July 30, 2012

ထာဝရ တည်တ့ံသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အထူး ဆုတောင်း ပေးကြရန် ချင်းပြည်သူထံ CNF ပန်ကြား

မြန်မာနိုင်ငံအတွင်း အနှစ် ၆၀ ကျော်ဖြစ်ပွားသည့် ပြည်တွင်းစစ် အဆုံးသတ်ပြီး ထာဝရ တည်တ့ံသည့် ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦးက ပြည်တွင်းပြည်ပရှိ ချင်းပြည်သူ အားလုံးထံ မိမိတို့ ကိုးကွယ်သည့် ဘာ သာအလိုက် အထူး ဆုတောင်းပေးကြရန် မနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က  ပန်ကြားထားသည်။
DSC00054

“ ကျတော်က အသင်းတော်အနေနဲ့ မဟုတ်ပေမဲ့  နှစ်ဖက် သင့်မြတ်ရေးအတွက် ညတိုင်း ဆုတောင်း ပါတယ်” ဟု ပြည် တွင်း အခြေစိုက် Gospel Baptist Church pastor တဦးက ပြောသည်။

ချင်းအမျိုးသားတပ်ဦး ( CNF ) ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ် အစိုးရငြိမ်း ချမ်းရေးကိုယ် စားလှယ် တို့သည် လာမည့် ဇန္နဝါရီလ ၅ – ၆ ရက်နေ့တွင်း မြို့တော်ဟားခါး၌  ငြိမ်းချမ်းရေးအတွက် ပဏာမ တွေ့ဆု ံကြမည်ဖြစ်သည်။

ပန်ကြားလွှာတွင် အထူးဆုတောင်းမည့် နေ့ရက်အချိန်သည် ၂၀၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့မှ  ရ ရက်အကြား တပတ် တိတိဖြစ်မည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်တွင် နှစ်ဖက် တွေ့ဆုံမည့် သတင်းသိသိချင်း ပြည်တွင်းပြည်ပ ချင်းခရစ်ယာန်အသင်းတော်များသည် အစုလိုက် ဆုတောင်းနေကြပြီဟုလည်း ပြောကြ သည်။

“ငြိမ်းချမ်းရေးဆိုတာ ဘုရားကြိုက်တဲ့အလုပ်ပါ၊ ရန်ကို ရန်ချင်းမတုံ့နှင်းပဲ ငြိမ်းချမ်းရေးလက်နဲ့ အချင်းချင်း ကမ်းလင့် နိုင်ကြစေကြောင်း ဆန္ဒပြုပါတယ်” ဟု မီဇိုရမ်အခြေစိုက် ချင်း ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။

ထို့အပြင် တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မီဇိုလူမျိုး ခရစ်ယာန် အသင်းတော်သို့လည်း အထူး ဆုတောင်းပေးကြရန် တဆက်တည်းပန်ကြားထားကြောင်းလည်း ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ချင်းအမျိုးသားတပ်ဦး၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာရွှေခါးမှ ဦးဆောင်သွားမှာဖြစ်ပြီး ပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ကို နယ်စပ်ဒေသလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက ဦးဆောင်သွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။

စီအဲန်အက်ဖ်သည် ၂၀၀၇ ခုနှစ် မတ်လ အတွင်း နအဖ အစိုးရနှင့် တွေ့ ဆုံစဉ်တွင်လည်း ချင်းပြည်သူ အားလုံးထံ မိမိတို့ ကိုးကွယ်သည့် ဘာသာအလိုက် ဆုတောင်းပေးကြရန် မေတ္တာ ရပ်ခံခဲ့သည်။

http://burmese.bnionline.net/index.php/news/khonumthung/9408---------cnf-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India