Showing posts with label ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ. Show all posts
Showing posts with label ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီ. Show all posts

April 17, 2013

ဝန်ကြီး ဦးအောင်မင်း ဝီလျံဟိဂ် နဲ့တွေ့

_bbc_uaungmin_304x171_ 

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်တွေ ဧပြီလ ၁၆ ရက်က ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ် နဲ့ လန်ဒန်က နိုင်ငံခြားရေးရုံး မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့ ဗြိတိသျှ အစိုးရ ဖိတ်ကြားချက် အရ လန်ဒန်မြို့ ကို ရောက်လာတာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး နဲ့ စီးပွားရေး တိုးတက် ပြောင်းလဲမှု တွေ ကို လာရောက်ရှင်းပြတဲ့ အကြောင်း၊ အခု ဧပြီလကုန် မှာ ဥရောပ သမဂ္ဂ ပိတ်ဆို့မှု အချို့ ဆိုင်းငံ့ထားတဲ့ အပေါ် ပြန်လည် သုံးသပ်မယ့် အချိန်ရောက် မှာမို့ ပိတ်ဆို့မှု တွေ ရှိသရွေ့ ကြိုးချည်ပြီး ပြေးရသလို ဖြစ်နေတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။
ကချင် အရေး ဗြိတိသျှ အစိုးရ နဲ့ ဆွေးနွေးရာ မှာတော့ မကြာခင် ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိတဲ့ အခါမှာ မြစ်ကြီးနားမှာ တွေ့ဆုံမယ့် အကြောင်း၊ အခု ဆိုရင် ကချင် ပြည်နယ် မှာ သေနတ်သံ ပင် မကြားရလို့ ဆွေးနွေးပွဲ အောင်မြင်မယ် လို့ ယုံကြည်ပုံ၊ ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂ၊ အမေရိကန် တို့ အနေ နဲ့ လေ့လာ စောင့်ကြည့်သူ အဖြစ် တက်ရောက်နိုင်ပေမယ့် ပါဝင် ဆွေးနွေးခွင့် မရှိပုံ တွေကို ဝန်ကြီး ဦးအောင်မင်း က ဘီဘီစီကို ရှင်းပြပါတယ်။
ကချင် လူမှုရေး အဖွဲ့က ပြောသလို အနောက်အုပ်စု ပါရင် တရုတ် က ကန့်ကွက် နိုင်သလား ဆိုတာ ကိုတော့ ပြည်တွင်း တိုင်းရင်းသား အရေး ဖြစ်လို့ အခြား နိုင်ငံတွေ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ပြော ပါတယ်။
ဝ တိုင်းရင်းသားတွေ ဖက် က ခွဲထွက်ရေး အသံ ကြားရတဲ့ အပေါ်မှာ တော့ တိုင်းရင်းသား အဖွဲ့တိုင်း နဲ့ ဆွေးနွေးတဲ့ အခါမှာ အခြေခံ အချက် ကို ဆွေးနွေးပုံ၊ မြန်မာနိုင်ငံ က ခွဲမထွက်ရေး မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ သက်ဆိုင်နေတဲ့ အတွက် မကြိုက်တဲ့ အပိုင်း ပြင်ဆင်ရေး ကို လွှတ်တော် မှာ ကော်မရှင် ဖွဲ့ပြီး ဖြစ်လို့ လူက ရေးတဲ့ ဥပဒေ ကို လူက မကြိုက်ရင် ပြင်နိုင်ပုံတွေ ဝန်ကြီး ဦးအောင်မင်းက ဘီဘီစီ ကို ရှင်းပြပါတယ်။
ကနေ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အိုင်ယာလန် ကို ရောက်နေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ် တွေ လေ့လာရေး လို့ ဆိုပါတယ်။

 ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

http://www.bbc.co.uk/burmese/burma/2013/04/130416_uaungmin_fco.shtml

September 29, 2012

ကချင်စစ်ပွဲတွေအပေါ် သမ္မတက KIA ကို အပြစ်ဆို


အစိုးရသစ် တက်လာပြီးနောက် ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတဲ့အပေါ် တပ်မတော်ဘက်ကနေ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတက အမိန့်ထုတ်ခဲ့ပေမယ့် KIA ဘက်က အဲဒီလို အမိန့်မထုတ်ခဲ့ဘူးလို့ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့တုန်းက မြန်မာ သတင်းထောက် တချို့နဲ့ တွေ့ဆုံစဉ် ကချင်ကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်တွင်းက စစ်ပွဲတွေကြောင့် တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေ အများအပြား ဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောပါတယ်။
ဒါပေမယ့် KIA အပါအဝင် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ပါဝင်တဲ့ UNFC မဟာမိတ်အဖွဲ့ဘက်ကလည်း အစိုးရဘက်က ထိုးစစ်တွေ ရပ်ဖို့ဆိုပြီး တိုက်တွန်းခဲ့ တာတွေလည်း ရှိပါတယ်။
ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်နိုင်ပေမယ့် ဝန်ကြီးတွေက သူနဲ့ တွေ့ဆုံတာ၊ သူ့ဆီက အကြံဉာဏ်ယူတာတွေ ရှိကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လည်း လက်ရှိ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင် ဆောင်ရွက်နေကြောင်း၊ သူ့ကို ဝန်းရံ ထောက်ခံသူတွေဟာလည်း အရင် စစ်အစိုးရအပေါ်မှာ အတိုက်အခံ လုပ်သလိုမျိုး လက်ရှိ အစိုးရအပေါ် လုပ်တာမျိုး မရှိတော့ပဲ၊ မထောက်ခံရင်တောင် ဆန့်ကျင်တာမျိုးတော့ မရှိကြောင်း သမ္မတက ပြောပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေးမှာ နိုင်ငံရေး တည်ငြိမ်မှု ရလာပေမယ့် သမ္မတအနေနဲ့ ကြုံရတဲ့ အခက်အခဲတွေထဲမှာ စီးပွားရေး တိုးတက်ဖို့ လိုသေးတာ၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ လိုသေးတာတွေက အခက်အခဲတွေ ဖြစ်နေသေးကြောင်းလည်း သူက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ကနေ စက်တင်ဘာ ၂၉ ရက်နေ့မှာ ထွက်ခွာဖို့ ရှိတယ်လို့ လည်း သိရပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120929_president_utheinsein_press.shtml

September 21, 2012

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)


သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

August 24, 2012

ပြောသည့်အတိုင်း မဖြစ်၍ SSA-S ကို ဦးအောင်မင်း အားနာ

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) နှင့် အစိုးရအကြား သဘောတူညီမှု ရရှိထားသည့် အချက်များကို ဆက်လက် အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးသောကြောင့် အားနာမိကြောင်း အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ မေလ ၁၉ ရက်နေ့က သဘောတူညီချက်များ လက်မှတ်ထိုးပြီးနောက် လက်ဆွဲနှုတ်ဆက်စဉ် (ဓာတ်ပုံ – ဧရာဝတီ)
ပြီးခဲ့သည့်သီတင်းပတ်က နေပြည်တော်တွင် SSA တောင်ပိုင်းမှ ကိုယ်စားလှယ်တချို့နှင့် နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိထားသည့် ကိစ္စရပ်များကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ သဘောတူညီချက် ထဲမှာပါတဲ့ အချက်အလက်တွေအားလုံး ယနေ့အထိ ဘာမှ အကောင်အထည် ဖော်ဆောင်နိုင်တာ မရှိဘူး။ အဲဒီ ကိစ္စတွေကိုလည်း ဦးအောင်မင်းက ချက်ချင်းကြီး လိုအပ်သလို စိတ်တိုင်းကျ အကောင်အထည် မဖော်ဆောင်ပေးနိုင်သေးတာကို သူအနေနဲ့ အားနားတဲ့အကြောင်း ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး အောင်သိန်း ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးသည် ဦးအောင်မင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုးတို့အပြင် တခြား သက်ဆိုင်ရာ ၀န်ကြီးတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
SSA တောင်ပိုင်းမှ တင်ပြချက်များကို သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မပျက်ပြားစေရန် အတူ ပူးပေါင်း ဆောင်ရွက်သွားရမည်ဟု ဦးအောင်မင်းက ပြောကြားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် နှစ်ဖက် တပ်ဖွဲ့ဝင်များ ငြိမ်းချမ်းရေးလမ်းစဉ်ကို နားမလည်ခြင်းကြောင့် ဖြစ်ကြောင်း ဦးအောင်မင်းက ရှင်းပြခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် ရက််ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ယင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
ယင်း ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
အလားတူပင် မကြာသေးမီကလည်း ဦးအောင်မင်းက ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှု ဖြစ်စဉ်များ၌ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာသတ်မှတ်ခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံး မဖွင့်လှစ်နိုင်သေးခြင်းတို့ ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြခဲ့သည်။
မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကို သိလိုကြောင်း မေးခွန်းနှင့် စပ်ဆက်၍ ဦးအောင်မင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

 http://burma.irrawaddy.org/archives/18484

August 22, 2012

SSPP ၏ စစ်ရေး ပဋ္ဋိပက္ခ အခြေအနေ မှန်ကို လွှတ်တော်သို့ ဦးအောင်မင်း တလွှဲတင်ပြ

SSPP_03_334221ဆက်ဆံရေးရုံး မရှိသေးခြင်း၊ တပ်နေရာ ချထားခြင်း မရှိသေးသည့်အတွက် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် ပစ်ခတ် မှုများ ဖြစ်နေရကြောင်း ၀န်ကြီး ဦးအောင်မင်း၏ လွှတ်တော်သို့ တင်ပြချက်သည် အခြေအမြစ်မရှိဟု SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ကျနော်တို့ SSPPက ၂၀၁၂ ခုနှစ်ဇန္နာဝါရီလ (၂၈) ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပါတယ်။ ပြီးတော့ လား ရှိုးမြို့မှာရော တောင်ကြီးမြို့ ပေါ်မှာပါ ဆက်ဆံရေးရုံးတွေ ရှိတယ်။ တပ်နေရာကိုတော့ သူ့နေရာသူနေ၊ ကိုယ့်နေရာ ကိုယ်နေ ဆိုပြီး၊ ယေဘူယျ သတ်မှတ်ကြတဲ့ အပြင် အစိုးရက ဆုတ်ပေးရမဲ့နေရာ ရှိသလို ကျနော်တို့ ဆုတ်ပေးရမဲ့ နေရာတွေလည်း ရှိ ပါတယ်။ ဒါကို သဘော တူညီချက်အရ ကျနော်တို့ ဆုတ်ပေးပေမဲ့ အစိုးရဖက်ကတော့ မဆုတ်ပေးတဲ့ အပြင်၊ ရာဇသံ (၃) ခါပေး ပြီး ထပ်ဆုတ်ခိုင်းခဲ့သေးတယ်။  ဒါလည်း နှစ်ကြိမ်တိုင် ကျနော်တို့ ဆုတ်ပေးပါရက်နဲ့ ထပ်မံ ရာဇသံပေးပြီး ဆုတ်ခိုင်းပြန်တယ် ”ဟု ဆိုပါသည်။
SSPP ၏ လာရှိုး ဆက်ဆံရေးရုံး တာဝန်ခံမှာ ဗိုလ်မှူးစိုင်းအောင်လ ဦးဆောင်ပြီး၊ တောင်ကြီး ဆက်ဆံရေးရုံးတွင် ဗိုလ်မှုး ဆေးဖိန်ဖက ဦးဆောင်နေပါသည်။ ဤကဲ့သို့ ဆက်ဆံရေး ရုံးများ ရှိနေပါလျှက်နှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်မှာ တမင် သာလျှင် ဖန်တီးနေသည်ဟု သုံးသပ်သူများကဆိုပါသည်။
SSPP နှင့် အပစ်အခတ် ရပ်စဲထားပါလျှက်နှင့် ဘာကြောင့် ပစ်ခတ်မှု ဖြစ်နေရသလဲဆိုသည့် လွှတ်တော် အမတ်တဦး၏ အ မေးကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက အထက်ပါအတိုင်း ဖြေဆိုခဲ့ပါသည်။ http://www.kawli.info/?p=2520
SSPP ကမူ အစိုးရသည် တပ်နေရာ ချထားခြင်းကို အကြောင်းပြပါက တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းလို့ရပါလျှက် အ စိုးရဖက်က အကြောင်း မကြားဘဲ ဘာကြောင့် SSPP တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သနည်း။ အပစ်ရပ်ချိန်မှစပြီး တိုက်ပွဲ အကြိမ် (၃၀)ထက်မနဲ ဖြစ်ပွားခဲ့ ပြီး၊ ဖြေရှင်းပေးပါရန် လာရှိုး တောင်ကြီး ဆက်ဆံရေးများမှ တဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့ နှင့် သမ္မတထံ တိုင်ကြားခဲ့ ပါသည်။ သို့သော် ပြေလည်မှု မရသည့်အပြင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာခဲ့ပါသည်။
SSPP သည် ဦးအောင်မင်းပြောသလို၊ ပြည်နယ်အဆင့်နှင့် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် ထိမ်းချုပ်ရာ နယ်မြေ၌ လက်နက်ကိုင်ဆောင်ပြီး သွားလာပါက ကြိုတင်အကြောင်းကြားရေး အပါ၀င် အချက်(၅)ချက်ကို သဘောတူခဲ့ပါသည်။
Wanhing_443322အလားတူ ပြည်ထောင်စု အဆင့်ဖြင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ကျင်းပခဲ့ပြီး ဖြစ်ပါလျှက် တိုက်ပွဲဆက်ဖြစ်မည့် အ လားလာများ ယနေ့အထိ တင်းမာနေဆဲဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ ဖြစ်ခဲ့တဲ့ပြသနာတွေ ရှိပါစေတော့၊ တကယ်လို့ ဦးအောင်မင်းတို့ဖက်က လိုလားရင်၊ ဆွေးနွေးပွဲအသစ်ပြန်လုပ်ပြီး၊ သဘော တူညီချက်အသစ်တွေ ပြန်ညှိလို့ရပါတယ်။ အဲဒီမှာပြန်ဆွေးနွေးပေါ့။ အခုဖြစ်နေတာက ရာဇသံပေးတယ် ဆုတ်ခိုင်းတယ်၊ဒါ ကို သမ္မတထံ တိုင်ကြားတယ်၊ ဒါပေမဲ့ ဘာမှ မဖြစ်လာတဲ့အပြင် တင်းမာမှုတွေဘဲများလာတယ်၊ ဒီတော့ ကျနော်တို့က အစိုး ရရဲ့ တတိယ အကြိမ် ရာဇသံကိုတော့ လိုက်နာတော့မှာ မဟုတ်တော့ပါဘူး”ဟု ဆိုပါသည်။
အစိုးရသည်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးရေးနှင့် လွှတ်တော်အဆင့် နိုင်ငံရေး ဆွေးနွေးရေးဟူသည့် လုပ်ငန်းစဉ်များချမှတ်ထားသည့်အပေါ် တိုင်းရင်းသား အဖွဲ့များမှ ငြင်းဆန်မှုမရှိခဲ့သေးပေ။ သို့သော် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် လက်တွေ့ အကောင်အထည်ဖေါ်ရာတွင် စေတနာမှန်ဖြင့် သဘောတူ သည့် အတိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။  http://www.myanmar.com/newspaper/kyaymon/Aug20.pdf
ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် အစိုးရသည် ဤနည်းဖြင့် အပြောတမျိုး၊ အလုပ်တခြားနှင့် လိမ်လည်ပြီး လုပ်စား လာခဲ့သည်မှာ ပြည်တွင်းစစ် အနှစ် (၆၀) ခန့် ရှိလာခဲ့သော်လည်း ယနေ့အထိ မူမှန်၊ အဖြစ်မှန်၊ မေတ္တာမှန်နှင့် အကောင်အ ထည်ဖေါ်နေခြင်း မရှိသေးကြောင်း တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။

http://burmese.dvb.no/archives/29617

August 21, 2012

လက်နက်ကိုင် အဖွဲ့အစည်းများ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် မည်သည့် အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း။

မေးခွန်း အကြောင်းအရာ 
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အထူး ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် (ခ) ဦးစိုင်းဟပ် ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် နိုင်ငံတော်သမ္မကြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီများဖွဲ့စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ကချင်ဒေသမှလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုများ ရယူနိုင်ခဲ့တာကို သိရှိရပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးတဲ့ နောက် ရှမ်းပြည်နယ် ဒေသအချိို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ နေကြောင်းလည်း ကြားသိနေရပါတယ်။ တိုက်ပွဲများရဲ့ ခါးသီးတဲ့တွေ့အကြုံ ခံစားနေရတဲ့ ပြည်သူများ၊ ငြိမ်းချမ်းရေးကို လိုလားနေသော ပြည်သူများ အနေနဲ့ စိတ်အေးနိုင်မှု မရှိဘဲ လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွား လာမယ်ကို စိုးရိမ်လျက် ရှိနေကြပါတယ်။ သို့ဖြစ်တဲ့အတွက် မေးမြန်းလိုသည်မှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီး သဘောတူညီမှု လက်မှတ်ရေးထိုး ပြီးတဲ့နောက် မည်သည့် အတွက်ကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပါသနည်း။ အမှန်တကယ် အပစ်အခတ် ရပ်စဲရေးအတွက် မည်သို့ ဆက်လက် ဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း စိုးရိမ်နေသော ပြည်သူများ ကိုယ်စား တင်ပြမေးမြန်း အပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
 
ဖြေကြားချက် 
ဦးအောင်မင်း (ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ ခင်ဗျား။ ရှမ်းပြည်နယ်၊ မိုင်းရယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်၏ မေးမြန်းချက်များကို ကျွန်တော် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေးနှင်‌့ ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးအောင်မင်းမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ယခုမေးမြန်းထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၊ တိုင်းရင်းသားများ၏ အရေး ကိစ္စရပ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်မှ စ၍ ဖြစ်ပေါ်လာခဲ့တဲ့ အချိန် ကာလရှည်ကြာစွာ ဖြစ်ပွားခဲ့သော ကိစ္စရပ်များဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် သံသယများပျောက်ပြီး အမှန် ဘဝရောက်ရန် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော ပြဿနာများကို  တစ်ရက်တည်း၊ တစ်ထိုင်တည်း ဖြေရှင်းရန် မလွယ်ကူသော ကိစ္စရပ်များလည်း ဖြစ်ပါ တယ်။ နိုင်ငံတော် သမ္မတကြီးက ပြည်ထောင်စု ငြိမ်းချမ်းရေးနှင်‌့ ဖော်ဆောင်ရေးမှာ  တိုင်းဒေသကြီးနှင်‌့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် ပြည်ထောင်စုလွှတ်တော် အဆင်‌့ဟူ၍ အဆင်‌့ ၃ ဆင့်ပိုင်းခြား သတ်မှတ်ပြီး ဆောင်ရွက်သွားကြရန် လမ်းညွှန်ထားပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် လုပ်ငန်းတာဝန် ၅ ရပ်နှင့် ပြည်ထောင်စု အဆင့်တွင် လုပ်ငန်းတာဝန် ၈ ရပ်ကို မူဝါဒအဖြစ် အောက်ပါ အတိုင်း ချမှတ်ခဲ့ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ဆောင်ရွက်ရန် ကိစ္စများ တင်ပြပါမယ်-
(၁)     နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရန်ကိစ္စ၊
(၂)     နှစ်ဖက်သဘောတူညီမှု ညိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊
(၃)     သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊
(၄)     ဆက်ဆံရေးစနစ်ကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိ ရန်ကိစ္စ၊
(၅)     ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်ရက်၊ အချိန်နှင့်နေရာ တို့ကို ညှိနှိုင်းရန်ကိစ္စများဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဆောင်ရွက်ရန်လည်း မူဝါဒအဖြစ် ချမှတ် ပေးထားပါတယ်။
(၁)     ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရ၊
(၂)     ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို သဘောတူရန်ကိစ္စ၊
(၃)     စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရန် ကိစ္စ၊
(၄)     မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်း ဆောင်ရွက်ရန်ကိစ္စ၊
(၅)     ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စ၊
(၆)     ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိကလွှတ်တော် အတွင်း၌ အများသဘောတူ ဆန္ဒနှင့် အညီ ဆောင်ရွက်ရန် ကိစ္စ၊
(၇)     ထာဝရငြိမ်းချမ်းရေး အတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ရန်ကိစ္စ၊
(၈)     ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စ ဖြစ်ပါတယ်။
ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သဘော တူညီချက်တွင် ပါရှိသည့် မူဝါဒ ၅ ချက်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးဖြစ် သော်လည်း အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ဆဲဖြစ်ပါတယ်။ အဲဒီကိစ္စတွေကတော့-
(က)    နှစ်ဦးနှစ်ဖက်သဘောတူညီမှု ညှိနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် ကိစ္စ၊
(ခ)     သတ်မှတ်နေရာမှအပ အခြားနေရာသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ၊
(ဂ)     ဆက်ဆံရေးစခန်းများကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ လက်နက်မပါ ထားရှိရန်ကိစ္စဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များမှာ လုပ်ငန်းစဉ်တွင် ပါရှိသည့် နှစ်ဖက်တပ်များ နေရာချထားခြင်း မပြုနိုင်သေးခြင်း၊ ဆက်ဆံရေးရုံးများ မဖွင်‌့လှစ်နိုင်သေးခြင်း တို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်။ တပ်မတော်၏ ဖြေကြားချက်ကိုလည်း ကျွန်တော်မှပဲ ကိုယ်စား ဖြေကြားသွားမှာ ဖြစ်ပါတယ်။ တပ်နေရာချထားရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆဲ ဖြစ်ပါတယ်။ RCSS, SSA အဖွဲ့ကို မုန်းထော်၊ မုန်းထနေမြေတွင် လည်းကောင်း၊ SSPT အဖွဲ့ကို  ဝိုင်ဟိုင်းနယ်မြေ တွင်လည်းကောင်း နေရာချထားပေးရန် အကြမ်းဖျဉ်းအားဖြင့် သဘောတူညီထားခဲ့ပြီး အသေးစိတ် ဆက်လက် ဆောင်ရွက် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ညှိနှိုင်းဆဲ ကာလတွင် ၎င်းအဖွဲ့များ အနေဖြင့် လက်နက်များ ကိုင်ဆောင် လှုပ်ရှားမှုများ ရှိနေပြီး မိမိတို့ တပ်မတော်သည် ပြည်သူများကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည့် အတွက် မိမိလုံခြုံရေး တပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့်လည်း အလားတူ ညှိနှိုင်းဆဲ ကာလဖြစ်ပါတယ်။ သို့သော် KNU အဖွဲ့သည် အထက်ပါ အဖွဲ့များကဲ့သို့ လက်နက်ကိုင် ဆောင်သွားလာမှုများ မရှိသည့်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းပြီး ဒေသခံများ မှာလည်း စိတ်ချမ်းသာမှု ရှိနေကြောင်း တွေ့ရှိရပါတယ်လို့ ဖြေကြားထားပါတယ်။ နိဂုံးချုပ် အနေနဲ့ နိုင်ငံတော် သမ္မတကြီးမှ ချမှတ်ပေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဝါဒများကို တစ်ဆင့်ပြီး တစ်ဆင်‌့ လုပ်ဆောင် ပြီးချိန်တွင် ဤကဲ့သို့ ပြဿနာများ ကွယ်ပျောက် သွားမည်ဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံးကြိုးပမ်း ဆောင်ရွက် ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
 
ဖြေကြားသည့် ဌာန 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ
မေးမြန်းသူ 
ဦးစိုင်းသီဟကျော် (မိုင်းရယ် မဲဆန္ဒနယ်)
 
http://www.pyithuhluttaw.gov.mm/?q=answer/%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%B9-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%81%BE%E1%80%80%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%85%E1%80%B9%E1%80%A1%E1%80%81%E1%80%90%E1%80%B9-%E1%80%9B%E1%80%95%E1%80%B9%E1%80%85%E1%80%B2%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9E%E1%80%B1%E1%80%98%E1%80%AC%E1%80%90%E1%80%B0%E1%80%8A%E1%80%AE%E1%80%99%E1%82%88-%E1%80%9B%E1%80%9B%E1%80%AD%E1%80%BD%E1%80%BB%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%99%E1%80%8A%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7

August 1, 2012

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ

Peace Fomulating Commetee Tables (15.5 http://www.dpnsburmese.org/?p=3071

July 30, 2012

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်သောင်းနှင့် တွေ့ဆုံခြင်း

http://peace.bnionline.net/images/kachin/kachin-peace-press-con-part3.jpg

http://peace.bnionline.net/images/kachin/kachin-peace-press-con-part2.jpg

http://peace.bnionline.net/images/kachin/kachin-peace-press-con-part1.jpg
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India