Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေညာချက်. Show all posts

March 26, 2013

ငြိမ်းချမ်းမှ ဒုက္ခသည်များ ပြည် တွင်းပြန်နိုင်မည်ဟု KRC မှ သဘော ထားထုတ်ပြန်

မတ်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
KRC logoမြန်မာပြည်တွင် ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှသာလျှင် ဒုက္ခသည်များအနေဖြင့် မိမိတို့၏ နေရပ်သို့ ပြန်လည်နေရာချထားရေး အစီအစဉ်မှာ ဖြစ်မြောက်နိုင်မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီ (KRC) မှ မတ်လ ၂၅ရက်နေ့တွင် သဘောထားထုတ်ပြန်လိုက်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ စတင်ကာ ဒုက္ခသည်များအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် ပြောဆိုသံများ ထွက် ပေါ်လာပြီးနောက် ဒုက္ခသည်များအတွက် အဓိက လိုအပ်သည့် အချက်အလက်များကို အခြေခံပြီး အချက် ၁၀ချက်ပါ သဘော ထားထုတ်ပြန်ချက်ကို (KRC) မှ ပထမဆုံးအကြိမ်အဖြစ် ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်သက်မှုများ ၊ နှစ်ပေါင်းများစွွာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့သော လက်နက် ကိုင် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသော ဒုက္ခသည်များအနေဖြင့် ယခု လတ်တလော အခြေအနေအရ နေရပ်ပြန်လည်ချထားရေးမှာ လုံးဝ မဖြစ်နိုင်သေးကြောင်း ကရင်ဒုက္ခသည်ရေးရာကော်မတီမှ တွဲဖက်အတွင်းရေးမှုး ဆရာမ နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။
“တပြည်လုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးရဖို့ လုပ်နေတုန်းပဲ ရှိသေးတယ်လေ၊ ပဏာမ အပစ်ရပ်စဲရေးပဲ ရှိသေး တယ်။ အဲဒါကို အခြေခံပြီးတော့ ခိုင်မာတဲ့ အပစ်ရပ်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသ၍တော့ ဒုက္ခသည် တွေအနေနဲ့ ပြန်ဖို့ကို စဉ်းစားစရာ အကြောင်းမရှိပါဘူး”ဟု သူမက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် မြန်မာအစိုးရအနေဖြင့် ကရင်ဒုက္ခသည်များအရေး လုပ်ဆောင်နေသော ကရင်ဒုက္ခသည်များကော်မတီထံ တစုံတရာ ဆက်သွယ်ညှိနှိုင်း ဆွေးနွေးခြင်းမျိုးလည်း ယခုအချိန်ထိ မရှိသေးကြောင်း ဆရာမ နော်ဘလူးမင်းနိုက်ဇန်မှ ဆက်ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ(KRC)၏ အချက် ၁၀ချက်ပါသော အဆိုပါ သဘောထားထုတ်ပြန်ချက်ထဲတွင် ဒုက္ခသည်များအား အတင်းအဓမ္မ ပြန်လည်ပို့ဆောင်မည့် အစီအစဉ်ကို ကန့်ကွက်ထားပြီး ပြန်လည်နေရာချထားရေးအတွက် လုံလောက်သောအ ချိန် ပေးရမည် ဖြစ်သည်။
ထို့အပြင် ဒုက္ခသည်များအား ပြန်လည်နေရာချထားပေးမည်ဆိုပါက လုံခြုံမှုရှိသော၊ မြေမြှုပ်မိုင်းများနှင့် ကင်းလွတ်သော နေရာ များ ဖြစ်ရမည်ဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လုံလောက်စွာ လုပ်ကိုင်စားသောက်နိုင်သော နေရာဒေသဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။
အလားတူ (KRC) အပါအဝင် ထိုင်းနှင့် မြန်မာအစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အ စည်းများ၊ အခြေခံလူမှုအဖွဲ့အစည်းများမှ နိုင်ငံအတွင်း စိတ်ချရပြီး အခြေအနေ တိုးတက်ကောင်းမွန်သည်ဟု အသိအမှတ်ပြုနိုင် သည့်အချိန်မှသာ ပြန်လည် နေရာချထားရေး အစီအစဉ်ကို စတင် အကောင်အထည်ဖော်သင့်ကြောင်းလည်း KRC ၏ သဘော ထားတွင် ဖော်ပြပါရှိသည်။
အမည်မဖော်လိုသူ မယ်လဒုက္ခသည်တစ်ဦးက “KRC က သဘောထားထုတ်တာအပြင် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုမျိုးကို ပြတ်ပြတ်သားသား လုပ်သင့်တယ်။ နောက်ပြီး ဒုက္ခသည်တွေဆန္ဒကို ကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး သက်ဆိုင်ရာ အဖွဲ့တွေကို တွန်းတွန်းထိုးထိုး လုပ်စေချင်တယ်။ ကျနော်တို့က ဒုက္ခသည်မို့ နောက်ထပ် ဒုက္ခတွေလည်း ထပ်မတွေ့ချင်တော့ဘူး။”ဟု ဆို သည်။
မြန်မာပြည်တွင် စစ်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော ဒုက္ခသည်များသည် ထိုင်းမြန်မာနယ်စပ်တစ်လျောက်ရှိ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်သည်မှာ ၃၉နှစ်ကြာ ကြာမြင့်ပြီဖြစ်ရာ ကရင်ဒုက္ခသည်စခန်း ရခုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ခု ရှိပြီး ဒုက္ခသည်ဦးရေမှာ တစ်သိန်းခွဲကျော် ရှိသည်။

http://www.kicnews.org/?p=16256

March 12, 2013

ကေအိုင်အိုနဲ့ အစိုးရ ပူးတွဲ ကြေညာချက် ထုတ်ပြန်

 

ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေး လုပ်ငန်း အဖွဲ့ တို့ ငြိမ်းချမ်းရေး အတွက် ဆက်လက် လုပ်ဆောင်ဖို့ အင်္ဂါနေ့ မှာ ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။
ကြေညာချက် ထဲမှာ စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲတွေ ဖြစ်ဖို့၊ ခိုင်မာတဲ့ အပစ်ခတ် ရပ်စဲရေး အတွက် ဆက်လက် ဆောင်ရွက်ဖို့နဲ့ တိုက်ပွဲတွေ မဖြစ်တော့အောင် နှစ်ဖက် စလုံးက အောက်ခြေ အဆင့် အထိ ညွှန်ကြားချက်တွေ အမိန့်တွေ ထုတ်ပြန် သွားဖို့ ကို သဘောတူ ခဲ့ပါတယ်။
တိုက်ပွဲ ဖြစ်နိုင်တဲ့ ရှေ့တန်း စစ်မြေပြင် များကို ကွင်းဆင်း လေ့လာ စောင့်ကြည့် နိုင်ရေးနဲ့ ညှိနှိုင်း ဆောင်ရွက် နိုင်ရေး အတွက် စောင့်ကြည့်ရေး ရုံးတွေ ထားဖို့ ကိုလည်း သဘောတူခဲ့ ပါတယ်။ နောက် တကြိမ် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁ဝ ရက်နေ့ မတိုင်မီ ကျင်းပမယ် လို့လည်း ပူးတွဲ ကြေညာခဲ့ ပါတယ်။
ငြိမ်းချမ်းရေး အတွက် နှစ်ဘက် ဆွေးနွေးမှု တွေကို တရုတ် နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့က ပြုလုပ်ခဲ့ ပြီးနောက် အခုလို ကြေညာချက် ထုတ်ပြန် လိုက်တာ လည်း ဖြစ်ပါတယ်။
အခု ပူးတွဲ ကြေညာချက် အပေါ် ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ကြိုဆို လိုက် ပါတယ်။

http://www.bbc.co.uk/burmese/burma/2013/03/130312_kio_gov_joint_statement.shtml

January 30, 2013

မြန်မာ အစိုးရနှင့် KIO တို့ ကချင်ပြည်နယ်အတွင်း စစ်ရေးတိုက်ခိုက်မှု ရပ်တန့်ပေးရန် KBC ထုတ်ပြန်

ချင်းမိုင်(မဇ္စျိမ)။      ။ အစိုးရ စစ်တပ်ဘက်မှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု ရပ်ဆိုင်း၍ နိုင်ငံရေး
ဆွေးနွေးမှု အမြန်ဆုံးပြုလုပ်ရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ယနေ့ ထုတ်ပြန်လိုက်သည်။

တနှစ်တကြိမ် ကျင်းပပြုလုပ်သော KBC အသင်းတော်၏  သုံးရက်ကြာ အုပ်ချုပ်စီမံ အစည်းအဝေး အပြီးတွင် ယနေ့ ဗုဒ္ဓဟူးနေ့မှာ ယင်းတို့၏ သဘောထားကို နောင်နန်းကျေးရွာရှိ  “ရာပြည့်တောင်”  (Jaw Bum) တွင် ဆုတောင်း၍ ထို ထုတ်ပြန်အား ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးတွင် KBC အသင်းတော်မှ ဘာသာဝင် လေးသိန်း၏ ကိုယ်စားလှယ် ၁၆၀ ဦး တက်ရောက်ခဲ့သည်
ဟု KBC ၏ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

“ဒီကချင်ဒေသမှာ ဖြစ်နေတဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးက ကချင်လူမျိုးတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးလို ဖြစ်နေ
တာကို ကျနော်တို့ ဆုတောင်းတဲ့ အုပ်ချုပ်စီမံ အစည်းအဝေးမှာ ကျနော်တို့ရဲ့သဘောထားကို ထုတ်ပြန်လိုက်ပါ
တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

တရုတ်-မြန်မာနယ်စပ် လိုင်ဇာ၊ လဂျားယန်းအနီးတဝိုက် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ဖွဲ့
များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စိုးရိမ်ခြင်းကြောင့် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု သူက ဆက် ပြောသည်။

“နိုင်ငံတော် သမ္မတ ၏ ထာဝရ ငြိမ်းချမ်ရေး လမ်းပြမြေပုံ ဖော်ဆောင်နေသည့် ကာလအတွင်း တိုင်းရင်းသား ညီအစ်ကိုများအကြား ယုံကြည်မှုနှင့် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့် ကချင်ဒေသအတွင်း စစ်ရေး တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပေးရန်” ဟူ၍ ၄င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဓမ္မနည်းအားဖြင့် ငြိမ်းချမ်းရေး ရယူရန် ကြိုးပမ်းခြင်းသည် ရေရှည်တည်တံ့မည်ဟု မယုံကြောင်း စစ်မှန်ပြီး တရားမျှတသော ငြိမ်းချမ်းရေးရရှိနိုင်ရန် တိကျသော မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ နိုင်ငံရေးတွေ့ဆုံ
ဆွေးနွေးခြင်း အမြန်ဆုံးပြုလုပ်ရန်တို့ အပါအဝင် စစ်ပြေးဒုက္ခသည်များအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီများကို အတားအဆီးမရှိ ကူညီခွင့်ပြုရန် အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ စစ်ပြေးဒုက္ခသည်စခန်းသို့ လက်နက်နှင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ မပြုလုပ်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘော
တူညီချက်များကို လေးစားလိုက်နာရန်တို့ကိုလည်း တိုက်တွန်းလိုက်သည်။

လတ်တလော ကချင်ကျေးရွာများအတွင်း အစိုးရစစ်တပ်၏ ပစ်ခတ်မှုများကြောင်း စိုးရိမ်မှုများဖြင့် ခိုလှုုံနေရ
ကြောင်း ဒေါက်တာခလမ်ဆမ်ဇွန်က ပြောသည်။

ယမန်နေ့က မြစ်ကြီးနားမှ မိုင် ၃၀ ကျော်အကွာ မရန်းကျေးရွာအနီး အခြေစိုက်ထားသော အစိုးရ၏ အမြောက်တပ်
မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး တလုံး ထိုကျေးရွာထဲ ကျရောက်ခဲ့သဖြင့် ဒေသခံ လူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သူက မဇ္စျိမကို ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/10882---kio-----kbc-.html

January 29, 2013

ထိုးစစ်တွေရပ်စဲဖို့ ဆန္ဒရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ

ကချင်ပြည်နယ်မှာ တစ်နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား ထိုးစစ်တွေရပ်စဲဖို့နဲ့ ထာဝရ ငြိမ်းချမ်းရေး ဆက်လက်တည်ဆောက်သွားဖို့အတွက် အထူးလိုလားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
ဒါဟာ ကချင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် ထုတ်ပြန်လိုက်တာပါ။
အဲဒီ့သဘောထားထုတ်ပြန်ချက်ကို အပေါင်းလက္ခဏာဆောင်လို့ ကြိုဆိုတယ်လို့ ကေအိုင်အေ တပ်ရင်း (၆) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲ က RFA က တဆင့် အခုလို တုံ့ပြန်လိုက်ပါတယ်။
“ဒါမျိုးထုတ်ပြန်လာတယ် ဆိုကတည်းကတော့ အကောင်းဘက်မှာ ရည်ညွှန်းပြီးတော့ ထုတ်ပြန်တယ်လို့ ယူဆတယ်၊ ဒီမနက်ဖြန် သဘက်ခါဆိုရင် ကျနော်တို့ ကေအိုင်အို အနေနဲ့လည်း ထုတ်ပြန်ကြေညာချက်တစ်ခု ရောက်လာမယ်လို့ယူဆတယ်၊ ဘာဖြစ်လို့လဲဆိုရင် တပ်မတော်က ဒီလိုမျိုးထုတ်ပြန်တယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်ကလည်း မထုတ်ပြန်နိုင်စရာ အကြောင်းတော့မရှိပါဘူး၊ အခုလို ပွင့်ပွင့်လင်းလင်း လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တော့ အားလုံးကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဘက်မှာ အပေါင်းလက္ခဏာဆောင်ဖို့ များပါတယ်ဆိုတဲ့ အပိုင်းကို ကျနော်ကလက်ခံပါတယ်”
ဒီကနေ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အစိုးရတပ်မတော်အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်တာမျိုးမှအပ ပစ်ခတ်တိုက်ခိုက်တာတွေ မပြုလုပ်ပဲ သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်တိုင်း တိတိကျကျ လိုက်နာမယ်လို့လည်း ဖော်ပြထားပါတယ်။

http://www.rfa.org/burmese/news/ministry-defense-order-stop-war-01292013103426.html

January 19, 2013

လဂျားယန်သာမက ကချင်ပြည်နယ်အနှံ့ ထိုးစစ်များရပ်ပေးသင့်ကြောင်း KIO ထုတ်ပြန်

လဂျားယန် ဒေသတွင်သာ မက ကချင်ပြည်နယ် ဒေသအနှံ့တွင် မြန်မာ့ တပ်မတော်၏ စစ်ရေးထိုးစစ်ဆင်မှုကို လျှော့ချသင့်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် အမှတ် ၃/ ၂၀၁၂ တွင် တပ်မတော်အနေဖြင့် လဂျားယန် စခန်းရှိ စစ်သည်များ လုံခြုံရေးနှင့် မြစ်ကြီးနား ဗန်းမော် ပြည်ထောင်စု လမ်းမကြီး လုံခြံုရေးအတွက် လိုအပ်သည့် ကန့်သတ် ရည်မှန်းချက်များကို ရရှိပြီး ဖြစ်သောကြာင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီမှ စတင်ပြီး လဂျားယန်ရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် KIO က အထက်ပါအတိုင်း ပြန်လည် ထုတ်ပြန်ခဲ့သည်။
“လဂျားယန်ဟာ ပထမ ခြေလှမ်းဖြစ်နိုင်ပါတယ်။ နောက် ကချင်ပြည်နယ် တနယ်လုံးအတွက် ဘယ်နေ့ ဒီလို ကြေညာလာမလဲ ဆိုတာ ကျနော်တို့ မျှော်လင့်နေတယ်။ စစ်ရေး အရှိန် လျော့သွားတာနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ကျနော်တို့ တိုက်တွန်း သွားမယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးဆန်းအောင်က ဧရာဝတီကို ပြောသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လ အကြာတွင် စစ်ရေးအရှိန် ပြန်လည် မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန်ဒေသရှိ ပွိုင့် ရ၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြန်စရန်အတွက် အရေးတကြီး အဆိုတရပ် တင်သွင်းခဲ့ရာ ထိုနေ့
ညနေပိုင်းတွင် ယင်းအဆိုကို အတည်ပြုခဲ့သည်။
“လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ တိုက်တွန်းချက်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ကြိုဆိုမှာပါ။ အခုအချိန်အထိ KIA နဲ့ အဆက်အသွယ် မရသေးဘူး။ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။
KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံး ဒေသဖြစ်သည့် လဂျားယန် ဒေသတွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်း လိုက်ကြောင်း သတင်းထုတ်ပြန်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းက KIA တပ်မဟာ ၆ မှ ၀င်ရောက် တိုက်ခိုက်ရာ ၂ ဦးကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားသည်။

http://burma.irrawaddy.org/?slide=%E1%80%9C%E1%80%82%E1%80%BA%E1%80%AC%E1%80%B8%E1%80%9A%E1%80%94%E1%80%B9%E1%80%9E%E1%80%AC%E1%80%99%E1%80%80-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94

January 16, 2013

တပ်မတော်နှင့် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို အပြီးတိုင် ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောထား ထုတ်ပြန်

တပ်မတော်နှင့် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို အပြီးတိုင် ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော ပဋိပက္ခများ၊ စစ်ပွဲ ပြဿနာများသည် ပြေလည်ခြင်း မရှိသေးသည့် အပြင် ပိုမို ပြင်းထန်လာပြီး အစိုးရဘက်မှ စစ်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် အသုံးပြု ဆင်နွှဲလာသည်အထိ သတင်းမီဒီယာများတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရကြောင်း၊ နှစ်ဖက်အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ဖြင့် ဖြေရှင်းကာ စစ်ပွဲများကို ဖန်တီးနေကြသည့် အတွက် အပြစ်မဲ့ ပြည်သူများ၊ ကလေးငယ်များနှင့် မိခင်များသည် လွန်စွာ အတိဒုက္ခ ရောက်နေရကြောင်း၊ ခရစ်တော် ဖွားမြင်တော်မူသည့် ခရစမတ်နေ့တွင် ကမ္ဘာနှင့်အဝှမ်း ပျော်ရွှင်ကြည်နူးစွာ
ဖြတ်သန်းနေကြချိန်တွင် ကချင်ဒေသ၌ အမျိုးသမီးများနှင့် ကလေးငယ်များသည် မလုံခြုံသော၊ မပြည့်စုံသော ဒုက္ခသည် စခန်းများတွင် ဆာလောင်မှုများ၊ သောကများ၊ စိုးရိမ်ထိတ်လန့်မှုများဖြင့် ၀မ်းနည်းကြေကွဲစွာ ဖြတ်သန်းနေခဲ့ရကြောင်း၊ ထို့အပြင် ဒုက္ခသည် စခန်းများတွင် ချမ်းအေးလှသည့် ကချင်ဒေသ၏ ဆောင်းရာသီကို အန်တုရင်း သားသည် မိခင်များသည် ၄င်းတို့၏ ရင်သွေးငယ်များကို တင်းကျပ်စွာ ပွေ့ဖက်ကာ ရင်ဆိုင်ကျော်လွှား နေရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 
အပြစ်မဲ့ ပြည်သူများ အတိဒုက္ခရောက်နေသော်လည်း နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့သည်လည်းကောင်း၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ကချင်ပြည်နယ် အစိုးရသည် လည်းကောင်ဒ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည့် လွှတ်တော်တွင်း အင်အားအကြီးဆုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်လည်းကောင်း၊ ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လည်းကောင်း ပဋိပက္ခများကို ပြေလည် ငြိမ်းအေးအောင် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည်ကိုလည်း မြင်တွေ့ရသည်ဟု ကြေညာချက်တွင် ပြောဆိုခဲ့သည်။ 
အစိုးရနှင့် တိုင်းရင်းသားများအကြား ပဋိပက္ခ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါက ပင်လုံစာချုပ်၏ အနှစ်သာရများ ဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးကို ကျင့်သုံး လိုက်နာမှု မရှိခဲ့ခြင်း အပေါ်တွင် အခြေခံသည်ကို သိသာ ထင်ရှားကြောင်း၊ နိုင်ငံတော်နှင့် အစိုးရ တစ်ရပ်လုံး အနေဖြင့် တိုင်းရင်းသားအရေးကို ပြေလည်အောင် ဖြေရှင်းရာ၌ တိကျသော မူဝါဒများကို စွဲကိုင်ပြီး ကတိကဝတ်များကိုလည်း လေးစား လိုက်နာရန် လိုအပ်သလို နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းအားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြခြင်းသည်သာ ပြဿနာတစ်ခုလုံးကို ပြေလည်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က
ကြေညာချက်တွင် ရေးသားခဲ့ပါသည်။ 
ထို့အတွက်ကြောင့် တပ်မတော်နှင့် နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ထောင်စု တစ်ခုလုံး၏ အကျိုးစီးပွားကို ငဲ့ကွက်လျက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို ထိခိုက်နစ်နာလျက်ရှိသည့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိနေသော စစ်ပွဲများကို အပြီးတိုင် ရပ်တန့်ကာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ နည်းကိုသာ အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘောထား ထုတ်ပြန်ခဲ့ပါသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=17390:2013-01-16-14-29-40&catid=42:2009-11-10-07-36-59&Itemid=112

January 5, 2013

January 4, 2013

ကချင်ထိုးစစ်နှင့် ပတ်သက်၍ အစိုးရ ကြေညာချက် ထုတ်ပြန်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည် တိုက်ပွဲများနှင့် အစိုးရတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂနှင့်  နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ မြန်မာအစိုးရမှ ယနေ့ ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၏ ခြေကုပ်စခန်းများအား မြန်မာ့တပ်မတော်က တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပြစ်မဲ့ ပြည်သူများအား အန္တရာယ်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကျဉ်စေလိုကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
KIA ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော လဂျားယန်စခန်း ပွိုင့် ရ၇၁ တောင်ကုန်းကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်ခဲ့သည်။
သမ္မတရုံး၏ ကြေညာချက်တွင် KIA အဖွဲ့၏ ရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းခွဲ ဖျက်ဆီးခြင်း၊ စီးပွားရေး လုပ်ငန်းများအား ဟန့်တားနှောင့်ယှက်ခြင်း၊ ဓာတ်အားလိုင်းများကို ဖောက်ခွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း စသည့်လုပ်ရပ်များကြောင့် စစ်ရေးအရ ပြန်လည်တုံပြန်ရခြင်း ဖြစ်သော်လည်း တပ်မတော်မှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သည်ဟု ဖော်ပြထားသည်။
မြန်မာ့တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်သည့် နေရာများမှာ ဒေသခံများ နေထိုင်ခြင်းမရှိသည့် KIA စစ်စခန်းများသာ ဖြစ်သည်ဟုလည်းပါရှိသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကိုလည်း အစိုးရက ယာယီစခန်းများ ဖွင့်လှစ်ပြီး စားဝတ်နေရေး၊ ပညာရေး ထောက်ပံမှုများ ပေးထားကြောင်း၊ အစိုးရအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရးကို တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လဂျားယန်စခန်းတဝိုက် ထိန်းချုပ်ရေး တိုက်ပွဲများတွင် အစိုးရတပ်က လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခြင်းမှာ လဂျားယန်စခန်းသို့ သွားရောက် ရိက္ခာပို့သည့် စစ်တပ်ယာဉ်တန်းများ မကြာခဏ ချုံခိုတိုက်ခိုက်ခံရသည့်အတွက် အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ များပြားခဲ့ရ၍  ရှင်းလင်းခြင်းဖြစ်သည်ဟု စစ်ဘက်အသိုင်းအဝန်းက ဆိုသည်။
“စကခ ၃ လက်အောက်ခံ တပ်ရင်းသုံးရင်းက တပ်ရင်းမှူးရော၊ ဒုရင်းမှူးရော မထိတဲ့သူ မရှိဘူး။ အခု အင်အားထပ်ဖြည့်ထားတယ်။ အနောက်မြောက်တိုင်းက တိုင်းတပ်တွေရော၊ တပ်မ ၉၉ ရော အခု ထပ်တင်ထားတယ်။ နားနေတဲ့တပ်တွေလည်း အသင့်အနေအထားပဲ” ဟု အစိုးရ စစ်ဘက်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကမူ မြန်မာ့တပ်မတော်အနေဖြင့် KIA အခြေစိုက်ရာ လိုင်ဇာကို သိမ်းပိုက်မည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အာမခံပြောကြားခဲ့သည်။

http://burma.irrawaddy.org/archives/29836

December 19, 2012

ABSDF ၏ ပြည်တွင်းသို့ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ABSDF ၏ ပြည်တွင်းသို့ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူပါ။ 

ရှမ်းပြည်အတွင်း အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု SWAN ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်စဉ်တွင် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လူ့အခွင့်အရေးများ ဆက်လက် ချိုးဖောက်နေကြောင်း တွေ့ရှိရသည်ဟု ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။

မြန်မာအစိုးရက ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်း မရှိဘဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာ ဦးစားပေး လုပ်ဆောင်နေသဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်း တိုးမြှင့်ချထားသော အစိုးရစစ်တပ်များ ဆုတ်ခွာပေးရန်နှင့်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

နိုဝင်ဘာလကုန်ပိုင်းမှ ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ သီတင်းသုံးပတ်ကြာ SWAN ခရီးစဉ်အတွင်း ရှမ်းပြည်နယ်
တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်းတုံမြို့နယ် ၁ဝ ခု တို့တွင် ရှမ်းလူမှုအသိုင်းအဝိုင်းများနှင့် ရှမ်းပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

“ငြိမ်းချမ်းရေး လုပ်ပြီးတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ပြည်သူတွေ တောတောင်တွေမှာ ထွက်ပြေးနေရတယ်။ ခုချိန် လယ်ယာလည်း မရိပ်နိုင်ဘဲ ပစ်ထားရတယ်။ ရွာသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သူပုန်နဲ့ ဆက်သွယ်တယ် ဆိုပြီး ဖမ်းဆီး၊ ရိုက်နှက်တာတွေ ရှိနေတယ်။ လနဲ့ချီပြီး ချုပ်ထားတယ်။ တဖက်မှာလည်း လယ်မြေ သိမ်းတဲ့ ကိစ္စတွေ ရှိနေတယ်” ဟု SWAN မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက မဇ္စျိမကို ပြောသည်။

မိုင်းရှုးမြို့နယ်မှ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လေးခု ကြားသိခဲ့ရပြီး ကျူးလွန်သူများမှာ အစိုးရ စစ်တပ်ဘက်မှ ကျူးလွန်ခြင်း ဖြစ်သော်လည်း အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြောဆိုရန် မသင့်သေး
ကြောင်း မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် ၅၅ မြို့နယ်တွင် ယခင်က တမြို့နယ်လျှင် တပ်ရင်း တရင်းသာ ရှိခဲ့ရာမှ ယခုနောက်ပိုင်း ၁၈ဝ ရင်းထိ ရှိလာသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရှမ်းလူမှုအခြေပြုအဖွဲ့များက ပြောဆိုခဲ့သည်။

သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာမှ ၅ မိုင်အကွာတွင် ဖြတ်သန်းသွားသော တရုတ်ပိုင် ရေနံနှင့်သဘောဝ ဓါတ်ငွေ့ ပိုက်လိုင်းသည် ဆားဓါတ်ကြောင့် ပေါက်ကွဲစေနိုင်၍ ဒေသခံများ စိုးရိမ်သဖြင့် ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆို
နေသည်ဟု ယိင်းဟန်ဖ က ပြောသည်။

“မီးတိုင်တောင် တနှစ် မခံဘူး။ ၅ လ၊ ၆ လောက်ဆိုရင် ဓါတ်တိုင် လဲတာ။ ခု ပိုက်လိုင်းကို ဆားဓါတ်စားပြီး သံချေး တက်လာပြီးတော့ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မှာလဲ။ တချို့ ပိုက်လိုင်းတွေ ဆိုရင် မတည့်ဘူး။ ကောက်နေတယ်။ ဖာထားတာလည်း ရှိတယ်။ အဲဒါကြောင့် ဒီ ဂက်စ်ပိုက်လိုင်းက တကယ့်ကို အန္တရာယ် ကြီးနေပြီ၊ ပေါက်ကွဲသွားရင်
ပြည်သူတွေရဲ့ လုံခြုံရေးကို ဘယ်သူတာဝန်ယူမလဲ”ဟု သူက မဇ္စျိမကို ပြောသည်။

ထိုဂက်စ်ပိုင်းလိုင်း စီမံကိန်း ရပ်ဆိုင်းရေးအား ရှမ်းပြည်သူများက လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့် တင်ပြခဲ့သော်လည်း မည်သို့မျှ တုံ့ပြန်ခြင်း မရှိသေးဟု ဆိုသည်။

ထိုစီမံကိန်းကို တရုတ် အမျိုသား ရေနံကော်ပိုရေးရှင်း CNPC က လုပ်ဆောင်နေပြီး ပိုက်လိုင်းကို ရခိုင်ပြည်နယ်၊ ရမ်းဗြဲ ကျွန်းမှတဆင့် မန္တလေးတိုင်း၊ မေမြို့မှ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ နောင်ချို၊ မူဆယ်၊ နမ္မတူ၊ ကျောက်မဲ
နှင့် နမ့်ခမ်းမြို့များမှ တရုတ်နိုင်ငံထိ ဖြတ်သန်း ဖောက်လုပ်မည် ဖြစ်သည်။ ထိုပိုက်လိုင်းအတွက် နမ့်ခမ်းမြို့နယ် အတွင်း လယ်ယာမြေ ဧကပေါင်း ၁၅,ဝဝဝ သိမ်းပိုက်ခံနေရသည်ဟု ရှမ်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

ထိုကိစ္စကို ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ ရှမ်းပြည်သူလူထုများ၏ အခက်အခဲ အသေးစိတ်ကို ကောက်ခံပြီး လွှတ်တော် ကိုယ်စားလှယ်များမှတဆင့် ဗဟိုအစိုးရထံ တင်ပြသွားရန် စီစဉ်ထားသည်ဟု ယိင်းဟန်ဖ က ပြောသည်။

ယင်း SWAN အမျိုးသမီးအဖွဲ့များ သွားရောက်သည့် ခရီးစဉ်အတွင်း အစိုးရ၏ ထောက်လှမ်းရေးများ၏ စောင့်ကြည့်မှု များနှင့် စစ်ဆေးမေးမြန်းမှု အမျိုးမျိုးကြံုတွေ့ခဲ့ရသည်ဟုလည်း ယိင်းဟန်ဖ က ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ရန်ကုန်မြို့တွင် SWAN အပါအဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရှမ်းလူမှု အခြေပြု အဖွဲ့အစည်းများ၊ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ
နှင့် ရှမ်းစာပေယဉ်ကျေးမှု အသင်းများ ပါဝင်သော 'ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း' ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် ရှမ်းလူမျိုးများ ညီညွတ်ကြရန် သဘော တူညီခဲ့ခြင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်စဉ် ကာလ အတွင်း ကောင်းကျိုးတခုအဖြစ် ရှုမြင်သည်ဟု ဆက်ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/10614-----swan-.html

December 18, 2012

လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
SYS at KT
RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်

အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အပစ်ရပ်ခြင်းတနှစ်တာကာလအတွင်းမှ  ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက   မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက်တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင် ထားနေရကြောင်းဖော်ပြထားသည်။ 

အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။    

အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည်ကံကြမ္မာကို  သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင်တိုက်ခိုက်သည့်လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားပါသည်။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က အပစ်ရပ်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမတကြီးဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးမှုအကောင်အထည်ဖော်နိုင်ခဲ့သည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3743--rcssssa-.html

December 9, 2012

ချင်းအမျိုးသားတပ်ဦး၏ ဒုတိယအဆင့်ပြည်ထောင်စုသဘောတူညီချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင်  စစ်ရေးအပါအဝင် ရန်မူတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ ပြည်ထောင်စု အဆင့် နိုင်ငံရေးတွေ့ ဆုံဆွေး နွေးပွဲများ ကျင်းပခြင်း၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံသည့်“ ပြည်ထောင်စု သဘောတူစာချုပ် ” တရပ်ကို ပြည်ထောင်စု အစိုး ရ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုံညီစွာ လက် မှတ်ရေးထိုးခြင်းတို့ကိုအခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ် (၃) ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်၊ ဇန္နဝါရီလ (၆) ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မေလ (၇) ရက်နေ့တွင်လည်းကောင်း သဘော တူထားသော ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာ အာဏာတည်တ့ံခိုင်မြဲရေးတို့အပြင် ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် တန်းတူညီမျှရေး၊ တိုင်းရင်းသား လူမျိုး များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေးတို့ကို ငြိမ်းချမ်း ရေးဖြစ်စဉ် နို်င်ငံရေးဆွေးနွေးပွဲပြုလုပ်ရာတွင် အခြေခံရမည့် အခြေခံမူဝါဒများအဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်အဖြစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့ကို ချင်းအမျိုးသားတို့ အမြတ်တနိုး တန်ဖိုးထား သည့် နေ့ ထူးနေ့မြတ်ဖြစ်သော ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရေး၊ ချင်းဝိသေသတိုင်းအား ချင်းပြည်နယ် အဖြစ် ပြောင်းလဲသတ်မှတ်သည် ဇန္နဝါရီလ (၃) ရက်နေ့ကို ချင်းပြည်နယ်နေ့အဖြစ် သတ်မှတ်ရေးတို့ကို ချင်းပြည် နယ်အစိုးရမှဆက်လက် ဆောင်ရွက်သွားရန် ပြန်လည်ဆုံးဖြတ်ခဲ့ကြသည်။
စစ်ဖက်ဆိုင်ရာ နှင့် ပါတ်သက်ပြီး ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား အပစ်အခတ်ရပ်စဲစဉ် ကာလ အတွင်း ချင်းအမျိုးသား တပ်ဦး နှင့် ပြည်သူလူထု၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ အကြားဆက်သွယ် ဆက်ဆံမှု အားလုံး ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရသော်လည်းကောင်း၊ မတရားအ သင်း အက်ဥပဒေအရသော်လည်းကောင်း အရေးယူခြင်း မပြုလုပ်ရန် သဘော တူခဲ့ကြသည်။
လူ့အခွင့်အရေးဆိုင်ရာ နှင့် ပါတ်သက်ပြီးချင်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု လျှော့ပါးရေးအတွက် ချင်းလူ့ အခွင့်အရေးကော်မီတီကို ဖွဲ့စည်းအကောင်အထည်ဖော်ရန်နှင့် ၄င်းတို့၏ အစီရင်ခံစာအား ချင်းပြည်နယ်အစိုးရ၊ ချင်း အမျိုးသားတပ်ဦး နှင့်“ မြန်မာနိုင်ငံအမျိုးသား လူ့ အခွင့် အရေးကော်မရှင် ” ထံသို့ တင်ပြရန် သဘောတူခဲ့ကြသည်။
ယဉ်ကျေးမှု၊ လူမှု ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်တွင် ချင်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတခုဖွဲ့စည်းပြီး ချင်းပြည်နယ်နှင့် ချင်းအမျိုး သားများ နေထိုင်ရာ ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်ရန် ဖြစ် သည်။ ထိုသို့လုပ်ဆောင်ရာတွင် ပြည်ထောင်စုအစိုးရ၊ ချင်းပြည်နယ်အစိုးရ၊ INGO, NGO တို့နှင့် ပူးပေါင်း ဆောင် ရွက်ရန် သဘောတူခဲ့ကြသည်။
ချင်းပြည်နယ်အတွင်းအနည်းဆုံး ခေတ်မှီလေယာဉ်ကွင်းတခု တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ တွန်းဇံမြို့ နယ်မှ ပလက်ဝမြို့နယ် အထိ ပြည်ထောင်စု လမ်းမကြီး တည်ဆောက်ရန်အတွက် သော်လည်းကောင်း၊ မျိုးနွယ်စု ဘာသာ စကားဖြင့် ထုတ်လွှင့်မည် Community Radio Program ထူထောင်ရေးအတွက်သော်လည်းကောင်း၊ ချင်းပြည် နယ်ရှိ ကျောင်းသူကျောင်းသားများ ကွန်ပြူတာ နှင့် အင်တာနက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သော် လည်းကောင်း ၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းအကောင်အ ထည် ဖော် ဆောင် ရွက်ရန် သဘောတူညီခဲ့ကြသည်။
ချင်းလူမျိုးများ ဖွံ့ဖြိုးရေး၊ လူမှုရေး၊ ပညာရေးအထောက်အကူပြုလုပ်ငန်းများအတွက်လည်းကောင်း၊ ချင်းပြည်နယ်သားများ ခရီးသွားအဆင်ပြေချောမွေ့စေရေးအတွက်လည်းကောင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ ကလေးမြို့၊ စစ်တွေ နှင် ဆိတ်ဖြူမြို့များတွင် ချင်းပြည်နယ်ဂေဟာ ( Chin State  House) များကို ပြည်ထောင်စု အစိုးရ၊ ချင်းပြည်နယ်အစိုးရ နှင့် ချင်းအမျိုးသားတပ်ဦးတို့ပူးပေါင်းပြီး တည်ဆောက်သွားရန် သဘောတူညီခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့
ဆက်သွယ်ရန်
ဒေါက်တာရွှေခါး

December 4, 2012

မြန်မာပြည်တွင်း လတ်တလော အကြမ်းဖက်မှု များအပေါ် ဆိုး ရိမ်ကြောင်း KNU သဘောထား ထုတ်ပြန်

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)
မြန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် သဘော ထား ကြေညာ ချက်တစ်စောင် ထုတ်ပြန်လိုက် သည်။
အဆိုပါ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ် ရှားမှုကို အစိုးရအာဏာပိုင်များက အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ်ဆင် မြှင့်တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလုံသည့် လူထုနေရာများကိုတောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်းထားသည်။
KNU အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်အတွင်း အကြမ်းဖက် ဖြစ်ပွားမှုကို မလိုလားကြောင်းနှင့် ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားလိုသည့်အတွက် သဘောထား ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကေအိုင်စီသတင်းဌာနကို ပြောသည်။
“တကယ့်လူမြင်ကွင်းမှာ သံဃာတော်တွေတောင် ပါဝင်တဲ့ အနေအထားမှာတောင်မှ အပြောင်းအလဲတွေ လုပ်လိုတယ်လို့၊ ဦးတည် လှုပ်ရှားနေပါတယ်လို့ ကတိပေးတဲ့ကြားက ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာတာဟာ ပြည်သူ အတွက်ရော၊ အစိုးရအတွက်ရော ကျနော်တို့နဲ့အတူ ငြိမ်းချမ်းရေးတည်ဆောင်နေသူတွေ အတွက် ပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ အထူးသတိပြုဖို့ လိုတယ်။ ဒါမျိုး ထပ်မဖြစ် ဖို့ အောက်ခြေအထိ ထိန်းဖို့ လိုတယ်ဆိုတာ မီးမောင်းထိုးပြချင်တာပါ”ဟု ၄င်းက ပြော သည်။
KNU ၏ ကြေညာချက်ထဲတွင် မြန်မာအစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကြိုးပမ်းဆောင်ရွက်နေသည်ကို KNU မှ ထပ်လောင်း ကြိုဆိုကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူး စောလှငွေက “ထပ်လောင်း ကြိုဆိုတယ်ဆိုတာက မှန်ကန်တဲ့လုပ်ရပ်၊ တိုးတက်တဲ့လုပ်ရပ်၊ မွန်မြတ်တဲ့ လုပ်ရပ်တွေဟာ ပိုလုပ်သင့်တဲ့အလုပ် အစကနေအဆုံး အဆက်မပြတ် ရှေ့နောက်ညီညီ ဖြစ်စေချင်တာ ကို နိုးဆော်တဲ့ သဘောဖြစ်ပါတယ်”ဟု ဆက်လက် ပြောဆိုသည်။
ထိုကိစ္စများ ဖြစ်ပွားနေစဉ် နိုဝင်ဘာလ လကုန်းပိုင်းတွင် စတင်ကျင်းပသည့် ၁၅ကြိမ်မြောက် KNU ညီလာခံနှင့် တိုက်ဆိုင်လျက်ရှိရာ ယနေ့အခြေအနေမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းနေ စဉ်ကာလအတွင် ဤကဲ့သို့သော ဖြစ်ရပ်ဆိုးများကြောင့် ငြိမ်းချမ်းရေး ရှေ့အလားအလာအတွက် ဆိုးရိမ်စ ရာဖြစ်ကြောင်း KNU ညီလာခံ ကိုယ်စားလှယ်များက ဆွေးနွေး သဘောတူကာ ဆုံးဖြတ်ခဲ့ကြသည်။

http://www.kicnews.org/?p=14513

November 22, 2012

ကေအဲန်ယူဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးပတ်သက်၍ သတင်းထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သုံးပတ်ကြာကျင်းပခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးနှင့်ပတ်သက်၍ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
KNU ၏ ထုတ်ပြန်ကြေညာချက်
KNU ၏ ထုတ်ပြန်ကြေညာချက်
အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကေအဲန်ယူ နယ်မြေ ဖားအံခရိုင်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကေအဲန်ယူ ဗဟိုကော်မတီဝင် ဗဒိုမန်းငြိမ်းမောင်က “ပုံမှန်ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်ချက်တွေကို သဘောထားတွေကို တိုင်းပြည်ကိုသိသင့်တဲ့ကိစ္စပဲထင်လို့ ကျနော်တို့ထုတ် တယ်၊ နောက်ကျနော်တို့ ကရင်အမျိုးသားတွေလည်းသိစေချင်တဲ့ရည်ရွက်ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တယ်” ဟု ပြောသည်။
အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်းကော်မတီ ၄၀ ဦး တက်ရောက် ကြပြီး ၄ နှစ်တာကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေများနှင့် အခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ကျေကျေလည်လည် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ယခင်စစ်ဦးစီးချုပ်အပါအဝင် ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကေအဲန်ယူဗဟိုက မူလတာဝန်များအတိုင်း ပြည်လည်ပေးအပ်ခဲ့သည်။
ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပမည်ဟု သိရသည်။
ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် လတ်တလော ဖြစ်ရှိပြောင်းလဲနေသော မြန်မာပြည်နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များကို ပြည်လည်သုံးသပ်ဆွေးနွေးနှိုင်းယှဉ်ပြီး အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် အချက် ၃ ချက်ဖြင့် ချတ်မှတ်ခဲ့သည်။
ယင်းအချက်များမှာ
၁။ စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွားမည်၊
၂။ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးကို တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်၊
၃။ ကရင်အမျိုးသား အစည်းအရုံးသည် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေး ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူအခွင့်အရေးရရှိရန် ပြည်တွင်းပြည်ပ ကရင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်တို့ ပါဝင်သည်။

http://burmese.monnews.org/?p=5895

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု UNA ကြေညာချက်ထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
UNA ၏ထုတ်ပြန်ချက်(UNA)
UNA ၏ထုတ်ပြန်ချက်(UNA)
SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က “အဓိက အချက်နှစ်ချက်ပေါ့နော် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့နဲ့ စီးပွားရေးရုပ်သိမ်းတာ စောသေးတယ်ဆိုတဲ့ ဒီနှစ်ခုကို အဓိကထားပြီးတော့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကိုထုတ်လိုက်တာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အစပြုရုံသာရှိ၍ ပြီးပြည့်စုံရန် မရှိသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ထဲကျန်ရှိနေသေးကြောင်းနှင့် မြန်မာပြည်အပေါ် သတ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအကုန်လုံးနီးပါး ရုပ်သိမ်းခြင်းသည် အချိန်စောလွန်းနေသေးသည်ဟု ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားများတောင်းဆိုနေကြသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြစ်ပေါ်လာရန် အခင်းအကျင်းချမှတ်ထားခြင်းမရှိ သေးသည့်အတွက် အမေရိကန်အနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမှုကို အချိန်စောပြီး မပြုလုပ်သင့်ကြောင်း စသည့်အချက် ၄ ချက်တို့ပါဝင်သည်။
အဆိုပါကြေညာချက်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အမေရိကန်သမ္မတ အိုဘားမားနှင့်တွေ့ဆုံခဲ့စဉ် UNA အဖွဲ့ခေါင်းဆောင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ကိုယ်တိုင်ပေးကမ်းလိုက်ခြင်းဖြစ်သည်ဟု SNLD ပါတီမှ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောသည်။
၎င်းက “အမရိကန်သမ္မတ အိုဘားမား စစတွေ့ချင်းမှာ ဥက္ကဌ ဦးခွန်ထွန်းဦးက မြန်မာပြည်ရဲ့ အဓိက လိုအပ်ချက်ကတော့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးရရှိဖို့ပဲ၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အကောင် အထည်ဖော်ဖို့လိုတယ်” ဟု ပြောသည်။
ထို့နောက် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ တပ်မတော်အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများဖြစ်သည့်အတွက် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန်လိုကြောင်း ပြီးခဲ့သော အောက်တိုဘာလ ၂၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသား မဟာမိတ်အဖွဲ့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
United Nationalities Alliance (UNA) ခေါ် တိုင်းရင်းသားမဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
လက်ရှိ UNA အဖွဲ့တွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ မွန်ဒီမိုကရေစီပါတီ MDP ၊ Zomi Congress for Democracy (ZCD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP, Kachin State National Congress for Democracy (KNCD)၊ Kayin National congress for Democracy (KNCD) ပါဝင်လျှက်ရှိကြသည်။

http://burmese.monnews.org/?p=5862

November 21, 2012

အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ကေအဲန်ယူ ပြော

နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
စက်တင်ဘာလက ဖွင်းလှစ်ခဲ့သည့် ဖားအံဆက် ဆံရေးရုံးဖွင့်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းတွင် အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မမှန်ကြောင်း ကရင်အမျိုးသားအစည်း အရုံး-ကေအဲန်ယူ က ယနေ့ထုတ်ဖော်ပြောကြား လိုက်သည်။
ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တလောက ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာ သဘောထားကွဲလွဲနေတဲ့အပေါ် ကွဲကြမယ်ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ သဘော ထားကွဲမှုကြောင့် အဖွဲ့အစည်းကွဲမှုတော့ မဖြစ်စေရဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ယင်းသဘောထားကွဲလွဲနေမှုများကို (၁၄)ကြိမ်မြောက် ကွန်ဂရတ်အပြီး အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၀ရက်နေ့အထိ ကေအဲန်ယူ ဖားအံခရိုင်တွင် ကျင်းပသော စတုတ္တအကြိမ်မြောက် ဗဟိုအမြဲ တမ်းကော်မတီအစည်းအဝေးတွင် အချင်းချင်း ကျေကျေလည်လည် ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း ယနေ့ရက်စွဲ ဖြင့် ကေအဲန်ယူ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်နှင့်ပတ်သက်၍ ဗိုလ်မှူးစောလှငွေက “သဘောထားကွဲလွဲမှုတွေ ပြန်ညှိလို့ရတာပဲဆိုပြီး ကျနော်တို့ အရေးပေါ်အစည်းအဝေးလုပ်ပြီး ညှိကြတယ်။ အဲဒီအရေးပေါ်မှာ ကျနော်တို့ ရည်မှန်းချက် ထားထားတဲ့အတိုင်း ဗဟိုပုံမှန်အစည်းအဝေးကို လုပ်သွားနိုင်တဲ့အကြောင်းကို ကရင်ပြည်သူတွေကို သိစေချင်လို့ပါ”ဟု ပြောသည်။
စတုတ္တအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးတွင် ပထမ သဘာပတိအဖြစ် ဒုဥက္ကဌ ပဒိုဒေးဗစ် သာကပေါ၊ ဒုသဘာပတိအဖြစ် ဗိုလ်ချုပ်မှူးကြီး မူးတူးစေးဖိုးတို့ ဦးဆောင်ခဲ့ပြီး ဗဟိုအမြဲ တမ်းကော်မတီဝင်နှင့် ဗဟိုအရံကော်မတီဝင် (၄၀) ဦးတက်ရောက်ခဲ့ဟု ကေအဲန်ယူ ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် အစည်းအဝေးတွင် ပြီးခဲ့သည့် ၄နှစ်တာ ကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေ အနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နည်းဥပဒေများ၊ အခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ပြန်လည်သုံး သပ်ပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း ကေအဲန်ယူက ပြောသည်။
စစ်မှန်သော ငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်၊ စစ်မှန်သည့် ပြည်ထောင် စုပေါ်ထွန်းရေးအတွက် တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင် ရွက်သွားရန်၊ ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူ အခွင့်အရေး ရရှိရန် ပြည်တွင်း ပြည်ပကရင်များနှင့်အတူ ပူးပေါင်းသွားမည်ဟုလည်း ကေအဲန်ယူ၏ ကြေညာချက်က ဆိုသည်။
ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆ရက်မှ ဒီဇင်ဘာလ ရရက်နေ့ အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပရန်ရှိသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
လာမည့် ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမှုအခြေပြုအဖွဲ့အစည်းများအား ဖိတ်ကြားထားသည့် အတွက် ဆွေးနွေးစရာ၊ ဖြေရှင်းစရာများကို တက်ရောက်လာသည့် ကိုယ်စားလှယ်များက မေးခွန်းများမေးမြန်း ပြီး သက်ဆိုင်ရာ ကေအဲန်ယူတာဝန်ရှိသူများဘက်မှလည်း ဖြေကြားရမည့် အစီအစဉ်ရမည့် အစီအစဉ်ရှိသဖြင့် ညီလာခံမှာ သတ်ထားရက်ထက် ကြာနိုင်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး အပါအဝင် ကေအဲန်ယူခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့ ၃၁ဦးပါ၀င်သည့် အဖွဲ့သည် ဖားအံမြို့သို့ စက်တင်ဘာ ၂၇ရက်နေ့က KNLA တပ်မဟာများ ဆက်ဆံရေးဖွင့်ရန် ထွက်ခွာခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ KNU ဗဟိုဌာ နချုပ်မှ ၎င်းတို့၏ အစီအစဉ် မဟုတ်ကြောင်း ကြေညာချက်ပြန်ခဲ့သည်။
ထိုနေ့တွင်ပင် ကြေညာချက် ထုတ်ပြန်ခဲ့သလို KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ဦးအနက် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောရောဂျာခင်နှင့် ပဒိုစောဒေးဗစ်ထောတို့ကို တာဝန်မှ ထုတ်ပယ်လိုက်ကြောင်း ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ထုတ်ပယ်လိုက်သည့် စစ်ဦးစီးချုပ်နှင့် ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးကို ကေအဲန်ယူဗဟို က အောက်တိုဘာလ ၂၅ရက်နေ့တွင် ကရင်တမျိုးသားလုံး၏ ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် မူလတာဝန်များအတိုင်း ပြန်လည်ပေးအပ်ခဲ့သည်။

http://www.kicnews.org/?p=14244

November 17, 2012

ပြည်ပရောက် ကချင်မဟာမိတ်များက အိုဘားမားခရီးစဉ်ကိုသဘောထားထုတ်ပြန်

ပြည်ပရောက် ကချင်မဟာမိတ်များက အိ်ုုဘားမားခရီးစဉ်ကိုု သဘောထားထုုတ်ပြန်
မိုုးမခ၊ နိုုဝင်ဘာ ၁၇၊ ၂၀၁၂
နိုုင်ငံတကာရှိ ကချင်တိုုင်းရင်းသားအဖွဲ့ ၃၄ ဖွဲ့က နိုုဝင်ဘာ ၁၉  ရက်တွင် လာရောက်မည့် အမေရိကန်သမ္မတခရီးစဉ်အပေါ် သဘောထားတရပ် ထုုတ်ပြန်လိုုက်သည်ကိုု လက်ခံရရှိသည်။ လာမည့် ရက်သတ္တပတ်အတွင်း၊ မြန်မာပြည်သိုု့  ၆ နာရီကျော် ခေတ္တဝင်ရောက်မည့် သမ္မတကြီး အိုုဘားမားအနေဖြင့် မြန်မာအစုုိးရလက်ရှိ နိုုင်ငံရေးအခြေအနေအပေါ် အလွန်အကျွံအကောင်းမြင်မှုများ၊ ထောက်ခံမှုများ မပြုလုုပ်ရန် စုုပေါင်းသဘောထားတရပ် တင်ပြထားသည်ကိုု တွေ့ရသည်။ မြန်မာပြည်အတွင်း လူ့အခွင့်အရေး၊ တရားဥပဒေစိုုးမိုုးမှုနှင့် နိုုင်ငံရေးလွတ်လပ်ခွင့်များ အပြည့်အဝမရှိသေးခြင်း၊ လက်ရှိကချင်ပြည်နယ်တွင်း စစ်တပ်၏ ထိုုးစစ်များကြောင့် ပြည်သူ ၉  သောင်း၊ ဒုုက္ခသည်စခန်း ၂၄ ခုုဖြင့် ကစဥ့်ကလျား ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်ကြောင်း၊ အမေရိကန်သမ္မတအနေဖြင့် မိမိတိုုင်းပြည်၏ ဒီမိုုကရေစီ တန်ဖိုုး စံချိန်ထိုုးပြီး မြန်မာပြည်အရေးကိုု ပြောဆိုုဆောင်ရွက်စေလိုုကြောင်း ပြောကြားထားသည်။
မူရင်း အင်္ဂလိပ်ဘာသာကိုု သည်နေရာမှာ ဖတ်နိုုင်ပါပြီ။


15th nov 2012 - Kachin letter to Obama on Burma Trip

November 16, 2012

စစ်သင်တန်းကျောင်းရပ်ဆိုင်းရန် ကရင်နီအခြေပြု လူမှုအဖွဲ့အစည်းကွန်ယက်မှ ကြေညာချက်ထုတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကရင်နီ(ကယား)ပြည်နယ် အနောက်မြောက်၊ ဖရှူဆိုမြို့နယ်အတွင်း တည်ဆောက်နေသည့် စစ်လေ့ကျင့်ရေးသင်တန်းကျောင်းသစ်ကို ရပ်ဆိုင်းပေးရန် ကရင်နီအခြေပြု လူမှုအဖွဲ့ အစည်းကွန်ယက်မှ နိုဝင်ဘာ ၁၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်စပ်ရှိ ဆည်တစ်ခု(Internet)
“စစ်သင်တန်းကျောင်းဆောက်လုပ်တဲ့နေရာမှာ ပြည်သူလူထုရဲ့မြေယာသိမ်းထားတာမနည်းဘူး၊ လူထုတွေအနေနဲ့ ဒီစစ်သင်တန်းကျောင်းအစား အများနှင့်ဆိုင်တဲ့ ဘာသင်တန်းကျောင်းပဲဖြစ်ဖြစ်ဆောက်ရင် သူတို့သဘောတူတယ်၊ အခု စစ်သင်တန်းကျောင်းကို ဆောက်နေတာ ၇၀ ရာခိုင်းနှုန်းလောက်ရှိနေပြီး အဲဒါကြာင့် ဒီဆောက်လုပ်ရေးကိုရပ်ပေးဖို့ ကန့်ကွက်တဲ့အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တာပါ” ဟု ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူထုအကျိုးပြုအရေး ပါဝင်ဆောင်ရွက်နေသူ ကိုသက်တင်က ပြောသည်။ ယင်းအမှတ်(၁၄) စစ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ၂၀၁၁ ခုနှစ်မှ စတင်တည်ဆောက်ခဲ့စဉ် လယ်ယာမြေ ဧက ၃၅၂၅ သိမ်းဆည်းခံထားရပြီး အိမ်ခြေ ၅၀ဝ ခန့်အပါအဝင် လူဦးရေ ၃၀ဝ၀ ကျော် ပြောင်းရွေ့ခဲ့ကြရသည်ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း လူထုအခြေပြုကိုယ်စားလှယ်(၄၀)ကျော် ပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်တိုးချဲ့ချထားခြင်း၊ မြေယာ သိမ်းဆည်းခြင်းကြောင့် ဖြစ်ပေါ်လာသောလုပ်ကိုင်စားသောက်မှုပြဿနာများနှင့် ခရီးသွားလာရေးကန့်သက်ပိတ်ပင်ခြင်းများအပေါ် စိုးရိမ်ပူပန်မှုများကို ထိုနှီးနှောဖလှယ်ပွဲတွင် တင်ပြဆွေးခဲ့ကြသည်။
ဒေသခံ လူထုများအနေဖြင့် ၎င်းအမှတ်(၁၄) စစ်လေ့ကျင့်ရေးသင်တန်းကျောင်းအတွက် သိမ်းဆည်းခဲ့သည့် မြေယာများကို အများပြည်အတွက် အကျိုးပြုမည့် အများပိုင်ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရည်စူးအသုံးပြုသွားရန် လိုလားကြသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ကရင်နီပြည်နယ် တည်ဆောက်မည့် အကြီးစားရေကာတာစီမံကိန်းအားလုံးကိုရပ်စဲရန်နှင့် မည်သည့်စီမံကိန်းကိုမဆို ကောင်းစွာကြိုတင် အသိပေးထားသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လွတ်လပ် သော ဆန္ဒဖြင့်ထုတ်ဖော်ပြောကြားသည့်သဘောတူညီချက်လမ်းညွန် (Free, Prior Inform Consent – FPIC) ကျင့်ထုံးကို သေချာ အသုံးပြုသွားရန် အစိုးရအား တောင်းဆိုလိုက်ကြသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် အစိုးရနှင့် ကေအဲန်ပီပီတို့၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှ သဘောတူညီချက်ဖြစ်သည့် “ကယားပြည်နယ်အတွင်း လေ့ကျင့်ရေးကျောင်းတည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ဆန္ဒကို လေ့လာသုံး သပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့မှ ပြည်နယ်အဆင့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးပြီး အစီရင်ခံစားကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော် သမ္မတထံ တင်ပြရန် သဘောတူခဲ့ကြသည်” ဆိုသည့်အပေါ် လက်တွေ့တွင် အစိုးရဖက်မှ ၎င်းလေ့လာသုံးသပ်လုပ်ငန်းကို ချုပ်ကိုင်လွှမ်းမိုးပြီး ဒေသခံလူထု၏အသံကို လျစ်လျူရှုထားကာ လေ့လာသုံးသပ်ချက်အစီရင်ခံစာတွင် ၎င်းစစ်လေ့ကျင့်ရေးကျောင်း ဆက်လက်တည်ဆောက်နိုင်ရန်ကိုသာ တင်ပြခဲ့ကြသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

http://burmese.monnews.org/?p=5839

ဆက်စပ်သော် သတင်းများ။
  1. ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းလျှက်ရှိကြောင်း PNLO ကြေညာချက်ထုတ်ပြန် ခတ္တာနွန် – ယနေ့တပေါင်းလပြည့်နေ့တွင်ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ ထုတ်ပြန်ကြေငြာချက်အရ (PNLO) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ တပြည်လုံးအတိုင်းအာတာဖြင့် အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးအရ...
  2. အပြောင်းအလဲကာလမှာ ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီကြေညာချက်ထုတ် မင်းသုတ – လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပေါ်ထွန်းစေနိုင်သည့် အပြောင်းအလဲကာလဖြစ်နေသဖြင့် လူမျိုးစုံပြည်သူတိုင်း...
  3. ဖားအံမြို့တွင်ဖွင့်လှစ်မည့်ဆက်ဆံရေးရုံးကိစ္စ ကေအဲန်ယူမသိရှိဟုကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင့်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် အဖွဲ့ဝင်အချို့ ကရင်ပြည်နယ်၊ ဖားအံမြို့၌ မနက်ဖြန်တွင်...
  4. ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့ပေါင်းစည်းရေး အတွက် နှစ်ပါတီခေါင်းဆောင်များနှင့်...
  5. တိုင်းရင်းသားညီးလာခံ ကြေညာချက်ထုတ်ပြန် လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပခဲ့သော ၂၀၁၂ တိုင်းရင်းသားလူမျိုးများညီလာခံမှ ငြိမ်းချမ်းရေးစီမံချက်လမ်းပြမြေပုံ ၆ ချက်ကို...
  6. ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာချက်ထုတ်ပြန် မင်းသုတ – လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ချက်ချင်းလက်ငင်း လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန်...
  7. မြန်မာအစိုးရနှင့် ဆက်ဆံရေး ဆိုင်းငံ့ထားရန် တိုင်းရင်းသား လူမျိုးများကောင်စီ တိုက်တွန်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေသည့် တိုင်းရင်းသားဒေသ၌ မြန်မာစစ်တပ်ထိုးစစ်ဆင်နေသဖြင့် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံထားရန် တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု...
  8. တရုတ်သို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းနေမှုရပ်ဆိုင်းရန် ရွှေဂက်စ်မှတောင်းဆို ခတ္တာနွန် – ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ လက်ရှိသွယ်တန်းနေသော သဘာဝဓါတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှားမှု(ရွှေဂတ်စ်)အဖွဲ့မှ ဦးဆောင်၍ ရ ကြိမ်မြောက်လှုပ်ရှားမှုတစ်ရပ်ကို...
  9. လွိုင်ကော်မြို့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပထမဦးဆုံး ဆက်ဆံရေးရုံးဖွင့် ဂျူရီချိုင်း – ကရင်နီအမျိုးသားတိုး တက်ရေး ပါတီ(KNPP)က ပထမဦးဆုံး ဆက်ဆံရေးရုံးကို ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့နံနက်တွင်...
  10. မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ် မင်းသုတ- အနာဂတ်တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region...

အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အပြောနှင့်အလုပ် မကိုက်ညီဟု AAPP ပြောဆို

နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာအစိုးရ၏ အခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ လွတ်ငြိမ်းချမ်း သာခွင့်အဖြစ် ယမန်နေ့က လွှတ်ပေးလိုက်သည့် အကျဉ်းသား ၄၅၂ဦးထဲ တွင် နိုင်ငံရေးအကျဉ်းသား မပါ၀င်သည့်တွက် အစိုးရသည် အပြောနှင့်အလုပ် မကိုက်ညီကြောင်း ထိုင်း နိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာ နိုင်ငံ)-AAPP က ယနေ့ ပြောဆိုလိုက်သည်။
စက်တင်ဘာလက အမေရိကန်ပြည်ထောင်၌ ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီသတင်းဌာန မြန်မာပိုင်းမှ မေးမြန်းခဲ့ရာ သမ္မတက မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများကို စိစစ်ကာ လွှတ်ပေးလျှက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
AAPP အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က “သမ္မတရဲ့ အမေရိကန်ခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ပြီး လွှတ် ပေးနေပါတယ်။ ရာဇဝတ်အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ် မဖြစ်နိုင်သေးဘူးလို့ ဖြေကြားထားတယ်။ အခုလွှတ်တာ နိုင်ငံရေးအကျဉ်းသား မပါတော့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ သံသယ ဖြစ်စရာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ ရှိနေသော အကျဉ်းသားများကို အစိုးရအနေဖြင့် သေသေချာချာ စိစစ်ကာ နိုင်ငံရေးအကျဉ်းသား/သူ ဖြစ်သူများကို အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ကိုတိတ်နိုင်က အစိုးရအား တိုက်တွန်းပြောဆိုလိုက် သည်။
အစိုးရမှ လွှတ်ပေးလိုက်သည့် အကျဉ်းသားများထဲတွင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံပြီးသူများ၊ အသက်အရွယ်ကြီးရင့်သူများ နှင့် ကျန်းမာရေးချို့တဲ့သူများ၊ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားများဖြစ်ပြီး ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်သည်ဟု ယမန်နေ့ နိုဝင်ဘာလ ၁၅ရက်နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ တွင် ဖော်ပြပါရှိသည်။
အစိုးရ၏ လက်ရှိဖော်ဆောင်နေသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး ရေးသည် အဓိကကျသော အချက်တစ်ချက်အဖြစ်ပါ၀င်ပြီး နဝတ၊ နအဖ စစ်အစိုးရခေတ်ကတည်းက မတရား ဖမ်းဆီးချုပ်နှောင် ခံထားရသူ နိုင်ငံရေးအကျဉ်းသားများစွာ ရှိနေသေးသည်ဟုလည်း AAPP က ဆိုသည်။
ကိုတိတ်နိုင်က “ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးချင်ရင် အကုန်လွှတ်ပေးလို့ရတယ်။ အခု အစိုးရအနေနဲ့ ဒါ ကို မျက်ကွယ်ပြုနေတဲ့အခါကျတော့ ဒီမိုကရေစီဖွ့ံဖြိုးတိုးတက်ရေးကို တမင်နှောင့်နှေးအောင် လုပ်ဆောင်နေသလားလို့တောင် ယူဆလို့ရတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံရှိအကျဉ်းထောင်များထဲတွင် ကျန်ရှိသောနိုင်ငံရေး အကျဉ်းသားများမှာ အနည်းဆုံး ၂၇၇ဦးရှိကြောင်းနှင့် မတရားအသင်းနှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ရာဇဝတ်မှုပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်လက် ဖမ်းဆီးခံထားရသူများ၏ ဦးရေ မှာ ၅၀နှင့် ၆၀အကြားတွင် ရှိနေသေးကြောင်း AAPP ၏ စာရင်းမှတ်တမ်းအရ သိရသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများအား လွှတ်ပေးခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၅ကြိမ်မြောက်ရှိပြီဖြစ်သည်။

http://www.kicnews.org/?p=14153

November 12, 2012

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)မှ သဘောထားကြေငြာချက်ထုတ်ပြန်



ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)၏ (၁၃) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ (၁၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး သဘောထားကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India