January 16, 2013

တပ်မတော်နှင့် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို အပြီးတိုင် ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ သဘောထား ထုတ်ပြန်

တပ်မတော်နှင့် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို အပြီးတိုင် ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော ပဋိပက္ခများ၊ စစ်ပွဲ ပြဿနာများသည် ပြေလည်ခြင်း မရှိသေးသည့် အပြင် ပိုမို ပြင်းထန်လာပြီး အစိုးရဘက်မှ စစ်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် အသုံးပြု ဆင်နွှဲလာသည်အထိ သတင်းမီဒီယာများတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရကြောင်း၊ နှစ်ဖက်အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ဖြင့် ဖြေရှင်းကာ စစ်ပွဲများကို ဖန်တီးနေကြသည့် အတွက် အပြစ်မဲ့ ပြည်သူများ၊ ကလေးငယ်များနှင့် မိခင်များသည် လွန်စွာ အတိဒုက္ခ ရောက်နေရကြောင်း၊ ခရစ်တော် ဖွားမြင်တော်မူသည့် ခရစမတ်နေ့တွင် ကမ္ဘာနှင့်အဝှမ်း ပျော်ရွှင်ကြည်နူးစွာ
ဖြတ်သန်းနေကြချိန်တွင် ကချင်ဒေသ၌ အမျိုးသမီးများနှင့် ကလေးငယ်များသည် မလုံခြုံသော၊ မပြည့်စုံသော ဒုက္ခသည် စခန်းများတွင် ဆာလောင်မှုများ၊ သောကများ၊ စိုးရိမ်ထိတ်လန့်မှုများဖြင့် ၀မ်းနည်းကြေကွဲစွာ ဖြတ်သန်းနေခဲ့ရကြောင်း၊ ထို့အပြင် ဒုက္ခသည် စခန်းများတွင် ချမ်းအေးလှသည့် ကချင်ဒေသ၏ ဆောင်းရာသီကို အန်တုရင်း သားသည် မိခင်များသည် ၄င်းတို့၏ ရင်သွေးငယ်များကို တင်းကျပ်စွာ ပွေ့ဖက်ကာ ရင်ဆိုင်ကျော်လွှား နေရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 
အပြစ်မဲ့ ပြည်သူများ အတိဒုက္ခရောက်နေသော်လည်း နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့သည်လည်းကောင်း၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ကချင်ပြည်နယ် အစိုးရသည် လည်းကောင်ဒ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည့် လွှတ်တော်တွင်း အင်အားအကြီးဆုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည်လည်းကောင်း၊ ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် လည်းကောင်း ပဋိပက္ခများကို ပြေလည် ငြိမ်းအေးအောင် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည်ကိုလည်း မြင်တွေ့ရသည်ဟု ကြေညာချက်တွင် ပြောဆိုခဲ့သည်။ 
အစိုးရနှင့် တိုင်းရင်းသားများအကြား ပဋိပက္ခ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါက ပင်လုံစာချုပ်၏ အနှစ်သာရများ ဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးကို ကျင့်သုံး လိုက်နာမှု မရှိခဲ့ခြင်း အပေါ်တွင် အခြေခံသည်ကို သိသာ ထင်ရှားကြောင်း၊ နိုင်ငံတော်နှင့် အစိုးရ တစ်ရပ်လုံး အနေဖြင့် တိုင်းရင်းသားအရေးကို ပြေလည်အောင် ဖြေရှင်းရာ၌ တိကျသော မူဝါဒများကို စွဲကိုင်ပြီး ကတိကဝတ်များကိုလည်း လေးစား လိုက်နာရန် လိုအပ်သလို နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းအားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြခြင်းသည်သာ ပြဿနာတစ်ခုလုံးကို ပြေလည်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က
ကြေညာချက်တွင် ရေးသားခဲ့ပါသည်။ 
ထို့အတွက်ကြောင့် တပ်မတော်နှင့် နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်ထောင်စု တစ်ခုလုံး၏ အကျိုးစီးပွားကို ငဲ့ကွက်လျက် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို ထိခိုက်နစ်နာလျက်ရှိသည့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိနေသော စစ်ပွဲများကို အပြီးတိုင် ရပ်တန့်ကာ တွေ့ဆုံ ဆွေးနွေး အဖြေရှာ နည်းကိုသာ အလေးအနက်ထား ဆောင်ရွက်စေလိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘောထား ထုတ်ပြန်ခဲ့ပါသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=17390:2013-01-16-14-29-40&catid=42:2009-11-10-07-36-59&Itemid=112
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India