ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ – ၁ (ကထစ)မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်၊ စစ်တပ်မှ ကျန်းမာရေး ပါရဂူများ အပါအဝင် ပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်၊ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး တို့ သည် နို၀င်ဘာ ၈ ရက်နေ့က မတူပီမြို့သို့ ရဟတ်ယာဉ်ဖြင့် ရောက်ရှိခဲ့ကြသည်။
ဘုံတလာခန်းမတွင် မြို့မိမြို့ဖများ၊ အစိုးရဝန်ထမ်းများနှင့် နို၀င်ဘာလ ၉ ရက်နေ့က တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်စဉ်တွင် ကထစ မှူးက ချင်းပြည်နယ်မှာ ဘာမှ မထွက်ရှိသည့်အတွက် လမ်း ပန်းဆက်သွယ်ရေး၊ လက်ဖက်စိုက်ပျိုးရေး အပါအ ၀င်ဖွံ့ဖြိုးရေးတွေ လုပ်ပေးနေခြင်းဖြစ် သည်ဟု ပြောဆိုသွားကြောင်း အထက်တန်းပြဆရာ တဦးက ပြောသည်။
ထို့အပြင် အစိုးရဟာ ချင်းလူမျိုးတွေကို ပိုမိုပြီး ချစ်ခင်လေးစားကြောင်း အကြောင်းမှာ ချင်း လူမျိုးတွေ ဟာ ကိုယ်ထူ ကိုယ် ထ အလုပ်ကြိုးစားသူများဖြစ်ကြပြီး၊ စိတ်ထားဖြူစင်ရိုးသား သူများ ဖြစ်ကြောင်း ထပ်မံပြောသည်ဟု ဆက်ဆိုသည်။
မတူပီမြို့နယ်အတွင်း ရေဇွာ၊ လိုင်လင်းပီ၊ တိန်ဆီး၊ မိုင် ရ၀ မှ ဒေသခံများအတွက် ချုံစောင်၊ နှမ်းဆီ၊ ဘီယာ၊ တပ်မတော် ရမ်အရက် နှင့် ဆေးဝါးပစ္စည်းများ ထောက်ပ့ံကူညီကြောင်း ယင်း ပ့ံပိုးပစ္စည်းကို မြို့မိမြို့ဖမှ ဦး လျန်ထန်က လက်ခံ ကြောင်း သိရသည်။
“ တပ်မတော်မှ ကျန်းမာရေးပါရဂူတွေကလည်း ဒေသခံတွေကို အခမဲ့ စစ်ဆေးကုသပေးတယ် ” ဟု ဒေသခံတဦးက ပြောသည်။
ကထစမှူးနှင့် အပေါင်းပါများသည် နို၀င်ဘာလ ၄ ရက်နေ့ကတည်းက တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ဟားခါး နှင့် မတူပီမြို့များသို့ လှည့်လည်ခဲ့သည့်အပြင် ကန်ပက်လက်မြို့နှင့် ကျင်ဒွေးရွာ သို့ လည်း လှည့်လည်မည်ဖြစ်သည်ဟု သိရသည်။
အလားတူ ကထစ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်တို့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သို့ နို၀င်ဘာလ ၄ ရက်နေ့က နယ်လှည့် ကွင်းဆင်းခဲ့ကြသည်။
http://khonumthungburmese.org/?p=851