Showing posts with label မွန်. Show all posts
Showing posts with label မွန်. Show all posts

March 25, 2013

ပြည်နယ်များရဲ့ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ အကြောင်းရှင်းလင်း

4
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက
ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတင်ပြပွဲ တစ်ခု ကျင်းပပြုလုပ်နေတာပါ။
ဒီရှင်းလင်းပွဲမှာ ပြည်နယ်တွေမှာ ဒေသခံတွေရဲ့ ပညာရေး ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေမှု ၊ မွန်ပြည်နယ် ကျိုက်ထိုအတွင်းရှိ ရွှေသတ္ထုတူးဖော်
သန့်စင်ရာမှာ စွန့်ပစ်ရေဆိုးများကြောင့် ကျန်းမာရေးအခတ်အခဲ ရှိနေမှုတွေကို ဒေသခံ ၁၀ ဦးက ကိုယ်စီရှင်းလင်းတင်ပြခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၁၉၉၅ ခုနှစ်မှာ စစ်တပ်က လယ်ယာမြေတွေကို မတရားသိမ်းယူပြီး ဒေသခံလယ်သမားတွေအတွက် ယနေ့အချိန်အထိ
သင့်တော်တဲ့လျှော်ကြေး ပေးတာမျိုးမရှိခဲ့တဲ့အပြင် အခုလည်းတစ်ခါထပ်ပြီး လယ်ယာမြေတွေကို မတရားသိမ်းယူနေရတယ်လို့သိရပါတယ်။
ဒီရှင်းလင်းပွဲကို Youth Development Network ကဦးဆောင် စီစဉ်ပေးတာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ ကရင်ပြည်နယ် မွန်ပြည်နယ်တွေကို သွားရောက်ရာကနေ
သိရှိလာတဲ့ ဒေသခံတွေရဲ့ အခတ်အခဲတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သိရှိစေဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။
အခုပြုလုပ်တဲ့ ရှင်းလင်းပွဲကို သတင်းမီဒီယာတွေ စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀ ကျော်တက်ရောက် ခဲ့ကြပါတယ်။

http://www.burmavjmedia.net/?p=20111

<iframe width="420" height="315" src="http://www.youtube.com/embed/xSFO3ALbxtE" frameborder="0" allowfullscreen></iframe>

January 1, 2013

ရေးမြို့နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့ လောင်းကစားဝိုင်းဖွင့်ပြီးစီးပွားရှာနေ

မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာအခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ နယ်ခြားစောင်တပ်ဖွဲ့(တပ်ခွဲရုံး)က လောင်းကစားဝိုင်းများဖွင့်လှစ်ကာ စီးပွားရှာနေကြသည်ဟု ဒေသခံများ ပြောကြားချက်အရ သိရသည်။
ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
ရေးမြို့နယ်မှ လောင်းကစားဝိုင်း(IMNA)
နှင်းစုံရွာတွင် ကြက်ဝိုင်းမှအစ ဖဲဝိုင်း၊ အနီထောင်၊ အန်ဂလုံကစားနည်းမျိုးစုံမှ နယ်ခြားစောင့်တပ်ဖွဲ့က အကောက်ကြေးငွေကောက်ခံရယူပြီး လုံခြုံရေးစောင့်ရှောက်ပေးကာ လောင်းကစားဝိုင်းများ နေ့ညဖွင့်လှစ်ခွင့်ပြု ထားခြင်း ဖြစ်သည်။ မော့ကနင်ရွာမှ အနီထောင်ဒိုင်တစ်ဦးက “အနီးအနားပတ်ဝန်းကျင်တဝိုက် လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ဘုံ၊ အာရုတောင်ရွာတွေက ကစားသမားတွေစုံလို့ပါပဲ၊ ဘုရားပွဲလိုပဲ သိပ်ကိုစည်ကား နေတာ” ဟု ပြောသည်။
ယခု-နတ္တော်လတွင် ဒေသတွင်းဘုရားပွဲတော်များမရှိသည့်ကာလဖြစ်သည့်အတွက် နှင်းစုံရွာသည် လောင်းကစားဒိုင်များ အလုပ်စခန်းဖြစ်ရာနေရာဟုလည်း သူကဆက်ပြောသည်။
လောင်းကစားဝိုင်းအကောက်ငွေ တစ်နေ့လျှင် ပျမ်းမျှဝင်ငွေ ၁၅ သိန်းကျပ်ဝန်းကျင်ရရှိနေသည်ဟုလည်း နှင်းစုံရွာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးနှင့် နီးစပ်သူတစ်ဦးပြောကြားချက်အရ သိရသည်။
“နှင်းစုံရွာလောင်းကစားဝိုင်းတွေမှာ မြင်းဆေးတွေကိုလည်း ဝယ်လို့ရတယ်၊ သူ့အဆက်အသွယ်နဲ့သူပေါ့၊ တခြားမှာဝယ်ရင် ရဲတို့ကိုသတိထားနေရတယ်” ဟု လမိုင်းမြို့ခံ လူငယ်တစ်ဦးက ပြောသည်။
မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ လူငယ်အတော်များများသည် မူးယစ်စိတ်ကြွဆေးဝါးဖြစ်သည့် ရာဘ(ခေါ်) မြင်းဆေးအပြင် ဘိန်းစာရွက်များကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ကိုလေ့လာတွေ့ရှိရသဖြင့် မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိနေရသည်။
မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးတပ်ဖွဲ့ အရာရှိတစ်ဦးက “မူးယစ်ဆေးဖြန့်တဲ့နေရာတွေဟာ လောင်းကစားဝိုင်းတွေရှိတဲ့နေရာတိုင်းလိုလိုမှာ ဖြစ်နေတယ်၊ သံဖြူဇရပ်မြို့နယ်က လောင်းကစားဝိုင်း၊ ကော့ဘိန်း ကော့ပေါက်က လောင်းကစားဝိုင်းတွေမှာ အလားတူဖြစ်ပေါ်နေတယ်” ဟု ပြောသည်။
လက်နက်ချအလင်းဝင်အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့အချို့သည် ၄င်းတို့ရပ်တည်နိုင်ရေးအတွက် လောင်းကစားဝိုင်းဖွင့်လှစ်ကာ တဖက်တလမ်းမှရံပုံငွေရှာဖွေနေကြသည်ဟု ၎င်းက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပေါ်လာပြီး လက်နက်ချအလင်းဝင်များလည်း အဖွဲ့အစည်းကဲ့သို့ရပ်တည်ပြီး ဒေသတွင်းလက်နက်များကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိနေရသည်။

http://burmese.monnews.org/?p=6082

December 31, 2012

စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆို


စစ်တပ် အားကောင်းအောင် မွမ်းမံ မည်ဟု MNLA ဒု - စစ်ဦးစီး ချုပ်ဆိုမွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ လျော့ရဲ နေသည့် တပ်ဘက် ဆိုင်ရာ များကို ပြန်လည် သုံးသပ် ထားပြီး အားနည်းချက် များကို ပြင်ဆင် သွားမည် ဖြစ်ကာ တပ်ဘက် ဆိုင်ရာ ပိုမို ခိုင်မာ အားကောင်း စေရန် ပြုလုပ် သွားမည်ဟု တပ်မှူးများ ညီလာခံ အပြီး၌ ဒု-စစ်ဦးစီးချုပ်မှ ရွှေဟင်္သာ သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။
“လက်ရှိ တပ်တွင်းများ ကျင့်သုံးနေတဲ့ ထဲက လျော့ရဲ နေတဲ့ အချက်တွေ ပြန်သုံးသပ် ထားတယ်၊ ပြင်ဆင် နိုင်အောင် ဆောင်ရွက် သွားမယ်၊ နောက် အရွယ် ရောက်တဲ့ သူတွေ အားလုံးပေါ့ သူတို့ ဆန္ဒ ရှိရင် စစ်ပညာ သင်ပေးဖို့ အစီ အစဉ် ရှိပါတယ်။ ကျွှန်တော်တို့ တပ်ကို ပိုမို အားကောင်း ခိုင်မာ လာအောင် ပြုလုပ် သွားပါ့မယ်” ဟု မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းမှ ပြောသည်။
စစ်ပညာအား သင်ကြား ပေးခြင်းမှာ မိမိကိုယ်အား ကာကွယ် နိုင်ရန်နှင့် မွန်အမျိုးသား လွတ်မြောက် ရေး၌ ကျရာ အခန်း ကဏ္ဍ၌ ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဆန္ဒ ရှိသည့် အရွယ် ရောက်သူ များအား အခမဲ့ သင်ကြား ပေးနိုင်ရန် အတွက် ရည်ရွယ် ထားကြောင်းလည်း ၄င်းမှ ပြောသည်။
မွန်ပြည်သစ် ပါတီမှ ဖွင့်လှစ် သင်ကြား ပေးနေသည့် စစ်သင်တန်း များ၌ အမျိုးသား သင်တန်းသား များသာ လက်ခံ သင်ကြား ပေးနေသည့် အပေါ်လည်း မွန်ပြည်သူ လူထု အချို့မှ စောဒက တက်ခဲ့ ကြပြီး အမျိုးသမီး သင်တန်းသူ များအား လက်ခံ သင်ကြား ပေးနိုင်ရန် အတွက်လည်း တင်ပြ တောင်းဆို ထားမှုများ ရှိသည် ဟုလည်း ဆိုပါသည်။
“အဓိကက မော်လမြိုင် ခရိုင်ပေါ့ အဲဒီလို တောင်းဆို လာတာ၊ အမျိုးသမီးတွေ တက်လို့ မရ ဘူးလားလို့ ပြည်သူ လူထု တွေက မေးလာတယ်။ ကျွှန်တော် တို့မှာ ဗဟို ကော်မီတီတွေ ချမှတ် ထားတာက အမျိုးသား တွေကိုပဲ ရည်ရွယ် ထားတာ ရှိတယ်၊ ပြီးခဲ့တဲ့ MAU ကွန်ဖရင့် မှာလဲ အမျိုးသား တွေပဲ ချမှတ် ထားတယ်၊ ဒီအချက်ကို မှတ်တမ်း တင်ထားပြီးတော့ ဗဟို ကော်မီတီရဲ့ သဘောတူညီမှု ပြန်လည် ရယူ ရဦးမယ်” ဟု ညီလာခံ တက်ရောက် ခဲ့သည့် တပ်မှူး တစ်ဦးမှ ပြောသည်။
အပစ် အခတ် မရပ် စဲခင် အစောပိုင်း ကာလများနှင့် ၁၉၉၅ နောက်ပိုင်း အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိ အပြီး စစ်သင်တန်း များ၌ အမျိုးသမီး သင်တန်း သူများ တက်ရောက် သင်ကြား ခဲ့ဖူး ပါသည်။ နောက်ပိုင်းတွင် အမျိုးသမီး သင်တန်း သူများ ပါဝင် တက်ရောက် လာမှု နည်းပါး ခဲ့ပါသည်။
တပ်အား အားကောင်းအောင် ပြန်လည် တည်ဆောက် ရာတွင် မွန်ပြည်သစ် ပါတီမှ ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ Geneva Call နှင့် လက်မှတ် ရေးထိုး ထားသည့် အချက် များနှင့် လူ့အခွင့် အရေး ဆိုင်ရာ တပ်တွင်း လိုက်နာ ရမည့် အချက် များကိုလည်း စစ်တပ် ဖွဲ့စည်း ပုံ၌ ထည့်သွင်း ရေးဆွဲ သွားရန်လည်း ရှိကြောင်း သိရှိ ရသည်။
ညီလာခံ တက်ရောက် လာသည့် MNLA တပ်မှူးများ အမှတ်တရညီလာခံ တက်ရောက် လာသည့် MNLA တပ်မှူးများ အမှတ်တရ
ထို့ပြင် ၄င်းတပ်မှူးများ ညီလာခံ အတွင်းတွင် လက်ရှိ မွန်ပြည်သစ် ပါတီ၏ အပစ် အခတ် ရပ်စဲရေး နှင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အခြေ အနေများ၊ တိုင်းရင်းသား တပ်ပေါင်းစုများ အနေ အထားနှင့် UNFC အခန်း ကဏ္ဍ၊ Geneva Call နှင့် သဘော တူညီ ထားချက်များ၊ တပ်တွင်း လိုက်နာ ရမည့် လူ့အခွင့် အရေး ကိစ္စ ရပ်များ၊ မွန်ပြည်နယ် အတွင်း အဓိက ပြသနာ ဖြစ်လာ နေသည့် မူးယစ် ဆေးဝါး ကိစ္စ ရပ်များ၊ လက်နက်ကိုင် အဖွဲ့ အချို့၏ ကျေးလက်နေ မွန်ပြည်သူ များအား ဆက်ကြေးတောင်း နေမှုများ စသည် တို့ကိုလည်း အကျယ် တဝင့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
မွန်ပြည်သစ် ပါတီ တပ်မှူးများ၏ ၂၀၁၂ ခုနှစ် အတွက် ပုံမှန် တပ်မှူးများ ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ များအတွင်း မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။
၄င်း ညီလာခံသို့ တပ်ရင်း (၁) မှ တပ်ရင်း (၅) အထိ နှင့် ဗဟို လုံခြုံရေး တပ်ရင်း တို့နှင့် စစ်ရုံးချုပ် လက်အောက်ခံ ဦးစီးချုပ် ဌာန၊ စစ်ရေးချုပ် ဌာန၊ စစ်ထောက်ချုပ် ဌာန များတို့မှ ကိုယ်စား လှယ်ပေါင်း (၁၀၀) နီးပါး တက်ရောက် ခဲ့ကြ ပါသည်။
တပ်မှူးများ ညီလာ ခံကို အဆင့် နှစ်ဆင့် ခွဲထားပြီး တပ်မှူး ကြီးများ ညီလာခံနှင့် တပ်မှူးများ ညီလာခံ ဟူ၍ ဖြစ်ပြီး တပ်မှူးများ ညီလာ ခံကို ဒီဇင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့ များတွင် ကျင်းပ ခဲ့ပါသည်။ တပ်မှူး ကြီးများ ညီလာခံကို ဒီဇင်ဘာ (၂၇) နှင့် (၂၈) ရက်နေ့ များတွင် ကျင်းပ ခဲ့ပါသည်။
တပ်မှူးများ ကြီးများ ညီလာခံကို တစ်နှစ်လျှင် (၂) ကြိမ် ခေါ်ယူ ကျင်းပလေ့ ရှိပြီး တပ်မှူးများ ညီလာခံကိုမူ တစ်နှစ်လျှင် တစ်ကြိမ်သာ ခေါ်ယူ ကျင်းပ လျက်ရှိသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2576--mnla-.html

နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျ မှသာ ဖြစ်နိုင်မည်


နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျမှ ဖြစ်နိုင်မည်မြန်မာ အစိုးရနှင့် အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတို့ လျာထားသည့် ယခု နှစ်ကုန်၌ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အချို့မှ အဆင်သင့် မဖြစ် သေး၍ လျာထားသည့် ကာလထက် နောက်ကျ မှသာ ဖြစ်နိုင်ဖွယ် ရှိကြောင်း မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဒု - စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
“ကျွှန်တော်တို့ မွန်ပြည်သစ် ပါတီ အနေနဲ့ က နိုင်ငံရေး ဆွေးနွေး ပွဲကို ကျွှန်တော်တို့ တပါ တီတည်း သွားရောက် ဆွေးနွေးဖို့ သဘောထား မရှိ ပါဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ကိုလည်း အခု အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့က အဆင့်သင့် မဖြစ် သေးတဲ့ အနေ အထားတွေ ရှိနေ ပါတယ်၊ ဒါကြောင့် အနည်း ငယ်တော့ အချိန်ယူ ရဦးမှာပါ” ဟု ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းက ပြောသည်။
မွန်ပြည်သစ် ပါတီ အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေး မူဘောင် ဖြင့်သာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရန် ရှိသည် ဟုလည်း ဆိုပါသည်။
မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ မော်လမြိုင် မြို့၌ ပြီးခဲ့သည့် ဖော်ဖော်ဝါရီ (၂၅) ရက်နေ့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး စဉ်က ဒီဇင်ဘာလ (၃၁) နောက်ဆုံး ထားကာ အပစ် အခတ် ရပ်စဲရေး ရရှိ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းကာ ယခု နှစ်ကုန် အမှီ အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် အချက် တစ်ချက်ကို နှစ်ဖက် ကိုယ်စား လှယ်များ လက်မှတ် ရေးထိုးကာ သဘောတူ ထားကြ ပါသည်။
နိုင်ငံရေး ဆွေးနွေးပွဲ လျာထား ချိန်ထက် နောက်ကျမှ ဖြစ်နိုင်မည်ကလေး စစ်သား အသုံးမပြုရေး အတွက် Geneva Call နှင့် လက်မှတ် ရေးထိုး နေသည့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် နိုင်လယီဂကောင်း
 
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၊ ဒု - သမ္မတ (၂) ဦးဉာဏ်ထွန်း တို့၏ မော်လမြိုင် ခရီးစဉ် အတွင်း ၌လည်း ထာဝရ ငြိမ်းချမ်း ရေးနှင့် နိုင်ငံ ရေရှည် ဖွံ့ဖြိုး တိုးတက် နိုင်ရေး အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲကို အမြန် ဖော်ဆောင် ပေးရန် ကိုလည်း မွန်ပြည်သစ် ပါတီ ဥက္က္ကဋ္ဌ နိုင်ထောမွန်မှ တင်ပြ ထားပါသည်။
“သမ္မတ ကို တွေတုန်း ကတော့ ကျွှန်တော်တို့ ဝမ်းသာ ဝမ်းနည်း ဖြစ်ရတယ်၊ တစ်ဖက်က တွေ့ဆုံပြီး တင်ပြ ဆွေးနွေး ရတာတော့ ဝမ်းသာ ပါတယ်၊ တဖက်မှာ ကချင် စစ်ပွဲ မရပ်ဆိုင်း နိုင်သေးတဲ့ အတွက် ဝမ်းနည်း ရပါတယ်၊ ဒါတွေကို ဖြေရှင်း နိုင်ဖို့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဖော်ဆောင်ဖို့ လိုနေ ပါတယ်၊ ဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသား တွေရဲ့ ဘုံ သဘောတူညီချက် တစ်ခု ရလာ လိမ့်မယ်၊ ဒီအပေါ်မှာ ဆက်လက် အကောင် အထည် ဖော်သွားဖို့ ကျွှန်တော် တို့က သမ္မတ ကြီးကို တင်ပြ ထားပါတယ်” ဟု ယင်း ဆွေးနွေး ပွဲတွင် ကိုယ်တိုင် ပါဝင် တက်ရောက် ခဲ့သည့် ဗိုလ်မှူးချုပ် နိုင်လယီ ဂကောင်းမှ ပြောသည်။
ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ရရှိ ထားသည့် အပစ်အခတ် ရပ်စဲရေး အဆင့်ဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိ နိုင်ရန်မှာ အလှမ်းဝေး နေသေး သည်ဟု မွန်ပြည်သစ် ပါတီမှ သုံးသပ် ထားပါသည်။
ဤ အချက်ကို ပြီးခဲ့သည့် (၂၄) ရက်နေနှင့် (၂၈) ရက်နေ့ အထိ မွန်ပြည်သစ် ပါတီ ဗဟို ဌာနချုပ် စခန်း၌ ကျင်းပ ခဲ့သည့် ၂၀၁၂ ခုနှစ် အတွက် တပ်မှူးများ ပုံမှန် ညီလာခံ ၌လည်း အကျယ် တဝင့် ဆွေးနွေး ခဲ့ကြသည် ဟုလည်း သိရှိ ရပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2574-2012-12-31-12-14-10.html

November 14, 2012

သမိုင်းတကွေ့မှ မွန်အမျိုးသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချို

သန်းဝင်းလှိုင်
နို၀င်ဘာ ၁၄၊ ၂၀၁၂
နိုင်ငံဂုဏ်ရည်(ပထမအဆင့်) ရ မွန်အမျိုးသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချိုကို ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ၁၉၀၅ခုနှစ် နိုဝင်ဘာလ၁၈ရက် စနေနေ့တွင် အဖခရိုင်ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဦးဖိုးလှ၊ အမိ ဒေါ်ကြေးနုတို့မှ ဖွားမြင်ခဲ့သည်။
ငယ်စဉ်က မော်လမြိုင်မြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၀တန်းအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၂၇ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့သည်။
မွန်ဦးဖိုးချိုသည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် ပညာရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီ (Education and Peace Preservation Committee)တွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်ဦးဖိုးချိုသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးညိုမြတို့၏ ဆရာတစ်ဦးဖြစ်ပြီး မျိုးချစ်ကျောင်းသားများ၏ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုများကို အားပေးကူညီခဲ့သည်။ မွန်ဦးဖိုးချိုသည် အင်္ဂလိပ်အစိုးရခန့်အပ်သော အိုင်စီအက်စ်(I.C.S)ခေါ် အိန္ဒိယပဋိဉာဉ်ခံအုပ်ချုပ်ရေးဝန်ထမ်း ရာထူးကို လက်မခံဘဲ ငြင်းပယ်၍ မြန်မာလွတ်လပ်ရေးကိုသာ လိုလားခဲ့သူတစ်ဦးဖြစ်သည်။
၁၉၄၅ခုနှစ် နိုဝင်ဘာလ၉ရက်နေ့ မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်လူကြီးများသည် ဗဟန်းရေတာရှည်မွန်ကျောင်း၌စုစည်းပြီး မွန်အမျိုး သားတို့အတွက် နိုင်ငံရေးအဖွဲ့အစည်းအမြန်လိုအပ်နေပြီး မွန်နိုင်ငံရေးအဖွဲ့ ဖွဲ့စည်းပြီး ဖဆပလနှင့်ပူးပေါင်း၍ မြန်မာ့လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်မှသာလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလျှင် မွန်အမျိုးသားတို့အတွက် အခွင့်အရေးရမည်။ ပုဂ္ဂိုလ်ရေးထက် အဖွဲ့ အစည်းအားဖြင့် ဖွဲ့စည်းချိန်တန်ပြီဟု တင်ပြ၍ မွန်တိုင်းရင်းသားအစည်းအရုံးကို တည်ထောင်ခဲ့ကြသည်။ အစည်းအရုံး၏ရည်ရွယ်ချက်မှာ မွန်တမျိုးသားလုံးနှင့်ပတ်သက်သော နိုင်ငံရေး၊ သာသနာရေး၊ နေရေး၊ ထိုင်ရေး၊ ပြုပြင်ရေးကိစ္စအဝဝကို တပ်ဦးအနေဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။ မွန်တိုင်းရင်းသားအစည်းအရုံး၏ အမှုဆောင်အဖွဲ့ဝင်များမှာ-
(၁) မွန်ဦးဖိုးချို  – ဥက္ကဌ
(၂) မွန်ဦးသန်း  – အတွင်းရေးမှူး
(၃) နိုင်ကျော်လှ(မွန်သမားတော်)- ဘဏ္ဍာရေးမှူး
(၄) ဦးအုံးဖေ(မိကလုံ)  – စာရင်းစစ်
(၅) မွန်ထွန်းရင်  – ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေး
(၆) နိုင်ချမ်းမွန်  – ဝါဒဖြန့်ချိရေးနှင့်စည်းရုံးရေး
(၇) ဦးမောင်ကြီး  – အမှုဆောင်အဖွဲ့ဝင်
(၈) ဦးစံညွှန်း   – အမှုဆောင်အဖွဲ့ဝင်
(၉) ဦးရွှေကြိုင်  – အမှုဆောင်အဖွဲ့ဝင်
(၁၀) ဦးဘချစ်(မော်လမြိုင်) – အမှုဆောင်အဖွဲ့ဝင်
(၁၁) ဦးဘသွင်(ကော့နှပ်) – အမှုဆောင်အဖွဲ့ဝင်
(၁၂) မွန်ချစ်ဖေ  – အမှုဆောင်အဖွဲ့ဝင်
(၁၃) ဦးကျော်ဝင်း  – အမှုဆောင်အဖွဲ့ဝင်
(၁၄) ဦးထွန်းအောင်  – အမှုဆောင်အဖွဲ့ဝင် တို့ဖြစ်သည်။
ထို့နောက် မွန်တိုင်းရင်းသားအစည်းအရုံးသည် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသော ဖဆပလအဖွဲ့ချုပ်ကြီး ၁၉၄၅ခုနှစ် ဒီဇင်ဘာလတွင် ဆက်သွယ်၍ မွန်ဦးဖိုးချို၊ မွန်သန်းတို့သည် ဖဆပလအမှုဆောင်များ ဖြစ်လာကြသည်။ မွန်တိုင်းရင်းသားအစည်းအရုံးကို ဖဆပလက အမျိုးသားနိုင်ငံရေးပါတီအဖွဲ့အစည်းမဟုတ် လူထုလူတန်းစာအဖွဲ့အစည်းအနေဖြင့် ဆက်ဆံခဲ့သည်။
၁၉၄၆ခုနှစ် ဒီဇင်ဘာလ၂ရက်မှ၃ရက်နေ့အထိ ကျိုက္ခမီမြို့နယ် (ယခုသံဖြူဇရပ်မြို့နယ်) ပငရွာတွင် မွန်အမျိုးသားညီလာခံတရပ်ကို ကျင်းပ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးကောက်တင်မြှောက်ရာ မွန်ဦးဖိုးချိုသည် ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။ ယင်းညီလာခံ၌ အလုပ်အမှုဆောင်အဖွဲ့က-
(၁) သာသာနာသက္ကရာဇ် ၁၁၁၆ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့သည် သမလ၊ ဝိမလ ညီနောင်နှစ်ပါးတို့သည် သိကြားမင်း၏အကူ  အညီဖြင့်ဟံသာဝတီပဲခူးမြို့ကြီးကိုစတင်တည်ထောင်သည့်နေ့ကိုယူပြီး နှစ်စဉ်တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်။
(၂) လာမည်ရွေးကောက်ပွဲတွင် မွန်အမျိုးသားတို့အတွက် သီးခြားမဲစာရင်း မဲဆန္ဒနယ်သတ်မှတ်ပေးရန် အကယ်၍ ဖဆပလအစိုးရက မပြုလုပ်ပေးလျှင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်တို့ကို တင်ပြတောင်းဆိုခဲ့သည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလလက်အောက်တွင်ရှိနေစဉ် မွန်ဦးဖိုးချိုသည် ဖဆပလ စည်းရုံးရေးအတွက်တနင်္သာရီတိုင်းကို တာဝန်ယူပေးခဲ့သည်။ ၁၉၄၈ခုနှစ် ဇူလိုင်လတွင် မွန်ဦးဖိုးချိုသည် ဖဆပလအစိုးရ၏ ဖမ်းဆီးခြင်းခံရပြီး ၁၉၄၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်သွားခဲ့သည်။
၁၉၅၁ခုနှစ်တွင် ဗီယက်နမ်နိုင်ငံဟနွိုင်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ မွန်ဦးဖိုးချိုသည် မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံအပြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဟန်ဂေရီနိုင်ငံများသို့ လေ့လာ ရေးခရီး သွားရောက်ခဲ့သည်။
၁၉၅၅ခုနှစ်တွင် မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် အစိုးရ၏ အတိုက်အခံနိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ် သည့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)အဖွဲ့တွင် ပူးပေါင်းပါဝင်ကာ နိုင်ငံရေးဆောင်ရွက်ခဲ့သည်။ ယင်းနှစ်၌ပင် မွန်ဦးဖိုးချိုသည် မွန်အမျိုးသားညီညွတ်ရေးတပ်ဦး (Mon National United Front) ကိုတည်ထောင်၍ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၁၉၅၇တွင် မွန်ဦးဖိုးချိုခေါင်းဆောင်သော မွန်တိုင်းရင်းသားအစည်းအရုံးသည် မွန်ပြည်သူ့တပ်ဦးမှ ကေဒါများဖြင့် မော်လမြိုင်မြူ နီစပယ်ခန်းမတွင် ညီလာခံကျင်းပပြီး မွန်ပြည်နယ်သတ်မှတ်ပေးရန် ဖဆပလအစိုးရအား တင်ပြတောင်းဆိုခဲ့သည်။
ထို့နောက် ၁၉၆၀ခုနှစ် ဖေဖော်ဝါရီလ၆ရက်နေ့တွင် အိမ်စောင့်အစိုးရက ဦးစီးကျင်းပခဲ့သော ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေး ကောက်ပွဲတွင် ပမညတကိုယ်စားလှယ်လောင်းအဖြစ် မော်လမြိုင်ခရိုင် ရေးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံရာ အနိုင်ရရှိခဲ့သည်။ ယင်းနောက် မွန်တိုင်းရင်းသားအစည်းအရုံးသည် ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် ပမညတမှ နှုတ်ထွက်ခဲ့သည်။ ၁၉၆၄ခုနှစ် မတ်လ၂၈ရက်နေ့တွင် ၁၉၆၄ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေပြဌာန်းပြီးနောက် မွန်ဦးဖိုးချိုဦးစီးသည့် မွန် တိုင်းရင်းသားအစည်းအရုံးသည် အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့်အတူ ဖျက်သိမ်းခံခဲ့ရသည်။
၁၉၆၈ခုနှစ် ဒီဇင်ဘာလ၄ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းက ကြေညာချက်အမှတ် ၃၂ကို ထုတ်ပြန်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ရာ မွန်ဦးဖိုးချိုသည် အကြံပေးအဖွဲ့(၃၃)ဦး၌ ပါဝင်ခဲ့သည်။ ထို့အပြင် မွန်ဦးဖိုးချိုသည် ၁၉၇၁ခုနှစ် စက်တင်ဘာလ၂၅ရက်နေ့တွင် မဆပလပါတီဗဟိုကော်မတီက ဗိုလ်ချုပ်ကြီးစန်းယု ဥက္ကဌအဖြစ် ဆောင်ရွက်သော အဖွဲ့ဝင်၉၇ဦးပါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
မွန်ဦးဖိုးချိုသည် စစ်ကြိုခေတ်၌ ‘မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးသို့’ ဟူသော အမည်ရှိ စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ‘မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး’ဟူသော စာအုပ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်လည်းကောင်း ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် လက်တင်ဘာသာဖြင့် ကဗျာများလည်း ရေးသားခဲ့သည်။ အားလပ်ချိန်တွင်လည်း မွန်ဦးဖိုးချိုသည် လူငယ်များအား အခမဲ့ အင်္ဂလိပ်စာနှင့် နိုင်ငံရေးပညာရပ်များ၊ ဥပဒေပညာရပ်များ သင်ကြားပို့ချပေးခဲ့သည်။ ထို့နောက် ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
၁၉၈၄ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီက ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)ကို ရရှိခဲ့သည်။
ထို့နောက် မွန်တိုင်းရင်းသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချိုသည် ၁၉၈၄ခုနှစ် မေလ၁၁ရက်နေ့တွင် ရန်ကုန်မြို့အင်းစိန်ဒေါန(၁)လမ်း အမှတ်(၃)နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါက်တာဒေါ်မြသင်နှင့် မွေးစားသမီးတို့ ကျန်ရစ်ခဲ့ သည်။ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို စော်ဘွားကြီးကုန်းခရစ်ယာန်သုသာန်(ယခုမြဝတီပုံနှိပ်တိုက်)၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
ကိုးကား-
(၁) မွန်အမျိုးသားတို့၏နောက်ခံသမိုင်း (၂၀၀၀)
(၂) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ)၊ ပထမအကြိမ် ပညာရွှေတောင်စာပေတိုက်၊ ၂၀၁၀။
(၃) မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ် (၁၉၈၅)၊ စာ-၂၂၃။


http://moemaka.com/?p=29075

October 24, 2012

MNLA အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြီးစီး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်သစ်ပါတီ(NMSP)၏ လက်အောက်ခံဖြစ်သည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ၏ အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲကို ဘုရားသုံးဆူနယ်စပ်၊ ဂျပန်ရေတွင်းရွာ၌ ယမန်နေ့တွင်ကျင်းပပြီးစီးခဲ့သည်။
အလားတူ အမှတ်စဉ် ၁၀ဝ အခြေခံစစ်ပညာသင်တန်းများကို မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ဗဟိုဌာနချုပ်များတွင်လည်း ကျင်းပပြီးစီးခဲ့ကြောင်း သင်တန်းဆင်းမိန့်ခွန်းတွင် အမှတ်(၅)တပ် ရင်းမှူး ဒုဗိုလ်မှူးကြီး ဗညားချမ်းနွန်က ပြောသည်။
သင်တန်းသားများ
ဒုဗိုလ်မှူးကြီး ဗညားချမ်းနွန်က “နေရာတွေခွဲပြီး သင်တန်းပေးခဲ့ပေမယ့် အားလုံးကို အမှတ်စဉ် ၁၀ဝ လို့ ဗဟိုစစ်ရုံးချုပ်က သတ်မှတ်ပါတယ်၊ သင်တန်းကတော့ရက်သတ္တတ် ၈ ပတ်နီးပါးကြာတယ်” ဟု ပြောသည်။ အမှတ်စဉ် (၁၀ဝ) သင်တန်းတွင် တပ်သားအင်အား (၅၀ဝ) ကျော် ပါဝင်သည်ဟုလည်း မွန်ပြည် သစ်ပါတီအရာရှိထံမှ သိရသည်။
၁၉၈၈ အရေးခင်းပြီးကာလ၌ မွန်အမျိုးသားတပ်မတော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅၈) တွင် တပ်သားသစ်အင်အား (၈၀ဝ)ကျော်နှင့် အမှတ်စဉ်(၅၉)တွင် (၇၅၀) ကျော်ရှိခဲ့သဖြင့် တပ်သားသစ်ဦးရေအများဆုံးဟု မွန်ပြည်သစ်ပါတီက မှတ်တမ်းတင်ခဲ့သည်။
မွန်ပြည်သစ်ပါတီမှ ဝင်လျှောက်ထားသူများသည် အခြေခံစစ်သင်တန်းတက်ရောက်ထားသူများ ဖြစ်ရမည်ဟု မွန်ပြည်သစ်ပါအရာရှိတစ်ဦးက ပြောသည်။
“အခုစစ်ပညာသင်တန်းမှာက တပ်သားသစ်တွေမဟုတ်ဘူး၊ အခြေခံစစ်ပညာသင်တန်းမတက်ဘူးသေးတဲ့ တပ်သားဟောင်း တွေပဲ၊ အရင်ကအခြေခံသင်တန်းမတက်ထားဘူးတဲ့ရဲဘော်တွေဆိုရင် ဗဟိုစစ်ရုံးချုပ်မှာ သူတို့ကိုယ်ပိုင်နံပါတ်မရှိ စာရင်းမဝင်ဖြစ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
၁၉၉၅ ခုနှစ်၊ အပစ်ရပ်စဲသည်အချိန်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့အင်အား ၇၈၆၀ ဦးရှိကြောင်း အစိုးရသတင်းစာက ရေးသားဖေါ်ပြခဲ့သည်။
မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်လယ်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော်လည်း မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော်ကို ၁၉၇၁ ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။
ထိုသို့စတင်ဖွဲ့စည်းသည့်ကာလ၌ ရာဇာဓိရာဇ်တပ်ရင်းတစ်ခုသာရှိပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သောင်းဖေ(ဦးလေးကြီး) ဖြစ်၍ စံသူ၊ သာနှင်း၊ မီးခဲတပ်ခွဲ ၃ ခွဲရှိခဲ့သည်။

http://burmese.monnews.org/?p=5627

October 22, 2012

အစိုးရ၏ငြိမ်းချမ်းရေးမူ ၈ ချက်အနက် ၄ ချက်ကိုလက်မခံနိုင်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းမြန်မာနယ်စပ်တွင် မွန်ပြည်သစ်ပါတီလူထုတွေ့ဆုံရှင်းလင်းပွဲများ ကျင်းပလျှက်ရှိရာ အစိုးရ၏ငြိမ်းချမ်းရေးမူ ၈ ချက်အနက် နောက်ပိုင်း ၄ ချက်ကိုလက်မခံနိုင်ကြောင်း အပြန်အလှန်မေးမြန်းဆွေးနွေးချက်များမှ သိရသည်။
အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းပါ အချက် ၈ ချက်အနက် အဆင့်(၅) ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ (၆) ၂ဝဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းမှ သဘောတူဆောင်ရွက်ရေး (၇) ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံနှင့်အညီတန်းတူညီတူ နေထိုင်သွားလာလုပ်ကိုင်စားသောက်ရေးနှင့်(၈) ဖွဲ့စည်းပုံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်းပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဆိုသည့် အချက်များအား လက်မခံနိုင်ကြောင်း တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့အချက် ၆ ချက်ပါလမ်းပြမြေပုံကို ပြီးခဲ့တဲ့လက ရေးဆွဲထားပြီးပြီ၊ အဲဒီအထဲက လက်တွေ့ကျပြီး အလုပ်ဖြစ်နိုင်တာ မဖြစ်နိုင်တာတွေကို ထောက်ပြပေးပါ” ဟု မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်၌ မွန်လူမှုအခြေပြုအဖွဲ့ အစည်းများအား ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့၄င်း၊ ဂျပန်ရေတွင်းရွာ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံဝန်ထမ်းများအား အောက်တိုဘာ ၂၁ ရက်နေ့တွင်၄င်း တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွတ်က “ဒုတိယပင်လုံဖေါ်ဆောင်ဖို့ ကလေးမြို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ၂၁ ရာစုပင်လုံကိုပြောလာပါတယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ ဒေါ်စုကြည်နဲ့ UNA တို့က အဲဒီပင်လုံအကြောင်း အသံတိတ်သွားပါပြီ၊ ဒါကြောင့် တိုင်းရင်းသားညီလာခံကချမှတ်တဲ့ လမ်းပြမြေပုံ အဆင့် ၅ ဖြစ်တဲ့ဒုတိယပင်လုံညီလာခံက မလွယ်တဲ့ကိစ္စဖြစ်နေတယ်”ဟု ပြောသည်။
၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့ ဇိုမီးအမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ်ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က “၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင်လှုပ်ရှားလာခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ကချင်ပြည်နယ်တိုက်ပွဲများအပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးပြောဆိုခြင်းမရှိသည်ကို တွေ့ဆုံရှင်းလင်းပွဲတက်ရောက်သော မွန်လူငယ်များက ထောက်ပြဝေဖန်သုံးသပ်ခဲ့ကြသည်။
အလားတူ နယ်မြေဒေသ(၄)နေရာခွဲ၍ မွန်ပြည်သစ်ပါတီခေါင်းဆောင်များက လက်အောက်ခံပါတီအဖွဲ့ဝင်များ၊ ဒေသခံရဟန်းရှင်လူပြည်သူများ၊ လူမှုအဖွဲ့အစည်းများအား ပြီးခဲ့သည့် ဇွန်လတွင် လူထုတွေ့ဆုံရှင်းလည်းပွဲများကို စတင်ပြုလုပ်ခဲ့ကြပြီး ယခုအခါ တွေ့ဆုံရှင်းလင်းပွဲများတဖန် ပြုလုပ်လာခြင်းဖြစ်သည်။

http://burmese.monnews.org/?p=5611

September 22, 2012

မွန်တွေကလည်း ကချင်စစ်ရပ်စဲရေး လိုလား

စံခလပူရီ (မဇ္စျိမ)။       ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး ဟောပြောပွဲနှင့် စုပေါင်း လက်မှတ်ရေးထိုးပွဲတခုကို သောကြာနေ့က ကျင်းပခဲ့ကြသည်။
မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း စစ်ရပ်စဲရေး လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - ကြည်ဇော်လွင်)
မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း စစ်ရပ်စဲရေး လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - ကြည်ဇော်လွင်)

ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ စီစဉ်သည့် အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/
သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း အခမ်းအနား စီစဉ်သူတဦးက သည်။

“ကျနော်တို့ လူငယ်တွေ စစ်ပွဲတွေကို လက်မခံဘူး။ အဓိကကတော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာ ဘယ်သူမှန်သည်
 ဖြစ်စေ၊ မှားသည် ဖြစ်စေ။ ဖြစ်ပွားနေတဲ့ စစ်အားလုံး ချက်ချင်း ရပ်ပေးဖို့၊ လက်ရှိ ခံနေရတဲ့ ကချင်ပြည်သူ လူထုတွေ
အတွက် ငြိမ်းချမ်းရေးကို လိုလိုလားလား ထောက်ခံတယ်။ ကျနော်တို့ မွန်ပြည်သူ လူထုတွေ အားလုံးကလည်း
ထောက်ခံတဲ့အကြောင်း မွန်ပြည်နယ်အသံနဲ့ လုပ်တာပါ” ဟု ကိုကြည်ဇော်လွင် က မဇ္စျိမကို ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လူမှုအဖွဲ့ပေါင်း ၄၀ ကျော် စုပေါင်း ဆွေးနွေးပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

မော်လမြိုင် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်း၊ စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခြင်းနှင့် သီချင်းဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့
ကြသည်။

“ကျနော်ကတော့ ငြိမ်းချမ်းရေးအတွက် တဘက်နဲ့ တဘက် ဗြဟ္မစိုရ်တရား ထားသင့်တဲ့အကြောင်းကို အခမ်းအနား
ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်” ဟု AMDP မှ နိုင်ငွေသိမ်း က ပြောသည်။

အခမ်းအနား တက်ရောက်သူများက ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အခြား ပြည်နယ်/တိုင်းများမှ ရရှိသော လက်မှတ်များနှင့် ပူးတွဲကာ သမ္မတထံ ပေးပို့ကြမည်ဖြစ်ကြောင်း သိရှိရ
သည်။

နံနက်ပိုင်းတွင် အရှေ့တပ်မြေလမ်း မွန်ဓမ္မာရုံတွင် AMDP၊ MDP၊ မွန်ပြည်သစ်ပါတီ နှင့် မွန်လူမှုအသင်းအဖွဲ့များက အင်အား ၅၀ ကျော်က စစ်ရပ်စဲရေးအတွက် ဟောပြောခဲ့ကြပြီး ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြောင်း
မော်လမြိုင် တက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် မင်းစီစွမ်း က ပြောသည်။

“ကျနော်တို့ မွန်လူငယ်တွေ စစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို လိုလိုလားလား လက်ခံတယ်။ အစိုးရက တနိုင်ငံလုံး ငြိမ်းချမ်းရေး တည်ဆောက်နေတယ်လို့ ပြောပေမယ့် ကချင်မှာ စစ်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဒီကချင်စစ်ပွဲတွေ ရပ်တန့်ဖို့ ကျနော်တို့ လက်တွဲပြီး လုပ်ဆောင်သွားဖို့အတွက် ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

September 1, 2012

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ ထုတ်ပြန်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာသောစိတ်ဓါတ်၊ ဇွဲသတ္တိတို့ဖြင့် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားကြရဦးမည်ဟု မွန်ပြည်သစ်ပါတီ ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ယနေ့ထုတ်ပြန်ကြေငြာချက်တွင် ရေးသားဖေါ်ပြသည်။
နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)
အစဉ်အမြဲဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးရေစီးကြောင်း အကွေ့အလှည့်အမျိုးမျိုးအပေါ် မည်သည့်အကွေ့တွင် မည်သည့်တက်ဖြင့် လှော်ခတ်ကျော်ဖြတ်ရမည်ကို မွန်အမျိုးသားများနှင့် မျိုးချစ်ရဲဘော်များက အတွေ့အကြုံအရ နားလည်သိရှိကြပြီးဖြစ်ရာ ရှေ့သို့တက်ညီလက်ညီဖြင့် ကြိုးပမ်းချီတက်ကြရဦးမည်ဖြစ်သည်ဟုလည်း ၄င်းကြေညာချက်တွင် ရေးသားထားသည်။ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ ယနေ့ကျင်းပသော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာမိန့်ခွန်းတရပ်တွင် “နိုင်ငံရေးသီအိုရီအယူအဆတွေမှာက တိုင်းပြည်မရှိတဲ့လူမျိုး၊ မိမိကြမ္မာဖန်တီးခွင့်မရှိတဲ့လူမျိုး၊ တပ်မတော်မရှိတဲ့လူမျိုးတစ်မျိုးဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူပါဘူး၊ အခြားလူမျိုးတွေရဲ့ ဖိနှိပ်ဝါးမြိုမှုကြောင့် အချိန်ကာလတိုတိုလေးထဲမှာ ပျောက်ဆုံးသွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရှိခဲ့သည့်အတွက် မွန်လူမျိုးကို အများတကာအသိအမှတ်ပြုခံနေရသည်ဟုလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
၆၅ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌကြီးပေးပို့သော သဝဏ်လွှာတွင် “တဖက်မှာလည်းထာဝရငြိမ်းချမ်းရေးအတွက်ဖေါ်ဆောင်တဲ့နေရာမှာ ရှေးကအဆိုအမိန့်များရှိခဲ့သည့်အတိုင်း ထမင်းဆုပ်ကိုပဲမဲမနေပဲနဲ့ ဝါးရင်းတုတ်ကိုလည်းသတိမူသင့်” ဟု လက်ရှိငြိမ်းချမ်းရေးကာလအတွက် သတိပေးထားသည်။
ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖားအံမြို့မြိုနယ်၊ ဇာသပြင်ကျေးရွာရှိ အစိုးရ၏ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲစခန်းတို့ကို မွန်လူငယ်များသေနတ်လုယူ တိုက်ခိုက်ရာမှ မွန်တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့ကို မွန်နှင့်ကရင်တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်သိမ်းယူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
မွန်တပ်ဖွဲ့ဝင်များ(Photo-IMNA)
ထိုစဉ်က မွန်ပြည်သူ့တပ်ဦးအမည်ဖြင့် မွန်တိုင်းရင်းသားများတော်လှန်ရေးဆင်နွဲခဲ့ရာတွင် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDO ဖွဲ့စည်းနိုင်ခဲ့သည်။ ဦးနုအစိုးရ၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး အစီအစဉ်အောက်တွင် ၁၉၅၈ ၌ မွန်ပြည်သူ့တပ်ဦး လက်နက်ချခဲ့ပြီး တရားဝင်ပါတီ တည်ထောင်ခွင့်ရကာ ရွေးကောက်ပွဲဝင်ပြီး ခေါင်းဆောင်အချို့ လွှတ်တော်အမတ်နှင့် အစိုးရဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။
မွန်ပြည်သူတပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေးကို လက်မခံသော နိုင်ရွှေကျင်သည် ကျန်ရှိနေသာအင်အားစုများကို စုစည်းကာ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။
အလားတူ ယနေ့ကျရောက်သော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်၊ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်ရုံးများနှင့် ကွယ်လွန်သူမွန်အမျိုးသားခေါင်းဆာင်များတို့၏ အုပ်ဂူတည်ရှိရာ နေရာအသီးသီး၌ ကျင်းပခဲ့သည်ဟု သိရသည်။

http://burmese.monnews.org/?p=5312

August 30, 2012

၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ NMSP ဗဟိုဌာနချုပ်တွင် ကျင်းပ

သြဂုတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)

၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ကျရောက်သည့် ၄၁နှစ်ပြည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နေ့ကို ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ-(NMSP) ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၊ ဒုဥက္ကဌ နိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်း အပါအဝင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အင်အား ၁၀၀ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် ကလေးစစ်သား အသုံးမပြုရန် ဂျီနီဗါသဘောတူညီချက်ကို အခမ်းအနားတက်ရောက်လာခဲ့သည့် တပ်မှူးတပ်သားများ နှင့် ပါတီတာဝန်ရှိတို့ကို ရှင်းလင်းပေးခဲ့ပြီး မွန်ပြည်သစ်ပါတီအနေနှင့် Geneva Call စာချုပ်ကိစ္စနှင့် ပတ်သက်ပြီး အောက်ခြေတပ်ရင်း တပ်ဖွဲ့များကိုလည်း ရှင်းလင်းသွားမည်ဟု သိရသည်။
“Geneva Call နဲ့ပတ်သက်ပြီးတော့ ကျနော်တို့စာချုပ်ချုပ်ဆိုထားတဲ့ အချက် (၁၆)နဲ့ ပတ်သက်တဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ရှင်းပြ တယ်။ တခြားတပ်ရင်းတွေအတွက်လည်း လောလောဆယ် Geneva Call စာချုပ်ကိစ္စနဲ့ပက်သက်ပြီး မွန်လိုပြန်ထားပြီးတော့ တပ်ရင်း တိုင်း၊ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ဖြန့်ဖို့ရှိတယ်။ နောက် စာချုပ် ချုပ်ဆိုထားတဲ့ အသေးစိတ်ရှင်းလင်းချက်ကိုလည်း နယ်ကိုပြန်ဖြန့်ဖို့ ရှိပါ တယ်”ဟု ဗဟိုစစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်လယီဂကောင်းက ပြောသည်။
Geneva Call စာချုပ်ပါအချက်အလက်များကို အောက်ခြေအဆင့်ထိ ရှင်းလင်းသွားမည်ဖြစ်သလို ဘဝတူတော်လှန်ရေး အဖွဲ့အစည်းများ ကိုလည်း စာချုပ် ချုပ်ဆိုနိုင်အောင် တိုက်တွန်းသွားမည်ဟုလည်း ၎င်းက ပြောသည်။
အသက် (၁၈)နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေးအတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ(NMSP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့က သြဂုတ်လဆန်းပိုင်းခန့်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ မြို့တော်ခမ်းမတွင် တရား ဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်က စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံခဲ့သဖြင့် ၂၀၁၀ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးပျက်ပြယ်ခဲ့သည်။
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးကိုယ်စားလှယ်ခေါင်းဆောင်များနှင့် မြန်မာအစိုးရ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေး ပဏာမသဘော တူညီချက် ၅ချက်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
မွန်ပြည်သစ်ပါတီလက်အောက်ခံ မွန်အမျိုးသားတပ်မတော်ကို ၁၉၇၁ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=13134

၄၁ နှစ်မြောက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နေ့အခမ်းအနားကျင်းပ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၄၁ နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(Photo-NMSP)

အခမ်းအနားသို့ မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ ဒုဥက္ကဌနိုင်ရော့စ၊ တွဲဖက်အတွင်းရေးမှူး နိုင်အောင်မင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်လယီကောင်း၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီးပလောရော့တို့နှင့် ဗဟိုဌာနချုပ်မှ စစ်သည်အင်အား ၁၀ဝ ကျော်ခန့်တက်ရောက်ကြသည်။

ဗိုလ်မှူးချုပ်လယီကောင်းက “မွန်တစ်မျိုးသားလုံးသာမက အခြားဘဝတူညီနောင် တိုင်းရင်းသား တွေအားလုံးအနေနဲ့ မိမိကြမ္မာဖန်တီးနိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိသမျှကာလပတ်လုံး မိမိတို့ ကိုယ်ကိုကာကွယ်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရတာဟာ ရှောင်လွဲလို့မရနိုင်တဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်တယ်လို့ ဥက္ကဌကြီးကမိန့်ခွန်းပြောခဲ့တယ်” ဟု ပြောသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီဥက္ကဌကြီး၏ မွန်ဘာသာဖြင့်ပေးပို့သော ၄၁ နှစ်မြောက်တပ်မတော်နေ့ သဝဏ်လွှာတွင် လက်ရှိမြန်မာအစိုးရ၏အပြောင်းအလဲများဖေါ်ဆောင်နေမှု၌ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေးတွင် အဓိကအနှစ်သာရများပြောင်းလဲနေသည်ကို မတွေ့ရှိရသေးသည့်အပြင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ တောင်းဆိုနေကြသော အများလက်ခံနိုင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများလည်း မဖြစ်ပေါ်သေးသည့်အတွက် “ထမင်းဆုပ်ကိုပဲ မဲမနေပဲနဲ့တုတ်ကိုလည်း သတိမူသင့်” ကြောင်း၊ တပ်နဲ့ပါတီကို ပိုမိုခိုင်ခိုင်မြဲမြဲတည်ဆောက်သွားရမည်ဖြစ်ကြောင်း ရေးသား ဖေါ်ပြထားသည်။

“ ဒီအခမ်းအနားမှာ ကလေးအခွင့်အရေးနဲ့ပတ်သက်ပြီး ဂျနီဗါကော သဘောတူညီချက် ၁၆ ချက်ကို ကျနော်ရှင်းပြတယ်၊ ဒီသဘောတူညီချက်တွေကို အခုအချိန်ကစပြီး ကျနော်တို့ စတင် အကောင် အထည် ဖေါ်နေပြီ” ဟု ဗိုလ်မှူးချုပ်လယီကောင်းက ဆက်ပြောသည်။

အခမ်အနားတက်ရောက်သူများ(Photo-NMSP)

ကလေးများကာကွယ်ရေးနှင့်ပတ်သက်၍ ဂျနီဗါကောသဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP)ကိုယ်စား နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းနှင့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(MNLA)ကိုယ်စား ဒု-စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်လယီကောင်းတို့ ယခုလ ၂ ရက်နေ့တွင် ဆွစ်ဆာလန်နိုင်ငံ၊ ဂျနီဗါမြို့၌ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက “သက်ဆိုင်ရာမွန်ပြည်သစ်ပါတီ ဌာနတွေ တပ်ရင်းတပ်ဖွဲ့တွေကို သဘောတူညီချက်ပါအချက်အလက် စာစောင်တွေ ဖြန့်ဝေပေးရမယ်၊ လိုက်နာရမယ့်အချက်တွေကိုလည်း သင်တန်းပေးရမယ်၊ စစ်သင်တန်းတွေမှာလည်းပို့ချပေးသွားမယ်၊ ဒေသခံပြသည်သူတွေကိုလည်း အသိပေးသွားမယ်”ဟု ပြောသည်။

၄င်းအပြင် မိမိတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းလိုက်နာမှုရှိမရှိ၊ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပါတီနှင့်တပ်ပူးပေါင်း၍ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားရန်နှင့် NGOs အဖွဲ့များ၊ စောင့်ကြည့်စုံစမ်း သူများကိုလည်း လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးထားသည်ဟု သူကဆက်ပြောသည်။

မွန်ပြည်သစ်ပါတီဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲခဲ့ရာတွင် ကလေးအခွင့်အရေးကာကွယ်ရေးအတွက် ကလေးစစ်သား အသုံးမပြုရန် တားမြစ်ထားလျှက်ရှိသည်။
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တွင် အမြဲတမ်းတပ်ရင်း၊ ခရိုင်ပြောက်ကျားတပ်ရင်းနှင့် အရန်တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိအင်အားသုံးထောင်ဝန်းကျင်ခန့်ရှိသည်ဟု ယခင်ထုတ်ပြန်သော မှတ်တမ်းများအရသည်။

၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့် စတင်အပစ်ရပ်စဲစဉ်ကာလတွင် မွန်ပြည်သစ်ပါတီအင်အား ၇၈၆၀ ဦးရှိကြောင်း အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။
၁၉၅၈ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော မွန်ပြည်သစ်ပါတီသည် ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ကွေးမြစ်ဖျားရှိ အောင်သာယာစခန်း၌ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို စတင်မွေးဖွားခဲ့သည်။

ထိုစဉ်က ရာဇာဓိရာဇ်တပ်ရင်းတစ်ရင်းသာရှိခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသောင်းဖေ(ဦးလေးကြီး) ဖြစ်ပြီး စံသူ၊ သာနှင်း၊ မီးခဲတပ်ခွဲ ၃ ခွဲဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း မှတ်တမ်းများတွင်ဖေါ်ပြခဲ့သည်။

http://burmese.monnews.org/?p=5287

July 29, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များနှင့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးတည်ဆောက်ရန် လက်မှတ်ထိုး

မော်လမြိုင်၊ ဖေဖော်ဝါရီ-၂၅
 
မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သည် အစိုးရ၏ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန်၊  ပြည်ထောင်စု
အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မော်လမြိုင်မြို့ရှိ   စထရင်းဟိုတယ်၌ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဏာမသဘောတူလက်မှတ်
ရေးထိုးခဲ့သည်။
ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် ယခုလ ၁ရက်တွင် နှစ်ဖက်ပဏာမ သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးကိစ္စ အတွက် အချက် ၅ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ အတည်ပြုချက်တွင် နှစ်ဦး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန်ကိစ္စနှင့် နှစ်ဖက်သဘော တူညီထားသော နယ်မြေများမှ အပ နယ်မြေကျော်လွန်လက်နက် ကိုင်ဆောင်သွားလာမှုကို နှစ်ဖက် ကြိုတင်ညှိနှိုင်းဆောင်ရွက်မည်ဟူသော အချက်တို့ ပါဝင်သည်။    ထို့ပြင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် အချက် ၄ ချက်ပါ ပဏာမသဘော တူညီချက်ကို  လက်မှတ်ရေးထိုးခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ်ရပ်စဲရန် အထူးသဖြင့် တိုင်းရင်းသားနယ်မြေများအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်စဲရန်၊ အပစ်အခတ်ရပ်စဲချိန် မှစ၍ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲစတင်ရန်၊ အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မွန် ပြည်နယ်နှင့် ဆက်စပ်နယ်မြေများတွင် စစ်အင်အားထပ်မံတိုးချဲ့ခြင်း မလုပ်ဆောင်ရန်၊ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို အားလုံးလွှတ်ပေးရန်နှင့် အကျဉ်းထောင်
အတွင်းရှိ မွန်ပြည်သစ်ပါတီမှ ရဲဘော်များအားလည်း သက်ညှာစာနာထောက်ထား၍ လွှတ်ပေးရန်၊ စေတနာလုပ်အားပေးမှ လွဲ၍ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း ကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်၊ ပြဿနာဖြစ်တည်နေသည့် ပြည်သူများ၏ မြေယာများကိစ္စကို နှစ်ဖက်ညှိနှိုင်းဝိုင်းဝန်းဖြေရှင်းသွားကြရန် စသည့်အချက်များကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ကို    ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန် ကြီး ဦးအောင်မင်းခေါင်းဆောင်၍မွန်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကို မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဦးနိုင်ရော့စ ခေါင်းဆောင်ဆွေး နွေးသည်။
သဘောတူလက်မှတ်ရေးထိုး ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော် ဆောင်နိုင်ရေးနှင့်ပတ်သက်၍ သတင်း သမားတစ်ဦးမေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော်သမ္မတကြီးက အ ဆင့်သုံးဆင့်သတ်မှတ်ပေးထားပါ တယ်။ ပထမအဆင့်က အပစ်အ ခတ်ရပ်စဲရေး၊ ဒုတိယက   Development plus Political Type  ၊တတိယအဆင့်က ငြိမ်းချမ်း ရေးအဆင့်ပေါ့နော်။ အချိန်ဘယ် လောက်ကြာမလဲလို့ မေးရင် အခု ပထမအဆင့်တော့ပြီးပြီ။ ဒုတိယအဆင့်မှာ  Development    နဲ့   Political Dialogues    ဒါတွေ ကျွန်တော်တို့ဆွေးနွေးမှာ ဖြစ်ပါ တယ်။ ဆွေးနွေးမယ့်အကြောင်း အရာတွေက သိပ်များနေရင် ဆွေးနွေးတဲ့အခါမှာလည်း အကြိမ်ကြိမ်ဆွေးနွေးရမယ်ဆိုရင် တတိယအဆင့်ကို သွားဖို့ကြာမယ်။ အ ကယ်၍ ဒုတိယအဆင့်မှာ မကြာ ဘူးဆိုရင် တတိယအဆင့်က သိပ် မြန်မယ်။ ဒီဥစ္စာက ဒီတစ်ဖွဲ့တည်းကို ကြည့်ပြီး ပြောလို့မရဘူး။ တိုင်း ရင်းသားအားလုံးပါဝင်တဲ့ အဖွဲ့ တွေအားလုံးဟာ တတိယ အဆင့်ကို တက်ရမှာဖြစ်တဲ့အတွက် တစ်ဖွဲ့က မြန်နေပေမယ့် နောက်တစ်ဖွဲ့မှာ ကြာနေရင်လည်း သူတို့ကို စောင့်ရဦးမယ်။ အချိန်က တစ်နှစ် အတွင်းမှာ၊ ခြောက်လ အတွင်းမှာ ပြောလို့မရဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

http://7daynewsjournal.com/article/

အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေး ယခုလအတွင်း လက်မှတ်ရေးထိုးမည်

Photo
အောင်သူရ။  ရန်ကုန်၊ ဖေဖော်ဝါရီ-၁။ အတွဲ (၁၀)၊ အမှတ်(၄၇)
 
မွန်ပြည်သစ်ပါတီနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲရေးအပါအ၀င် အချက်ငါးချက်ကို ဖေဖော်ဝါရီတတိယပတ်တွင် အတည်ပြုလက်မှတ်ရေးထိုး မည်ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ ပါတီရဲ့ လုပ် ထုံးလုပ်နည်းအရ ဗဟိုကော်မတီ ထံ တင်ပြရတယ်။ မူဝါဒပိုင်းဆိုင် ရာ အရေးကြီးဆုံးကိစ္စတွေကို အ တည်ပြုချက်ရယူရတယ်”မွန်ပြည်သစ် ပါတီဒုဥက္ကဋ္ဌ ဦးနိုင်ရောစက ပြောသည်။ ဦနိုင်ရောစဦးဆောင်သော မွန်ပြည်သစ်ပါတီမှ ကိုယ်စား လှယ်အဖွဲ့နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ သည့်ဖေဖော်ဝါရီ ၁ ရက်တွင် မော်လမြိုင်မြို့၌ အပစ်အခတ်ရပ်စဲရေး  အပါအ၀င်အချက်ငါးချက်အား ပဏာမသဘောတူ ညီခဲ့ကြသည်။
“ဆွေးနွေးတဲ့အကြောင်းအ ရာတွေကို ပါတီကိုတင်ပြပြီးမှ အတည်ဖြစ်မယ်။ ပါတီကို တင်ပြရင် ပါတီက ခွင့်ပြုမှပဲ ခွင့်ပြုမယ်ဆိုပြီး ဒီအဖွဲ့ကိုလွှတ်လိုက်တာ ဖြစ်တယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဦးအောင်မင်းကပြောသည်။ အပစ်အခတ် ရပ်စဲပြီး နောက်ထာဝရငြိမ်းချမ်းရေးရရန် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ၍ ရှိပြီးပညာရေးနှင့် ကျန်းမာ ရေးကဏ္ဍ ပိုမိုကောင်းမွန်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၀န်ကြီးဦးစိုးသိန်းက ဆို သည်။    “တရားဥပဒေစိုးမိုးနိုင်အောင်၊ အနိုင်ကျင့်မခံရအောင် တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားဖို့ အစီအ စဉ်ရှိပါတယ်”ဦးစိုးသိန်းက ထပ်လောင်းပြောဆိုသည်။ အပစ်အ ခတ်ရပ်စဲပြီးပါက ဒေသတွင်းလုံခြုံသွားမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများပိုမို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ထိုအဖွဲ့နှင့် အပစ်အခတ် ရပ်နိုင်ပါက အစိုးရသစ်လက်ထက်အပစ်အခတ်ရပ်နိုင်သောအဖွဲ့ ရှစ် ဖွဲ့ရှိမည်ဖြစ်သည်။

http://www.7daynewsjournal.com/article/

အစိုးရကို မွန်ပြည်သစ်ပါတီသံသယရှိနေ

IMG_3323

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ယခုနှစ်ကုန် ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရေး မြန်မာအစိုးရနှင့်သဘောတူညီချက်ထားရှိမှုအပေါ်သံသယဖြစ် ဖွယ်ကိစ္စရပ်များတွေ့ရှိနေရကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကယနေ့ကျင်း ပသည့် လူထုတွေ့ဆုံရှင်းလင်းပွဲတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် လက်ရှိအစိုးရသဘောတူညီချက်တွင် “၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါက စုစည်းနိုင်သောအပစ်ရပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်တို့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ဖေါ်ဆောင်သွားရန်” စသည့်အချက် ပါရှိခဲ့သည်။

“အခုအသစ်ဖွဲ့စည်းခဲ့တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက (၁) တရားဝင်နိုင်ငံရေးအဖွဲ့ ထူထောင်ပါ၊ (၂) ရွေးကောက်ပွဲဝင်ပါ၊ (၃) ရွေးကောက်ပွဲနိုင်ရင် လွှတ်တော်ထဲတင်ပြခွင့်ရှိမယ်၊ (၄) တစ်ခုတည်းသော တပ်မတော်ဖြစ်ရမယ်လို့ သူတို့ဆီကသဘောထားကို တွေ့ရှိခဲ့တယ်” ဟု နိုင်ဟံသာက ပြောသည်။

မေလတွင်အစိုးရဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း-ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းဇော်-ဒု ဥက္ကဋ္ဌ၊ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအဝင်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားသည့် အဖွဲ့၏ သဘောထားကိုရညွှန်းပြောကြားသည်ဟု သိရသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းရွာ၊ အလယ်တန်းကျောင်း မွန်ပြည်သစ်ပါတီမှ လူထုတွေ့ဆုံရှင်းလင်းပွဲ နံနက်ပိုင်းအစီအစဉ်တွင် အနီးအနားတဝိုက်ကျေးရွာများမှ ကျေးရွာအကြီးအကဲများ၊ ကျန်းမာရေး၊ ပညာရေးဌာနများမှ ဝန်ထမ်းများအား နံနက်ပိုင်းတွင်တစ်ကြိမ်၊ ဘုရားသုံးဆူမြို့ခံ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒီလိုသဘောထားမျိုးက၂၀၁၀ ခုနှစ် ဧပြီလ နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖွဲ့ ပြောင်းလဲဖွဲ့ စည်းတဲ့ အနေအထားမျိုးလို ပြန်ဖြစ်လာနိုင်တယ် ၊ ဒါကို ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ လက်မခံနိုင်ပါဘူး” ဟု နိုင်ဟံသာက ပြောသည်။

အလားတူ ယခုလဆန်းပိုင်းမှ၍ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များဦးဆောင်ပြီး မွန်ပြည်သစ်ဗဟိုဌာနချုပ် ပတ်ဝန်းကျင်ဒေသ၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်ရှိ ကျေးရွာများနှင့် မြို့ပေါ်များတွင် မွန်လူမှုအဖွဲ့အစည်းများအပါအဝင် ဒေသခံများကိုရှင်းလင်းပွဲပြုလုပ်၍ သဘောထားကောက်ယူနေကြဆဲ ဖြစ်သည်။

http://burmese.bnionline.net/index.php/news/imna/10708-2012-06-21-16-21-25.html

မွန်ပြည်သစ်ပါတီခေါင်းဆောင်များ လူထုသဘောထားကောက်ခံနေ

မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ ရှင်းလင်းပြောကြားခဲ့စဉ်
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသနှင့် ဆက်စပ်ရာမြို့နယ်အချို့တွင် ပါတီထိပ်ပိုင်း ခေါင်း ဆောင်များက လူထုသဘောထားများကောက်ခံနေကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

ယခုလဆန်းပိုင်းမှစတင်၍ မွန်ပြည်သစ်ထိပ်ပိုင်းခေါင်းဆောင်များဦးဆောင်ပြီး မွန်ပြည်သစ်ဗဟိုဌာနချုပ် ပတ်ဝန်းကျင်ဒေသ၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်ရှိ ကျေးရွာများနှင့် မြို့ပေါ်များတွင် မွန်လူမှုအဖွဲ့အစည်းများအပါအဝင် ဒေသခံများကိုရှင်းလင်းပွဲပြုလုပ်၍ သဘောထားကောက်ယူနေကြသည် ဟု နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

၎င်းက “အဓိက မွန်ပြည်သူလူထုတွေနဲ့တွေ့ဆုံပြီး အကြံဉာဏ်တွေတောင်းခံမှာပါ၊ အခုလိုအပစ်အခတ်ရပ်စဲ ရေးကာလမှာ လူထုတွေက ဘယ်လိုမျိုးနေရာတွေမှာ သဘောမကျတာရှိလဲ၊ မွန်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် သူတို့ရဲ့ အထင်အမြင်သဘောထားအကြံပြုချက်တွေကို ဆွေးနွေးကြမယ်” ဟု ပြောသည်။

အထက်ပါ လူထုသဘောထားကောက်ခံနေမှုကို မွန်ပြည်သစ်ပါတီဒေသအဖြစ်သတ်မှတ်သည့် သထုံခရိုင် လက်အောက်ခံ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ကော့ကရိတ်၊ ဖားအံမြို့နယ်များ၊ မော်လမြိုင်ခရိုင်လက် အောက်ခံ သံဖြူရပ်၊ မုဒုံ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထားဝယ်ခရိုင်လက်အောက်ခံ ရေး၊ ရေဖြူ၊ ဘုရားသုံး ဆူမြို့နယ်နှင့် မွန်ပြည်သစ် ဗဟိုဌာနထိန်းချုပ်ရာပတ်ဝန်းကျင်ဒေသတို့တွင် ပြုလုပ်နေဆဲဖြစ်သည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဒေသတွင် ဥက္ကဌနိုင်ထောမွန်၊ သထုံခရိုင်တွင် ဒုဥက္ကဌနိုင်ရော့စ၊ မွန်ပြည်သစ် ဗဟိုဌာနထိန်းချုပ်ရာပတ်ဝန်းကျင်ဒေသတွင် အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ၊ မော်လမြိုင်ခရိုင်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဝင်းလှ တို့ဦးဆောင်၍ လူထုသဘောထားများကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့တွင် ပြုလုပ်ခဲ့သည့် သဘောထား ကောက်ခံမှုတစ်ရပ်၌ မြန်မာအစိုးရနှင့်မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးပွဲများတွင် မွန်သတင်းမီဒီယာ သမားများအား တက်ရောက်ခွင့်ပြုရန် တောင်းဆိုထားသည်ဟု သိရသည်။

အဆိုပါဒေသခံလူထုများ၏တင်ပြချက်များကို လာမည့်ဇူလိုင်လအတွင်း ကျင်းပမည့် မွန်ပြည်သစ်ပါတီဗဟို ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟုလည်း နိုင်ဟံသာဗွန်ခိုင်းက ဆက်ပြောသည် မွန်ပြည် သစ်ပါတီနှင့် မြန်မာအစိုးရတို့သည် ယခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ပြည်ထောင်စုအဆင့်အပစ် အခတ် ရပ်စဲရေးသဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

http://burmese.bnionline.net/index.php/news/imna/10691-2012-06-19-16-03-50.html

မွန်ပြည်သစ်ပါတီ၏ ပြည်တွင်း ဆက်ဆံရေးရုံးများ

မွန်ပြည်သစ် ပါတီနှင့် အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့၏ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့က အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် (၄၅) ရက် အတွင်း အကောင်အထည် ဖေါ်ရန် သဘောတူ လက်မှတ်ရေးထိုး ထားပါသည်။ အဆိုပါ သဘောတူညီချက်အတွင်း ပြည်တွင်း ဆက်ဆံရေးရုံး (၉)နေရာ ထားရှိရေးလည်း ပါရှိပါသည်။
၄င်းနေရာများမှာ-

၁။ မော်လမြိုင်မြို့  ၂။ မုဒုံမြို့ ၃။ သံဖြူဇရပ်မြို့ ၄။ ရေးမြို့  ၅။ ဘုရားသုံးဆူမြို့ ၆။ ကျိုက်မရောမြို့ ရ။ ဇင်းကျိုက်ရွာ(ပေါင်မြို့ နယ်) ၈။ မြိတ်မြို့ ၉။ ယာဖူးရွာ (ရေဖြူမြို့နယ်) တို့ဖြစ်ပါသည်။

အလားတူ စီးပွားရေးရုံးများကိုလည်း လိုအပ်သည့်နေရာများတွင် ထားရှိရန် သဘောတူထားပါသည်။ မွန်ပြည်သစ် ပါတီအတွက် တပ်ဖွဲ့နေရာ ချထားရေးကိုလည်း၊ တပ်တည်များကိုလည်း ယခင် (၁၉၉၅) ခုနှစ် အပစ်အခတ်ရပ်စဲ ချိန်တွင်နေရာ (၁၂) နေရာသာ သတ်မှတ်ထားရာက ယခု (၂၇)နေရာထိ တိုးချဲ့သတ်မှတ် ထားပါသည်။ ဤနေရာများသည်၊ အထူးသဖြင့် တော နယ်များ၌သာဖြစ်ပြီး၊ ဆက်ဆံရေးရုံး များနှင့် အနီးစပ်ဆုံးဆက်သွယ် နိုင်သွယ်နိုင်သည့် နေရာများ၌ ရှိပါသည်။

မွန်ပြည်သစ်ပါတီသည် တပြည်လုံး အပစ်အခတ် ရပ်စဲပြီး တိုင်းရင်းသား ပေါင်းစုံတွေ့ဆုံ ဆွေးနွေးရေးကို (၃) လအတွင်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားသည့်အပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းက အဆိုပါ တပြည်လုံးတွေ့ဆုံ ဆွေးနွေးရေး တောင်းဆိုချက်ကို (၄) လအတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ဂတိ ပြုထားခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် သဃာင်္တော် တစ်ပါးက မိန့်ကြားထားပါသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရကိုယ်စားလှယ်တို့ ဆွေးနွေးစဉ် (ဓါတ်ပုံ - Citizen journalist)

မွန်ပြည်သစ်ပါတီသည်၊ အကျဉ်းကျနေသော မွန်နို်င်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် သဘောတူ ညီချက် ရရှိထား သ ဖြင့် မွန်ပြည်နယ် အတွင်း၌ နေထိုင်ကြသော တိုင်းရင်းသားများတွင်ယုံကြည်ချက် ကြောင့် အကျဉ်းကျ ခံနေရသူရှိပါက မွန် ပြည်သစ်ပါတီအား ဆက်သွယ်ကြရန် လိုအပ်လှပါသည်။

မွန်ပြည်သစ် ပါတီသည် ၁၉၉၅ ခုနှစ် ဇွန်လစပြီး ပထမအကြိမ် (၁၅)နှစ် တာကြာမျှ အပစ်ရပ်ထားခဲ့ပြီး၊  ၂၀၁၂ ခုနှစ် ဖေဖေါ် ဝါရီလ(၂၅) ရက်နေ့တွင် ၂၀၁၀ ခုနှစ် ရွေးကောက်အပြီး အသစ်တက် လာသော အစိုးရ အသစ်နှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပါသည်။

http://burmese.bnionline.net/index.php/news/phophtaw/9909-2012-02-28-16-04-19.html

မွန်ပြည်သစ်ပါတီ နှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး


4 Apr 2012  | By The Voice Journal မွန်ပြည်သစ်ပါတီ နှင့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင် သောပြည် ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင် ရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တို့ ဧပြီလ ၁၁ရက်နေ့က မော်လမြိုင်မြို့့ရှိ ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အချက်၅ချက်ကို ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အချက်၅ချက်မှာ ‘တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး’၊ ‘အပစ်အခတ် ရပ်စဲထားမှုကို ခိုင်မာအောင် ထိန်းသိမ်းရေး’၊ ‘ဒေသတွင်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး တိုးတက်စေရေး’၊ ‘မွန်ပြည်သစ်ပါတီနှင့် ဆက်နွယ်နေသော အကျဉ်းသားများ၊ အခြားလက်နှက်ကိုင် တပ်ဖွဲ့မှ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်’နှင့် ‘ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ထပ်မံကျင်းပရေး’ တို့ကိုဆွေးနွေး ခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောကြားသည်။

The Voice Journal

The Voice Journal

အပစ်ရပ်လက်မှတ်ထိုးရန် မွန်ပြည်သစ်ပါတီ အစိုးရကိုယ်စား လှယ်နှင့် တွေ့မည်

Wednesday, 22 February 2012--
ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ အလွတ်သတင်းထောက် (ကေအိုင်စီ)

မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူထားချက်များကို အတည်ပြု လက် မှတ်ထိုးရန်အတွက် ယခုလ ၂၅ရက်နေ့တွင် ထပ်မံ တွေ့ဆုံကြမည် ဖြစ်သည်။


မွန်ပြည်သစ်ပါတီသည် အစိုးရကိုယ်စားလှယ်တို့နှင့် ထပ်မံ တွေ့ဆုံရန်အတွက် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၁ရက်နေ့အထိ ဗဟိုကော်မ တီ အစည်းအဝေး ကျင်းပအပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက်ခဲ့ကြခြင်း ဖြစ်သည်။
“ပဏာမ သဘောတူထားတာကို ပြန်သုံးသပ်ပြီးတော့ အဲဒါတွေကို ဒီတခါတွေ့ရင် အတည်ပြု လက်မှတ်ထိုးဖို့ပဲ။ ဒီလ ၂၅ရက်နေ့ကျရင် တွေ့ဆုံကြမယ်။”ဟု မွန်ပြည်သစ်ပါတီကော်မတီဝင်တစ်ဦးက ပြောသည်။

အတည်ပြု လက်မှတ်ထိုးရန်အတွက် ယခင် ပဏာမ သဘောတူလက်မှတ်ထိုးခဲ့ကြသည့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ပင် ပြန်လည် တွေ့ဆုံကြမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည့် အချက် ၅ချက်မှာ နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲရေးကိစ္စ၊ ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင် ဖွဲ့ စည်းပေးရန်၊ ဆွေးနွေးမည့် ရက်၊ အချိန်နှင့် နေရာ ညှိနှိုင်းရန်၊ ဆက်ဆံရေးရုံးကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာတွင် (လက်နက်မပါဘဲ) ထားရှိရန်၊ သတ်မှတ်နေရာမှအပ အခြားဒေသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်နှင့် နှစ်ဖက် သဘောတူညီမှု ရရှိထားသည့် သတ်မှတ်နေရာများ တွင် နေထိုင်ရန်တို့ ဖြစ်သည်။
“ငြိမ်းချမ်းဖို့ ကျနော်တို့ မျှော်လင့်နေကြတာပဲလေ။ အစိုးရဘက်ကလည်း မွန်ပြည်သစ်ပါတီဘက်က တောင်းဆိုချက်တွေကို လိုက်လျော ပေးတာ ရှိတယ်။ နှစ်ဖက် တွေ့ဆုံခဲ့တာတွေလည်း အားရကျေနပ်စရာပါပဲ။”ဟု မွန်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် နိုင်တင်အောင်က ပြောသည်။

အစိုးရကိုယ်စားလှယ်များနှင့် သွားရောက်တွေ့ဆုံရန်အတွက် မွန်ပြည်သစ်ပါတီဘက်မှ ဒုဥက္ကဌ နိုင်ရော့စ ဦးဆောင်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှုးချူပ်လယီကကောင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်တလညီ အပါအဝင် အဖွဲ့ဝင် ၁၅ဦး ပါဝင်မည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၁ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ စံခလပူရီတွင် ပထမ အကြိမ် အလွတ်သဘော ဆွေးနွေးခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စဦးဆောင်သည့်အဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်းတို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ခုနှစ်တွင် ပထမအကြိမ်အဖြစ် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲလာခဲ့ပြီးနောက်ပိုင်း အစိုးရ၏ နယ်ခြား စောင့်တပ် အသွင်ပြောင်းလဲရေးကို လက်မခံသည့်အတွက် ၂၀၁၀ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်လာခဲ့ကာ ယခု ဒုတိယအကြိမ် အဖြစ် အပစ်ရပ်စဲရန် လက်မှတ်ထိုးကြတော့မည် ဖြစ်သည်။

 http://www.kicnews.org/?p=10160

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံ မေးမြန်းချက်

၂၀၁၁ ခုနှစ် ဧပြီလ (၂၇) ရက်
NaiHanTha
နိုင်ဟံသာ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး













 
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို ထိုးစစ်ဆင်နေသည့် အစိုးရသစ်က မွန်ပြည်သစ်ပါတီအပေါ် ထားရှိလာနိုင်မည့် သဘောထားနှင့် လက်ရှိ အစိုးရသစ်အပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားကို သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။ ။ အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရဟာ အပစ်ခတ်ရပ်စဲရေး ပျက်ပြားသွားတဲ့နောက်မှာ ရှမ်းပြည် မြောက်ပိုင်းဘက်မှာ ထိုးစစ်တွေ ဖြစ်ပေါ်နေတယ်၊ မွန်ပြည်သစ်ပါတီဘက်မှာရော ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ဒီကျတော်တို့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ စစ်အစိုးရနဲ့က အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပါပြီ။ သူတို့လိုချင်တဲ့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ ဆိုတဲ့ဟာကိုလည်း ကျတော်တို့ လက်မခံနိုင်ဘူး၊ နောက်ဆုံး သူတို့က လက်နက်ချဖို့ထိကိုလည်း ပြောလာတယ်။ ဒါကိုလည်း ကျတော်တို့ လက်မခံနိုင်ဘူး။ ကျတော်တို့ တောင်းဆိုတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ သုံးပွင့်ဆိုင်ပြီး ဖြေရှင်းဖို့ရယ်၊ နောက်ကျတော်တို့ လိုချင်တဲ့ ဒီစစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတဲ့ဟာကိုလည်း သူတို့ လက်မခံနိုင်ဘူး။ အဲဒီတော့ ကျတော်တို့နဲ့ သူတို့နဲ့က ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထား မရှိဘူး၊ အဲဒီအပေါ်မှာ အခုမြောက်ပိုင်းမှာ တိုက်သလို ကျတော်တို့ကိုလည်း တစ်ချိန်ချိန်မှာပေါ့ တိုက်လိမ့်မယ်လို့လည်း ကျတော် ယုံကြည်တယ်။ အဲဒီအတွက်ကိုလည်း ကျတော်တို့က ခုခံနိုင်ဖို့ ဒီကနေ့ဆိုရင်တော့ ညီညွှတ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဆိုပြီးတော့မှ တပ်ပေါင်းစုအသစ်ကို ကျတော်တို့ ဖွဲ့စည်းထားတယ်၊ အဲဒီတပ်ပေါင်းစုနဲ့ ကျတော်တို့အားလုံး စုပေါင်းပြီးတော့မှ ခုခံသွားနိုင်ဖို့ ကျတော်တို့ ပြင်ဆင်ထားပါတယ်။

မေး ။ ။ လက်ရှိအစိုးရက နောက်ထပ်တဖန် အပစ်ရပ်ဖို့ ဆွေးနွေးလာမယ်၊ ကမ်းလှမ်းလာမယ် ဆိုရင်ရော မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို ဆွေးနွေးသွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ တကယ်လို့ အပစ်ရပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အပစ်ရပ်ဖို့သက်သက် ဆိုတဲ့ဟာကို ကျတော်တို့ လက်မခံချင်ဘူး၊ မကြိုဆိုဘူး။ တကယ်လို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဆိုတဲ့ဟာကို ဦးတည်မယ်ဆိုရင် ဒါကို ကျတော်တို့ ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါပေမဲ့ ကျတော်တို့ အတွေ့အကြုံအရ တဖွဲ့ချင်းစီ ကျတော်တို့ မဆွေးနွေးဘူး၊ အခု ကျတော်တို့ ညှိနှိုင်းထားတယ် ကျတော်တို့ ဒီတပ်ပေါင်းစုထဲမှာ။ တပ်ပေါင်းစု အနေနဲ့ပဲ ဆွေးနွေးမယ်၊ ဒီတိုင်းရင်းသားတွေ အင်အားစုတွေဘက်က ကျတော်တို့ တစုတစည်းအနေနဲ့ပေါ့နော်။ စစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် တစုတစည်း ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ဆွေးနွေးရတာ ပိုပြီးတော့ လွယ်ကူမယ်၊ ပိုပြီးတော့ မြန်ဆန်မယ်။ ကျတော်တို့အတွက်လည်း အလားအလာ ပိုကောင်းမယ်လို့ ကျတော်တို့ အဲလို ခံယူပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ လက်ရှိအစိုးရသစ်အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို သဘောထား ဆွေးနွေးခဲ့ပါသလဲ။

ဖြေ ။ ။ ဒီအခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အပေါ်မှာ ကျတော်တို့ မြင်တာက အရင် ဒီနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုတဲ့ စစ်အစိုးရကနေ စစ်ယူနီဖောင်းကို ချွတ်ပြီးတော့မှ အရပ်ဝတ်နဲ့ တက်လာတဲ့ အရပ်သား အမည်ခံ စစ်အစိုးရပဲလို့ ကျတော်တို့ အဲလို ခံယူတယ်၊ အခု ဒီစစ်အစိုးရသစ်ထဲမှာ ပြန်ကြည့်မယ် ဆိုရင်တော့ လူဟောင်းတွေပဲ ပြန်ပါပါတယ်။ အများစုပေါ့နော် အဲဒီထဲမှာ ပြန်စိစစ်လိုက်ရင် အရပ်သား စစ်စစ်ဆို သုံးဦးလောက်ပဲပါမယ်။ နောက်ပြီးတော့ ဒီအစိုးရက အရင်စစ်အစိုးရ အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကိုပဲ ပြန်လည်ပြီးတော့ အကောင်အထည်ဖော်မှာ ဖြစ်တယ်၊ နောက် သူတို့ ဖွဲ့စည်းထားတဲ့ ကနေ့ပါလီမာန်တို့ လွှတ်တော်တို့ဟာလည်း ဒါက ဟန်ပြပါပဲ။ ဘာမှ အာဏာမရှိပါဘူး၊ အဲဒီတော့ သူတို့ အရင်ပုံစံအတိုင်း နီးနီးလောက်ကိုပဲ သွားမှာဖြစ်တယ်။ ဒါကြောင့် ဒီစစ်အစိုးရ ပုံစံအနေနဲ့ ဆိုရင် ကျတော်တို့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အထွေထွေ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျတော်တို့ မယုံကြည်ဘူး။

မေး ။ ။ အတွင်းရေးမှူးအနေနဲ့ လက်ရှိ မွန်ပြည်နယ် အစိုးရသစ် အပေါ်မှာ ဘယ်လိုမြင်သလဲ။ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ မွန်ပြည်နယ်မှာ မွန်ပြည်နယ် အစိုးရ ဆိုပြီးတော့ ပေါ်လာပြီပေါ့ဗျာ၊ ဒါပေမဲ့ အဲဒီအထဲမှာ ကြည့်မယ် ဆိုရင်တော့ ဒီအစိုးရကလည်း ဟိုအစိုးရရဲ့ ချုပ်ကိုင်မှုပေါ်မှာပဲ လှုပ်ရှားနေရတယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအရလည်း အဲဒီအပေါ်မှာပဲ သူတို့က လှုပ်ရှားခွင့် ရှိတယ်၊ နောက်အများစုကလည်း ကြံ့ဖွံ့အဖွဲ့ဝင်တွေကပဲ ဦးဆောင် နေရာရထားတယ်၊ အဲဒီအပေါ်မှာ ဘာမှ မထူးခြားဘူးလို့ ကျတော်မြင်တယ်။ ဒါဟန်ပြပါပဲလို ကျတော်တို့ သုံးသပ်တယ်။

မေး ။ ။ တက်လာတဲ့ အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ။
ဖြေ ။ ။ ကျတော်တို့ ပြည်သူတွေအနေနဲ့ အခုလို အစိုးရသစ် ဖြစ်ပေါ်လာတဲ့အပေါ်မှာ သိပ်အယုံမလွယ်ပါနဲ့ စောင့်ကြည့်ပါ၊ နောက် မိမိလုပ်ဆောင်နိုင်တဲ့ အနေအထားပေါ်မှာ တကယ်စစ်မှန်တဲ့ ပြည်သူလူထု အစိုးရ ဖြစ်ပေါ်လာဖို့ရယ်။ နောက် ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ရယ်၊ နောက် တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျတော်တို့နိုင်ငံမှာ တကယ့်တိုင်းရင်းသားတွေရဲ့ အခွင့်အရေး မပေါ်ဘူးဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စု ပုံသဏ္ဍာန် မဆောင်ဘူးဆိုရင် ကျတော်တို့နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကို နားလည် လက်ခံနိုင်ပြီးတော့ ဘယ်လိုပုံစံမျိုးဖြစ်အောင် ကျတော်တို့အားလုံး ဝိုင်းလုပ်သွားကြဖို့ ပြည်သူတွေကို မှာကြားချင်ပါတယ်။

မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်ရန် သဘောတူ

မွန်ပြည်သစ်ပါတီက ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမ သဘောတူညီချက် ၅ ချက်ကို အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကနေ အတည်ပြုလိုက်ပြီလို့ ပါတီဗဟိုကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့် ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ရွေးချယ်လိုက်တယ်လို့        မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့ မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ပဏာမ သဘောတူညီချက်တွေကို မွန်ပြည်သစ်ပါတီက အဲဒါကို ဒီမှာ အတည်ပြုလိုက်ပြီ။ လက်ခံပြီးတော့ သူတို့ ဒီမြန်မာအစိုးရနဲ့ အဆက်အသွယ် ပြန်လုပ်တယ်။ ၂၅ ရက်နေ့လောက်မှာ ပြန်တွေ့ကြဦးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်နဲ့ကို ဆက်ဆွေးနွေးမယ်။”
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ၁၈ ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁ ရက်နေ့ မော်လမြိုင်မြို့ တွေ့ဆုံရာမှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ချက်ကို ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။  အဲဒီ သဘောတူညီချက်ကို အခုကျင်းပတဲ့ ဗဟိုကော်မတီ အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။
ပဏာမသ ​ဘောတူတာက​တော့​ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ရယ်၊​    ပြည်​ထောင်စုအဆင့်​ ဆွေးနွေးဖို့​အတွက် ကိုယ်စား​လှယ် အမည်စာရင်း​၊​ ရက်၊​ ​နေရာ ညှိနှိုင်းဖို့ရယ်၊​ ဆက်ဆံ​ရေး​ရုံး​တွေထား​ဖို့ရယ်၊​ သတ်မှတ်တဲ့​ နေရာပဲ လက်နက်နဲ့သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်​မြေမှာ လက်နက်နဲ့မသွား​ရဘူး​ ဆိုတာရယ်၊ နှစ်ဖက် သ​ဘောတူညီလို့ရတဲ့​ နယ်​မြေအပိုင်းအ​ခြားတွေမှာ​ ​နေ​ထိုင်​ဖို့ စတဲ့​အချက်​တွေ​ ​ဆောင်​ရွက်​ဖို့ကို သဘောတူညီခဲ့ကြတာပါ။
၂၀၁၀ ခုနှစ် စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်ပါတယ်။
စစ်အစိုးရ မဖျက်ခင် ပျက်ပြယ်ခဲ့ရတဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အစိုးရသစ် လက်ထက်မှာ ပြန်အကောင်အထည် ဖော်နေပြီး  အစိုးရက ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေပါတယ်။ ဒါပေမယ့်  အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တွေအနက်  ဒီကေဘီအေ၊ ရှမ်းတပ်တွေနဲ့ လတ်တလော တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
မွန်ပြည်သစ်ပါတီက အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဆိုရင် အင်အားကြီးမားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တခုသာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးဘဲ ကျန်ရှိနေမယ့် သဘောဖြစ်ပါတယ်။
ဒီလ ၁၅ ရက်နေ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို သုံးလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးစီးမယ်လို့ ခန့်မှန်းဖြေဆိုထားပြီး လာမယ့် မတ်လ ၁ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ လာမယ့် လပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့ ဖြေခဲ့ပါတယ်။
တိုင်းရင်းသား ၁၂ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဟာ တဖွဲ့ချင်း မဆွေးနွေးဘူးလို့ မူချထားပေမယ့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိဘဲ တဖွဲ့ချင်း အစိုးရနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India