Showing posts with label ဒေသအခြေအနေ. Show all posts
Showing posts with label ဒေသအခြေအနေ. Show all posts

April 30, 2013

လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်

ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်) ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်)
အစိုးရတပ်ဖွဲ့တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်ဒေသ ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်စိမ်းတူး နေကြသူများကို လိုက်လံ ပစ်ခတ်သည့် နည်းဖြင့် မောင်းထုတ်လျှက် ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
“ပစ်ခတ်ပြီး လိုက်လံ မောင်းနှင်းနေခဲ့တာ ကနေ့ အထိပါ။ တကယ်တော့ ကျနော်တို့ အခြေခံထားတဲ့ မြေနေရာကိုက စိုက်ပျိုးရေးနဲ့ အသက်မွေးလို့ မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ ဒီ ကျောက်စိမ်းမှော်တွေကို အားကိုးပြီး အသက်ရှင် နေကြတဲ့ သူတွေပါ။ ဒါကို အစိုးရတပ်ဖွဲ့တွေက လာလာပြီး ပစ်ခတ်နေတယ်ဆိုတော့ ဘာနဲ့စားရတော့မှာလဲ” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းမှော် တူးသူများကို တားဆီးပိတ်ပင်ခဲ့ သည်ဟု ဒေသခံက ဆိုပါသည်။ ဤသို့ကြောင့် ဒေသခံ ကချင်ပြည်သူ များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေမျိုး ထပ်မ ံချုပ်ချယ်ခြင်း ခံနေရကြောင်း ဆိုပါသည်။
အစိုးရ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ အင်းအား (၄၀၀) ခန့်သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် ဤဖားကန့်ဒေသသို့ စစ်ဆင် လာခဲ့ပါသည်။ ဇန္နာဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ခြေချ တပ်စွဲထားသည့် KIA တပ်မဟာ ၂ လက်အောက်ခ၊ံ အမှတ် ၆ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤအချိန်မှစပြီး ဒေသခံကျေးရွာများကို တအိမ်တက်ဆင်း ပစ္စည်းများ လိုက်လံ သိမ်းယူနေပြီး လူများကို လည်း သွားလာခွင့် ပိတ်ပင်ခဲ့ပါသည်။
“အစိုးရတပ်တွေက  KIA တပ်ရင်း ၆ ကို သိမ်းပြီးတာနဲ့ ဖာ့ကန်းဒေသက ကျေးရွာတွေကို ဗိုလ်ကျ အုပ်ချုပ်လာတော့ တာ ပါဘဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ KIA ကို တိုက်တုန်းကတော့ လူထုကို စစ်ရေးနဲ့နှိပ်ကွပ်တယ်။  အခုလို အချိန် မျိုးကျပြန်တော့လည်း လူထုကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေနဲ့ ချုပ်ချယ်ပြန်တယ်လေ။  ဒီ ဖားကန့်မြို့ လုံးခင်း ဒေသဆိုရင် လူတွေဟာ ကျောက်စိမ်းမှော်တွေနဲ့ဘဲ အသက်မွေးကြရတယ်လေ။ ဒါကိုပိတ်လိုက်ရင် ကျနော်တို့ကို သတ် ပစ်လိုက်တာနဲ့ အတူတူပါဘဲဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူးသမား တစ်ဦးက ဆိုပါသည်။
ဖားကန့်မြို့နယ် လုံးခင်းဒေသည် မိုးခေါင် ရေရှားပြီး ခြောက်သွေ့သော ဒေသ ဖြစ်သောကြောင့် တောင်ယာခုတ် ပြီး စပါး စိုက်ပျိုး၍ မရသည့် ဒေသဖြစ်ပါသည်။ ယင်းသို့ကြောင်း ဒေသခံပြည်သူများက ကျောက်စိမ်းများ ထွက်ရှိနေကြသည့် ကျောက်စိမ်းမှော် များကို မှီခို လုပ်ကိုင်စားသောက် နေရကြောင်း ဆိုပါသည်။
ဒေသခံများသည် ကျောက်စိမ်းမှော်များကို တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် ကြိုးစား အားထုတ်သာ်လည်း အစိုးရ၏ စစ်ရေးစီမံချက်နှင့် အုပ်ချုပ်ရေးစီမံချက်ကြောင့် အဟန့်အတားဖြစ်နေကြောင်း ဆိုပါသည်။
“တရားဝင် လုပ်ခွင့်ရရှိဖို့ကလဲ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်နယ် ဝန်ကြီးလား၊ သူကဆိုရင် ရုပ်သေး ဝန်ကြီးပါခင်ဗျ။ မှော်တွေကို လိုက်ပိတ်နေတဲ့ ဒေသခံလှုပ်ရှားတပ်တွေမှာ ခွင့်တောင်းပြန်တော့လဲ ခဏခဏ တပ်ပြောင်းနေတော့ ပေးရတဲ့ အခွန်ဆောင်ခနဲ့ မတတ်နိုင်ပြန်ဘူး။ အသစ်ပြောင်းလာတိုင်း အခွန်သစ်တွေ ပြန်ဆောင်နေရရင်တော့ ဘယ်တတ်နိုင်မှာလဲ ဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူး သမားက ပြောကြား သွားပါသည်။
ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းတွေ ခက်ခဲနေတဲ့ အချိန်တွင် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ သွားသည့် ကားလမ်းပိုင်းကိုလည်း  အစိုးရဖက်မှ အဖွဲ့ပေါင်းစုံ ဂိတ် ၄ နေရာခန့် ထပ်မံတိုးချဲ့ပြီး  ဖြတ်သန်းခများ သက်သေခံ ဖြတ်ပိုင်း မဲ့ ကောက်ခံနေသည်ဟု ကုန်သည် တစ်ဦးက ပြောပါသည်။
“ကားမိုင်းကျေးရွာ အဝင်မှာ တနေရာ၊ မအူပြင်မှာ တနေရာ၊ ကျားဟိုမှာ တနေရာနဲ့ ကျောက်ခြာမှာ တနေရာ  ဂိတ် သစ် တွေ ဖွင့်ထားပြီးတော့ နေ့တိုင်း ဝင်ထွက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ ကုန်ပစ္စည်းတွေ လူတွေကို မလွတ်တမ်း ကောက် တယ်ဆိုတော့ ကုန်စျေးနှုုံးကလဲ တအားတက်လာတယ်။” ဟု ဆိုပါသည်။
ဂိတ်တပ်ဖွဲ့ဝင်များသည် အသွားအပြန် တခေါက်စာအတွက် ကားတစ်စီးကို ကျပ်တစ်သောင်းပေးရပြီး၊ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၅၀၀၀၊  လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဖြင့် နေ့စဉ် ကောက်ခံနေပါသည်။ အထူးသဖြင့် ဒေသခံမှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းများကိုတွေ့ရှိပါက ဖမ်းဆီးသည့်အပြင် သိမ်းဆည်းသွားလေ့ ရှိကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုသွားပါသည်။
ဤသည် KIA လှုပ်ရှားမှုအား ထိမ်းသိမ်းရန်အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို  အသုံးပြုပြီး ဖါးကန့်လုံခင်း မှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်ရေးအကဲ ခတ်များက ဆိုပါသည်။ သဘောမှာ လူထုများစားဝတ်နေရေးနှင့် သွားလာရေးတွင် အခက်အခဲဖြစ်နေပါက KIA အား ပြန်လည်ထောက်ပံ့မှု မပေးနိုင်တော့သည့် အခြေအနေဖြစ်လာရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။  

http://www.phophtawnews.org/burmese/index.php/news/internal-news/item/261-kia.html

March 11, 2013

KIO နယ်မြေရှိ ၁၀ တန်းကျောင်းသူ/သားများ အစိုးရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိ

မကြာမီ ဖြေဆိုရမည့် ၂၀၁၂-၂၀၁၃ ခုနှစ် အစိုးရစစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ (၁၀) တန်းကျောင်းသူ/သားများသည် လုံခြုံရေးကြောင့် သွားရောက်ဖြေဆိုနိုင်အုံးမည်မဟုတ်သေးကြောင်း ဒုက္ခသည်တာဝန်ရှိသူများကပြောသည်။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲဖြစ်ပွားလာချိန်မှစ၍  KIO ထိန်းချုပ်နယ်မြေသို့ခိုလုံလာသော ဒုက္ခသည်အပါအဝင် ဒေသခံကျောင်းသူ/သားများသည် အစိုးရအုပ်ချုပ်နယ်မြေသို့သွားရောက်ဖြေဆိုရန် လုံခြုံရေးစိုးရိမ်မှုကြောင့် ယမန်နှစ်မှ မဖြေဆိုနိုင်တော့ခြင်းဖြစ်သည် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာပြောသည်။
“တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ KIO တပ်ဖွဲ့ဝင်မဟုတ်တဲ့ သူကိုလည်း KIO လူဖြစ်တယ်ဆိုပြီး ဖမ်းနေတယ်ဆိုတော့ ဘယ်လိုမှ လုံခြံုရေးမရှိဘူးလေ” ဟုဆိုသည်။
အဆိုပါ KIO နယ်မြေ လိုင်ဇာ ၊မိုင်ဂျာယန် နှင့် အင်ဂွမ်းလ ကျောင်းများမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားဦးရေသည် ၂၀၀ ကျော်ရှိပြီး ၄င်းတို့ကို KIO ပညာရေးအဖွဲ့မှ တက္ကသိုလ်အဆင့်ပညာရေးသင်ကြားမှုရရှိရေး စစ်ဆေးမေးမြန်းရန် စီစဉ်ပေးနေသည်ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။
“KIO အခြေနေကောင်းရင်တော့ ကောလိပ်အဆင့်ထိ ပြင်ဆင်နေဆဲဖြစ်တယ်။ အစိုးရဖက်မှာပဲသွားတက်ရတာမဟုတ်ပဲ။ KIO ကောလိပ်ကနေပဲ ပြင်ပကို သွားတက်နိုင်တဲ့ အခွင့်အလမ်းထိ ရောက်လာအောင် ရည်ရွယ်ထားတယ်” ဟု ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။
၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် KIO ပညာရေးအဖွဲ့၏ ဗဟိုကော်မတီမှ ပညာရေးမှူးများ၊ အငြိမ်းစားကျောင်းဆရာများနှင့် ဘွဲ့လွန်ဆရာများမှ ဘုတ်အဖွဲ့ ဖွဲ့၍ မေးခွန်းထုတ်ကာ လာမည့် ဧပြီလ ၁ နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း လိုင်ဇာ အထက်တန်းကျောင်းမှ ဆရာဦးခေါင်လွမ်း KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တို့နိုင်ငံကို ကျနော်တို့ ယုံကြည်တဲ့ စိတ်ဓာတ်ရှိဖို့လိုအပ်တဲ့ ခေတ်ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံကို ကျနော်တို့ချစ်တယ်။ ကိုယ့်နယ်မြေကို တိုးတက်အောင်လည်း လုပ်သွားဖို့နဲ့ ကလေးတွေတိုးတက်ဖို့ရန် ဦးစားပေးဆောက်ရွက်နေတယ်။ ဘယ်မှာဖြေဖြေ အစိုးရမှာဖြေလဲ စာကဒီစာပဲ ကချင်မှာဖြေလဲ စာကဒီစာပဲ အဲလိုမြင်တယ်”  ဟုပြောသည်။
မိုင်ဂျာယန် ကျောင်းတွင် ၁၀ တန်းကျောင်းသူ/သား ၉၀ ကျော်ရှိပြီး လိုင်ဇာကျောင်းတွင် ၁၂၉ ယောက်နှင့် မြောက်ပိုင်းတိုင်း အင်ဂွမ်လကျောင်းတွင် ၂၀ ခန့်သည် ယခုနှစ် တက္ကသိုလ်ဝင်တန်းမေးပွဲ ကို မိမိတို့ကျောင်းတွင်သာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ် ပညာသင်နှစ်တွင်လည်း KIO ထိန်းချုပ်နယ်မြေတွင်းခိုလှုံနေသော ကျောင်းသားများသည် အစိုးရစစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမဖြေဆိုနိုင်ခြင်းမရှိသော်လည်း KIO ပညာရေးအဖွဲ့မှစစ်ဆေးသော စာမေးပွဲတွင် မိုင်ဂျာယန်ကျောင်းမှ ကျောင်းသား ၄၀ ကျော် ခန့်ဖြေဆိုရာ ၂၀ ကျော်အောင်မြင်ခဲ့ကြောင်းသိရသည်။
၎င်းအောင်မြင်သော ကျောင်းသူကျောင်းသားများသည် KIO ဆရာအတတ်သင်ကျောင်း၊ KIO ဗိုလ်လောင်းကျောင်းနှင့် တရုတ်ပြည် မန်ရှီ (Mang Shi) ဆေးကျောင်း၊ မန်ရှီ တရုတ်တက္ကသိုလ်၊ ကျမ်းစာကျောင်း၊ အင်္ဂလိပ်စကားပြောကျောင်းများ စသည့် ကျောင်းအသီးသီးတွင် သင်ယူခွင့်ရကြောင်း မိုင်ဂျာယန်ကျောင်းမှသိရသည်။
အစိုးရနှင့် KIA ကြား တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် မှစ၍ စတင်ဖြစ်ပွားခဲ့ရာ ၂ နှစ် နီးပါး ရောက်ရှိလာပြီဖြစ်သော်လည်း တင်းမာမှုများသည် အရှိန်လျှော့နည်းသွားခြင်းမရှိပဲ ဆက်လက်၍ ထိုးစစ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

http://kachinnews.com/burmese/news/1045-kio-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9B%E1%80%BD%E1%80%AD-%E1%81%81%E1%81%80-%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%B0-%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8-%E1%80%85%E1%80%AC%E1%80%B1%E1%80%99%E1%80%B8%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%BB%E1%80%96%E1%80%86%E1%80%AD%E1%80%AF%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%9B%E1%80%BD%E1%80%AD.html

March 6, 2013

KIO နဲ့ဆက်နွယ်သူအဖြစ် ဖမ်းဆီးခံရသူအများအပြားရှိနေဆဲ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ သူတို့အဖွဲ့နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၁၇-၁ (မတရားအသင်းနဲ့ဆက်သွယ်မှု) ဥပဒေအရ ဖမ်းဆီးထားသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်က လူ့အခွင့်အရေး ရှေ့နေ တဦးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူ ကတော့ မတရားအသင်းနဲ့ ဆက်သွယ်မှုကြောင့် ဖမ်းဆီးခံရသူတွေ လွတ်မြောက်ရေးနဲ့  ညှဉ်းပန်းနှိပ်စက် တာတွေ ရပ်တန့်ရေး ဆွေးနွေးဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ ဒီအတွက် လွှတ်တော်နဲ့ အစိုးရမှာပါ တာဝန်ရှိကြောင်း ပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ဆက်သွယ်မှု (သို့မဟုတ်) ဆက်သွယ်တယ်လို့ စွပ်စွဲခံရမှုတွေကြောင့် ဖမ်းဆီးခံနေရသူဟာ အနည်းဆုံး ၅၀ ကျော်လောက် ရှိနေတာဖြစ်ပါတယ်။

ဒီလိုဖမ်းခံထားရသူတွေထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျမိုင်ကောင် ဒုက္ခသည် စခန်းကနေ ဖမ်းဆီးခံထားရတဲ့ ဦးလထော်ဘရန်ရှောင်လည်း အပါအဝင်ဖြစ်ပါတယ်။ သူ့ကို ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖောက်ခွဲမှုနဲ့ မသင်္ကာပြီး ဖမ်းဆီးခဲ့ရာက အခုအခါမှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁နဲ့ တရားစွဲဆိုခံနေရပါတယ်။

ဒီလ ၅ ရက်နေ့ကတော့ သူ့အမှုနဲ့ပတ်သက်ပြီး အဓိက သက်သေတဦးကို ခေါ်ယူဖို့ လျှောက် ထားရာမှာ မြစ်ကြီးနားမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီလို ပယ်ချ လိုက်တဲ့နောက် မှာတော့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေ ဦးမာခါးက KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်မှာ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇-၁ နဲ့ တရားစွဲ ခံထားရသူတွေကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း အခုလို ပြောဆိုပါတယ်။

“အခု ဒီလို ဖမ်းဆီးတဲ့အပေါ်မှာ မတရားအသင်း ဆက်သွယ်တဲ့ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတဲ့သူတွေ တော်တော်များနေတာပေါ့နော်။ အဲ့ဒီထဲက အများစုကတော့ သာမန်ပြည် သူတွေပဲ အများကြီး ပါ၀င်နေတာ တွေ့ရပါတယ်။ တချို့ကတော့ KIA နဲ့ အမှန်တကယ် ဆက်သွယ်တဲ့သူလည်း ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့နော် ကျနော်တို့ ဒီဟာကို ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စတွေ အများကြီး လုပ်ဆောင်နေတဲ့အပေါ်မှာ လူ့အခွင့်အရေး အတွက်အရရော၊ ငြိမ်းချမ်းရေးရှုထောင့်ကရော သုံးသပ်ပြီးမှ KIA နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေကို နိုင်ငံတော်သမ္မတ အနေနဲ့ နိုင်ငံရေး အကျဉ်းသားသတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်လို့ ကျနော် မြင်ပါတယ်။”

ဦးမာခါးက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဒီပုဒ်မနဲ့ ဖမ်းဆီးထားသူ ၁၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပြီး ဒီလို ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တာ တွေလည်း ရှိနေတယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဒီလို ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ဖို့ဆိုရင် လွှတ်တော်နဲ့ အစိုးရ မှာလည်း တာဝန်ရှိတယ် လို့ ပြောပါတယ်။

“ကချင်ပြည်နယ်ထဲမှာ အဖမ်းခံထားရတဲ့ လူစာရင်းတွေရှိပါတယ်။ လူ ၅၀ ကျော်လောက် ရှိနေပါတယ်။ ဒါ အပြည့်အစုံ မဟုတ်သေးပါဘူး။ ဒီလူတွေကိုလည်း ကျနော်တို့က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အဖမ်းခံရတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားအဖြစ်နဲ့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဒီလူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ဆွေးနွေးနေတာတွေတော့ ရှိပါတယ်။ နောက်တခုဆိုးတာက ဒီလူတွေက တချို့တွေကတော့ စွပ်စွဲပြီး အဖမ်းခံရတာမျိုးတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ နောက် စစ်ကြောရေး စခန်းတွေထဲမှာ နှိပ်စက်ခံရတာတွေလည်း ရှိပါတယ်။ ဒါဟာ လုံးဝကို သည်းညည်းခံ သင့်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလို နှိပ်စက်ညှဉ်းပန်းတာတွေ ပပျောက်ဖို့၊ မတရား ဖမ်းဆီးတာတွေ ပပျောက်ဖို့ဆိုတာကိုတော့ ကျနော်တို့ ဆက်ပြီး ကြိုးစားရမှာပါ။ အဲ့ဒီလို ကြိုးစားတဲ့အခါမှာ လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ အစိုးရမှာလည်း တာဝန်ရှိပါတယ်။”

ဒီလိုမတရားဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပပျောက်ဖို့အတွက်ဆိုရင် တည်ဆဲ ဥပဒေတွေကို အသက်သွင်းဖို့ လိုအပ်ကြောင်းလည်း ဦးဘိုကြည် က သုံးသပ်ထားပါတယ်။

“တည်ဆဲဥပဒေမှာ မည်သူတဦးတယောက်ကိုမှ နှိပ်စက်ညှဉ်းပန်းခြင်းမပြုရ၊ နှိပ်စက် ညှဉ်းပန်း ခြင်းပြုတယ်ဆိုရင် အဲ့ဒီလူကို တည်ဆဲဥပဒေအရ အရေးယူရပါမယ်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ရ နှစ် အစရှိသဖြင့် ပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အဲ့ဒီတည်ဆဲဥပဒေကို အသက်သွင်းဖို့ အတွက် ကြိုးစားဖို့ လိုပါတယ်။ ဒါက ပြည်တွင်းမှာ ဥပဒေစိုးမိုးမှု ရှိစေချင်တယ်ဆိုရင် ဒီဥပဒေကို ကျနော်တို့ ဘယ်သူမဆို လိုက်နာရမယ်။ ဒါက စစ်သားဖြစ်နေပါစေ၊ မဟုတ်လို့ရှိရင်လည်း ရဲပဲဖြစ်နေ ပါစေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေပဲ ဖြစ်ပါစေ၊ ဒါမျိုးတွေကို ကျနော်တို့က အရေးယူ နိုင်တဲ့ အဆင့်မျိုးတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒါမှ တရားဥပဒေစိုးမိုးရေးဖြစ် လာမယ်။ အဲ့တော့မှ မတရားဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ ပျောက်လာမှာပါ။”

ဥပဒေပညာရှင်တချို့ကတော့ မတရားသင်း ဥပဒေ ပုဒ်မ ၁၇-၁ ဟာ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ နဲ့ မအပ်စပ်ကြောင်း ဝေဖန်တာတွေ ရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆိုရင် ဒီလို မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ပယ်ဖျက်ပေးဖို့ လိုအပ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

http://burmese.voanews.com/content/human-rights-ask-to-release-all-arrestee-who-related-with-kio/1616210.html

March 5, 2013

ကရင်ပြည်နယ်တွင်း မြေယာသိမ်းခံရမှု ပြဿနာကြီးထွား

ကရင်ပြည်နယ် သံလွင်မြစ်ကမ်းဘေးက ကရင်ရွာလေးတရွာ
မြန်မာနိုင်ငံအရှေ့ပိုင်း တိုင်းရင်းသားဒေသတွေမှာ မတရားမြေယာ အသိမ်းခံရမှုတွေဟာ အဓိကကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ KHRG လို့ခေါ်တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ကရင်လူ့အခွင့် အရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းစာဆရာများ အသင်းတိုက်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဖွဲ့ရဲ့ တနှစ်တာ အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကြား အပစ်အခတ် ရပ်စဲရေး လုပ်အပြီးမှာ ထိုက်တန်တဲ့ လျော်ကြေးမပေးဘဲ စီးပွားရေး ကုမ္ပဏီတွေက ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မြေယာသိမ်းယူတာတွေဟာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသတွေမှာ အများဆုံးဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က နော်ခူးခူးဂျူး က ဆိုလိုက်ပါတယ်။

“ဒီအစီရင်ခံစာမှာ ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၁၂ ခုနှစ် နို၀င်ဘာလအထိ ကျမတို့ ရရှိတဲ့သတင်းတွေအပေါ်မှာ ပြန်ပြီးတော့ ဝေဖန် သုံးသပ်လိုက်တဲ့အခါမှာ အများဆုံး တွေ့ရှိရတာ ကတော့ မြေယာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်။”

ထိုင်းနိုင်ငံအခြေစိုက် SYCB ခေါ် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်အဖွဲ့နဲ့ Alternative Asean လို့ခေါ်တဲ့ စင်ပြိုင်အာဆီယံ အဖွဲ့တို့ကပါ ပါ၀င်ဆွေးနွေးခဲ့တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ KHRG ကရင်လူ့အခွင့်အရေးအဖွဲ့က အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး သယံဇာတ တွေ ကြွယ်ဝတဲ့ တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တူးဖော်ရေး၊ လမ်းပန်းဆက် သွယ်ရေးနဲ့ ဖွ့ံဖြိုးရေး စီမံကိန်းတွေအတွက် ဒေသခံ လူထုနဲ့ မတိုင်ပင်ဘဲ အခုလို အဓမ္မ မြေသိမ်း မှုတွေ ဖြစ်နေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

“ရပ်တည်ရာ ပျောက်ဆုံးခြင်း” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာထဲမှာ အဓိက တွေ့ရှိခဲ့ချက်တွေ ကို နော်ခူးခူးဂျူး က ဆက်ပြီး -

“အဓိကကတော့ တဖတ်သတ် ဆောင်ရွက်ပုံရတယ်။ ရွာသားတွေနဲ့ လုံးဝ တိုင်ပင် ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းမရှိဘဲနဲ့ တဖတ်သတ် ဆောင်ရွက်ခဲ့ခြင်းဆိုတာကို ကျမတို့ တွေ့ရပါတယ်။ ဒုတိယတချက်အနေနဲ့က ဒီလို စီမံကိန်းတွေကြောင့် မြေယာ သိမ်းဆည်းခံရခြင်းတွေ၊ ဒေသ တွင်း မြေယာကို အသုံးပြုမှု အခက်အခဲတွေကို ကြံုရ တယ်။ တတိယအချက်အနေနဲ့က သူတို့ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုအပေါ်မှာ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေ ရရှိဖို့အတွက်ကို ကြိုးပမ်းရာမှာ သူတို့အတွက် အများကြီးပဲ အခက်အခဲတွေ ရှိပါတယ်။ လေးချက်မြောက်အနေနဲ့က သဘာဝ သယံဇာတ တူးဖော်ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် သူတို့ ဒီအခု အတင်း အဓမ္မ နေရာ ရွှေ့ပြောင်းခံရတာကို ကျမတို့ တွေ့ရတယ်။”

အခုလို မတရား မြေသိမ်းခံခဲ့ရမှုအပေါ် လျော်ကြေးရဖို့အတွက် ဒေသခံတွေအနေနဲ့ ကြိုးစားခဲ့ပေမဲ့ စီးပွားရေးကုမ္ပဏီတွေက လာဒ်စားတဲ့ ဒေသခံအရာရှိတွေနဲ့ ပူးပေါင်း ကြံစည်ဆောင်ရွက်ခဲ့ တာကြောင့် အခက်အခဲတွေ ကြံုနေရတယ်လို့ နော်ခူးခူးဂျူး က ဆက်ပြောပါတယ်။ ဒါ့အပြင် အခုလို မတရား မြေယာ အသိမ်းခံခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ ဒေသခံတွေဟာ သူတို့ရဲ့ မူလနေရာတွေကို ဆုံးရှုံးပြီး ပြောင်းရွှေ့ပေးခဲ့ရတာအပြင် သူတို့ရဲ့ စားဝတ်နေရေးအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ထိခိုက် ပျက်စီးကုန်ပြီလို့ ခူးခူးဂျူး က ထောက်ပြလိုက်ပါတယ်။

“နောက်ပိတ်ဆုံးအချက်အနေနဲ့က ကျမတို့ ဒီနောက်ဆက်တွဲပေါ့ သဘာဝ သယံဇာတ တူးဖော်ရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ လယ်မြေ၊ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်တွွှေအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ သက်ရောက်မှုကိုလည်း ကျမတို့ တွေ့ရှိရပါတယ်။”

အခုလို ထိခိုက်စေခဲ့တဲ့ မတရား မြေယာသိမ်းမှုတွေကို ဖော်ထုတ်ခဲ့တဲ့ ဒီအစီရင်ခံစာထဲမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ စီးပွားရေး စီမံကိန်းပေါင်း ၃၀ ကျော်နဲ့ အစိုးရဌာနတွေကို ရွာသားတွေက အသေးစိတ် တိုင်ချက်ဖွင့်ထားရာမှာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ရွှေကျင်ဆည်တွေလည်း ပါတယ်လို့ KHRG ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ၂၀၁၂ နှစ်ဆန်းပိုင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရ တို့အကြား အပစ်ခတ်ရပ်စဲခဲ့ပြီး မတရားလူသတ်မှုနဲ့ အဓမ္မ ကျင့်မှုတွေလို စစ်ပွဲနဲ့ တိုက်ရိုက် ပတ်သက်ပြီးဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျှော့ကျလာပေမဲ့ အခုလို စီးပွားရေး ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ မြေယာသိမ်းမှုဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ တိုးပွားလာနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်နေချိန်နဲ့ မြန်မာနိုင်ငံ အနှံ့အပြား မှာလည်း မြေယာသိမ်းမှု ပဋိပက္ခတွေ တိုးပွားလာနေချိန်မှာ ဒီအစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/human-rights-violations-in-karen-state/1615583.html

March 1, 2013

ကချင်ပြည်နယ် ဧရာဝတီမြစ် တလျှောက် ရွှေကျင်လုပ်သား ၃၀ ကျော် အာဏာပိုင်များဖမ်းဆီးခံရ

mali-hka-gold-mining
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့လဘန်ကထောင် (Labang Kahtawng) တွင် ဧရာဝတီမြစ်တလျှောက်ရွှေကျင်နေသော လုပ်ငန်းပိုင်ရှင်အပါအဝင် ရွှေလုပ်သား အမျိုးသား ၃၀ ကျော်ကို  ဝိုင်းမော်ရဲစခန်းမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် ရွှေကျင်ရေးလုပ်ငန်းပိုင်ရှင် ဦးဆောင်သူ ဦးနော်တောင် (Salang Naw Tawng)၊ သန်းစိုး၊ တန်ဂွန်း (Salang Tang Gun) နှင့် သက်စိုး  တို့ဖြစ်ပြီး အခြား ၂၆ ယောက်သည် ကျင်းသားများဖြစ်ပြီး အာလမ် (Alam) ကျေးရွာတွင် ရွှေကျင်နေသော ဒေသခံလုပ်သား ၁၀၀၀ ကျော်ရှိသည့်ထဲမှ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အစိုးရ ရဲအရာရှိများသည် ဖေဖဝါရီ ၂၃ ရက်နေ့က လဘန်ကထောင် (Labang Kahtawng) တွင် ရွှေကျင်နေသော လုပ်သားများအား ဖမ်းဆီးခဲ့စဉ် လက်ထိပ်ခတ်ပြီး အချို့ကို ကြိုးများ ဖြင့်ချည်ကာ ကားဖြင့် ဝိုင်းမော်ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
ထိုသို့ တနိုင်တပိုင်လုပ်ကိုင်နေသော ဒေသခံလုပ်သားများကိုဖမ်းဆီးလိုက်သောကြောင့် ၄င်းတို့မိသားစုဝင်များသည် အခက်ခဲရင်ဆိုင်နေရကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ အမျိုးသမီးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
“ရဲတွေက အကြောင်းလဲမကြားပဲနဲ့ တခါထဲလာပြီး လက်ထိပ်ခတ်ပြီး ထားတာ။ တခါထဲ စက်တွေလဲ သယ်သွားတယ်။ ကျမယောကျ်ားက သွေးတိုးရောဂါရှိတာဟုတ်တယ်။ ကျမက ဘာမှ မပြောတတ်တော့ဘူး။ ငိုဖို့ပဲသိတော့တယ်။ သူပဲရှာကြွေးနေတာ အခု အဲလိုဖြစ်တော့ ဘာလုပ်စားဖို့လဲမသိတော့ဘူး…အရမ်းစိတ်ဆင်းရဲတယ်။”
အဆိုပါ ဧရာဝတီမြစ်တွင် ရွှေကျင်နေသောသူများသည် ကျောင်းကော်မတီများ၊ ကျောင်းအုပ်ကြီးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းသဘောတူ လက်မှတ်ရေးထိုးပြီး ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သော်လည်း အာဏာပိုင်များမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“လဘန်ကထောင် (Labang Kahtawng) မှာ ရွှေကျင်တာဟုတ်တယ်။ လဘန်ကထောင်မှာ ကျမတို့ ခိုးပြီးကျင်တာ လည်းမဟုတ်ဘူး။ ကျောင်းမှာ လိုအပ်နေတာတွေကို ကူညီနေတာ ဟုတ်တယ်။ အုတ်ခဲလိုရင် အုတ်ခဲ၊ ကျောက်လိုရင် ကျောက်၊ သဲလိုရင်သဲ၊ သံလိုရင် သံ ကူညီနေတာ လုပ်ငန်းကြီး လုပ်နေတာလည်းမဟုတ်ဘူး။” ဟုဆိုသည်။
၄င်းတို့ကို ဝိုင်းမော်ရဲစခန်းတွင် တစ်ညထိန်းသိမ်းထားပြီး ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ တနင်္ဂနွေညနေ ၅ နာရီခွဲချိန်တွင် အမှတ်(၂၉) မြစ်ကြီးနား ဇီးလွန်ထောင်ကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
ဦးဆောင်သူများသည် ဝိုင်းမော်မြို့နယ်မှ ဖြစ်ပြီး ရွှေကျင်သည့် အကျင်းသားများသည် နေရာအသီးသီးမှဖြစ်ကာ ကချင်ပြည်နယ် ဝန်ကြီးချုပ်အမိန့်ဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းနှင့် အသက်မပြည့်သူ ၁ ဦးကို ဝိုင်းမော်မြို့တွင်ထားကြောင်းသိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခွဲထွက်အဖွဲ့ ခေါင်းဆောင် လဆန်အောင်ဝါ (Lasang Awng Wa) ပြည်သူ့စစ်အဖွဲ့နှင့် လဘန်ကထောင် (Labang Kahtawng) ဒေသခံများသည် ၎င်းတို့ ကျေးရွာဖွံ့ဖြိုးရေး အလယ်တန်းကျောင်းဆောက်လုပ်မှုတွင် ကူညီထောက်ပံ့ရန် ရည်ရွယ်၍ လုပ်ကိုင်နေခြင်းလည်းဖြစ်သောကြောင့် ၄င်းဖမ်းဆီးအရေးယူမှုနှင့်ပတ်သက်၍ အထက်အရာရှိများထံသို့ စာတင်ထားသည်ဟု သိရသည်။
အစိုးရအာဏာပိုင်များသည် ဧရာဝတီမြစ်တလျှောက်ရွှေလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအသီးသီးကို ဖမ်းဆီးမှုများဆက်လက်လုပ်ဆောင်နေသော်လည်း အချို့နေရာများတွင် ရွှေကျင်သည့်စိုင်းများကိုသာ သိမ်းသွားခဲ့သည်ဟု ဒေသခံများပြောသည်။
၄င်းဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်နေကြောင်း မြစ်ကြီးနား အမှတ်(၁) ရဲစခန်းသို့ အတည်ပြုမေးမြန်းခဲ့ရာ ရဲအရာရှိတစ်ဦးက “မဟုတ်ပါဘူး မကြားမိပါဘူး” ဟု ငြင်းဆိုခဲ့သည်။
အဆိုပါ ဧရာဝတီမြစ်တလျှောက် ရွှေကျင်လုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးရေးယူနေခြင်းနှင့် ပတ်သက်၍ မည်သည့်အမှုဖြင့် တရားစွဲဆိုမည်ကိုတိတိကျကျ မသိသေးသော်လည်း အမှုစစ်ဆေးစဉ်ကာလ ၂ လမှ ရ လထိ ကြာနိုင်သည်ဟု ပြောဆိုနေသောကြောင့် ၄င်းတို့မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။

http://kachinnews.com/burmese/news/1036-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%94%E1%80%9A%E1%80%B9-%E1%80%A7%E1%80%9B%E1%80%AC%E1%81%80%E1%80%90%E1%80%AE%E1%80%BB%E1%80%99%E1%80%85%E1%80%B9-%E1%80%90%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9-%E1%80%B1%E1%80%9B%E1%82%8A%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%83%E1%81%80-%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9-%E1%80%A1%E1%80%AC%E1%80%8F%E1%80%AC%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%86%E1%80%AE%E1%80%B8%E1%80%81%E1%80%B6%E1%80%9B.html

February 28, 2013

တိုက်ပွဲငြိမ်သော်လည်း ကချင်လူထု လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
DSC02991ကချင်ပြည်နယ်၌ တိုက်ပွဲအခြေအနေ ငြိမ်သွားသော် လည်း ကချင်ဒေသခံများအပေါ် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ဆက် လက် ချိုးဖောက်ခံနေရဆဲဖြစ် သည့် အပေါ် နိုင်ငံတကာမှ ရပ်တန့်သွားအောင် ကူညီပေးရန် ကချင်အမျိုးသမီးအဖွဲ့အစည်း (ထိုင်း နိုင်ငံ)-KWAT က ယနေ့ ကြေညာချက် ထုတ်ကာ တောင်းဆို လိုက်သည်။
လက်ရှိအချိန်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား တိုက်ပွဲများ လုံးဝ ရပ်ဆိုင်းသွားခြင်း မဟုတ် ပဲ တိုက်ပွဲငယ်များ ဖြစ်ပွားနေသေးသည့် အပြင် စစ်တပ်မှ ကချင်ပြည်နယ်အတွင်း စစ်တပ် အင်အားတိုးချဲ့ခြင်း၊ ဒေသခံ ကချင် လူထုအပေါ် ပေါ်တာဖမ်းခေါ်သွားခြင်းများလည်း ရှိနေသေးဟု KWAT မှ ပြောရေး ဆိုခွင့်ရှိသူ မွန်းနေလီက ကေအိုင်စီသို့ ပြော သည်။
သူမက “တချိန်တည်းမှာပဲ အစိုးရတွေဟာ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်။ စေ့စပ်ညှိုနှိုင်းမှုတွေ လုပ်နေတယ်ဆိုပြီး တဖက်မှာလည်း ရိက္ခာတွေ၊ လက်နက်အင်အားတွေကို ပို့တယ်၊ စစ်အင်အားတွေကို တိုးချဲ့တယ်။ အဆိုးဝါးဆုံးဖြစ်တာက ကချင်လူထုတွေကို လူမဆန်စွာ ညှင်းပမ်းနှိပ်စက်တယ်။ ဒီလိုမျိုးကိစ္စတွေဖြစ်နေတဲ့အပေါ် ပြောင်းလဲမှုမရှိသေးတဲ့ အစိုးရတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဆက်ပြီးတော့ ဖိအားပေးဖို့ လိုအပ်နေသေးတယ်ဆိုတာကို ပြချင်တာပါ”ဟု သူမက ပြော သည်။
ယခုလ ဖေဖော်ဝါရီ ၂၆ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့်အစိုးရကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့၊ မြစ်ကြီးနားမြို့တဝိုက်ရှိ ဒုက္ခသည်စခန်းများနှင့် နပ်စပ်မြို့ဖြစ်သည့် လိုင်ဇာတွင် စစ်ပြေး ကချင်ဒေသခံ ၂သောင်းကျော်ရှိနေသည်ဟု KWAT ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် KWAT မှ မြန်မာအစိုးရကို Sanctions (ပိတ်ဆို့မှု)ပြန်လုပ်ရန်နှင့် စစ်ပွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပြစ်မှုကျူးလွန်ခဲ့သည့် မြန်မာအစိုးရ၏လုပ်ရပ်ကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ် ဆေးပေးဖို့ တောင်းဆိုလိုက်ပါကြောင်း မွန်းနေလီက ပြောသည်။
အစိုးရမှ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ကချင်ထိန်းချုပ်ထားတဲ့ဒေသရှိ ဒုက္ခသည်များကို လူမှုရေး အကူအညီများ ပေးခွင့်ပြုမည်ဟု ကြေညာခဲ့သော်လည်း ဖေဖော်ဝါရီ ၂၅ ရက် နေ့က လိုင်ဇာမြို့ကိုသွားသည့် အပြည်ပြည်ဆိုင်ရာ ကူညီရေးအ ဖွဲ့၏ ယာဉ်တန်းကို တားဆီးခြင်း ပြုလုပ်ခဲ့သည်ဟုလည်း ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ကချင်လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများနှင့် ကလေးငယ်များ၏ စွမ်းရည်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ KWAT ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်းမြို့တွင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=15939%20target=

December 15, 2012

ချင်းပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲသူ မြင့်တက်လာ

တွန်းဇံနှင့် တီးတိန်မြို့တို့တွင် ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်နေကြပြီး ဒေသခံများ၏ ပြောဆိုချက်များအရ ဧက ၃၅၀၀ ခန့် ရှိသည်ဟု ဆိုသည် (ဓာတ်ပုံ – Reuters)
ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသူများပြားလာပြီး လူငယ်များကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်နေကာ မူးယစ်ဆေးဝါး သုံးစွဲသူ ပမာဏ မြင့်တက်လာနေခြင်းကြောင့် ချင်းအမျိုးသားပါတီနှင့် NGO များ ပူးပေါင်း၍ ၂၀၁၃ တွင် စစ်တမ်းကောက် ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တွန်းဇံနှင့် တီးတိန်မြို့တို့တွင် ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်နေကြပြီး ဒေသခံများ၏ ပြောဆိုချက်များအရ ဧက ၃၅၀၀ ခန့် ရှိကြောင်း ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်း ကျဲဘစ်ခ်ထောင်းက ပြောသည်။
ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြည်နယ်လွှတ်တော်တွင် ၎င်းပြဿနာ ဖြေရှင်းနိုင်ရန် ပညာရှင်များနှင့် နိုင်ငံရေး အဖွဲ့အစည်းများ ပါ၀င်သော ဘိန်းနှိမ်နင်းရေး ကော်မရှင် တခု ဖွဲ့စည်ပေးရန် အဆိုတင်သွင်းခဲ့သော်လည်း ပြည်နယ် အစိုးရအဖွဲ့က ဘိန်းနှိမ်နင်းရေးများ လုပ်ဆောင်နေကြောင်း ပြောကာ အဆိုကို ပယ်ချခဲ့သည်ဟု သိရသည်။
“အဲဒီတုန်းက ပြည်နယ်ဝန်ကြီးချုပ်က တွန်းဇံမှာ သွားပြီးတော့ ဘိန်းကို ပြည်တောင်း ၁၅၀ ကျော်လောက် သိမ်းလိုက်တယ်။ ဒီဘိန်းတွေ ကိုဘယ်နားမှာ သိမ်းထားလိုက်လဲ ကျနော်တို့တွေမသိဘူး” ဟု ဆလိုင်းကျဲဘစ်ခ်ထောင်းက ဆိုသည်။
ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းအား လက်ခံဖြေကြားပေးခဲ့ခြင်း မရှိပေ။
ဘိန်းကို အဓိက စိုက်ပျိုးနေသူများသည် မဏိပူရ်ပြည်နယ်အတွင်းမှ ခွဲထွက်ပြီး မြန်မာပြည်အတွင်း တရားမဝင် ၀င်ရောက် နေထိုင်နေကြသော ကသည်းလက်နက်ကိုင်များ ဖြစ်သောကြောင့် ပြည်နယ်အစိုးရ၏ သြဇာလွှမ်းမိုးမှု လျော့ပါးလျှက် ရှိကြောင်း၊ တရားဝင် အဖွဲ့အစည်း ဖွဲ့ကာ နှိမ်နင်းခြင်းမရှိဘဲ တခါတရံမှသာလျှင် ဘိန်းအနည်းအကျဉ်း ရောင်းသော လူများကို ဖမ်းဆီးခြင်းသာ တွေ့နေရခြင်းကြောင့် ချင်းတိုင်းရင်းသားများ အနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များ အပေါ် ယုံကြည်ရန် ခဲယဉ်းနေကြောင်း ချင်းနိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုကြသည်။
“ဆင်းရဲမွဲတေမှုနဲ့ ဘိန်းစိုက်တာက ဘာမှမဆိုင်ဘူး။ လာသင်ပေးလို့ တတ်သွားတာဗျ။ အခု ချင်းပြည်နယ်ရဲ့ ဘိန်းစိုက်တဲ့ ရာခိုင်နှုန်းက မကြာခင်မှာပဲ ရှမ်းနဲ့ ကချင်ကို မီတော့မှာ” ဟု ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။
ချင်းတိုင်းရင်းသားများ ဦးစီးပြီး ပြည်မြို့၊ ကလေးမြိုနှင့် ပလက်ဝ မြို့နယ်တို့တွင် ချင်းကျောင်းသားများနှင့် တွေ့ဆုံကာ Chin Youth Forum ကျင်းပခဲ့ကြောင်း၊ မြေပြန့်ဒေသများ၌ လူမျိုးရေးအရ ခွဲခြားဆက်ဆံ ခံရခြင်း၊ ဘာသာစကား အခက်အခဲကြောင့် စာသင်ရာတွင် ခက်ခဲခြင်း များသာ ရှိသော်လည်း၊ ချင်းပြည်နယ်အတွင်းရှိ ကျောင်းသားများ အနေဖြင့် သာမန် အလုပ်များထက် ၀င်ငွေကောင်းသော ဘိန်းစိုက်ခင်းများတွင် ၀င်ရောက်လုပ်ကိုင်နေခြင်း၊ ဘိန်းစွဲနေခြင်းသည် အများစုဖြစ်နေကြောင်း Chin Youth Forum မှ တာဝန်ခံ ကိုဒေးဗစ်က ဆိုသည်။
အစိုးရ၏ တရားဝင် သန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းကျော်ရှိသော ပြည်နယ်တခုဖြစ်သော်လည်း တက္ကသိုလ် မရှိခြင်း၊တခြားဒေသများ၌ တက္ကသိုလ်တက်ရာတွင် ကုန်ကျစားရိတ် များခြင်းကြောင့် ကျောင်းဆက်တက်နိုင်သူ နည်းပါးခြင်းနှင့် ဘာသာရေး ပွဲတော်များ ကျင်းပခွင့်အား ပိတ်ပင်ခံနေရခြင်းများ ရှိသည်။
ပြည်နယ်အတွင်း၌ ပုဂ္ဂလိက လျှပ်စစ်မီးကိုသာ အဓိက သုံးစွဲနေရခြင်းကြောင့် အကြီးစား၊ အလတ်စား လုပ်ငန်း ကုမ္ပဏီများ ၀င်မလာဘဲ ဖြစ်နေရာ ပညာတတ် လူငယ်များရှိသော်လည်း တောင်ယာစိုက်ခြင်း၊ နယ်စပ်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း ဖြင့်သာ အသက်မွေး ၀မ်းကြောင်းပြုသူ များကြကြောင်း၊ ပညာမတတ်သူ အများစုမှာ ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူ များကြောင်း သိရသည်။
ထို့အပြင် တခြားသော ပြည်နယ်များကဲ့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သဘောကျနိုင်သော နေရာပတ်ဝန်းကျင်များ ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံး ဒေသဖြစ်ခြင်း၊ နယ်မြေလုံခြုံမှု အားနည်းခြင်းနှင့် နယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့် အာဏာပိုင်များဘက်မှ တင်းကျပ်ထားခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းများ ၀င်ရောက်လာနိုင်ခြင်း နည်းပါးလျက် ရှိသည်။
ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးငွါမောင်က “အခု ချင်းပြည်နယ်မှာ ပထမဆုံး လေယာဉ်ကွင်း လုပ်ပေးဖို့ ဟားခါးမြို့နားမှာ မြေတိုင်းတာနေပါပြီ။ ဟားခါးနားမှာက ချင်းပြည်နယ်ရဲ့ နာမည်ကြီး အသဲနှလုံးပုံ ရိဒ်ရေကန်အပြင် တခြားလည်စရာ နေရာတွေလည်း ရှိနေတော့ ဒါကြီးပြီးရင် ခရီးသွားလုပ်ငန်းတွေ ပွင့်လာမယ်ထင်တယ်” ဟု ပြောသည်။
စစ်တမ်း ကောက်ယူခြင်းကို လာမည့် ၂၀၁၃ ခုနှစ် အစပိုင်းတွင် စတင်နိုင်မည် ဖြစ်ပြီး နိုင်ငံတကာတွင်လည်း ချပြသွားရန် ရှိကြောင်းနှင့် ဘိန်းစိုက်ရာ နေရာအနီးတွင်ရှိသော လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)နှင့်လည်း အစိုးရတို့ မကြာသေးမီက ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေး ထားခြင်းကြောင့် ၎င်းတို့ထံမှ အကူအညီများလည်း ရရန်ရှိကြောင်း သိရသည်။
ချင်းအမျိုးသားပါတီ၏ လူမျိုးစု စစ်တမ်းအရ မြန်မာတနိုင်ငံလုံးတွင် ချင်းတိုင်းရင်းသား ၁၂ သိန်းခန့်ရှိရာမှ ယခုအခါတွင် ၈ သိန်းဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း တွေ့ရှိရသည်။

http://burma.irrawaddy.org/archives/28158

December 6, 2012

အပစ်ရပ်ပြီးနောက် အဓမ္မပြုကျင့်မှုလျော့သွားသော်လည်း ညှင်းပမ်းမှုပိုမိုများပြားလာ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်ကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်းကျေး လက်ဒေသ၌ အဓမ္မပြုကျင့်ခံရမှု အနည်းငယ်လျော့သွားသည်ဟုဆိုသော်ငြားလည်း စစ်ပွဲများဖြစ်ပွါးရာဒေသတို့၌ ညှင်းပမ်းမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း၏ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင်ဖော်ပြထား သည်။

ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှု၊ အမျိုးသားများအား ပေါ်တာဆွဲ သတ်ဖြတ်မှုတို့မှာ သိသိသာသာ ကျဆင်း သွားသည်ကိုတွေ့ရသော်လည်း ကျေးလက်လူထု၏ ပိုင်ဆိုင်မှုများကို ဓါးပြတိုက် လုယက်စားသောက်မှု၊ အိမ်မွေးတိရစ္ဆာန် များအား ဖမ်းဆီးသတ်ဖြတ်ယူငင်မှု စသည်တို့မှာလျော့ကျမသွားသည့်ပြင် စစ်ပွဲဖြစ်ပွါးရာဒေသတို့၌ ပိုမိုဖြစ်ပွါးလာသည် ကိုတွေ့ရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်နည်းအစား ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင်ပစ္စည်းဥစ္စာ ခိုးယူခြင်း၊ လူထု အားအဓမ္မခိုင်းစေခြင်း စသည်ဖြင့် နည်းလမ်းပြောင်းလဲလာကြောင်း၊ အဆိုပါ ဖြစ်ရပ်များအား သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့်မိုင်းတုံမြို့နယ်တို့တွင် အများအပြားဖြစ်ပွါးနေသည်ကိုတွေ့ရကြောင်း ဆိုပါသည်။

ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်က အပစ်ရပ်ရေးသဘောတူကြပြီးနောက်ပိုင်း မြန်မာစစ်တပ်ဘက်မှ စတင်တိုက်ခိုက်နေသည် သာမက လက်နက်ကြီးများသုံးသဖြင့် ဒေသခံလူထုတို့ ဆုံးရှုံးမှု ဒဏ်ရာရရှိမှုလည်း ပိုမိုများပြားကြောင်း ဆိုပါသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွါးမှု၊ လယ်ယာမြေသိမ်းယူမှု စသည့် ဖြစ်ရပ်များကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ လည်း များပြားနေလျက်ရှိရာ နယ်စပ်ပေါက်များဖြစ်သော မယ်ဟောင်ဆောင်ခရိုင်၊ ချင်းမိုင်၊ ချင်းရိုင်းခရိုင်တို့၌ လစဉ်လ တိုင်း ပျှမ်းမျှတလ ၁ ထောင်ခန့် ဝင်ရောက်နေကြောင်း နယ်စပ်နေ ဒုက္ခသည်များအရေးကူညီဆောင်ရွက် ပေးသည့်အဖွဲ့က ပြောပါသည်။

၁၉၉၆-၉၈ က သျှမ်းပြည်အလယ်ပိုင်း ၁၁ မြို့နယ် ရွာပေါင်း ၁၅၀၀ မှ လူဦးရေ ၃ သိန်းဝန်းကျင်မှာ အဓမ္မပြောင်းရွှေ့ ခိုင်းခြင်းခံရသဖြင့် ထိုစဉ်က ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အများအပြားဝင်ရောက်ခိုလှုံခဲ့ကြသည်။ အချို့မှာ ထိုင်းနိုင်ငံသားကဒ်ရရှိသွားသော်လည်း အများအားဖြင့် ထိုင်းအစိုးရမှ ထုတ်ပေးသည့် တိုင်းပြည်မဲ့ကဒ်ပြားများ၊ ရွေ့ပြောင်းအလုပ်သမားကဒ်များဖြင့် ထိုင်းနိုင်ငံအတွင်း၌ ခိုလှုံနေကြရသည်။

http://www.shanhumanrights.org/index.php?option=com_content&view=article&id=349:november-2012&catid=76:2012&Itemid=77

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3709-2012-12-06-12-18-24.html

November 23, 2012

ချင်းပြည်နယ် နယ်စပ်အခြေစိုက် အစိုးရစစ်တပ်တွေ အကျင့်ပျက်ပြား

ချင်းပြည်နယ် မတူပီမြို့နယ် အန္ဒိယ – မြန်မာနယ် စဘောင်းသဲတပ်စခန်းတွင် လက်ရှိတာဝန် ကျနေသည့် ခလရ ၁၄၀ ၊ စစ် တပ်တွေက တိရိစ္ဆာန်ကုန် သည် များအား ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ငွေကောက်ခြင်းများပြုလုပ်ခဲ့ေြကာင်း သိရ သည်။
နို၀င်ဘာ ၁၃ ရက်နေ့က စဘောင်းသဲတပ်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ထိုက် နှင့် အင်အား ၆ ဦးတို့သည်  စဘောင်းသဲ- စဘောင်း ပီရွာအကြားတွင် ကျွဲ ရ ကောင်ကို ဖမ်းဆီးသည့် အပြင် ကျွဲပိုင်ရှင်များ၏ နိုင်ငံသား မှတ်ပုံတင်များကို သိမ်း ဆည်းပြီး ငွေဖြင့် ရွေးယူစေခဲ့ခြင်းဖြစ်သည်။
“ ကျွဲ ရ ကောင်အတွက် အိန္ဒိယလုပ် ရူပီး နှစ်သောင်းတန် solar တလုံး၊ ရူပီး ၅ ထောင်တန် Mobile Handset တလုံးနဲ့ ရွေးယူဖို့ဖြစ်တယ်၊ အဲဒါကို စဘောင်းသဲ ရွာ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်” ဟု ကျွဲပိုင်ရှင်က ပြောသည်။
ထို့အပြင် အဆိုပါ အစိုးရစစ်တပ်သည် တခြားတိရိစ္စာန်ပိုင်ရှင်များထံမှ နွားနောက် ၁၀ ကောင်ကို ပြန်လည်ဖမ်းဆီးပြီး ငွေ ဖြင့် ရွေးယူရန် ပြန်လည် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ကျွဲပိုင်ရှင်တို့သည် solar ပြားနဲ့ mobile ၀ယ်ယူပါက အမြတ်တပြားတချပ်တောင် ထွက်မှာ မဟုတ်တော့ကြောင်း၊ ၄င်းတို့ခြံပေါက်တိရိစ္ဆာန်တွေကုိ မီဇိုရမ်ပြည်နယ်သို့ရောင်းပြီး ဆန်ဝယ်ယူ ရန်ဖြစ်ကြောင်း ဆက်ဆိုသည်။
“နောက်ထပ် ဖမ်းတဲ့ နွားနောက်တွေကိုတော့ ဘယ်လုပ်ဆက်ဖြစ်သလဲ မသိဘူး၊ ခင်ဗျားတို့ မရာ(ချင်း)တွေ လူလည် လုပ်တယ်ဆိုပြီး ပါးရိုက်သေး တယ်” ဟု ဆက်ပြောသည်။
ယခုနှစ်အတွင်း မတူပီမြို့နယ် မရာဒေသရှိ ချင်းပြည်သူများသည် တနှစ်စာအတွက် တောင်ယာစပါး မထွက်ကြောင်း သိရသည်။
ဗိုလ်မှူးသန်းဇော်ထိုက်နှင့် အဖွဲ့သည် ပြီးခဲ့တဲ့ နို၀င်ဘာ ဒုတိယပတ်အတွင်း  ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး လိုင် လင်းပီ ရွာသို့ ရဟတ် ယာဉ်ဖြင့် ရောက်ရှိလာချိန် လုံခြုံရေးအတွက် တာဝန် ကျစဉ် ယခုကဲ့သို့ တိရိစ္စာန်များအား ဖမ်းဆီး လိုက် ခြင်း ဖြစ်သည်။
“အစိုးရစစ်တပ်တချို့ဟာ ပြည်သူရှေ့မှောက်မှာတော့ လူမှုဆက်ဆံရေးကောင်းသယောင်ယောင်နဲ့ ကွယ်ရာမှာတော့ မဟုတ် ပြန် ဘူး” ဟု ဒေသခံ တဦးက ပြောသည်။

http://khonumthungburmese.org/?p=927

November 20, 2012

သျှမ်း၊ မြောက် အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် ကျားဖြူပါတီမှ လူထုနှင့်တွေ့ဆုံရှင်းလင်းရေးလုပ်ရန်စီစဉ်

ယခု လ အတွင်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အကြိမ်ကြိမ်ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ဒေသခံပြည်သူလူထု တို့ ဓါးစာခံဖြစ်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကျားဖြူပါတီလွှတ်တော်အမတ်များက လူထုနှင့်တွေ့ဆုံရှင်းလင်းရေးပြုလုပ် သွားရန်စီစဉ်နေကြောင်း ကျားဖြူအမတ်များသတင်းရပ်ကွက်ကဆိုပါသည်။
leg
၁၉ ရက်မနက်က ဗုံးနင်းမိသော ပကာကျေးရွာသူ နန်းအေးဌေး (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“ အခုလိုအကြိမ်ကြိမ် ဗုံးပေါက်ကွဲနေတာကြောင့် ဒေသခံလူထု အဖမ်းခံရတယ်။ ရိုက်နှက်ခံရတယ်။ အိမ်တွေပျက်စီးတယ်။ အဲလိုလုပ်နေတဲ့အပေါ် ကျနော်တို့ ကျားဖြူပါတီရဲ့ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် အမတ်တွေကနေ လူထုနဲ့တွေ့ ဆုံပြီး ရှင်းလင်းပွဲလုပ်မယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဌာနဆိုင်ရာတွေ နဲ့အတူပေါ့နော်။ လာမယ့်အပတ်ထဲမှာ လုပ်ဖို့ စီစဉ်ထားတယ်” ဟု ကျားဖြူပါတီလွှတ်တော်အမတ် စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ၌ အမည်မသိလက်နက်ကိုင် အဖွဲ့က ဝမ့်တာ့လုံရွာထဲသို့ ယခုလ ၉ ရက်နေ့ မနက် ၃ နာရီတွင်တကြိမ်၊ ဝမ့်ပေါက်ရွာတွင် တကြိမ် (ရက်နှင့်အချိန်မသိရ)၊ ၁၄ ရက်နေ့ ဝမ့်လုံရွာတွင်တကြိမ် လက်နက်ကြီးပစ်ခတ်ခံရပြီး ၁၉ ရက် ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာကျေးရွာတွင် ရွာသူတဦး ဗုံးနင်းမိ သဖြင့် ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ဆိုပါသည်။

ရွာထဲသို့  လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး ရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ လူထုတို့လည်း အစိုးရ၏ ရဲတပ်ဖွဲ့များဖမ်းဆီးခြင်းကို ခံကြရကြောင်း ဆိုပါသည်။

“ မိုင်းငေါ့မြို့နယ်ခွဲတဝိုက်မှာ ပြင်ပ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး။ မြန်မာအစိုးရစစ်တပ်ဘဲရှိတယ်။ လက်နက်ကြီး ဒဏ်တွေကြောင့် ဝမ့်ပေါက်ရွာ သူကြီးဆိုရင် ခု မန္တလေးဆေးရုံမှာ ဆေးကုနေရတုန်းဘဲလို့ကြားရတယ်။ ပစ်ခတ်မှုတွေ ဗုံးကွဲမှုတွေဖြစ်ပြီးနောက်ပိုင်းမှာလဲ မိုင်းငေါ့အုပ်စု ဝမ့်ကောင်းရွာက ဥက္ကဌဟောင်း စိုင်းစံညွန့်နဲ့ ပြည်သူ့စစ် လုံးဂန္ဓမာ တို့ ၂ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့က ရဲက လာဖမ်းတယ်။ စိုင်းစံညွန့် ကိုတော့ ဖမ်းတဲ့နေ့ မှာဘဲ ပြန်လွှတ်ပေးတယ်။ ကျန်တဲ့တယောက်ကိုတော့ မနေ့ညနေကမှပြန်လွှတ်တယ်။ ရွာသားတွေ သွားပြီးထောက်ခံလို့ ပြန်လွှတ်ပေးတာ” ဟု ကျောက်မဲမြို့ရောက် မိုင်းငေါ့ဒေသခံ နန်းလီ ကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲ ကြောင့် သျှမ်းပြည်တပ်မတော် သျှမ်းပြည်တိုးတက်ရေးပါတီ ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက မိမိတို့လက်ချက်မဟုတ်ကြောင်း၊ မိုင်းငေါ့ဘက်လှုပ်ရှားသည့်အစိုးရစစ်ကြောင်းနှင့် ရဲစခန်းရှိရဲများ ပူးပေါင်းကြံစည်ခြင်း သာဖြစ်ကြောင်းပြောသကဲ့သို့ ဒေသခံရွာသားများနှင့် ကျားဖြူပါတီလွှတ်တော်အမတ်များကလည်း ထိုတဝိုက်တွင် မြန်မာ စစ်တပ်သာလှုပ်ရှားကြောင်းပြောဆိုသည်။

သို့သော် ဒေသအတွင်းလှုပ်ရှားသည့် အစိုးရစစ်ကြောင်းနှင့် မိုင်းငေါ့ရဲစခန်းတို့ပူးပေါင်းပြီး လူထုအားခေါ်ယူကာ ဗုံးပေါက် ကွဲမှုမှာ ၎င်းတို့လုပ်ရပ်မဟုတ် SSPP/SSA တို့၏ လုပ်ရပ်သာဖြစ်ကြောင်း သောကြာနေ့က ရှင်းလင်းပြောကြား ခဲ့သည် ဟုဆို၏။

ယမန်နေ့ ဗုံးနင်းမိသည့် နန်းအေးဌေး၏ သတင်းနှင့်ပတ်သက်၍ မြ၀တီ သတင်းဌာနက  “ အကြမ်းဖက် သောင်းကျန်းသူ များ၏ မိုင်းထောင် ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ဟူ၍ သတင်းများ ရေးသားဖော်ပြ ထား သည်။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3668-2012-11-20-11-00-41.html

November 17, 2012

သမ္မတဦးသိန်းစိန် ကုလကို ရခိုင်အရေးစာပို့

_theinsein
မြန်မာ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အရေးပတ်သက်ပြီး သောကြာနေ့က ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကိုလည်း စာတစောင် ပို့ခဲ့ရာမှာ စာထဲမှာတော့ ဒီအရေး တွေကို ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ အညီ လုပ်ဆောင်နေတယ် လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် တိုက်ခိုက် ခဲ့မှု တွေကြောင့် လူတွေ အမြောက်အများ အသက်ဆုံးရှုံး ခဲ့ရတာ၊ အိုးအိမ် အဆောက်အဦ တွေပျက်စီး ခဲ့ရတာ နဲ့ မိသားစု အများအပြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာ တွေဟာ မသမာ သူတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေ ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဆက်လက်ပြီး အခြေအနေတွေ တည်ငြိမ် အေးချမ်းသွားပြီး တဲ့အခါမှာ ပြန်လည် နေရာ ချထား ရေးတွေ၊ အလုပ် လုပ်ကိုင် ခွင့်တွေ အပါအဝင် နိုင်ငံသား ကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက် သွားမယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေသူတွေကို အကူအညီ တွေပေးဖို့ အတွက်ကို နိုင်ငံတကာ က အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက် နေတာကိုလည်း ထည့်သွင်း ပြောကြား ထားပါတယ်။
ကုလသမဂ္ဂ ဘက်ကလည်း ဒီစာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ လုပ်ကိုင် ဆောင်ရွက်မှု တွေက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တယ်လို့ ပြန်လည်ပြီး တုန့်ပြန် ပြောကြားခဲ့ပါတယ်။
ဒီစာကြောင့် မြန်မာ အစိုးရပိုင်းက ရခိုင် ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အရေးတယူ ဖြေရှင်း ဆောင်ရွက် နေပြီ ဆိုတာကို ပြသရာ ရောက်ပါသလား ဆိုတာကို ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာနဲ့ သတင်းစာ ဆရာ ဖြစ်တဲ့ ဆရာ မောင်ဝံသကို ဆက်သွယ်ပြီး မေးကြည့်တော့ ရခိုင် ကိစ္စကို ကိုင်တွယ်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ဒေသခံတွေ နဲ့ တိုင်းရင်းသား တွေဘက်က လူမျိုးရေး၊ ဘာသာရေး ရှုထောင့်တွေ ဘက်က ခံစားချက် အမြင်တွေနဲ့ လုပ်နေကြတယ်လို့ ပြောဆို နေကြတာတွေ ရှိတဲ့ အကြောင်း ပြောပါတယ်။
တကယ်က လူ့အခွင့်အရေး ပြဿနာ ဖြစ်လို့ အဲဒီကိစ္စကို မြန်မာ အစိုးရဘက်က မမေ့မလျော့ ထည့်သွင်းစဉ်းစား လုပ်ဆောင်နေတာကို ပြသတဲ့ အနေနဲ့ မြန်မာ သမ္မတက အခုလို မြန်မာ အစိုးရရဲ့ သဘောထားကို ပြောလိုက်တာဟာ အင်မတန်မှ အချိန်အခါနဲ့ သင့်တော်တယ်လို့ ထင်ကြောင်း ပြောပါတယ်။
အခုအချိန်မှာ ရခိုင် အရေးကိစ္စတွေကို ကုလသမဂ္ဂ အပါအဝင် အားလုံးက လူ့အခွင့်အရေး ပြဿနာ ဆိုပြီး ပြောဆို ဝေဖန်၊ ရေးသား တောင်းဆို နေကြတာတွေ ရှိတဲ့ အကြောင်း၊ အဲဒီအတွက် လုပ်ကြရာမှာလည်း တဖွဲ့နဲ့တဖွဲ့ သဘောထားနဲ့ ပတ်သက်လို့ ချိတ်ဆက်ပြီး ဒီကိစ္စတွေကို အရေးတကြီး လုပ်နေကြတဲ့ အခြေအနေမျိုး တွေဖြစ်နေလို့ တိတိကျကျ ဖြေရှင်းဖို့ လိုနေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းက ပြဿနာ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ နိုင်ငံတကာက အမြင်တွေ ပြောင်းလဲ လာအောင် လက်တွေ့မှာ ဘာလုပ်ပေး နိုင်မလဲ ဆိုတာကိုတော့ လူ့အခွင်အရေး ပြဿနာ တွေနဲ့ ပတ်သက်လို့ လုပ်သွားမယ့် အစီအစဉ် တွေ အတိုင်း ဖြောင့်ဖြောင့်မတ်မတ် အကောင်အထည် ဖော်သွား နိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း၊ တခါတလေမှာ ရည်ရွယ်ချက် ကောင်းနေပေမယ့် အဖျက် အန္တရာယ်တွေ ဝင်လာ တတ်လို့ နှစ်ဦးနှစ်ဘက် စလုံးက စိတ်ရှည်ရှည် ထားပြီး ကိုယ်လုပ် နေတဲ့ အလုပ်ကို ယုံယုံ ကြည်ကြည်နဲ့ လုပ်ကြ မှသာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

http://www.bbc.co.uk/burmese/burma/2012/11/121117_utheinsein_un_rakkine.shtml

November 12, 2012

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

မြန်မာ- ဘင်္ဂလာဒေချ့် နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား မနေ့ညနေက ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ နစက နယ်မြေ (၁)  လို့ သတ်မှတ်ထားတဲ့ အောင်သေပြ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယမန်နေ့ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ အောင်သပြေကျေးရွာ သားတဦးက နိရဥ္စရာကို အခုလို ပြောပြပါတယ်။
“ ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေချ့် နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ညဉ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။ ဒီမှာ သတင်းဖြစ်နေတာကတော့ ဟိုဘက်က ၀င်လာတာက ကုလား ပြောက်ကျားတွေလို့ ပြောပါတယ်။”
မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သလို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာမှာ ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင်  ကား ၃စီးနဲ့ အတူ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ ပြောပါတယ်။
နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နေရာ နယ်စပ်အနီးမှာ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုရဲ့ ၀င်ရောက် တိုက်ခိုက်တဲ့အတွက် ဂျီအီးတပ်သား တစ်ဦး ကျဆုံးပြီး သုံးဦးကို ဖမ်းဆီး ခေါ်ဆောင်ခံ သွားခဲ့ရပါတယ်။
အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာဘက်က စစ်တပ် တပ်ရင်း (၆) ခုခန့် တိုုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ဆောင်ခံသွားရတဲ့ တပ်သားတွေကို လိုက်ရှာဖွေနေတဲ့ အတွက် အခြေအနေဟာနယ်စပ်မှာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ချောင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါ၀င်ပြီး အိမ်ခြေပေါင်း  ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေကိုလည်း သွားရောက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

http://www.narinjara.com/burmese/?p=3028

November 4, 2012

အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

နိုဝင်္ဘာလ ၃ ရက်နေ့   နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံအမတ််များ ရခိုင်အရေးကို စစ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

“ နံနက် ရ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်ရဲ့ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်က ဖုန်းဆက်ပြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်နဲ့ နိုင်ငံရေး ပါတီတွေမှ ခေါင်းဆောင်တချို့ကို  သံအမတ်ကြီး Derrek Michall တို့မှ တွေ့လိုပါတယ်လို့ အကြောင်းကြားလာပါတယ်။ ဒါကြောင့် နံနက် ၁၁ နာရီမှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးအောင်မြကျော်က ပြောသည်။
ထိုသို့ တွေ့ဆုံရာတွင် အမေရိကန် သံအမတ် ဒေရစ်မဲချယ်နှင့် အတူ ဗြိတိန်သံအမတ်ကြီး Andrew Heyn နှင့် သြစတေလီးယား သံအမတ် Ms Bronte Moules တို့ ပါ၀င်ပြီး တခြား USAIM နှင့် တာဝန်ရှိသူ စုစုပေါင်း ၈ဦး တက်ရောက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဘက်ကတော့ ကျွန်တော် အပါအဝင် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ နဲ့  ALD ၊  NLD တို့မှ တစ်ဦး ကျစီပါ၀င်ပြီး စစ်တွေ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ စတင်ဆွေးနွေးတဲ့ အချိန်မှာဘဲ ကျွန်တော်က မေးခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက်ပါတယ်” ဟု အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ပြောပြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်် ပတ်သက်ပြီး ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်။
“ ယခု ကျွန်တော်တို့ကို တွေ့ဆုံရတဲ့ အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာတွေကို သိလိုတဲ့ အတွက် ခေါ်တွေ့ရခြင်း ဖြစ်သလဲ ဆိုတာကို သိရှိလိုပါတယ်လို့ ကျွန်တော်က စမေးမြန်း ပြောဆိုပါတယ်။  သို့မှသာ ဦးတည်ချက် ရောက်ပြီး အချိန်ကုန် သက်သာပါမယ်လို့ဆိုတော့   အမေရိကန် သံအမတ်ကြီးက ယခုလို တွေ့ဆုံရခြင်းဟာ  ကြွရောက် လာကြသူတွေရဲ့ အသံနဲ့ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ် ဘယ်လို သုံးသပ်မိကြသလဲ ဆိုတာကို သိလိုတဲ့ အတွက် ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်တယိလို့ ပြောပါတယ်။ ဒါ့အပြင် ပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကစပြီး ဖြစ်လာသလဲ။ ဆက်လက်ပြီး တည်ငြိမ် အေးချမ်းအောင် ဘယ်လို လုပ်ဆောင်ကြမလဲ စတဲ့ အကြောင်းအရာတွေကို သိလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြား ပြောဆိုပါတယ်။”
ဦးအောင်မြကျော်မှ ယခု  ပြဿနာသည် ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ် သောပြဿနာ မဟုတ်ကြောင်းနှင့်  ယခုပြဿနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ကြောင်း ယခုလို ရှင်းပြသည်ဟု ဆိုသည်။
“ ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေတဲ့  ပြဿနာဟာ ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါကြောင်း၊ ယခု ပြသနာဟာ သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာတဲ့  ပြဿနာဖြစ်တဲ့ အကြောင်း၊ အတို ချုပ်ပြီး ပြောရမယ် ဆိုရင် ယခုပြဿနာဟာ ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများကနေ  ရခိုင် တိုင်းရင်း သားတွေကို လူမျိုးတုန်း သတ်ဖြတ်ပြီး အစ္စလာမ်နိုင်ငံ ထူထောင်ရေး ကြိုးစားရာမှ စတင်ခဲ့တဲ့ အကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်မှာ ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့တဲ့ အကြောင်း၊ ယခုအခါ ရခိုင်ရွာပေါင်း ၃၀ ခန့်သာ ကျန်ရှိတော့တဲ့ အကြောင်း၊  အဲဒီ အချိန်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရမှာ  တာဝန်မကင်း ကြောင်းနဲ့  ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်  မောင်တောခရိုင်ကို ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစား ခဲ့ကြ ပါကြောင်း၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ် အမည်ခံ အကြမ်းဘက် လက်နက်ကိုင် အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း” စသဖြင့် ပြောကြားသည်ဟု ဆိုုသည်။
၎င်းပြင် ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်ဟုလည်း ဆိုသည်။
“ ကျွန်တော်က ဆက်ပြီး ဘယ်လို ရှင်းပြသလဲ ဆိုရင် မူဂျာဟစ်သူပုန်အနေဖြင့် မအောင်မြင်တဲ့ အခါ အာရ်အက်ဆို အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့တွေနဲ့  ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန် ထပ်မံ ကြိုးပမ်းလာပါကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဖြစ်လေဟန် နာမည်သစ် တစ်ခု လိမ်လည်ဖန်တီးပြီး ထိုမောင်တောခရို်င်အား ထပ်မံ၍ အစ္စလာမ်မစ် ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်ခဲ့ပါကြောင်းနှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ်  နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင် တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင် တိုင်းရင်းသား ကျေးရွာများ အားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ အာရက်စ်အို ၏ အထောက်အပံ့ကို အပြည့်အဝ ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကို သိရှိပြီး ဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏  နယ်မြေပိုင်ဆိုင်လိုမူအား ဒေသခံ တိုင်းရင်း သားများက  မိမိဒေသကို ခုခံကာကွယ်ယင်း  ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီ အဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှ အကြမ်းဘက်အဖွဲ့၏ ကျောထောက် နောက်ခံ ရရှိထားသော အာရ်အက်ဆို အဖွဲ့၏ ညွန်ကြားမူ အတိုင်း မိမိတို့ အိမ်များအား မီးရှို့ပြီး ရခိုင် တိုင်းရင်းသားများ ရှို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခု လေ့လာခဲ့ သော နေရာများတွင် တွေ့ရှိခဲ့ရမည်ဟု ထင်မြင်ပါကြောင်း၊ နောက်ဆုံး အနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခု ပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်″  ဟု ဆိုသည်။
သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော  အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်းကြောင်းများကို ကြားသိရသောကြောင့်  လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြသောကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်ဟု ဆိုသည်။
တခြား တက်ရောက်လာသူ ပါတီ ခေါင်းဆောင်များမှလည်း အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရား ဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား အစိုးရမှ ကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြသည်ဟု သိရသည်။  တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။

http://www.narinjara.com/burmese/?p=2924
- ဖမ်းဆီး စစ်ဆေးမည်ဆိို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ click
- ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်မည် click
- ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင် click
- ဥရောပကော်မရှင်ဥက္ကဌ ရခိုင်အရေး စိုးရိမ် click
- ရခိုင်ပဋိပက္ခ ဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း click
- ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထား click
- မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ ၁၀ ဦး ပျောက်ဆုံးနေပြီး ၂ ဦး ပြန်လည်တွေ့ရှိ click
- ရခိုင်နဲ့ ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့် click
- ရွေးကာက်ပွဲကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူတွေ့ဆုံ click
- နေပြည်တော် ရခိုင်တိုင်းရင်းသားများအသင်း ဖွဲ့စည်း click
- ရခိုင်အရေး နောက်ဆက်တွဲ မေးခွန်းများ (ဦးဝင်းတင်) click
- ရခိုင်ဆရာတော်တွေကို မဟန သတိပေး click
- ရခိုင်ငြိမ်းချမ်းရေးအတွက် စစ်တွေမှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင် click
- ရခိုင်ပြည်နယ်အတွင်း လက်နက်ပုန်းများ ရှာဖွေ click
- ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးအတွက် စိုးရိမ်နေကြ click
- တကျော့ပြန် အရေးအခင်းကာလတွင် သေဆုံးနှင့် ဒဏ်ရာရရှိသော ဒေသခံ ရခိုင်တိုင်းရင်းသားများ click
- “ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်ဖြေရှင်းနေသလဲ” မြန်မာ့အရေးကမ္ဘာ့အရေး (အသံ) click
- ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ click
- အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုးတဦး သတ်ဖြတ်ခံရ click
- သံတွဲတွင် လူအချို့ လက်နက်မှုဖြင့် တရားစွဲဆိုခံရ click
- သံတွဲ ဗလီတခုတွင် လက်နက်များ တွေ့ရှိသဖြင့် အမှုဖွင့်ထား click
- ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ click
- ရခိုင်ပြည်နယ် ဘယ်လို ပြန်ထူထောင်မလဲ click
- လုံခြံုစိတ်ချသည့် အခြေချနေထိုင်ရေး အချိန်ယူဖို့လိုဟု UNHCR ပြော click
http://drlunswe.blogspot.com/

October 20, 2012

KIO နှင့် ဆက်သွယ်မှုဖြင့် တနှစ်အတွင်း လူ ၃၀ ကျော် ထောင်ချခံနေရ

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား  တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့
သည့် တနှစ်ကျော်ကာလအတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းမှ ဒေသခံပြည်သူများ ဖမ်းဆီးခံရသူ အနည်းဆုံး ၃၂ ဦးခန့် ထောင်ဒဏ် ချမှတ်ခံရပြီး ဖြစ်ကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်၍ မြစ်ကြီးနားမြို့နယ် တရားရုံးက အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခြင်းခံရသူ ၁၉ ဦးအထဲမှ ၁၂ ဦးအား ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုုး၊ မူဆယ် စသည့် မြို့နယ် တရားရုံး
များက အဆိုပါ ပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်လိုက်သူ အနည်းဆုံး ၂၀ ဦးခန့်ရှိသည်ဟု ရှေ့နေ ဂျီမာခါးက ပြောသည်။

“ဒီနှစ်ဦးနဲ့ဆိုရင် မြစ်ကြီးနားမှာပဲ ၂၀ ကို အမိန့်ချပြီ။ ရှမ်းပြည်နယ် လာရှိုးမှာ ၁၀ ဦးကျော်တယ်။ မူဆယ်မှာက ၁၀ ဦးဝန်းကျင် ချပြီးသွားပြီ။ အားလုံး ၂၀ လောက် အမိန့်ချလိုက်တယ်။ ၃၀ ကျော်ရှိနေပြီ။ အဲဒီထဲက လွတ်မြောက်လာ
တာ မကြားသေးဘူး။ အကုန်လုံးကို အမိန့်ချလိုက်တယ်လို့ ပြောတယ်” ဟု မဇ္စျိမကို ပြောသည်။

အခြား မိုးညှင်း၊ ဗန်းမော်စသည့် မြို့နယ် တရားရုံးများမှ အမိန့်ချမှတ်သူများ စာရင်း မပါဝင်သေးကြောင်း သူက ဆိုသည်။ 

မြစ်ကြီးနားမြို့နယ် တရားရုံးမှ အမိန့်ချလိုက်သူ ၁၉ ဦးထဲမှ ရ ဦးမှာ ပြန်လည် လွတ်မြောက်ခဲ့သည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပြီးနောက် မတရားအသင်းနှင့် ဖောက်ခွဲမှုတို့ဖြင့် ဖမ်းဆီးခံရသူ ရ၀ ဦးခန့် ရှိရာမှ ယခု ၃၀ ကျော် အမိန့်ချပြီး ဖြစ်၍ ၄၀ ဦးခန့်မှာ တရားစွဲဆို ခံနေရဆဲ ဖြစ်သည်။

၎င်းတို့ကို အစိုးရ စစ်တပ်နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဖွဲ့များက ဖောက်ခွဲမှု ပုဒ်မ ၃၊ မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် ပတ်သက်သူများဟု စွပ်စွဲ၍ အနည်းဆုံး ၆ လမှ ၂ နှစ်ထိ ထောင်ဒဏ် ချမှတ်ခဲ့သည်ဟု သိရှိရသည်။

သောကြာနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ကိုဘရန်ရှောင် ဆိုသူအား မတရားအသင်းပုး်မဖြင့် စွပ်စွဲဖမ်းဆီးခဲ့ပြီး
နောက် ခြောက်လှန့်တောင်းယူမှု ပုဒ်မ ၃၈၄ ဖြင့် ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သည်ဟု အခြား အမည်မဖော်လိုသူ
ရှေ့နေတဦးက ပြောသည်။

“ဒီနေ့ ဘရန်ရှောင်ကို ပုဒ်မပြောင်းပြီးတော့ တနှစ်ချလိုက်တယ်၊ အစက ၁၇(၁) နဲ့စွဲတယ်။ နောက်ပိုင်း ရှေ့နေတွေက
နေ ပြန်ကြိုးစားပေးလို့ ခြောက်လှန့်တောင်းယူမှု ၃၈၄ နဲ့ ချလိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ အာဏာပိုင်များက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အဖွဲ့အစည်းမှ မဟုတ်သော်လည်း ထိုလက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်သွယ်သူများ၊ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရ
သော အဖွဲ့အစည်းများနှင့် ဆက်သွယ်သူများအား အဆိုပါ မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ်ချမှတ်လေ့ရှိ
သည်။

ဇူလိုင်လ ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသား ဒေသများမှ အပြစ်မဲ့ ပြည်သူများ ထောင်ကျခံ
နေရခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသဖြင့် မတရားအသင်း အက်ဥပဒေ ရုတ်သိမ်းရန် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က တင်သွင်းခဲ့သည်။

မေလဆန်းပိုင်းက ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူ အမှု စုစုပေါင်း ၅၀ ခန့်၏ အမည်စာရင်းများ နှင့် ၎င်းတို့အား လွှတ်ပေး
ရန် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား လိမ်မူ၍ သက်ဆိုင်ရာ တရားရုံးများသို့မိိတ္တူပြုကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က တင်ပြခဲ့သည်။

အဆိုပါ ၁၇(၁) ဖျက်သိမ်းရန် မလွယ်ကူသော်လည်း တရားရုံးများတွင် ထိုအမှုဖြင့် စွပ်စွဲဖမ်းဆီးထားသူများအား လွှတ်ပေးခြင်း သို့မဟုတ် တခြားပုဒ်မများဖြင့် ပြောင်းလဲ၍ အမိန့်ချမှတ်ခြင်းများ ရှိနေပြီ ဖြစ်ကြောင်း ဒေါ်ဒွဲဘူက
ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေတရားရုံးတွေမှာ ဥပဒေနဲ့ မညီတဲ့ဟာတွေကို လွှတ်ပေးဖို့ စာဝင်လာတယ်။ အခုတော့ ကွင်းလုံးကျွတ် လွှတ်တာတွေ ရှိတယ်။ ပုဒ်မ ပြောင်းပြီးတော့ လွှတ်ပေးတာတွေလည်း ရှိလာပြီ။ ဒါက ဒီလို တင်ပြ
ထားတဲ့ effect (သက်ရောက်မှု) တခုတော့ ဖြစ်တယ်”ဟု မဇ္စျိမကို ပြောသည်။

ယခင် အစိုးရနှင့် ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့သဖြင့် KIO ကို မတရားအသင်းမှ ဖျက်သိမ်းထားပြီးဖြစ်ရာ ယခု သမ္မတ အနေဖြင့် ပြန်လည်ကြေညာပေးသင့်ကြောင်း “သမ္မတ ဒါကို ကြေညာပေးရမယ်။ ၁၇ ဖြစ်တဲ့နေရာ ကချင်မှာက ၉၄ မှာ ဖျက်ပြီးသား။ ဒါကို ပြန်ဖမ်းနေတယ်ဆိုတော့ ဒီကိစ္စကို ပြန်သမ္မတက ကြေညာရမှာ။ ဒါကို မကြေညာဘဲ ပြန်ဖမ်းနေတယ်ဆိုတော့ ဒီချွတ်ယွင်းချက်ကို ဖျက်ချရမယ်” ဟု ဒေါ်ဒွဲဘူ က ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့်  ငြိမ်းချမ်ရေးဖော်ဆောင်မှု ဆောင်ရွက်နေချိန်မှာ ဖမ်းဆီးထောင်ချနေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းတွင် ထိခိုက်ကြောင်းလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောဆိုသွားသည်။

http://www.mizzimaburmese.com/news/inside-burma/10292-kio-------.html

October 4, 2012

ကချင် ရိုးရာနှင့် စီးပွားရေး အဖွဲ့တစ်ခု KIO မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်မည်


KITACES-Maijayang
ကေအိုင်အို မိုင်ဂျာယန် မြို့၊ ဗန်းမော်ခရိုင်၊ ကချင်ပြည်နယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်သည့် မိုင်ဂျာယန်မြို့တွင် ပထမဦးဆုံး ကချင်လုပ်ငန်းရှင်များနှင့် ပြည်သူများ အားလုံးပူးပေါင်းပါဝင်သည့် “Kachin International Trading and Cultural Exchange Society (KITCES)” အဖွဲ့တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ရုံးဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကချင်အမျိုးသား ရိုးရာယဉ်ကျေးမှုနှင့် စီးပွားရေးကိုဖွဲ့စည်းခြင်းသည် ရိုးရာနှင့် စာပေကဏ္ဍများတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ ဆလန်အင်ခွမ်ဂမ် (Salang Nhkum Gam) က ပြောသည်။
အဆိုပါအဖွဲ့စည်း ရုံးဖွင့်ခြင်းအားဖြင့် လယ်ယာလုပ်ကိုင်သည့် ပြည်သူလူထုများ အစုရှယ်ယာများထည့်ဝင်ကာ၊ လုပ်ငန်းရှင်များလည်း အစိုးရ (KIO) မှ အခွင့်အရေးများမရရှိသော်လည်း အဆိုပါက KITCES အဖွဲ့မှ ကူညီ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းပြောသည်။
“ဒီခေါင်းစဉ်နဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ သို့ ဖေဖော်ရီ ၂၀ ရက်ကျော်မှာ တင်ပြတယ်။ ဒါပေမယ့် သူတို့ဘက်က အော်ဒါထုတ်ပေးလို့လဲမရ အရင်းအနှီးထုတ်ပေးဖို့လဲမရဘူးဆိုတော့ ဒီမှာကျွန်တော်တို့ ဖြစ်နိုင်သလောက်နဲ့ စတင်ဖွင့်တာလာ ဟုတ်တယ်။” ဟု အားလုံးသဘောတူထောက်ခံခဲ့ကြောင်း ပြောသည်။
“ခုလိုရုံးဖွင့်ခြင်းဟာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့သူများ ကိုယ်သိတဲ့ ပညာတွေနဲ့ ကိုယ့်အမျိုးသားများကို ပြန်လည် ပညာတွေသင်ပေးနိုင်တယ်။  ဦးဆောင်နိုင်တယ်။ ရုံးမရှိဘူးဆိုရင် လိပ်စာမရှိဘူးဆိုရင်မကောင်းဘူး။ ကျွန်နော်တို့ စီးးပွားရေးလုပ်ချင်ရင် အခွင့်အရေးကို ဘဏ္ဍာရေးဘက်ကိုတောင်းတယ်။ ပညာရေးဘက်ဆိုရင်  ပညာရေးဌာနမှာပြောဆို ညှိနှိုင်းသွားပြီးလုပ်ဆောင်သွားမယ်။”  ဟုဆက်ဆိုသည်။
၄င်း KITCES အဖွဲ့ကို ယခင် KIO စစ်မှုထမ်းဟောင်း ဖြစ်သော ဦးဓါမျှာမောရှေ (Da Mya Maw She) ဦးဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
မကြာမီပြုလုပ်မည့် ဖွင့်ပွဲသို့ တရုတ်နယ်စပ်၊ ကချင်ရိုးရာယဉ်ကျေးမှုရုံးများ၊ လုပ်ငန်းရှင်များနှင့် နီးစပ်ရာများသို့ တဦးချင်းဆီကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
မိုင်ဂျာယန် KITCES ရုံးဖွင့်ပွဲတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများမှ ကချင်ကိုယ်စားလှယ်များလည်း တက်ရောက် မည်ဖြစ်ကြောင်းသိရသည်။
ယခုချိန်သည် မြန်မာအစိုးရတပ်နှင့် KIO ကြားတိုက်ပွဲများကြောင့် မငြိမ်မသက်ဖြစ်နေချိန်ဖြစ်သော်လည်း အားလုံးစိတ်သဘောညီညွှတ်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်ဆိုသည်။
လုပ်ငန်းစဉ်များကို မည်ကဲ့သို့အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ကိုလည်း ရုံးဖွင့်ပွဲတွင် တက်ရောက်လာမည့် ပြည်သူလူထု လုပ်ငန်းရှင်များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

http://kachinnews.com/burmese/news/967-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9-%E1%80%9B%E1%80%AF%E1%80%AD%E1%80%B8%E1%80%9B%E1%80%AC%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%90%E1%80%85%E1%80%B9%E1%80%81%E1%80%AF-kio-%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC%E1%80%9A%E1%80%94%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%96%E1%80%BC%E1%80%84%E1%80%B9%E1%80%B7%E1%80%9C%E1%80%BD%E1%80%85%E1%80%B9%E1%80%99%E1%80%8A%E1%80%B9.html

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်

SAMချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ်သော
ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေစိုက် KNO က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သမ္မတ က ဒီကချင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဥပဒေအရ လုပ်တယ် ဆိုတော့ ဒါက ဘယ်ဥပဒေမှ မတွေ့ပါဘူး။ လူတွေကို နှိပ်စက်တာ၊ သတ်တာတွေက ဘယ်ဥပဒေမှာမှ လုပ်နိုင်တယ်ဆိုတာ မရှိဘူး။ နောက် KIO က စစ်မရပ်လို့ သူတို့က ခုခံစစ် တိုက်ရတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ စစ်တပ်တွေ ရှိရှိသမျှ ကချင်ပြည်မှာ တိုက်နေတာ။ ပို့နေတာ ဖြစ်တယ်” ဟု KNO ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောသည်။


ထိုသို့ ပြောဆိုနေခြင်းသည် သမ္မတအနေဖြင့် မြန်မာပြည်သူများအား တန်ဖိုးမထားခြင်းကို ထုတ်ဖော်လိုက်ခြင်းနှင့် စစ်ပြေးဒုက္ခသည်များကို လျစ်လျူရှု့ရာ ရောက်ကြောင်း ကြာသပတေးနေ့ထုတ် KNO ကြေညာချက်တွင် ပါရှိသည်။

“သမ္မတ ဦးသိန်းစိန် မှားတာ မဟုတ်ဘူး။ KIO လည်း မှားတာ မဟုတ်ဘူး။ မှားတာက အခြေခံဥပဒေကိုက မှားနေတယ် ဆိုတော့ အဲဒီအခြေခံဥပဒေကို ပြုပြင်မှုမှတပါး ကျနော်တို့မှာ ဆေးမရှိဘူး။ အဲဒါကို ပြောချင်တာပါ။ အခြေခံဥပဒေ မှားနေတာကို အတူနေဖို့ဆိုတာ မလွယ်တော့ အမြဲတမ်းပဲ တိုက်ပွဲဖြစ်မှာပဲ” ဟု ဒူဝါ ဘောမ်ဝမ် လရော် က ဆိုသည်။

အစိုးရတပ်များမှာ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်လက်နက်အင်အားများ ဖြည့်တင်းနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ်၊
မြစ်ကြီးနား-ဗန်းမော်လမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောဆိုသွားသည်။

KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ဇွန်လ ၂၈ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးနောက် KIO နှင့်အတူ ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ဖွဲ့စည်းခဲ့သော်လည်း KIO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ဖွဲ့သဘောထား
ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာ မှ ထိုင်း၊ အမေရိကန်၊ ဂျာပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ တိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

လွန်ခဲ့သည့်နှစ် ဇွန်လက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေနှင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံမည့် ရက်နှင့်နေရာကို နှစ်ဘက် ညှိနှိုင်း၍မရသေးဘဲ ဖြစ်နေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အမေရိကန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး ဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း KIO နှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10207--kno-.html

ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

မြေမြှုပ်မိုင်းကြောင့် ခြေထောက် ဆုံးရှုံးသွားသူမျာ အတွက် ခြေတုပြုလုပ်နေသည့် ဖခင်ကို ကူညီနေသော ကရင် ကလေးငယ်တဦး (ဓာတ်ပုံ – Reuters)

ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။
“မြေမြှုပ်မိုင်း ဖော်ဖို့ ကိစ္စကို အခုအချိန်မှာ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်က ကျွမ်းကျင်တဲ့ သူတွေနဲ့ အစိုးရ စစ်တပ်ဘက်က ကျွမ်းကျင်တဲ့သူတွေ ပေါင်းပြီး ရှင်းလင်း နေပါတယ်။ ကျောက်ကြီး ဘက်မှာတော့ ရှင်းလင်းပြီးသွားပါပြီ။ စီမံချက်နဲ့ လုပ်ဖို့လည်း ရှိပါတယ်” ဟု ဦးဇော်မင်းက ပြောသည်။
ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ရာတွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းမည့် ကိစ္စ ပါ၀င်ကြောင်း၊ နယ်စပ်ဒေသများတွင် စစ်ရှောင် ပြေးခွာနေသည့် ပြည်သူများ ပြန်လာပါက ၎င်းတို့ ကိုယ်ပိုင်နေရာများတွင် ပြန်နေနိုင်ရန် စီစဉ်ပေးနေကြောင်း၊ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် သူများ အားလုံး ပြန်လာနိုင်ရန် အတွက်လည်း မြန်မာ အစိုးရနှင့် ထိုင်း
အစိုးရတို့ ညှိနှိုင်းကာ စာရင်းကောက်ယူနေကြောင်း သိရသည်။
“ပြန်ဝင်လာဖို့ ခန့်မှန်းခြေ လူ တသိန်းလေးသောင်းနဲ့ တသိန်း ခြောက်သောင်းလောက် ရှိတယ်။ တချို့က သူ့ရပ်သူ့ရွာ ရှိတယ်၊တချို့ကတော့ မရှိဘူး။ သူတို့ လာရင် စနစ်တကျ နေထိုင်လို့ရအောင် စီစဉ်ပေးမှာပါ” ဟု ဦးဇော်မင်းက ဆက် ပြောသည်။
ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသူများ ပြန်လာမည်ဆိုပါက အဆင်သင့် ဖြစ်စေရန်အတွက် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စများကို အပြည့်အဝ ပေးနိုင်ရန်လည်း စီစဉ်ပေး နေကြောင်း၊ နော်ဝေ နိုင်ငံ အမျိုးသား ကြက်ခြေနီ အဖွဲ့ကလည်း အဆိုပါဒေသရှိ ကျောင်းနေရန် ခက်ခဲသူများအတွက် အိမ်များ ဆောက်ပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/22032

October 3, 2012

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို KIA တုန့်ပြန်

ကချင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာဟာ အစိုးရ အပစ်ရပ်ဖို့ အမိန့်ပေး ထားပေမယ့် KIA ကချင် လွတ်လပ်ရေး အဖွဲ့ဘက်က အပစ်ရပ်ဖို့ ညွှန်ကြားတာမျိုး မရှိလို့ ဖြစ်နေရတာ ဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ဟာ လက်ရှိ ပြည်တွင်းရေး ပြဿနာကနေ ရှောင်လွှဲလိုတဲ့ သဘော ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်း က ဘီဘီစီကို ပြောပါတယ်။
ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ရုံမှအပ အပစ်ရပ်ဖို့ အစိုးရတပ်တွေကို အမိန့်ပေးထားပေမယ့် KIA တပ်တွေက အစိုးရတပ်တွေ ရိက္ခာပို့ရာ လမ်းကြောင်းတွေမှာ မိုင်းခွဲ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်းမှာ ပြောခဲ့ပါတယ်။
KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းကတော့ လက်ရှိမှာ အစိုးရတပ်တွေနဲ့ KIA အကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေရာမှာ သွားရင်း လာရင်းနဲ့ ပစ်ခတ်တာမျိုး ရှိသလို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုး၊ KIA တပ်စခန်းငယ်တွေကို ဝင်ရောက် ရှင်းလင်း ပစ်ခတ်တာမျိုးတွေကြောင့် တိုက်ပွဲတွေ ဖြစ်ရတာလို့ ပြောပါတယ်။
အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြောပြီးနောက်ပိုင်း အစိုးရတပ်တွေဘက်က စခန်းသိမ်း တိုက်ပွဲတွေ အတော်များများ လုပ်ခဲ့ကြောင်း၊ အစိုးရဘက်က အသာစီးရနေတဲ့ အခြေအနေမျိုးမှာ KIA ဘက်က အပစ်ရပ်မိန့် ပေးဖို့ မဖြစ်နိုင်ကြောင်း ဦးလနန်းက ပြောပါတယ်။
နှစ်ဘက်အကြား ပြဿနာဟာ တွေ့ဆုံ ဆွေးနွေးပြီးမှ ပြေလည် နိုင်မယ့် ကိစ္စ ဖြစ်တာမို့ တွေ့ဆုံ ဆွေးနွေးမှုကတော့ လုပ်ကို လုပ်ရမှာ ဖြစ်ကြောင်း၊ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နေပါတယ်လို့ ပြောနေပေမယ့် စစ်မှန်တဲ့ လမ်းကြောင်းပေါ် မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း သူက ပြောပါတယ်။
ဒါပေမယ့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဦးအောင်မင်းတို့နဲ့ နှုတ်အားဖြင့် သဘောတူခဲ့တဲ့ Justice and Negotiation Centre ရုံးခန်းကို နှစ်ဘက် နယ်မြေ ကြားမှာ ရှိတဲ့ ပရမ်ငွန် ရွာမှာ ဖွင့်လှစ် လိုက်နိုင်တဲ့ ကိစ္စက နှစ်ဘက်အကြား ပြန်လည် တွေ့ဆုံ ဆွေးနွေးဖို့ လမ်းစ ဖြစ်တယ်လို့ KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ဖွဲ့အနက် လက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့နဲ့ လောလောဆယ် ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

  ဆက်စပ်အကြောင်းအရာများ

 http://www.bbc.co.uk/burmese/burma/2012/10/121003_kia_fighting.shtml

October 2, 2012

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ

အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ ကျောက်နီမော်ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။
အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေတွန်းတင်အပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ သိမ်များ၊ အိမ်များဖျက်ဆီးပြီး လူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစုလူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ်သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ချ်နိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/505-2012-10-02-13-56-34

ကရင်နီပြည်နယ် ရွာသစ်ဆည် တည်ဆောက်ရေး ပွင့်လင်းမှုရှိရန် KCSN တောင်းဆို

အောက်တိုဘာလ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နယ်ရှိ ရွာသစ်တွင် သံလွင်မြစ်ရေကို အမှီပြု၍ တည်ဆောက်သည့် ရွာသစ်ဆည်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN)က ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။

KCSN တာဝန်ခံဖြစ်သူ ခွန်းမီရယ်က “ဒီဆည်စီမံကိန်းကို အကယ်၍ မရပ်ဘူးဆိုရင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နဲ့ အစိုးရအကြား) ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အနှောက်အယှက်ဖြစ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ ဒါကြောင့် ဒီဆည် စီမံကိန်းကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်သွားဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြန်မာအစိုးရသည် KNPP နှင့် ဆွေးနွေးသဘောတူညီချက်အရ ရေကာတာ အပါအဝင် အကြီးစားစီမံကိန်းလုပ်ငန်း ပြု လုပ်ပါက ပြည်သူလူထုနှင့် လူမှုအသင်းအဖွဲ့အပေါ် ပွင့်လင်းမြင်သာမှုရှိရန် ပါ၀င်သည်ဟု သူက ဆက်လက် ထောက်ပြပြောဆို ခဲ့သည်။
ရွာသစ်ဆည် တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာစစ်အစိုးရနှင့် တရုတ်ဒါတန် ကုမ္ပဏီတို့ ၂၀၁၀ခုနှစ်၊ ဇန်နဝါရီလက တွေ့ဆုံပြီး နှစ်ဦးနှစ်ဘက် နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ၎င်းတို့နှစ်ဘက် သဘောတူညီခဲ့ပြီးနောက် စီမံကိန်းကို စတင် အကောင်အထည်ဖော်ခဲ့ရာ ယခုအချိန်တွင် စတင် တည် ဆောက်မှုအပိုင်း မရောက်သေးသော်လည်း ဆည်လုံခြုံရေးအဖြစ် အစိုးရတပ်များ လာရောက်တပ်စွဲထားမှုများ ရှိသည်ဟု KCSN က ဆိုသည်။
ယနေ့မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ကာ ပြည်တွင်းသတင်းထောက် ၃၀ကျော် တက်ရောက်ခဲ့သည့် ၎င်းသတင်းစာ ရှင်းလင်းပွဲတွင် ဆည်တည်ဆောက်နေချိန် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိမရှိကို KCSN ဘက်မှ ကွင်းဆင်းလေ့လာလိုကြောင်း အစိုးရထံ တောင်းဆိုခြင်းဖြစ်သည်ဟု ခွန်းဘီထူးက ယခုလို ပြောသည်။
“ဒီဆည်ကိုဆောက်တာ ဘာတွေဖြစ်မလဲဆိုတာ မသိရပေမယ့် အစိုးရဘက်ကနေ ပွင့်ပွင့်လင်းလင်း ချပြပြီးတော့မှ လုပ်ဆောင် တဲ့ စီမံကိန်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ကျနော်တို့ကို လေ့လာခွင့်ပေးပြီး ပွင့်ပွင့်လင်းလင်း ချပြမှပဲ လုပ်သင့်တာ ကို ဆက်လုပ်ပါလို့ တောင်းဆိုတာပါ”ဟု ခွန်းဘီထူးက ပြောဆိုသည်။
Karenni Civil Society Network-KCSN ကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်နီလူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့ အပါအဝင် လူမှုအသင်းအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၀၉ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

http://www.kicnews.org/?p=13543
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India