Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

May 3, 2013

SSPP တပ်ဖွဲ့များအား အစိုးရ ဆက်လက် စစ်ဆင်

ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော် (ဓါတ်ပုံ SSPP)
အစိုးရ တပ်ဖွဲ့များသည် ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်တွင် ရှိသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်မဟာ (၃၈) ၏ လွယ်စေး စခန်းအား ယမာန်နေ့ ညနေပိုင်းတွင် ညနက်သည် အထိ ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု SSPP နိုင်ငံ ခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“၀င်ရောက် တိုက်တဲ့ပုံက ဒီလိုဗျ၊ အစိုးရ တပ်တွေက သူတို့ ပြည်သူ့စစ် အဖွဲ့တွေကို အရင် လွှတ်ပြီး လာတိုက်ခိုင်းတယ်။ သူတို့ ကတော့ အဲဒီ ပြည်သူ့စစ် တွေရဲ့ နောက်ကနေ ထပ်ချပ် မကွာ လိုက်လာတဲ့ နည်းကို သုံးတယ်ဗျ။ အဲဒီတော့ ပထမ ရင်ဆိုင်ခဲ့ ရတာက ဗိုလ်မိုး ပြည်သူ့စစ် အဖွဲ့၊ လောင်းလ ပြည်သူ့စစ် အဖွဲ့နဲ့ လားဟူ ပြည်သူ့စစ် အဖွဲ့တွေနဲ့ အရင် တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲ ကတော့ ည (၇) နာရီကနေ တညလုံး နီးပါး ဖြစ်ခဲ့တာပေါ့”ဟု ဆိုပါသည်။
ယင်းတိုက်ပွဲသည် တန့်ယန်း မြို့နယ် လွယ်စေး တောင်ကြော အောက်ခြေရှိ စိုင်ခေါင် ကျေးရွာနှင့် မတ်ပေါင်း ကျေးရွာကြား တွင် ညနက်သည် အထိ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ဤတိုက်ပွဲ၌အစိုးရတပ် အင်အား (၂၀၀) ခန့်နှင့် ပြည်သူ့စစ် အင်အား (၈၀) ခန့်တို့ ၀င်ရောက် တိုက်ခိုက် ခဲ့ပြီး ထိခိုက် ဒါဏ်ရာ ရရှိမှု အခြေအနေကိုမူ လောလောဆယ် မသိရှိရသေးပေ။
၄င်းနေရာမှ တိုက်ပွဲသည် ယနေ့ မေလ (၃) ရက်နေ့ မနက် (၅) နာရီ မိနစ် (၄၀) မှ နေ့လည် (၁၀) နာရီ အထိ ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ပြန်ပါသည်။အစိုးရ တပ်နှင့် ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့ တို့သည်၊ ညလုံးပေါက် တိုက်ပွဲ ဖြစ်ခဲ့ရာမှ ယနေ့ မနက်ပိုင်း လွယ်စေး တောင်ကျောရှိ SSPP ၏ အမှတ် (၃၈) တပ်မဟာ စခန်းကို ချဉ်းနင်း ၀င်ရောက် လာသဖြင့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။
ယခုကဲ့သို့ လွယ်စေး တောင်ကြော၌တိုက်ပွဲများ ပြင်းထန် လာနေခြင်းသည် ဤနေရာမှ ဆုတ်ခွာ ပေးရန် ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့က အစိုးရ တပ်ဖက်မှ တောင်းဆို ထားခဲ့ပြီး  SSPP မှ နောက်ဆုတ် ပေးမည် မဟုတ်ကြောင်း အကြောင်း ပြန်ကြား ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန် လာနေခြင်း ဖြစ်ပါသည်။
SSPP သည် အစိုးရနှင့် ထိပ်တိုက် မတိုးချင်သော်လည်း နောက်ဆုတ် ပေးရန် နေရာ မရှိတော့သည့် အတွက် ဆုတ်ပေးမှု ကို ငြင်းဆန် နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဤနေရာမှ ဆုတ်ခွာ ပေးခြင်း မရှိပါက နယ်မြေ စိုးမိုးရေး အတွက် အထက်အမိန့်အရ တိုက်ခိုက် ရမည်ဟု ထိုစဉ်က အတိအလင်း ပြောကြား ထားခဲ့ပါသည်။
အစိုးရသည် SSPP ကို တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့စစ် များကိုပါ အသုံးချ လာပါသည်။ ဤသည် SSPP နှင့် ဒေသခံများ အကြား ရန်တိုက်မှုကို ဖြစ်စေရန် အညိုးအတေး ဖြစ်လာရန် နှင့် သွေးခွဲရန် ဖန်တီးလာခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် ယခု တိုက်ပွဲတွင် အစိုးရ တပ်များသည် ဒေသခံ ပြည်သူ့စစ် အဖွဲ့များကို မိုင်းရှင်း ကိရိယာ အဖြစ် အသေခံခိုင်းခဲ့ သလို တိုက်ပွဲတွင် ဒေသခံ ပြည်သူ့စစ် များကသာ ထိခိုက် ကျဆုံးမှုများ နိုင်ဖွယ် ရှိနေပါသည်။ ဤသို့ကြောင့်  လူမျိုးကြား အမုန်းပွားမှုများ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု SSPP ပြောရေး ဆိုခွင့်ရှိသူ ကဆိုပါ သည်။
ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် အစိုးရ တို့သည်  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်ခဲ့ပါသည်။ သို့သော် အစိုးရ တပ်များမှ အကြောင်း အမျိုးမျိုးပြပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲပေါင်း တရာကျော် ဖြစ်ပွား ခဲ့ပါသည်။ အစိုးရသည် မည်သည့် အဖွဲ့ကိုမှ အပစ်အခတ် ရပ်စဲရေးဇုံ နယ်မြေ သတ်မှပေးခြင်း မရှိသဖြင့် တခြားအဖွဲ့များ နှင့်လည်း တိုက်ပွဲဖြစ်ပွားလျက် ရှိပေသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/274-sspp.html

ရှမ်းမြောက် တပ်နှင့် အစိုးရတပ် ညလုံးပေါက် တိုက်ပွဲဖြစ်

စံခလပူရီ (မဇ္စျိမ)။   ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် အတွင်းရှိ ရှမ်းပြည်တပ်မတော်
မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA က မဇ္စျိမကို ပြောသည်။

SSA-SSPP“မနေ့က ညနေ ၅ နာရီကနေ ဒီနေ့ မနက် ၉ နာရီထိ တိုက်ပွဲဖြစ်တယ်။ လွယ်စေး တောင်ကြော တလျှောက် ကျနော်တို့ တပ်တွေ ရှိတယ်။ သူတို့က အဲဒါကို သိမ်းချင်တယ်လေ။ အဲလို သဘောပါ” ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက
တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA က ဆိုသည်။

တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။

ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။

“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် ကိုစိုင်းလူ က ပြောသည်။

SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/11492-2013-05-03-12-58-10.html

RCSS တပ်ဖွဲ့ နယ်မြေ ထဲသို့ အစိုးရ တပ်ဖွဲ့များ တိတ်တဆိတ် ကျူးကျော်

RCSS အထူးတပ္မ်ား RCSS အထူးတပ္မ်ား (ဓါတ္ပုံ RCSS)


အစိုးရ တပ်ဖွဲ့ များသည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း ကြားခြင်း မရှိဘဲ တိတ်တဆိတ် ၀င်လာသည့် အတွက် မေလ (၁) ရက်နေ့ တွင် တနာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု RCSS မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
“ အစိုးရ နယ်မြေခံ တပ်တွေ ပေါ့ဗျာ၊ သူတို့က တောထဲ ၀င်လာတယ်။ ကျနော်တို့ နယ်မြေခံတပ်နဲ့ တစ်နာရီလောက်ကို တိုက်ပွဲ ဖြစ်ခဲ့တာပေါ့။ သူတို့က နယ်မြေ ရှင်းလင်းရေး ဆိုပြီး အကြောင်း မကြားဘဲနဲ့ အခုလိုမျိုးသာ ဆက်သွား နေမယ် ဆိုရင်တော့ တိုက်ပွဲတွေက ဆက်ဖြစ် နေဦးမှာဘဲ”ဟု ဆိုပါသည်။
တိုက်ပွဲသည် ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှ သံလွင်မြစ် ထဲရှိ တာပိန် ကူးတို့ဆိပ် အနီး၌ မေလ ၁ ရက်နေ့ မွန်းလွှဲ တစ်နာရီခန့်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ထိခိုက် ကျဆုံးမှု အခြေအနေ မသိရသေးပေ။
ယင်းကဲ့သို့ ကြိုတင် အကြောင်းမကြားဘဲ RCSS နယ်မြေထဲသို့ တိတ်တဆိတ် ၀င်ရောက် မှုကြောင့် တိုက်ပွဲဖြစ်ပွား ခဲ့ရခြင်းအပေါ် အစိုးရ တပ်ဖွဲ့၌ တာဝန် ရှိကြောင်း RCSS က သဘောထား ပါသည်။  နယ်မြေခံ အစိုးရတပ် ကလည်း မိမိတို့ ခွင့်ပြု ထားသော သစ်လုပ်ငန်းနှင့် ရွှေကျင် လုပ်ငန်းများကို သွားရောက် စစ်ဆေးရန် ရှိသဖြင့် စစ်ကြောင်း ဖွဲ့ပြီး ထိုနေရာသို့ သွားရောက် ရခြင်း ဖြစ်ကြောင်း အကြောင်းပြန် ခဲ့ရပါသည်။
ထိုကဲ့သို့ သွားရောက် စစ်ဆေး ခဲ့ရာမှ နယ်မြေ ရှင်းလင်းရေး အတွက် တာပိန် ကူးတို့ဆိပ် ပတ်ဝန်းကျင်သို့ ဆက်လက် လှုပ်ရှားခဲ့ရာက တိုက်ပွဲဖြစ်ပွား သွားရခြင်း ဖြစ်ကြောင်း RCSS အား အကြောင်း ပြန်ကြား ခဲ့သည်ဟု ဆိုပါသည်။
“ အစိုးရ ကတော့ သူတို့ကိုယ် သူတို့ နိုင်ငံရဲ့ မိဘ တွေပါလို့ သဘော ထားပြီး၊ ကျနော်တို့ကို ဟိုဟာ မလုပ်ရ၊ ဒီမှာ မနေရဆိုပြီး လိုက်ပြီးချုပ်ချယ် ဖိအား ပေးနေတာလေ။ ကျနော်တို့က သူတို့ သားသမီးတွေ မဟုတ်ဘူး။ ဒီနိုင်ငံကို ထူထောင်ခဲ့စဉ်က တိုင်းရင်းသား ညီအစ်ကိုတွေ အနေနဲ့ ပါလာခဲ့တဲ့ လူတွေပါ။ အဲဒါကြောင့် တန်းတူရေး ဆိုတဲ့ စကားကို ပြောနေရတာလေ။”ဟု ဗိုလ်မှူး စိုင်းလောက်ဆိုင် က ဆိုပါသည်။
RCSS သည် ရှမ်းပြည်နယ် အတွင်းရှိ သစ်တော၊ တွင်းထွက်နှင့် အခြား သယံဇာတများအား ရှမ်းပြည်သူ လူထု အကျိုးကို ရည်ရွယ်ပြီး ထိန်းသိမ်း ထားချင်သည်။ ဤသို့ကြောင့် ရှမ်းပြည်နယ် အတွင်း သယံဇာတ ကာကွယ် ထိန်းသိမ်းရေးအတွက် အချက် (၃) ချက် ပါသော ကြေညာချက် တစ်ရပ်ကို ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့ပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား အဖွဲ့တိုင်းကို အခြေခံ နယ်မြေ သတ်မှတ် ပေးထားခြင်း မရှိပေ။ အစိုးရသည် မတူညီသော တစ်ဖွဲ့ချင်းစီ၏ အခြေအနေများကို အသုံးချပြီး အမျိုးမျိုး ဂတိပေးခဲ့ပြီး အပစ်အခတ် ရပ်စဲခဲ့ပါသည်။ တိုင်းရင်းသား အဖွဲ့များဆီမှ အပစ်အခတ် ရပ်စဲရေးဂတိ ရပြီးသည်နှင့် ၄င်းတို့ ပေးထားတဲ့ ဂတိအတိုင်း လိုက်နာမှု မရှိတော့ပေ။
ဤနည်းအတိုင်း RCSS နှင့် အပစ်အခတ် ရပ်စဲရေး သဘော တူခဲ့စဉ်က အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် လက်ရှိ RCSS ရောက်ရှိနေသော နေရာများ၌ တပ်တည်ခွင့်ပြုသည်ဟု ဂတိ ပေးခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့ဖက်မှ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲပေါင်း (၅၀) ကျော် ဖြစ်ပွား ခဲ့ရသည့် အပြင် နယ်မြေ စိုးမိုးရေးနှင့် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး ပြသနာ များ၌ ယနေ့အထိ ပြသနာ ရှိနေဆဲဟု ဆိုပါသည်။
RCSS နှင့် အစိုးရ တို့သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲ လာခဲ့ပါသည်။ ဤကာလ အတွင်း၊ မူးရစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ခြင်းကို အတူ ဆောင်ရွက် နိုင်ခဲ့ပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/275-rcss.html

May 2, 2013

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU တို့ ကျင့်ဝတ်ကိစ္စများ ဆွေးနွေးမည်

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ကိစ္စကို  မေလဆန်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
နေရာနှင့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း မေလဆန်းပိုင်းတွင် ဆွေးနွေးမည်ဟု စီစဉ်ထားကြောင်း Myanmar Peace Center မှ ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီသို့ ပြောသည်။
KNU အဖွဲ့အစည်းအား အမြန်ဆုံးတွေ့ဆုံနိုင်ရန် ကြိုးစားဆောင်ရွက်နေပြီး ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့နှင့်လည်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
“KNU အဖွဲ့ကတော့ Code of Conduct နဲ့ ပတ်သက်ပြီး အသေးစိတ် ဆက်လက် ဆွေးနွေးမယ်လို့ သဘောတူထားတာ ရှိတယ်၊ အဲဒီ ကိစ္စကို ဆက်လက် ဆွေးနွေးမယ်” ဟု ဒေါက်တာ မင်းဇော်ဦးက ဆက်ပြောသည်။
တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်၍ နေရာနှင့် နေ့ရက်ကိုသာ ထပ်မံ ညှိနှိုင်းရမည်ဟု ၎င်းက ဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့ရှိ KNU ဆက်ဆံရေးမှ တာဝန်ရှိသူတဦး၏ အဆိုအရမူ တတိယ အပတ်ကျမှသာ တွေ့ဆုံနိုင်ဖွယ် ရှိကြောင်း သိရသည်။
၎င်းက “လောလောဆယ် လူကြီးတွေ မအားသေးဘူး၊ လူကြီးတွေတော့ ဆင်းလာတယ်၊ ဒါပေမယ့် ဒီကိစ္စ မဟုတ်ဘူး၊ နီပွန် ဖောင်းဒေးရှင်းက လူထုကို ဆန်ဝေပေးမယ့် ကိစ္စနဲ့ အခု ဘားအံမြို့နယ် ၀န်ကြီးချုပ် ရုံးကို သွားနေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်က ဘားအံမြို့တွင် KNU နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်တို့ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
အထက်ပါဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်ကိစ္စများ ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည့် အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ အပစ်အခတ် ရပ်စဲရေး ပိုမိုခိုင်မာစေရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်တို့ ပါ၀င်ကြောင်းလည်း သိရသည်။
KNU အဖွဲ့အစည်းအနေနှင့် ဆွေးနွေးရန် ရှိသည့် ကျင့်ဝတ်ကိစ္စတွင် မည့်သည့် အကြောင်းအရာများ ပါ၀င်သည်ကို မသိရှိရသော်လည်း အပိုဒ် ၁၁ ပိုဒ်နှင့် အချက် ၃၄ ချက်အပေါ် အခြေခံ၍ ဆွေးနွေးကြမည် ဖြစ်သည်။
ကရင် ဒုက္ခသည်များ ကော်မတီ (KRC) ကလည်း ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည် နေရာ ချထားရေး အတွက် KNU အဖွဲ့နှင့် အစိုးရအကြား စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်သည့် ကာလကို စောင့်မျှော် နေကြောင်း ဧပြီလ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧပြီလ ၂၅ ရက်နေ့က ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်၏ ဖိတ်ကြားချက်အရ KRC အဖွဲ့မှ ကိုယ်စားလှယ် တချို့တို့သည် ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် သွားရောက် ဆွေးနွေးခဲ့ရာမှ ရလဒ်အပေါ် ထုတ်ပြန်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ် အစိုးရက ဒုက္ခသည်များကို ပြည်တွင်သို့ အစမ်းသဘော (Pilot Project) အနေနှင့် အိမ်ခြေ ၅၀ ခန့် ပြန်လာစေလိုကြောင်း တင်ပြရာ KRC အဖွဲ့အနေနှင့် လက်မခံကြောင်း၊ နိုင်ငံတော် အစိုးရနှင့် KNU အဖွဲ့တို့ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိမှသာလျှင် အစုလိုက် တခါတည်း အပြီးအပိုင် ပြန်လာလိုကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပြီး ဒုတိယ အကြိမ်ကို ပြည်ထောင်စု အဆင့်တွေ့ဆုံဆွေးနွေးပွဲ အနေဖြင့် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေဖြင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ် များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ရာမှ စတင်၍ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/38708

တိုင်းရင်းသား ဒေသများ၌ အစိုးရ တပ်အင်အား တိုးချဲ ့နေဆဲ

မြန်မာပြည် တိုင်းရင်းသားများ မြန်မာပြည် တိုင်းရင်းသားများ ဓါတ်ပုံ - (အင်တာနက်)
အစိုးရ တပ်များသည် တိုင်းရင်းသား တပ်များ အပေါ်စစ်ရေး အပေါ်စီး ရရှိစေရန် အပစ်အခတ် ရပ်စဲ ထားသည်ဖြစ်စေ၊ မရပ် ခဲ့သည်ဖြစ်စေ တိုင်းရင်းသား ဒေသများသို့ စစ်တပ် အင်အား တိုးချဲ့ ချထား နေခဲ့ဖြစ်သည်ဟုနယ်စပ် စစ်ရေး အကဲခတ် များကဆိုပါသည်။
“ အစိုးရ ကတော့ သူတို့မှာ ရှိနေတဲ့ ကကကြည်းရဲ့့ အရန် အင်အား ထဲကတပ်မ အားလုံးကို လူမျိုးစု နယ်မြေထဲကို ပို့ထားပါတယ်။ တပ်လဲ စရာတောင် မကျန်တော့ဘူး။ တပ်မ (၇၇) နဲ့တပ်မ (၆၆) က လွဲလို့ပေါ့။ ဒါကို ကြည့်ရင် အပစ်အခတ် ရပ်ရေးမှာနေရာ ယူြပီး အပေါ်စီးကနေရဖို့ဖြစ်ပါတယ်။” ဟု ဦးအောင်ကျော်ဇော်က ဆိုပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နယ်မြေထဲတွင်၊ မူလက ရှိနေသော မြောက်ပိုင်းတိုင်း တပ်နှင့်တပ်မ (၉၉) တို့သည်အားလုံးပေါင်း (၄၇) ရင်းသာ ရှိကြောင်း KIO က ဆိုပါသည်။ သို့သော် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်းပေါင်း (၁၂၀)အထိတိုးလာခဲ့ပြီးနောက်ဆုံး လိုင်ဇာအပြီးသတ် တိုက်ပွဲ၌ တပ်ရင်း ပေါင်း (၁၅၀) အထိ ဖြစ်လာကြောင်း KIA အရှိများက ခန့်မှန်း ခဲ့ပါသည်။
လက်ရှိ အခြေအနေတွင် အစိုးရ တပ်ရင်း တရင်း၌ တပ်ဖွဲ့ အင်အား အများဆုံး (၂၀၀) ခန့်သာ ရှိကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။ ဤသို့ကြောင့် KIO နယ်မြေရှိ အစိုးရ တပ်အင်အားသည် (၃) သောင်းခန့် ဖြန့်ကျဲ ထားနိုင်ကြောင်း KIA အရာရှိများက ဆိုပါသည်။
တပ်ဖွဲ့ အမည်အရ ဆိုလျှင် KIO နယ်မြေထဲတွင် တပ်မ (၂၂) တပ်မ (၃၃) တပ်မ (၉၉) တပ်မ (၈၈) အပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာန ချုပ် (စကခ) ၇ အပါ၀င် စကခ (၃)မျှနှင့် မြောက်ပိုင်းတိုင်း တပ်များ လှုပ်ရှား နေသည်ဟု KIA မှ တွက်ဆ ထားပါသည်။
အလားတူ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဒေသဖြစ်သော ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင်၊ နမ့်ဆန်နှင့် နောင်ချိုြမို့နယ်တွင် မူလက တပ်ရင်း (၁၀) ရင်းသာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တပ်ရင်း (၆) ရင်းခန့် တိုးလာပြီး (၁၆) ရင်း ဖြစ်လာကာ အေပြီလ အကုန်တွင် (၂၅) ရင်း အထိ တိုးလာခဲ့သဖြင့် စုစုပေါင်း တပ်အင်အား (၄၀၀၀) ခန့် ရှိလာနိုင်သည်ဟု TNLA ပြောခွင့်ရှိသူ မိုင်ဖုန်းကျော်က ခန့်မှန်း ထားပါသည်။
TNLA နယ်မြေ၌ တိုးလာသော အစိုးရ တပ်ရင်းများမှာ အမှတ် (၁) စကခ တပ်မ ဌာနချုပ် တပ်ဖွဲ့နှင့် အမှတ် (၁၆) စကခ ဌာနချုပ် တပ်များ ဖြစ်ပါသည်။ တိုးလာသော ဤတပ်ဖွဲများသည် TNLA စခန်းရှိသော နေရာများတွင် စခန်းငယ်များ တည်ဆောက်ပြီး ပိုက်စိတ်တိုက် စစ်ဆင်သော နည်းဖြင့် ခပ်စိပ်စိပ် တိုက်ခိုက် လာခဲ့ပါသည်။ KIA နှင့်TNLA တို့ သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသဖြင့် တိုက်ခိုက်မှုများ ရှိနေမည်မှာ မလွဲပေ။
သို့သော် အပစ်အခတ် ရပ်စဲထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) သည် ရှမ်းပြည် မြောက်ပိုင်း ကွပ်ခိုင် ဒေသမှ ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး တန့်ယန်းြမို့နယ် အထိ လှုပ်ရှား နေပါသည်။ သံလွင် အရှေ ့ပိုင်းတွင် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) တပ်များက ၄င်းတို့အား ကျောထောက် နောက်ခံ ထားပါသည်။ 
ဤဒေသထဲတွင် မူလက အစိုးရ အရှေ့မြောက်ပိုင်း တပ်ဖွဲ့များနှင့် အရှေ့ အလယ်ပိုင်း တိုင်းတပ်ဖွဲ့များ ကသာ လှုပ်ရှား နေကြရာက ၂၀၁၂ ခုနှစ် စက်တင်ဘာလ လောက်တွင် SSPP ဌာနချုပ်ဖြစ်သော ၀မ်ဟိုင်း ဧရိယာထဲသို့ အင်အား (၁၅၀၀) ခန့် တိုးချဲ့ ချထား ခဲ့ပြီး တိုက်ခိုက် လာခဲ့ပါသည်။
အစိုးရ တပ်များသည် ၂၀၁၂ ခုနှစ် အကုန်ပိုင်းတွင် ရှမ်းပြည် အလယ်ပိုင်း မိုင်းရှူး ြမို့နယ်သို့ အင်အားများတိုး ချဲ့ ချထားလာပြီး အပစ်အခတ် ရပ်စဲ ထားစေကာမူ ထပ်မံ တိုက်ခိုက် လာပြန် ပါသည်။ ဒီဇင်ဘာလ အချိန်တွင် အစိုး ရတပ်ဖွဲ့များသည် KIA အားပြင်းထန်စွာ စစ်ဆင် လာခဲ့သဖြင့် SSPPနှင့် ဖြစ်သော တိုက်ပွဲများ ခေတ္တရပ်တန့် သွားစေ ခဲ့ပါသည်။
သို့သော် ၂၀၁၃ ခုနှစ် ဧပြီလတွင် အစိုးရ တပ်များသည် လွယ်လန်းတောင်ကျောအား သိမ်းပိုက်ရန် SSPP အား ဆုတ်ခွာ ခိုင်းပြန် ပါသည်။ SSPPမှ ဆုတ်ခွာပေးခြင်း မရှိသဖြင့် (၂) ပတ်ကျော်ကြာ တိုက်ပွဲဖြစ်လာ ခဲ့ပါ သည်။ ဤတောင်ကျောကို သိမ်းပိုက်ရန် အစိုးရသည် အင်အား (၄၀၀၀) နီးပါး တိုးချဲ့ ချထား လာခဲ့သည်။ ဤ တပ်ဖွဲ့များ၏ အများစုသည် စကခ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု SSPP ပြောခွင့်ရသူများက ဆိုပါသည်။
ဤသို့ကြောင့် SSPP နယ်မြေထဲ၌ အစိုးရ ဧည့်တပ်များ (၆၀၀၀)ခန့် တိုးလာနေသလို စစ်ကူများလည်း ထပ်မံပို့ ပေးနေဆဲဖြစ် ကြောင်းဆိုပါသည်။ လက်ရှိတွင် SSPP နယ်မြေ ထဲ၌ တိုင်းတပ်များ အပါ၀င် အစိုးရတပ်အင် အားစုစုပေါင်း တသောင်းနှစ်ထောင်ခန့် ရှိနေပြီးဖြစ်ကြောင်း ခန့်မှန်း ခဲ့ကြပါသည်။
အလားတူ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) နယ်မြေဖြစ်သော ရှမ်းပြည်တောင်ပိုင်း ကျိုင်းတုံ ခရိုင်နှင့် ထိုင်းနယ်စပ် တလျှောက်တွင်လည်း မူလက အရှေ့ပိုင်း တိုင်းတပ်နှင့် တြိဂံတိုင်းတပ်တို့သာ ရှိနေရာ က စကခဌာနချုပ် (၃) ခု တိုးလာခဲ့ပါသည်။ မူလကအင်အား တသောင်းကျော်ဖြင့် လှုပ်ရှားနေရာက လက်ရှိ တွင် အင်အားနှစ်သောင်းခွဲ အထိ တိုးလာခဲ့ပြီး တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ကာ အပစ်အခတ်ရပ် စဲခဲ့သော်လည်း တိုက်ပွဲပေါင်း (၅၀)ကျော်ဖြစ်ခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်လောဝ်ဆိုင်က ဆိုပါသည်။ 
ကရင် အမျိုးသား အစည်းအရုံး KNU နယ်မြေတွင်လည်း အစိုးရ စစ်အခြေခံ စခန်းပေါင်း (၃၀၀) ခန့် ရှိသည်ဟု KNU က ဆိုပါသည်။ ဤအထဲတွင် စခန်းပေါင်း တရာခန့် ဆုတ်ခွာပေးရန် အစိုးရအား KNU မှ တရားဝင် တောင်းဆို ခဲ့ပါသည်။ သို့သော် မဆုတ်ပေးသည့် အပြင် KNU တပ်မဟာ (၂) ဧရိယာနှင့် တပ်မဟာ (၅) ဧရိယာဖြစ်သော ကရင်ပြည်နယ် လှိုင်ဘွဲမြို့နယ်နှင့် သံတောင်မြို့နယ်ကြားတွင် ရှိသည့် အစိုးရ စစ်စခန်းများကို ခိုင်ခန့်စေရန် ပြင်ဆင် တည်ဆောက် လာခဲ့သလို တပ်အင်အားများပါ တိုးချဲ့ ချထား လာခဲ့သည်ဟု KNU တွဲဖက် အတွင်းရေးမှူးဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
ကရင်နီ တိုးတက်ရေး ပါတီ(KNPP) ဒေသတွင် အစိုးရက တပ်အင်အား အနည်းငယ် တိုးချဲ့ ချထား သော်လည်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားမှု မရှိသေးပေ။ မွန်ပြည်သစ် ပါတီ (NMSP) နယ်မြေတွင်မူ အစိုးရ တပ်များ တိုးချဲ့ ချထားမှု မရှိသေးသလို လှုပ်ရှားမှုလည်း မရှိသေးပေ။
အစိုးရ တပ်မတော်တွင် တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ ကကကြည်း၏ အရံ တပ်များမှာ တပ်မ ၁၁ မှ ၁၀၁ အထိ ရှိပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) သည် အမှတ် ၁ မှ ၂၁ အထိ ရှိသဖြင့် အားလုံးပေါင်း တပ်မ ၃၀ ကျော်ရှိနေပါသည်။ ဤတပ်ဖွဲ့များထဲမှ တပ်မ ၆၆ နှင့် တပ်မ ၇၇ တို့မှလွဲပြီး ကျန်တပ်မများ အားလုံး သည် တိုင်းရင်းသား နယ်မြေထဲသို့ နေရာယူ တပ်ဖြန့် ထားသည်ဟု တရုပ်ပြည်နယ်စပ် မှ စစ်ရေးအကဲ ခတ်ဖြစ်သူ ဦးအောင်ကျော်ဇောက ဆိုပါ သည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/272-2013-05-02-14-55-26.html

April 30, 2013

ပစ်ခတ်မှု ပဋိပက္ခကို DKBA နှင့် BGF တို့ဖြေရှင်း

DKBA ခေါင်းဆောင်တချို့ (ဓါတ်ပုံ DKBA) DKBA ခေါင်းဆောင်တချို့ (ဓါတ်ပုံ DKBA)
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA နှင့်နယ်ခြားစောင့်တပ် BGF တို့သည်ဖြစ်ပေါ်ခဲ့သောပစ်ခတ်မှု ပဋိပက္ခကို ဖြေရှင်းရန်ယနေ့ ညနေပိုင်းတွင်ကရင်ပြည်နယ်လှိုင်ပွဲြမို့နယ်ရှိြမိုင်ြကီးငူကျေးရွာ၌တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စန်းအောင ်က ဆိုပါသည်။
“ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကရင်အချင်းချင်းကြားမှာ စစ်ကို ရပ်တန့်စေချင်ြပီး အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေ ကို သွေးထွက်သံယို အဖြစ်ဆိုးနဲ့ အချင်းချင်း ပြန်သတ်ကြတာမျိုး မဖြစ်စေ ချင်တော့ဘူး။ ဒါကြောင့်တရားနည်း လမ်းကျကျနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီညနေမှာ တဖွဲ့နဲ့ တဖွဲ့ နုတ်ကတိဖြစ်ဖြစ်၊ စာချွန်လွာ ဖြစ်ဖြစ် လက်မှတ်ေရးထိုးကြမှာပါ” ဟု ဆိုပါသည်။
 ယင်းဆွေးနွေးပွဲသို့ DKBA မှ တပ်မဟာမှူး ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သော အဖွဲ့နှင့်နယ်ခြားစောင့်တပ်BGF မှဗိုလ်မှူးချစ်သူဦးဆောင်သော အဖွဲ့တို့က သွားရောက် ဆွေးနွေးကြပါမည်။ မည်သို့ သဘောတူညီကြမည်ကို မသိရ သေးသော်လည်း သဘောတူညီမှုများမှာ သေချာရရှိမည် ဖြစ်သည်ဟု ဆိုပါသည်။ သဘောတူ လက်မှတ် ရေးထိုးပွဲ၌ အစိုးရ ဖက်မှ ပါ၀င်ပတ်သက်ပါက DKBA အနေဖြင့် လက်ခံမည် မဟုတ်ဘဲ BGF အနေဖြင့်သာ လက်မှတ်ရေးထိုးရန် DKBA က လိုလား နေပါသည်။
DKBA နှင့် BGF တို့သည် ြပီးခဲ့သည့် ဧြပီလ 27 ရက်နေ့ညပိုင်းတွင်  DKBA ကလို့ထူးလား ဗျူဟာမှ ဗိုလ်မှူးြကီး စောဘိ လက်အောက်ခံ တပ်ဖွဲ့နှင့် နယ်မြေချင်း ထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် မနက်ပိုင်း အချိန်အထိ တိုက်ခိုက်ခဲ့ကြပါသည်။
ဤဖြစ်ရပ်ကြောင့် ြမိုင်ြကီးငူဒေသသည် စစ်မဲ့ဇုံအဖြစ် ထားရှိရန် DKBA က လိုလားနေသည်ဟု ဆိုပါသည်။ သို့သော် BGF ဖက်ကမူ အစိုးရ၏ ဆန္ဒပါ၀င် နေမှုကြောင့် မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း DKBA ဖက်က၀န်ခံထားပါသည်။အကောင်းဆုံးမှာ BGF ၏ ဆန္ဒအတိုင်းဖြစ်ရန်လိုအပ်သည်ဟု DKBA ဖက်ကဆိုပါသည်။
သို့သော်လက်တွေ့အခြေအနေတွင်DKBA နှင့် BGF တပ်များအကြား ပဋိပက္ခကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း အပါ၀င် ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီတို့လည်း ညှိနှိုင်းပေး ခဲ့ပါသည်။
BGF တပ်ဖွဲ့သည် အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ ့ဖြစ်သဖြင့် အစိုးရအား လွန်ဆန်နိုင်မည် မဟုတ်ပေ။ အစိုးရသည် ကရင်တပ်ဖွဲ့အချင်းချင်း သင့်မြတ်မှုကို လိုလားလိမ့်မည် မဟုတ်ဘဲ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား လိုအပ်သလို အသုံးချ သွား လိမ့်မည်ဟု ယုံကြည်ကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။
 “
ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။  တပ်မှာလည်းအစိုးရ တပ်ရင်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ရှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။  အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို  ြငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူး” ဟု ဗိုလ်မှူးြကီးစန်းအောင် ကဆိုပါသည်။
အလားတူ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း သွေးစည်းရေးအတွက် ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တုန်းကလည်း ဖါးအံြမို့တွင် ပထမအြကိမ် ကရင်ရေးရာ အစည်းအဝေးပွဲ တရပ်ကျင်းပြပီး ကော်မီတီတရပ် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ ကရင် လူမျိုးထဲတွင် လက်နက်ကိုင်အဖွဲ့စည်း (၅) ဖွဲ့ ရှိနေပါသည်။ ၄င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) ၊အစိုးရနယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် ကရင်ငြိမ်း ချမ်းရေး တပ်ဖွဲ့ (KPF) အဖွဲ့တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်မှ စပြီး ဆင်နွဲသည်မှာ နှစ်ပေါင်း 60 ကျော်ခဲ့ပြီးဖြစ်သည်။ DKBA သည် လည်း 1994 ခုနှစ်မှ ယနေ့ ငြိမ်းချမ်းရေး ကာလအထိ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ပါသည်။ ပြည်တွင်း စစ်သည် ဒီမိုကရေစီ ရရှိရေးနှင့် တိုင်းရင်းသား အခွင့်အရေးများကြောင့် ကြာရှည်နေရကြောင်း ဆိုပါသည်။ ဤပြသနာကို အစိုးရမှ မှန်ကန် သောနည်းလမ်းဖြင့် မဖြေရှင်းဘဲ မလိမ့်တပတ်နည်းဖြင့် ဖြေရှင်းလာခဲ့သောကြောင့် လူပေါင်းများစွာ အသက်စတေး ခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ မိမိ နေရပ် ကို စွန့်ခွါခဲ့ကြရပြီး ဒုက္ခသည်ဘဝ သို့ ရောက်ခဲ့ကြ သည်မှာလည်း မရေတွက်နိုင်အောင် ဖြစ်ပါသည်။
ထိုအခြေနေများသို့ ပြန်လည်မရောက်ရှိစေရန် ယနေ့ ြငိမ်းချမ်းေရးကာလတွင်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွား စေရန် ကရင်ပြည်သူများက အစည်းအဝေးအြကိမ် ကြိမ်ကျင်းပြပီး တောင်းဆိုလျှက် ရှိကြောင်း ဆိုပါသည်။


http://www.phophtawnews.org/burmese/index.php/news/internal-news/item/263-dkba-bgf.html

SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ

SSPP တပ်ဖွဲ့များ SSPP တပ်ဖွဲ့များ (ဓါတ်ပုံ - အင်တာနက်)
အစိုးရ တပ်များသည် ရှမ်းပြည် အရှေ့ မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြား၌ အခြေချ နေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ SSPP/SSA အား လွယ်လန်း တောင်ကြောကနေ ဆုတ်ပေးရန် စစ်ရေး အရ ဆက်လက် ဖိအားပေးလျက် ရှိကြောင်း SSPP/SSA နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ အဲဒီ တန့်ယန်း မြို့နယ်နဲ့ မိုင်းရှုုး မြို့နယ် အကြားက လွယ်လန်း၊ လွယ်စေး၊ လွယ်ခေါက်၊ လွယ်ချို ဘက်ကို အစိုးရ စစ်တပ် အင်အား ၂၀၀၀ ခန့် တိုးချဲ့ လာတယ်။ အဲတာကြောင့် ကျနော်တို့ ဘက်ကလဲ ပြန်ခုခံ တိုက်ခိုက်ဖို့ စစ်အင်အားတွေ ပြန် ဖြည့် ထားတော့ ရှိတယ်။ အဲတာကြောင့် တိုက်ပွဲ မဖြစ်သေး ပေမဲ့ နှစ်ဖက် စစ်ရေး အခြေအနေက တင်းမာနေဆဲပါ။” ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များသည် အဆိုပါ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြားရှိ SSPP/SSA တပ်စခန်းများ ထိုနေရာများမှ ဆုတ်ခွာပေးရန်  ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စတင် တိုက်ခိုက် ခဲ့သည်။ သို့သော် SSPP သည် ထိုနေရာမှ မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ထား သည်ဟု ပြောခွင့်ရသူဗိုလ်မှူး စိုင်းလ က ဆိုပါ သည်။ 
လွယ်လန်း တောင်ကြောသည် စစ်ရေး အရ အရေးပါသော နေရာ ဖြစ်ပါသည်။ ဤနေရာမှ ဆုတ်ခွာ ပေးပါက SSPP အပါ၀င် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) လည်း တိုက်ခိုက် ခံရဖွယ် ရှိနေပါသည်။ SSPP နှင့် UWSA တို့သည် စစ်ရေး မဟာမိတ်များ ဖြစ်သည်နှင့် အညီ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရှိနေသည်ဟု ပြောခွင့် ရသူက ဆိုပါသည်။
SSPP သည် ဤပြသနာကိုပြေလည် စေရန် ကြိုးပမ်းသည့် အနေဖြင့် ြပီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် အရာရှိ (၃) ဦးကို စေလွှတ်ပြီး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးထံ သွားရောက် ညှိနှိုင်း စေခဲ့သော်လည် ပြေလည်မှုများမရရှိဘဲ တိုက်ပွဲ များသာ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
ဗိုလ်မှူးချုပ် အောင်စိုးသည်  ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်းမြို့နယ် နှင့်မိုင်းရှုုးမြို့နယ် အကြားရှိှ SSPP တပ်ဖွဲ့ များရုတ်သိမ်း ပေးရန် တောင်းဆို ခဲ့ပြီး မရုတ်သိမ်း ပေးပါက အထက် အမိန့်အရ နယ်မြေစိုးမိုးရန် အတွက် တိုက်ခိုက် ရမည် ဖြစ်ကြောင်း ပြောသွား ခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် မတ်လ ၂၇ ရက်နေ့တွင် SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ ထိပ်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပါသည်။ ဤကဲ့သို့ အားစမ်း ပွဲများ တိုက်ခိုက်ခဲ့ပြီး အစိုးရ တပ်ဖွဲ့ များသည် မူလ တပ်စွဲထားသော တပ်များနှင့် မလုံ လောက်တော့ သဖြင့် အင်အား တိုးရန် ဖြစ်လာခဲ့သည်ဟု SSPP က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် အင်အား တိုးရန် အချိန်ယူ ရမည်ဖြစ်သဖြင့် SSPP နှင့် တိုက်ပွဲများ လျှော့ချရန်  ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်း ရေး အဖွဲ့ဝင်တို့ နှင့် ရှမ်းပြည်နယ်၊ လာရှိုုးမြို့၌  ထပ်မံ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပြန်ပါသည်။
ဤကဲ့သို့ အစိုးရ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး သမ္မတထံ စာရေး တင်ပြ ခဲ့သော်လည်း ထူးခြားမှု မရှိသည့် အပြင်  ဧပြီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့များသည် ယင်း ဒေသ တဝိုက်ရှိ ကျေးရွာ များကို လက်နက်ြကီး များဖြင့် စတင်ပစ်ခတ် ခဲ့ပြန်ပါသည်။ ဤသည် စစ်အင်အား တိုးချဲ့ရန် အချိန်ယူခဲ့သည့် နည်းဗျူဟာ တရပ်သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
ဤသို့သော အခြေအနေကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA တို့သည် ပူးတွဲပြီး တိုက်ခိုက် နေခြင်းမှ ရပ်တန့်ပေးရန် အစိုးရအား တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
အစိုးရ တပ်များသည် SSPP ကို စစ်ဆင်ရန် အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း တပ်များအပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်များပါ စုဖွဲ့နေကြကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။ ထို့အပြင် အစိုးရသည် SSPP အပြင် UWSA နှင့် မိုင်းလား အဖွဲ့များကိုလည်း စစ်ဆင် သွားမည်ဟု သုံးသပ်ပါသည်။
အစိုးရသည် ဤတပ်ဖွဲ့များကို စစ်ဆင်ရန် လေကြောင်း အကူကို အဓိက အသုံးပြုမည်ဟု တွက်ဆကြသဖြင့် UWSA လည်း စစ်ရဟပ်ယာဉ်နှင့် လေယာဉ်ပစ်ဒုံးများ ဖြန့်ကျက် ထားသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သတင်း ရပ်ကွက်က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် SSPP အား အင်အား (၅၀၀၀) ခန့် ဖြင့် စုစည်း တိုက်ခိုက် နေသည်ဟု ခန့်မှန်း နေကြပြီး ဤအရေ အတွက်ဖြင့် SSPP နှင့် UWSA အား ရင်ဆိုင် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ဆိုကြပါသည်။ SSPP သည် အင်အားတ သောင်းကျော် ရှိပြီး UWSA သည် ယခင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏ တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ပါသည်။ အင်အားသောင်းနှင့် ချီသော စစ်ဆင်ရေးကို ရင်ဆိုင် ခဲ့ဘူးသလို လွတ်မြောက် ဒေသကို ကာကွယ်နိုင်သော တပ်ဖွဲ့များ ဖြစ်ခဲ့ပါသည်။  UWSA သည် အမြဲတမ်း တပ်အင်အား (၃) သောင်းကျော် ရှိပြီး လက်ရွေးစဉ် ပြည်သူ့စစ် အင်အား (၂) သောင်းကျော်နှင့် အရန်တပ် အင်အား (၂) သောင်းကျော် ရှိသည်ဟု စစ်ရေး အကဲခတ် များ က ခန့်မှန်း ထားပါသည်။
လေယာဉ်ပစ် အမြောက်များ အပြင် စစ်ရဟတ်ယာဉ်များနှင့် အထူး လေ့ကျင့် ထားသော တပ်ဖွဲ့များ ရှိကြောင်း ဆိုပါသည်။ အစိုးရ တပ်များသည် KIA အား နှစ်နှစ်ခန့် တိုက်ခိုက် ခဲ့သော်လည်း ထိရောက်မှု မရှိသည့် အပြင် နိုင်ငံရေး အရ ဆုံးရှံူး မှုရှိသည်ဟု သုံးသပ်ကြပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို အကြောင်း ပြနေသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် လိုဟန် မရှိ ကြောင်း လိမ်လည်မှုများက ထင်ရှား လာပါသည်။ ဤသို့ကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ်တို့ အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ခြင်းက သက်သေဖြစ် ခဲ့ပါသည်။
ဤအခြေအနေ များကြောင့် ရယူထားသည့်အပစ်အခတ် ရပ်စဲရေး ပျက်ပြယ် သွားပါက အစိုးရ အပေါ်၌သာ တာဝန်ရှိ ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အစိုးရကသာ ဖျက်ဆီး နေသည်ကို ထင်ရှားစွာ တွေ့မြင် နေရကြောင်း ဗိုလ်မှူးကြီး ဖိန်ဖက ပြောပါသည်။

http://www.phophtawnews.org/burmese/index.php/news/internal-news/item/265-sspp.html

လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်

ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်) ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်)
အစိုးရတပ်ဖွဲ့တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်ဒေသ ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်စိမ်းတူး နေကြသူများကို လိုက်လံ ပစ်ခတ်သည့် နည်းဖြင့် မောင်းထုတ်လျှက် ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
“ပစ်ခတ်ပြီး လိုက်လံ မောင်းနှင်းနေခဲ့တာ ကနေ့ အထိပါ။ တကယ်တော့ ကျနော်တို့ အခြေခံထားတဲ့ မြေနေရာကိုက စိုက်ပျိုးရေးနဲ့ အသက်မွေးလို့ မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ ဒီ ကျောက်စိမ်းမှော်တွေကို အားကိုးပြီး အသက်ရှင် နေကြတဲ့ သူတွေပါ။ ဒါကို အစိုးရတပ်ဖွဲ့တွေက လာလာပြီး ပစ်ခတ်နေတယ်ဆိုတော့ ဘာနဲ့စားရတော့မှာလဲ” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းမှော် တူးသူများကို တားဆီးပိတ်ပင်ခဲ့ သည်ဟု ဒေသခံက ဆိုပါသည်။ ဤသို့ကြောင့် ဒေသခံ ကချင်ပြည်သူ များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေမျိုး ထပ်မ ံချုပ်ချယ်ခြင်း ခံနေရကြောင်း ဆိုပါသည်။
အစိုးရ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ အင်းအား (၄၀၀) ခန့်သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် ဤဖားကန့်ဒေသသို့ စစ်ဆင် လာခဲ့ပါသည်။ ဇန္နာဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ခြေချ တပ်စွဲထားသည့် KIA တပ်မဟာ ၂ လက်အောက်ခ၊ံ အမှတ် ၆ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤအချိန်မှစပြီး ဒေသခံကျေးရွာများကို တအိမ်တက်ဆင်း ပစ္စည်းများ လိုက်လံ သိမ်းယူနေပြီး လူများကို လည်း သွားလာခွင့် ပိတ်ပင်ခဲ့ပါသည်။
“အစိုးရတပ်တွေက  KIA တပ်ရင်း ၆ ကို သိမ်းပြီးတာနဲ့ ဖာ့ကန်းဒေသက ကျေးရွာတွေကို ဗိုလ်ကျ အုပ်ချုပ်လာတော့ တာ ပါဘဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ KIA ကို တိုက်တုန်းကတော့ လူထုကို စစ်ရေးနဲ့နှိပ်ကွပ်တယ်။  အခုလို အချိန် မျိုးကျပြန်တော့လည်း လူထုကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေနဲ့ ချုပ်ချယ်ပြန်တယ်လေ။  ဒီ ဖားကန့်မြို့ လုံးခင်း ဒေသဆိုရင် လူတွေဟာ ကျောက်စိမ်းမှော်တွေနဲ့ဘဲ အသက်မွေးကြရတယ်လေ။ ဒါကိုပိတ်လိုက်ရင် ကျနော်တို့ကို သတ် ပစ်လိုက်တာနဲ့ အတူတူပါဘဲဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူးသမား တစ်ဦးက ဆိုပါသည်။
ဖားကန့်မြို့နယ် လုံးခင်းဒေသည် မိုးခေါင် ရေရှားပြီး ခြောက်သွေ့သော ဒေသ ဖြစ်သောကြောင့် တောင်ယာခုတ် ပြီး စပါး စိုက်ပျိုး၍ မရသည့် ဒေသဖြစ်ပါသည်။ ယင်းသို့ကြောင်း ဒေသခံပြည်သူများက ကျောက်စိမ်းများ ထွက်ရှိနေကြသည့် ကျောက်စိမ်းမှော် များကို မှီခို လုပ်ကိုင်စားသောက် နေရကြောင်း ဆိုပါသည်။
ဒေသခံများသည် ကျောက်စိမ်းမှော်များကို တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် ကြိုးစား အားထုတ်သာ်လည်း အစိုးရ၏ စစ်ရေးစီမံချက်နှင့် အုပ်ချုပ်ရေးစီမံချက်ကြောင့် အဟန့်အတားဖြစ်နေကြောင်း ဆိုပါသည်။
“တရားဝင် လုပ်ခွင့်ရရှိဖို့ကလဲ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်နယ် ဝန်ကြီးလား၊ သူကဆိုရင် ရုပ်သေး ဝန်ကြီးပါခင်ဗျ။ မှော်တွေကို လိုက်ပိတ်နေတဲ့ ဒေသခံလှုပ်ရှားတပ်တွေမှာ ခွင့်တောင်းပြန်တော့လဲ ခဏခဏ တပ်ပြောင်းနေတော့ ပေးရတဲ့ အခွန်ဆောင်ခနဲ့ မတတ်နိုင်ပြန်ဘူး။ အသစ်ပြောင်းလာတိုင်း အခွန်သစ်တွေ ပြန်ဆောင်နေရရင်တော့ ဘယ်တတ်နိုင်မှာလဲ ဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူး သမားက ပြောကြား သွားပါသည်။
ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းတွေ ခက်ခဲနေတဲ့ အချိန်တွင် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ သွားသည့် ကားလမ်းပိုင်းကိုလည်း  အစိုးရဖက်မှ အဖွဲ့ပေါင်းစုံ ဂိတ် ၄ နေရာခန့် ထပ်မံတိုးချဲ့ပြီး  ဖြတ်သန်းခများ သက်သေခံ ဖြတ်ပိုင်း မဲ့ ကောက်ခံနေသည်ဟု ကုန်သည် တစ်ဦးက ပြောပါသည်။
“ကားမိုင်းကျေးရွာ အဝင်မှာ တနေရာ၊ မအူပြင်မှာ တနေရာ၊ ကျားဟိုမှာ တနေရာနဲ့ ကျောက်ခြာမှာ တနေရာ  ဂိတ် သစ် တွေ ဖွင့်ထားပြီးတော့ နေ့တိုင်း ဝင်ထွက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ ကုန်ပစ္စည်းတွေ လူတွေကို မလွတ်တမ်း ကောက် တယ်ဆိုတော့ ကုန်စျေးနှုုံးကလဲ တအားတက်လာတယ်။” ဟု ဆိုပါသည်။
ဂိတ်တပ်ဖွဲ့ဝင်များသည် အသွားအပြန် တခေါက်စာအတွက် ကားတစ်စီးကို ကျပ်တစ်သောင်းပေးရပြီး၊ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၅၀၀၀၊  လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဖြင့် နေ့စဉ် ကောက်ခံနေပါသည်။ အထူးသဖြင့် ဒေသခံမှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းများကိုတွေ့ရှိပါက ဖမ်းဆီးသည့်အပြင် သိမ်းဆည်းသွားလေ့ ရှိကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုသွားပါသည်။
ဤသည် KIA လှုပ်ရှားမှုအား ထိမ်းသိမ်းရန်အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို  အသုံးပြုပြီး ဖါးကန့်လုံခင်း မှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်ရေးအကဲ ခတ်များက ဆိုပါသည်။ သဘောမှာ လူထုများ၌စားဝတ်နေရေးနှင့် သွားလာရေးတွင် အခက်အခဲဖြစ်နေပါက KIA အား ပြန်လည်ထောက်ပံ့မှု မပေးနိုင်တော့သည့် အခြေအနေဖြစ်လာရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။  

http://www.phophtawnews.org/burmese/index.php/news/internal-news/item/261-kia.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India