတွင် တရုတ်ပြည် ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူညီချက် (၅) ချက် ကိုလည်း အစိုးရ ဘက်မှ လိုက်နာခြင်း မရှိသောကြောင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေရကြောင်း ဂျိန်လွန်းတောင်က ထောက်ပြ ပြောဆို သွားပါသည်။
အလားတူ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် ယုံကြည်မှု နည်းပါး လာခဲ့ကြောင်း၊ ဤသို့ကြောင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန်  KIO ဘက်က ကမ်းလှမ်းလာခဲ့ ရခြင်း ဖြစ်ကြောင်း KIO အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဒေါက်တာ တူဂျာက သုံးသပ်ပြော ဆိုခဲ့ပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် (၁၃) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သည်။ KIO သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသဘော တူညီချက် အတိုင်း အစိုးရ ဖက်မှ လိုက်နာပါက အပစ်အခတ် ရပ်စဲရေးကို ထပ်မံ ဆွေးနွေးရန် မရှိတော့ကြောင်း၊  နိုင်ငံရေး အရသာ အစိုးရနှင့် ဆွေးနွေးရန်သာ ရှိတော့ကြောင်း သဘော ထားခဲ့ပါသည်။  
ဤသဘောထား ကိုလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါတိုင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲတိုင်းတွင် သက်သေ အဖြစ် အရေးကြီး နိုင်ငံများက ပါ၀င်လာရန် လိုအပ်သည်ဟု သဘောထား ခဲ့ကြောင်း ဆိုပါသည်။
ဤသဘောထား များအရ KIO သည် ပြီးခဲ့သည် ဧပြီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ ဆွေး နွေးပွဲ ရန် သဘော တူခဲ့ပါသည်။ သို့သော် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲ တွင် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အဖွဲ့ ပါဝင်ခွင့် မရ ခဲ့သောကြောင့် KIO ဘက်က ဖျက်သိမ်းခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို  တရုတ်တို့ဘက်က ကန့်ကွက် ခဲ့သည့် အတွက် ဖျက်သိမ်း လိုက်ရကြောင်း မြန်မာ သတင်းများက ဖေါ် ထုတ် ခဲ့သော်လည်း  ယင်းထောက်ပြ ချက်သည် မဟုတ်မှန်ကြောင်း ဧပြီလ ရ ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တရုတ်ဘက်က ငြင်းဆို ထားပြီး ဖြစ်ပါသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ယခု ထုတ်ပြန်ချက်သည် KIO နှင့် မေလ ဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထား သည်ဟု သတင်း ထုတ်ပြန် ခဲ့ပါသည်။ ဤသတင်းသည် လည်း KIO ဖက်မှ အတည်မပြုနိုင်သေးဟု ငြိမ်းချမ်းရေး အကျိုး ဆောင်များက ဆိုနေပါသည်။
ဤသို့ကြောင့် အစိုးရ၏ သတင်း ထုတ်ပြန်ချက်များသည် နို်င်ငံတကာ မျက်နှာစာအတွက် အမြတ်ထွက်ရန် ကြိုးစားနေခြင်းသာ ဖြစ်နိုင်ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်းတောင်က ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/264-kio.html

April 29, 2013

KIO နဲ့ အစိုးရ မေလဆန်းတွင် ပြန်တွေ့ရန် ဦးအောင်မင်း ကမ်းလှမ်း

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငနး်ကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းက
မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။

“ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့်မယ်လို့ လုပ်နေတယ်” ဟု မဇ္စိိျမကို ပြောသည်။

ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္စျိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။

ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။

သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်
ဖော်ပြခဲ့ကြသည်။

မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေဆဲ ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/11454-kio------.html

KIO နဲ့ ရှေ့သီတင်းပတ်ထဲ ဆွေးနွေးဖို့ အစိုးရကမ်းလှမ်း

KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွား
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား နောက်တကြိမ် ဆွေးနွေးပွဲတွေ ကျင်းပဖို့ နှောင့်နှေးနေချိန်မှာပဲ ၂ ဘက်တပ်တွေကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ ဒီလထဲ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားပေမဲ့ အပြီးသတ် ညှိနှိုင်းလို့ မရသေးဘဲ ဖြစ်နေရတာပါ။ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ KIO နဲ့ ဆွေးနွေးမယ့် အစီအစဉ်ကိုတော့ အစောဆုံး ရှေ့သီတင်းပတ်လောက်မှာဖြစ်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေဘက်က မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အပြီးသတ် ညှိနှိုင်းစရာတချို့ ကျန်နေဆဲဖြစ်ပေမဲ့ ရှေ့တပတ်ထဲ တွေ့ဆုံနိုင်အောင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က KIO ကို ကမ်းလှမ်းထားတယ်လို့လည်း မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

“၀န်ကြီး ဦးအောင်မင်းက ကျနော်တို့ကို peace center မှာ ရှင်းပြတာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးပွဲ ထပ်မံလုပ်ဖို့ အဆိုပြုလွှာ ပို့ထားတယ်။ KIO ဘက်ကလည်း ညှိနှိုင်းစရာတချို့ ညှိနှိုင်းပြီးရင်တော့ လာမယ့်အပတ်ထဲမှာ ဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ အလုပ်အဖွဲ့အားလုံးကို ရှင်းပြထားပါတယ်။ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့တော့ အဆိုပြုလွှာ ပို့ထားပါတယ်။”

မြန်မာအစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ KIO တာဝန်ရှိသူတွေရဲ့ သဘောထားကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ အစောပိုင်းမှာတုန်းက ဒီလထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲတွေ ကြန့်ကြာနေချိန်မှာပဲ KIO နဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာပါ။

ကချင်သတင်းစဉ်အယ်ဒီတာ ကိုနော်ဒင်းကတော့ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတာလို့ ပြောပါတယ်။

“တနင်္ဂနွေနေ့ ညနေပိုင်းကစပြီး ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း၊ မွန်းဂူးဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ စပြီးတော့ ဖြစ်လာတာကို ကျနော်တို့ တွေ့ရတယ်။ မနေ့ကညနေပိုင်းကစပြီးတော့ပေါ့။ မွန်းဂူးဒေသဆိုတာကတော့ တိုက်ပွဲမဖြစ်တာ နည်းနည်းကြာပြီနော်။ မနေ့ညနေပိုင်းကနေစပြီးမှ တကယ်ပဲ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာပြီဆိုပြီးတော့ ကျနော်တို့ သိရတယ်။”

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ပြဿနာတွေကိုတော့ မြန်မာအစိုးရနဲ့ KIO ကြား ဆွေးနွေးပွဲတိုင်းလိုလိုမှာ အဓိကထား ဆွေးနွေးနေကြရတာပါ။ KIO ကတော့ သူတို့ ထိန်းချုပ်ရာ နယ်မြေတွေမှာ မြန်မာအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားရာက တိုက်ခိုက်မှုတွေ ဖြစ်နေရတာလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို၊ ဆွေးနွေးပွဲတွေ သိသိသာသာ တိုးတက်မှု မရနိုင်ဘဲ ဖြစ်နေတဲ့အပေါ်မှာတော့ KIO က ပြီးခဲ့တဲ့အပတ်ထဲကပဲ လူထု အစည်းအဝေးပွဲတခု ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ ၂ ဘက် စစ်တပ်က အဆင့်မြင့် ပုဂ္ဂိုလ်တွေပါ ပါ၀င်ခဲ့ကြတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ တဲ့ ဆွေးနွေးပွဲအတွင်းမှာတော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အခုတကြိမ် ဆွေးနွေးပွဲမှာတော့ အရင်ကလို တရုတ်နိုင်ငံ တနိုင်ငံတည်းကသာမကပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက အကဲခတ်တွေပါ ဖိတ်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း နိုင်ငံတကာ ကိုယ်စားလှယ်တွေ သွားလာရေးနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းရဲ့ မကြာသေးခင်က ပြည်ပခရီးစဉ်တွေကြောင့်လည်း အခုနောက်ဆုံး ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားရတာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ကပြောပါတယ်။

“ကျနော်တို့ KIO အဖွဲ့အစည်းအနေနဲ့ သူတို့ တက်စေချင်တဲ့သူတချို့ပေ့ါနော် ကျနော်တို့ မြန်မာနှစ်သစ်ကူးပွဲတွေရယ်၊ နောက် ၀န်ကြီးဦးအောင်မင်းအနေနဲ့ ခရီးထွက်တာတွေရှိတော့ ဒီဟာကိုတော့ နှစ်ဘက်သဘောတူ ရွှေ့တဲ့သဘောပါပဲ။ သိပ်မကြာခင်မှာတော့ ဒီ KIO အဖွဲ့အစည်းဘက်ကလည်း သူတို့ တက်စေချင်တဲ့ လေ့လာအကဲခတ်သူတွေအတွက် ညှိနှိုင်းနေတာတွေ ရှိပါတယ်။ ကျနော်တို့လည်း ဒါကို စီစဉ်ဆောင်ရွက်နေတယ်လို့ပဲ ဒီလိုပဲ မှတ်ယူပါတယ်။ အဲ့တော့ လာမယ့်အပတ်အတွင်းမှာတော့ ဆွေးနွေးညှိနှိုင်းပွဲဖြစ်ဖို့အတွက်တော့ ညှိနှိုင်းစရာတချို့တော့ ရှိဦးမယ်ထင်ပါတယ်။”

အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းကစလို့ မြန်မာစစ်တပ်နဲ့ KIO တို့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့တာပါ။ ဒီ့အတွက်လည်း ဒေသခံထောင်သောင်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။

ပဋိပက္ခတွေဟာ ကချင်ပြည်နယ်တွင်းမှာ သာမက အိမ်နီးချင်း တရုတ်နိုင်ငံအထိ ရိုတ်ခတ်မှုတွေ ရှိလာခဲ့သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ၀ုိင်းဝန်းပြစ်တင် ဝေဖန်မှုတွေလည်း ထွက်ပေါ်လာရာက ၂ ဘက်အကြား တရားဝင် ဆွေးနွေးပွဲတွေကို စတင်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/govt-offers-to-talk-with-kio/1650946.html

အပစ်အခတ် ရပ်စဲရေးကို စစ်ဗျူဟာတခု သဖွယ် အစိုးရ အသုံးချနေ

၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကချင် KIO နှင့် အစိုးရ၏ ကိုယ်စားလှယ် တရုတ်ပြည် ရွှေလီမြို့၌ စစ်ပြေငြိမ်းရေး တွေ့ဆုံဆွေးနွေးစဉ်  ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကချင် KIO နှင့် အစိုးရ၏ ကိုယ်စားလှယ် တရုတ်ပြည် ရွှေလီမြို့၌ စစ်ပြေငြိမ်းရေး တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ - အင်တာနက်)
ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ တို့က ယမာန်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မွန်ဂူဒေသ ဂေါင်ဆွမ် ကျေးရွာအနီးရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု KIA အရာရှိ တစ်ဦးက ပြောပါသည်။
“ ကျနော်တို့ KIA တပ်မဟာ (၄)က တပ်ရင်း ၃၈ တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုင်ပွဲ ဖြစ်ခဲ့တယ်။ အစိုးရတပ်ဖွဲ့တွေက နေ့တိုင်း လိုလို တပ်အင်အားတွေ တိုးလာနေတော့ ကျနော်တို့ နယ်မြေကို အကာအကွယ်ပေးတဲ့ အနေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတာ ပါ။” ဟု ဆိုပါသည်။
 အဆိုပါ တိုက်ပွဲသည် ညနေ ၂ နာရီ မိနစ် ၂၀ တွင် အစိုးရ ခလရ ၂၄၂ တပ်ဖွဲ့တို့နှင့် ဖြစ်ပွားခဲ့ပြီ ထိခိုက်ဒဏ်ရာ ရရှိမှုများ မသိရှိရသေးပါ။
ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဧရိယာသည် အစိုးရ၏ စစ်ဆင်မှုကြောင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါ သည်။ ဧပြီလ ၂၂ ရက်နေ့လည်း  KIA ၏ အမှတ် ၁၇ တပ်ရင်း စခန်းဖြစ်သော မနောဘွမ် စခန်းတွင် အစိုးရ ခလရ ၁၂၇ တပ်ဖွဲ့နှင့် နံနက် ၅ နာရီခွဲမှ မွန်လွဲ ၁ နာရီအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
အလာတူ KIA တပ်မဟာ ၂၊ လက်အောက်ခံ အမှတ် ၁၄ တပ်ရင်း နယ်မြေတွင်လည်း ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံ ဖြစ်သည့် မေခ မလိခ မြစ်ဆုံ အနောက်ဘက၊် တနိုင်းမြို့နယ် အတွင်းရှိ KIA တပ်ဖွဲ့ နှင့် အမည်မသိရသေးသော အစိုးရတပ်ဖွဲ့တို့ ၄ နာရီခန့် ကြိုကြာ ကြိုကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ထိုနည်းတူ KIA တပ်မဟာ ၁ ၊ လက်အောက်ခံ အမှတ် ၁၀ တပ်ရင်း နှင့် အစိုးရ ခလရ ရ၄ တို့သည်လည်း ဤရက်ပိုင်းဧရာဝတီ မြစ်ဆုံ အထက်ပိုင်းရှိ  ပန်ဝါမြို့နယ် လောခေါင်ဒေသ  ချိတ်ဂျော်ရွာ အနီးတွင် ညနေ ၃ နာရီခွဲ အချိန်တွင် ပြင်း ထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။
၄င်းအပြင် ကချင်ပြည်နယ် ဗန်မော်ခရိုင်တွင်းရှိ KIA တပ်မဟာ ၃ ၊ လက်အောက်ခံ အမှတ် ၁၅ တပ်ရင်း ဒေသတွင်လည်း ပြီခဲ့သည့် ဧပြီလ ၂၃ ရက်နေ့  KIA တပ်ဖွဲ့သည် စစ်ဆင်လာသည့်  အစိုးရ ခမရ ၄၁၈ တပ်ဖွဲ့ကို  ခြုံခို တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။
ဤကဲ့သို့ KIA နှင့် အစိုးရတပ်ဖွဲ့ တို့ ရှမ်းပြည်မြောက်ပိုင်းတွင်  ဆက်တိုက် တိုက်ပွဲဖြစ်နေရခြင်းမှာ တိုင်းရင်းသား  တပ်ဖွဲ့ဝင် များအချင်းချင်း စစ်ကူမပေးနိုင်စေရန် ရည်ရွယ် တိုက်ခိုက်နေခြင်းလည်း ဖြစ်နိုင်ကြောင်း တအာင်း အမျိုးသား တပ်မတော် TNLA ပြောခွင့်ရ ဗိုလ်မှုုး တာဘုန်းကျော်က သုံးသပ်ပါသည်။
“ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မဟာ ၄၊ တပ်ရင်း ၉၊ ၁၇ ၊ ၃၈ နယ်မြေဒေသမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ တယ်။ ဒါက သူတို့က ကချင်ပြည်နယ်မှာ ရှိတဲ့  KIA ကို နောက် တကြိမ် တိုက်ခိုက်တဲ့ အခါ ကျနော်တို့ တပ်ပေါင်းစု တပ်ဖွဲ့ တွေ သွားရောက် စစ်ကူမပေးနိုင်ဖို့ ကြားခံ ပိုင်ခြား နေရာယူ တိုက်ခိုက်နေတယ် ဆိုတာ ထင်ရှာနေ တာဘဲ။” ဟု ဆိုပါ သည်။
အစိုးရ တပ်ဖွဲ့များသည် KIA အား စစ်ဆင်သည့် အချိန်အခါမျိုးတွင် KIA တပ်အား စစ်ကူမပေးနိုင်ရန် တအာင်း (ပလောင်) ၊ ရှမ်းတပ်ဖွဲ့များကို ဟန့်တားစစ်ဆင်ရေးများ ဆင်နွှဲခဲ့ပါသည်။ ထို့အတူ KIA လိုင်ဇာကို အပစ်ရပ်သည်နှင့် တအာင်း (ပလောင်) ၊ ရှမ်းတပ်ဖွဲ့များအား တိုးပြီးစစ်ဆင်လေတော့သည်။
အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည်လည်း ငြိမ်းချမ်းမှု တည်ဆောက်ရန် မဟုတ်ဘဲ စစ်ဆင်ရေး၏ နည်းဗျူဟာ တခုအရ ကျင့်သုံးဖွယ်ရာ ဖြစ်နေပါသည်။ ဤသို့ကြောင့် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး ကြွေး ကြော်သံသည် စစ်ဗျူဟာ လိုအပ်ချက်အရ ကျင့်သုံးနေခြင်းသာ ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/256-2013-04-30-03-33-07.html

April 9, 2013

ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့ ကချင်ဒေသခံတွေလိုလား


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးဖို့ တိတိကျကျ ရက်သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အပေါ်  နယ်မြေ မငြိမ်သက်မှုကြောင့် ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူလူထုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့ တောင်းဆိုနေကြပါတယ်။ မိုးရာသီ နီးလာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက်လည်း နေစရာ အခက်အခဲနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်းက တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့အရေး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးကြဖို့ ပထမဆုံးအကြိမ် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တွေ့ဆုံကြဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

အရင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေတုန်းကတော့  တရုတ်အစိုးရရဲ့ စီစဉ်မှုနဲ့ တရုတ်ပြည်နယ် ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ စီစဉ်တာကတော့ ဒါပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ဖို့ နှစ်ဘက်စလုံးက ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့အပေါ် ကချင်အရေး လှုပ်ရှားသူတွေနဲ့ ဒေသခံ ကချင်ပြည်သူလူထုက စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုကို သက်သေထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံး ဖြစ်ပေါ်စေချင်ပါတယ်လို့ ကချင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၆ ရက်နေ့ စနေနေ့မှာ ဆွေးနွေးဖို့ လုပ်ထားတာပေါ့နော်။ ဒါပေမဲ့ အဲ့ဒီနေ့ကတော့ မဆွေးနွေးဖြစ်ဘူး။ ကြားနေမယ့် သက်သေတွေ မရောက်လို့လို့ ပြောပါတယ်။ ကျမအနေနဲ့ကတော့ ဘာပဲပြောပြော KIA အနေနဲ့လည်း အရင် တပ်မတော်နဲ့တုန်းက တိုက်ခိုက်ခဲ့တုန်းကလည်း ဘယ်သူမှ ပါ၀င်ခဲ့တာမရှိဘူး။ ဘယ်နိုင်ငံကမှ ကူညီခဲ့တာ မရှိဘူး။ ကိုယ့်ဟာကိုယ်ပဲ ဆောင်ရွက်ခဲ့တယ်။ အခု တွေ့ဆုံဆွေးနွေးပွဲတွေလည်း ဘာပဲပြောပြော ပြည်သူလူထုကို သက်သေထားပြီးမှ ဆောင်ရွက်ရင် ပိုပြီးမှ ကောင်းမယ်လို့ ကျမကတော့ မြင်ပါတယ်။ တခြားနိုင်ငံတကာက လာရောက်ပြီး နားထောင်မယ်ဆိုတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ သူတို့မရောက်လို့ ကျမတို့ရဲ့ ဆွေးနွေးပွဲ မလုပ်နိုင်ဘူးဆိုတာကတော့ ပြည်သူလူထုနဲ့ ကျမတို့ ဒုက္ခသည်တွေအတွက် အင်မတန် နစ်နာပါတယ်။ ဘာလို့လဲဆိုတော့ လူထုကလည်း ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အမြန်ဆုံး ဖြစ်စေချင်ပါတယ်။ အဲ့ဒီမှာ မဖြစ်တော့ဘူးဆိုတော့ ကျမတို့အစ ပြည်သူလူထုအားလုံးက စိတ်အားလျော့သွားရှိပါတယ်။ ကျမတို့ ပြည်သူလူထုတရပ်လုံးကို သက်သေထားပြီးမှ ဆွေးနွေးစေချင်ပါတယ်။ ဒါကတော့ နှစ်ဘက်စလုံးကို တိုက်တွန်းတာပါ။”

ကချင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြတဲ့အခါ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ လုံးဝအပစ်အခတ် ရပ်ဆဲနိုင်ရေးအပါအဝင် ဒုက္ခသည်တွေအတွက် အရေးအတကြီး လိုအပ်နေတဲ့ အခက်အခဲတွေ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးအပါအဝင် မိမိတိုရဲ့ နေအိမ်တွေကို စိတ်ချလုံခြုံစွာ ပြန်ပြီးတော့ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့အတူ ပညာရေး၊ စီးပွားရေး ပြန်ပြီးတော့ လုပ်ကိုင်နိုင်ဖို့ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ အကူအညီတွေကို အဓိကဆွေးနွေးစေချင်တယ်လို့လည်း ကချင်လွှတ်တော်အမတ် ဒေါ်ဒွဲဘူ က ပြောပါတယ်။

“KIA KIO နဲ့ အစိုးရအဖွဲ့တို့ ဆွေးနွေးတဲ့အခါ အဓိကကတော့ ဒီဒုက္ခသည်ကိစ္စတွေလည်း စဉ်းစားပေးဖို့ လိုအပ်တာပေါ့နော်။ သူတို့က အခုအချိန်ထိ နေရပ်ဆီ မပြန်နိုင်ဘူးဆိုတာ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်မထိုးသေးတဲ့အတွက် ဖြစ်တယ်။ အဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးပြီးဆိုရင်တော့ မိသားစုအားလုံး ကိုယ့်ရွာကိုယ် ပြန်နိုင်တော့ရင် ဒါ အကောင်းဆုံးပါပဲ။”

အခုအချိန်မှာ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နယ်မြေ မအေးချမ်းသေးတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ကချင်ပြည်သူလူထုအနေနဲ့ မိုးရာသီကာလမှာ နေစရာ အခက်အခဲများစွာ ကြံုနေရပြီး ကလေးတွေအတွက် ကျမ်းမာရေး စောင့်ရှောက်မှုနဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့  မြစ်ကြီးနားဒေသခံ ကချင်အမျိုးသမီးကြီးဖြစ်တဲ့ ဒေါ်ဂျာအောင်က ပြောပါတယ်။

“ပန်ဝါဘက် နယ်စွန်နယ်ဖျားဘက်တွေမှာ အစိုးရတပ်တွေက KIA စခန်းတွေကို ရွှေ့ပြီးမှ သူတို့စခန်းတွေကို သိမ်းပိုက်တာတွေ အဲ့ဒါတွေ ကြားတယ်လေ။ လိုအပ်တာကတော့ အကုန်လုံး လိုအပ်တာပဲလေ။ စားဝတ်နေရေးတွေ အကုန်လုံး လိုတာပေါ့။ သူတို့က အများအားဖြင့်တော့ အစားအသောက်တွေ၊ အဝတ်တွေ လိုမှာပေါ့လေ။ ဘုရားရှိခိုးကျောင်းမှာဆိုရင်တော့ အသင်းတော်မှာဆိုရင်တော့ အဝတ်အစားတွေ ပြောကြတယ်လေ။ ကလေးတွေက အဝတ်အစားတွေ အများအားဖြင့် လိုအပ်တာပေါ့။”

အခုအချိန်အခါမှာတော့ ကချင်ဒုက္ခသည်တွေအတွက် ကချင်အရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းအလှူရှင်တွေ ပူးပေါင်း ကူညီဆောင်ရွက်နေကြပြီး ဒုက္ခသည်တွေအတွက် မိုးတွင်းကာလမှာ  နေစရာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေါ်ဒွဲဘူ က ဆိုပါတယ်။

“မိုးတွင်းရောက်လာရင်တော့ တော်တော်လေး ခက်ခဲမှာပေါ့နော်။ နေတာထိုင်တာရော၊ စားတာသောက်တာရော၊ အမိုးအကာတွေ မလုံနိုင်ဘူးပေါ့။ ဒုက္ခသည်တွေ ဒီမိုးတွင်းမှာတော့ လုံခြံုတဲ့နေရာမှာဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ့်နေရပ်ဆီ ပြန်နိုင်တဲ့အထိ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျမ အဲ့လိုပဲ မျှော်လင့်ပါတယ်။”

KIO နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တရုတ်-မြန်မာနယ်စပ်အပါအဝင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေက ဒုက္ခသည်စခန်းတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်ရှိနေပြီဖြစ်ပြီး၊ အခုလို နှစ်ဘက် တွေ့ဆုံမှုတွေလုပ်ဖို့ ပြင်ဆင်နေကြချိန်မှာဘဲ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းတုန်းက ကချင်တပ်တွေနဲ့ အစိုးရတပ်တွေကြား ကချင်ပြည်နယ် ပန်ဝါဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီး နယ်မြေ လုံခြံုရေးအခြေအနေဟာ တည်ငြိမ်မှု မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

http://burmese.voanews.com/content/kachin-talks-postpone/1636839.html

April 5, 2013

အစိုးရနှင့် KIO ဆွေးနွေးရက်ရွှေ့၊ ဧပြီနှောင်းပိုင်းမှ ပြန်တွေ့နိုင်မည်

ရန်ကုန် (မဇ္စျိမ)။   ။ ပြည်ထောင်စုအစိုးရ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ ဧပြီလ ၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တက်ရောက်မည့် သူများ အဆင်သင့် မဖြစ်သေး၍ ဧပြီလ ၂၂ ရက် နောက်ပိုင်းတွင်သာ တွေ့ဆုံရန် ရွှေ့ဆိုင်းလိုက်ရကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပြောသည်။

“အစိုးရနဲ့ KIO အဖွဲ့ နောက်ထပ် တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်က သင်္ကြန်အပြီး ဧပြီ ၂၂ ရက် နောက်ပိုင်း၊ ၂၅ ရက်ဝန်းကျင် လောက်မှာ ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု MPC မှ ဦိးလှမောင်ရွှေ က ပြောသည်။

နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မတ်လ ၁၁ ရက် ရွှေလီဆွေးနွေးပွဲတွင် ဧပြီ ၁၀ ရက်မတိုင်မီ နှစ်ဖက်တွေ့ဆုံရန် သဘောတူခဲ့ကြပြီး နှစ်ဘက်ညှိနှိုင်းကာ မြစ်ကြီးနားမြို့တွင် ဧပြီလ ၆ ရက်နေ့တွင် တွေ့ဆုံကြရန် သဘောတူ ထားခဲ့ကြသော်လည်း KIO ဘက်မှ ဖိတ်ကြားထားသူများ ထိုရက်တွင် စုံညီစွာ မတက်ရောက်နိုင်သေး၍
ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက်ပြောသည်။

“KIO အဖွဲ့အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီအဖွဲ့ (UNFC)နဲ့ UNFC မဟုတ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့တွေကော၊ International Observer (နိုင်ငံတကာ လေ့လာသူ) အဖွဲ့တွေကို လည်း ဖိတ်ကြားတာ တွေ့ရတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာ ဆောင်ရွက်တာ ဖြစ်တာကြောင့် International Observer အဖွဲ့တွေထဲက အချို့က ၆ ရက်နေ့ အမီ မတက်ရောက်နိုင်တဲ့အတွက် နှစ်ဖက် တွေ့ဆုံမှုကို
ရွှေ့ဆိုင်းလိုက်တာကို  ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကို စာနဲ့ ဆက်သွယ် အကြောင်းလာပါတယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ ငြိမ်ချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီကို ၂၀၁၂ ခုနှစ်၊ မေလ ၂ ရက်တွင် စတင်ဖွဲ့စည်းပြီးနောက် ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ KIO နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ရာ ယခုတွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့ပါက ပြည်တွင်းတွင် ပထမဆုံး တွေ့ဆုံမည့်
ဆွေးနွေးပွဲ ဖြစ်လာမည်ဟု နိုင်ငံရေး လေ့လာနေသူများက မှတ်ချက်ပြုသည်။

http://www.mizzimaburmese.com/news/inside-burma/11289--kio-.html

April 3, 2013

KIO နှင့် အစိုးရ ငြိမ်းကိုယ်စားလှယ်များ မြစ်ကြီးနားတွင် တွေ့မည်


ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းတွင် ပထမဆုံး အကြိမ်အဖြစ် မြစ်ကြီးနားမြို့၌ မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် အဆိုပြုခဲ့ပြီး လာမည့် တပတ်အတွင်း တွေ့ဆုံရန် KIO ခေါင်းဆောင်များကို ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလ ၁၀ ရက်နေ့ မတိုင်ခင် တွေ့ဖို့ သဘောထား ရှိတယ်။ ဒါပေမယ့် ဒီတရက် နှစ်ရက် အတောအတွင်းမှာလည်း အခြေအနေက အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ရက်ကတော့ ၁၀ ရက် အတောအတွင်းလို့ ပဏာမအနေနဲ့ နားလည်ထားတာ ရှိတယ်” ဟု KIO အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးရာတွင် KIO ဘက်မှ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်မည်ဟု သိရသည်။
“အခြေအနေတွေ သုံးသပ်ရဦးမယ်။ နိုင်ငံတကာကနေပြီးတော့ လေ့လာသူအနေနဲ့ ဘယ်အဆင့်လောက်အထိ ပါ၀င်နိုင်သလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်” ဟု ဦးလနန်က ပြောသည်။
ပြည်တွင်း၌ တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းစာကို မကြာသေးခင် ရက်ပိုင်းက KIO အဖွဲ့ ကိုယ်စားလှယ်များထံ ပေးပို့ထားရာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု က္ကဌ ဝန်ကြီး ဦးအောင်မင်းက တရားဝင် အကြောင်းပြန်ကြားမည့်စာကို ယနေ့ နံနက်ပိုင်းအထိ စောင့်ဆိုင်နေကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။
“KIO နဲ့ ယုံကြည်မှု ထိုက်သင့်သလောက် ရှိလာပြီလို့ နားလည်တယ်၊ မှတ်ယူတယ်။ ဒီအတွက် ၀န်ကြီး ဦးအောင်မင်းက ပြည်တွင်းမှာ ဖိတ်တာ။ မူအားဖြင့်တော့ သဘောတူတယ်လို့ ကျနော်တို့ နားလည်တယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲပါပဲ” ဟု ၎င်းက ဆိုသည်။
နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးမည့် အကြောင်းအရာများကို လတ်တလော မသိရှိရသော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ဆက်လုပ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
နောက်ဆုံး တွေ့ဆုံခဲ့သည့် ရွှေလီမြို့ အစည်းအဝေးကို အစိုးရဘက်မှ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်၍ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်တို့ တက်ရောက်ပြီး KIO ဘက်မှ ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗဟိုတရားရေးဌာန တာဝန်ခံ ဦးလဖိုင်လ၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်သည်။
ဝန်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များက ယင်းအစည်းအဝေးမှ သတောတူညီများကို ပူးတွဲ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးတွဲ ကြေညာချက်တွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး၊ စစ်ရေး တင်းမာမှုများ လျှော့ချနိုင်ရေးနှင့် နောက်တကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ ပါရှိသည်။
KIO ကိုယ်စားလှယ်များ တည်းခိုမည့် နေရာများကို ကြိုတင်ပြင်ထားပြီး လာမည့် မတ်လ ၅ ရက်နေ့ နံနက်တွင် ကုလသမဂ္ဂ အဖွဲ့အစည်းမှ ကိုယ်စားလှယ်တချို့က လိုင်ဇာမြို့အထိ သွားရောက် ကြိုမည်ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ပြောသည်။
ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စီတာပူ ရက်ကွက်ရှိ မဂျွယ်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း၊ KIO ကိုယ်စားလှယ် ခေါင်းဆောင်များက ယခင် KIO ဆက်ဆံရေးရုံးတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ KIO က အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) မှ တိုင်းရင်းသား ကိုယ်စားလှယ်တချို့ကို ဖိတ်ကြားထားပြီး အစိုးရ ကိုယ်စားလှယ်များနှင့် အတူ ယုဇနရပ်ကွက် အတွင်းရှိ ဟိုတယ်တခုတွင် တည်းခိုမည် ဖြစ်ကြောင်း သိရသည်။
“ငြိမ်းချမ်းရေး အပြည့်အဝ ရပြီလို့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် မြစ်ကြီးနား မြို့ပေါ်မှာ လုပ်နိုင်တယ်ဆိုတာ ယုံကြည်မှု အတိုင်းအတာတခု ရသွားတယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးဆန်းအောင်က ပြောသည်။

http://burma.irrawaddy.org/archives/36994

KIO နှင့် အစိုးရ မြစ်ကြီးနားမှာ တွေ့ကြမည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ ဧပြီလ ၆ ရက်နေ့တွင်
မြစ်ကြီးနားမြို့၌ တွေ့ဆုံမည်ဟု ကချင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ဦးအင်စင်းဆန်အောင် က ပြောသည်။

စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်း မဂျွယ် (Ma Joi) ခန်းမတွင် တွေ့ဆုံရန် သဘောတူထားသည်ဟု သိရသည်။

“နှစ်ဖက်စလုံး အဲဒီနေ့တွေ့ဖို့ စာကတော့ ထုတ်ပြန်ပြီ။ ၅ ရက်နေ့ KIO ကို သွားခေါ်မယ်။ တွေ့ဖို့ ရာခိုင်နှုန်း များတယ်။ ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ အတိုင်းအတာ တခုထိတော့ ရောက်လာပြီ။ သဘောတူ လက်မှတ်ထိုးရေး ရောက်ဖို့က ဆွေးနွေးတဲ့အပေါ်မှာ မူတည်တယ်” ဟု ဦးအင်စင်းဆန်အောင် က ပြောသည်။

ဧပြီ ၅ ရက်နေ့တွင် KIO ကိုယ်စားလှယ်များအား PCG ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား၏ လက်ထောက် တဦးတို့ ပါဝင်၍ လိုင်ဇာမြို့သို့ သွားရောက် ကြိုဆိုမည်ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တနှစ်ကျော်ကြာ ချိတ်ပိတ်ထားသော KIO ဆက်ဆံရေးရုံးနှင့် မနောကွင်း ပတ်ဝန်းကျင်အား ယမန်နေ့မှ စတင်၍ ပေါင်းမြက်များ ရှင်းလင်းနေသည်ဟု မြစ်ကြီးနားမြို့ခံ ဦးအင်စင်းဆန်အောင် က ပြောသည်။

ထိုသို့ တွေ့ဆုံရန် သဘောတူညီမှု ရထားသော်လည်း KIO ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် အစိုးရဘက်မှ မည်မျှ တာဝန်ယူပေးမည်ကို တင်ပြထားဆဲ ဖြစ်၍ ၎င်းအပေါ်မှာ မူတည်၍ တွေ့ဆုံမည် ဖြစ်ကြောင်း KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆား က ပြောသည်။

“မြစ်ကြီးနားမှာ ပြန်တွေ့ဖို့ စီစဉ်နေတာတော့ ရှိတယ်။ ဒါပေမယ့် တခြားလုံခြံုရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းစရာတွေ နည်းနည်း ရှိသေးတယ် ထင်တယ်။ လုံခြံုရေးနဲ့ ပတ်သက်လို့ သူတို့ ဘယ်လောက် အတိုင်းအတာထိ တာဝန်ယူ
ပေးနိုင်မလဲ၊ ဘယ်လို လက်တွေ့လုပ်မလဲဆိုတာ တင်ပြထားတာရှိတယ်။ အဲဒါအပေါ် မူတည်တယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နှစ်ဖက် တွေ့ဆုံစဉ် စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် တဆင့်ပြီးတဆင့် ညှိနှိုင်းဆောင်ရွက်ရေးနှင့် နှစ်ဖက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်၊ စောင့်ကြပ်ရေး ရုံးများကို လိုအပ်သလို ထားရှိသွားရန်တို့ အပါအဝင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကချင်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ် လှုပ်ရှားမှုများရှိလာကာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO ၏ တပ်မဟာ ၄ နယ်မြေနှင့် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ နယ်မြေများတွင် ပြီးခဲ့သည့် ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့သည် ဟု သိရသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် မိုးကောင်း ကားလမ်းအတိုင်း အစိုးရ စစ်ယာဉ်တန်း ကားစီးရေ ၄၀ ကျော်ဖြင့် ဖားကန့်မြို့သို့ စစ်သားအင်အား ၅၀၀ ကျော်ခန့် ရောက်ရှိလာသည်ဟု KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ဇော်ဒွဲက ပြောသည်။

“သူတို့တာက တပ်အပြောင်းအရွှေ့လုပ်တယ်လို့ ပြောတယ်။ ဒါပေမယ့် ဒီကတပ်တွေ ပြန်ဆင်းသွားတာက မတွေ့ရဘူး။ ကျနော်တို့ ဒီလမှာ ပြန်ဆွေးနွေးမယ်လို့ ပြောနေတဲ့ အချိန် တပ်ပြောင်းတာ မဟုတ်ဘဲ ထပ်တိုးလာတာက မကောင်းဘူး။ တပ်တိုးတယ် ဆိုရင်တော့ တိုက်ပွဲက ပြန်ဖြစ်မယ် ဆိုတဲ့ သဘောပဲ” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ တပ်မ ၁၀၁ လက်အောက်ခံ တပ်ဖွဲ့များက နေ့စဉ် ဖားကန့် မှော်စီဆာဘက်မှ ရေမဆေးကျောက်ရှာသူများ ခိုလှုံနေသော တဲများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခြိန်းခြောက်မှုများ ပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11271-kio----.html

April 2, 2013

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံမည့် ကိစ္စ အဆင်သင့် မဖြစ်သေး

kio-burma-june-20-talk2
မြန်မာအစိုးရ နဲ့ KIO ကိုယ်စားလှယ်များ။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဧပြီလ ၁၀ ရက်မတိုင်ခင် ပြန်လည်တွေ့ဆုံရန် ပြောဆိုထားသော်လည်း တွေ့ဆုံမည့်ကိစ္စကို ယခုချိန်ထိ အဆင်သင့် မဖြစ်သေးကြောင်း KIO ကပြောသည်။
KIO နှင့် အစိုးရ မတ်လ ၁၁ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့သဘောတူထားခြင်းဖြစ်သော်လည်း ညှိနှိုင်းစရာများရှိနေသေးသောကြောင့်ဖြစ်သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
 “ဒီဧပြီလ ၁၀ ရက်အတောအတွင်း သင်္ကြန်မတိုင်ခင်မှာ တွေ့ရအောင်ဆိုပြီး သူတို့အနေနဲ့ပြောတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရက်အတိအကျမသတ်မှတ်သေးဘူး။ ဘယ်မှာတွေ့မယ်ဆိုတဲ့နေရာလည်း မဆုံးဖြတ်ရသေးဘူး။ တခြားဆွေးနွေးတိုင်ပင်စရာ တွေရှိသေးတဲ့အတွက်ကြောင့် အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးဘူး”
တွေ့ဆုံမှုများကို ညှိနှိုင်းဆောင်ရွက်နေချိန်တွင် အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် မမျှော်လင့်ပဲ တိုက်ပွဲများ ဖြစ်ပွားလာသည်ဟု ဆလန်ကဘား လာနန် ကပြောသည်။
“သူတို့က စစ်အင်အားလျှော့သွားတာမရှိဘူး။ အလှဲအလှယ်လုပ်တာနဲ့ လူသစ်လာတိုးချထားတာတွေက ဆက်တိုက်ကိုလုပ်နေတယ်။ KIA စခန်းတွေနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့နေရာကနေ တစ်နေ့ကို နည်းနည်း ရွှေ့ရွှေ့ပြီးတော့ နေရာယူပြီး လာနေသွားတယ်။ ဒီလိုမျိုး လှုပ်ရှားတာတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုမှ ရှောင်လွှဲမရလို့ ပစ်ခတ်တာတွေဖြစ်လာတယ်။ အဲလိုမျိုးဖြစ်တာတွေရဲ့ ပြသနာ အစက သူတို့အစိုးရတပ်ဖွဲ့တွေ ဆက်ပြီးလှုပ်ရှားနေတယ်။ သူတို့ ခေါင်းစဉ်က နယ်မြေရှင်လင်းရေးဆိုတာဟုတ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အဲဒါက စစ်ဆင်ရေးလှုပ်ရှားမှုဖြစ်တယ်။ အဲဒါကြောင့် မျှော်လင့်မထားတဲ့နေရာတွေမှာ မမျှော်လင့်ပဲ ပစ်ခတ်တာ တွေဖြစ်လာတယ်”
ထို့ပြင်ဆွေးနွေးမှုတဖက်တွင် အစိုးရတပ်မှ KIO ထိန်းချုပ်နယ််မြေများတွင် လမ်းဖောက်လုပ်နေသည်ဟုဆိုကာ လှုပ်ရှားမှုများကိုတွေ့ရှိရပြီး အဆိုပါကိစ္စသည် ယခုအခြေအနေအရ ထိုသို့ပြုလုပ်ရန်မသင့်တော်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ အကြောင်းကြားထားပြီးလည်းဖြစ်သည်ဟု ဦးလာနန်က ဆက်ဆိုသည်။
“သူတို့ဘက်က အရင်က လမ်းမကောင်းတဲ့နေရာမှာ စစ်တပ်ကနေ လမ်းဖွင့်ဖို့ စီစဉ်တာတွေရှိတယ်။ သူတို့ဆက်သွယ်ရေးလေနော်။ စစ်ပြန်ဖြစ်လာရင်ဆိုပြီးလုပ်တာလား ဘယ်အချိန်အတွက်လဲ။ အဲဒါက လုပ်လို့မဖြစ်ဘူး။ မလုပ်သင့်ဘူး။ ဒီလို ရှေ့တန်းနေရာတွေမှာ အရမ်းစိုးရိမ်ရတဲ့အချိန်မှာ စစ်တပ်ကနေပြီး စစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ အကျိုးရှိအောင် အသုံးချဖို့အတွက် လမ်းဖောက်တာမျိုးတွေ မလုပ်ရင်ကောင်းတယ်။ အဲလိုမျိုး ရပ်ထားရင်ကောင်းတယ်ဆိုပြီး ကျနော်တို့ စာနဲ့အကြောင်းကြားထားပြီးသားဟုတ်တယ်။ အဲဒီမှာ သူတို့ဆက်ပြီး လုပ်လာမယ်ဆိုရင်တော့ သူတို့လုပ်လာတဲ့အပေါ်မှာ လိုက်ပြီး တိုက်ပွဲက ရှောင်လို့မရတဲ့ အခြေအနေဖြစ်လာမယ်”
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့် မတ်လ (၁၁-၁၂) တွင် တရုတ်နိုင်ငံရွှေလီမြို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်တပ်များ ယနေ့ထိ တိုက်ပွဲ ရ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရွှေလီဆွေးနွေးမှုတွင် အစိုးရနှင့် KIO သည် စစ်ရေးလျှော့လာရေး နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုချိန်ထိ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေနှင့် ပန်ဝါဘက်တို့တွင် အစိုးရနှင့် KIA ကြား တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1068-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kio-%E1%80%91%E1%80%95%E1%80%B9%E1%80%99%E1%80%B6%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%86%E1%80%AF%E1%80%B6%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%80%80%E1%80%AD%E1%80%85%E1%81%A5-%E1%80%A1%E1%80%86%E1%80%84%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%9E%E1%80%B8.html

မြစ်ကြီးနား KIO ဆက်ဆံရေးရုံး ဖွင့်ရန် အစီစဉ်မရှိ

KIO-Myitkyina-MDR-rung
မြစ်ကြီးနား KIO ဆက်ဆံရေးရုံး။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ တနှစ်ကျော်ကြာ  ပိတ်ထားခဲ့ရသော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KIO ဆက်ဆံရေးရုံးကို မကြာသေးခင်က ခြံဝင်းအား ပြန်လည်ခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ထားသော်လည်း KIO နှင့် ပတ်သက်မှုမရှိကြောင်း ပြောဆိုသည်။
၂၀၁၁ ဇွန်လက စစ်ပွဲပြန်လည်ဖြစ်ပွားလာချိန် ပိတ်လိုက်ရသော အဆိုပါဆက်ဆံရေးရုံးကို ခြုံနွယ်များပိတ်စို့နေရာကနေ ယခုအချိန်မှ ရှင်းလင်းလာခြင်းကို KIO ရုံးထိုင်တော့မည်လား ဟု ဒေသခံများက စိတ်ဝင်တစားအကဲခတ်နေသည့်အပေါ် KIO ကငြင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ချုံများနှင့်ပြည့်နေသော ဆက်ဆံရေးရုံးတွင် ပြီးခဲ့သည့် မတ်လ ၁၅-၁၆ ရက်နေ့အတွင်း ပြန်လည်ရှင်းလင်းထားခဲ့ခြင်းဖြစ်ပြီး ခြံအတွင်းအစောင့်များကိုပါ တွေ့မြင်နေရသည့်အတွက် ရုံးဖွင့်မည်ဟု ခန့်မှန်းနေခြင်းဖြစ်ကြောင်း မြစ်ကြီးနားဒေသခံအမျိုးသမီးက KNG ကချင်သတင်းဌာ သို့ပြောသည်။
“တောတွေ ချုံတွေ အားလုံးရှင်းလိုက်ပြီ။ အခုတော့ အရမ်းပျော်စရာကောင်းသွားပြီ။ သူများတွေပြောတာက အစိုးရတွေက KIO တွေကိုပြန်လာ နေခိုင်းပြီတဲ့။ အဲဒါကြောင့် သန့်ရှင်းရေးလုပ်ခိုင်းတာတဲ့။ အဲဒီမှာ လူ ၂ ယောက်နေတာလည်း တွေ့တယ်။ ဘယ်သူတွေလဲတော့ မသိဘူး” ဟု မျက်မြင် ဒေသခံတစ်ဦးကပြောသည်။
မြစ်ကြီးနားဒေသခံများက ဤကဲ့သို့ပြောဆိုနေသော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး KIO အနေဖြင့် တာဝန်ပေးလုပ်ဆောင်ခိုင်းခြင်းမရှိကြောင်းနှင့် ထိုသို့ရှင်းလင်းမှုသည်လည်း KIO နှင့် မသက်ဆိုင်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
“အဲဒီမှာ တောခုတ် သန့်ရှင်းရေးလုပ်ဖို့ ကျနော်တို့အနေနဲ့ တာဝန်ပေးထားတာ မရှိဘူး။ ဒါပေမဲ့ အဲဒီခြံမှာ ၁ နှစ် ကျော် လူတွေမရှိတော့လို့ သူခိုးတွေ အဝင်အထွက်အရမ်းရှိတယ်ဆိုပြီးကြားတယ်။ အဲတော့ PCG (ငြမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) က လူကြီးတွေကနေ ရုံးစောင့်ဖို့ လူထည့်ထားပေးတာ တော့ရှိလိမ့်မယ်။ သူတို့ (အစိုးရ) စဉ်းစားပြီး လာရှင်းပေးတာပဲ ဖြစ်လိမ့်မယ်။ ကျနော်တို့လည်း သူတို့ရှင်းပြီးမှပဲ မြို့ကဒေသခံတွေပြောလာမှ ကြားတာဟုတ်တယ်။ စုံစမ်းရတာက ပြည်နယ်အစိုးရကနေ မြစ်ကြီးနားစည်ပင်သာယာတွေကို လာရှင်း ခိုင်းတယ် ဆိုပြီးကြားတယ်”
၎င်းဆက်ဆံရေးရုံးကိစ္စနှင့်ပတ်သက်ပြီး KIO အနေဖြင့် တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း ပြောဆိုဆွေးနွေးခြင်းမရှိပဲ ယခုချိန် ရုံးပြန်လည်ဖွင့်ဖို့လည်း အစီအစဉ်မရှိသေးကြောင်း ဆလန်ကဘား လာနန်က ဆက်ဆိုသည်။
“အဲဒီအပိုင်းက ဆွေးနွေးဖို့လည်း မလိုသေးဘူး။ အစိုးရတွေအနေနဲ့လည်း လာနေလို့ရတယ် ဆိုပြီးပြောတာတွေလည်း ကျနော်တို့မှာမရှိဘူး။ တကယ်လို့များပြောလာရင်လည်း အခုချိန် အဲဒီနေရာတွေမှာ သွားနေပြီး ရုံးသွားဖွင့်ဖို့ အစီအစဉ်မရှိဘူး”
မြန်မာအစိုးရနဲ့ KIO ကြား ယခုချိန်ထိ အပစ်အခတ်ရပ်စဲခြင်း မရှိသေးသော်လည်း နှစ်ဖက်တပ်တွေကြား စစ်ရေးအရှိန်လျှော့ချဖို့ သဘောတူပြီးချိန်မှာ ယခုလို မြစ်ကြီးနားဆက်ဆံရေးရုံးကို သန့်ရှင်းရေး ပြန်လည် ပြုလုပ်လာခြင်း ဖြစ်သည်။
စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နှုတ်ဖြင့် သတိပေးလာခြင်းကြောင့် KIO ဖက်မှ ၂၀၁၀ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ၎င်း၏ ဆက်ဆံရေးရုံးများ ပိတ်ရန် အမိန့်ထုတ်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1069-%E1%80%BB%E1%80%99%E1%80%85%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8%E1%80%94%E1%80%AC%E1%80%B8-kio-%E1%80%86%E1%80%80%E1%80%B9%E1%80%86%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9B%E1%80%94%E1%80%B9-%E1%80%A1%E1%80%85%E1%80%AE%E1%80%85%E1%80%A5%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%AD.html

March 15, 2013

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့်
ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍
မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန်် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလို်က်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

KIO ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်အထိ ဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ အတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ
ဆွေးနွေးရန် သဘောတူခဲ့ကြသည် ဟု ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“အတွင်းရေးမှူးချုပ် အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်လုံး၏ ကြိုးပမ်း အားထုတ်မှုကို ကြိုဆိုပါသည်” ဟု မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂမှ ပေးအပ်သည့် အကူအညီများသည် လိုအပ်သူများထံသို့ ဆက်လက် ရောက်ရှိသွားလိမ့်မည်ဟု
မျှော်လင့်ကြောင်းလည်း ဘန်ကီမွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်းတွင် အမိုးအကာများ၊ စောင်များ၊ ခြင်ထောင်များ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် အဝတ်များ စသည့် ပစ္စည်များ တင်ဆောင်လာသည့် ၁၀ စီး ပါဝင်သော ကုလသမဂ္ဂ မော်တော် ယာဉ်တန်းသည် ဖားကန့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ထိုပစ္စည်းများကို
ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Adrian Edwards က မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် သတင်းထောက်များအား
ပြောကြားခဲ့ရာတွင် မြန်မာအစိုးရက ထိုဒေသသို့ ဝင်ရောက်ခွင့် ပြုခဲ့သဖြင့် သွားရောက်ကာ အကူအညီများ
ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် ကုလသမဂ္ဂ အနေဖြင့် အကူအညီများ ပေးအပ်ရန် ဖားကန့်ဒေသသို့ ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် အစိုးရက KIO နှင့် ၁၇ နှစ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ စုစုပေါင်း လူ ၁၀၀,၀၀၀ ခန့် အိမ်ယာများကို စွန့်ခွာ၍ ထွက်ပြေး ခဲ့ကြရသည်။

http://www.mizzimaburmese.com/news/inside-burma/11138--kio-.html

အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှုအပြီး တိုက်ပွဲစ

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွေ့ဆုံဆွေးနွေးပြီး တစ်ရက်အကြာ ရှမ်းပြည်နယ်မြောက်ပိုင်း KIO အောက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် နှစ်ဖက်တပ်ကြား ၂ နာရီကြာ ပြင်းထန်သောတိုက်ပွဲတခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲစသောနေ့မှစ၍ အဆိုပါ အစိုးရတပ်များက ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့တွင်မူ ၄င်းကွတ်ခိုင်အခြေစိုက် အစိုးရတပ်ဖွဲ့ ခလရ (၂၄၁) တပ်ဖွဲ့များ နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ ဗိုလ်ကြီး ဖောင်ဒါဒွတ် (Hpauda Dut) ဦးဆောင်သော ဇိုင်းလဒတ် (Zai Ladat) တပ်ဖွဲ့ (၃၀၁) တပ်ဖွဲ့တို့ ၁၀ နာရီမှ ၁၂ နာရီခွဲထိ အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူ အထက်ပိုင်း KIA အရာရှိတစ်ဦးကပြောသည်။
“အဲဒီအစိုးရတပ်ဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေ ဂျာကြိုင်ယန် မှာနေနေတာသိတော့ ရွှေလီမှာ ဆွေးနွေးနေတဲ့နေ့ ၁၁ ရက်နေ့မှာပဲ ကျနော်တို့နေတဲ့နေရာကို ဆင်းလာတယ်။ သူတို့ဆင်းလာတော့ ကျနော်တို့ဖက်က ရှောင်လိုက်တာ။ ပြီးတော့ ကျနော်တို့အဖွဲ့က ကတုန်းခဆန် (Kadung Hka San)မှာ ပြန်သွားနေတယ်။ အဲဒီမှာလည်း အစိုးရတွေ ပြန်လိုက်လာတော့ ကျနော်တို့လည်း မပစ်ချင်လို့ ဟူးဖြတ်မန်ပိန်း ဆိုတဲ့နေရာမှာ ပြန်ရွှေ့သွားတယ်။ သူတို့လည်း လမ်းမကြီးလမ်းမဟုတ်ပဲနဲ့ တောလမ်းပြန်လိုက် လာတော့ အဲဒီရွာအနီးမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြတာ။ ကျနော်တို့ဘယ်ကိုသွားရင် သူတို့လည်း လိုက်တယ်။”
တိုက်ပွဲဖြစ်ပွားရာနေရာသည် တပ်မဟာ (၄) လက်အောက် တပ်ရင်း (၉) နယ်မြေ ဟူးဖြတ်မန်ပိန်း (Hu Hpyet Man Pying) ကျေးရွာအနီးတွင်ဖြစ်ပြီး အစိုးရနှင့် KIA နှစ်ဖက် အင်အား ၆၀ ခန့်စီဖြင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ၆ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KIA အရာရှိပြောဆိုခဲ့သော်လည်း သီးခြားအတည်ပြုမှုမရရှိခဲ့ပေ။
အစိုးရနှင့် KIO သည် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ကြသည်။
သို့သော် ဆွေးနွေးမှုများပြုလုပ်နေချိန်အတွင်း အစိုးရတပ်ဖွဲ့များမှ တပ်ရင်း (၉) နယ်မြေ ဟူးဖြတ်အနီး ကြောင်မြန် (Chyau Myan) ကျေးရွာတွင် စစ်ကြောင်းတစ်ခုနှင့် ဗီမာ(Bi Ma)အနီး နောင်အိန်ယန် (Nawng Ing Yang) တွင် စစ်ကြောင်းတစ်ခုချထားနှင့်ပြီးဖြစ်သည်ဟု အဆိုပါ KIA အရာရှိကဆိုသည်။
“အစိုးရတပ်တွေက နေရာတိုင်းမှာ လူအင်အားဖြည့်တာတွေ ရိက္ခာပို့တာတွေလုပ်နေတယ်။ နေရာတကာ ထိုးစစ်ဆင်နေတယ်။ ကျနော်တို့ရှောင်ပေးလိုက်လို့ သေနတ်သံမကြားတာပဲ။ ဆွေးနွေးလည်း ဆွေးနွေးနေတယ်။ သေနတ်သံမမြည်တဲ့ အချိန်မှာ သူတို့က ကျနော်တို့ရဲ့ အရေးကြီးတဲ့နေရာတွေကို လိုက်ယူနေတဲ့သဘောပေါ့။”
အစိုးရဘက်မှ ထိုသို့ထိုးစစ်ဆင်လာသော်လည်း KIA ဌာနချုပ်မှ ၎င်းတို့ဘက်မှ ပစ်ခတ်မှုမရှိလျှင် ပစ်ခတ်မှုမပြုလုပ်ရန် ညွန်ကြားထားကြောင်း သိရသည်။
ဆွေးနွေးမှုအပြီးဆက်လက်ဖြစ်ပွားလာသော တိုက်ပွဲသည်အရှိန်ပြင်းထန်သည်ဟု ပြောဆိုနိုင်ပြီး နောက်ထပ်လည်းတင်းမာနေဆဲဖြစ်ကြောင်းပြောသည်။
အစိုးရဖက်မှာလည်း အဆိုပါစစ်အင်အားတိုးချထိုးစစ်ဆင်နေသည်ဟု ပြောဆိုမှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မတ်လ ၁၁ ရက်နေ့က ဧရာဝတီသတင်းဌာနသို့ အောက်ပါအတိုင်း တုံ့ပြန်ထားသည်ကိုတွေ့ရသည်။
 “ကျနော်တို့ဘက်က စစ်အင်အား တိုးတယ်ဆိုတာ လောလောဆယ် မရှိသေးပါဘူး။ တပ်ဘက်က တစုံတရာ ပစ်ခတ်မှု မလုပ်သေးဘူး။ စစ်တိုက်တယ်ဆိုတာ ဘယ်သူမှားတယ် မှန်တယ်ဆိုပြီး နှစ်ဖက်လုံးကို ပြောလို့မရပါဘူး။ ကချင်ဘက်မှာလည်း စစ်အင်အားတိုးတယ်ဆိုတာ မရှိပါဘူး။ ရှမ်းမြောက်ဘက်ကိုလည်း စစ်အင်အား တိုးထားတယ်ဆိုတာ မရှိသေးပါဘူး။ ဒါကို တိတိကျကျ မသိဘဲ ဝေဖန်ချက်အနေနဲ့ ထွက်လာတာ ဖြစ်ပါလိမ့်မယ်။”
အစိုးတပ်များသည် ကချင်ပြည်နယ်တွင် အင်အားတိုးချဲ့မှုများနှင့် ထိုးစစ်ဆင်မှုများ ရှိနေဆဲဖြစ်သော်လည်း KIO ဘက်မှ နိုင်ငံရေးဆွေးနွေးမှုအဆင့်ကိုဆက်လက် ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် KNG ကချင်သတင်းဌာနသို့ ပြောခဲ့သည်။
ကချင်ပြည်နယ်ပဋိပက္ခဆက်ဖြစ်ပွားနေချိန် ငြိမ်းချမ်းရေး လိုလားသူအုပ်စုများကလည်း မန္တလေးနှင့် မြင်းခြံမြို့မှ လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ လိုင်ဇာမြို့သို့ ရောက်ရှိနေပြီး ပြည်သူလူထု ၅၀၀ ခန့်က သူတို့ကို ရိုးရာဝတ်စုံများ၊ မောင်းများဖြင့်တီးခတ်၍ ကြိုဆိုခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ကြိုဆိုရေးကော်မတီဝင် အမျိုးသမီးအဖွဲ့မှ ဆရာမ ဆိုင်းတောင် (Seng Tawng) ကပြောသည်။
ကိုသန့်ဇင်က “ကချင်ပြည်နယ်ရဲ့ ဒီလိုမျိုးတိုက်ပွဲဖြစ်နေတာကို ကျနော်တို့အနေနဲ့ အရမ်းစိတ်ထိခိုက်တယ်။ ကချင်ဆိုရင်လည်း ကျနော်တို့တိုင်းရင်းသားတွေပဲ။ အဲဒါကြောင့် ကျနော်တို့ ကူညီနိုင်တာက ဒီခြေကိုအရင်းခံပြီး လမ်းလျှောက်တက်လာတာကို နင်တို့ကိုကျနော်တို့ကူညီတာဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း ဆရာမကပြောသည်။
ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ရွှေလီဆွေးနွေးပွဲမှ ပြန်လာကြသော KIO ကိုယ်စားလှယ်များကို ကချင်လူထုများက နယ်စပ်တလျှောက် လူထု ၂၀၀၀ ကျော်သည် သီချင်းများဖြင့် ၀မ်းမြောက်စွာ ကြိုဆိုလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
ယခုချိန် ငြိမ်းချမ်းရေးလိုလားသည့် လူထုများက အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO အဖွဲ့များ တရုတ်နိုင်ငံ ရွှေလီမြို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး နှစ်ဖက်ဆွေးနွေးမှုမှရလဒ်များကိုစောင့်ကြည့်နေချိန် ယခုတိုက်ပွဲသည် ပထမဆုံးကြီမ်ဖြစ်ပွားလာသော တိုက်ပွဲဖြစ်သည်။

http://kachinnews.com/burmese/news/1048-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kio-%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%86%E1%80%AF%E1%80%B6%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%99%E1%82%88%E1%80%A1%E1%80%BB%E1%80%95%E1%80%AE%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%85.html

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့်
ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍
မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန်် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလို်က်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

KIO ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်အထိ ဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ အတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ
ဆွေးနွေးရန် သဘောတူခဲ့ကြသည် ဟု ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“အတွင်းရေးမှူးချုပ် အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်လုံး၏ ကြိုးပမ်း အားထုတ်မှုကို ကြိုဆိုပါသည်” ဟု မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂမှ ပေးအပ်သည့် အကူအညီများသည် လိုအပ်သူများထံသို့ ဆက်လက် ရောက်ရှိသွားလိမ့်မည်ဟု
မျှော်လင့်ကြောင်းလည်း ဘန်ကီမွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်းတွင် အမိုးအကာများ၊ စောင်များ၊ ခြင်ထောင်များ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် အဝတ်များ စသည့် ပစ္စည်များ တင်ဆောင်လာသည့် ၁၀ စီး ပါဝင်သော ကုလသမဂ္ဂ မော်တော် ယာဉ်တန်းသည် ဖားကန့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ထိုပစ္စည်းများကို
ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Adrian Edwards က မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် သတင်းထောက်များအား
ပြောကြားခဲ့ရာတွင် မြန်မာအစိုးရက ထိုဒေသသို့ ဝင်ရောက်ခွင့် ပြုခဲ့သဖြင့် သွားရောက်ကာ အကူအညီများ
ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် ကုလသမဂ္ဂ အနေဖြင့် အကူအညီများ ပေးအပ်ရန် ဖားကန့်ဒေသသို့ ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် အစိုးရက KIO နှင့် ၁၇ နှစ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ စုစုပေါင်း လူ ၁၀၀,၀၀၀ ခန့် အိမ်ယာများကို စွန့်ခွာ၍ ထွက်ပြေး ခဲ့ကြရသည်။

http://www.mizzimaburmese.com/news/inside-burma/11138--kio-.html

March 13, 2013

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံ KIO ရှင်းလင်း


ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ မတ် ၁၁၊ ၁၂ ရက်များတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးခဲ့ကြပြီး၊ ယင်း ဆွေးနွေးပွဲ အတွေ့အကြုံများကို KIO ဗိုလ်ချုပ်ဂွန်မော်နှင့် ကိုယ်စားလှယ်အဖွဲ့က လိုင်ဇာမြို့ရှိ ကချင်ပြည်သူတို့အား ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။
လိုင်ဇာမြို့တော်ဝန်က အခမ်းအနားမှူးလုပ်ပြီး ကေအိုင်အို ဒုတိယ အထွေထွေအတွင်းရေးမှူး လက်ရှိ ကေအိုင်အိုရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်၊ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်ဂွန်မော်တို့က ပြည်သူတွေကို ပြန်လည်တင်ခြင်း ဖြစ်သည်။
“ဗဟိုကော်မတီမှာ မတင်ပြခင် အခုလို ပြည်သူပြည်သားတွေကို အရင်တင်ပြတာ ဖြစ်ပါတယ်” ဟု ယင်း ဆွေးနွေးပွဲတွင် ဗို်လ်ချုပ်ဂွန်မော်က ပြောသည်။
မတ်လ ၁၂ ရက်နေ့ အစည်းအဝေးပွဲမှ ပြန်ရောက်လာသည့်  ကေအိုင်အို ကိုယ်စားလှယ်များအား ကချင် ပြည်သူများ၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ စစ်ဘက် အရပ်ဘက် ဆိုင်ရာ အဖွဲ့များက သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြပြီး နေ့လည် ၂ နာရီခန့် အချိန် လိုင်ဇာ အထက်တန်းကျောင်း ကျောင်းခန်းမဆောင်တွင် ပြုလုပ်သည့် စည်းဝေးပွဲ၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးချက်များ၊ သဘောတူညီချက်များ၊ လိုက်လျောပေးရသည့် အချက်များကို တင်ပြသည်။
“မြန်မာအစိုးရနဲ့ တိုက်ပွဲဖြစ်တဲ့ အချိန်ကနေ ခုချိန်ထိ ဆွေးနွေးလာတဲ့အခါမှ ဒီတခေါက်က နည်းနည်းထူးပါတယ်။ ဘာတွေ ထူးတာလဲဆိုတော့ အရင်တုန်းက နောက်နားမှာပဲ ထိုင်တဲ့ Myanmar Peace Centre က ခုတော့ ရှေ့တက်ပြီး အများကြီး နေရာယူလာတာ တွေ့ရပါတယ်။ နောက်ပြီးတော့ အဖွဲ့တွေ အများကြီး ပါတဲ့အတွက် အကြံပေးချက်တွေ အများကြီး ရပါ တယ်” လို့ ဦးဆွမ်လွတ်ဂမ်က ပြောသည်။
“ကျနော်တို့ အနေနဲ့လည်း အလုံးစုံ မဆုံးဖြတ်နိုင်ပါဘူး၊ ခုက နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင် စဉ်းစားစရာတွေကို ကျနော်တို့က သယ်လာပြီ၊ စဉ်းစားရမယ့် တာဝန်တွေ ရှိလာပြီ ပြည်သူအားလုံး ၀ုိင်း စဉ်းစား ဆုံးဖြတ်ပြီး ရှေ့ကို လှမ်းကြရအောင်” ဟု ၎င်းက ပြည်သူများအား တိုက်တွန်းသည်။
ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးပွဲတွင် ပါ၀င်သည့် တရုတ်၏ ကဏ္ဍ၊ လူအများ မေးခွန်းထုတ်နေသည့် အပစ်အခတ်ရပ်စဲရေး အကြောင်းတွေကို အဓိကထားရှင်းပြသည်။
“အစောပိုင်း ဆွေးနွေးပွဲတွေမှာ ကျနော်တို့ဘက်က ပြောတာရှိတယ်။ သက်သေ အနေနဲ့ နိုင်ငံကြီးတွေပါရမယ်။ UN ကို တင်ပြထားတယ်။ အမေရိကန်ပါရမယ်။ အိမ်နီးချင်းဖြစ်တဲ့ တရုတ်ပါရမယ်။ ပြီးတော့ ကျနော်တို့ သမိုင်းကြောင်းကို သိတဲ့ ပြောခွင့်ရှိတဲ့ UK လည်းပါရမယ် ဆိုပြီး ပြောတာရှိတယ်။ ဘယ်သူမှ မတုန့်ပြန်ခင်မှာ တရုတ်က အရင်တုန့်ပြန်တာ ဖြစ်ပါ တယ်။ ခွဲလို့ မရတဲ့ မေ့ထားလို့ မရတဲ့ အိမ်နီးချင်း တရုတ်က သူပါမယ် လို့တောင်မပြောတော့ဘူး မြန်မာဘက်ကိုလည်း ခေါ် ကျနော်တို့ကိုလည်း ခေါ်ပြီး တခါတည်းတွေ့ပေးတာပါ” ဟု ၎င်းက ပြောသည်။
ယခုဆွေးနွေးပွဲသည်  လူမသိ သူမသိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ မဟုတ်ကြောင်း၊ နားထောင်ပေးသူများ၊ သုံးသပ်ပေးသူများ၊ သက်သေ ပုဂ္ဂိုလ်များ ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်-မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တရုတ်သံရုံးမှ သံအမတ်နှင့်ဇနီး၊ ယူနန်ပြည်နယ် နိုင်ငံခြားဆက်ဆံရေးဌာနမှ တာဝန်ရှိ သူများ၊ တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် နိုင်ငံခြားရေး ဒုဝန်ကြီး ဟောင်း အသက်် ရ၁ နှစ်အရွယ်ရှိ ၀မ်ယင်းဖန် တို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့ စောင့်ကြည့်သည့် အခါမှာ နိုင်ငံတကာက ပါရမည် ဟူသည့် စကားရပ်ကို ၀မ်ယင်ဖန်းက လုံးဝမနှစ်သက် သဖြင့် ကြေညာချက်၌  မပါရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ရှင်းပြသည်။
“နယ်စပ်တလျောက်ကို အနောက်နိုင်ငံသားတွေ ရောက်လာမှာကိုတော့ တရုတ်က မလိုလားဘူးဆိုတာ ကတော့ တရုတ် အနေနဲ့ စိုးရိမ်တဲ့ သဘောရှိပါတယ်” ဟု ၎င်းက ပြောသည်။
အပစ်ရပ်ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်က “အပစ်ရပ်တဲ့ အဆင့်ထိသွားမယ်၊ ဒါပေမဲ့ကြားထဲမှာ ကြိုတင် သဘောတူရမယ့် အချက်တွေအများကြီး လုပ်ရဦးမယ် ပထမဆုံး အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ သဘောတူရမယ်၊ စောင့်ကြည့် သက်သေတွေရှိရမယ်၊ နောက်ပြီးတော့ မိမိကိုယ်ကိုခုံခံခြင်းမှ အပ ဆိုတဲ့ စကားလုံးမျိုးတွေ၊ တခြား အသေးစိတ် အချက်အလက်တွေ အများကြီးကို ပြင်ဆင်ပြီးမှ အပစ်ရပ်တဲ့အထိ သွားမယ်လို့ ပြောတာပါ။ အခု သတင်းဌာန တွေက ရေးကြတဲ့ အခါ အမှတ်မမှားအောင် ကြိုတင် ပြောပြတာဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍  “ကျနော်တို့နဲ့ ဆွေးနွေးတဲ့သူတွေက လက်ရှိစစ်မြေပြင်မှာ ကျနော်တို့နဲ့ တိုက်ခိုက်နေတဲ့သူတွေ ဖြစ်ပါတယ်။ မပခ တိုင်းမှူး၊ ရမခ တိုင်းမှူး၊ သူတို့အပေါ်က ကထစ မှူးပါတယ်၊ နောက် ကာကွယ်ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်က ၂၀၀၉  BGF ကိစ္စနဲ့ တော်တော််လေး အကျိတ်အနယ် ဆွေးနွေးဖူးခဲ့သူ ဖြစ်ပါတယ်”ဟု ရှင်းပြသည်။
နောက်ပြီး KIO အနေဖြင့် နှစ် ၅၀ လုံးလုံး စည်းဝေးပွဲ၊ ဆွေးနွေးပွဲအတွေ့အကြုံတွေ ကောင်းကောင်းရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်များ ပြုံးရွှင်စွာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခုနှစ် ဖေဖော်ဝါရီ ၄ ၊ မတ် ၁၁၊ ၁၂ တို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး၊ နောက်တကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ် ဧပြီ ၁၀ မတိုင်မီ ကျင်းပ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

http://burma.irrawaddy.org/archives/35548

March 12, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး

နေပြည်တော် မတ် ၁၂
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO  ကိုယ်စားလှယ် အဖွဲ့တို့သည် မတ် ၁၁ရက်နှင့် ၁၂ ရက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအဝင် ကိုယ်စားလှယ်အဖွဲ့၊ KIO  အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO  ကိုယ်စားလှယ်အဖွဲ့၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်လေးဦး ၊ SSPP မှ ကိုယ်စားလှယ် နှစ်ဦး၊ RCSS မှ ကိုယ်စားလှယ်နှစ်ဦး၊ NDAA မှ ကိုယ်စားလှယ်နှစ်ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ကိုယ်စားလှယ် လေးဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် နှစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်  အချက် (၄) ချက်ပါ ပူးတွဲကြေညာချက်တစ်ရပ်ကို နှစ်ဖက် သဘောတူ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ ပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
ပူးတွဲကြေညာချက်
၁။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအဝင် ကိုယ်စားလှယ်အဖွဲ့နှင့် ကေအိုင်အို အမြဲတမ်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့သည် ၂ဝ၁၃ ခုနှစ် မတ်လ(၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။
၂။
တွေ့ဆုံဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်(၄)ဦး၊ SSPP  မှ ကိုယ်စားလှယ်(၂)ဦး၊ RCSS  မှ ကိုယ်စားလှယ်(၂)ဦး၊ NDAA  မှ ကိုယ်စားလှယ်(၂)ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG ) မှ ကိုယ်စားလှယ်(၄)ဦးနှင့် လေ့လာသူများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
၃။
နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘော တူညီကြ ပါသည်။

(က)
စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

(ခ)
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျှော့ချနိုင်ခဲ့သည်ဖြစ်ရာ ဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်တပ်ဖွဲ့များ ဆိုင်ရာကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များ အထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘောတူသည်။

(ဂ)
ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဘက်ပိုမို နီးကပ်စွာ ညှိနှိုင်း ဆောင်ရွက် နိုင်ရန်အတွက်  ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို  နှစ်ဖက် ညှိနှိုင်း၍ လိုအပ် သလို ထားရှိ သွားရန် သဘောတူသည်။

(ဃ)
၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များနှင့် ၂ဝ၁၃ ခုနှစ် မတ်လ (၁၁၊၁၂) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

(င)
နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ ကျင်းပ သွားရန် သဘောတူသည်။
၄။
စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန် အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

၂ဝ၁၃ ခုနှစ်၊ မတ်လ ၁၂ရက် ရွှေလီမြို့။
ထိုကဲ့သို့ အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ အနေဖြင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.president-office.gov.mm/issues/peace/id-2813

KIO နှင့် အစိုးရ အပစ်ရပ်ရေး သဘောမတူနိုင်သေး၊ တလအတွင်း ပြန်ဆွေးနွေးမည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်ထိ ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ တလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူ ခဲ့ကြသည်။
KIO-and-govt-peace-team-meet
အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြစဉ်။ (ဓာတ်ပုံ - Hla Mg Shwe / Facebook)

တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ခဲ့သည့် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြချက်များကို KIO ကိုယ်စားလှယ်များက ၎င်းတို့ဗဟိုသို့ တင်ပြစောင့် ဆိုင်းနေ၍ ဆွေးနွေးပွဲကို နေ့လည်ပိုင်းတွင် ရပ်နားပြီး ညပိုင်း ၉ နာရီကျော်မှ ဆက်လက်ဆွေးနွေးခဲ့ရာ ဧပြီလ ၁၀ ရက်မတိုင်မီ ပြန်လည် တွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် ပူးတွဲ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“သူတို့လိုချင်တာနဲ့ ကျနော်တို့လိုချင်တာနဲ့ မတူဘူး။ သူတို့ လိုချင်တာက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး မယ်ဆိုတာ အဓိကတင်ပြတယ်။ ကျနော်တို့က အတွေ့အကြုံရှိတော ့မထူးသေးဘူး။ လက်မှတ်ထိုးနိုင်လောက်တဲ့ အခြေအနေထိ ဆက်လက် ဆွေးနွေးမယ်၊ ကျနော်တို့က တထိုင်တည်းနဲ့ ဖြေရှင်းလို့မရဘူး။ တဆင့်ပြီး တဆင့် တက်သွားဖို့ပဲ။ နောက်တခါ ထပ်ဆွေးနွေးဖို့ဘဲ သဘောတူတယ်”ဟု KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက
ပြောသည်။

ပူးတွဲ ထုတ်ပြန်ချက်တွင် ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်း စစ်ပြေပြင်များကို ကွင်းဆင်းလေ့လာ စောင့်ကြည့်ရန်နှင့်
နှစ်ဖက် ပိုမို နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက် ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူခဲ့သည်။

ထို့ပြင် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များဆိုင်ရာကိစ္စများကို ဆက်လက်၍ ညှိနှိုင်း
ဆောင်ရွက်သွား၍ လိုအပ်သည့် ညွန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွန်ကြားသွားရန် သဘောတူချက်တွင် ပါရှိသည်။

စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တနိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တဆင့်ပြီး တဆင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားကြမည်ဟု ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့ အပါအဝင် အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ဘက်မှ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင် PCG မှ ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာမှ သံမှူးကြီး Mr Wang Zongying နှင့် နှစ်ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ လေးဦး၊ SSPP မှ နှစ်ဦး၊ RCSS မှ နှစ်ဦး၊ NDAA မှ နှစ်ဦးတို့လည်း
ဆွေးနွေးပွဲတွင် ပါဝင်သဖြင့် အောင်မြင်မှု တခုအနေဖြင့် ရှုမြင်ကြောင်း ဦးဒွဲပီဆား က ပြောသည်။

၂၀၁၂ ခုနှစ်၊ မေလက ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲနှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ယမန်နေ့ထိ ၅ ကြိမ်မြောက် ဆွေးနွေးမှုတွင် နှစ်ဖက်လုံး ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးသည်ကို တွေ့မြင်ရသဖြင့် အားရကျေနပ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

“ဒီတကြိမ်ကတော့ ပူးတွဲကြေညာချက်လို့ ပြောပေမယ့် သေချာဖတ်ကြည့်ရင်တော့ သဘောတူချက်ပါပဲ။
ပြည်သူတွေ အားလုံးအတွက် အစည်းအဝေး မှတ်တမ်းအနေနဲ့ ထုတ်ပြန်ချက်ကို လက်မှတ်ထိုးကြတယ်။ နှစ်ဖက်
ခေါင်းဆောင်တွေ၊ တပ်ဖက်ဆိုင်ရာ အရာရှိတွေ ပါတယ်။ UNFC တွေလည်း သက်သေအနေနဲ့ လက်မှတ် ထိုးတယ်။ ဒါဟာ သဘောတူညီချက်ပဲ။ ၁၀ လတာ ကာလအတွင်းမှာ ပထမဦးဆုံး လက်မှတ်ရေးထိုးနိုင်တယ် ပိုပြီးခိုင်မာတဲ့ အချက်လို့ ပြောလို့ရတယ်။ ၁၀ လအတွင်း အအောင်မြင်ဆုံးလို့ ပြောရမယ်” ဟု သုံးသပ်
ပြောကြားသည်။

http://www.mizzimaburmese.com/news/inside-burma/11108-kio------.html

ရွှေလီမြို့က KIO နဲ့ အစိုးရ တွေ့ဆုံပွဲ

March 11, 2013

ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ် ဆွေးနွေးပွဲ သဘောတူညီချက်တွေရရှိ

kio-gov-305.jpg
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ မတ်လ ၁၁ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကိုယ်စားလှယ်နဲ့ အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့စဉ်
Photo: RFA
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ဆွေးနွေးနေတဲ့ ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေကြား အချက် (၅) ချက် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ရွှေလီမြို့၊ ကျင်းချိန့်ဟော်တယ်မှာ ဒီကနေ့မနက် (၁) နာရီခွဲလောက်အထိ  နှစ်ဖက်ကိုယ်စားလှယ်တွေ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး၊ သဘောတူညီချက်တွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။  သဘောတူညီချက် (၅) ချက်ထဲက အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က

“အရေးကြီးတဲ့အချက်ကတော့ နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်လာတဲ့အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတဲ့အချက်က အရေးကြီးပါတယ်။ အခုလောလောဆယ်တော့ လုပ်ကြမယ်ဆိုတဲ့ ကတိကဝတ်ဖြစ်ပါတယ်၊ ဒါတွေကို တဆင့်ချင်းလုပ်ကြရင်းနဲ့ ယုံကြည်မှုတည်ဆောက်သွားမယ်၊ ပိုပြီးမှ ခိုင်ခိုင်မာမာဖြစ်သွားမယ် လို့ မျှော်လင့်တာပါ။ ဒါပေမဲ့ ကျနော်တို့ အခုလုပ်နိုင်တာက အပစ်အခတ်ရပ်စဲရေး စာချုပ်လုပ်နိုင်တဲ့အထိ အကောင်အထည်ဖေါ်မယ်လို့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်ဆိုင်းရေး ရသည်အထိ ကတိကဝတ်ပြုကြတာပါ၊ မူတစ်ခုကို ချလိုက်တာဖြစ်ပါတယ်"

ဖေဖော်ဝါရီလ (၄) ရက်နေ့ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေအရှိန်လျော့ကျသွားခဲ့ပါတယ်။ အလားတူ ပြဿနာဖြစ်ပွားနိုင်ရာ ဒေသတွေမှာရှိနေတဲ့ နှစ်ဖက်တပ်ကိစ္စတွေကို ဆက်လက်ညှိနှိုင်းသွားပြီး အောက်ခြေတပ်တွေကိုလည်း ညွှန်ကြားသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲရလာဒ် အခြေအနေနဲ့ ပတ်သက်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်းက
“ဘယ်လောက်ကောင်းလဲ၊ ဒါအပစ်အခတ်ရပ်စဲတဲ့ သဘောပဲ၊ ခင်ဗျားတို့ပြောပြောနေတဲ့ တိုင်းရင်းသားတွေထဲမှာ ကချင်ကနောက်ဆုံးပေါ့၊ ခုနောက်ဆုံး ကျနော်တို့ လက်မှတ်ထိုးနိုင်တယ်၊ ဆက်ပြီးတော့ ခိုင်မာအောင်တည်ဆောက်မယ်၊ လက်မှတ်ထိုးတယ်ဆိုတာက ကျနော်တို့က အစည်းအဝေးမှတ်တမ်း ထုတ်လိုက်တာပေါ့၊ အစည်းအဝေးမှတ်တမ်းထဲမှာ ဒါတွေကိုဆက်လုပ်မယ်၊ လက်အောက်ခံတပ်တွေထိ ရှင်းပြမယ်၊ အခုလဲတိုက်ပွဲတွေက လျော့နည်းနေပြီ၊ ဆက်လဲဖြစ်စရာအကြောင်း မရှိတော့ဘူးပေါ့ဗျာ၊ နှစ်ဖက်တပ်မှူးကြီးတွေကိုယ်တိုင် ပါပြီးတော့လုပ်တာဆိုတော့၊ တပ်တွေဆက်တိုက်ပွဲမဖြစ်အောင်ဆိုပြီး လုပ်ကြတာဆိုတော့၊ အရင်တပတ်တုန်းကတော့ တိုက်ပွဲအရှိန်လျော့ဖို့လုပ်တယ်၊ အခုကတော့ တိုက်ပွဲတွေရပ်အောင်၊ တဆင့်ပြီးတဆင့် တက်တာပေါ့"

ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေဖက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ၀န်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပြီး၊ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်က ကေအိုင်အို ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂန်နဲ့ ကေအိုင်အို ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ပါ၀င်ကြပါတယ်။

ဒီဆွေးနွေးပွဲမှာပါ၀င်တဲ့  ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ် ကောင်စီ (UNFC) ကိုယ်စား ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်က ဗိုလ်မှုးကြီး ခွန်ဥက္ကာကလဲ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အားရတဲ့အကြောင်း ပြောပါတယ်။

“ဆွေးနွေးပွဲအခြေအနေကတော့ အလယ်အလတ်ပေါ့ဗျာ၊  ၅၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းပေါ့၊ နှစ်ဖက်စလုံးအတွက် အကျိုးရှိတာပေါ့၊ ဘယ်ဘက်ကမှ အပြည့်အဝ လိုချင်တာတော့ မရကြဘူးပေါ့၊ သို့သော်လည်း နှစ်ဖက်မျှမျှတတ ရှေ့ဆက်သွားမယ့် ခရီးစဉ်အတွက် ချောချောမောမောဖြစ်တယ်လို့ ပြောနိုင်တာပေါ့"
ဒီဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသားဖယ်ဒရယ်ကောင်စီ UNFC က ကိုယ်စားလှယ် (၄) ဦး၊ SSPP/SSA က ကိုယ်စားလှယ် (၂)ဦး၊ RCSS/SSA အဖွဲ့က (၂)ဦး၊  NDAA က ကိုယ်စားလှယ် (၂)ဦး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ကိုယ်စားလှယ် (၄)ဦး တက်ရောက်ကြတဲ့အပြင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သံမှူးကြီး မစ္စတာ ၀မ်ကျုံးယင်း နဲ့ (၂)ဦး တက်ရောက်တယ်လို့ နှစ်ဘက်သဘောတူ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၄)ရက်နေ့ ဆွေးနွေးပွဲနဲ့ အခုတစ်ကြိမ်ဆွေးနွေးပွဲတွေက သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်အဖေါ်ဖို့ သဘောတူခဲ့ကြတဲ့အပြင် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဧပြီလ (၁၀) ရက်နေ့မတိုင်ခင် ကျင်းပဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျင်းပနိုင်ဖို့အတွက် တဆင့်ပြီးတဆင့် ဆက်လက်ညှိနှိုင်းကြမယ်လို့လည်း သိရပါတယ်။

ကချင်မှာ တပ်တွေ ဆုတ်ရေး သဘောတူဖို့ နီးစပ်ပြီလား

Kachin Peace talks in February 2013 
 
မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ကြား ဆွေးနွေးမှု တွေကို တရုတ်နိုင်ငံ ရွေလီမြို့မှာ တနင်္လာ နေ့က စတင် ပြုလုပ် နေပါတယ်။
ဆွေးနွေးပွဲမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီက အဆိုပြုထားတဲ့ အချက်တွေကို ဆွေးနွေးကြတာ ဖြစ်တယ်လို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှာ ပါဝင်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။
ကေအိုင်အိုရဲ့ အစိတ် အပိုင်း တစ်ခု အဖြစ် ကေအိုင်အေကို ကျောထောက် နောက်ခံ ပြုဖို့ တက်ရောက် လာတဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ဒုတိယ အထွေထွေ အတွင်း ရေးမှူး ဦးခွန်ဥက္ကာ ကတော့ ဆွေးနွေးပွဲကို အစိုးရ ဘက်က တပ်ဘက် အရာရှိကြီးတွေ ကိုယ်တိုင် ပါဝင် လာတာဟာ တပ်မတော်က ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုတာ ပြသတာဖြစ်လို့ ကြိုဆိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အပစ် အခတ်ရပ်စဲရေးက မယ့် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် သွားနိုင် ဖို့ရာ သူတို့ ဘက်က အပစ်အခတ် ရပ်စဲရေး ဖြစ်စဉ်ကို ဘယ်လို တာဝန် ယူနိုင်မယ် ဆိုတာကိုလည်း တပ်မတော် အရာရှိကြီးတွေနဲ့ တွေ့ရချိန်မှာ ရှင်းရှင်း လင်းလင်း လုပ်ဆောင် ထားချင်တယ်လို့ ဦးခွန်ဥက္ကာ ပြောပါတယ်။
ဒီဆွေးနွေးပွဲကို မြန်မာ အစိုးရ ဘက်က ဦးအောင်မင်း ဦးဆောင်ပြီး ကာကွယ်ရေး ဝန်ကြီး ဌာနက အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ပြည်နယ် ဝန်ကြီးတို့ တက်ရောက်ခဲ့ ပါတယ်။
ကေအိုင်အို ဘက်ကလည်း ဦးဆွမ်လွတ်ဂမ် ဦးဆောင်ပြီး ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် နဲ့ ဗိုလ်မှူးကြီး ဇော်တောင် အပါအဝင် တခြား စစ်ဖက် အရာရှိ အတော် များများ တက်ရောက်ခဲ့ ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/03/130311_kachin_talks_shweli.shtml

ခိုင်မာတဲ့ အပစ်ရပ်အတွက် အစိုးရနဲ့ KIA ဆက်ဆွေးနွေးသွားမည်

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံစဉ်

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့အကြား တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလအတွင်း ပြုလုပ်တဲ့ ဒုတိယအကျော့ တွေ့ဆုံဆွေးနွေးပွဲ မနေ့က ပြီးဆုံးသွားပေမဲ့ ငြိမ်းချမ်းရေးအတွက် အပြီးသတ် လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်ထိတော့ သဘောတူညီချက် မရခဲ့ကြပါဘူး။

စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးရတဲ့အထိ ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့နဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို နှစ်ဘက် စောင့်ကြည့်ရေး အတွက်တော့ သဘောတူညီခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အသေးစိတ်ကိုတော့ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ဆွေးနွေးပွဲ ကျင်းပ ရာ ရွှေလီမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကိုယ်စားလှယ်နဲ့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့ ကိုယ်စားလှယ်တွေကြားမှာ ဒီကနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ကျင်းပပါတယ်။ စတင် ကျင်းပတဲ့အချိန်ကတော့ မနက် ၉ နာရီလောက်ကဖြစ်ပြီးတော့ အခု လက်မှတ် တကယ်ရေး ထိုးနိုင်ခဲ့တဲ့ အချိန်ကတော့ ည ၁၂ နာရီ မိနစ် ၄၀ ဖြစ်ပါတယ်။

သဘောတူညီခဲ့တဲ့ အချက်ကတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်သည်အထိ ဆက်လက်ပြီးတော့ အကောင်အထည် ဖော်သွားဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်ရှင်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့မှာ လိုက်ပါလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဓိက ဒီနေ့ရဲ့ ရလဒ်ကတော့ အပစ်အခတ်ရပ်စဲရေး၊ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဆက်လက် ဆောင်ရွက်မယ်ဆိုတာကို နှစ်ဦးနှစ်ဘက် သဘောတူညီချက် ရတာဟာ ဒီကနေ့ ဆွေးနွေးပွဲရဲ့ အဓိက ရလဒ်ပါပဲ။ ဒါပေမဲ့ လတ်တလောကတော့ ကျနော်တို့က နှစ်ဘက် အပစ်အခတ် ရပ်စဲရေး ဦးတည်ပြီးတော့မှ ဆောင်ရွက်တာဖြစ်တော့ ဘယ်နေရာတွေမှာ အရေးကြီးတဲ့ ရှေ့တန်းနေရာတွေကို ဦးစားပေးပြီးတော့ ဒီကနေ့ ဆောင်ရွက်မှာပါ။ ဒီထက်တဆင့် တဖြေးဖြေးနဲ့ တက်လာတဲ့အခါကျရင်တော့ နောက်ပိုင်းကျရင်တော့ ဆက်ဆံရေးရုံးလိုဟာမျိုးတို့ ဒါတွေကတော့ နောက်ပိုင်းမှာ ဆက်လက်ဖြစ်လာမယ့် ဟာတွေပါ။”

KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော် ကတော့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ လုပ်နိုင်တဲ့အထိ ကြိုးစားသွားမယ်လို့ အခုလို မှတ်ချက်ပေးပါတယ်။

“အရေးကြီးတဲ့အချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတဲ့အထိ လုပ်သွားမယ်။ ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ဒီနှစ်ချက်ပါပဲ အရေးကြီးတာက”

မတ်လ ၁၁ ရက်နေ့ တနင်္လာနေ့မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ ဆွေးနွေးပွဲ မှာ နှစ်ဘက် အချိန်ယူပြီး အသေးစိတ် ညှိနှိုင်းခဲ့ရတာတွေ ရှိပါတယ်။ အောက်ခြေတပ်ဖွဲ့တွေအထိ ညွှန်ကြားချက်တွေ ရောက်ရှိနိုင်ဖို့ ဆောင်ရွက်ရေးနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေ မှာ ကွင်းဆင်းလေ့လာ စောင့်ကြည့်နိုင်ရေးအတွက် နှစ်ဘက် အနီးကပ် ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းစောင့်ကြပ်ရေးရုံးတွေ ထားရှိနိုင်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာတော့ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးသွား တာ တွေ့ရပါတယ်။ နောက်တကြိမ် ဆွေးနွေးမယ့် အစည်းအဝေးကိုတော့ ဧပြီလ ၁၀ ရက်နေ့ မတိုင်ခင်မှာ ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်ရှင်။

http://burmese.voanews.com/content/kio-and-govt-meeting-unsuccessful/1619765.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India