Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

March 17, 2013

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်

ကချင် နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ တရုတ်နိုင်ငံ ရွှေလီမြို ့မှာ ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနဲ့ ကချင်တိုင်းရင်းသားအဖွဲ့တို့ကြားက ဆွေးနွေးပွဲအခြေအနေကို ဒေါ်ခင်စိုးဝင်း က ညီညွှတ်သော တိုင်းရင်းသားကောင်စီ UNFC (United Nationalities Federal Council) တွဲဖက်အထွေထွေ အတွင်းရေးမှုးနှင့် ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မတ်လ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ KIO/KIA အဖွဲ့ ကိုယ်စားလှယ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO အဖွဲ့ရဲ ့ ဖိတ်ကြားချက်နဲ့ လေ့လာသူအဖြစ်နဲ့ သက်သေအဖြစ် တက်ရောက်ခဲ့တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားကောင်စီ ဖယ်ဒရယ်ကောင်စီရဲ ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ရွှေလီမြို ့မှာ ကျမ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အိမ်ရှင်တရုတ်နိုင်ငံရဲ ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်ထုတ်တဲ့နေရာမှာ ကြန့်ကြာခဲ့ရတယ်လို့ ကြားသိရပါတယ်။ တရုတ်နိုင်ငံရဲ ့ ကိုယ်စားလှယ်က ဘယ်လိုများ ပါဝင်ပတ်သက်ခဲ့လို့ပါသလဲရှင်။

ခွန်ဥက္ကာ ။ ။ မကြိုက်ဘူး။ တချို ့စာလုံးတွေ ပြင်ပေးပါ။ တချို ့ စာလုံးတွေ ဘာဖြစ်သင့်တယ်ဆိုပြီးတော့ ဝင်ရောက်အကြံပေးတယ်။ ရိုးရိုးပြောရင်တော့။ ဒါပေမဲ့ စွက်ဖက်တဲ့သဘောမျိုး - intervene များတဲ့အခါကြတော့ အဲဒီအပေါ်မှာ နှစ်ဖက်စလုံးတော့ သိပ်စိတ်မကောင်းကြဘူး။ သို့သော်လဲပဲ တချို ့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ်ဟာကိုယ် သဘောတူ လုပ်ရမယ့်ဟာတွေကရှိတယ်။ ဒါကြောင့် ကျနော်တို့က ဒါဆိုရင် ဒီအိမ်ရှင်မှာတော့ လာမိပြီးဆိုတော့ ပြင်ပေးလိုက်။ တချို ့စကားလုံးတွေ၊ တချို ့ထွက်လာတဲ့ဟာတွေ။ သို့သော် ကိုယ့်အထဲမှာ တကယ်ရရှိတဲ့ဟာတွေကိုတော့ ဆက်ကိုင်ထား၊ အလုပ်ဆက်လုပ် အဲဒီလိုပဲ။ ဒါကြောင့် အခုထွက်ထားတဲ့ just statement အထဲမှာ မပါတဲ့ တချို ့အရေးကြီးတဲ့အချက်တွေကို ကျနော်တို့က အလုပ်ဆက်လုပ်ဖို့တော့ ချန်ထားလိုက်မယ်။ ဒါက အိမ်ရှင်ပြဿနာ၊ အကြံပေးတဲ့အတွက် ကျနော်တို့က လုပ်လိုက်တယ်။ ဒါကြောင့် statement ထဲမှာမပါဘဲနဲ့ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း အတူလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ဆက်လုပ်သွားမယ့် သဘောတော့ ကျနော် တွေ့ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို သူများနိုင်ငံမှာလာပြီး ဆွေးနွေးတဲ့အခါကြတော့ အိမ်ရှင်ရဲ ့ စွက်ဖက်မှု ခံရတာပေါ့။ အဲဒီတော့ ကိုယ့်ရဲ ့ပြည်တွင်းမှာပဲ တဖတ်နဲ့တဖတ် နားလည်းမှုတွေ၊ ယုံကြည်မှုတွေနဲ့ မျက်နှာချင်းဆိုင်ပြီးတော့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ဘူးလားရှင်။

ခွန်ဥက္ကာ ။ ။ ခေါ်တယ်လို့ ပြောတာနဲ့ ကျနော်တို့က legal protection ကို တင်မှာပဲ။ ချင်းမိုင်မှာလည်း ကျနော်တို့ တင်ခဲ့ဘူးတယ်။ Legal protection လုပ်ပါ။ အဲဒါ မလုပ်ရင် ကျနော်တို့ အဲဒါကို လုပ်လို့မရဘူး။ International မှာ ကြည့်လို့ရှိရင် ပြည်တွင်းမှာ legal protection မလုပ်နိုင်ရင် ပြည်ပမှာပဲ တွေ့ကြတယ်။ ကျနော်တို့ Philippines ပွဲဆိုရင်လည်း မလေးရှားမှာပဲ ဆွေးနွေးတယ်။ အင်ဒိုနီးရှားပွဲဆိုရင်လည်း ကမ္ဘာလှည့်ပြီးတော့ ဆွေးနွေးတယ်။ သီရိလင်္ကာမှာလည်း ခြောက်ခါလောက် ဆွေးနွေးတယ်။ အဲဒါလည်း နိုင်ငံခြားမှာပဲ ဆွေးနွေးတယ်။ သူ့ပြည်တွင်းမှာ မဆွေးနွေးဘူး။ ပြည်တွင်းဆွေးနွေးခြင်းအားဖြင့် ဖိအား၊ indirect သို့မဟုတ် direct ဖိအားရှိနေတော့ အဲဒီ ဖိအားအောက်မှာ ဆွေးနွေးတာလည်း လွတ်လပ်တဲ့သဘောထားကတော့ ပြောင်းလဲလာမှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့၊ မှီခိုကင်းတဲ့ နေရာမှာ ဆွေးနွေးခြင်းက ထွက်လာတဲ့ သဘောတူညီချက်တွေက ပိုပြီးတော့ စစ်စစ်မှန်မှန်၊ တရားမျှတမှု ရှိတယ်လို့ အဲဒီလို ကျနော် သုံးသပ်တယ်။ အဲဒါကြောင့် venue လို့ခေါ်တဲ့ ဆွေးနွေးတဲ့နေရာလည်း အင်မတန် အရေးကြီးတယ်။ ပြည်တွင်းကို မပြောသေးတာ အဲဒါကြောင့်။  

ဒေါ်ခင်စိုးဝင်း ။ ။ တရုတ်နိုင်ငံရဲ ့ အခန်းကဏ္ဍကတော့ နယ်နိမိတ်ချင်းလည်း ထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်ဆိုတော့ တိုက်ရိုက်ပတ်သက်တယ်လို့ ပြောလို့ရပါတယ်။ နောက် EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို ့ - ဥပမာ နော်ဝေ၊ ဂျပန်နိုင်ငံ။ အဲဒီနိုင်ငံတွေကလည်း မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရန်ပုံငွေတွေနဲ့ ပံ့ပိုးနေတာကို တွေ့ရပါတယ်။ UNFC ကိုရော အဲဒီလိုမျိုး ပံ့ပိုးပေးတာ ရှိပါသလားရှင်။

ခွန်ဥက္ကာ ။ ။ ကျနော်တို့အနေနဲ့တော့ လောလောဆယ် တရားဝင်။ ကျနော်တို့ UNFC နဲ့ MOU လက်မှတ်ထိုးပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ဂျပန် ရှိတယ်။ Nippon Foundation ကတော့ ကျနော်တို့ရဲ ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတဲ့ ဒီတဖွဲ့တော့ ရှိပါတယ်။ ဒီတဖွဲ့ကတော့ ကျနော်တို့ အစည်းအဝေးတွေ၊ ခရီးစဉ်တွေ၊ တိုင်ပင်နှီးနှောတာတွေကိုတော့ အကူအညီပေးနေပါတယ်။ သို့တည်းမဟုတ် ဂျပန်ကို ဖိတ်ခေါ်ပြီးတော့ အစည်းအဝေး လုပ်ဖို့ပေးနိုင်ပါတယ်။ သို့သော် ကျနော်တို့ ကြည့်သလောက်တော့ နော်ဝေတို့၊ တခြား Europe က အထောက်အပံ့တွေကတော့ မြန်မာ Peace Center ကို အဓိကထားပြီးတော့ သွားတယ်လို့ သိရတယ်။ သို့သော်လည်း အခုအချိန်အထိ ယုံကြည်စိတ်ချရမယ့် အခြေအနေမျိုး၊ ကတိပေးထားတဲ့အတိုင်း ကူညီပေးထားမယ့် amount အရေအတွက်ကို ကူညီတာတော့ တခါမှ မရှိသေးဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာကနေ အခုလိုမျိုး မြန်မာနိုင်ငံရဲ ့ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးနေတယ်ဆိုတော့ လောလောဆယ် မြန်မာအစိုးရအနေနဲ့က ဘယ်လောက်အတိုင်းအတာအထိ ရန်ပုံငွေတွေ ခွဲဝေချထားပေးတယ်လို့ သိရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ နေပြည်တော်အစိုးရဘက်က တပြားမှ မထုတ်ဘူး။ သူ့ရဲ ့ budget တခုလုံးမှာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် budget ဘယ်လောက်ရာထားတယ်ဆိုတာ မရှိဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း ဝန်ခံတာမရှိဘူး။ ဒါကြောင့် သမ္မတကြီးက ငြိမ်းချမ်းရေး တကယ်လိုချင်တယ်။ တကယ့် ငြိမ်းချမ်းချင်တယ် ပုဂ္ဂိုလ်ကြီးပါ။ ဒီမှာလည်း တပ်မတော်အရာရှိကြီးတွေ ပြောတယ်။ တပ်မတော်လည်း ငြိမ်းချမ်းရေး အင်မတန်လိုချင်တယ်။ အဲဒီ ပြောဆိုချက်ကို အထောက်အကူဖြစ်တဲ့ဟာက နိုင်ငံတော် budget ချပေးရမှာပေါ့။ နိုင်ငံတော်က budget မရှိဘဲနဲ့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်။ နိုင်ငံတကာ budget နဲ့ပဲ ငြိမ်းချမ်းရေးလုပ်မှာ။ ပြောတော့လည်း ငြိမ်းချမ်းရေးက ပြည်တွင်းပြဿနာ၊ ညီအကိုတွေ ရန်ဖြစ်တယ်။ စရိတ်က အထဲက မထုတ်ဘဲနဲ့ အပြင်ကပဲ မျှော်လင့်တယ်။ အပြင်ကထဲတဲ့ လူတွေက သူလည်းပါချင်တာပေါ့။ သူကူညီပေးရင် သူလည်းပါချင်တာပေါ့။ ဒီမှာလိုပေါ့ အကယ်လို့ ကျနော်တို့ကို အကူအညီပေး၊ နေရာထိုင်ခင်းပေးရင် သူလည်းပါချင်တာပေါ့။ ဒါက သူထုံစံ။ ဒါကြောင့် ပြည်တွင်းမှာလည်း လုပ်ချင်တယ်။ Budget လည်း လုံလုံလောက်လောက် ရှိတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဘယ်သူ့စွက်ဖက်မှုကို မခံဘဲနဲ့ လုပ်လို့ရတယ်။ အခုတော့ budget လုံးဝမထည့်ဘူးဆိုတော့ အဲဒါလည်း တော်တော်စဉ်းစားစရာပါ။ ဘာကြောင့်လဲ နိုင်ငံတော် budget မထုတ်သလဲ ဒီကိစ္စမှာ။ အဲဒါလဲ စဉ်းစားစရာ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေကရော မြန်မာနိုင်ငံရဲ ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်လို့ သုံးသပ်လို့ ရပါသလဲရှင့်။

ခွန်ဥက္ကာ ။ ။ အင်ဒိုနီးရှားနိုင်ငံတနိုင်ငံတော့ ရှိမယ်။ ကျနော်တို့ကိုလည်း ဖိတ်ပါတယ်။ အင်ဒိုနီးရှားအစိုးရက ဖိတ်တယ်။ သူတို့ဆီမှာ အစည်းအဝေးလာလုပ်ဖို့။ သူတို့လည်း နေရာပေးပါတယ်။ သို့သော် အပြင်ကိုထွက်ဖို့ သိပ်စိုးရိမ်တယ်။ ပြည်တွင်းခေါင်းဆောင်တွေက အပြင်ကို မထွက်ချင်ဘူး။ အပြင်ကိုထွက်လို့ရှိရင် ပြည်တွင်းမှာ ရထားတဲ့အရှိန်အဝါ လျော့သွားမှာကို ကြောက်တယ်။ အပြင်ရောက်ရင် ပြည်တွင်းမှာ အရှိန်နဲ့အဝါနဲ့ တိုင်းမှူး၊ ဗိုလ်ချုပ်ကြီးအရှိန်ရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဆွေးနွေးပွဲမှာ MPC – Myanmar Peace Center မြန်မာ့ငြိမ်းချမ်းရေးစင်တာက ကိုယ်စားလှယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ ဒီ MPC ရဲ ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ UNFC အနေနဲ့ အားရကျေနပ်မှု ရှိပါသလား။

ခွန်ဥက္ကာ ။ ။ သူတို့ရဲ ့ တရားဝင်မှုက တဝက်တပျက်ပဲ။ တိုင်းပြည်တပြည်ရဲ ့ တရားဝင်လမ်းကြောင်းပြောရင် လွှတ်တော်ကိုဖြတ်ရတယ်။ စုံစမ်းရေးကော်မရှင်တခု - ဘာလေးပဲပြောပြော အစိုးရကဖွဲ့တဲ့ ကော်မရှင်တရပ်က၊ အစုအဖွဲ့တရပ်က သူ့ရဲ ့ လုပ်ပိုင်ခွင့်နဲ့ သူ့ရဲ ့ လွှတ်တော်ကိုတင်တယ်။ ပြဌာန်းဥပဒေအနေနဲ့တင်တော့ လွှတ်တော်က အတည်ပြုလိုက်ရင် ပိုခိုင်တယ်။ အခု MPC law ကို ကျနော်ကြည့်တော့ သမ္မတကြီးရဲ ့ အထူး ဒီဂရီ အထူးအမိန့်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဦးအောင်မင်းပါတဲ့ ဝန်ကြီး (၉) ပါးပါတဲ့ ကြီးကြပ်ဖို့၊ အဲဒီအောက်မှာ ဝန်ထမ်းတွေခန့်တယ်။ ဒါရိုက်တာတွေ ခန့်တယ်။ အားလုံးက လခစားဝန်ထမ်းတွေ ဖြစ်တယ်။ အဲဒီလစာ လည်ပတ်စရိတ်တွေကိုတော့ နော်ဝေ က ပေးတယ်။ အဲဒီလိုင်းလောက်မှာပဲ ရှိတယ်။

လွှတ်တော်က အတည်ပြုထားတဲ့ အစုအဖွဲ့မဟုတ်သေးဘူး။ လွှတ်တော်သည်ပင် အခုထိတိုင် MPC ကို မေးခွန်းထုတ်နေတယ်။ MPC က ဘာလဲပေါ့။ လွှတ်တော်က အဲဒီလို မေးခွန်းထုတ်နေတော့ တပ်က ပိုဆိုးတာပေါ့။ တပ်က MPC ဘာလုပ်နေသလဲ။ တို့တပ်ကိစ္စ ဘာဝင်ပြောသလဲ။ သူတို့တပ်တွေ ဆုတ်တယ်တက်တယ်ဆိုတာကို MPC က ဝေဖန်မိရင် MPC ကိုပါ တပ်ကစိတ်ဆိုးတာ။ ဘာဖြစ်လို့လဲဆိုတော့ MPC က တပ်မတော် နဲ့ လွှတ်တော်ကို သူကပြန် challenge လုပ်နေတာ။ သူတို့က အစိုးရတခုတည်း၊ သမ္မတကြီးတယောက်တည်းရဲ ့ ဝိတ်နဲ့ သွားနေတာ။ Run နေတဲ့အခါကြတော့ ပထမပိုင်းမှာတော့ သူက အကျိုးဆောင်၊ ကြားနေ ဟိုဖက်လည်းမပါဘူး၊ ဒီဖက်လည်းမပါဘူး။ ကြားနေ အကျိုးဆောင်။ အဲဒီလိုမျိုး ပြထားတယ်။ … International, observers တို့ကိုပြထားတယ်။ လုပ်ရင်လုပ်ရင်နဲ့ မပြနိုင်တော့ဘူး။ မပြနိုင်တော့ ဘက်တဖက်ပါသွားတယ်။ ပါသွားတယ်ဆိုတော့ အခုဆိုရင် MPC ဆိုရင် ကရင်တောင် သူတို့အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် အကုန်လုံးထည့်လိုက်တယ်။ တဖတ်ကိုပဲ ပြောရတော့မယ်။ အရင်တုန်းက တဖတ်ကမဟုတ်ဘူး။ ကြားမှာနေသလိုလို လုပ်နေတယ်။ အခုတော့ ရှင်းသွားတယ်။ MPC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် တရားဝင်နံမည်ထည့်ထားတယ်။ MPC က လူတွေအားလုံး ထည့်ထားတယ်။ ထည့်လိုက်တော့ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ်။

ဒေါ်ခင်စိုးဝင်း ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ကြတယ်။ ဆွေးနွေးပွဲတွေပြီးတော့ ပူးတွဲကြေညာချက်တွေ ထုတ်တယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီကြတယ် စသဖြင့်။ အဲဒီ ဆွေးနွေးပွဲတွေလည်း ပြီးသွားရော ကရင်ပြည်နယ်မှာ တိုက်နေပြန်ပြီ၊ ကချင်ပြည်နယ်မှာ စစ်ရှိန်တွေမြှင့်ပြီးတော့ စစ်အင်အားတွေ တိုးချဲ ့နေတယ်လို့ ကြားနေရပြန်ပြီ၊ နောက် ရှမ်းနဲ့လည်း တိုက်နေတုန်းပဲဆိုတဲ့ သတင်းတွေက လူထုကြားမှာ ပြန့်နှံနေတာပါ။ အဲဒီတော့ ဒီသဘောတူညီမှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံအရ နည်းနည်းလောက် ရှင်းပြပေးပါလား။

ခွန်ဥက္ကာ ။ ။ ပမာဏဆိုပြီး လုပ်လိုက်ရင်လည်း ပမာဏလို့ လူတွေက သိတာမဟုတ်ဘူး။ ကေအိုင်အို လက်မှတ်ထိုးလိုက်တာနဲ့ ငြိမ်းချမ်းရေးရသွားပြီ။ တောင်ပိုင်းလည်းရပြီ၊ မြောက်ပိုင်းလည်းရပြီ။ Investment တွေ လာလို့ သွားဖိတ်လိုက်တာ။ အဲဒါကို လိုချင်တာ။ အဲဒီတော့ agreement အဆင့်ကို ဟိုဘက်ကတော့ တော်တော်တောင်းတယ်။ ကေအိုင်အို က မပေးနိုင်တာက agreement ကို တည့်တည့်မဟုတ်ဘဲနဲ့ အလွဲသုံးစား လုပ်သွားရင် မကောင်းဘူးလို့ အဲဒီလိုမြင်တယ်။ ဒါကြောင့် တကယ့်ကို ယုံကြည်စိတ်ချရတဲ့ အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်သွားမယ်ဆိုရင် (၁) စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်လာရင်တော့ ဒီ agreement က မခက်ဘူး။ ဟိုဟာတွေကို လက်ဆုတ်လက်ကိုင် မပြနိုင်သေးဘဲနဲ့ agreement ပဲဆိုရင် ဒီမှာပဲ အနိုင်ပိုင်းပြီးတော့ ဟိုဘက်ကို မသွားဘူးကွာ။ အဲဒီလို နေလိုက်မှာကိုလည်း စိုးရိမ်တယ်။

တကယ်ပဲ ၁၇ နှစ် နေခဲ့တာပဲ။ ဟိုအရင်တုန်းက ချုပ်ထားတာတောင် မဖျက်သေးဘူး။ မဖျက်သေးတော့ ဘာကြောင့် ဆက်ထိုးဖို့ လိုသလဲ။ ဒါကို ဆက်မတိုက်ရုံနဲ့ ရပ်သွားတာပဲ။ ပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတင်လိုက်။ နိုင်ငံရေးဆွေးနွေးပွဲလိုင်း တကယ်တက်လာမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးက ယုံကြည်စိတ်ချရတဲ့အဆင့် ရောက်သွားမှာပါ။ စားပွဲပေါ် အားလုံး မျက်နှာစုံညီ တွေ့နေကြပြီလေ။ ရင်းရင်းနှီနှီ တဆင့်ပြီးတဆင့် ဒီတိုင်းပြည်အတွက် nation building ပျက်စီးနေတဲ့ဟာ၊ ယိုးယွင်းနေတဲ့ဟာကို ပြန်လည်ထူးထောင်ဖို့ လုပ်ကြပြီဆိုရင် အဲဒီအချိန်မှာ ဒါဟာ ပစ်တာရပ်တာတော့ နားသွားမှာပဲ။ နောက် nationwide ceasefire လိုဟာမျိုး အစိုးရက ဒိုင်ခံပြီးတော့ လူသိနတ်ကြား ကမ္ဘာသိ ကြေညာလိုက်လည်း သွားတိုက်လို့ မရတော့ဘူး။ အခုကတော့ အဲဒါတွေ မရှိတော့ လိုအပ်လို့ တိုက်သလို။ လိုအပ်လို့ တိုက်တာလည်း ကချင်မှာ နည်းနည်းနားတာနဲ့ ရှမ်းပြည်မြောက်ပိုင်းကို သွားတိုက်တယ်။ ရှမ်းပြည်မြောက်ပိုင်းကို တိုက်ဖို့ လူ ရှစ်ထောင် ပို့ထားတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

http://burmese.voanews.com/content/burma-democracy-forum-peace-talk-with-kachin/1623361.html

January 16, 2013

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ

 
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိ ဖြစ်ပွါးနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းသက်သက်နဲ့သာ ဖြေရှင်းမဲ့သဘော အစိုးရဘက်က ပြသနေတယ်လို့ KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ က ပြောဆိုပါတယ်။ ထိုးစစ်ကိုအရှိန်မြှင့် တိုက်ခိုက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ပြန်ကြားရခက်နေတယ်လို့လဲ ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလဂျာ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ KIA KIO ခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနှင့် မြန်မာစစ်အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေးရယူခဲ့ကြတာ ၁၇နှစ် ကြာခဲ့ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်တပ်ရဲ့ လက်အောက်ခံ နယ်ကြားစောင့်တပ်ဖွဲ့အဖြစ် အပြောင်းအလဲ ဖွဲ့စည်းရေးလုပ်လာတဲ့အတွက် အခြေအနေ ပြန်လည်းတင်းမာသွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က KIA နယ်မြေ အနီးတဝိုက်ဒေသအထိ အကြောင်းကြောင်းကြောင့် ဝင်ရောက်တပ်စွဲမှုတွေ လုပ်လာတဲ့အတွက် နောက်ဆုံးမှာ တိုက်ပွဲတွေ ပြန်လည်စတင် ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်နေပါတယ်ဆိုတာ ကြားနေရပေမယ့် အဖြေမထွက်ပဲ စစ်ရှိန်ပိုပိုမြှင့်လာခဲ့ပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးပြဿနာ မပြေလည်လို့ လက်နက်ကိုင် ဖြေရှင်းရတဲ့ တစ်နည်းပြောရင် နိုင်ငံရေးပြဿနာရဲ့နောက်ဆက်တွဲသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီပြဿနာမှာကော နိုင်ငံရေးအားဖြင့် ပြေလည်မှုရမယ်ဆိုရင် ဒီစစ်ရေး ပြေလည်သွားနိုင်စရာ မရှိဘူးလား ဆရာ။

ဒေါက်တာလဂျာ ။ ။ ရှိတာပေါ့။ သူတို့က ဒီအပစ်ရပ် Ceasefire Agreement လက်မှတ်ထိုး ကြရအောင်ဆိုတဲ့ကိုပဲ လာလာပြောနေတော့ နိုင်ငံရေးကိစ္စတွေကို ဘယ်လိုသွားကြရအောင် ဆိုကြရအောင် ဆိုတာတွေ မရှိသလောက် မပါသလောက် ဖြစ်နေတော့ နိုင်ငံတကာကို ကျနော်တို့အားလုံး Ceasefire ဖြစ်သွားပါပြီဆိုတဲ့ ဟာလောက် ပြောပြရုံလောက် ပြောပြဖို့အတွက် ဖြစ်သလိုလို အဲလိုခံစားမှုတွေလည်း ရှိခဲ့တာပေါ့။

ဦးကျော်ဇံသာ ။ ။ အစိုးရဘက်ကနေပြီးတော့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ် ဒီ Ceasefire တွေပြီးရင် လုပ်နိုင်ပါတယ်၊ ဘာညာပြောတာကြတော့ ဆရာတို့ Ceasefire ကို လုပ်လိုက်နိုင်ရင် အဲဒီနိုင်ငံရေး ဆွေးနွေးပွဲကြီးကော ဖြစ်မလာနိုင်ဘူးလား ဆရာ။

ဒေါက်တာလဂျာ ။ ။ အဲဒါကို ကျနော်တို့က ထပ်ညှိရဦးမယ်။ အဲဒါတွေ ရှိတယ်ဗျ။ ဆိုလိုတာက ဘယ်လိုပုံစံမျိုးလဲဆိုတဲ့ဟာ အစိုးရဘက်က ကျနော်တို့ကို ဖိတ်ခေါ်လာတဲ့ အချက်တွေကလည်း ဒါကို ဦးကျော်ဇံသာလည်း သိပြီးသားပဲ။ အချက် (၈) ချက်ပါတဲ့ဟာတွေ။ ၂၀၀၈ အခြေခံ ဥပဒေအတွင်းကဟာတွေ၊ နိုင်ငံရေးပါတီဖွဲ့ဖို့၊ နောက်လွှတ်တော်ထဲဝင်ဖို့ ကိစ္စတွေ။ အဲဒါတွေကိုကြတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တင်မကဘူး အဲဒါကိုက လက်ခံဖို့ရန် တော်တော်လေး ဟိုဒင်း ဖြစ်ကြတယ်။ ဆိုတော့ ဒီကိစ္စမှာ ဘယ်လို အခိုင်အမာ ဘယ်လို grantee ရှိရှိဆွေးနွေးကြမလဲ ဆိုတဲ့အပိုင်း။ ကျနော်တို့ဘက်က KIO ဘက်ကတင်ထားတာလဲ အဲဒါပဲ။ grantee ရှိနိုင်အောင်ကလည်းပဲ ကျနော်တို့ အချင်းချင်းဟာ ဒီယုံကြည်မှုကို တည်ဆောက်မှုမှာ ခက်ခဲနေတဲ့ဟာတွေကိုကြည့်ပြီး ဘက်လိုက်မှုမရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းက စိစစ်တဲ့အနေနှင့်သော်လည်းကောင်း ပါဝင်ပြီး  လုပ်ကြရအောင်ဆိုတဲ့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အာမခံချက်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ အဓိကအားဖြင့် ကျနော်တွေ့တာကတော့ တိုင်းရင်းသားတွေကိုလည်း ကျနော် မေးပါတယ်။ များသောအားဖြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီးတော့ ဘဝင်မကျဘူး တိုင်းရင်းသားတွေက။ ဒီ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ သူတို့က နိုင်ငံရေးဆက်ပြီးတော့ မလုပ်ချင်ဘူး။ ဆိုတော့ ၂၀၀၈ကို ပြင်မဲ့ကိစ္စကိုလည်းပဲ တိုင်းရင်းသား ပေါင်းစုံဆွေးနွေးတဲ့နေရာမှာ တင်ပြဆွေးနွေးဖို့ဆိုတာကော မဖြစ်နိုင်ဘူးလား ဆရာ။

ဒေါက်တာလဂျာ ။ ။ ဆိုလိုတာက ၂၀၀၈ ကိုလည်း ဆွေးနွေး။ အဲဒီလိုလား။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ လွှတ်တော်တွေ ဘာတွေ မဝင်ဘဲနှင့် တိုင်းရင်းသား ပေါင်းစုံဆွေးနွေးတဲ့ပွဲ ဖြစ်ခဲ့ရင် ဆရာတို့က Ceasefire လုပ်လိုက်ရင် တိုင်းရင်းသားတွေအားလုံးလည်း Ceasefire ဖြစ်သွားပြီ။ အဲဒီလိုဆိုရင် နောက်တစ်ဆင့်တက်ပြီးတော့ သူတို့က ဒါတိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ် ဆိုကြပါစို့။ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကြရင် ၂၀၀၈ ဖွဲ့စည်းပုံကိစ္စကို ဆရာတို့က မလိုလားဘူးဆိုတာ ထပ်ပြီး တင်ပြလို့ကော မဖြစ်နိုင်ဘူးလား ဆရာ။

ဒေါက်တာလဂျာ ။ ။ ဖြစ်နိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့က အဲဒါကြောင့် လွှတ်တော်ပြင်ပမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး အပစ်ရပ်တာရော၊ မရပ်တာရော အားလုံးက အစိုးရနှင့် ဒီဟာကို ဆွေးနွေးချင်တယ်။ ဒီတော့ သဘောတူညီမှု ရရှိလာတဲ့အခါကြတော့ ဒါလွှတ်တော် ဒါကတော့ အတည်ပြုပြီး လက်တွေ့ကျင့်သုံးသွားရမဲ့ကိစ္စ  ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဒါပေမယ့် အခုလောလောဆယ်မှာက ကချင်တိုင်းရင်းသားတွေနှင့် ဒါက အပစ်အခတ် ရပ်စဲရေးမရှိသေးတော့ တိုင်းရင်းသားပေါင်းစ ုံဆွေးနွေးပွဲဆိုတာ ဖြစ်နိုင်ပါ့မလား ဆရာ။ ကျနော် အဓိက သိချင်တာက အဲဒါပါ။ လွှတ်တော်ပြင်ပမှာ တိုင်းရင်းသားပေါင်းစုံ ဆွေးနွေးပွဲဖြစ်နိုင်ဖို့အတွက်ကော  ဆရာတို့နှင့် အစိုးရနှင့်ကြားမှာ အပစ်အခတ် ရပ်ဖို့မလိုဘူးလား … ပထမ။

ဒေါက်တာလဂျာ ။ ။ အဲဒါကို ကျနော်တို့က အပစ်အခတ် ရပ်ဆိုင်းပြီး နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ကိစ္စကို  အခုလောက် ဒီလိုတကယ့် ထိုးစစ်ကြီးကို  စွဲစွဲမြဲမြဲ နေ့စဉ်နှင့်အမျှ လေကြောင်းကကော လက်နက်ကြီးတွေကအစ အားလုံးနှင့် အဲဒီလောက်ကြီး ဖြစ်နေတော့ အခုကျေးရွာတွေ ကချင်ကျေးရွာတွေဆိုရင် အားလုံး နဂိုက ကျန်နေတဲ့ အိမ်တွေတောင်မှ အခု လိုက်လံပြီး ဒီ သုံးလေးငါးရက်အတွင်းမှာ အားလုံးမီးရှို့တယ်။ နောက် ကချင်ရွာသား မြင်လို့ရှိရင်တော့ ဒါအမျိုးမျိုးပေါ့ Violation က အမျိုးမျိုး ဖြစ်နေတယ်။ Human Rights တွေက။ ဆိုတော့ အဲလောက်ဖြစ်နေတဲ့ အချိန်မှာ အခု ဗဟိုကတော့ ကျနော်တို့ ဒီဟာကို နိုင်ငံရေးအရ တွေ့ဆုံကြမယ်ဆိုတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ဦးအောင်မင်းလည်း စာပို့တယ်လို့ ကြားရတယ်။ ဒါပေမယ့် အခုက ဘယ်လိုမှ ပြန်ကြားနိုင်တဲ့ အဆင့်ကို မရောက်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ရေး၊ နိုင်ငံရေးတင်မက စီးပွားရေးအားဖြင့်လည်း ကချင်ဒေသရဲ့ သံယံဇာတတွေဟာ စစ်အစိုးရနှင့် အလွမ်းသင့်တဲ့လူတွေ အများကြီး ထုတ်ယူနေကြတယ်။ တိုင်းရင်းသား ဒေသခံတွေရဲ့အကျိုးစီးပွား သိပ်နစ်နာတယ်ဆိုတဲ့ အမြင်ရှိတယ်လို့လည်း သုံးသပ်ကြတဲ့လူတွေ ရှိပါတယ်။ အဲဒီလို စီပွားရေး ခံပြင်းမှုနှင့် နိုင်ငံရေးအားဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးချင်တဲ့ဆန္ဒ ဘယ်ဟာပိုပြီးတော့ အရေးကြီးမယ်၊ ဘယ်ဟာ ပိုပြီးပြင်းထန်မယ် ထင်ပါသလဲ။

ဒေါက်တာလဂျာ ။ ။ ကျနော်တို့ KIO အဖွဲ့အစည်းကတော့ ဒီတည်တံ့ခိုင်မြဲတဲ့ အဓိပ္ပာယ်ရှိတဲ့ ပြည်ထောင်စုကြီး တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး Federal စနစ် Federal ပြည်ထောင်စု ဆိုပါတော့ အခုကတော့ အရင်ကတော့ ကျနော်တို့ အမြဲတမ်းဘဲ စစ်မှန်သော ပြည်ထောင်စုလို့ ပြောဆိုကြပါတယ်။ အဲဒီလိုဟာမျိုး နိုင်ငံရေးနှင့် ဖြေရှင်းဖို့က အင်မတန် ခိုင်ခံ့မဲ့ ရေရှည်တည်တံ့မယ့်၊ ငြိမ်းချမ်းသာယာမှု တိုးတက်မှုဖြစ်မယ်လို့ ယုံကြည်တယ်။

ဦးကျော်ဇံသာ ။ ။ စောစောက ပြောတဲ့အထဲမှာ နိုင်ငံခြားက ဘက်လိုက်မှုမရှိတဲ့ သမာသမတ်ရှိတဲ့ လူရဲ့ ကြီးကြပ်မှုအောက်မှာ အာမခံချက်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲမျိုးလုပ်ချင်တယ်ဆိုတာ။ ပြည်ထောင်စုအထဲက ပြည်ထောင်စု တိုင်းရင်းသားတွေအထဲက အရင်တုန်းကလည်း Ceasefire စေ့စပ်ပေးခဲ့ဖူးတဲ့ တိုင်းရင်းသား လူထုလေးစားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိကြပါတယ်။ အဲပုဂ္ဂိုလ်တွေနှင့် ဖွဲ့စည်းပြီးတော့ ကြီးကြပ်ပြီး သူတို့ရဲ့ အောက်မှာဆွေးနွေး သူတို့ရဲ့ ကမကထပြုမှုအောက်မှာ ဆွေးနွေးရင်ကော မရဘူးလား ဆရာ။

ဒေါက်တာလဂျာ ။ ။ ကျနော်တို့က ဒီနိုင်ငံတကာကလည်းပဲ ကမ္ဘာကလည်း သိရှိနိုင်အောင်ဆိုပြီး International Community တစ်ခုခုပေါ့ granter သဘောပေါ့။ ဒီဟာကို ပြုချင်တာပါ။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော် နောက်မေးချင်တဲ့ ကိစ္စတစ်ခုက ဆရာ။ ဟို ၈၈ အရေးတော်ပုံပြီးတဲ့နောက်မှာ ပြည်တွင်းက လူထုကလည်း ဆန့်ကျင်ဆန္ဒပြနေကြတယ်။ စစ်အစိုးရကို။ တိုင်းရင်းသားတွေကလည်း စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းရေးနှင့် ဒီမိုကရေစီရေးနှင့် တပေါင်းတည်းဖြစ်ပြီးတော့ တော်တော်လေး စစ်ရေး၊နိုင်ငံရေးအားဖြင့် အလားအလာ သိပ်ကောင်းနေတဲ့အချိန်မှာ KIO ဟာ ပထမဦးဆုံး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ခဲ့ပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက်ကြောင့် တချို့က ဟာ အဲဒီလို ဖြစ်သွားတဲ့အတွက်ကြောင့် ကျန်တဲ့ သူတို့ရဲ့ နိုင်ငံရေး၊စစ်ရေး အလားအလာ ကောင်းနေမှုဟာ အရှိန်လျော့ဆင်းသွားခဲ့တယ်လို့ ပြောနေကြပါတယ်။ ဆိုတော့ အခုအခါမှာ တစ်ဘက်ကကြည့်ရင် ဒီမိုကရေစီရေးအားဖြင့်နှင့်ဘဲ အစိုးရဘက်က လိုက်လျောမှုတွေရှိလာတယ်။UNFC က ကျန်တဲ့အဖွဲ့အစည်းတွေနှင့် လိုက်လျောမှုတွေရှိလာတဲ့အခါမှာ KIA နှင့်တစ်ခါ ထပ်ပြီးတော့ ပြဿနာဖြစ်ရပြန််ကော ဆရာ။ အဲဒါနှင့် ပတ်သက်ပြီးတော့ ဆရာဘယ်လိုပြောချင်ပါသလဲ ဆရာ။ ဟိုတုန်းကလည်း အဲဒါ…

ဒေါက်တာလဂျာ ။ ။ ဟုတ်ကဲ့။ အဲဒါ ကျနော်တို့က အခုဖြစ်ချင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာကလည်းဘဲ။ အဲဒီဟာ ဖြစ်စဉ်မှာလည်းဘဲ သမိုင်းမှာ ကချင်။ ယခင် ကျနော်တို့ ဟိုဘက် ခေါင်းဆောင်ကြီးတွေက ဗိုလ်ချုပ်အောင်ဆန်းနှင့် အင်မတန်မှ ကျနော်တို့ ဒီဟာကို လိုလားကြပြီး တည်ဆောက်ကြတယ်။ ဒါကြောင့် ယခုလည်းပဲ ဒီနှစ်ပေါင်း ၆၀ ကျော်ကျော်လောက် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြီး အင်မတန်မှ ငြိမ်းချမ်းစေချင်တယ်။ ဒီ ပြည်ထောင်စုအရေးကို။ ဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းဖို့ရန်ကို အင်မတန် လိုလားတယ်။ အဲဒီတုန်းကတော့ နအဖ၊ နဝတ။ ကျနော်တို့ ဘာကြောင့် ဒီဟာကို ceasefire လက်မှတ်ထိုးရ။ ဘယ်အဖွဲ့မှ လက်မှတ်မထိုးခဲ့ပါဘူး။ Agreement။ ဒါပေမယ့် ကျနော်တို့ရဲ့ အထူးမျှော်မှန်းချက် အင်မတန်မှ မျှော်မှန်းလွန်းလို့ အင်မတန်မှ လိုလားချင်လွန်းလို့ ဒီ ပြည်ထောင်စုအရေးကို။ အဲဒါကြောင့် ကျနော်တို့ လက်မှတ်ထိုးမှ ဒီဟာကို နိုင်ငံရေးအရ ဖြေရှင်း တွေ့ဆုံဆွေးနွေးရေးကို လုပ်မယ်ဆိုတဲ့ဟာကို ကတိကဝတ် ပြုခဲ့ကြတယ်။ အဲဒါကို အဲဒါကြောင့် ကျနော်တို့ က အဲဒီလို ထိုးခဲ့တယ်။ အဲဒါထိုးခဲ့တာ ၁၇ နှစ်ကြာလာတယ်။ သိတဲ့အတိုင်းဘဲ ၂၀၁၁ ဧပြီလ လကုန်ပိုင်း ၂၉ ရက်လောက်မှာ တိုင်းမှုးက အဲတုန်းက ကျနော်ပါတယ်။ ဥက္ကဋ္ဌနဲ့ ခရီးသွားနေတုန်းမှာ ချက်ချင်း ဟိုတနိုင်ဘက်ကိုပြေးပြီး ချက်ချင်းခေါ်ပြီးတော့မှ တွေ့ပြီးမှ ဒီဟာကို အခ BGF ပြောင်းလဲရမယ်ဆိုပြီးတော့မှ ပြောလာတဲ့အခါကြတော့ ကျနော်တို့ အင်မတန်အံ့သြသွားတယ်။ အဲဒီမတိုင်ခင်ကလည်း ဦးကျော်ဇံသာ သိတဲ့အတိုင်း ကျနော်တို့ ၂၀၀၄ ကနေ ၂၀၀၇ ပြီးတဲ့အထိ ကျနော်တို့ NC တက်ခဲ့တယ်။ ဒါလည်းပဲ ကျနော်တို့ ဖြစ်ချင်လွန်းလို့  ပြည်ထောင်စုအရေးမှာ ဖြစ်ချင်လွန်းလို့ တက်ခဲ့တယ်။ အဲဒီအရေးမှာ နိုင်ငံရေးအရ ဒီအခြေခံဥပဒေမှာ ဖြည့်သွင်းမှုတွေ ပြုနိုင်မယ်လို့ မျှော်လင့်ချက်နဲ့။ ဒါပေမယ့် တစ်ခုမှ ပြုမလာဘူး။ အဲဒီဟာလည်းပဲ။

နောက်ဆုံးအရ ဒီ Referendum  ကအစ ကျနော်တို့က ဘာပဲဖြစ်ဖြစ် အစိုးရအသစ် တက်လာရင်တော့ ဒီကိစ္စဟာ အစိုးရအသစ်အနေနှင့် ကျနော်တို့ တိုင်းရင်းသားတွေကို အားလုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖြစ်မဖြစ်ဖြစ် အားလုံးကို ဒီအရေးကို ဆွေးနွေးလာလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက် မျှော်လင့်ချက်ကြီးနှင့် ကျနော်တို့က Referendum ကိုက ကျနော်တို့ ကူညီပေးတာတွေ သွားလာရေးကိစ္စကအစ ကူညီခဲ့ပါတယ်။ အဲဒီလိုနှင့် ကျနော်တို့ဟာ အင်မတန်မှ ဖြစ်ချင်လွန်းတဲ့ ဒီကိစ္စမှာ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီနိုင်ငံရေးကိစ္စ ဘာမှမပြောဘဲနှင့် ဒီတပ်ကိုပဲ ပြောင်းပစ်ရမယ်။ ပြောင်းပြီးတော့ ဒီ ကာကွယ်ရေး ဦးစီချုပ်လက်အောက်မှာ ထမ်းရမယ် ဆိုတဲ့ဟာဖြစ်လာတဲ့အခါကြတော့ ဒါဟာက ကျနော်တို့အတွက် အခက်အခဲ ဖြစ်သွားတယ်။ အဲဒီလိုနှင့် ဒါတောင်မှ ကျနော်တို့ ၂၀၁၀ တစ်နှစ်လုံးနီးပါး ဆက်ကြိုးစားသေးတယ်။ အဲဒီဟာ ဒီ Mediator တွေနှင့်ပေါ့။ ကျနော်တို့ အကျိုးဆောင်တွေ ရှိတယ်။ ဒါပေမယ့် နောက်ဆုံး မဖြစ်လာဘူး။ ဘယ်လိုနည်းနှင့်မှ  မဖြစ်လာခဲ့ဘူး။ မဖြစ်လာပေမယ့် ကျနော်တို့က တပ်ကို ထိန်းပြီးတော့မှ ဒီအတိုင်းဘဲ နေနေပါတယ်။ နေနေတော့ ဒီ ၂၀၁၂ ဇူလိုင် ၉ ရက်နေ့မှာ ဗျူဟာမှုး ဗိုလ်မှုးကြီိးအောင်းတိုးတို့ဘက်က ကျနော်တို့ တာပိန်ရေးအားလျှပ်စစ်ကို အကြောင်းပြုပြီးတော့မှ သူတို့က ကျနော်တို့ရဲ့ ရှေ့တန်း ပို့စ်လေးတစ်ခုကို ဝင်တိုက်ရာကနေ။ ဝင်တိုက်တာတောင် ကျနော်တို့ သုံးရက်လောက်အထိ မပခ နှင့် ကချင်ပြည်နယ်အစိုးရ မပခ နှင့် ကျနော်တို့ ညှိနှိုင်းပြီးတော့မှ ဒီဟာပြေပျက် မသွားနိုင်အောင် အခြားအဖွဲ့အစည်း အခုလိုဟာမျိုး ဖြစ်မလာနိုင်အောင် ကျနော်တို့က ထိန်းသိမ်းဖို့အတွက် ညှိပေးတယ်။ အကြောင်းကြားပြီး။ ဒါပေမယ့် တိုင်းမှုးအနေနှင့် ဘာမှ အကြောင်းပြန်ကြားချက် မရှိဘူး။ ဆိုတော့ ကျနော်တို့က ဇွန် ၉ ရက်နေ့မှာ စတဲ့ဟာကို ၁၃ ရက် ၁၄ ရက်အထိ ကျနော်တို့ စောင့်ပါသေးတယ်။ အဲဒီနောက်ပိုင်းတော့ ကျနော်တို့လည်း။ သူတို့လည်း ထပ်တိုးတိုးတိုးရင်း အင်းအားတိုးရင်းမှ ဒါတွေ တိုက်လာတယ်။ ကျနော်တို့ဘက်ကလည်း  ထိခိုက်မှုတွေ ရှိလာတယ်ဆိုတော့ နောက်ဆုံး ကျနော်တို့အနေနှင့် ခံစစ် ကိုယ့်ကိုယ်ကို ကာကွယ်မှုအနေနှင့် ကျနော်တို့ တိုက်ခဲ့ရတယ်။ အဲဒီလို ရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆရာ တကယ်လို့ နိုင်ငံရေး ပြေလည်မှုရလို့ တကယ်လို့ တိုင်းရင်းသားတွေလိုချင်တဲ့ Federal ပြည်ထောင်စ ုဖြစ်ခဲ့ရင်တော့ ဘယ် Federal မှာမှ State Army ဆိုပြီးတော့ သီးခြားပြည်နယ်လိုက် ဒီလက်နက်ကိုင်အင်အားစုက မရှိဘူးပေါ့ ဆရာ။ ဆိုတော့ နိုင်ငံရေး ပြေလည်မှုရရင် ဆရာတို့ကလည်း လက်နက်ကို စွန့်ဖို့ဆိုတာတော့ အဆင်သင့်ပေါ့ ရှိပါသလား။

ဒေါက်တာလဂျာ ။ ။ ဒါက ကာကွယ်ရေးဦးစီးရေးချူပ် တစ်ခုပဲ ရှိရမယ် တစ်ဦးပဲ ရှိရမယ် ဆိုတာကတော့ ဒါကတော့ မှန်တာပေါ့ဗျာ။ ဘယ်နိုင်ငံမဆို အဲဒီလိုပဲလေ။ သို့သော် ဒီတပ်ပိုင်းဘက်ကို ပြည်နယ်အလိုက် တိုင်းရင်းသားတွေရဲ့ ပြည်နယ်အလိုက်သော်လည်းကောင်း ဘယ်လို ဖွဲ့စည်းကြမလဲဆိုတာ အပိုင်းကတော့ ဒါကတော့ ကျနော် အခုဘာမှ ပြောပိုင်ခွင့်မရှိသေးဘူး။ မပြောနိုင်ဘူး။

ဦးကျော်ဇံသာ ။ ။ အခု ကချင် KIO, KIA နှင့် အစိုးရနှင့် ဖြစ်နေတဲ့ ပြဿနာဟာ တကယ်တော့ ပြည်ထောင်စု တစ်ခုလုံး တည်တံ့ခိုင်မြဲရေးကို အပြင်းအထန်ဆုံး ခြိမ်းခြောက်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒီဟာကို ကယ်တင်ဖို့အတွက် ဆရာတို့ဘက်ကကော ဘယ်လောက် ပြင်ဆင်နိုင်ပါသလဲ ဆရာ။ အစွမ်းကုန် ဆရာတို့ဘက်က လုပ်နိုင်မယ့် အခြေအနေက။

ဒေါက်တာလဂျာ ။ ။ ဒါကတော့ အခုပြောသလို ကျနော်တို့ရဲ့ ပြဿနာအကြီးဆုံးက အခုက ဒီအစိုးရတပ်တွေက စစ်ရေးအရပဲ ဖြေရှင်းတော့မယ်ဆိုတဲ့ ပုံစံမျိုးလို Military နည်းနှင့်ပဲ ကျနော်တို့သွားမယ် ကချင်ကိုတော့ ဆိုတဲ့သဘောလိုဟာမျိုး ဖြစ်နေတော့ ဒီဟာက ကျနော်တို့အတွက် ပြန်စဉ်စားဖို့ တော်တော်ခက်နေတယ်။ သမ္မတဦးသိန်းစိန်ဘက်က စိတ်ထားတွေ သူရဲ့ ဖော်ပြချက်တွေ၊ ဦးအောင်မင်းတို့က ဖော်ပြချက်တွေက တစ်မျိုး၊ နောက်  တပ်မတော်ဘက်က ထွက်လာတဲ့ လုပ်ရပ်တွေက တစ်မျိုးဆိုတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လိုလို အမျိုးမျိုးပေါ့ဗျ။ အမြင်သုံးသပ်စရာတွေက။ ဆိုတော့ ဒီဟာကြောင့် အခု ဦးကျော်ဇံသာ ပြောတဲ့အဖြေက အစိုးရရဲ့ တကယ် စိတ်ရင်းစေတနာ Mindset ဘယ်လို ရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ ကျနော် ဆိုချင်ပါတယ်။
http://burmese.voanews.com/content/news-analysis-kachin-conflict/1585455.html

January 15, 2013

“ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ”

ဟိုဝါး ဒူဝါဇော်ဂမ် နှင့် အင်တာဗျူး

Howa-Duwa-Zau-Gamချင်းမိုင်(မဇ္စျိမ)။      ။ ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ဦးဆောင်ခဲ့သူ ဟိုဝါး ဒူဝါ ခွန်ဖုန်း Howa Duwa M.Hkun Hpung ၏ သား ဟိုဝါး ဒူဝါဇော်ဂမ် Howa Duwa Zau Gam အား ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်း၏ အမြင်များကို သိရှိနိုင်ရန် မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်အဖွဲ့တွင် ပါဝင်တိုက်ခိုက်ခဲ့သူ ဟိုဝါး ဒူဝါဇော်ဂမ်မှာ ယခု အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်တွင် ဘာသာရေး လုပ်ငန်းများ
ဆောင်ရွက်နေထိုင်လျက်ရှိသည်။

KIO နဲ့ အစိုးရ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘာတွေ ကြားနေရလဲ။

ဖြေ။   ။ တိုက်ပွဲတွေ ရပ်စဲသွားမယ်လို့ ကျနော်ကြားရလို့ ကျနော် ဝမ်းသာတယ်။ အသံလိုင်း သတင်းတွေမှာ ကြားရ
တာက အခု ဆွေးနွေးမှုတွေမှာ UNFC ကနေ အဆိုတင်သွင်းမယ်ဆိုတာ ကြားရလို့ ဝမ်းသာတယ်။ ဒါမှမဟုတ်ရင်
ရေရှည်တိုက်ပွဲ ဖြစ်နေမှာပဲ။ အခုက လူမျိုးရေး တိုက်ပွဲဖြစ်နေသလို ကျနော်တို့ ခံစားရတယ်။

တိုက်ပွဲတွေက တနှစ်နဲ့ ရှစ်လကျော်လာပြီ။ ဒီတိုက်ပွဲများက ဘာကြောင့် ဖြစ်ပေါ်ခဲ့တယ်လို့ ပြောလို့ရလဲ
ရှင်။


ဖြေ။   ။ ခုတိုက်ပွဲတွေက ပြည်သူလူထု နာနေကြတယ်။ ခေါင်းဆောင်ပိုင်းမှာ စီမံခန့်ခွဲတဲ့နေရာမှာ လွဲမှားနေတယ်လို့ ကျနော်မြင်ရတယ်လေ။ အကောင်းဆုံးက စားပွဲပေါ်မှာ ဘာမကျေနပ်တာရှိလဲ၊ ကချင်ကို ဒီလောက်တိုက်ရတာ ဘာကြောင့်လဲ၊ ဘာစိတ်မကျေနပ်တာ ရှိလဲ၊ ဘာမှားတာ ရှိလဲ၊ ဘာအပြစ်ရှိလဲ။ အဲဒါမျိုးတွေ မေးရမှာ။ အခု ကျနော်
တို့ သိသလောက် နယ်ခြားစောင့်တပ်ကို လက်မခံလို့ တိုက်တယ်လို့ ပြောတယ်။ အဲဒီဟာကိုလည်း ဘာဖြစ်လို့ နယ်ခြား စောင့်တပ်ကို ဖွဲ့ရသလဲ၊ အဲဒါ မဖွဲ့ရော ဘာဖြစ်လဲဆိုတာကို အဖြေရှာရင် ကျနော်တို့ ပြည်သူလူထုတောင် အဖြေ ပေးနိုင်ပါတယ်။ အဲဒါ ပြောချင်တယ်။ ဒီငြိမ်းချမ်းရေးအကြောင်းက ဖြည်းဖြည်းဆွေးနွေးလို့ ရတယ်။

ဒူဝါ အနေနဲ့ ဒီတိုက်ပွဲတွေ ရပ်ဆိုင်းသွားဖို့ နှစ်ဖက်စလုံးကို ဘာအကြံပြုချင်လဲ။

ဖြေ။   ။ ကျနော်တို့ ဆွေးနွေးရမယ်။ ပြေလည်အောင် ဆွေးနွေးပေးရမှာပေါ့။ အမိန့်ချလို့ မရဘူး။ တဖက်စောင်းဖြစ်
မှာစိုးလို့ မပြောချင်ဘူး။ ဒါကြောင့် ကျနော့်ကို ဘယ်သူဖြစ်ဖြစ် ခေါ်ပါ။ ကျနော်က အဆင်သင့်ရှိပါတယ်။ အတတ်နိုင်
ဆုံး ညှိနှိုင်းမှာပါ။

ခုနောက်ပိုင်း ပင်လုံစာချုပ်ကိစ္စကို သိပ်ပြောဆိုလာတာ မရှိဘူး။ အဲဒီအပေါ် ဒူဝါအနေနဲ့ ဘာပြောချင်လဲ။


ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ်ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။
ဖြေ။   ။ ကျနော့်အမြင်က ထာဝရ ငြိမ်းချမ်းရေး ရဖို့အရေးဆိုတာက အဲဒီ ပင်လုံစာချုပ်ကနေ ပြန်စရင် ကောင်းမယ်နော်။ ကျနော်အခု စာတွေ ဖတ်နေတဲ့အခါ ပင်လုံစာချုပ် ချုပ်တုန်းက လူမျိုး၊ ဘာသာ၊ အဆင့်အတန်းမရွေး စုစည်းပြီး ငြိမ်းချမ်းရေးအတွက် လုပ်တာ။ ကျနော်တို့ အဲဒီလို အစည်းအဝေး
လို ဖြစ်မှကောင်းမှာပါ။

ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားတွေက ပင်လုံစာချုပ်ကို ရိုသေတယ်။ လေးစား၊ လိုက်နာတယ်ဆို လက်ခံထားတယ်။ မဖျက်ချင်ဘူး။ ကောင်းတယ်ဆိုတာ လက်ခံထားတယ်။ ဒါပေမယ့် အခုလက်ရှိ အစိုးရက ပင်လုံစာချုပ်ကို သိပ်ဂရု မစိုက်ဘူး ဆိုရင်တော့ ဆောရီးပဲလို့ ပြောရမှာပေါ့။ ဒီစာချုပ်ကို ဖျက်လိုက်မယ်
ဆိုရင်၊ အလေးမပြုဘူးဆိုရင် ကျနော်တို့လည်း ဝမ်းနည်းစွာ ဆုတ်ခွာရမှာ ဖြစ်တယ်။ ပေါင်းချင်လျက်သားနဲ့ မပေါင်းနိုင်အောင် လုပ်တာက ပေါင်းဖို့ မလိုဘူး၊ လူမျိုးပြုန်းတီးအောင်လုပ် ဆိုတဲ့သဘော သက်ရောက်တာကို မြင်ရ
တယ်။ ဝမ်းနည်းတယ်။ ဒါကြောင့် ဒီပင်လုံစာချုပ်နဲ့ ပတ်သက်လို့ ကျနော်ပြောစရာတွေ အများကြီးရှိပါတယ်။

အခုက အောက်ခြေ ရာဇဝင်ကို၊ ပြည်တွင်း အစဖြစ်လာတဲ့ ရာဇဝင်ကို ကောင်းကောင်း နားမလည်ဘဲ အပေါ်ယံ လိုချင်တာပဲ လုပ်သွားရင်တော့ မှားသွားမယ်လေ။ အဲဒါကို ကျနော်ကတော့ နိုင်ငံရေးအရ ကျနော့်အဖေက နိုင်ငံရေး
လုပ်ခဲ့တဲ့ လူဖြစ်တော့ သူပြောပြတာ အကုန်လုံး မှတ်ထားတာ ရှိတယ်။ “ငါတို့ ပင်လုံမှာ လက်နဲ့ ထိုးထားတဲ့ဟာကို မင်းတို့ သားသမီးတွေ၊ နောင်လာနောက်သားတွေက ခြေထောက်နဲ့ မဖျက်နဲ့” လို့ နှစ်ခါတောင် ပြောထားတာ ရှိတယ်လေ။ ဒါကြောင့် ကျနော်က အမြဲတမ်း ဘယ်သူ့ကိုမဆို ပြောပြတယ်။

ဒေါ်အောင်ဆန်းစုကြည်က ကချင်တိုက်ပွဲကိစ္စတွေမှာ ဘာမှ ပြောဆိုလာတာ မရှိတဲ့အပေါ်မှာရော ဒူဝါအနေနဲ့ ဘယ်လို သုံးသပ်လို့ ရမလဲ။

ဖြေ။   ။ ကာတွန်းတခုမှာ တွန်းလှည်းမှာ ဦးသိန်းစိန်က သူ့ကို တွန်းတဲ့အခါကျတော့ ဒေါ်အောင်ဆန်း စုကြည်က “အေးအေး အဘ ဟိုးမှာ ရှေ့မှာ ကျင်းကြီး အနက်ကြီး”လို့ ပြောတယ်။ ဆိုတော့ သူ့ကို ကျင်းထဲ တွန်းချမလား ဆိုတဲ့ဟာမျိုး သူ သံသယ ဖြစ်နေတာနဲ့ တူတယ်။ လူအများ မြင်တာပေါ့လေ။ သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ်
ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။ သူကတော့။ အသုံး ချရင်တော့ ကောင်းတာပေါ့။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို လုပ်ဆောင်သင့်တယ်လို့ ယူဆလဲ။

သူက တိုင်းရင်းသား အရေးမှာ ဘာပြောလို့ ဖြစ်မလဲ။ သူပြောရင် တပ်မတော်နဲ့ ၃၄ ဖြစ်သွားမှာ ကြောက်ရတယ်လေ။ သူ့ကိုလည်း ရေငုံ နှုတ်ပိတ်ပေါ့လေ။ ခုက အပယ်ခံရမယ့် အဆင့်မှာလည်း ရှိတယ်။ အသုံးခံရမယ့် အဆင့်မှာလည်း ရှိတယ်။ သူက နိုင်ငံတော် လက်ရှိ အစိုးရရဲ့ လက်ထဲမှာ ရှိပါတယ်။
ဖြေ။   ။ ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာပဲ စကားပြောရမှာပေါ့။ အစိုးရက ဖိတ်ခေါ်ပြီးမှ အကုန်လုံးဆွေးနွေးရင်တော့ ရမှာပေါ့။ မဆွေးနွေးဘဲ အခုက တပ်မတော်က ဆွေးနွေးချင်တဲ့ စိတ်မရှိဘူးဆိုတာ ကျနော်တို့ မြင်ရတယ်။ အပြတ် ရှင်းချင်တယ်။ လက်နက်နဲ့ပဲ အဖြေ ရှာချင်တယ်ပေါ့။ လက်နက်နဲ့ အဖြေရှာခဲ့တယ်ဆိုတာက ခေတ်ကုန်သွားပြီ။ ဘယ်ဟာမှ စားပွဲပေါ်မှာ မဖြေရှင်းဘဲ ရပ်တန့်လို့ မရဘူး။ လူမျိုး တမျိုး ပြုန်းတီးသွားအောင် တိုက်ရမယ် ဆိုတာက အရင်တုန်းက ဟစ်တလာ၊ နာဇီတို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ဘယ်ဟာမှ အောင်မြင်မှု မရှိဘူးလေ။ နောက်ဆုံးက လက်နက်ကိုပဲ အားကိုးတဲ့လူတွေက
အရှုံးပေးသွားရတယ်။

မြန်မာအစိုးရ သတင်းစာမှာ ကြားရတဲ့အတိုင်းဆိုရင်တော့ တပ်မတော်က ထိုးစစ်ဆင်တာ မဟုတ်ပါဘူးတဲ့။ သူတို့
စခန်းမှာ သူတို့ ရိက္ခာပို့တာ အဲဒီမှာ KIA က လာတိုက်တယ်။ အရင်တုန်းက အစိုးရစခန်းတွေ မရှိတာ၊ ခုရှိလာတာက ဘယ်သူက ထိုးစစ်ဆင်တယ်လို့ ပြောရမှာလဲ။ KIA က ဖိတ်ခေါ်လို့လား။ တဖက်သတ်ကြီးလည်း စဉ်းစားလို့ မရဘူး
လေ။ အခုက ထိုးစစ်ဆင်တယ်လို့ ပြောရမှာက တပ်မတော်က ထိုးစစ်ဆင်တာလား။ KIA က ထိုးစစ်ဆင်တာလားဆို
တာ ကျနော်တို့ ဝေဖန်ကြည့်ရမယ်။ KIO ကလည်း ခံစစ်သဘောနဲ့ပဲ တက်လာတဲ့ စစ်ရန်ကိုတော့ လမ်းဖြတ်တာတို့ သူတို့ ရန်သူ မလာနိုင်အောင် ကြိုးစားတာပေါ့။ ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။
လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ်
ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ကျနော်တို့
ဝေဖန်တာထက် ကလေးကို မေးကြည့်ရင်တောင် သိပါတယ်။

ခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ယူဆလဲ။

ခုက လေယာဉ်ပျံနဲ့ လာတဲ့အခါကျတော့ ငုံ့ခံနေရတာပေါ့။ လေကြောင်းနဲ့ တိုက်နေတာက ပြည်သူတွေကိုပဲ ထိခိုက်တယ်ဆိုတာ ဒါက KIA ခံစစ် မဟုတ်တော့ဘူး။ ရှောင်စစ်ဖြစ်နေတာ။ ဆိုတော့ ရှောင်တဲ့လူတွေက ထိုးစစ်ဆင်တာလား။ ပစ်တဲ့လူတွေက ထိုးစစ်ဆင်တာလား။
ဖြေ။   ။ အခု တိုက်ပွဲတွေက အပစ်အခတ် ရပ်စဲရေး ၁၇ နှစ်ကြာပြီးနောက်မှာ စစ်ပြန်တိုက်ဖို့ ဆိုတာက သမ္မတ ကပဲ အကြံပြုတယ်လို့ ထင်တယ်လေ။ ကျနော့်အမြင်က ဦးသိန်းစိန်လို့ မခေါ်ချင်ဘူး။ ဗိုလ်ချုပ် သိန်းစိန်လို့ပဲ ခေါ်ချင်တယ်။

ဒီလက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်း၊ ကုန်းကြောင်း နေ့စဉ် ပစ်ခတ်နေတာက ကျနော်တို့ စဉ်းစားလို့တောင် သဘောမပေါက်ဘူး။ လက်နက်နဲ့ ဖြေရင်းလို့ မရဘူးဆိုတာကိုတော့ ကျနော် မြင်မိတယ်။

ဆွေးနွေးပွဲ လုပ်တဲ့အခါ ကျနော့်ကို ခေါ်ရင် ကျနော် ပြောချင်တာ အများကြီးရှိပါတယ်။ စစ်ရေးအရရော ကျနော် စစ်ထဲမှာ နေခဲ့ဖူးတော့ ကျနော်နားလည်ပါတယ်။ နိုင်ငံရေးအရ ဆိုရင်လည်း အဖေက အမြဲတမ်းပြောပြလို့ ကျနော်ပြောလို့ ရပါတယ်။ ကျနော်နားမလည်တာ ကျနော်မေးမယ်။ ကျနော်ဖြေဖို့လည်း အဆင်သင့်ရှိပါတယ်။

တခြား ဘာပြောချင်တာ ရှိသေးလဲ။

ဖြေ။   ။ ကျနော့်အနေနဲ့ အေးအေးဆေးဆေး ခေါင်းပြားအောင် အိပ်နေလို့တော့ မရဘူး။ တိုင်းပြည်က ဒီလို ဖြစ်တော့ စိတ်ထဲမှာ အင်မတန် ဝမ်းနည်းတာပေါ့။ ဝမ်းနည်းတော့ ဘယ်က ဘယ်လို ဝင်ပါပြီးမှ လုပ်ဆောင်ရမလဲ၊ အကြံပေးရမလဲ ဆိုတာ အမြဲတမ်း သတိ ဝီရိယနဲ့ နေနေပါတယ်။ ဒါကြောင့် ခေါ်တဲ့အခါ ဘယ်မှာဘဲ ခေါ်ခေါ် အချိန်မရွေးတိုင်းမှာခေါ်ခေါ်၊ ပြည်နယ်မှာဘဲ ခေါ်ခေါ်၊ ဗဟိုမှာဘဲ ခေါ်ခေါ် ကျနော်က သွားဖို့ အဆင်သင့်ရှိပါတယ်။

http://www.mizzimaburmese.com/interview/10755-2013-01-15-12-02-15.html

January 12, 2013

KNU ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် KNU နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ စတင်၍ နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေရာမှ သမိုင်းဝင် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် မည်မျှတိုးတက် လာသည်၊ မည်သို့တည်ဆောက် ခဲ့ရသည်ကို သိရှိနိုင်စေရန် KNU အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးမန်းငြိမ်းမောင် နှင့် တွေ့ဆုံ မေးမြန်းထားသည် များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
Voice ။ ။ အရင် KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က ယခု KNU အဖွဲ့ ဥက္ကဋ္ဌ ဖြစ်တာပေါ့။ သူကလည်း အစိုးရနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ အချိန်မှာရော ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတစ်လျှောက်လုံး တက်တက် ကြွကြွ ပါလာသူဖြစ်တယ်။ နောက်တော့ အခုစစ်ဦးစီးချုပ် ဖြစ်လာတဲ့ ဗိုလ်ချုပ် စောဂျော်နီပေါ့။ သူကလည်း ငြိမ်းချမ်းရေး အတွက်တက်ကြွတဲ့ သူဖြစ်တယ်ပေါ့။ အခုရွေးချယ်လိုက်တဲ့ KNU ကြီးငါးကြီး ထဲမှာလည်း ငြိမ်းချမ်းရေး လက်မှတ်ရေး တဲ့ ကာလတုန်းက ပါဝင်ခဲ့တဲ့ သူတွေ များတယ်။ အဲ့တော့ ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့် နေတဲ့သူတွေက ပြောကြတယ်။ ဒါဟာ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကိုပြတာလို့ သုံးသပ် ကြတယ်ပေါ့။ အဲ့ဒီပေါ်မှာရော ဘယ်လိုထင်ပါသလဲ။

UMNM ။ ။ ဟုတ်ပါတယ်။ အဲ့ဒီ အတိုင်းပါပဲ။ ကျွန်တော်တို့ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ ရှင်းလို့ မရခဲ့ဘူး။ ကျွန်တော် တို့နှစ်ဖက်စလုံး အစိုးရရောပေါ့။ အဆိုးဘက်က ပြောကြတယ်ပေါ့။ အဲ့ဒါက နှစ်ခြောက်ဆယ် ကြာခဲ့ပြီပေါ့။ ကျွန်တော်တို့ ကရင် တစ်မျိုးသားလုံး အတွက် လက်နက်ကိုင်တပ် အဖြစ် ရုန်းကန် လှုပ်ရှားခဲ့ကြတယ်ပေါ့။ အခုဆက် လှုပ်ရှားမလား၊ ငြိမ်းချမ်းရေး လမ်းစဉ် ဘက် ပြောင်းမလား လမ်းနှစ်လမ်းပေါ် လာတယ်ပေါ့။ အခုလိုအခြေအနေမှာ ကရင်အမျိုးသားထု တစ်ရပ်လုံး အတွက် သက်သောင့်သက်သာနဲ့ ထိခိုက်နာကျင် မှု အနည်းဆုံးနဲ့ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုဖို့ ငြိမ်းချမ်းရေး လမ်းစဉ်က လွဲပြီး ဘာမှမရှိဘူးလို့ KNU က ဒီအတိုင်း၊ ငြိမ်းချမ်းရေး လမ်းစဉ်လိုက်ဖို့ အားလုံး ညီညီညွတ်ညွတ် ဆုံးဖြတ်ခဲ့တာပါ။ ကရင်အမျိုးသားထု တစ်ရပ်လုံးကလည်း ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို တက်တက်ကြွကြွ ထောက်ခံ ခဲ့ကြတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝ ရခဲ့တယ်။ အခုကတော့ ငြိမ်းချမ်းရေး ပိုလိုလားတယ်၊ ပိုပြီးအားကောင်း လာတယ်လို့ ပြောလို့ ရပါတယ်။

Voice ။ ။ အပစ်အခတ် ရပ်စဲရေး စတင်ခါစ ကာလတုန်းက တပ်မဟာ ငယ်တွေနဲ့ အစိုးရနဲ့ မကြာခဏ တိုက်ပွဲ တွေ၊ ပဋိပက္ခဖြစ်နေတာ တွေ့ရတယ် လေ။ အခုနောက်ပိုင်းရော ဘယ်လိုအခြေ အနေ ရှိပါသလဲခင်ဗျ။

UMNM ။ ။ တိုက်ပွဲတွေဖြစ်တယ် လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့ က ၂၀၁၂ ဇန်နဝါရီမှာ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တယ်။ အခုဆို တစ်နှစ်ပြည့်ပြီ။ အဲ့ဒီအချိန်မှာ KNU နဲ့ အစိုးရတပ်ကြားမှာ သာမန် မတော်တဆ ပစ်ခတ်မှုတွေပဲ ရှိတယ်။ စနစ်တကျ စီစဉ်ပြီးတော့ တိုက်တဲ့ တိုက်ပွဲမရှိဘူး။ KNU ဘက်ကလည်းမရှိဘူး တပ်မတော် ဘက်ကလည်း မရှိဘူး၊ ဒါကတိုက်ပွဲ၊ ပဋိပက္ခလို့ ပြောလို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ အခုကျွန်တော်တို့ နေပြည်တော် သွားတဲ့အခါ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တယ်လေ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ်။ KNU ရယ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ရယ်က စည်းကမ်း အင်မတန် ရှိတယ်။ အမိန့်လည်း နာခံတယ်လို့ ပြောတယ်လေ။ အသိအမှတ်ပြုတယ်၊ လေးစားတယ် ဆိုတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်ပြော ပါတယ်။ အခု ကာကွယ်ရေး ဦးစီးချုပ် ပြောတာက ကျွန်တော်တို့ အခု KNU နဲ့ ငြိမ်းချမ်းရေး ရဖို့ ရ၀ ရာခိုင်နှုန်း သေချာနေပြီလို့ ပြောတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက အသေးအဖွဲ တွေပါတဲ့။ အသေးအဖွဲတွေ ဆိုတာက တပ်ဖွဲ့ငယ် တွေကြား နားလည်မှု လွဲပြီး ပစ်တာ ခတ်တာလောက် ရှိတာပဲ။ ဒါတွေက ဖြေရှင်းလို့ ရပါတယ်တဲ့။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ဒီလို အသိအမှတ်ပြုထားတာ ဆိုတော့ ဒါကို ပဋိပက္ခ အဆင့်လို့ ပြောလို့မရပါဘူး။

Voice ။ ။ KNU က အဖွဲ့လည်း ကြီးတယ်။ ထိန်းချုပ်နယ်မြေလည်း များတယ်။ တပ်မဟာ ကလည်း များတယ်ဆိုတော့ တစ်နှစ်ကြာကာလ အတွင်း တပ်မဟာတွေကြားမှာ ဘယ်လို နားလည်မှုရအောင် ယူခဲ့လဲ၊ ဘာအခက်အခဲ တွေရှိလဲ။

UMNM ။ ။ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ခရိုင် ဥက္ကဋ္ဌတွေ၊ တပ်မဟာမှူးတွေ ပါကြတယ်လေ။ အဲဒီခါကျတော့ သူတို့ နားလည်ကြတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ သူတို့ပါဝင် တော့ သူတို့ သိတယ်။ တချို့တပ်မဟာ တွေကတော့ ဒီအပေါ်မှာ သံသယရှိတာ တွေတော့ ရှိတယ်။ ဒါကလည်း အနည်းစုပါ။ နောက် သူတို့ကလည်း ပြန်သုံးသပ် တယ်လေ။ ဒီငြိမ်းချမ်းရေး ကလွဲလို့ တခြားရွေးစရာ လမ်းမရှိဘူး။ လမ်းနှစ်လမ်းပဲ ရှိတယ်လေ။ ကျွန်တော် တို့ အရင်အတိုင်း လက်နက်ကိုင် နည်းနဲ့ပဲ ဆက်ဖြေရှင်းမလား၊ စားပွဲဝိုင်းမှာ အေးအေးချမ်းချမ်း နိုင်ငံတော် အစိုးရနဲ့ ဖြေရှင်းမလား ဒီလမ်းနှစ်လမ်း ကလွဲ ရွေးစရာ မရှိဘူး။ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတာကို အနှစ် ၆၀ ကျော်ဖြတ်သန်း ခဲ့ပြီးပြီလေ။ တစ်မျိုးသားလုံး ကျိုးကြေ ပြီးတော့ စုတ်ပြတ် နေတာပဲ။ ကျွန်တော် တို့က ဒီစားပွဲဝိုင်း မှာဆို သက်သောင့် သက်သာရှင်းလို့ ရမယ်။ မတူတာတွေ လည်းရှိမယ်၊ ရန်ဖြစ်တာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့ စစ်မြေပြင်မှာ ရှင်းတာလောက်တော့ မပင်ပန်း ဘူးလေ။

“စားပွဲဝိုင်းမှာ ငြင်းရတာက စစ်မြေပြင်မှာ ရှင်းရတာလောက် မပင်ပန်းဘူးလို့ ထင်တယ်”

ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး တစ်နှစ်တာ ကာလ အတွင်းမှာဆို။ ငြိမ်းချမ်းရေးဘက် တာဝန်ယူ ထားတဲ့ ဝန်ကြီးတွေရှိတယ် လေ။ ဦးအောင်မင်းတို့၊ ဦးခင်ရီတို့၊ ဦးစိုးသိန်းတို့၊ သူတို့က ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောလို့ဆိုလို့ ရတယ်လေ။ တချို့ကိစ္စတွေဆို ကျွန်တော်တို့ စားပွဲဝိုင်းမှာ ရှင်းစရာတောင် မလိုဘူး။ ဒီတိုင်း စားရင်းသောက်ရင်းနဲ့၊ ဝန်ကြီး ကျွန်တော်တို့ ဒါလုပ်ချင်တယ်၊ ဘယ် သွားချင်တယ် ပြောလိုက်တာနဲ့ သူကလည်း တစ်ထိုင်တည်း ဆုံးဖြတ်ပေး တာပဲ။ ဒါက ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦးကြား အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုကို ပြတာပဲ။ စစ်မြေပြင်မှာဆို သူဦးသူချ၊ ကိုယ်ဦး ကိုယ်ချပဲ၊ နာကျင်မှု များတယ်လေ။ စားပွဲဝိုင်းမှာ ကျတော့ အများကြီး ပြောလို့ဆိုလို့ရတယ်။

Voice ။ ။ နောက်တစ်ခုက အခု KNU မှာ အင်အားဘယ်လောက် ရှိတယ် ဆိုတာ ပြောနိုင်မယ်ဆို ပြောပြပေးပါ။

UMNM ။ ။ စိတ်မရှိပါနဲ့။ ဒါက တော့ ကျွန်တော် မပြောနိုင်ဘူး။ ဒါက အဖွဲ့အစည်း တစ်ခုရဲ့ လျှို့ဝှက်ချက် ဖြစ်တယ်လေ။

Voice ။ ။ KNU က တပ်ဖွဲ့က ကြီးတော့ အခု အပစ်အခတ် ရပ်စဲထား တယ်၊ အခွန်ကလည်း မကောက်ဖို့ အစိုးရနဲ့ လက်မှတ် ထိုးထားရတယ်။ အဲ့တော့ တပ်ဖွဲ့တွေနဲ့ တပ်ဖွဲ့ဝင် မိသားစု တွေရဲ့ စားဝတ်နေရေး ဘယ်လိုဖြေရှင်း လဲ မသိဘူး။

UMNM ။ ။ ကျွန်တော်တို့ ကတော့ အရင်ကတည်းက ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ် တဲ့အတွက် ဒီကိစ္စကလည်း သိပ်ပြီး အခက်အခဲမရှိပါဘူး။

Voice ။ ။ ရေရှည်မှာ ကျတော့ လက်နက်ကိုင် အင်အားစုတွေရော၊ သူတို့မိသားစုဝင်တွေ ရှိတော့လေ၊ အဲ့ဒီ အတွက် ဘယ်လို စီစဉ်ထားလဲ မသိဘူး။

UMNM ။ ။ တစ်လျှောက်လုံးက ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစု တွေက သူ ရပ်တည်နိုင်ရေး သူတို့လုပ် တယ်။ အဖွဲ့အစည်းက ထောက်ပံ့တာ တွေလည်း ရှိတာပေါ့။

Voice ။ ။ နောက်တစ်ခုက အစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့အစည်းတွေက သူတို့တပ်ဖွဲ့ဝင် တွေနဲ့ သူတို့ရဲ့မိသားစုတွေကို ထောက်ပံ့ဖို့အတွက် စီးပွားရေးလုပ်ပိုင် ခွင့်တွေ ဘာတွေ ရတယ်ပေါ့။ အဲဒီလို ပြောကြတာတွေရှိတယ်၊ KNU အနေနဲ့ ရော ဘာတွေလုပ်ဖို့ရှိလဲ။ အဲ့ဒီ ပေါ်ရော ဦးမန်းငြိမ်းမောင် အနေနဲ့ ဘယ်လို မြင်လဲ။

UMNM ။ ။ အခုချိန်ထိတော့ ဒါတွေက ဘာမှ မလုပ်ရသေးပါဘူး။ အခုညီလာခံ ပြီးတဲ့ အချိန်မှာ ကော်မတီ တွေဖွဲ့မယ်။ စီးပွားရေး ကော်မတီ၊ ပညာရေး ကော်မတီ စသဖြင့်ပေါ့။ အဲ့ဒီ အချိန်မှ ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ် ရမယ်။ အစိုးရ ကလည်း သူတို့ဘာတွေ လုပ်ပေး နိုင်တယ်၊ ဘာတွေ ကူညီမယ် စသဖြင့် ပြောထားတာတွေ ရှိပါတယ်။ စဉ်းစားထားတာတွေ ရှိတယ်။ လက်တွေ့ ဘာမှ မဆောင်ရွက်ရသေးဘူး။ ဒါတွေ က ဆောင်ရွက်သွားဖို့ ရှိပါတယ်။

Voice ။ ။ အခု KNU က နေပြည်တော် သွားတဲ့ ခရီးစဉ် အတွင်းမှာ စီးပွား/ကူးသန်း ဝန်ကြီးတို့၊ သတ္တုတွင်း ဝန်ကြီးတို့နဲ့ တွေ့ခဲ့တယ်ပေါ့။ အဲဒီအပေါ်မှာ အခွင့်အရေး အတွက် သွားတွေ့တာလို့ ပြောနေတဲ့သူတွေ ရှိ သလို အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါ သယံဇာတ ခွဲဝေမှုပိုင်း ဆွေးနွေး နိုင်ဖို့ သွားတာလို့ ကြားရတယ် ခင်ဗျ။ အဲ့ဒါလေး ရှင်းပြပေးပါ။

UMNM ။ ။ သွားတယ်ဆိုတာက သူတို့ဖိတ်လို့ ကျွန်တော်တို့ သွားတွေ့ တာဗျ။ ဥပမာ - သတ္တုတွင်းဆို သူတို့ လုပ်ငန်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဘယ်လိုဆောင်ရွက် ရတယ်ဆိုတာ၊ နောက် KNU နယ်မြေမှာ သတ္တုတွင်း တွေ ရှိတယ်ဆိုရင် အစိုးရနဲ့ ပူးပေါင်း ပြီး လုပ်ဖို့ သူတို့စည်းမျဉ်း စည်းကမ်း တွေပြောပြတဲ့ သဘောပါ။ စီးပွား/ကူးသန်း ဆိုလည်း ဒီအတိုင်းပဲ။ တချို့က ငြိမ်းချမ်းရေး စလုပ်ကတည်းက ဒီအတိုင်း ပြောနေတာတွေရှိတယ်။ ငြိမ်းချမ်းရေး လုပ်တယ် ဆိုတာ လူတစ်စု ကောင်းစားရေးဖြစ်တယ်။ ငြိမ်းချမ်းရေး ဟာ တိုင်းရင်းသားတွေ အတွက် ထောင်ချောက်ဖြစ်တယ်။ အဲ့ဒီပေါ်မှာ အမျိုးမျိုး ပြောကြတာ ရှိပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ ကတော့ ဂရု မစိုက်ပါဘူး။ ဂရုမစိုက်ဘူး ဆိုတာက ကျွန်တော်တို့ ဒီမြင်နေတာတွေ၊ စွပ်စွဲမှု တွေကို လက်တွေ့ အလုပ်လုပ်ပြီး ဖြေရှင်း သွားမှာပါ။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်သူက ဘယ်လိုဆိုတာ တစ်နှစ် ၂နှစ်ဆိုရင် ပေါ်လာမှာပဲလေ။ KNU ရဲ့ ကရင် တစ်မျိုးသားလုံးရဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ဆောင်ရွက် မှုရှိ မရှိဆိုတာ အဲ့ဒီအချိန်မှာ ပေါ်လာ မှာပဲလေ။

Voice ။ ။ နောက်ထပ်မေးချင် တာက ကရင်ပြည်နယ် မှာဆို လက်နက်ကိုင် တပ်ဖွဲ့တွေလည်း အများ ကြီး ရှိနေတယ်။ နောက်တခြားအဖွဲ့ အစည်းတွေလည်း ရှိနေတယ်ဆိုတော့ KNU အနေနဲ့ အဲ့ဒီအတွက် တစ်ခုခု စီစဉ်ထားတာ တွေရောရှိလား။

UMNM ။ ။ ရှိပါတယ်၊ အဲ့ဒီ အတွက် KNU မှာ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတဲ့ Plan ရှိပါ တယ်။ လက်တွေ့ဆက်ဆံမှု တွေလည်း ရှိတယ်။ မကင်းဘူးလေ ကရင်အားလုံး က ကျွန်တော်တို့ KNU ညီလာခံက ကော်မတီတွေ ပြန်မဖွဲ့ရသေးဘူး။ အဲ့ဒါ တွေ လုပ်ပြီးရင် အကောင်အထည်ဖော် စတင်သွားပါမယ်။ ကျွန်တော်တို့ အားလုံးက အတူတူ နေခဲ့ကြတာ ဆိုတော့ ကရင်အားလုံး ပြန်လည် ညီညွတ်လိမ့် မယ်လို့ ကျွန်တော်ထင်ပါတယ်။

Voice ။ ။ စောစောက ပြောသွား တဲ့ ကော်မတီတွေ ဖွဲ့မယ်ဆိုတာကို အသေးစိတ် ထပ်ရှင်းပြပေးပါ။

UMNM ။ ။ ဒါက ဒီလိုပါ။ ကျွန်တော် တို့ အခု (၁၅) ကြိမ်မြောက် ညီလာခံ ပြီးတော့ ကော်မတီတွေ ဆက်ဖွဲ့ဖို့ရှိပါ တယ်။ စီးပွားရေးဆိုင်ရာ ကော်မတီ၊ လူမှုရေးကော်မတီ၊ တရားရေး ကော်မတီ ဆိုပြီး ဗဟိုကဖွဲ့ဖို့ ရှိပါတယ်။ အဲ့ဒီထဲ မှာ ကရင်အမျိုးသား စည်းလုံးညီညွတ် ရေး ကော်မတီလိုမျိုး ကော်မတီတစ်ရပ် ပေါ်လာမှာ ဖြစ်တယ်။ အဲ့ဒီကနေပြီး ကော်မတီတစ်ရပ် အနေနဲ့ ကရင် အမျိုးသား ညီလာခံလိုမျိုး ပေါ်လာ အောင် လုပ်ဖို့ရှိတယ်။

Voice ။ ။ အခု ကရင်ပြည်နယ် မှာလည်း တရားဝင်နိုင်ငံရေး ပါတီတွေ ရှိနေတော့ KNU အနေနဲ့ရော ဘယ်လို စဉ်းစား ထားလဲ။ ကရင်နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းပြီး နိုင်ငံရေး ပါတီတစ်ခု ထောင်မလား၊ KNU ကိုယ်တိုင် ပါတီတစ်ခု ဖြစ်လာ မလား၊ အဲ့ဒီအပေါ် ဘယ်လိုစဉ်းစား ထားလဲ။ UMNM ။ ။ ကျွန်တော်တို့ KNU အနေနဲ့ ပါတီတစ်ခု မထောင်သေးဘူး။ ထောင်လည်း မထောင်နိုင်သေးဘူး။ ဒါပေမဲ့ ကရင်နိုင်ငံရေး ပါတီတွေနဲ့ ထိတွေ့ရမယ်၊ စည်းရုံးရမယ်၊ ဆက်ဆံရမယ်၊ သူတို့နဲ့ပူးပေါင်း ဆောင်ရွက်ဖို့ ကျွန်တော် တို့မှာ စဉ်းစားချက်တွေ၊ စိတ်ကူးချက် တွေ ရှိပါတယ်။

Voice ။ ။ သီးခြားပါတီ ထောင်ဖို့ မရှိသေးဘူး။ လောလောဆယ်ပါတီ တွေနဲ့တော့ ပူးပေါင်း လုပ်မယ်ဆိုတဲ့ သဘောလားခင်ဗျ။

UMNM ။ ။ သူတို့တွေက ဥပဒေ ဘောင်တွင်းကနေ တရားဝင် နိုင်ငံရေး ပါတီအဖြစ် ရပ်တည်ပြီး အမျိုးသားရေး အတွက် ဆောင်ရွက်နေတာပဲလေ။ အဲ့တော့ သူတို့ကိုလည်း စည်းရုံးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လေ။ နိုင်ငံတော် အစိုးရကလည်း ဆက် သွယ်ပါ၊ ဆောင်ရွက်ပါလို့ ပြောတယ် လေ။ သူတို့လည်း အရင်ကဆို မဆက် သွယ်ရဲဘူးလေ။ ကျွန်တော်တို့က တောတွင်း အဖွဲ့အစည်း ဖြစ်နေတာဆို တော့ အခုလည်း အဆက်အသွယ်တွေ ရှိ ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အကြံဉာဏ် တောင်းခံတာတွေ၊ ပူးပေါင်းဆောင် ရွက်တာတွေရှိပါတယ်။

Voice ။ ။ နောက်တစ်ခုကတော့ လက်နက်ကိုင် တပ်ဖွဲ့ တော်တော်များ များ ပြောနေကြတဲ့ ပြဿနာပေါ့။ နယ်ခြားစောင့်တပ် ကိစ္စကို KNU ရော ဘယ်လို စဉ်းစားထားလဲ မသိဘူး။

UMNM ။ ။ နယ်ခြားစောင့်တပ် ကိစ္စကတော့ ကျွန်တော်တို့ ဆီက ခွဲ ထွက်သွားတဲ့ ကရင်အင်အားစုတွေက နိုင်ငံတော် အစိုးရနဲ့ ပြေလည်နေတဲ့ အခါကျတော့ ကျွန်တော်တို့ ရေရှည် အမျိုးသားစည်းလုံး ညီညွတ်ရေးကဏ္ဍ နဲ့ ဆက်သွယ် ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့နဲ့ သူတို့တွေ ဆက်သွယ် မှုရှိတယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုဖြစ်သင့် တယ်ဆိုတာ ဆွေးနွေးသွားဖို့ ရှိတယ်။

Voice ။ ။ အခု KNU က နယ်ခြား စောင့်တပ် ကိစ္စကို ဆက်ဆွေးနွေး သွားဖို့ရှိတယ်ပေါ့။ အဲ့ဒီသဘောလား။

UMNM ။ ။ ဆက်ဆွေးနွေးသွား ရမယ့် ကိစ္စပဲလေ။ တပ်မတော်ထဲ အားလုံး ကူးပြောင်းမလား။ ဒီအတိုင်းပဲ နယ်ခြားစောင့် အတိုင်းသွားမလား။ အဲ့ဒါမျိုးပေါ့နော်။ နိုင်ငံတော် အစိုးရနဲ့ ဆက်ဆွေးနွေးသွားဖို့ ရှိပါတယ်။

Voice ။ ။ နောက်တစ်ခု မေးချင် တာက KNU က တပ်ဖွဲ့ကလည်း ကြီး တယ်လေ။ အခုက အခွန်ကလည်း ကောက်လို့ မရတော့ဘူး ဆိုတော့ တပ်ဖွဲ့ တွေရဲ့ စားဝတ်နေရေး ကရော ဘယ်လို စီစဉ်ထားလဲ ခင်ဗျ။

UMNM ။ ။ ကျွန်တော်တို့ စားဝတ် နေရေးကတော့ အခုလက်ရှိ ရနေတဲ့ အကောက်ခွန် ဝင်ငွေလေးနဲ့ ရပ်တည် တယ်ပေါ့နော်။ နောက်ဆိုလို့ ရှိရင်တော့ တပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေး အတွက် နိုင်ငံတော် အစိုးရနဲ့ စီးပွားရေးလုပ်ငန်း တစ်ခု လုပ်ဖို့ ညှိနှိုင်းပြီး စီစဉ်ဆောင် ရွက်သွားဖို့ ရှိပါတယ်။

Voice ။ ။ နိုင်ငံတော် သမ္မတနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ ပြောထားတာ ရှိတယ်ပေါ့လေ။ အခုဖွဲ့ထားတဲ့ Myanmar Peace Center က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကို နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး ထောက်ပ့ံဖို့ပေါ့လေ။ အဲ့ဒါက ခု စထောက်ပံ့နေပြီလား၊ ဘယ် အခြေအနေထိ ရောက်ပြီလဲ ခင်ဗျ။

UMNM ။ ။ မထောက်ပံ့သေးပါ ဘူး။ ဒါတွေက သူတို့ စီစဉ်နေဆဲ အဆင့် မှာပဲ ရှိပါသေးတယ်။ ဘာမှ မစရ သေး ဘူး။ စစ်ဘေးဒုက္ခသည် တွေအတွက် စလုပ်နေတာ တော့ရှိတယ်။ စစ်ဘေး ဒုက္ခသည်တွေ အတွက် ကျန်းမာရေး၊ ပညာရေး စတာတွေ လုပ်နေတာတော့ ရှိပါတယ်။ ဟိုတစ်လောက မွန်ဘက်မှာ စတယ်။ နောက်တော့ ကျန်တဲ့ တိုင်းရင်း သား အဖွဲ့အစည်းတွေ ပါလာမယ်။ အဲဒါတွေတော့ ရှိတယ်။

Voice ။ ။ အခု နိုင်ငံတော်သမ္မတ KNU နဲ့တွေ့တာ နှစ်ကြိမ် ရှိပြီပေါ့။ အဲဒီနှစ်ကြိမ်မှာ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ် ဘာတွေ ကွာခြားတာရှိ လဲ။ ပိုပြီးအားရ ကျေနပ်တာ ဘာတွေ ရှိလဲ။

UMNM ။ ။ ပထမအကြိမ် ကတော့ ကျွန်တော်က ထောင်ထဲမှာပဲ ရှိသေး တယ် မသိဘူး။ ဒုတိယ တစ်ကြိမ်ကျ တော့ ကျွန်တော်ကိုယ်တိုင် ပါတယ်။ တော်တော်ကို ကျေနပ်ပါတယ်။ သမ္မတရဲ့ ရိုးသားမှု၊ ပွင့်လင်းမှု၊ တိုင်းပြည် အပေါ်ထားတဲ့ စေတနာ၊ အဲဒီအပေါ် အကဲဖြတ်လို့ ရပါတယ်။

Voice ။ ။ ဒီတစ်ခေါက် သမ္မတကြီး နဲ့တွေ့တဲ့ ခရီးစဉ်အပေါ် KNU အနေနဲ့ ဘယ်လို သုံးသပ်လဲခင်ဗျ။

UMNM ။ ။ ဒီခရီးစဉ်ကို အောင် မြင်တယ်လို့ ကျွန်တော်တို့ သုံးသပ် ပါတယ်။

Voice ။ ။ ဦးမန်းငြိမ်းမောင်တို့ လိုချင်တဲ့ အချက်အလက် တွေကိုရော ဆွေးနွေးလို့ ရခဲ့လားခင်ဗျ။

UMNM ။ ။ ကျွန်တော်တို့က ဒီခရီးစဉ်ကို လိုချင်တဲ့ အချက်တွေ ဆွေးနွေးဖို့ လာတာ မဟုတ်ပါဘူး။ စောစောက ရှင်းပြခဲ့သလိုပဲ။ ဧည့်သည် အနေနဲ့ သွားတာပဲ။ အဲလိုသွားပေမယ့် နိုင်ငံရေးအရ အလွတ်သဘော ဆွေးနွေး ခဲ့တာတွေရှိပါတယ်။ အဲဒီတော့ နောက် ထပ် ဆွေးနွေးဖို့ မခက်ဘူး ထင်တယ်။ တစ်ဦးနဲ့တစ်ဦး ပိုယုံကြည်လာတယ်။ နောက်တစ်ချက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တွေကို တွေ့ခဲ့ရတယ် ပေါ့နော်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တကယ့်ကို ပွင့်ပွင့်လင်းလင်း တက်တက်ကြွကြွ နဲ့ ပြောတယ်ပေါ့နော်။ ခံစားချက် အပြည့်နဲ့ ပြောတဲ့အခါကျတော့ အဓိက က တပ်ပဲလေ။ တပ်နဲ့ ပိုယုံကြည်မှုရလေ ပိုရှင်းရ လွယ်လေပဲ။ ပဋိပက္ခကို ဖြေရှင်းရတာ အဓိကက တပ်ပဲလေ။ ရင်းနှီးတဲ့ ဆက်ဆံရေးရှိရင် ဒါတွေက ထပ်ပြီး တိုးတက်ဖို့ပဲ ရှိတော့တယ်လေ။

Voice ။ ။ KNU က သမ္မတနဲ့ တွေ့ဖြစ်ရင် ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲ ကိစ္စ ဆွေးနွေးမယ်လို့ ပြောတယ်ပေါ့ လေ။ အဲဒါတွေရော ဆွေးနွေးဖြစ်လား ခင်ဗျ။ ဘာတွေများ ဆွေးနွေး ခဲ့ကြလဲ။

UMNM ။ ။ ဆွေးနွေးတယ် ဆိုတာ က ဒီနေ့အချိန်မှာ KIO ကို စစ်ရှိန်မြှင့် တင်ထားတဲ့ အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ ရိုက်ခတ်မှုတွေ အများကြီး ရှိတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲမှုအပေါ် သံသယရှိနေတဲ့ သူတွေက ဒီသံသယကို ပိုပြီးကြီးထွား စေတယ် ပေါ့လေ။ ဒါတွေ ပြောထားခဲ့တယ်။ စစ်ရှိန် လျှော့ချဖို့အတွက်။ KNU က မေတ္တာရပ်ခံ တိုက်တွန်းခဲ့တယ်။ နောက် သူတို့ ဒီလိုဖြစ်ရတဲ့ အကြောင်းတွေ လည်း သူတို့ ရှင်းပြတယ်။ စစ်တပ်ကို KIO က ပိတ်ထားတယ်။ ရိက္ခာပြတ်နေ တယ်။ အဲဒါကို လမ်းဖွင့်ပေးဖို့ တိုက်တွန်းတယ်။ လမ်းဖွင့် မပေးတော့ သူတို့ တိုက်ရတာလို့ ပြောတယ်၊ ကာကွယ်ရေး ဦးစီးချုပ်ကပြောတယ်။ သူက စစ်သားတစ်ယောက် ဆိုတော့ သူတာဝန်ရှိတယ်။ သူ့စစ်သားသူ အသေ မခံနိုင်ဘူးလို့ သူ့ရဲဘော်တွေ ကယ်ထုတ်နိုင်ဖို့ အင်အား သုံးခဲ့ရတယ် လို့ သူပြောပါတယ်။

Voice ။ ။ KNU ကိုယ်တိုင်က လည်း အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လာခဲ့တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာခဲ့တယ်။ အခု KIA နဲ့ ငြိမ်း ချမ်းရေး မတည်ဆောက်နိုင်တဲ့ အချက် က ဘယ်လို အချက်တွေဖြစ်မယ် လို့ထင် လဲ။ ဘာကြောင့်လို့ သုံးသပ်မိလဲ ခင်ဗျ။

UMNM ။ ။ အဓိကကတော့ ယုံကြည် မှု မတည်ဆောက်နိုင်တာပဲ။ အဲဒီပေါ်မှာ ပဲ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာရတာ ပဲ။ ကျွန်တော်တို့ ဒီမလာခင် ကျွန်တော် တို့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်က KIO ဥက္ကဋ္ဌကို သွားတွေ့တယ်လေ။ သူက ဘာပြောလဲဆိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ဆွေးနွေး ပွဲနဲ့ မတူဘူး၊ တစ်ဦးကို တစ်ဦး အပြစ်ဖို့ နေကြတာပဲ။ သူမှန်တယ် ကိုယ်မှန်တယ် စကားရည် လုနေကြသလို ဖြစ်နေတယ်တဲ့။ ရန်ဖြစ် နေကြတာပဲတဲ့၊ သူတို့ကိုယ်တိုင် အဲ့လို ပြောတယ်လေ။ အဲလိုဆိုတော့ ငြိမ်းချမ်း ရေးဖြစ်စဉ်က တိုးတက်မှုမရှိဘဲ ပိုကြာ နိုင်ပါတယ်။ KNU နဲ့ကျတော့ ဘာလို့ အဆင်ပြေနေလဲ ဆိုတော့ ကျွန်တော်တို့ ကတော့ ကိုယ့်ဘက်က လိုချင်တာအရင် တင်ပြတယ်။ နိုင်ငံတော်က လိုက်လျော နိုင်တဲ့အတွက် နိုင်ငံတော်ဘက်က လိုက် လျောပေးတယ်။ အဲ့ဒီကနေပြီး အပစ် အခတ်ရပ်စဲရေး လုပ်လာနိုင်တယ်။ ဒီကြားထဲမှာ အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့အတွက် တည်ဆောက်တယ်။ အဲ့တော့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်လို့ရတာပဲလေ။ သံသယနဲ့ ငြိမ်းချမ်းရေး လုပ်တဲ့အခါ ကျတော့ ခက်တယ်။ ရဖို့လည်းမလွယ်ဘူး။

Voice ။ ။ အခု KIO နဲ့ တပ်မတော် က တစ်ဖက်နဲ့တစ်ဖက် သံသယတွေနဲ့ စကားပြောနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးရဖို့ ခက်တယ်ပေါ့လေ။ အဲ့တော့ အခုလက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများ ကလည်း အပစ်အခတ် ရပ်စဲရေးလုပ်ပြီး Political Dialogue လုပ်ဖို့ စောင့်နေ တယ်ပေါ့။ KNU ကရော ကေအိုင်အေ ပါတဲ့အထိ ဆက်စောင့်မလား။ ဘယ်လို စဉ်းစားထားလဲ။

UMNM ။ ။ တတ်နိုင်သမျှတော့ ကျွန်တော်တို့က စောင့်ပြီး တိုက်တွန်းချင် တယ်။ ကြာမယ် ဆိုရင်တော့ ကျွန်တော် တို့ကျန်တဲ့ အဖွဲ့တွေနဲ့ ရှေ့ဆက်သွား မယ်ပေါ့။

Voice ။ ။ ငြိမ်းချမ်းရေး ယူထား တဲ့ ကျန်တဲ့ အဖွဲ့တွေနဲ့ စုစည်းမိတာ ရှိ လား။ ဆွေးနွေးမိတာ တွေရောရှိလား။

UMNM ။ ။ ယေဘုယျ ပြောရရင် တော့ မရှိဘူးလို့ ပြောလို့ ရပါတယ်။ အနည်းဆုံးတော့ ဆက်ဆံမှုတော့ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု အထိုက်အလျောက် တော့ ရှိပါတယ်။

Voice ။ ။ အခု KIA က ဥက္ကဋ္ဌ အနေနဲ့ လုပ်ဆောင်နေတဲ့ UNFC နဲ့ အစိုးရ နိုင်ငံရေးဆွေးနွေးမှု စတင်တော့ မယ်လို့သိရပါတယ်။ UNFC က တိုင်းရင်းသားတပ်ဖွဲ့ အားလုံးကို ကိုယ်စားပြုသလား ခင်ဗျ။ အဲ့ဒါလေး ရှင်းပြပေးပါ။

UMNM ။ ။ UNFC ကတော့ တိုင်းရင်းသားတွေကို တစ်စိတ်တစ်ပိုင်းပဲ ကိုယ်စားပြုမယ်လို့ ထင်ပါတယ်။ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက အကန့်အသတ် ရှိတယ်လေ။ အကုန်လုံးကို ကိုယ်စားပြုဖို့ ဆိုတာ အကုန်လုံးက ယုံကြည်မှု ပေးဦးမှကိုး၊ အဲ့ဒါလည်း ရှိပါတယ်။

Voice ။ ။ နောက်တစ်ခု မေးချင် တာက ဦးမန်းငြိမ်းမောင် ဆိုရင် တပ်မတော်အစိုးရ လက်ထက်မှာ တစ်လျှောက်လုံး အကြိမ်ကြိမ် ထောင်ကျခံခဲ့ ရတာတွေရှိတယ်၊ နှိပ်စက် ခံရတွေရှိပါတယ်။ အခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးမန်းငြိမ်းမောင် အနေနဲ့ ယုံကြည်မှု အတော်လေးပေးနိုင် တာတွေ့ရတယ်။ အဲ့ဒါဘာကြောင့် ဒီလို ယုံကြည်မှု ပေးနိုင်တာလဲ။

UMNM ။ ။ အဓိက အချက်ကတော့ နှစ်ချက် သုံးချက်လောက်တော့ ရှိပါ တယ်။ အခု ကျွန်တော်ဖြတ်သန်းမှု အတွေ့ အကြုံအရရော ဒီပဋိပက္ခကို ရှင်းဖို့ အများကြီး စဉ်းစားတယ်လေ။ ငြိမ်းအောင် ဘယ်လိုလုပ်ရမလဲ၊ ဒီနည်းနဲ့တော့ မပြေ ဘူးဆိုတာ ကျွန်တော်တို့ မြင်တယ်လေ။ အထူးသဖြင့် နောက်ဆုံး တွန်းအားဖြစ် စေတာကတော့ ကျွန်တော့်ကို နောက် ဆုံးအကြိမ် ဖမ်းတယ်လေ။ အဲ့ဒီချိန်မှာ ကျွန်တော့်ကို KNU မှာ တစ်စုံတစ်ရာ တာဝန်ရှိတဲ့ ခေါင်းဆောင်ဆိုတာ သူတို့သိတာနဲ့ ချက်ချင်း လေးလေး စားစား ဆက်ဆံတယ်။ ကျွန်တော့်ကို လူ့သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူ တွေ လုံးဝမလုပ်ခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ မလုပ်ဘူး၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုတွေ မလုပ်ဘူး။ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ အတွက် ကျွန်တော် တို့ဆီက အကြံဉာဏ်တွေ မြောက်မြားစွာ တောင်းခံခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီက အကြံဉာဏ်တွေ မြောက်မြားစွာ တောင်းခံခဲ့တယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်က ဒီအပေါ်မှာ ပိုပြီး အလှည့်အပြောင်း ဖြစ်တယ် ပေါ့နော်။

Voice ။ ။ စောစောက ဦးမန်းငြိမ်းမောင် ပြောသွားတယ်ပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က ပြောတယ် “တပ်မတော်နဲ့ KNU ကြားမှာ ငြိမ်းချမ်းရေး ရ၀ ရာခိုင်နှုန်း အောင်မြင်ပြီ၊” ဒီလိုပြော တဲ့ အပေါ်မှာရော KNU ရဲ့ သဘောထား ဘယ်လိုရှိလဲ ခင်ဗျ။

UMNM ။ ။ အဲ့ဒါကို ကျွန်တော် လက်ခံပါတယ်။ အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်။ စစ်မြေပြင် ကနေ ငြိမ်းချမ်းရေး ဖြစ်လာတာက အင်မတန် ကြီးမားတဲ့ အောင်မြင်မှုပါ။ နှစ်ပေါင်း ၆၀ကျော်ကြာ လက်နက်ကိုင် တိုက်လာ တဲ့ လူမျိုးတစ်မျိုး ခုလို အပစ်ရပ်ထား နိုင်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ အချို့က ပြောကြတယ်။ အပစ်အခတ် ရပ်တာ တစ်နှစ်ကျော် ကြာပြီ၊ ဘာ တိုးတက်မှုမှ မရှိဘူးပြောကြတယ်။ အခု အပစ်ရပ်ထားနိုင်တာ ထိခိုက်နာကျင် မှုတွေ၊ အသက်ပေးမှုတွေ မရှိဘူး။ ဒါက အောင်မြင်မှုလို့ ပြောလို့ရတယ်။ နှစ်ဦးနှစ်ဖက် ကူးလူး ဆက်ဆံမှုတွေ၊ ပွင့်လင်းမြင်သာတဲ့ ရင်းနှီးမှုတွေ ရလာရင် ရှေ့သွားရမယ့်ဟာတွေ အများကြီးရှိလာမယ်။

Voice ။ ။ အခု အပစ်အခတ် ရပ်စဲရေး လုပ်ထားပြီးတဲ့ ၁၀ဖွဲ့နဲ့ နိုင်ငံရေး စကားဝိုင်း စတင်ရင် ညှိနှိုင်းမရတဲ့ ကိစ္စတွေ၊ ဥပမာ - တိုင်းရင်းသားတွေ လိုချင်တဲ့ Power Sharing လုပ်မပေးနိုင် တာမျိုး တွေကြောင့် ပြန်ပြီး ပစ်ကြ ခတ်ကြ ဖြစ်ကြမှာ နိုင်ငံရေး လေ့လာသူ တချို့က စိုးရိမ်မှုတွေ ရှိနေတယ် ပေါ့။ အဲ့ဒီပေါ်ရော KNU အနေနဲ့ ဘယ်လို မြင်လဲ။

UMNM ။ ။ ကျွန်တော် ကတော့ မစိုးရိမ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင် တုန်းက စိုးရိမ်တယ်၊ အခု မစိုးရိမ်ပါဘူး။ ဘာလို့လဲ ဆိုတော့ အခုက ရင်းနှီးပွင့် လင်းတဲ့ ဆက်ဆံမှုရှိပြီ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ လက်မခံတာတွေ ရှိတယ်။ ဒါတွေ လက်မခံတာ ပြဿနာမရှိဘူး။ စားပွဲ ဝိုင်းမှာ ငြင်းရမှာပဲ။ ကျွန်တော်တို့က ဘယ်လောက်ထိ စေတနာမှန်လဲ၊ ဘယ် လောက်ထိ ရိုးသားလဲ၊ နှစ်ဦးနှစ်ဖက် စလုံး ဒီအပေါ်မှာ အခြေခံတယ်။ ဒါဆို ရင်တော့ ကျွန်တော်တို့ ဒီအခက်အခဲ တွေ ကျော်နိုင်မယ်လို့ ထင်တယ်။ စားပွဲဝိုင်းမှာ ငြင်းရတာက စစ်မြေပြင်မှာ ရှင်းရတာလောက် မပင်ပန်းဘူးလို့ ထင် တယ်။ အဲ့ဒါကြောင့်မို့ မစိုးရိမ်ပါဘူး။

Voice ။ ။ ဆရာတို့ KNU က စားပွဲဝိုင်းပေါ် ဆွေးနွေးလာတာ အခုတစ်နှစ် လောက်လည်း ကြာပြီ။ စားပွဲဝိုင်းပေါ်မှာ Political Dialogue ဆွေးနွေးတဲ့အခါ အဆင်ပြေပြေ ညှိလို့ ရမယ်လို့ သုံးသပ်မိ ပါသလား။

UMNM ။ ။ သုံးသပ်မိတယ်၊ သုံးသပ် ပါတယ်။ ကျွန်တော် ယုံကြည်မှု တည် ဆောက်တဲ့ အချိန်မှာ အများကြီး တိုးတက်လာတယ်လေ။ ကျွန်တော်တို့ ခုဆွေးနွေး ချင်သလို ဆွေးနွေးလို့ရတယ်။ တစ်ခါတလေဆို ထမင်းဝိုင်း တင် ပြဿနာက ရှင်းလို့ ပြီးသွားတယ်။ စားပွဲဝိုင်းတောင် မရောက်လိုက်ဘူး။

Voice ။ ။ အခု KNU ရဲ့ နေပြည် တော်ခရီးစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ် ရော၊ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် တော်တော်များများ နဲ့ရော တွေ့ခဲ့တယ် ပေါ့။ အခုလက်ရှိ တပ်မတော်အပေါ် ဘယ်လိုမြင်လဲ။ နောက်တစ်ခု အခု လူ တော်တော်များများ ပြောကြတယ်ပေါ့။ KIO နဲ့ တိုက်နေပြီးတော့ KNU နဲ့ကျ တော့ တွေ့တယ်ပေါ့။ အဲ့ဒီပေါ်မှာ တပ်မတော် အပေါ်ကို ဘယ်လို မှတ်ချက် ပေးချင်လဲ။

UMNM ။ ။ ကာကွယ်ရေးဦးစီးချုပ် ပြောတာကတော့ လူထုအပေါ် ထိပါး တဲ့ ကိစ္စမျိုးဆို သူခွင့် မပြုဘူး။ နောက် တစ်ချက်က နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်ပြီး သူထိပါး မခံနိုင်ဘူး။ တပ် မတော်က နိုင်ငံတော်ရဲ့ လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာ သူ တို့ရဲ့ ပထမတာဝန်လို့ ပြောပါတယ်။ နောက် နိုင်ငံတော်က ချထားတဲ့ပေါ်လစီ ဖြစ်တဲ့ တို့တာဝန် အရေးသုံးပါးပေါ့၊ ဒါကို တော့ သူကကာကွယ်ရမယ်၊ စောင့်ထိန်း ရမယ်လို့ ပြောတယ်။

Voice ။ ။ KNU ခေါင်းဆောင် တွေအနေနဲ့ အစိုးရကို ယုံကြည်မှု အပြည့် ပေးထားတာ တွေ့ရတယ်။ အစိုးရဘက်က ကတိဖျက်မှာ၊ ယုံကြည် မှုတွေအပေါ် အလွဲသုံးစား လုပ်မှာတွေကို စိုးရိမ်မှု မရှိဘူးလား။

UMNM ။ ။ ကျွန်တော်ပြောပြမယ်။ အခု ကျွန်တော်တို့ကို လိမ်ရင်လည်း လိမ်လို့ရတယ်။ ကျွန်တော်တို့ လူမျိုး ကို လိမ်မလား၊ ကျွန်တော် အလိမ်ခံရဲ တယ်။ ဒီတစ်ခါ လိမ်လို့ရှိရင် ကျွန်တော် တို့ ကရင်တွေနဲ့ သားစဉ်မြေးဆက် တစ်သက်လုံး ငြိမ်းချမ်းရေး မတည် ဆောက်နိုင်ဘူး။ ကျွန်တော်တို့ ကရင်လူ မျိုးတွေက ယုံကြည်ခဲတယ်။ ယုံပြီးရင် အဲ့ဒါကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ မယုံတော့ဘူး ဆိုလည်း တစ်သက်လုံး မယုံဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ယုံကြည်တယ်။ ယုံကြည်တယ် ဆိုတာ ဒီကနေ့ ဖြစ်စဉ်အပေါ်မှာ ယုံကြည်တာ။

ကျော်ဆန်းမင်း၊ အောင်ဘိုဘိုရှိန်

http://thevoicemyanmar.com/index.php/interviews/item/3427-knu-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF-%E1%80%A1%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%A1%E1%80%99%E1%82%88%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%90%E1%80%AE%E1%80%9D%E1%80%84%E1%80%B9-%E1%80%A5%E1%80%AE%E1%80%B8%E1%80%99%E1%80%94%E1%80%B9%E1%80%B8%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94-%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%AF%E1%80%B6%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8.html

မြန်မာပြည်ရောက် AAPP နဲ့ တွေ့ဆုံမေးမြန်းခြင်း

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရသည့် ၁၁ နှစ် မြောက်နှစ်ပတ်လည်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တွင် ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP ကို ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့အစည်းမှ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် နှင့် ကိုတိတ်နိုင် တို့သည် မြန်မာနိုင်ငံသို့ ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်လာရောက် လေ့လာခဲ့ကြသည်။ AAPP ရဲ့ မြန်မာပြည် ခရီးစဉ်၊ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ၊ AAPP ရဲ့ မြန်မာပြည်တွင်းအတွက် လုပ်ဆောင်နေမှုများ၊ အစိုးရကို တိုက်တွန်းလိုသည့် အချက်များကို ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။    ။မြန်မာပြည်ကို ရောက်လာတဲ့အကြောင်းရင်းကို ပြောပြပေးပါ။
ဖြေ။    ။ လောလောဆယ် အဓိက အကြောင်းရင်းကတော့ ကျနော်တို့တွေ နှစ်ရှည်လများ မြန်မာပြည်နဲ့ ကင်းကွာခဲ့တယ်။ အဲဒီလိုပဲ ကျနော်တို့ရဲ့ ရဲဘော်ရဲဖက်တွေကို နှစ်ရှည်လများ မတွေ့တာရယ်။ ပြီးတော့ အတွေ့အကြုံကွာတယ်၊ အဲဒီအချိန်မှာဆိုရင် အမြင်တွေ နည်းနည်းကွာဟတယ်။ အဲဒီဒါတွေကို တွေ့ဆုံဆွေးနွေးရင်းနဲ့ အမြင်တွေကို ဖလှယ်ကြမယ်။ နောက်ပြီးတော့ အနာဂတ်မှာ ဒီထက်ကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်းတွေကို တည်ဆောက်မယ်။ ပြီးရင် ဘယ်လိုလက်တွဲမယ်ဆိုတာ ဆွေးနွေးကြမယ်။ ဒါက အကြောင်းရင်း တချက်ပေါ့။ နောက်တချက်က နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျနော်တို့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အဖွဲ့အစည်း အသီးသီးနေပြီးတော့ နိုင်/ကျဉ်း ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ထွက်လာမယ်။ အဲဒါတွေကို ဆွေးနွေးမယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ ကျနော်တို့လာတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့  တွေ့ပြီးတော့ အချင်းချင်း ဘယ်လိုရိုင်းပင်းကူညီကြမယ်လဲ၊ ဘဝထူထောင်ရေးအတွက် ဘယ်လို နည်းလမ်းတွေကို ရှာဖွေကြမလဲ။ အဲဒါမျိုးတွေအတွက် မြန်မာနိုင်ငံကို လာရောက်ရခြင်း ဖြစ်ပါတယ်။
မေး။    ။မြန်မာပြည်ကို ပထမဆုံးအကြိမ် လာရောက်တဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ဖြေ။    ။နိုင်ငံရေး အပိုင်းအရဆိုရင် အပေါ်ယံ ပြောင်းလဲမှုတွေရှိတယ်။ ဥပမာ – မီဒီယာတွေ တစုံတရာ လွတ်လပ်တာမျိုးကို တွေ့ရတယ်။ ပြည်တွင်းစစ်ကလည်း ဆက်ရှိနေတုန်းပဲ။ လူအခွင့်အရေး ချိုဖောက်မှုတွေကလည်း ဆက်ရှိနေပါတယ်။ ပြည်တွင်းစစ် ကချင်ပြည်နယ်မှာ ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ရခိုင်ပြည်နယ်ဘက်မှာဆိုရင် အဓိကရုဏး်အနေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတာရှိတယ်။ နောက်အဖမ်းအဆီးတွေ ဆက်ရှိနေတုန်းပဲ။ ရန်ကုန်မြို့ပေါ်မှာ တွေရော၊ ကချင်ပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ်မှာလည်း ရှိတယ်။ ဖမ်းဆီးတွေကတော့ အရမ်းစိတ်ပျက်ဖွယ်ရာ ကောင်းတယ်။ နည်းနည်း အားတက်စရာကတော့ပြောရရင် မီဒီယာတွေ လွတ်လပ်လာတယ်။ ဒါကတော့ နည်းနည်းအားတက်တာပေါ့။ စိတ်ပျက်စရာကတော့ ပိုပြီးတော့ များနေတာမျိုး တွေ့နေရပါတယ်။
မေး။    ။ နိုင်ငံရေး အကျဉ်းသားတွေ ရန်ကုန်နဲ့ နယ်တွေမှာ ဘယ်ဟာက ပိုများပါသလဲ။
ဖြေ။    ။အခုနောက်ပိုင်းဆိုရင် နယ်တွေက ပိုများနေတယ်။ ကချင်ပြည်နယ်ထဲမှာဆိုရင် မနှစ်ကတည်းက ဖမ်းထားတာ အယောက် ၁၀၀ လောက်ရှိတယ်။ ရခိုင်ပြည်နယ်မှာ အဖမ်းဆီးခံထားတာ လူပေါင်း ၁ ထောင် ရှိပါတယ်။ ဒါက အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်အရ လူ ၁ ထောင်လောက်က။ ဒီလူတွေဘာကြောင့် ဖမ်းဆီးထားလဲဆိုတာ၊ လူတွေ အားလုံးက အပြစ်ရှိတယ်ဆိုတာ ကျနော်တို့က ခွဲခွဲခြားခြား မသိဘူး။ ထင်သာမြင်သာ မဖြစ်နေဘူး။ အစိုးရက တကယ်လို့ ဖမ်းတယ်ဆိုရင် လူတွေနာမည် ကြေညာသင့်တယ်။ ပြီးရင် ဘာကြောင့်ဖမ်းတယ်ဆိုတာ ကြေညာသင့်တယ်။ ဒီလူတွေကို နှိပ်စက်ညဉ်းပန်းမှုတွေမပြုလုပ်ဖို့ လိုတယ်။ တကယ်လို လုပ်ခဲ့မယ်ဆိုရင်လည်း ပြုလုပ်တဲ့သူတွေကို အရေးယူဖို့လိုတယ်။
မေး။    ။AAPP အနေနဲ့ အကျဉ်းဦးစီးဌာနနဲ့ တွေ့ဖို့ရှိပါသလား။
ဖြေ။    ။လောလောဆယ်တော့ မရှိသေးဘူး။ အကျဉ်းဦးစီးဌာနက ဆိုတာထက် ကျနော်တို့ ပြည်ထဲရေး ၀န်ကြီးနဲ့တွေ့ဖို့ ပြောထားပါတယ်။ အကျဉ်းဦးစီးဌာနက တွေ့မယ်ဆို တွေ့လို့ရတာပေါ့။ ဒါပေမယ့် ကျနော်တို့ အဓိက လာရတဲ့ အကြောင်းရင်းကတော့ ဒီဘက်ခြမ်းပါတာပေါ့။ ကျနော်တို့ အလုပ်လုပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသား ဟောင်းတွေကို တွေ့ဖို့၊ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့၊ သဘောထားချင်း အမြင်ချင်း ဖလှယ်ဖို့။ ပိုပြီးတော့ အဓိကကျပါတယ်။ အခု ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။ ပြီးတော့ ဒီအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဘာတွေက အဟန့်အတား ဖြစ်နေလဲဆိုတာကို ကျနော်တို့ ဆွေးနွေးညှိနှိုင်း အဖြေထုတ်ကြမယ်။ ပြီးတော့ နိုင်/ကျဉ်း ဟောင်းတွေ ဘဝပြန်လည် ထူထောင်ရေးကို ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်လို အထောက်အကူပြုတဲ့ လုပ်ငန်းမျိုးတွေ စပြီးလုပ်ကြမလဲ၊ ပူးပေါင်းပြီး လုပ်ကြမှာလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမှာပါ။ ဟိုနေ့ကဆိုရင် NLD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) နဲ့ တွေ့ခဲ့တယ်။ ကျနော်တို့ NLD အဖွဲ့နဲ့ AAPP ပေါင်းပြီးတော့ နိုင်/ကျဉ်း၊ အခုလွှတ် မြောက်လာတဲ့ နိုင်/ကျဉ်ဟောင်းတွေရဲ့ ပညာရေး၊ သူတို့ရဲ့ သားသမီးတွေရဲ့ ပညာရေးကို ကျနော်တို့ ညှိနှိုင်းကြမယ်။ ပူးပေါင်းပြီး အထောက်အကူပြုလုပ်ငန်းတွေ ဆွေးနွေးနေတာရှိပါတယ်။ တချို့ကို ကျနော်တို့ သဘောတူညီမှု ရထားတာ ရှိပါတယ်။ ကျနော်တို့ မကြာခင်မှာတော့ စပြီးတော့ ပူးတွဲလုပ်ငန်းလေး လုပ်ဖြစ်မယ်ထင်ပါတယ်။
မေး။    ။AAPPနဲ့ ပူးပေါင်းမယ့်အဖွဲ့အစည်းက ဘယ်ဟာတွေလဲ။
ဖြေ။    ။ကျနော်တို့ ပူးပေါင်းမယ့် အဖွဲ့အစည်းက ဘယ်လိုလဲ ဆိုတော့ ၈၈ ကျောင်းသားတွေရှိမယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားဟောင်း အဖွဲ့တွေရှိမယ်။ တချို့ပါတီတွေရှိမယ်ဆိုတော့ အဲ့ဒီအဖွဲ့အစည်းတွေ အားလုံးက ကျနော်တို့ ပူးပေါင်းဖို့ရှိပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသား ဖွင့်ဆိုချက်ကို တူညီတာတွေ ညှိနှိုင်းပြီး တသံတည်း ဖြစ်အောင် ကြိုးစားပါမယ်။ အဲဒီကမှတဆင့် သက်ဆိုင်ရာ အာဏာရပါတီနဲ့ သက်ဆိုင်ရာကို ကျနော်တို့ တင်ပြပါမယ်။ အခုအထိ အစိုးရဘက်ကလည်း နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက်ဆိုတာ မရှိသေးဘူး။ တရားဝင် သတ်မှတ်ပေးဖို့ အသိအမှတ်ပေးဖို့အတွက် တိုက်တွန်းသွားမှာပါ။ နိုင်/ကျဉ်းသားတွေဟာ ဒုက္ခနဲ့၊ တချို့ဆိုရင် ပတ်စ်ပို့မရဘူး။ အလုပ်မရဘူး။ အစိုးရကနေပြီးတော့ နှောက်ယှက်ဟန့်တားတာတွေ ရှင်းပေးရမယ်။ နိုင်/ကျဉ်းသားတွေက ထောင်ကနေ လွတ်လာပြီးရင် ဒု နိုင်ငံသား ဖြစ်သွားကြတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘူး။ ဒါကြောင့် နိုင်/ကျဉ်း ဟောင်းတွေကို လူ့အခွင့်အရေးတွေ ရလာအောင်ဆောင်ရွက်သွားမှာပါ။
မေး။    ။လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ အကျဉ်းသား ဘယ်နှယောက်လောက် ရှိသေးလဲ။
ဖြေ။    ။ ၂၂၃ ယောက်ပါ။ ဒါကထောင်ချပြီးပါပြီ။ ကချင်ပြည်နယ်မှာ အမှုရင်ဆိုင်နေရတဲ့ သူတွေ ရာနဲ့ချီရှိပါတယ်။ ရန်ကုန်တို့ လက်ပံတောင်းတောင်ကိစ္စတို့မှာ အမှုရင်ဆိုင်နေရတာ အယောက် ၆၀ ကျော်ရှိပါတယ်။ ခြံုပြောရရင် အားလုံး ၃၆၀ ကျော်လောက်တော့ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဖမ်းထားတဲ့ အယောက် တထောင်က စာရင်းအတိအကျနဲ့ ဘာကြောင့် ထောင်ကျလဲဆိုတာ အတိအကျ မသိတဲ့အတွက် ကျနော်တို့  စာရင်းမထည့်ထားပါဘူး။ တကယ်လို့ သိရရင် ဒီလူတွေ ကို နိုင်/ကျဉ်းသားအဖြစ် သတ်မှတ်မှာလား၊ မသတ်မှတ်ဘူးလား ဆိုတာ ဆက်လုပ်သွားမှာပါ။
မေး။    ။နိုင်ငံတကာမှာဆိုရင် ထောင်ထဲမှာရော နိုင်ငံရေး အကျဉ်းသားနဲ့ ပြစ်မှုအကျဉ်းသား တွေခွဲထားတာရော ရှိလား။
ဖြေ။    ။အခုချိန်ထိတော့ မရှိသေးဘူး။ သူတို့ ထောင်ထဲမှာတော့ သီးသန့် အကျဉ်းသားလို့ တော့ သတ်မှတ်ထားတယ်။ ဒါတောင် ကျနော်တို့ ရှာမတွေ့ခဲ့တဲ့ စကားလုံးပါ။ မြန်မာပြည်ရဲ့ အကျဉ်းထောင်ကိုလည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ဥပမာ နိုင်ငံရေးကိစ္စတွေနဲ့ ဖမ်းရင် နိုင်ငံရေး ပုဒ်မကိုတပ်ပေးဖို့ လိုတယ်။ အစိုးရဆိုတာက အဖမ်းအဆီးတော့ ရှိနေတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိ လူတွေကို ဖမ်းဖို့လိုတယ်။ ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့လိုတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းတဲ့အခါမှာ ထောင်ထဲမှာ တကယ်အဆင့်အတန်းတခုနဲ့ ထားဖို့လိုပါတယ်။ ဒါတွေက အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး မလွဲမသွေ လုပ်ရမယ်။ တချို့ဥပဒေတွေကို ဖယ်ဖျက်ရမှာတွေရှိတယ်။ ကျနော်တို့က ဥပဒေရေးဆွဲတဲ့သူတော့ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ဥပဒေ အရ ကျွမ်းကျင်သူတွေနဲ့ ပတ်သတ်တဲ့ဟာတွေကိုလည်း ဆွေးနွေးသွားမယ်။ ဒါဟာ အကျဉ်ထောင်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ခေါင်းစဉ်အောက်ကနေ လုပ်ရပါမယ်။
မေး။    ။ မြန်မာနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ဘယ်မြို့တွေကို သွားဖို့ အစီအစဉ်ရှိပါသလဲ။
ဖြေ။    ။ရန်ကုန်မှာဆိုတော့ ရန်ကုန်နဲ့ နီးစပ်တဲ့သူတွေကတော့ လာပြီးတွေ့ကြမှာပေါ့။ နောက်ထပ် တောင်ကြီး၊ မန္တလေးတို့ဘက် သွားမယ်။ ပြည်ဘက်လည်း ရောက်ဖြစ်ရင်ရောက်မယ်။ ကျနော်တို့နဲ့တွေ့မယ့် အဖွဲ့အစည်းတွေကတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သတ်ပြီးတော့ အလုပ်လုပ်နေတဲ့သူတွေနဲ့ တွေ့သွားမယ်။ နောက်တခါ နိုင်/ကျဉ်းသားဟောင်းတွေနဲ့ ပတ်သတ်တဲ့ ပညာရေးတွေကိုလည်း သွားရောက်လေ့လာ ကူညီဆောင်ရွက်ပေးပါမယ်။
မေး။    ။ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရော အစီအစဉ်ရှိပါသလား။
ဖြေ။    ။လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး နိုင်/ကျဉ်းတွေနဲ့ ပတ်သတ်တာတွေကို ဆွေးနွေးမယ်။ ကျနော်တို့ လုပ်ချင်တဲ့ကိစ္စကို ဖြစ်ချင်တဲ့ဆန္ဒတွေကို သူတို့ သဘောထားတွေနဲ့ စုစည်းပြီးတော့ အဖြေတခုထုတ်မယ်။ အဲဒီအဖြေကို သူတို့ကပဲ လွှတ်တော်ထဲ သယ်ဆောင်သွားမယ်လို့ ထင်ပါတယ်။
မေး။    ။ဒီမိုကရေစီ လမ်းစဉ်ပေါ် လျှောက်လှမ်းနေပြီဆိုတဲ့အခါ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်/ကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာ နည်းမှုကြောင့် AAPP အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ။    ။ကျနော်တို့ ဆန္ဒ၊ ကျနော်ပဲ ဖြစ်ချင်တာကို ပြောတာမဟုတ်ပါဘူး။ တတိုင်းပြည်လုံးအတွက် ဖြစ်သင့်တဲ့ ကိစ္စတခုကို ဆိုတော့ ဒီလွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့ အဲဒီလိုမျိုး အလီလီ လုပ်နေတဲ့ကိစ္စက ကျနော်တို့ကို ရက််စက်နေတယ်လို့ ခံစားရတယ်။ ကျနော်တို့ ဖြစ်ချင်တာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပါ။ ဒါက နိုင်ငံရေးသမားတွေအားလုံး လွှတ်ပေးဖို့ကိစ္စတည်း မဟုတ်ပါဘူး။ ပြည်ပရောက်နေသူတွေကို ပြန်ပြီးကြိုဆိုတဲ့ ကိစ္စမျိုးတွေ၊ ပြန်လာဖို့ တိုက်တွန်းကိစ္စမျိုးတွေ၊ ဒီစစ်ဖြစ်နေတဲ့ကိစ္စတွေ၊ ပဋိပက္ခဖြစ်နေတဲ့အချိန်မျိုးမှာ ငြိမ်းချမ်းရေးကို ဖော်ဖို့ကိစ္စတွေ၊ အဲ့ဒါတွေက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တယ်။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို တရားဝင်  ကြေညာပြီးတော့ ခေါ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ နောက်တခုက Black list ကိစ္စဆိုတာ အခုအစိုးရ လက်ထက်မှာ မရှိသင့်တော့ဘူး။ အခုချိန်အထိ အစိုးရက ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စပေါ့။ Black list က ဘာကြောင့် ထုတ်ရတယ် ဆိုတာကို ကြေညာရတယ်။ အခုလူတွေက ငါက Black list ဖြစ်နေလား၊ သူက Black list ဖြစ်နေလားဆိုတာ ဖြစ်နေကြတယ်။ ဗီဇာသွားလျှောက်တာ၊ ပတ်စ်ပို့ သွားလုပ်တာမှ သိရတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ Black list ထဲပါနေတာတို့ လုံးဝမဖြစ်သင့်ဘူး။ အစိုးရက လူတွေကို စာရင်းကောက်နေတာ မဟုတ်ဘဲ အမိန့်တခု ထုတ်နေတာနဲ့ တူနေပါတယ်။ အရင်အစိုးရတုန်းက ထုတ်ခဲ့တဲ့ Black lite စာရင်းကို အားလုံးဖျက်သိမ်းပေးဖို့ လိုပါတယ်။ တကယ်လို့ အစိုးရသစ်မှာ ထပ်ထုတ်မယ်ဆိုရင်လည်း နာမည်စာရင်း၊ ဓာတ်ပုံတွေ ကိုယ်ရေးရာဇဝင်တွေ၊ ပြီးတော့ ဘာကြောင့် ထုတ်ပြန်လဲဆိုတာ အတိအကျတော့ ထုတ်ပြန်သင့်ပါတယ်။ တခြားနိုင်ငံမှာလည်း အဲဒီလို ကြေညာပါတယ်။ နိုင်ငံတကာမှာလည်း ရှိပါတယ်။ ဒါပေမယ့် လူနည်းစုရှိတာပါ။ မြန်မာပြည်လို ထောင်နဲ့ချီ မရှိပါဘူး။ အဲ့လိုမျိုးပဲ မြန်မာပြည်အစိုးရ က ထင်သာမြင်သာ လုပ်ဖို့လို ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တကယ်ကောင်းမွန်တဲ့ အစိုးရဖြစ်ပါတယ်လို့ ကျနော်တို့ ယုံကြည်လို့မရဘူး။ တကယ်လို့ ယုံကြည်လို့ ရအောင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့လိုပါတယ်။ နိုင်/ကျဉ်းသားတွေ ချွင်းချက်မရှိ လွှတ်ဖို့လိုတယ်။ နိုင်/ကျဉ်းဟောင်းတွေအတွက် ကန့်သတ်ထားတဲ့ အရာအားလုံးကိုလည်း ဖြေလျှော့ဖို့လိုပါတယ်။ ပြည်တွင်းစစ်ကြီး ရပ်ဆိုင်းဖို့လိုပါတယ်။ ဒါတွေမလုပ်ဘဲနဲ့ မြန်မာနိုင်ငံ အနာဂတ်က သာယာနိုင်မှာ မဟုတ်ဘူး။
မေး။    ။နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဘဝပြန်လည်ထူထောင်ရေးပိုင်း ဆိုတဲ့အခါမှာဘယ်လို လုပ်ဆောင်သွားမှာပါလဲ။
ဖြေ။    ။လောလောဆယ်တော့ ကျန်းမာရေးကို ပြန်လည်ထူထောင်ဖို့ပါ။ ဒါကြောင့် ထောင်က ထွက်လာတဲ့၊ ၂၀၁၁-၂၀၁၂ မှာ ထွက်လာတဲ့ နိုင်/ကျဉ်းသားတွေကို ဆေးစစ်ဖို့ဆိုပြီးတော့ ဒေါ်လာ ၁၀၀ စီ ထောက်ပံ့ပါတယ်။ ပြီးတဲ့ အခါကျတော့ ဆရာဝန်ရဲ့ မှတ်ချက်အရ နှလုံးရောဂါဖြစ်နေတယ်၊ ဆေးကုဖို့လိုတယ်၊ ခွဲစိတ်ကုသဖို့လိုတယ်၊ အဲဒါမျိုး ဆိုရင် ကျနော်တို့က တတ်နိုင်သမျှ ခွဲစိတ်ပေးနိုင်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ပေးပါတယ်။ အဲဒီလိုပဲ ပညာရေးအရဆိုရင်လည်း ထောင်ကထွက်လာတဲ့ လူငယ်ကျောင်းသားတွေရှိမယ်။ အဲဒီကျောင်းသားတွေ ကျောင်းပြန်တက်ချင်တယ်ဆိုရင် တက်ခွင့်မရဘူး၊ အဝေးသင်ပဲ တက်လို့ရတယ်။ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေရင် ကျနော်တို့က ကျောင်းအပ်ဖို့ အကူအညီပေးပါတယ်။ အဲဒီလိုပဲ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုသား၊ သားသမီးတွေ တနှစ်လျှင် လူဦးရေ ၁၈၀ ယောက်တော့ ပညာသင်ထောက်ပံ့စရိတ် ပေးပါတယ်။ အဲဒီလို ကူညီပေးတာ ၅ နှစ်၊ ၆ နှစ်လောက် ရှိပါပြီ။
မေး။    ။ AAPP ကို ဘယ်အဖွဲ့အစည်းတွေက လာရောက်ကူညီကြသလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။    ။ အလှူရှင်တွေကတော့ အမေရိကန်အခြေစိုက် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့ (NED)၊ Open Society, ထိုင်းနိုင်ငံအခြေစိုက် နော်ဝေသံရုံး၊ ထိုင်းနိုင်ငံအခြေစိုက် နယ်သာလန်သံရုံး ကနေလည်း ထောက်ပံ့ထားပါတယ်။
မေး။    ။ မြန်မာမှာရှိတဲ့ နိုင်/ကျဉ်းသားတွေကို ဘယ်လို ထောက်ပ့ံနေပါသလဲ။
ဖြေ။    ။ ကျနော်တို့ လက်လှမ်းမှီသလောက်တော့ ထောက်ပံ့ပါတယ်။ နိုင်/ကျဉ်းတွေ လွတ်လာပြီဆိုရင် ကျနော်တို့ လက်လှမ်းမမှီရင်တောင်မှ စုံစမ်းပြီး အားလုံး ရနိုင်အောင် ကြိုးစားနေပါတယ်။ နိုင်/ကျဉ်းဟောင်းတွေက ဒီတစ်ခုတည်း လိုနေတာမဟုတ်ပါဘူး။ အကျဉ်းထောင်ထဲနေတုန်းက စစ်ကြောရေးကြောင့် နည်းမျိူးစုံနဲ့ ခံခဲ့ရတယ်။ အကျဉ်းထောင် ထဲမှာလည်း နှစ်ရှည်လများ နေလာတဲ့အတွက်ကြောင့် ညဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတာတွေ၊ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ ကျနော်တို့ အများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေကို ပြန်လည်ကုစားပေးဖို့ ဆိုတာ စဉ်းစားပါတယ်။ တောင်အာဖရိက က ထုတ်တဲ့ “နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ လက်စွဲ” ဆိုတဲ့ အခန်းကဏ္ဍကို AAPP ကနေ ဘာသာပြန် ထုတ်ထားတာရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ပေါ်လာတဲ့နာကျင်မှုတွေ ဘယ်လို ဖြေဖျောက်မယ်ဆိုတာ သူတို့က အသေးစိတ် လေ့လာရေးထားပါတယ်။ သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရရော အထောက်အကူပြုမယ့် လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားပါတယ်။
မေး။    ။ နောက်ဆုံးအနေနဲ့ AAPP အနေနဲ့ ဘာများထပ်ပြီး ပြောချင်ပါသလဲ။
ဖြေ။    ။ အဓိကတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးအတွက် အားလုံး အလုပ်လုပ်နေကြတယ်။ နှစ်ဘက်စလုံးက အစိုးရဘက်ကရော အတိုက်အခံကရော အတိုက်အခံပါတီအနေနဲ့ကရော လူငယ်စုတွေကရော ကျနော်တို့ ဒီငြိမ်းချမ်းရေးအတွက် လုပ်နေကြတယ်။ အခုဟာက ယုံကြည်မှု တည်ဆောက်နေကြတဲ့ အချိန်မှာ တယောက်နဲ့ တယောက် တဖက်နဲ့တဖက် အသိအမှတ်ပြုမှု လေးစားမှုက အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ပဲ ကျနော်တို့က တခြားဘက်က မကြည့်ဘဲနဲ့ ဒီနိုင်ငံရေး အကျဉ်းသားတွေဘက်က ကြည့်မယ်ဆိုရင်တောင်မှ ကျနော်တို့ အစက ပြောခဲ့တဲ့အတိုင်း အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲဒီလို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလူတွေကို အနှောင်အဖွဲ့ ကင်းမဲ့စွာ ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ရာဇဝတ်မှုလို့ သတ်ထားတဲ့ နိုင်/ကျဉ်း သမားတွေကိုလည်း ချေဖျက်ပေးဖို့ လိုပါတယ်။ အဲဒါတွေက တဦးနဲ့တဦး အသိအမှတ်ပြုတဲ့ကိစ္စလို့  ကျနော်မြင်ပါတယ်။ အဲဒါမှတဆင့် ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ အဲဒါမှ ကျနော်တို့ ဒီမိုကရေစီတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စတွေ ဆက်သွားလို့ရမှာပါ။ ကျနော်တို့ ဆိုလိုချင်တာက နိုင်ငံရေး အကျဉ်းသားတွေကို အသိအမှတ်ပြုဖို့၊ ရာဇာဝတ်မှု သတ်မှတ်ထားရင်လည်း ချေဖျက်ပေးဖို့၊ ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ပြောင်းလဲမှုဖြစ်စေတဲ့ ငြိမ်းချမ်းစွာ လွတ်လပ်စွာ ပါ၀င်နိုင်အောင်လို့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြင်ပေးဖို့လည်း လိုပါတယ်။     ။

http://burma.irrawaddy.org/archives/30626

January 9, 2013

ငြိမ်းချမ်းရေး နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပိုပြီးရရှိရေးဟာ ကချင်အရေး အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအရေး ဖြေရှင်းနိုင်ဖို့အတွက် အဓိကသော့ချက် ဖြစ်ပါတယ်လို့ ကရင်ငြိမ်းချမ်းရေး အကျိုးဆောင်လည်းဖြစ်  လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ပါမောက္ခ ဦးထွန်းအောင်ချိန်က ပြောလိုက်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ၁၉၄၇ ဖွဲ့စည်းပုံထက်ပိုပြီး Federal သဘောဆောင်တယ်လို့လည်း သူက ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို မေးမြန်းပြီး ဦးကျော်ဇံသာ သုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ ပထမဦးဆုံးက အခုမြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်သူတွေကကော နိုင်ငံတကာကကော ငြိမ်းချမ်းရေး ပိုမို ထွန်းကားလာလိမ့်မယ်လို့  မျှော်လင့်ကြပါတယ်။ ဒါပေမယ့် တခြားတိုင်းရင်းသားတွေနှင့် အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ ပိုပြီးတော့တောင်မှ တိုးတက်တဲ့သဘောထားတွေ တွေ့ရပေမယ့် ကချင်တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနှင့်ကြတော့ ဘာဖြစ်လို့ပိုပြီးတော့ အခြေအနေဆိုးသွားတယ်လို့ ဆရာထင်ပါသလဲ။ ဆရာ သုံးသပ်ချက်ကို ပထမဦးဆုံး အကျဉ်းရုံး ပြောပါဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပြဿနာတွေကတော့ ရှိတာပေါ့။ ပြဿနာ ရှိလို့ဘဲ ပဋိပက္ခ ဖြစ်နေတာပေါ့။ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကတော့ နှစ်ဖက်စလုံးကတော့ ကြိုးစားရမယ်လို့တော့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကရင် နှင့် ကချင် တိုင်းရင်းသားတွေရဲ့ ပြဿနာနှစ်ခုက ဘယ်လို ကွာခြားပါသလဲ။
ဦိးထွန်းအောင်ချိန် ။ ။ ကရင်က သူ ပိုကြာရှည်တာပေါ့။ သူက ကျနော်တို့ ၄၉ ခုနှစ်ကတည်းက စခဲ့တဲ့ ပြဿနာကြီး။ အဲပြဿနာက တောက်လျှောက် ကျနော်တို့ ဒီမှာ တချိန်တုန်းကတော့ နည်းနည်း ပစ်ခတ်ရပ်စဲရေး အဆင့်အထိ ရောက်လာတယ်။ အဲဒါ ဒါပေမယ့် ဆက်မလုပ်ဖြစ်ဘူးပေါ့။ အခုတခါတော့ ပြန်ပြီးတော့ ဒီမနှစ်က ပစ်ခတ်ရပ်စဲရေး တင်မက ဆက်လက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမယ့်အဆင့်ထိ ရောက်လာတော့ တော်တော်လေး အားရစရာဖြစ်တာပေါ့။ ကချင်ကတော့ သူက စောစောကတည်းက အပစ်အခတ် ရပ်စဲရေး ရယူခဲ့တယ်။ အပစ်အခတ် ရပ်စဲရေးယူပြီးမှ ဒီအပစ်အခတ် ရပ်စဲရေးအခြေအနေက ပျက်ပြားပြီး အခု ပြန်ပြီးတော့ ပဋိပက္ခဖြစ်လာတော့ သူက ထူးခြားတဲ့ အခြေအနေတစ်ခုပေါ့။ နေရာထိုင်ခင်းကတော့ မတူဘူးပေါ့။
ဦးကျော်ဇံသာ ။ ။ တိုင်းရင်းသား အင်အားစု နှစ်ခုလုံးကတော့ တကယ်တော့ သူတို့ ဒါ Self-Determination ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့် တစ်နည်းအားဖြင့် ဒါ ကိုယ်ပိုင်အုပ်ချုပ်ရေး။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ဒီနှစ်ခုစလုံး မကောင်းဘူး။ တိုင်းရင်းသား တော်တော်များများက ဒါပဲ ဒီလို ပြောနေကြတာပေါ့လေ။ အနည်းနှင့်အများပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲလို လိုလားချက်ခြင်း တူပေမယ့်လည်း အခု ကရင်နှင့်ကြတော့ ပိုပြီးတော့ အခြေအနေကကောင်းမွန်လာတယ်။ ပြီးတော့ ဆရာပြောသလို ကရင်နှင့်ဖြစ်လာတဲ့ ပြဿနာက ဟိုလွတ်လပ်ရေးမတိုင်ခင် သို့မဟုတ် လွတ်လပ်ရေးအဦးကတည်းက ဖြစ်လာခဲ့တာ။ ကချင်နှင့်ပြဿနာက ဒီထက်တောင် နောက်ကျတယ်ဆိုတော့။ ပိုတာရှည်တဲ့ဟာက အောင်မြင်လာပြီးတော့။ နောက်ပိုင်းမှ ဖြစ်လာတဲ့ ပြဿနာက ဘာဖြစ်လို့ အဲလိုဖြစ်ရတာလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သူ့နယ်မြေရဲ့ ထူးခြားချက်ရှိလို့ ဒီလို ထင်ပါတယ်။ ကချင်နယ်မြေက ကရင်နယ်မြေနှင့် ပုံစံမျိုး အခြေအနေမျိုး မဟုတ်ဘူးလေ။ သူ့မှာက စီးပွားရေး အနေအထားက မတူဘူး။ စီးပွားရေး၊ လူမှုရေးပေါ့လေ။ အဲဒါလည်း အကြောင်းတစ်ရပ်ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကရင်လည်းဘဲ တချိန်တုန်းကဆိုရင်တော့ ထိုင်းနှင့်မြန်မာ ကြားမှာ Buffer အဖြစ်နှင့် နေခဲ့ပြီးတော့ နောက်ပိုင်းမှာ ထိုင်းအစိုးရက Battle Field to Market Place ပြောင်းမယ် ဘာညာဆိုပြီးတော့ လုပ်လာပြီးတော့နောက်မှာ ငြိမ်းချမ်းရေးရဖို့ အလားအလာတွေ ရှိလာတယ်လို့ ကျနော်ထင်ပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဟုတ်ပါတယ်။ ဒီနေရာကလည်း စီးပွားရေးအရ နည်းနည်း အရေးကြီးလာတယ်လေ။ နောက် ကရင်အနေနှင့်လည်းပဲ ဒီထိုင်းနှင့် ဒီဘက်က နိုင်ငံတော်အစိုးရကြားမှာ သူက နှစ်ဖက်ဖိအားရှိလာတယ်။ ပိုပြင်းလာတယ်ပေါ့။ ဒါကြောင့်လည်း သူလည်း ငြိမ်းချမ်းရေးရယူဖို့ ပိုပြီးတော့ ကြိုးစားလာတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကချင်ပြည်နယ်ရဲ့ ဟိုဘက်ဒီဘက်မှာ ရှိတဲ့ ဒီတရုတ်နှင့် မြန်မာနိုင်ငံ တွေကလည်းပဲ ထိုင်းနှင့်မြန်မာလိုဘဲ အခု စီးပွားရေးအရ သူတို့ ဆက်ဆံမယ်။ အဲဒီဒေသမှာ စီးပွားဖြစ်ထွန်းအောင် လုပ်ချင်တယ်ဆိုတဲ့ သဘောထားတွေ ရှိနေကြတာဘဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးခေတ်ကာလတုန်းက ကချင်တွေက ဥပမာအားဖြင့် ကျောက်စိမ်းကိစ္စတို့၊ မြစ်ဆုံဆည်ကိစ္စတို့။ အဲဒါတွေက သူတို့အတွက် နစ်နာတယ်လို့ သူတို့ ထင်ခဲ့တဲ့ သဘောတော့ ရှိနေတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် သူတို့ အခု မြစ်ဆုံရေကာတာကို ရပ်ဆိုင်းလိုက်တယ်။ Suspend လုပ်ထားလိုက်တယ်ဆိုတော့ ဆရာ အဲဒီဟာက သူတို့အတွက် ကျေနပ်စရာ မဖြစ်ဘူးလား။
ဦိးထွန်းအောင်ချိန် ။ ။ အဲဒါတော့ တော်တော်လေး ငြိမ်းချမ်းရေးရယူဖို့အတွက် အတော့်ကို ကောင်းသွားတာပေါ့။ ဒီဥစ္စာက။ ဒါပေမယ့် နာကြည်းချက်တွေ ကျန်သေးတယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ စီးပွားရေးအားဖြင့်ကတော့ ဒီ ကျောက်စိမ်းတွေ ဘာတွေ ထုတ်ယူတဲ့နေရာမှာ အစိုးရဘက်က…
ဦိးထွန်းအောင်ချိန် ။ ။ ကျောက်စိမ်းတွေမက ကျုပ်တို့ သံယံဇာတ ပစ္စည်းတွေ တော်တော်လေး ထုတ်သွားတယ်လို့ သိရတယ်ပေါ့။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့က ဒေသခံ။
ဦိးထွန်းအောင်ချိန် ။ ။ ဒေသခံရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီးတော့ အပြင်က အင်အားစုတွေက ဝင်လာပြီးတော့ အသုံးချသွားတယ်လို့ အဲလို သူတို့ မြင်တယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဟာကို ညှိနှိုင်းဖို့ အာဏာပိုင်တွေဘက်က ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလား ဆရာ။ အဲဒါကို သူတို့ နားလည်သဘောပေါက်အောင်။ ဒီဟာ မျှမျှတတဖြစ်အောင် လုပ်ပေးမယ်ဆိုတာ။
ဦိးထွန်းအောင်ချိန ်။ ။ အဲဒါတော့ ညှိနှိုင်းဖို့ လိုတာပေါ့။ အဲဒါညှိနှိုင်းလို့ ရမှဘဲ ကျနော်တို့က ငြိမ်းချမ်းရေး ရယူမှာဖြစ်တာပေါ့။
ဦးကျော်ဇံသာ ။ ။ အခုကတော့ မြန်မာအစိုးရဘက်က ပြောတာကတော့ သူတို့က ထိုးစစ်မဆင်ဘူး။ သူတို့ရဲ့ တပ်ဖွဲ့တွေရဲ့ လုံခြုံရေးအတွက်သာ ပစ်မှတာ ပြန်ပစ်တာ ဖြစ်ပါတယ် ဘာညာဆိုတာကိုတော့ ပြောနေတာပါဘဲ။ ငြိမ်းချမ်းရေးအဖွဲ့ဆိုတာလည်း အကြိမ်ပေါင်း။
ဦိးထွန်းအောင်ချိန် ။ ။ ဒါပေမယ့် သူတို့ဘက်က တော်တော်ပြင်းထန်တဲ့ သဘောပေါ့။ လက်နက်ကြီးတွေ သုံးတယ်။ လေယာဉ်တွေ သုံးပြီး အဲလိုမျိုး ကြားနေရတာဘဲ။ ဒါ ပြင်းထန်တဲ့ သဘောပေါ့။ ခံစစ် ဖြစ်ပေမယ့် သုံးတဲ့ လက်နက်ကြီးတွေက လက်နက်ကြီး သုံးတော့လည်း ကြားထဲက ပြည်သူတွေက ခံရတဲ့သဘောလည်း ရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကြားဝင်စေ့စပ်ပေးဖို့ဆိုတာ ဥပမာ ဆရာတို့လို ပုဂ္ဂိုလ်တွေ။ ဆရာတို့ဆိုရင် KNU နှင့် စေ့စပ်ရေးကိုလည်းဘဲ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ဖူးတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ တိုင်းရင်းသား လည်းဖြစ်တယ်။ တိုင်းရင်းသားဘက်က လူသူလေးစားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တော့ အဲလိုပုဂ္ဂိုလ်တွေက ဝင်ရောက်စေ့စပ်ပေးမယ် ဆိုရင်ကော ဆရာ။ ဖြစ်နိုင်မယ့် အလားအလာ မြင်ပါလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ကချင်ဘက်က ရှိမယ်လို့ ကျနော်ထင်ပါတယ်။ ကချင်ဘက်လည်း ငြိမ်းချမ်းရေး လိုလားတဲ့သူ အများကြီးရှိပါတယ်။ သူတို့အနေနှင့် ဝင်ပြီးတော့ စေ့စပ်နိုင်လို့ရှိရင် ဖြစ်နိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တချို့ပြောတာကတော့ အခု ၈၈ ကျောင်းသားတွေ။ ကိုမြအေးတို့ သွားတယ်။ ပြန်လာတယ်။ အခြေခံအားဖြင့် သူတို့ ငြိမ်းချမ်းရေး စကားပြောဖို့ဆိုတာကို နှစ်ဖက်လုံး သဘောတူတယ်။ ဒါပေမယ့် အသေးစိတ်လေးတွေမှာ ဖြစ်နေကြတယ်။ ရှေ့တန်းမှာ သူ့ကိုငါ တိုက်လို့ ငါ ပြန်တိုက်ရတယ်ဆိုပြီး တစ်ယောက်တစ်ယောက် အပြစ်တင်ပြီး ဖြစ်နေကြတယ်။ အဲလို အသေးမွှာလေးတာ ကျန်တယ်လို့ ပြောပါတယ်။ အဲလောက်ထိကော ဟုတ်ပါရဲ့လား ဆရာ။ ဒါထက်များ။
ဦိးထွန်းအောင်ချိန် ။ ။ အသေးအမွှာမက။ အခုဟာဒီ အပစ်အခတ်ရပ်စဲရေး အခြေအနေလောက်ရောက်မှ ကျနော်တို့က နည်းနည်း စိတ်ချမ်းသာမယ်လို့ ကျနော် ထင်ပါတယ်။ တဘက်ကတိုက်ရင် တဘက်က ဆွေးနွေးလို့ မလွယ်လောက်တဲ့ အခြေအနေပဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ကချင်နှင့် သူတို့က လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး အပစ်အခတ် ရပ်စဲရေးရခဲ့တယ် ဆိုတော့ အဲဒီကာလရဲ့ မူဝါဒနှင့် အခုလက်ရှိ အစိုးရရဲ့ သဘောထားနှင့်ကော  ဘယ်လောက်ကွာဟမှု ရှိပါသလဲ ဆရာ။ အဲဒါကြောင့်များ သူတို့ ပိုပြီးများ ဆိုးလာသလား။ ကချင်တိုင်းရင်းသားတွေ ဒါကြောင့်များ ပိုပြီး နာကြည်းလာကြသလား။
ဦိးထွန်းအောင်ချိန် ။ ။ အခု အစိုးရ။ ကျနော့် စိတ်ထင်တော့ ငြိမ်းချမ်းရေး အရင်ကထက်တောင် လိုလားတဲ့ အစိုးရ ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဘက်ကလည်း ဆန္ဒရှိပါတယ်။ ဒီဘက်က ဒီမိုကရေစီ ချီတက်ရာမှာ တိုင်းရင်းသား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် သွားဖို့ တော်တော်လေး ဆန္ဒရှိတယ်လို့ ကျနော် ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာ အဲဒီတော့ အခု ဒီမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ လမ်းကြောင်း။ နိုင်ငံတကာကလည်း အခုထိကတော့ ဒီကိစ္စကို ပါးစပ်ကသာပြောသေးတယ်။ ဘာမှ အရေးတယူလုပ်တာတော့ မရှိသေးဘူး။ ဒါပေမယ့် တချို့ ဆော်သြသူတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိပ်များနေတဲ့အတွက်ကြောင့် နိုင်ငံတကာ အကူအညီပေးတာတောင်မှ ပြန်လည်စဉ်စားးသင့်တယ်။ အဲဒါမျိုးတွေ ပြောနေကြပါတယ် ဆရာ။ ဆိုတော့ ဒီကချင်နဲ့ဖြစ်နေတဲ့ ပြဿနာဟာ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် ဘယ်လောက်ထိ အန္တရာယ်များ ဖြစ်နေပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကြီိးက အဟန့်အတားကြီး တစ်ခုဖြစ်တာပေါ့။ လူ့အခွင့်အရေး ချိုးဖောက်မှုကလည်း။ ပဋိပက္ခ ဖြစ်နေတဲ့ကာလကတော့ လူ့အခွင့်အရေး ချိုးဖောက် ရှိမှာပဲ။ ဒါကတော့ မလွဲမရှောင်တာဘဲလေ။ တခြားနေရာဒေသမှာလည်း ဒီအတိုင်းဘဲ။ ပဋိပက္ခ ဖြစ်နေတဲ့ နေရာဌာနတွေဆိုလို့ရှိရင် ဒီလိုဘဲ လူ့အခွင့်အရေးဟာ လျစ်လျူရှုတဲ့သဘောမျိုး ဖြစ်သွားတာပေါ့။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီမိုကရေစီဖော်ဆောင်ရေး နောက်ပြန်လှည့်နိုင်တယ်။ နောက်ဆုတ်နိုင်တယ်။ တစ်နည်းအားဖြင့် ရပ်တန့်နိုင်တယ်လို့ကော ထင်ပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော်တော့ မထင်ဘူး။ ရှေ့ဆက်သွားမှာဘဲ။ ဒီတိုင်းရင်းသား ရင်ကြားစေ့ရေးကိစ္စပဲ နည်းနည်း ပြဿနာရှိနေတာ။ ဒီမိုကရေစီလမ်းကြောင်းကတော့ ဆက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ အခု အစိုးရဟာ တိုင်းရင်းသားတေ ွပြောနေတဲ့ Federal ဆိုတဲ့စကားကို သိပ်ကြောက်တယ်လို့ နိုင်ငံတကာက သုံးသပ်သူ တချို့လည်း ပြောကြပါတယ်။ တိုင်းရင်းးသားတွေကလည်း ဒါကို လိုချင်တယ်။ ဆိုတော့ ဒီဟာကော ဘယ်လောက် အရေးကြီးပါလဲ ဆရာ။ ဒီစကားကို မသုံးဘဲနှင့် တချို့ဆိုလို့ရှိရင် ဦးခင်မောင်ကြီး တစည ကဆိုရင် ကျနော် အင်တာဗျူး တစ်ခါ လုပ်ခဲ့တုန်းက ဒီစကားကိုတော့ မသုံးဘူးပေါ့လေ။ ဒါပေမယ့် ဒီလိုအဆင့်အတန်းမျိုး အခွင့်အရေးမျိုး ပေးချင်ပါတယ် ဘာညာပြောပါတယ် ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ သဘောကတော့ အခုကလည်း အခုလက်ရှိပုံစံကလည်း Federal သွားမယ့် လမ်းကြောင်းပေါ်ရောက်တဲ့ပုံစံမျိုးဘဲ။ ပြည်နယ်အစိုးရတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အခွင့်အရေးပိုပေးမယ်၊ အာဏာပိုပေးလာမယ်ဆိုပြီး ဒါလည်း Federal သဘောသက်ရောက်တာပဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ ဒါပေမယ့် အနှစ်သာရက ပြည်နယ်တွေရဲ့ State Authority ကတော့ ပြည်ထောင်စု ဗဟိုအစိုးရက ခေါင်းခေါက်ရွေးတဲ့ဟာတွေ အဓိက ဖြစ်နေတာပေါ့ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ မဟုတ်ဘူးလေ။ ပုံစံကတော့ တော်တော်လေးရောက်နေပါပြီ။ ပြည်နယ်အစိုးရ ပိုပြီးတော့ အာဏာရှိလာ၊ ပြည်နယ်အစိုးရ ပိုပြီိးတော့ လုပ်ပိုင်ခွင့် ရှိလာမယ်ဆိုလို့ရှိရင် ဒါက Federal ပဲလေ။ ဒါပေမယ့် Federal နှင့် အဆင်ပြေချင်မှပြေမှာကိုး။ ဒါကလည်း ပြည်နယ်လည်းရှိတယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလည်း ရှိတယ်။ နောက်တခြား တခြားတိုင်းရင်းသားတွေကလည်း ရှိသေးတယ်။
ဦးကျော်ဇံသာ ။ ။ Federal ပုံစံကိုပြောမယ်ဆိုရင် ၄၇ ခုနှစ် ဖွဲ့စည်းပုံမှာလည်း ဒီလိုပဲ ပေးခဲ့တာ မဟုတ်ဘူးလား ဆရာ။ ပြည်နယ်ဆိုတာ ဖွဲ့စည်းပေးထားခဲ့တာ။ ဒါပေမယ့် ဒါကို တိုင်းရင်းသားတွေက...

ဦိးထွန်းအောင်ချိန် ။ ။ ၄၇ခုနှစ် ဖွဲ့စည်းပုံက ပုံစံတစ်မျိုးလေ။သူက အရင်ရှိခဲ့တဲ့ Ministrials of Burma Proper ကို ဆွဲပြီးတော့  schedule လေးတွေ သူက ဆက်ဆက်ပေးလိုက်တဲ့ သဘောလောက်ဘဲရှိတယ်။ ထူးထူးခြားခြား မဖြစ်လာဘူး။ အဲဒါကို တောင်ကြီးညီလာခံတုန်းက ဒါ အကြီိးအကျယ် ဝေဖန်တာဘဲ မဟုတ်ဘူးလား။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဆရာက ၂၀၀၈ ဖွဲ့စည်းပုံက ၄၇ ဖွဲ့စည်းပုံထက် သာတယ်လို့ ဆရာက ယူဆပါသလား။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် ယူဆတယ်။ သူသာတယ်။
ဦးကျော်ဇံသာ ။ ။ ဘယ်အချက်တွေမှာ သာပါသလဲ ဆရာ။
ဦိးထွန်းအောင်ချိန ်။ ။ ဘယ်အချက်တွေမှာ သာသလဲဆိုလို့ရှိရင် သူက ပြည်နယ်တွေ တိုင်းဒေသကြီးတွေမှာ သီးခြားအစိုးရတွေ ရှိပြီးတော့ သူ့ဟာသူ သီးခြားဆောင်ရွက်သွားတဲ့သဘော ရှိတယ်လေ။ ဟိုတုန်းက ပြည်နယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဘဲလေ။ သိပ်ပြီးတော့ သူက သီးခြားမရှိလားဘူး။ အခုက သီးခြားရှိတဲ့သဘော ဖြစ်နေတာပေါ့။ အဲဒီကနေဆက်ပြီးတော့ ကျနော်တို့က ပြည်နယ်တို့ တိုင်းဒေသကြီးတို့ ပိုပြီးတော့ အာဏာပေးလိုက်မယ်ဆိုလို့ရှိရင် ဒါ Federal လမ်းကြောင်းပေါ်ရောက်သွားမှာဘဲ။
ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက စစ်တပ်ရဲ့ အခန်းကဏ္ဍကော ဆရာ။ ပြည်နယ်တွေမှာဆိုရင် ပိုပြီးတော့ ဆိုးတယ်လို့ ထင်ရပါတယ်။ တချို့က ပြည်နယ်မှာရှိတဲ့ တိုင်းမှုးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဘယ်သူ ပိုပြီးတော့ ပြည်နယ်အဆင့်ကို ပြောမယ်ဆိုရင်ပေါ့ ဆရာ။ ပြည်နယ်မှာ စစ်တပ်က ပိုပြီးတော့ အာဏာလွှမ်းမိုးမှု ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ဦိးထွန်းအောင်ချိန် ။ ။ ဒါကတော့ ပဋိပက္ခရှိတဲ့ ဒေသမှာကတော့ တပ်က အခန်းကဏ္ဍရှိတာပေါ့။ တကယ့်ကို ငြိမ်းချမ်းရေး ရလာတဲ့အခါမှာ တပ်က သူရဲ့ ဟိုဒင်းက လျော့သွားမှာပေါ့။ သူ့အခန်းကဏ္ဍက နည်းနည်း မှိန်သွားမှာပေါ့။ ဥပမာအားဖြင်း ကျနော်တို့ ဧရာဝတီတိုင်းဒေသမှာ တိုင်းရင်းသားတွေ အများကြီးရှိတာဘဲ။ ဒီတိုင်းရင်းသားအများကြီးမှာမှ ဘာမှ သိပ်ပြီးတော့ ပြဿနာ မရှိလာဘူး။
ဦးကျော်ဇံသာ ။ ။ ပြည်ထောင်စုအစိုးရမှာကော နိုင်ငံတော်သမ္မတက တချို့က ပြောကြပါတယ်။ ဒီကချင်အရေး အပစ်အခက်ရပ်စဲဖို့ သမ္မတက ညွှန်ကြားတယ်။ တပ်က မလိုက်နာဘူး ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့် သမ္မတတောင်မှာ ဒီကိစ္စမှာ အာဏာမရှိဘူးလို့ ပြောနေကြတာပါ။ ဘယ်လိုမြင်ပါလဲ ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ဒါတော မသိဘူးလေး။ ကျနော်တို့ ရှေ့နောက် command က ဘယ်လိုရှိမှန်း ကျနော်ကလည်း သေချာသိတာမှ မဟုတ်ဘဲ။ သမ္မတက အမေရိကန်သမ္မတလို Commander in Chief မှ မဟုတ်ဘဲ။ Commander in Chief သက်သက် ရှိတာကို။ကျနော်တို့ ဖွဲ့စည်းပုံမှာ သမ္မတက Commander in Chief မှ မဟုတ်ဘဲ။
ဦးကျော်ဇံသာ ။ ။ ဆရာ အခု မြန်မာနိုင်ငံတိုင်းရင်းသားတွေနှင့် ဖြစ်နေတဲ့ကိစ္စ ကချင်နှင့်ဖြစ်နေတဲ့ကိစ္စကို ခဏထားရင် ကျန်တဲ့တိုင်းရင်းသားတွေနှင့် ရရှိထားတဲ့အဆင့်ကကော တော်တော်လေး ငြိမ်းချမ်းရေးအလားအလာ ရှိတယ်လို့ ဆိုနိုင်ပါသလား။ အခု ရှမ်းနှင့်လည်းဘဲ ဖြစ်နေတယ် ဆရာ။ ရှမ်းမှာလည်းဘဲ တချို့။
ဦိးထွန်းအောင်ချိန် ။ ။ ငြိမ်းချမ်းရေး အလားအလာတော့ ရှိပါတယ်။ တော်တော်လေး ကောင်းနေပါတယ်။ တိုင်းရင်းသားပြဿနာကတော့ နေ့ချင်းညချင်းဖြေရှင်းလို့ ပြီးမယ့် ပြဿနာမျိုးမှ မဟုတ်ဘဲ။ တိုင်းရင်းသားတွေကလည်း အများကြီးရှိတယ်။ သူတို့ ဆန္ဒတွေကလည် အမျိုးစုံရှိတယ်။ ဒါတွေကို ညှိပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စဆိုတော့ လွယ်လွယ်ကူကူနှင့်တော့ မဖြစ်လာဘူး။ ကြာတော့ကြာဦးမှာဘဲ။
ဦးကျော်ဇံသာ ။ ။ တချို့က ဗမာဗဟိုအစိုးရက Federal တိုင်းရင်းသားတွေ ခွဲထွက်မှာကိုစိုးရိမ်တယ်ဆိုပြီး ပြောပါတယ်။ အဲလို ခွဲထွက်မယ်ဆိုတဲ့ စိုးရိမ်စရာ တကယ့်အခြေအနေ ဆက်လက်ရှိနေသေးတယ်လို့ ဆရာ ထင်ပါသလား ဆရာ။ တကယ်များ။
ဦိးထွန်းအောင်ချိန် ။ ။ ကျနော် မထင်ပါဘူး။ ကျနော်ထင်တယ် တိုင်းရင်းသား။ ဘယ်တိုင်းရင်းသားမှ ခွဲထွက်မယ့် သဘောတော့ ရှိမှာမဟုတ်ဘူး။ ပြည်ထောင်စုထဲမှာ အားလုံး နေချင်မယ့်သဘော ရှိပါတယ်။ တစ်ခုဘဲပေါ့ နည်းနည်း။ တိုင်းရင်းသားတွေ အခွင့်အရေးပိုရလာမယ်၊ အာဏာပိုရှိလာမယ်။ အဲဒီသဘောလောက်ဘဲ သူတို့ လိုချင်ကြမယ်လို့ထင်တယ်။
ဦးကျော်ဇံသာ ။ ။ ဒါကိုကော ဗဟိုအစိုးရက သဘောပေါက်မယ် ထင်ပါသလား ဆရာ။
ဦိးထွန်းအောင်ချိန် ။ ။ ပေါက်ပါလိမ့်မယ်။ သူကလည်း အခု ပိုပြီးတော့ Open ဖြစ်လာတယ်လေ။ နိုင်ငံတကာကကော၊ ပြည်တွင်းကကော သဘောထားတွေအမျိုးမျိုး ဖော်ထုတ်လာတော့ သူလည်း အဲဒါတွေ နားလည်ပါတယ်။

http://burmese.voanews.com/content/news-analysis-federal-union-constitution/1580967.html

အသံ
News Analysis - UTAC

January 8, 2013

တပ်မတော်ရဲ့ KIA အပေါ် လေကြောင်းကနေ စစ်ဆင်ခဲ့တဲ့ကိစ္စ

အခုတပတ် တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာ့တပ်မတော်က ကချင်ပြည်နယ်က KIA တပ်ဖွဲ့တွေကို လေကြောင်း အကူအညီနဲ ့စစ်ဆင်ခဲ့တဲ့ကိစ္စနဲ့ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့ အများက တိုက်တွန်းတောင်းဆိုနေတဲ့ ကိစ္စတွေကို အခြေပြုပြီးဆွေးနွေးထားပါတယ်။
RFA အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်တင်ဆက်တာဖြစ်ပြီး၊ ဧည့်သည်တော်တွေအဖြစ် အာရှလူ့အခွင့်အရေးကောင်စီ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ရှေ့နေဦးမင်းလွင်ဦးနဲ့  တပ်မတော် ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်တို့ ပါဝင်ဆွေးနွေးထားပါတယ်။

http://www.rfa.org/burmese/commentaries/kachin-air-strike-01082013193915.html
အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

January 4, 2013

ကချင်စစ်ပွဲအပေါ် သူတို့အမြင်

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေလည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက်ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါသူများကိုပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။
ဦးလနန်
KIA ပြောခွင့်ရပုဂ္ဂိုလ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတော့ မသိဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကတော့ မျှော်လင့်ချက် မရှိဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံရေး ဆွေးနွေးမှုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ပြီး အဖြေရှာမှသာ လျှင် ငြိမ်းချမ်းရေး ရရှိမယ် ဆိုတဲ့ကိစ္စ ပြောတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပြီး မှသာ အဆင်ပြေမယ် ဆိုတာထက် နိုင်ငံရေး ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို ရောက်မှာပါ။
အာဏာရ ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာ နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရ မှာပါ။ နိုင်ငံရေး ဆွေးနွေးမှုကတော့ မဖြစ် ဖြစ်အောင်ကို လုပ်ရမှာပါ။ ဒါပေမယ့် အစိုးရကတော့ တောင်းဆိုမှုတွေ အပေါ် စိတ်သဘောထား မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းတာမျိုး၊ နိုင်ငံရေး နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းတာမျိုး သူတို့ သဘောဆန္ဒ မရှိဘူး။ အဲဒါကြောင့်ပဲ ပြည်တွင်းစစ်က ယနေ့ ကာလအထိ ကြာရှည်ရတာပါ။
စစ်ရေးနည်းနဲ့ ဖြေရှင်းမှုက ပြသနာကို ပိုပြီးတော့ များပြားစေမယ့် ရှည်လျားစေမယ့် ကိစ္စ ပါ။ KIAက အမြဲတမ်း ပြောနေတယ်။ စားပွဲပေါ်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ကိစ္စပဲ။ အခုလည်း အဲဒီလိုပဲ လက်ခံထား တယ်။ ဒီ ကိစ္စပြေလည်ဖို့ ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရမယ်။ တဖက်က ပိတ်ထားတယ် ဆိုရင်လည်း နိုင်ငံရေး ဆွေးနွေးမှုတံခါးကို ပွင့်အောင်လုပ်ရမယ်။ တိုင်းရင်းသား အနေနဲ့ကတော့ ကြိုးစားရမယ်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့ဘက်က ဆွေးနွေးပွဲ အတွက် ကမ်းလှမ်းတာမျိုး တိုက်ပွဲ ကာလ အတွင်းမှာ မရှိဘူး။
ဦးလှမောင်ရွှေ
ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးဆောင်
ဆွေးနွေးပွဲကနေ အဖြေရှာဖို့ အစိုးရဘက်ကနေ တောက်လျှောက် ကမ်းလှမ်းနေတာပဲ။ ကျနော်တို့က စက်တင်ဘာ ၃၀ ရက်နေ့ အစည်းအဝေးမှာလည်း ကမ်းလှမ်းတယ်။ နို၀င်ဘာလ လုပ်ဖို့ ကမ်းလှမ်းတယ်။ တလလုံး စောင့်တယ်။ မရတဲ့အတွက် ဒီဇင်ဘာလမှ တရားဝင်စာနဲ့ ကမ်းလှမ်းတယ်။ ကျနော်တို့ PCG (Peace Creation Group) ငြိမ်းချမ်းရေး အကျိုးဆောင်တွေကလည်း ကမ်းလှမ်းတယ်။
အခုလည်းပဲ UNFC (United Nationality Federation Council) (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ) ကတဆင့် ဆွေးနွေးဖို့ ထပ်ကမ်းလှမ်းတယ်။ လွန်ခဲ့တဲ့ ၃ ရက်က လည်း ကမ်းလှမ်းထားတယ်။ နှစ်သစ်ကူးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုပါတယ်။ ရက်ကို လူကြီးမင်းတို့ အားမယ့် ရက်ကို အကြောင်းပြန် ပေးပါ ဆိုတာကို ပို့ထားတယ်။ PCG ကို တောက်လျှောက်ပြောနေတယ်။ မီဒီယာမှာ ဟိုဘက် ဒီဘက်ပြောလို့ရတဲ့ ငြိမ်းချမ်းရေး ကျနော်ကမ္ဘာပေါ်မှာ မဖတ်ဖူးသေးဘူး။ Blame Game နဲ့ ငြိမ်းချမ်းရေး ရတာလည်း မတွေ့ဖူး သေးဘူး။ တွေ့ဆုံဆွေးနွေးရေးကသာ ငြိမ်းချမ်းရေးရမယ့် လမ်းစဉ်ပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို တွန်းနေတာ။
ဒေါက်တာအေးမောင်
ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
မီးစတဖက်၊ ရေမှုတ်တဖက်ကတော့ မကောင်းဘူး။ ငြိမ်းချမ်းမှု တကယ်လိုချင်ရင် မငြိမ်းချမ်းတာတွေကို ဆွေးနွေး နိုင်အောင် လုပ်ရမယ်။ ပြည်တွင်း စစ်ရပ်ဖို့ လိုတယ်။ အခု စစ်တပ်က တောင်ကုန်း တခုကို လေကြောင်းပစ်ကူပြီး သိမ်းလိုက်တယ် ဆိုတာ ထာဝရ အောင်မြင်မှု မဟုတ်ပါဘူး။
အမြဲတမ်း ငြိမ်းချမ်းရေး လိုချင်တယ်၊ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခငြိမ်းချမ်းချင်တယ် ဆိုရင် တိုက်ပွဲနည်းနဲ့ မရဘူးဆိုတာ နားလည်ကြဖို့လိုပါတယ်။ တွေ့ဆုံ ဆွေးနွေး ကြဖို့ လိုပါတယ်။ တနေရာကို သိမ်းလိုက်လို့ အဲဒီနေရာက ထာဝရ ပိုင်ဆိုင်သွားတာမဟုတ်ဘူး။ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။ ဒီနေ့သိမ်း၊ မနက်ဖြန် ထိန်းနိုင်ပါ့မလား။ တဒင်္ဂတွေပါ။ အာဏာဆိုတာကလည်း ခဏလေးပါ။ အောင်မြင်မှု ဆိုတာလည်း ခဏလေးပဲ။ ထာဝရငြိမ်းချမ်းဖို့ ဆိုရင် ဆွေးနွေးကြဖို့ အရေးကြီးပါတယ်။
ဦးဇိုဇမ်
ဥက္ကဌ၊ ချင်းအမျုုိးသားပါတီ
အခုလက်ရှိအချိန်က KIA နဲ့ အစိုးရ အတွက် အင်မတန် အရေးကြီးပြီး အထိအခိုက် လွယ်တဲ့အခြေအနေ ရောက်နေပြီ။ ပွင့်ပွင်းလင်းလင်း ပြောရမယ် ဆိုရင် ကချင်နဲ့ အစိုးရနဲ့ ကြားမှာက တော်တော့်ကို ကွာဟချက် ကြီးမား နေတယ်။ မနည်းကို အလုပ်လုပ် ရဦးမယ်။ နားလည်မှု လုံးဝ လွဲနေကြတယ်။ သမ္မတရဲ့ ထိုးစစ်မဆင်နဲ့ ဆိုတဲ့ အမိန့်ကိုလည်း တပ်ဘက်က မနာခံကြဘူး။ မနာခံတဲ့ အပေါ်မှာ စိုးရိမ်စရာတော့ ဖြစ်နေပြီ။ ကချင်တွေက မြစ်ကြီးနားကို လာတိုက်တာ မဟုတ်ဘူး။ KIA စခန်းတွေကို တပ်မတော်က သွားတိုက်နေတာ။ ကိုယ့်တပ် ကိုယ့်စခန်းမှာနေရင် ဘာမှမဖြစ်ဘူး။ တပ်မတော်ဘက်က မှားမယ်လို့ ထင်တယ်။ ကိုယ့်ဟာကိုယ်နေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။
ဒေါက်တာ တူးဂျာ
ဥက္ကဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)
အခုထိုးစစ်တွေ ရပ်တန်းက မရပ်ရင်၊ ချေမှုန်းတဲ့ ပုံစံမျိုး ဆိုရင်တော့ အများကြီးထိခိုက်သွားမယ်။ အခု စစ်တပ်က သိမ်းတဲ့ တောင်ကုန်း ဆိုတာကလည်း စစ်ရေးအရ မဟာဗျူဟာအရ ပွိုင့်ကျနေတော့ သူသိမ်း၊ ကိုယ်သိမ်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အခု အခြေအနေမှာ အခုအဆင့်မှာ အပစ်အခတ် ရပ်စဲမယ်။ ရှေ့ဆက်မတိုးဘဲ ညှိနှိုင်းကြမယ် ဆိုရင် ငြိမ်းချမ်းရေး ဖြစ်နိုင် သေးတယ်။ တုတ်ပြပြီး စည်းရုံးတာက အဖြေမထွက် နိုင်ဘူး။ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မုန့်ပြ စည်းရုံးတာက အဆင်ပြေစေ လိမ့်မယ်််။ ဒီအတိုင်း ဆက်တိုးသွားရင်တော့ယုံကြည်မှု တည်ဆောက်ဖို့ တော်တော်ခက်သွားလိမ့်မယ်။
ဦးနိုင်ငွေသိန်း
ဥက္ကဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
အရင်ကတည်းက စစ်ပွဲတွေရပ်ဖို့ ကြေညာချက် ထုတ်ထားပြီးသား ပဲ။ ကျနော်တို့ ပြောပေမယ့် ဘယ်သူမှ စစ်ပွဲ မရပ်ကြ ဘူး။ မွန်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တယောက် အနေနဲ့ရော ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က တော်တော် ဆင်းရဲ ကြတယ်။ သနားဖို့ ကောင်းတယ်။ ဒုက္ခသည်တွေ အတွက် စဉ်းစားမိရင် စိတ်မကောင်းဘူး။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ အခုလို တိုက်နေတယ် ဆိုတာ ကြီးသူက ငယ်သူကို ညှင်းဆဲတဲ့သဘော အများကြီးပါတယ်။ ငြိမ်းချမ်းရေး အလားအလာကိုတော့ သံသယ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ မရှိတဲ့အခါ အပစ်အခတ် ရပ်စဲရေး ပျက်သွားတယ်။ ပျက်သွား ပြန်တော့ တခါပြန်စ။ တိုင်းရင်းသားတွေ အနေနဲ့ အစိုးရ အပေါ်မှာ သံသယဖြစ်လာပြီ။ ဦးသိန်းစိန် အစိုးရကို တောင်မှ သံသယ ဖြစ်နေတယ်။ နောက်ပြန်လှည့်မှာလား။ သဘောထားမှန်ရဲ့လား သံသယရှိတယ်။
ဦးအုန်းကြိုင်
ပြန်ကြားရေးတာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကျနော် ပြောချင်တာက တော့ စစ်ရှိန်မြှင့်လာတဲ့ အပေါ်မှာ အဖွဲ့ချုပ် အနေနဲ့ ဆိုရင်တော့ အဖွဲ့ချုပ်က တစုံတရာပြောဖို့ ကျနော့်မှာ ဘာမှသိထားတာ မရှိသေးပါဘူး။ တဦးတည်း ပုဂ္ဂိုလ်အမြင်အရ ဆိုရင်တော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဒုတိယမြောက် ဖော်ပြထားတာက ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေတဲ့ အထဲကပဲ နှစ်ကုန်ခါနီးမှာ အခုလို စစ်ရှိန်မြှင့်လာ တာကနေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် အရမ် းစိုးရိမ်ပါ တယ်။ ခက်တာက အခြေအနေ သတင်း အတိအကျဆိုတာ ကလည်း မီဒီယာတွေကပဲ သိနေရတာဆိုတော့ ဘယ်လိုအခြေအနေ လဲဆိုတာ မသိပါဘူး။ သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရဘဲနဲ့ နိုင်ငံ့ဖွံ့ဖြိုးဖို့ဆိုတာ စိတ်ကူးယဉ် တာပဲ ဖြစ်ပါလိမ့် မယ်။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင်တော့ စစ်ပွဲရပ် ဖို့ ကြိုးစားရပါ လိမ့်မယ်။
ဦးဇော်ဌေး
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
အလားအလာ ကောင်းမှာပါ။ နည်းနည်းလေးတော့ ခက်သွားမှာပေါ့။ လတ်တလော ဖြစ်ပွားနေတဲ့ ဟာတွေ အမြန်ဆုံး လျော့ပါး သွားမယ်လို့ မျှော်လင့်တယ်။ နည်းနည်းလေး စစ်ရှိန်လျော့သွားရင် ပြည်သူတွေရဲ့ အပြောင်းအရွှေ့ အနေအထိုင်တွေ အရေးတကြီး လိုအပ်လာ မယ်။  နှစ်ဦး နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ မပြီးပြတ်ရင် နောင်လည်း ဆက်ဖြစ်နေမှာပဲ။ နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေး ကြမယ်၊ Dialogue လုပ်မယ်။ အစိုးရဘက်က တောက်လျှောက် လမ်းဖွင့်ထားတယ်။
ဒေါ်မိဆူးပွင့်
ဗဟိုကော်မတီဝင်၊ ABSDF
မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါ၀င်နေရတာ ဘာကြောင့်လဲ ဆိုရင် မကဒတ အပစ်အခတ်ရပ်ဆဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေ လုပ်နေတဲ့ ဒေသမှာ ABSDF ရှိနေတဲ့အတွက်  ပါ၀င်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ ABSDF ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါ၀င်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်။
ဦးကြည်မြင့်
လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
နှစ်ဦး နှစ်ဖက်စလုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ လို့ထင်ပါတယ်။ စစ်ဆိုတာဖြစ်လာရင် လက်နက် ရောင်းမယ့် နိုင်ငံတွေနဲ့ အကျိုးအမြတ်ဖြစ်အောင် ထုတ်မယ့် နိုင်ငံတွေရှိနေတယ်ဆိုတာ သတိထား ကြစေချင်ပါတယ်။

http://burma.irrawaddy.org/archives/29803

January 2, 2013

ဦးသိန်းစိန်အစိုးရမှ KIA အား ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝပျက်စီးစေနိုင်ဟု SYCB ပြော

ဦးသိန်းစိန်အစိုးရမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အား ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို လုံးဝပျက်စီးစေနိုင်သည်ဟု မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက် (SYCB)က ဒီဇင်ဘာလ (၃၁)ရက်နေ့ သဘောထားထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြ ပြောဆိုလိုက်သည်။
ထို့အပြင် ပြည်တွင်းစစ်တွင် ဦးသိန်းစိန်တပ်မတော်မှ ကြည်းတပ်၊ လေတပ်တို့ဖြင့် အင်အားအလုံးအရင်းသုံးပြီး ကချင်လွတ်လပ်ရေးတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)နှင့် တိုင်းရင်းသားလူငယ်များအင်အားစုမှလည်း အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ကြောင်း သိရသည်။
" ငြိမ်းချမ်းရေးကို အကောင်ထည်ဖေါ်ဖို့ဆိုရင် စစ်တွေကိုရပ်ဆိုင်းမှ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ခုမှာ စစ်ပွဲတွေ အဆက်မပြတ် ရှိနေမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ပြီးအကောင်အထည်ဖေါ်ဆောင်နိုင်မလဲ။ အခုက မြန်မာ့စစ်တပ်ဟာ ဖိအားပေးထိုးစစ်ဆင်လာတယ်၊ ပြည်တွင်းစစ်မှာ လေကြောင်းကိုပါ သုံးလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်တစ်ခုကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ တွေ့ဆုံးဆွေးနွေးရေးလုပ်နေတဲ့အချိန်မှာတောင်မှ အခုလိုမျိုး လေကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်လာနိုင်တာပေါ့။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ဖေါ် စစ်တွေကိုမရပ်ဆိုင်းနိုင်ဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိဘူး။ အခုက စစ်ပွဲတွေမရပ်ဆိုင်းနိုင်တဲ့အပြင် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒီအချက်နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားစေနိုင်ပါတယ်။ " ဟု SYCB ၏ တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂) မမေဇွန်ကပြောသည်။
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဟုပြောဆိုနေကြသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီငြိမ်းချမ်းရေး ဖော်ဆောင်နေမည့်အစား တိုင်းရင်းသားများအားလုံးပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့သည် ပင်လုံကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် လုပ်ဆောင်ရန်လိုအပ်ကြောင်း မမေဇွန်က ဆက်လက်ပြောကြားခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းတွင််ပြောဆိုနေသော်လည်း ကချင်ပြည်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆက်မပြတ်အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းစစ် တစ်နှစ်ကျော်ကာလအတွင်း ကချင်တိုင်းရင်းသား(၁)သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ စစ်ပြေးဒုက္ခသည်အဖြစ် တုန်လှုပ်ချောက်ချားစွာ ရှောင်ပုန်းနေထိုင်ရကြောင်း သဘောထားထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သမ္မတဦးသိန်စိန်အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး အကောင်ထည်ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ကချင်တိုင်းရင်းသားများအပေါ် ပြည်ပကျူးကျော်စစ်သဖွယ် အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်စဲရန် လိုအပ်နေပြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ သမ္မတဦးသိန်းစိန်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော်အား ပြည်ပစစ်သဖွယ် အင်အား အလုံးအရင်းသုံး၍ တိုက်ခိုက်နေမှုများအပေါ် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများအကြားတွင် မကျေမနပ်ဝေဖန်သံများ ထွက်ပေါ်လျှက်ရှိနေသည်။
ဦးသိန်းစိန်အစိုးရမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အား ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကို လုံးဝပျက်စီးစေနိုင်သည်ဟု မြန်မာနိုင်ငံကျောင်းသား လူငယ်များကွန်ဂရက် (SYCB)က ဒီဇင်ဘာလ (၃၁)ရက်နေ့ သဘောထားထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြ ပြောဆိုလိုက်သည်။
ထို့အပြင် ပြည်တွင်းစစ်တွင် ဦးသိန်းစိန်တပ်မတော်မှ ကြည်းတပ်၊ လေတပ်တို့ဖြင့် အင်အားအလုံးအရင်းသုံးပြီး ကချင်လွတ်လပ်ရေးတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုအား မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)နှင့် တိုင်းရင်းသားလူငယ်များအင်အားစုမှလည်း အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ကြောင်း သိရသည်။
" ငြိမ်းချမ်းရေးကို အကောင်ထည်ဖေါ်ဖို့ဆိုရင် စစ်တွေကိုရပ်ဆိုင်းမှ ဖြစ်လိမ့်မယ်။ နိုင်ငံတစ်ခုမှာ စစ်ပွဲတွေ အဆက်မပြတ် ရှိနေမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ပြီးအကောင်အထည်ဖေါ်ဆောင်နိုင်မလဲ။ အခုက မြန်မာ့စစ်တပ်ဟာ ဖိအားပေးထိုးစစ်ဆင်လာတယ်၊ ပြည်တွင်းစစ်မှာ လေကြောင်းကိုပါ သုံးလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်တစ်ခုကို အပစ်အခတ်ရပ်စဲရေးဆိုတဲ့ တွေ့ဆုံးဆွေးနွေးရေးလုပ်နေတဲ့အချိန်မှာတောင်မှ အခုလိုမျိုး လေကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တွေ့ဆုံဆွေးနွေးရေးကို ထိခိုက်လာနိုင်တာပေါ့။ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ဖေါ် စစ်တွေကိုမရပ်ဆိုင်းနိုင်ဘူးဆိုရင် ဘာအဓိပ္ပါယ်မှ မရှိဘူး။ အခုက စစ်ပွဲတွေမရပ်ဆိုင်းနိုင်တဲ့အပြင် အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဲဒီအချက်နှစ်ချက်ကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားစေနိုင်ပါတယ်။ " ဟု SYCB ၏ တွဲဖက်အထွေအထွေအတွင်းရေးမှူး(၂) မမေဇွန်ကပြောသည်။
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုဟုပြောဆိုနေကြသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီငြိမ်းချမ်းရေး ဖော်ဆောင်နေမည့်အစား တိုင်းရင်းသားများအားလုံးပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရတို့သည် ပင်လုံကဲ့သို့သော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် လုပ်ဆောင်ရန်လိုအပ်ကြောင်း မမေဇွန်က ဆက်လက်ပြောကြားခဲ့သည်။Kachin 2
သမ္မတဦးသိန်းစိန်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းတွင််ပြောဆိုနေသော်လည်း ကချင်ပြည်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားဒေသများမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အဆက်မပြတ်အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းစစ် တစ်နှစ်ကျော်ကာလအတွင်း ကချင်တိုင်းရင်းသား(၁)သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ စစ်ပြေးဒုက္ခသည်အဖြစ် တုန်လှုပ်ချောက်ချားစွာ ရှောင်ပုန်းနေထိုင်ရကြောင်း သဘောထားထုတ်ပြန် ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သမ္မတဦးသိန်စိန်အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရဖြစ်ရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး အကောင်ထည်ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ကချင်တိုင်းရင်းသားများအပေါ် ပြည်ပကျူးကျော်စစ်သဖွယ် အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်စဲရန် လိုအပ်နေပြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ သမ္မတဦးသိန်းစိန်အစိုးရက ကချင်လွတ်လပ်ရေးတပ်မတော်အား ပြည်ပစစ်သဖွယ် အင်အား အလုံးအရင်းသုံး၍ တိုက်ခိုက်နေမှုများအပေါ် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်းများအကြားတွင် မကျေမနပ်ဝေဖန်သံများ ထွက်ပေါ်လျှက်ရှိနေသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/735--kia-sycb-
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India