Saturday, November 10, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်ထဲက
ကယ်ဆယ်ရေးစခန်း ၃ ခုနဲ့ ပူတာအိုက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို
ဝါးရှောင်ဆရာတော် အရှင်ဝိဇယနဲ့ အလှူရှင်တွေ စုပေါင်းပြီး ဆန်အိတ် ရ၀ နဲ့
အလှူငွေ ကျပ် ၂၁ သိန်း အပါအဝင် စုစုပေါင်း ကျပ်သိန်း ၄၀ နီးပါးဖိုး ဒီကနေ့
ညနေပိုင်းမှာ လှူဒါန်းခဲ့ပါတယ်။
Photo: RFA/Kyaw Myo Min
ဝန်းသိုဘုန်းကြီးကျောင်းတွင် အလှူရှင်တွေလှူဒါန်းထားတဲ့ ဆန်အိတ်အချို့ကိုတွေ့ရစဉ်
ဆန်ရှားပါးပြတ်လတ်နေတဲ့ ပူတာအိုဒေသကို ဆန်နဲ့
အခြားအခြေခံစားသောက်ကုန်တွေကို တတ်နိုင်သလောက် လေယာဉ်နဲ့
တင်ပို့လှူဒါန်းနိုင်ဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့
အောက်တိုဘာလ ၅ ရက်နေ့ကတည်းက စာတင်ထားခဲ့ရာမှာ ခွင့်ပြုချက်မရတဲ့အတွက်
စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေကို အခုလိုလှူဒါန်းလိုက်ရတာပါလို့
ဝါးရှောင်ဆရာတော်က RFA ကို အခုလို မိန့်ပါတယ်။
မြစ်ကြီးနားမြို့ ဝန်းသိုဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းကိုဆန်အိတ်
၁၀ အိတ်၊ ဝိုင်းမော်မြို့ သာဂရသရက်တောကျောင်းတိုက်နဲ့
ခတ်ချိုကျေးရွာအလယ်ပိုင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၂ ခုကို ဆန်အိတ် ၃၀
စီနဲ့၊ ပူတာအိုမြို့နယ်ထဲက ဖန်ခိုင်နဲ့ ဟိုခို ဘုန်းတော်ကြီးကျောင်း ၂
ကျောင်းကို
ငွေကျပ် ၂၁သိန်း လှူဒါန်းးမှာဖြစ်တယ်လို့သိရပါတယ်။
http://www.rfa.org/burmese/news/monk-donate-kachin-11102012085316.html
Posted in: ကချင်,ကချင်စစ်ပြေးဒုက္ခသည်,စစ်ပြေးဒုက္ခသည်,သတင်း
Email This
BlogThis!
Share to Facebook