ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော်
(ဓါတ်ပုံ SSPP)
May 3, 2013
SSPP တပ်ဖွဲ့များအား အစိုးရ ဆက်လက် စစ်ဆင်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်မတော်
(ဓါတ်ပုံ SSPP)
ရှမ်းမြောက် တပ်နှင့် အစိုးရတပ် ညလုံးပေါက် တိုက်ပွဲဖြစ်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြောက်ပိုင်း (SSPP/SSA) ၏ လွယ်စေး တပ်စခန်းသို့ အစိုးရတပ်မှ ချဉ်းနင်း ဝင်ရောက်လာ၍ မေလ ၂ ရက်နေ့ ညနေမှ ၃ ရက်နေ့ နံနက်အထိ ညလုံးပေါက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSA က မဇ္စျိမကို ပြောသည်။
“မနေ့က
ညနေ ၅ နာရီကနေ ဒီနေ့ မနက် ၉ နာရီထိ တိုက်ပွဲဖြစ်တယ်။ လွယ်စေး တောင်ကြော
တလျှောက် ကျနော်တို့ တပ်တွေ ရှိတယ်။ သူတို့က အဲဒါကို သိမ်းချင်တယ်လေ။ အဲလို
သဘောပါ” ဟု SSA မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်အင်အား ၂၀၀ ခန့်က တဖွဲ့လျှင် အင်အား ၃၀ ကျော်ရှိ ဌာနေ ပြည်သူ့စစ် ၃ ဖွဲ့ကို လမ်းပြအဖြစ် ခေါ်ဆောင်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွား၍ ပြည်သူ့စစ် အများအပြား ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း စာရင်း အတိအကျကို မသိရသေးကြောင်း သူက ပြောသည်။ လွယ်စေး တပ်စခန်းကိုမူ SSPP/SSA က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။
အပစ်အခတ် မရပ်စဲမီကပင် လွယ်စေး တောင်ကြော တလျှောက်သည် SSA အခြေချရာဒေသ ဖြစ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူတွင် ပါဝင်သည့် နှစ်ဖက်တပ်များ လက်နက်ဖြင့် နယ်မြေကူးလူး သွားလာမှု ပြုပါက ကြိုတင် အကြောင်းကြားရန် ဆိုသည့်အချက်ကို အစိုးရတပ်မှ မလိုက်နာသည့်အပြင် ၎င်းတို့ တပ်စခန်းအား လာရောက် တိုက်ခိုက်ခြင်းသည် ရန်စမှုသာ ဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
မတ်လ ၂၅ ရက်နေ့က လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြုံရေးအတွက် နယ်မြေ ရှင်းလင်းရန် တန့်ယန်းနှင့် လားရှိုးမြို့နယ်အတွင်းရှိ SSA တပ်စခန်းများ ဆုတ်ခွာပေးဖို့ ရှမ်းပြည်မြောက်ပိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးက
တောင်းဆိုခဲ့ပြီး ထိုနေရာသည် SSA နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့၏ မဟာမိတ် ဆက်ဆံရေး လမ်းကြောင်း ဖြစ်၍ လက်မခံခဲ့ရာမှ ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု SSA က ဆိုသည်။
တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသတဝိုက်တွင် ဖြစ်ပွဲသည့် တိုက်ပွဲများကြောင့် ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၁,၅၀၀ ခန့် ရှိလာခဲ့သည်ဟု ဒုက္ခသည်များကို အကူအညီပေးနေသူများထံမှ သိရသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ ဒုက္ခသည်များ ထပ်မံရောက်ရှိဖွယ် ရှိပြီး မိုးရာသီ နီးကပ်လာသည့်အလျောက် စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် တည်းခိုရန် တန်းလျားများကို တန့်ယန်းမြို့၊ ရပ်ကွက် ၅ တွင် ဆောက်လုပ်ပေးမည်ဟု အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် ဒုက္ခသည် ကူညီရေး ကော်မတီဝင်များက ဆိုသည်။
ကော်မတီသစ်တွင် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်အမတ်များနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး စသည်တို့ ပါဝင်သည်။
“အခု ဝါးတွေ သစ်တွေ စုနေတယ်။ မြေညှိတာတွေ၊ ခြုံခုတ်တာတွေတော့ လုပ်နေပြီ။ မိုးမရွာမီ အပြီးဆောက်ပေး မယ်။ တန်းလျားလိုပေါ့။ ချက်ပြုတ် စားသောက်ဖို့ နေရာကတော့ စုပေါင်းပေါ့” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် ကိုစိုင်းလူ က ပြောသည်။
SSA မှ လာသော သတင်းအရ သံလွင်မြစ်ကြောင်း တလျှောက် လွယ်လန်းနှင့် လွယ်စေးဒေသ တဝိုက်တွင် အစိုးရတပ်မှ လက်နက်နှင့် လူအင်အား ထပ်မံ ဖြည့်တင်းထားသလို SSA ဘက်မှလည်း အလားတူ
ဖြည့်တင်းထားကြောင်း သိရသည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/11492-2013-05-03-12-58-10.html
RCSS တပ်ဖွဲ့ နယ်မြေ ထဲသို့ အစိုးရ တပ်ဖွဲ့များ တိတ်တဆိတ် ကျူးကျော်
Friday, May 03, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
RCSS အထူးတပ္မ်ား
(ဓါတ္ပုံ RCSS)
April 30, 2013
SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ
Tuesday, April 30, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
SSPP တပ်ဖွဲ့များ
(ဓါတ်ပုံ - အင်တာနက်)
April 22, 2013
စစ်ပွဲတွေကြောင့် ရှမ်းမြောက် ဒေသခံတွေ နေရပ် စွန့်ခွာနေ
Monday, April 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) နဲ့ အစိုးရစစ်တပ်တို့အကြား
တန့်ယန်းမြို့နယ်ထဲမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ဆက် တိုက်ဖြစ်နေပြီး
ဒေသခံတွေ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း သတင်းရသည်။တန့်ယန်း မြို့ပေါ်မှာ ဒုက္ခသည်တွေ ခိုလှုံနိုင်ဖို့ အတွက် ကူညီပေးနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံစိန် က “မိသားစုလိုက်တွေ ပါတယ်၊ နေ့တိုင်းကို မြို့ပေါ်တက်လာနေကြတယ်၊ သက်ကြီး ရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေများတယ်၊ လူတွေက အရမ်းများလာတဲ့အတွက် အခုနေရာထိုင်ခင်းအတွက် ကျနော်တို့ ပြင်ဆင်ပေးနေပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ မတ်လ၂၈ ရက်နေ့ကတည်းက နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ နှစ် ကူးသင်္ကြန် ရက်တွေဖြစ်တဲ့ ဧပြီ ၁၅၊ ၁၆ ရက်တွေမှာ အမြောက်တွေကိုပါ အသုံးပြုလာပြီး ဒေသခံရွာတွေထဲကိုပါ ကျမှန်ပေါက် ကွဲတဲ့ အခြေအနေတွေအထိ ဖြစ်လာတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ပြီး စစ်ဘေးရှောင်ဖို့ နေ့စဉ်လို တန့်ယန်း မြို့ပေါ် ကို တက် လာကြတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားရာ အနီးဝန်းကျင်ရှိ လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စတဲ့ ကျေးရွာဒေသခံတွေက စစ်ဘေး ရှောင်ဖို့အတွက် တန့်ယန်းမြို့ပေါ်ကို ထွက်ပြေးကြတာ ဖြစ်ပါတယ်။
စစ်ဘေးခိုလှုံသူ လွယ်စေး ကျေးရွာအုပ်စုက ရွာခံတဦးက“အဝေးကြီးတွေကနေ လှမ်းပစ်နေကြတာ၊ ရွာထဲကို လက်နက်ကြီးကျလို့ အိမ်နှစ်လုံးပျက်စီးသွားတယ်၊ ပစ်တာတွေက မရပ်ဘူး၊ တောထဲဆင်း အလုပ်လုပ်လို့လည်း မရတော့ဘူး၊ အိမ်မှာနေလဲ ထမင်းကို ကောင်းကောင်းစားလို့မရဘူး၊ ဘယ်အချိန် လက်နက်ကြီး ကျလာမလဲ ဆိုပြီး၊ သူတို့တွေရှိလို့ ပိုက်ဆံတကျပ်ပိုမရပေမယ့် သူတို့တွေ စစ်ဖြစ်ရင် ကျမတို့က အရင်ဆုံး ဘဝပျက်ရတာပဲ”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ တန့်ယန်းမြို့ အမှတ် ၄ ရပ်ကွက်ထဲမှာရှိတဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာခိုလှုံနေတဲ့ ဒုက္ခသည် ၄၅၀ ကျော် ရှိနေပြီး မြို့ပေါ်ရှိ တခြားရပ်ကွက်တွေမှာ သွားရောက်ခိုလှုံနေတဲ့ လူတွေနဲ့ ပေါင်းရင် ၁၀၀၀ အထက်မှာရှိတယ်လို့ ဦးစိုင်းစံစိန် က ပြောပါတယ်။
နောက်ထပ်ရောက်လာမယ့် ဒုက္ခသည်တွေနေထိုင်ဖို့ နေရာအသစ်ပြုလုပ်ပေးနိုင်ဖို့အတွက် လူမှုကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီ တွေ စုပေါင်းပြီး သောကြာနေ့ညနေက အရေးပေါ် အစည်းအဝေးတရပ် လုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရောက်ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး အတွက်ကိုတော့ မြို့ခံအာဏာပိုင်အဖွဲ့၊ ဒေသခံ အစိုးရစစ်တပ်၊ NGO အဖွဲ့၊ လူမှုကူညီရေး အသင်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက လှူဒါန်း ထောက်ပံ့ပေးနေတယ်လို့ ဒုက္ခသည်တွေကို ကူညီ ပေးနေတဲ့ ပုဂ္ဂလိက အလှူရှင်တွေက ပြောပါတယ်။
တန့်ယန်းမြို့နယ်ထဲက SSA-N တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ လွယ်လန်းနဲ့ လွယ်စေး တပ်စခန်း ၂ ခုကို ခေတ္တ ဆုတ်ခွာပေးဖို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက မတ်လ ၂၅ ရက်နေ့ လားရှိုးမြို့ ရွှေလီရိပ်သာမှာ SSA-N တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံတုန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ SSA-N က တပ်စခန်းတွေ ဆုတ်ခွာပေးခြင်း မရှိတဲ့အတွက် မတ်လ ၂၈ ရက် နေ့က စတင်ပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သင်္ကြန်အကျနေ့က တန့်ယန်းမြို့နယ် မိုင်းကောင်း ကျေးရွာအုပ်စု နမ့်လောင်း ကျေးရွာအနီးက ချီတက်သွားတဲ့ အစိုးရ စစ်ကြောင်း ခြေလျင် တပ်ရင်း(ခလရ) ၂၉၁ မှာ မိုင်းထိသွားပြီး SSA-N ပြောက်ကျား တပ်ဖွဲ့တွေရဲ့ချောင်းမြောင်း ပစ်ခတ်တာကို ခံလိုက်ရလို့ ဒေသခံ ရွာသားတွေ ကူးသန်းသွားလာတဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ရွာသူရွာသားတွေကို မေးမြန်းရိုက်နှက်တာမျိုးတွေ ရှိတယ်လို့ နမ့်လောင်း ရွာခံ တဦးက ပြောသည်။
“စစ်တပ်က လမ်းပေါ်မှာလာတဲ့ ဆိုင်ကယ်တွေ အကုန်သော့တွေ သိမ်းထားပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေရော ဝမ်း လျား မှောက်ခိုင်းပြီး ရှမ်းစစ်တပ်တွေ ဒီနားသွားလာနေတာ မင်းတို့ရွာသားတွေ မသိဘူးလား ဆိုပြီးမေးတယ်၊ ကန်တယ်၊ ရိုက် တယ်၊ စိတ် ကျေနပ်လောက်မှ ပြန်လွှတ်တယ်၊ အခုသူတို့ နှစ်ဘက်တပ်တွေ အပြင်မှာလှုပ်ရှားနေကြတော့ ရွာခံတွေက တောထဲ ထွက် အလုပ်လုပ်လို့ကို မရတော့ဘူး”လို့ နမ့်လောင်း ရွာခံက ဧရာဝတီကို ပြောပြပါတယ်။
တန့်ယန်းမြို့ပေါ်ကို လာရောက်ခိုလှုံကြတဲ့ ဒုက္ခသည်တွေက နှစ်ဘက်တိုက်ပွဲတွေကြောင့် နောက်ထပ် ရောက်လာမယ့် လူတွေ လည်း ရှိသေးကြောင်း ပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေကို ဧရာဝတီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရရှိခဲ့ပါဘူး။
အစိုးရနဲ့ SSA-N အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမယ့် အစိုးရဘက်ကလိုက်နာမှု မရှိကြောင်း၊ ၎င်းတို့ရဲ့ စီးပွားရေး လမ်းကြောင်းနဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) တို့အကြား စီးပွားရေး၊ စစ်ရေး မဟာမိတ်အဖြစ် အသုံးပြုနေ တဲ့ သံလွင်မြစ် အနောက်ခြမ်းက လှုပ်ရှားနယ်မြေတွေကို အစိုးရက ဝင်ရောက်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း SSA-N ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ အခုလဆန်းပိုင်းက ဧရာဝတီ ရဲ့ မေးမြန်းမှုကို ဖြေဆိုထားပါတယ်။
“သူတို့က ခဏဖယ်ပေးပါဆိုပြီး ပြောတယ်၊ အရင်ကလည်း ဖယ်ပေးခဲ့ဖူးတဲ့ နေရာတွေရှိတယ်၊ ကိုယ်က ဖယ်ပေးပြီးရင် သူတို့က တပ်စွဲထားလိုက်တယ်၊ ပြန်ဖယ်မပေးတော့ဘူး၊ ဒါကြောင့် အခုမဖယ်ပေးတော့တာ”လို့ ဗိုလ်မှူး စိုင်းလှ က ပြောပါတယ်။
အခု ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နှစ် ဇွန်လ ၂၂ ရက်က မန္တလေးမြို့မှာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲ ရေးအတွက် သဘောတူညီချက် ရထားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ အတွင်းကလည်း လားရှိုးမြို့မှာ ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှု အခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့တယ်လို့ သိရပါတယ်။
SSA-N ဟာ အခုနှစ်ဆန်းပိုင်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပြီး မိုင်းရှူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မိုးမိတ် စတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
http://burma.irrawaddy.org/archives/37903
ရှမ်းမြောက်ပိုင်း အစိုးရတပ် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများ ထုတ်ဖော်
Monday, April 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် မှ နမ့်ပန်ချောင်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့်
ရေကစားထွက်သည့် အမျိုးသမီး/သား လူငယ် ၅၀ ခန့်ကို ထိုဒေသတွင် လှုပ်ရှားနေသည့် စစ်ကြောင်းက ဖမ်းဆီးကာ ၎င်းတို့၏ လုံခြုံရေးအတွက် ဝမ့်မူးဆေး မှ နမ့်လောင်း ကျေးရွာထိ စစ်ကြောင်း ရှေ့ နောက်တွင် လျှောက်စေကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။
“ရေကစားဖို့ ဆိုပြီးတော့ ဆိုင်ကယ်လေးတွေနဲ့ သွားကြတာပေါ့ဗျာ။ အဲဒီမှာ စစ်ကြောင်း တကြောင်းက အဲဒီသွားတဲ့ လူငယ်တွေကို ရပ်ပြီးတော့မှ သူတို့ဆိုင်ကယ်ကို လမ်းဘေးရပ်ခိုင်းပြီး ဖမ်းထားတာပေါ့။ လူပေါင်း ငါးဆယ်လောက် ရတဲ့အခါကျမှ သူတို့ သွားလိုတဲ့နေရာကို သူတို့နဲ့အတူ လမ်းလျှောက်ခိုင်းပြီး သွားတာ။ ရှမ်းတပ်က သူတို့ကို ဝင်မပစ်အောင်ပေါ့ဗျာ။ သွားချင်တဲ့နေရာ ရောက်ပြီး ဆိုတဲ့အခါကျမှ ပြန်လာပြီးမှ အဲဒီလူငယ်တွေကို ဖမ်းတဲ့နေရာမှာပဲ
ပြန်လွှတ်တယ်” ဟု SHRF မှ ဦးခမ်းဟန်ဖ က ပြောသည်။
သင်္ကြန်အကြတ်နှင့် အတက်နေ့ (ဧပြီလ ၁၅ နှင့် ၁၆ ရက်နေ့) များတွင် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) နှင့် အစိုးရတပ်ကြား တန့်ယန်းမြို့နယ်အတွင်း မိနစ်ပိုင်းမျှ ကြာသည့် တိုက်ပွဲများ သုံးကြိမ်ထက်မနည်း
ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ ကလေး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် လူနေအချို့လည်း ပျက်စီးခဲ့သည်ဟု SHRF က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။
၎င်းပြင် ကလေးငယ်အချို့ ပါဝင်သည့် ရွာပေါင်း ၉ ရွာမှ လူထုများအား ဖမ်းဆီးရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြပြီး ရွာသားများ ထွက်ပြေးရန် အသုံးပြုသည့် ယာဉ်များကို အစိုးရတပ်မှ မီးရှို့ဖျက်ဆီးကာ တိုက်ပွဲ
ဖြစ်ပွားရာအနီးရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။
“တချို့ရွာသားတွေက ထွက်ပြေးဖို့ ရွာကနေ ထွက်ကြတော့ စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဘယ်သွားဖို့လဲ ဘာညာ
မေးတော့ ကြောက်လို့ တခြားနေရာကို ထွက်ပြေးမယ် ပြောတော့ မသွားရဘူး ဆိုပြီးတော့မှ သူတို့ရဲ့ ဆိုင်ကယ်၊ သူတို့ရဲ့ ယာဉ်တွေကို ယူပြီးတော့မှ မီးရှို့ပစ်တယ်” ဟု ဦးခမ်းဟန်ဖ က ပြောသည်။
မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြရာမှ သင်္ကြန်ကာလ နောက်ပိုင်းတွင် တိမ်းရှောင်သူပေါင်း ခန့်မှန်းခြေ ၂,၀၀၀ ခန့် ရှိလာခဲ့သည်ဟု SHRF မှ မယိင်းဟာန်ဖ က ပြောသည်။
“အစတုန်းက တထောင်ကျော်ကျော်ပဲ ရှိတယ်ရှင့်။ နောက်တော့ သင်္ကြန်အချိန်မှာ တိုက်ပွဲ ထပ်ဖြစ်လို့ ထပ်ပြေးလာ
ကြတော့ နှစ်ထောင်လောက် ရှိပြီရှင့်” ဟု မဇ္စျိမကို ပြောသည်။
မြို့နယ် အုပ်ချူပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဧပြီလ ၁၁ ရက်နေ့တွင် ဒုက္ခသည် ၃၀ ခန့် နေရပ် ပြန်သွားကြသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် တန့်ယန်းမြို့သို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာကြကာ ပြန်သွားသည့် ဒုက္ခသည်အချို့လည်း ပြန်လည် ရောက်ရှိလာကြသည်ဟု ကယ်ဆယ်ရေးစခန်း ကော်မတီဝင် ကိုစိုင်းလူ က ပြောသည်။
ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ် အဖွဲ့အစည်းများ၊ လူမှု ကူညီရေးအသင်းများ၊ နိုင်ငံရေး ပါတီများနှင့် မြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက အကူအညီများ ပေးလျက် ရှိသည်ဟု ဆိုသည်။
ဧပြီလ ၃ ရက်နေ့က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) ရှိ ရွှေလီ ရိပ်သာတွင် အစိုးရ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်တို့နှင့် တွေ့ဆုံစဉ် ဒုက္ခသည်များအား
နေရပ်တွင် ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် SSA/SSPP ဘက်က တောင်းဆိုတင်ပြထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ၊ ယနေ့တွင်လည်း တန့်ယန်းမြို့နယ်၊ လွယ်ကျေး ကျေးရွာဘက်တွင် တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု SSA/SSPP မှ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
ဆက်သွယ်ရေး အခက်အခဲကြောင့် မည်သည့်တပ်ရင်းနှင့် ဖြစ်ပွားခဲ့ခြင်းနှင့် ထိခိုက်မှု အခြေအနေကို မသိရှိရ
သေးကြောင်း သူက ပြောသည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA/SSPP) သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစိုးရတပ်နှင့် အကြိမ် ၁၀၀ ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/11386-2013-04-22-14-43-24.html
April 21, 2013
အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်
Sunday, April 21, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့
ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား
တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့
စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့
ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့
စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း
အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။
အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။
“လောလောဆယ်မှာ လူဦးရေ ၂,၀၀၀ နီးပါး ရှိပြီခင်ဗျ။ အခုလတ်တလောကတော့ ပစ်ခတ်နေတဲ့နေရာတွေက ရွာသားတွေကတော့ တချို့မြို့ထဲမှာတော့ ခဏရှောင်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းတွေဆီမှာ ရှောင်နေတယ်။ တချို့ကတော့ တရုတ်နယ်စပ်၊ တချို့ကတော့ ထိုင်းဘက်ခြမ်း အဲဒီလိုတော့ သူ့ဟာနဲ့သူ သူ့လမ်းနဲ့သူ ပုန်းရှောင်နေတာရှိပါတယ်။”
အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ ၂,၀၀၀ လောက်ရှိသွားပြီဖြစ်ပြီး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ အရေးတကြီး လိုအပ်နေတယ်လို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အရေးကြီးဆုးကတော့ လတ်တလော ကျနော်တို့ အစားအစာရယ်၊ နောက်ပြီးတော့ သောက်သုံးရေ ရယ်ပေါ့။ နောက် တခြား အိပ်ယာ၊ ခြင်ထောင် အဲဒါတွေကတော့ ဒုတိယပေါ့နော်။ ပထမဆုံးကျတော့ သူတို့ နေ့စဉ်စားသောက်ဖို့ အစားအစာတွေကလည်း အရေးကြီးနေပါတယ်ခင်ဗျ။ အဲဒါကို ကျနော်တို့ ကူညီဖို့လည်း တခြားနေရာတွေကိုလည်း တိုက်တွန်းနေတယ်။”
တကယ်တော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတုန်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးဖြစ်ပါတယ်။ နှစ်ဘက်တပ်ကြား ဒီလိုမျိုးတိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာလည်း နှစ်ဘက်တာဝန်ရှိသူတွေ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ စိုင်းခေးစိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲတာက နှစ်ကြိမ်တောင်ရှိပါပြီ။ အခု လတ်တလော အသစ်ပြန်ပြီးတော့ လက်မှတ်ရေးထိုးတာလည်း ရှိတယ်ခင်ဗျ။ နောက်ပြီးတော့ ဆွေးနွေးနေတာလည်း ရှိတယ်ခင်ဗျ။ အဲဒီလိုမျိုးလုပ်ရင်းတန်းလန်းနဲ့လည်း ပစ်နေတာတွေ ပိုဖြစ်လာတာကတော့ အဲဒါတော့ဘာကြောင့်လဲ ပြောလို့မတတ်ဘူး။”
မြန်မာစစ်တပ်နဲ့ SSPP/ SSA မြောက်ပိုင်းတပ်တွေကြား ပြီးခဲ့တဲ့ မတ်လကတည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ သင်္ကြန်တွင်းတုန်းကလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ ရှမ်းပြည်နယ် တန့်ယန်းမြို့နဲ့ မိုင်းရှူးမြို့ကြားမှာ အခုထက်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ဆက်ပြောပြပါတယ်။
“တန့်ယန်းနဲ့ မိုင်းရှူးပေါ့။ တန့််ယန်းရယ်၊ မိုင်းရှူးရယ်ကြားထဲမှာ ဖြစ်နေတယ်ခင်ဗျ။ အဲဒီလိုမျိုး လက်နက်ကြီးနဲ့ပစ်တာတွေ၊ ထိခိုက်မှုတွေ ရှိတယ်။ နောက်ပြီးတော့ ၀င်ပြီးတော့ လမ်းဖြတ်ရင်းနဲ့တိုက်တာတွေ။ တချို့ကတော့ အစီအစဉ်ရှိရှိနဲ့ တက်ပြီးတော့ တွေ့ဆုံတိုက်တာတွေ အဲဒါတော့ ခဏခဏဖြစ်နေတယ်။”
အခုအချိန်အထိ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ် မအေးချမ်းတဲ့အတွက် ဒေသခံပြည်သူတွေ အခုလို ဒုက္ခတွေတွေ့နေရတဲ့အပေါ် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေအနေနဲ့ အပစ်ရပ်သဘောတူမှုကို လေးစားသင့်ပြီး ဒေသခံပြည်သူတွေကလည်း စစ်အမြန်ငြိမ်းဖို့ လိုလားနေကြတယ်လို့ ပြောပါတယ်။
“ကျနော်တို့ အပစ်အခတ်လည်း ရပ်စဲထားပြီးပြီ။ သိပ်မကြာသေးဘူး။ လက်မှတ်ထိုးတာလည်း သိပ်မကြာသေးဘူး။ အကောင်အထည်ဖော်ဖို့လည်း စကားပြောပြီးသားဖြစ်နေတဲ့ အတွက်ကြောင့် ဒီစစ်ကတော့ တတ်နိုင်လို့ရှိရင် ရပ်ပြီးတော့ နှစ်ဦးနှစ်ဘက် ကောင်းကောင်းဆွေးနွေး သဘောတူဖို့ပေါ့။ နောက်ပြီးတော့ ကျနော်တို့ အစိုးရဘက်ကလည်း ကျနော်တို့ သဘောတူထားတဲ့အတိုင်း အဲဒီနယ်မြေတွေကိုလည်း ပေးထားပြီဖြစ်တဲ့အတွက်ကြောင့် အဲဒီနယ်မြေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတဲ့ဟာမျိုး နှစ်ဦးနှစ်ဘက်ပေါ့။ အဲဒီမှာ နိုင်ငံရေးအရရော၊ စစ်ရေးအရရော နှစ်ဘက်စလုံး သဘောတူညီချက်အတိုင်း လိုက်နာကြဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထု၊ အဲဒီဒေသခံတွေပဲဖြစ်ဖြစ် အဲဒီနေရာမှာရှိနေတဲ့ ထောင်သောင်းမက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။”
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ပေမဲ့ တနှစ်ကျော်ကာလ အတွင်းမှာ အနည်းဆုံး တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ကျော် ဖြစ်ခဲ့သလို တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ခေါ် RCSS/SSA တောင်ပိုင်းနဲ့လည်း အပစ်ရပ်ဖို့ သဘောတူပြီးတဲ့နောက် တိုက်ပွဲပေါင်းအကြိမ် ၆၀ ကျော်လောက် ဖြစ်ပွားခဲ့ပါသေးတယ်။
http://burmese.voanews.com/content/shan-fighting-04-20-13/1645548.html
ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ
Sunday, April 21, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်းမှာ ဒေသခံဒုက္ခသည်တွေ နေ့စဉ် လိုလို လာရောက်ခိုလှုံနေကြရာမှာ အခုဆိုရင် ဒုက္ခသည် ၅၀၀ နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။
ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးစိုင်းလှရွှေက RFA ကို ပြောပါတယ်။
"စားနပ်ရိက္ခာက အခြေမနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ ထပ်ရောက်တဲ့သူတွေကို ပေးဖို့မရှိတော့ဘူး၊ အိုးခွက်၊ ပန်းကန်တွေလည်းလိုတယ်"
အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့နဲ့ လူမှုရေးအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အကူအညီပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးအတွက် အစားအသောက်နဲ့ ခြံုစောင်တွေ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။
ဆက်နွယ်သောသတင်းများ
- သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ဆုတောင်းပွဲ
- တန့်ယန်းစစ်ရေး မတည်ငြိမ်မှုကြောင့် ဒုက္ခသည်ဦးရေ တိုးလာ
- မြန်မာစစ်တပ် အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အတူရေကစား
- ငပလီမြေသိမ်းမှု ဆိုင်ရာကို တင်ပြမည်
- တန့်ယန်းမြို့နယ်က စစ်ပြေးဒုက္ခသည်တွေ နေရပ် မပြန်ရဲသေး
- သဘာဝဓါတ်ငွေ့ပိုက်လိုင်း ရှမ်းလူမှုအဖွဲ့အစည်းတွေ စိုးရိမ်
- ပိုက်လိုင်းဖြတ်သွားမယ့် ရှမ်းပြည်နယ်ဒေသခံတွေ စာတင်
- တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး
- စစ်ရေးတင်းမာမှု လျော့ချရေး SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး
April 12, 2013
ရှမ်းမြောက် ဒုက္ခသည် အချို့ အိမ်ပြန်၊ အများစု မပြန်ရဲသေး
Friday, April 12, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
နေရပ် ပြန်သွားကြပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး ကော်မတီက ဆို။
“တိုက်ပွဲတွေ မရှိတော့ဘူး၊ စစ်တပ်ကနေ လုံခြုံရေး ယူပေးပါ့မယ်၊ ပြန်ပါ၊ စိတ်မပူပါနဲ့ ဆိုပြီးတော့မှ အစိုးရတပ် ဘက်က လာပြောသွားတယ်။ ဒုက္ခသည်တွေကလည်း နေရပ်ကို ပြန်ချင်ကြတာပေါ့။ အဲဒီမှာ ကော်မတီကနေ ဆုံးဖြတ်ချက် ချပြီးတော့မှ သူတို့ကို ပြန်ခွင့် ပေးလိုက်တာပေါ့” ဟု စခန်း ကော်မတီဝင်နှင့် လားရှိုးမြို့နယ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းလူ က ပြောသည်။
မတ်လ နှောင်းပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်ရှိ လွယ်လန်းနှင့် လွယ်စေး ဒေသ တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားရာမှာ ရွာပေါင်း ၁၆ ရွာမှ လူဦးရေ ၁,၀၀၀ ကျော် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းတွင် ၄၃၀ ကျော် ယာယီ ခိုလှုံလျက် ရှိကာ ၎င်းအနက် ၃၀ ခန့်သာ နေရပ် ပြန်သွားကြပြီး အများစုမှာ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ထွက်ပြေးလာခဲ့ရာ ဒေသတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိတော့သော်လည်း အစိုးရတပ်များ ဆက်လက်လှုပ်ရှားမှုများ ရှိနေခြင်း၊ မြေမြှုပ်မိုင်း အန္တရာယ်များ ရှိနေသေးခြင်း တို့ကြောင့် ဒုက္ခသည် အများစုက မပြန်လိုကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်စခန်းကို ကနဦး ဖွင့်လှစ်ခဲ့သည့် တန့်ယန်း ရှမ်းလူငယ်များကလည်း ဒုက္ခသည်များအတွက် လုံခြုံစိတ်ချရသည့် အနေအထား မရှိသေးသည့်အတွက် နေရပ်သို့ မပြန်စေလိုသေးကြောင်း ပြောသည်။
“ဒုက္ခသည်ကို ပြန်ပို့မယ် ဆိုတဲ့ အကြောင်းပြချက် တခုတည်းနဲ့ မလုံလောက်ဘူး။ တဘက်လှည့်နဲ့ စစ်တပ်အင်အား ဖြည့်ဆည်းလာမှာကိုလည်း ကျနော်တို့ စိုးရိမ်တယ်။ ဒါ့ကြောင့် စခန်း ကော်မတီတွေ၊ အဖွဲ့ဝင်တွေ တော်တော်များများက မပေးပြန်စေချင်ကြဘူးခင်ဗျ” ဟု ကော်မတီဝင် တဦးက ပြောသည်။
နေရပ် ပြန်သူများကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ကားများ စီစဉ်ပေးပြီး စခန်းမှ အလှူခံ ရရှိထားသည့် ရိက္ခာဆန် ရ ရက်စာကို ထည့်ပေးကာ အခြေအနေ မကောင်းပါက တန့်ယန်းသို့ ပြန်လာရန်လည်း မှာကြားခဲ့သည်ဟု ဆိုသည်။
ကျန်ရစ်နေသော စစ်ဘေးရှောင် ဒုက္ခသည်များအား လားရှိုးနှင့် တန့်ယန်းမြို့နယ်အတွင်းရှိ သံဃာတော်များ၊ လူငယ်များနှင့် SNLD ပါတီမှ အကူအညီများ ပေးလျက် ရှိကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/11357-2013-04-12-11-14-21.html
April 11, 2013
SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်
Thursday, April 11, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

မတ်လ ၂၈ ရက်နေ့က တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) နှင့် မြန်မာ့ တပ်မတော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသော ဒုက္ခသည်များသည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာ များသို့ ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ကတော့ တအား ပြန်ချင်တာပေါ့ဗျာ။ ဒီလမှာ တောင်ယာ လုပ်ငန်းတွေ မစနိုင်ရင် တနှစ်လုံးအတွက် နောက်ကျ သွားမှာ။ ၁ နှစ်စာ နစ်နာတာပေါ့။ တိုက်ပွဲ မရှိတော့ဘူး ကြားတာနဲ့ ပြန်ဖို့ ပြင်နေကြတာ” ဟု တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကောင်းကော် ကျေးရွာသား တဦးက ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ ခုကို ဆုတ်ခွာပေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်းတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။
ရှမ်းပြည် တပ်မတော် မြောက်ပိုင်းက တပ်စခန်းများ ဆုတ်ခွာပေးခြင်း မရှိသဖြင့် မတ်လ ၂၈ ရက်နေ့မှ စတင်ကာ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လွယ်လန်း၊ လွယ်စေး၊ ကုန်းကော်၊ ကောင်းဆိုင်း၊ ပါဖန်၊ လွိုင်ပု၊ နမ့်လွတ် စသည့် ကျေးရွာများမှ ဒေသခံ တထောင်နီးပါးခန့်တို့ တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
“၂၈ ရက်နေ့ ညကနေစပြီး သုံးလေးရက် ဆက်တိုက် ရောက်လာကြတယ်။ အများစုက ဆွေမျိုးအိမ်တွေ၊ သူတို့နဲ့ ရင်းနှီးတဲ့ သီးနှံ ပွဲစားတွေအိမ်မှာ နေတယ်။ ဘုန်းကြီးကျောင်း ရောက်လာတာက လေးရာကျော်ရှိတယ်။ မနက်ဖြန်ကို ပြန်ပို့ဖို့ စီစဉ်ထားတယ်။ အခုဟာက မြို့ပေါ်နားကတော့ သတင်းကတော့ အားလုံး အေးဆေး ငြိမ်းချမ်းနေတယ်။ ဒါပေမယ့် ဒီ မြေမြှုပ်မိုင်းနဲ့ ပတ်သက်တာ ကျတော့ ကျနော်တို့လညး် အာမ မခံရဲဘူး။ မိုင်းတခုပဲ ကြောက်ရတယ်။ တဘက်နဲ့ တဘက် ပစ်ခတ်မှု မရှိတော့ဘူး။ အစိုးရတပ်တော့ ရှိနေတယ်” ဟု တန့်ယန်းမြို့နယ် တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု အသင်းမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို ပြန်ပို့ရန် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကားများ စီစဉ်ထားပြီး ရ ရက်စာ ဆန်နှင့် ရိက္ခာကိုလည်း ပို့ပေးမည်ဖြစ်ကာ ရ ရက်အတွင်း အခြေအနေ ပြန်လည် ဆိုးဝါးလာပါက တန့်ယန်းမြို့ပေါ်သို့ ချက်ချင်း ပြန်လာနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
“မနေ့က မြန်မာ့ တပ်မတော်ကနေပြီးတော့ အခြေအနေတွေ အေးဆေးသွားပါပြီ၊ ဒုက္ခသည်တွေ အိမ်ပြန်လို့ ရပါပြီ ဆိုတဲ့ သဘောမျိုး လာပြောသွားတာ ရှိတယ်။ ဒုက္ခသည်တွေကလည်း ပြန်ချင်နေကြတော့ ကျနော်တို့က အလှူခံ ရထားတဲ့ ဆန်ရိက္ခာ ရ ရက်စာကို စီစဉ်ပြီး ထည့်ပေးမယ်။ အခြေအနေ မကောင်းရင်လည်း တန့်ယန်းကို ပြန်လာဖို့ ရွာလူကြီးတွေနဲ့ တိုင်ပင်ထားတာရှိတယ်” ဟု တန့်ယန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းထွန်းဝင်းက ဧရာဝတီကို ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေဆဲ အချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွား နေခြင်းကို လွှတ်တော်တွင် တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည် တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် ဧပြီလ ၃ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် လားရှိုးမြို့တွင် တွေ့ဆုံခဲ့ပြီး မတ်လ ၂၈ ရက် တွေ့ဆုံပွဲတွင် လွယ်လန်း၊ လွယ်စေးဒေသမှ တပ်များ ဆုတ်ခွာခိုင်းသည့် ကိစ္စကို ရှမ်းပြည်တပ်မတော်မှ ထပ်မံ ငြင်းဆိုခဲ့ကြောင်း သတင်းများက ဆိုသည်။
ရှမ်းပြည် တပ်မတော်သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် ရရှိထားသော်လည်း နယ်မြေသတ်မှတ်မှု မပြုလုပ်နိုင်သေးသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/37444
ပလောင်ဒေသက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ တအောင်း အမျိုးသမီးအဖွဲ့တောင်းဆို
Thursday, April 11, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားတဲ့စစ်ပွဲတွေကြောင့် ဒေသခံရွာသူ၊ ရွာသားအများအပြား ထွက်ပြေးခဲ့ကြရပါတယ်။ တန့်ယန်းမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည် ၄၃၂ ဦးရှိပြီး၊ သူတို့ဟာ တန်ယန်းမြို့ လွယ်စေးအုပ်စုဝင်ရွာ ၈ ရွာက ဖြစ်ကြတယ်လို့ဆိုပါတယ်။
ဧပြီလ ၁၀ ရက်နေ့က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ တအောင်းအမျိုးသမီးအဖွဲ့က လွေးပိုးဖိန်းက ရွာတွေအဖျက်ဆီးခံရသလို၊ ရွာသူရွာသားတွေလည်း စစ်တပ်က ခိုင်းစေတာခံရတယ်လို့ ပြောပြကြကြောင်း၊ ဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုရတာဖြစ်ကြောင်းပြောပါတယ်။
"ပလောင်ဒေသမှာဖြစ်နေတဲ့ စစ်ပွဲတွေကို လုံးဝရပ်တန့်စေချင်တယ်၊ မြေမြှုပ်မိုင်းတွေကိုလည်း အသုံးမပြုစေချင်ဘူး၊ ရွာသားတွေကိုခေါ်ပြီး ညဉ်းပန်းနှိပ်စက်တာတွေကိုလည်း မပြုလုပ်ဖို့ အဓိကအနေနဲ့ တောင်းဆိုတာပါ"
အခုလိုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ပလောင်ဒေသမြို့နယ် ၃ မြို့နယ်က ကျေးရွာ ၁၅ ရွာလောက်လည်း ပျက်စီးခဲ့ရပြီး၊ ရွာသူရွာသား ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
လောလောဆယ် ဒုက္ခသည်တွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ဒေသခံတွေက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
တန်ယန်းမြို့ကိုရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသမီးများအဖွဲ့က လွေးပိုးဖိန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဆက်နွယ်သောသတင်းများ
- တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး
- ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ရွာသားတွေ သေဆုံး
- အစိုးရတပ်တွေရဲ့ ထိုးစစ် ကချင်မှာဒီကနေ့ကစပြီး ရပ်ဆိုင်း
- ကချင်ဒေသကတိုက်ပွဲတွေကြောင့် နယ်စပ်တစ်လျှောက် တရုတ်စစ်တပ်တွေ တိုးမြှင့်ချထား
- ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဖို့ မင်းကိုနိုင် တိုက်တွန်း
- မူးယစ်ဆေးဝါးနှိမ်နင်းသည့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား
- ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေ သဘောတူညီချက် မရသေး
- SSA နဲ့ အစိုးရကြား တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေ
April 5, 2013
တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး
Friday, April 05, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက မြန်မာစစ်တပ်ဟာ အဲဒီတန့်ယန်းမြို့နယ်အတွင်းမှာ အင်အားတိုးချဲ့ချထားလိုက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ ခြေကုတ်ယူထားတဲ့နေရာတွေကနေ ဆုတ်ခွာပေးအောင် တောင်းဆိုထားတာရှိသလို အခုနောက်ပိုင်း စစ်ရေးအရ ဖိအားပေးနေတာလို့ ကြေညာချက်မှာဖေါ်ပြပါတယ်။
ဒေသခံကျေးရွာသားတွေဟာ နေအိမ်တွေစွန့်ပြေးရပြီး တန့်ယန်းမြို့က ဘုန်းကြီးကျောင်းတချို့နဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ဒေသခံရွာသားတစ်ချို့ဟာ အစိုးရတပ်တွေရဲ့ တပ်စခန်းတွေမှာ နေ့ညလုပ်အားပေးနေရတာတွေရှိတယ်လို့ သိရပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟာ အစိုးရနဲ့ ၁၉၈၉ ခုနှစ်ကတည်းက တရားဝင်အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လလောက်ကစပြီး စစ်ရေးအခြေအနေ ပြန်လည်တင်းမာခဲ့တာလို့ သိရပါတယ်။
ဆက်နွယ်သောသတင်းများ
- သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ဆုတောင်းပွဲ
- တန့်ယန်းစစ်ရေး မတည်ငြိမ်မှုကြောင့် ဒုက္ခသည်ဦးရေ တိုးလာ
- မြန်မာစစ်တပ် အကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း အတူရေကစား
- ငပလီမြေသိမ်းမှု ဆိုင်ရာကို တင်ပြမည်
- ပလောင်ဒေသက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ တအောင်း အမျိုးသမီးအဖွဲ့တောင်းဆို
- စစ်ရေးတင်းမာမှု လျော့ချရေး SSPP/SSA မြောက်ပိုင်းနဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေး
- အသွင်ကူးပြောင်းရေး တပ်မတော် ဦးဆောင်မှုကဏ္ဍကနေ ဆက်လက်ပါဝင်မယ်
- မိတ္တီလာအပါအဝင် မြို့နယ် ၄ ခုမှာ အရေးပေါ် အမိန့်ကြေညာ
- စစ်တန်းလျားဆောက်ဖို့ သိမ်းခဲ့တဲ့မြေတွေပြန်ရဖို့ ဒေသခံတွေ တောင်းဆို
February 28, 2013
နယ်မြေ ရွှေ့ပြောင်းခိုင်း၍ SSA တောင်ပိုင်းနှင့် အစိုးရတပ်တို့ အခြေအနေ တင်းမာ
Thursday, February 28, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “သူတို့လိုချင်တာက ပြန့်ကြဲနေတဲ့ ကျနော်တို့ တပ်တွေကို စုပြုံနေတာကို လိုချင်တာ။ ကျနော်တို့ဘက်ကကျတော့ တနေရာ ဖယ်ပေးရင် နောက်ထပ် တနေရာ ဖယ်ပေးဖို့ ထပ်လာဦးမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရတပ်များ၏ နေရာရွှေ့ပြောင်းရန် ညွှန်ကြားခံထားရသော အဆိုပါနေရာများသည် ယခင်ကတည်းကပင် SSA တောင်ပိုင်း တပ်များ၏ လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ယင်းဒေသ အခြေစိုက် အစိုးရတပ်သို့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသကဲ့သို့ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းလည်း မရှိသေးပေ။
ယင်းသို့ တင်းမာမှုကြောင့် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်မည့် အခြေအနေများ မရှိကြောင်း၊ SSA တောင်ပိုင်း အနေဖြင့်လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
အစိုးရနှင့် SSA တောင်ပိုင်းတို့အကြား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအများစုမှာ နယ်မြေကျွံမှုများ ဖြစ်ကြောင်း SSA တောင်ပိုင်းဘက်က ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် SSA တောင်ပိုင်းတပ်များက ကျေးလက်နှင့်် တောထဲတွင် အခြေစိုက် လှုပ်ရှားပြီး အစိုးရတပ်များ အနေဖြင့် မြို့များပေါ်တွင် အခြေစိုက် လှုပ်ရှားရန် သဘောတူခဲ့ကြသော်လည်း အစိုးရတပ်ဘက်က ယင်းအချက်ကို လိုက်နာခြင်းမရှိဟု SSA တောင်ပိုင်း၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးက ဆိုသည်။
“တချို့က နယ်မြေအတွင်း အကြောင်းမကြားဘဲ ဝင်လာတော့ အောက်ခြေတပ်အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တချို့ အကြောင်းကြားပြီး ဝင်လာတဲ့ တပ်ဖွဲ့တွေဆိုရင်လည်း အရှေ့ဘက်သွားမယ်လို့ အကြောင်း ကြားထားပေမယ့် တောင်ဘက်သွားရင် သွားတယ်၊ မြောက်ဘက်သွားရင် သွားတယ်။ အကဲစမ်းသလိုမျိုး လုပ်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၄ ရက်နေ့ကလည်း ခိုလမ်မြို့နယ်ခွဲထဲတွင် အစိုးရ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် SSA တောင်ပိုင်း လက်အောက်ခံ တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ အရာရှိ ၂ ဦးနှင့် တပ်သား ၃ ဦးကျဆုံးပြီး SSA ဘက်မှ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ယင်းတိုက်ပွဲသည်လည်း အစိုးရဘက်မှ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက် လာရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် SSA ဘက်က ရိုင်ဖယ် ၆ လက်နှင့် ပစ္စတို ၂ လက် ရရှိခဲ့ကြောင်း၊ အဆို ပါလက်နက်များကိုလည်း သက်ဆိုင်ရာ အစိုးရတပ်သို့ ပြန်အပ်နိုင်ရန် ဆက်သွယ်ထားကြောင်း သူက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲသည် ယခုလ ၁၉ ရက်နေ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း တို့ နှစ်ဘက် အပစ်ခတ် မရှိတော့ရန် ဆွေးနွေးပြီးနောက် ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တချိန်တည်းမှာပင် အစိုးရနှင့် ပဏာမ အပစ်ရပ်စဲမှု သဘောတူညီပြီးဖြစ်သော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) နှင့် အစိုးရတပ်များလည်း နှစ်ဖက်ထိစပ် နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/archives/34702
RCSS/SSA တောင်ပိုင်း စခန်း ၂ ခုကို အစိုးရတပ်က ရွှေ့ခိုင်း
Thursday, February 28, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းအဖွဲ့ တပ်စခန်းချရာ ဟိုမန်းမြို့နယ်နဲ့ မိုင်းထားမြို့နယ်အတွင်းရှိ စခန်းနှစ်ခုကို ဒီနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဒေသခံစစ်တိုင်းဗျူဟာမှူးတွေက ရွှေ့ခိုင်းတာဖြစ်တယ်လို့ SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက RFA ကို ပြောပါတယ်။
"သူတို့က အဲဒီမှာရှိနေတဲ့ ကျနော်တို့တပ်ကို အကြောင်းကြားလာတာပါ၊ အခုနေထိုင်နေတဲ့ တောင်ကုန်း ၂ခုပေါ့ဗျာ၊ တခုကတော့ ဟိုမိန်းမြို့နယ်ခွဲထဲမှာရှိတယ်၊ နောက်တောင်ကုန်းတခုကတော့ မိန်းထား(မိုင်းထား)မြို့နယ်ခွဲထဲမှာ ရှိတယ်။ ဒီလကုန်နောက်ဆုံးထားပြီးတော့ ရွှေပေးပါလို့ အကြောင်းကြားလာပါတယ်၊ ဟိုမိန်းဗျူဟာမှူးကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ နောက်ပြီးတော့ မိန်းတော မိန်းထားမှာရှိနေတဲ့ တြိဂံတိုင်း စစ်ဌာနချုပ် လက်အောက်ခံဖြစ်ပါတယ်၊ သူတို့ပြောတဲ့အတိုင်း မဖယ်ပါဘူး၊ ကျနော်တို့ အရင်တုန်းကလဲ သွားသွားလာလာ နေထိုင်နေတဲ့နေရာဖြစ်ပါတယ်၊ ဒီနေရာဖယ်ပေးလိုက်ရင် နောက်ထပ်တနေရာ ဖယ်ခိုင်းအုံးမှာပဲ"
ဟိုမိန်းမြို့နယ်ခွဲအတွင်း လွယ်လန်းတောင်ကုန်းရှိ စခန်းတခုနဲ့ မိုင်းထာမြို့နယ်ခွဲအတွင်း လွယ်မွတ် နမ့်လန်တောင်ကြောရှိ တပ်စခန်းတွေကို ဒီလ ၂၄ ရက်နေ့မှာ စာနဲ့အကြောင်းကြားလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ့တပ်စခန်းတွေဖယ်ခိုင်းတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်တာတွေကြောင့် ငြိမ်းချမ်းရေးအရ ဆွေးနွေးနေတဲ့ အစိုးရအဖွဲ့ကတမျိုး၊ စစ်တပ်ကတမျိုး လုပ်ဆောင်တာနေတာ တွေ့နေရပြီး SSA တောင်ပိုင်းအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆက်ဆံရတာ အခက်အခဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။
ဒါ့အပြင် အခုလို တပ်စခန်းတွေ ရွှေ့ခိုင်းတာနဲ့ ပတ်သက်ပြီး သူက
"ကျနော်တို့ သဘောတူညီချက်ထဲမှာ တောထဲမှာရောက်တဲ့နေရာမှာ ရပ်နေမယ်၊ အဲဒီနေရာမှာပဲ နေထိုင်ကြမယ်၊ မြို့ထဲမှာ ကားလမ်းပေါ်မှာ ကျေးရွာတွေမှာ ကျနော်တို့သွားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားသွားလာလာလုပ်ပါ၊ လှုပ်ရှားလာတော့မယ်ဆိုရင် ကျနော်တို့ကို အသိပေးပြီးလုပ်ပါ၊ ကျနော်တို့ဖယ်ရှားဖို့ လိုအပ်ရင် ဖယ်ရှားပေးမယ်၊ ဒီလိုကျနော်တို့ သဘောတူညီချက်ရထားတာပဲ၊ အခုတော့ ဟိုရွှေ့ခိုင်း ဒီရွှေ့ခို်င်းလုပ်လာတော့ မလိုအပ်တဲ့ ပြဿနာပေါ်လာပါတယ်၊ ကျနော်တို့အတွင်းမှာလဲ တပ်တွေကလဲ သိပ်ပြီးတော့ မကျေနပ်တော့ပါဘူး၊ ဘာဖြစ်လို့ တပ်တွေကို ဟိုရွှေ့ခိုင်း ဒီရွှေ့ခိုင်းလုပ်နေလဲဆိုတာ သူတို့သဘောမပေါက်ကြတော့ပါဘူး"
အစိုးရတပ်က SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့က စခန်းတွေကို ဆုတ်ခိုင်းတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။ SSA ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ကိုတော့ အလားတူစခန်းတွေကို ဖယ်ခိုင်းခဲ့တဲ့အတွက် စခန်းသုံးလေးခုလောက် ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
ဆက်နွယ်သောသတင်းများ
- မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး
- ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း
- ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ
- ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်
- တပ်မတော်နဲ့ ပါတီ်တွေ တိုင်ပင် လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော
- တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်
- ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား
- စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ
- လူထုအခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးရေး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပါဝင်ဆွေးနွေး
February 22, 2013
ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့စခန်းကို အစိုးရတပ်ဖွဲ့တွေ ဆက်လက်တိုက်ခိုက်
Friday, February 22, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းက ရှမ်းပြည်တပ်မတော် SSPP/SSA မြောက်ပိုင်းတပ် ထိုင်ထားတဲ့စခန်းကို အစိုးရတပ်တွေက ဒီနေ့မနက် ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့က နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်မှာ မနေ့က တိုက်ပွဲရပ်သွားခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာ အစိုးရတပ်က SSA မြောက်ပိုင်းတပ်တွေ ထိုင်ထားတဲ့ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်းက တောင်ကုန်းစခန်းကို တပ်ရင်းနှစ်ရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က RFA ကို ပြောပါတယ်။
"ဒီနေ့ သူတို့ ၆နာရီခွဲအချိန် ကျနော်တို့တပ်ရှိတဲ့နေရာကို သူတို့ကတုတ်ကျင်းတူးပြီးတော့ တဆင့်ပြီးတဆင့် တက်တိုက်တယ် ခမရ ၃၂၂နဲ့ ခလရ ၃၃ပါ ကျနော်တို့ ၉ နာရီအထိတော့ ဖြစ်နေတာပဲ၊ ကျနော်တို့တပ်တွေ အခြေချထားတဲ့ လွယ်လန်းတောင်မှာပဲ တန့်ယန်းမြို့နယ်၊ မိုင်းကောင် အရှေ့ဖက်ခြမ်း ၆ မိုင် ရ မိုင်လောက်ပေါ့"
ရှမ်းပြည်တပ်မတော် SSA ဘက်ကလည်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ယခုလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ်ရုံးကို SSA မြောက်ပိုင်းတပ်က ဗိုလ်ကြီး နော်လင်းက သွားရောက်အကြောင်းကြားခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေရပ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နောက်တစ်ရက်မှာတော့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ၀င်းသိန်းက လာရှိုးမြို့မှာရှိတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့က ဆက်ဆံရေးတာဝန်ခံကိုခေါ်ပြီး တောင်ကုန်းစခန်းရှိ SSA တပ်တွေကို ဆုတ်ပေးဖို့ တကယ်လို့ဆုတ်မပေးပါက တိုက်ခိုက်မယ်လို့ ပြောဆိုခဲ့ကြောင်း ဗိုလ်မှုးစိုင်းလ ကပြောပါတယ်။
"ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ကျနာ်တို့ ဗိုလ်ကြီး နော်လင်း တိုင်းရုံးက ကာနယ်ကြီးနဲ့ တွေ့ဆုံကြတယ်လေ၊ အဲဒီတုံးကတော့ သူတို့ တိုက်ပွဲဆက်မဖြစ်ဖို့ သူတို့ထိန်းချုပ်ပေးပါ့မယ်လို့ အဲလိုပြောတယ်၊ ပြောပြီးတော့ တမြန်နေ့က ကျနော်တို့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးအောင်လကို အဲဒီကာနယ်ကြီးက ပြန်ခေါ်တယ်လေ၊ ည ၈ နာရီခွဲလောက်က ခေါ်ပြီးတော့ မင်းတို့အဲဒီနေရာကနေ ဖယ်ပေး၊ မဖယ်ပေးရင် ကျနော်တို့တိုက်မယ်၊ အဲလိုပြန်ပြောတော့ ဒီနေ့ ၆ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာပဲ"
ယခုတိုက်ခိုက်နေတဲ့ တောင်ကုန်းစခန်းဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ မိသားစုဝင် ၃၀၀ ကျော် အခြေချနေထိုင်ဖို့ စီစဉ်နေတဲ့နေရာဖြစ်ပြီး အခုစခန်းပါ ဆုတ်ပေးလိုက်ရရင် သူတို့အတွက် နေစရာမရှိတော့ဘူးလို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်ရပ်စဲရေး သဘောတူထားခဲ့တဲ့ တနှစ်ကျော် ကာလအတွင်းမှာ အစိုးရတပ်က ပြောလို့ ဆုတ်ပေးလိုက်ရတဲ့ စခန်း ၄ ခုရှိတယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။
- ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း
- ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက် သူများ အမျိုးမျိုးနှောက်ယှက်ခံရ
- တပ်မတော်နဲ့ ပါတီ်တွေ တိုင်ပင် လုပ်ကြရင် တိုးတက်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော
- တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်
- ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား
- စစ်တပ် အဓမ္မသိမ်းယူထားတဲ့ မြောက်ဦးက လယ်မြေတွေအတွက် သီးစားခတောင်းခံ
- ဦးပိုင်ကုမ္ပဏီရဲ့ အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားတွေ တရားစွဲ
- မြေတွေ ပြန်ပေးဖို့ သင်္ဃန်းကျွန်းဒေသခံတွေ တောင်းဆို
- သပိတ်ကျဉ်း မြို့နယ်အတွင်းက စစ်တပ်ပိုင်သိမ်းထားတဲ့ လယ်တွေပြန်ပေး
February 21, 2013
ရှမ်းပြည်မြောက်ပိုင်းဒေသသို့ အစိုးရတပ် အင်အားတိုးချလာ
Thursday, February 21, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
မြန်မာစစ်အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်းဒေသ
ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေ နေရာ (၃) ခုတွင် စစ်ကား အစင်း ၉၀
ကျော်ဖြင့် ဖေဖဝါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှ
အင်အားတိုးချလာကြောင်းသိရသည်။ယခုတိုးချဲ့လာသော အစိုးရစစ်အင်အားများသည် မူဆယ် (Muse)ဘက်သို့ ၁၇ စင်း၊ မုန်ဂျီ (Mung Ji) ဘက်သို့ ၁၇ စင်းနှင့် လားရှိုးအရှေ့ဘက် နမ်ဂျာရတ် (Nam Ja Rap) တွင် ၆၃ စင်း ဖြင့် အသီးသီး ပို့ဆောင်ထားကြောင်း KIA တပ်မဟာ (၄)နယ်မြေ မှ အမည်မဖော်လိုသူ ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုအစိုးရတပ်များသည် မန္တလေးမှတိုးချဲ့လာသော တပ်မ (၉၉၊ ၅၅၊ ၃၃) တို့ဖြစ်ပြီး ၎င်းကားများတွင် အများအားဖြင့် စစ်သားများဖြစ်ကာ ရိက္ခာတင်သည့်ကားများနှင့် မြင်းများတင်သည့် ကားများတို့လည်းဖြစ်ကြောင်း မျက်မြင်ဒေသခံများပြောသည်။
ညနေ ၅ နာရီခွဲချိန်တွင်လည်း မြင်းတင်သည့် ကား ၁ စင်းနှင့် စစ်သားများတင်သည့် ကား ၆ စင်းသည် ကချင်ပြည်နယ်သို့ ပြန်ဆုတ်သွားကြောင်းသိရသည်။
“ထိပ်တိုက်ပစ်တာတော့မရှိဘူး။ ကျနော်တို့နားမှ ဖြည့်နေတယ်။ မုန်ဘော်ပါ (Mungbaw Pa) မှာ ဆက်တိုက်လို ဖြည့်နေတယ်။ မျက်စိနဲ့ တိုက်ရိုက်မြင်တာက မနေ့က နေ့လည်ဘက်ကနေ တွေ့မြင်နေရတာ။” ဟု KIA အရပ်သားတပ်ဖွဲ့ (MHH) တပ်ခွဲ (၅) မှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
၎င်းအစိုးရတပ်များသည် အောက်ပြည် လားရှိုး၊ ကွတ်ခိုင်ဘက်မှ ယမန်နေ့ ညနေ ၃ နာရီခန့် တွင် ကား ၁၀ စင်းဖြင့် မူဆယ် (၁၀၅)တွင် ရောက်ရှိလာပြီး ၎င်းမှနေရာ အနှံ့သို့ ဖြည့်နေခြင်းကြောင်း ဆက်ဆိုသည်။
တပ်မဟာ (၄) နယ်မြေတွင် အစိုးရတပ်ပေါင်းစုများသည် စစ်အင်အား ၁၀၀၀ ကျော် တိုးချ၍ ထိုးစစ်ဆင်လှုပ်ရှားနေချိန် ယမန်နေ့များမှ အစိုးရစစ်အင်အားများ ပြန်လည်တိုးချဲ့လာကြောင်း အရာရှိများပြောသည်။
ဆက်လက်ပြီး ဖေဖဝါရီ ၂၀ ယနေ့ နံနက် ၁၀ နာရီချိန်တွင် ဗန်းမော်ဘက်မှ အစိုးရစစ်ကား ၃၀ စင်းသည် ဗဟိုဌာနချုပ်အနီးရှိ လဂျားယန် (Lajayang) နှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြား လှုပ်ရှားနေသော စစ်ကြောင်းများသို့ ရိက္ခာများပို့နေကြောင်းရှေ့တန်းမှဆိုသည်။
ထိုသို့အစိုးရတပ်သည် ၁၇ ရက် တနင်္ဂနွေနေ့ တွင်လည်း အစိုးရစစ်ကား ၁၁ စင်းဖြင့် ရိက္ခာများပို့နေခဲ့ကြောင်း ရှေ့တန်းမှ KIA အရာရှိတဦးပြောသည်။
အစိုးရတပ်များ အင်အားတိုးချ ခြင်းနှင့်ပတ်သက်၍ KIO ဖက်မှ ယခုချိန်တွင်း ထိုးစစ်များခေတ္တငြိမ်သက်နေသေသာ်လည်း လှုပ်ရှားမှုများသည် တင်းမာမှုတစုံတရာဖြစ်လာနိုင်ကြောင်း ယူဆနေကြသည်။
သို့သော်အစိုးရဖက်မှ မည်သို့ကြောင့် ပို့ဆောင်နေခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သူများထံ ဆက်သွယ်၍မရခဲ့ပေ။
ယခုချိန်သည် အစိုးရနှင့် KIO ကြားငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ်ကာဖြစ်သောကြောင့် နှစ်ဖက်တပ်များ ပစ်ခတ်မှုမပြုလုပ်ရန် ညွှန်ကြားထားချိန်လည်းဖြစ်သည်။
http://www.kachinnews.com/burmese/news/1029-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%92%E1%80%9E%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%9C%E1%80%AC.html
February 7, 2013
ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့်ရ
Thursday, February 07, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
“မူဆယ်မှာလဲ လုပ်တယ်၊ နမ့်ခမ်းမှာလဲ လုပ်တယ်၊ လုပ်တာတော့ အခမ်းအနားတွေနဲ့ပေါ၊့ အဓိကတော့ မြို့ပေါ်ရပ်ကွက်တွေရယ်၊ မြို့ပေါ်ဌာန ဆိုင်ရာတွေလာကြတာ၊ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရယ် ယဉ်ကျေးမှုအဖွဲ့တွေရယ် ပါတီတွေရယ် အကုန်လုံးတက်ကြပါတယ်၊ လူထုတွေရယ် လူကအားလုံး နမ့်ခမ်းမှာတော့ ၄၀၀၀ ကျော်ကျော်လောက်ရှိမှာပေါ့၊ မူဆယ်မှာတော့ ပိုများမယ်၊ ရှမ်းပြည်နယ်နေ့ ဖြစ်ပေါ်လာပုံလေး အကျဉ်းချုပ်ပြော၊ အဓိကတော့ ပွဲဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌရဲ့ မိန့်ခွန်းတွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ် ၀န်ကြီးချုပ်ကပေးတဲ့ သဝဏ်လွှာတွေ ဖတ်ပြ၊ တခြားပျော်ပွဲရွှင်ပွဲမရှိပါဘူး၊ ဒီတိုင်းအခမ်းအနားလုပ်တာက စည်တယ်”
အခုအချိန်ဟာ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားကြတဲ့ ကာလဖြစ်ပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွေကို အခါတိုင်းနှစ်နဲ့မတူပဲ ဒီနှစ်မှာ အားလုံးပါ၀င်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်တဲ့အကြောင်း အဆိုပါ SSA တောင်ပိုင်းအရာရှိက ပြောပြပါတယ်။
“အရင်နှစ်တွေကတော့ တိုးတိုးတိတ်တိတ် လုပ်ကြတယ၊် ဒါပေမဲ့ ဒီနှစ်ကတော့ ပွှင့်လင်းမြင်သာ နဲနဲရှိလာတော့ ပွဲလဲကြီးကျယ်တာပေါ့၊ အခမ်းအနားနဲ့လုပ်တာ ဒီနှစ်မှ စပြီးမှ လုပ်တာ၊ အရင်နှစ်တွေက ကိုယ့်စာပေ ယဉ်ကျေးမှုအသင်းလောက် တိုးတိုးတိတ်တိတ် ကိုယ့်အဖွဲ့လေးနဲ့ လုပ်ကြတယ်၊ ဒီနှစ်ကတော့ လူထုပါ၀င်နိုင်တဲ့ အခမ်းနားနဲ့ ကြီးကျယ်လုပ်တာ”
အဲဒီအခမ်းအနားတွေကို ရှမ်းပါတီတွေဖြစ်တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ SNDP နဲ့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
၁၉၄၇ နှစ် ဖေဖေါ်ဝါရီလ ရ ရက်နေ့မှာ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းစော်ဘွားတွေ လူထုကိုယ်စားလှယ်တွေက ပြည်မနဲ့ တောင်တန်းဒေသတွေ ပြည်ထောင်စုကြီးကို ပူးပေါင်းတည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီနေ့မှာပဲ ရှမ်းအလံကို စတင်သတ်မှတ်ခဲ့ကာ ရှမ်းပြည်နယ်နေ့အဖြစ် ခေါ်ဝေါ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/shan-national-day-02072013095357.html
January 5, 2013
ရှမ်းပြည် မြောက်ပိုင်း မူးယစ်ဆေး တိုက်ဖျက်မှု ပြည်သူများ ပါဝင်ဆောင်ရွက်
Saturday, January 05, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
အဆိုပါ ဒေသသည် မူးယစ်ဆေးဝါးကို အမြစ်တွယ်သုံးစွဲသည့် ဒေသတခုဖြစ်သည့်အလျောက် မူးယစ်ဆေးကြောင့် လူသားဘဝနှင့် စိတ်ဓာတ်ပျက်ပြားမှုများ ဖြစ်လာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ကြူကုတ် (ပန်ဆိုင်း) ကျေးရွာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီမှ ဦးထွယ်အောင်က ပြောသည်။
“ကျေးရွာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အရမ်းလည်းများတယ်။ အဲဒါကြောင့် ဒေသခံတွေကို ပညာပေးပြီး သုံးစွဲသူ၊ ရောင်းချသူတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ဦးထွယ်အောင်က ဧရာဝတီသို့ ပြောသည်။
မူးယစ်ဆေးဝါး ပပျောက်ရေး တိုက်ဖျက်ရာတွင် အမျိုးသမီးများ ဦးဆောင်ပါ၀င်နေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ အိမ်ကို ၀င်ရောက် ရှာဖွေခြင်း၊ ရောင်းချသူများကို ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
ပြစ်ဒဏ်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့များ၊ ရဲများထံ အပ်နှံခြင်းတို့ ပြုလုပ်ကြောင်း၊ ထို့အပြင် သုံးစွဲသူတချို့ကို မုံပေါ်ဒေသရှိ ပြည်သူ့စစ် အချုပ်နှင့် ကျပ်ငွေ ၂ သိန်းမှ ၁၀ သိန်းအထိလည်း ငွေဒဏ် အပြစ်ပေးကြောင်း သိရသည်။
“ဒီလိုလုပ်တဲ့အခါ အခက်အခဲကတော့ မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးခန်း၊ ဆေးရုံတွေ မရှိတာပဲ။ အစိုးရဘက်က မူးယစ်ဆေးဝါး ကာကွယ် တိုက်ဖျက်ရေး အဖွဲ့ကလည်း ပါ၀င်မှု အားနည်းတယ်။ သူတို့တွေက အပေါ်ယံပဲ လုပ်ကြတယ်” ဟု ဦးထွယ်အောင်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဒေသအတွင်း သုံးစွဲမှုနည်းလာအောင် မူးယစ်ဆေးဝါး ကာကွယ်သည့် ဇာတ်လမ်း၊ သီချင်းများနှင့် အားကစားများကိုပါ ဆောင်ရွက်ပေးသကဲ့သို့ ဘာသာတရားကို အကြောင်းကိုလည်း ဟောပြောခြင်း ပညာပေးခြင်းများလည်း ပြုလုပ်ကြကြောင်း သိရသည်။
၂၀၁၂ ခုနစ် စက်တင်ဘာမှ စတင်၍ မူဆယ်မြို့နယ် မုံပေါ်ဒေသအတွင်း အမျိုးသမီးများ ဦးစီးဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အယောက် ၃၀၀ ကျော်နှင့် ရောင်းချသူ ၁၂ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေက အရင်ကတည်းက များတယ်။ အဲဒါတွေက ဒီဒေသမှာ အမြစ်တွယ်နေတာ ကြာပါပြီ။ ကိုယ့်ဒေသကလူတွေ မလုပ်ရင်လည်း မရတော့ဘူးလေ။ လူငယ်တွေ ပြည်သူတွေ ပေါင်းပြီး ဒီလိုတိုက်ဖျက်တာ ကောင်းတာပေါ့” မူဆယ်မြို့ခံတဦးက ဆိုသည်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အမှတ်တံဆိပ်ပါ ဦးထုပ်နှင့် အကျႌများကို ၀တ်ဆင်၍ ကျေးရွာများအတွင်း တိုက်ဖျက်ရေး လှုံ့ဆော်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များလည်း အားတက်သရော ပါ၀င်လာရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်တွင် ရှမ်းနှင့် တရုတ်လူမျိုးများ နေထိုင်ကြပြီး လူဦးရေ ၁၀,၇၅၅ ဦးတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ၂၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/archives/29862
January 2, 2013
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်
Wednesday, January 02, 2013
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု

စစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။
“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထားတာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။
လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA နှင့် မြန်မာ အစိုး ရတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း အစိုးရတပ် လှုပ်ရှားမှု များ ပိုမိုများပြားလာရာ စစ်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည် ။
KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲများအတွင်း ဒုက္ခသည်များ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်သူများရှိနေပြီး ကချင် နှင့် သျှမ်း ဒေသခံ စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်မလာစေရန် တရုတ်နယ်စပ် လုံခြုံရေး တင်းကြပ် ထားကြောင်း သိရသည် ။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3769---ssa-701--.html
December 26, 2012
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်
Wednesday, December 26, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက် ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊ နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်းခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်းကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလောဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့တပ်တွေ ဟိုဘက်ရွှေ့လိုက် ဒီဘက်ရွှေ့လိုက်"
နှစ်ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုးရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်စရာရှိတယ်လို့လဲ သူက ဆက်လက်ပြောပြပါတယ်။
"ကျနော်တို့သိရသလောက်ကတော့ သူတို့နယ်မြေစိုးမိုးရေး အကုန်လုံးလုပ်မယ်လို့ပြောတယ်၊ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံးရှင်းမယ် အဲလိုကြားရတာပေါ့၊ ကချင်ဘက်မှာဆိုရင် အခု လိုင်ဇာဘက်ပေါ့ ကေအိုင်အို တပ်မဟာ ၄ ၊ အခုပလောင်ဘက်ထွက်နေတဲ့ဟာ ဒါတွေအကုန်လုံး ရှင်းမယ် ဒါတွေ အကုန်လုံးရှင်းပြီးပီဆိုရင်တော့ ရှမ်းဘက်က ၀မ့်ဟိုင်းဘက်ကိုရှင်းမယ် အဲလို ကျနော်တို့သတင်းရတယ်"
ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး ကေအိုင်အိုနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခုအချိန်အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။
http://www.rfa.org/burmese/news/shan-north-army-12262012064307.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။







