Showing posts with label တိုင်းရင်းသားရေးရာ. Show all posts
Showing posts with label တိုင်းရင်းသားရေးရာ. Show all posts

April 22, 2013

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး ကော်မတီမှာ တိုင်းရင်းသားပါတီတွေ ပါ၀င်သင့်

ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရအပြင် တိုင်းရင်းသားတွေပါ၀င်တဲ့ ကော်မတီဖွဲ့စည်းပြီး ညီလာခံ ကျင်းပသွားသင့်တယ်လို့ တိုင်းရင်းသားပါတီတွေပါ၀င်တဲ့ ဆွေးနွေးပွဲက ဒီကနေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(WGEC)နဲ့ ပြည်တွင်း တိုင်းရင်းသားပါတီ ၁၂ ပါတီတို့ ပူးတွဲဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ပြောကြားခဲ့တာပါ။
ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် အစိုးရအပြင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ ပါ၀င်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း၊ ညီလာခံကနေ ဆွေးနွေးရရှိလာမယ့် အချက်တွေကို ပြည်ထောင်စု လွှတ်တော်က အသိအမှတ်ပြုတယ်ဆိုတဲ့ ထောက်ခံချက်ကို ညီလာခံမကျင်းပခင် ကြိုတင်ရယူထားသင့်ကြောင်း ဆွေးနွေးကြတယ်လို့ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးက RFA ကို ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို ကယန်းအမျိုးသားပါတီ၊ တအောင်း-ပလောင်အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ်ပါတီ၊ ပအို၀်းအမျိုးသားအဖွဲ့ချုပ်၊ အရှိုချင်း အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်အားမာန် လူငယ်ကွန်ရက်တို့က ကိုယ်စားလှယ်အယောက် ၄၀ တက်ရောက်ခဲ့ကြပါတယ်။
ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ကိုငယ်ပီးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/second-panglong-conference-ethnic-party-04222013122309.html

ပြည်တွင်း ပြည်ပ တိုင်းရင်းသား အဖွဲ့များ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး

စစ်တွေ(မဇ္စျိမ)။   ။ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ပအခြေစိုက် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) မှ ကိုယ်စားလှယ်များနှင့် ပြည်တွင်း တိုင်းရင်းသား
နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ ဧပြီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး လျက် ရှိကြသည်။

WGEC မှာ ပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းအများစု ပါဝင်ပြီး ယခုဆွေးနွေးပွဲများအတွက် ကိုယ်စားလှယ်များအဖြစ် ရခိုင်လွတ်မြောက် ရေးပါတီ (ALP)မှ ဒေါ်စောမြရာဇာလင်းနှင့် ချင်းအမျိုးသားတပ်ဦး(CNF)မှ ဒေါက်တာ ရွှေခါးတို့က လာရောက်ကြခြင်း
ဖြစ်သည်။

“အဓိကအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် သူတို့မှာ ချမှတ်ထားတဲ့ မူဘောင် အချက်အလက်တွေကို ချပြဆွေးနွေးသွားတာပါ။ အဲဒီမှာ တိုင်ရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက် ဆိုတာ ပါတယ်။ ပြီးတော့ ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် (ပြည်ထောင်စု မြန်မာနိုင်ငံ) သဘောထား မူကြမ်း ဆိုတာ ပါပါတယ်” ဟု  ဆွေးနွေးပွဲ တက်ရောက်နေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ပြောသည်။

ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဧပြီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ဆွေးနွေး သည့် တွေ့ဆုံပွဲသို့ တရားဝင် နိုင်ငံရေးပါတီ ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၅၀ တက်ရောက်ခဲ့ကြသည်။

WGEC ၏ လုပ်ငန်းစဉ် ၆ ချက်တွင် အားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ တရပ် ဖွဲ့စည်းရေး အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်၊ တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ မူဘောင် ချမှတ်နိုင်ရေး၊
တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ သဘောထားနှင့် သဘောတူညီချက်များ ရရှိရေး၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့ အစည်းများ အားလုံးနှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း ဦးခိုင်ပြည်စိုး က မဇ္စျိမကို ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ကလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိအဖွဲ့ (UNA)မှ ခေါင်းဆောင်များနှင့် WGEC ကိုယ်စားလှယ်များ တော်ဝင်နှင်းဆီ ခန်းမတွင်ပင် တွေ့ဆုံခဲ့ရာ UNA အဖွဲ့ဝင် ၂၀ ကျော် တက်ရောက် ခဲ့ပြီး တိုင်းရင်းသားညီလာခံ ခေါ်ယူရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း တက်ရောက်ခဲ့သူများက
ပြောသည်။

“ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရင် ဘာတွေကို ဆွေးနွေးမယ်၊ တိုင်းရင်းသား ပေါင်းစုံပါတဲ့
ဆွေးနွေးပွဲကို ဘယ်မှာလုပ်မယ်၊ ဘယ်လို အဖွဲ့အစည်းတွေ ပါမယ်၊ အရင်က မတရားအသင်း ကြေညာခံထားရတဲ့ အဖွဲ့တွေ ပါလာရင် အစိုးရအနေနဲ့ ဘယ်လို သဘောထားမလဲ။ ၁၇(၁)နဲ့ အရေးယူမလား၊ ဒါတွေကို ဆွေးနွေး
ဖြစ်တယ်။ ဒါက တိုင်းရင်းသား ပါတီတွေ အဆင့်ပဲ ရှိသေးတယ်။ ဗမာပါတီတွေ မပါသေးဘူး။ ငြိမ်းချမ်းရေး အတွက် ကြိုးစားတာကို ဝမ်းသာပါတယ်။ ဖြစ်မြောက်အောင် လုပ်ကြပါလို့ ဒါပဲပြောချင်တယ်” ဟု UNA ခေါင်းဆောင်တဦး ဖြစ်သူ မွန်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ရှင်းပြသည်။

နောက်တကြိမ် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဧပြီလ ၂၉-၃၀ ရက်နေ့များတွင်
ပြုလုပ်သွား မည်ဖြစ်ပြီး ကျင်းပမည့်နေရာ အတိအကျကိုမူ မသတ်မှတ်ရသေးကြောင်း ဦးနိုင်ငွေသိန်း က ပြောသည်။

UNA မှာ တိုင်းရင်းသားများအရေးကို ဆောင်ရွက်နိုင်ရန် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် တိုင်းရင်းသား ပါတီများ ဖြစ်ကြသည့် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက် စသည့် ပါတီများဖြင့် စစ်အစိုးရ လက်ထက်က စုစည်းထားခဲ့ခြင်း ဖြစ်သည်။

WGEC ၏ ချပြဆွေးနွေးချက်များတွင် ပင်လုံကဲ့သို့ ညီလာခံတရပ် ခေါ်ယူရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေးတို့ ပါဝင်ပြီး ၎င်းတို့ကို ပြန်လှန်ဆွေးနွေးရန်မှာ ပြည်တွင်း တိုင်းရင်းသား အင်အားစုများ အနေဖြင့် လေ့လာသုံးသပ်မည့် အချိန် လိုအပ်နေသေး၍ နောက်ပိုင်းတွင်သဘောထား ပြန်ကြားကြမည်ဟုလည်း တက်ရောက်ခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်များက မှတ်ချက်ပြုကြသည်။

http://www.mizzimaburmese.com/news/inside-burma/11381-2013-04-22-10-57-01.html

March 20, 2013

တန်းတူညီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖွဲ့စည်းပုံကိစ္စ တိုင်းရင်းသားတွေ ဆွေးနွေး

shan-kayar-305.jpg
လားရှိုးမြို့မှာကျင်းပတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ယုံကြည်မှု တည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲတွင်တွေ့ရ တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပုံ
photo: RFA/ Nay Thwae
မြန်မာပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ လားရှိုးမြို့မှာကျင်းပနေတဲ့ ရှမ်းနဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး ပထမနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက သဘောထားပေးကြကြောင်း သိရပါတယ်။
လားရှိုးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်တဲ့ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် ကို်ယ်စားပြု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၂၁ဖွဲ့နဲ့ လေ့လာသူအဖွဲ့ ၁၉ဖွဲ့လောက် တက်ရောက်ဆွေးနွေးနေတာပါ။
တက်ရောက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စု တပ်မတော်တစ်ခုတည်ထောင်ဖို့အထိ ဆွေးနွေးတာတွေရှိလာတယ်လို့ ဆွေးနွေးပွဲပြောရေးဆိုခွင့်ရှိသူ ဦစိုင်းလိတ်က RFA  ပြောပါတယ်။
“အဓိက သူတို့လိုအပ်ချက်ကတော့ တန်းတူညီရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုသာ အပြည့်အဝပေးမယ်ဆိုလို့ရှိရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ကိုဖြစ်လာရမယ်၊ ပြည်ထောင်စုတပ်မတော် အနေအထားမျိုးကိုတောင် ဖြစ်လာနိုင်ဖို့ သူတို့မျှော်လင့်ထားပြီးသားဆိုတာကို တော်တော်များများတင်ပြသွားကြပါတယ်ခင်ဗျ ”
အခမ်းအနားဖွင့်လှစ်ပွဲမှာ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက နိုင်ငံရေးအခြေခံများပါ၀င်တဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ရေးကို ပြောဆိုသွားခဲ့ပါတယ်။
“ဒီလိုယုံကြည်မှုကတဆင့် မိမိတို့တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်ရေး ပြင်ဆင်မှုအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်၊ မိမိတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းများအနေနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး စစ်ပွဲရပ်စဲနိုင်ရေး၊ နိုင်ငံရေးအခြေခံများပါဝင်တဲ့ ငြိမ်းချမ်းရေးစာချုပ်တရပ် ချုပ်ဆိုနိုင်ရေးပဲဖြစ်ပါတယ်၊ ဒီစာချုပ်ကတဆင့် မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ အရေးတကြီးလိုအပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကိုအခြေခံတဲ့ အမျိုးသားဖြစ်စဉ်တရပ် တည်ဆောက်ရေးကို တက်လှမ်းနိုင်မှာဖြစ်တယ်လို့ အလေးအနက်ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်”
တက်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ ၀ပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS နဲ့ မြောက်ပိုင်း SSPP၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ချုပ်  ရလလဖစတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါ၀င်ပါတယ်။
ရှမ်း၊ ကယားပြည်နယ်ယုံကြည်မှု တည်ဆောက်ရေးဆွေးနွေးပွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA ၀ိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

http://www.rfa.org/burmese/news/shan-kayar-building-truth-first-day-03202013104139.html

March 6, 2013

တိုင်းရင်းသား ဒေသတွင် အင်အားကြီးပါတီများ ရွေးကောက်ပွဲ မဝင်ရန် NPS တိုက်တွန်း

ပြည်မရှိ အင်အားကြီး ပါတီများအနေဖြင့် လူနည်းစု တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲ ၀င်ရောက်မယှဉ်ပြိုင် ကြရန်ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (NPS) က သဘောထား ထုတ်ပြန်တိုက်တွန်းလိုက်ကြောင်း ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
အမြဲတန်းအဖွဲ့ဝင် ၆ ပါတီရှိသော NPS က မတ်လ ၃ ရက်နေ့တွင် ၁၄ ကြိမ်မြောက် အစည်းအဝေး တရပ်ပြုလုပ်၍ တိုင်းရင်းသား အခွင့်အရေးများနှင့် ပတ်သက်သော အချက် ၅ ချက်ပါ၀င်သည့် သဘောထား ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။
ယင်းသဘောထား ကြေညာချက်တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်လိုလားပါလျှင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများ၌ အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းကို လုံးဝရှောင်ရှားရန် တိုက်တွန်းသည်ဟု ဆိုသောအချက် တချက်ပါ၀င်သည်။
ပြည်တွင်း အင်အားကြီး အတိုက်အခံ ပါတီတခုဖြစ်သော အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံ တရပ် ပြုလုပ်၍ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒများ ချမှတ်ဆောင်ရွက်ရန် ပြင်ဆင်နေချိန်တွင် တိုင်းရင်းသားများ၏ အထက်ပါ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
တိုင်းရင်းသား ဒေသများတွင် ဒေသခံ ပါတီအချင်းချင်း မဲပြိုင်ရမည့် အခြေအနေရှိသကဲ့သို့ အင်းအားကြီး ပါတီတခုဖြစ်သော ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီကိုလည်း အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် သဘောရှိနေကြောင်း ရခိုင်တိုင်းရင်းသား အမတ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“NLD ကတော့ ဒီမိုကရေစီ ပါတီလို့ ယူဆတဲ့အတွက် ကိုယ့်အချင်းချင်း မယှဉ်ပြိုင်ချင်ဘူး။ ပြိုင်ရရင် မဲကွဲသွားလိမ့်မယ်။ ၂၀၁၅ ကို တိုင်းရင်းသားပါတီတွေနဲ့ NLDပါတီ လက်တွဲလုပ်ရမယ့် ပွဲလို့မြင်တယ်။ သူတို့က ငါတို့ဆီမှာ လာမပြိုင်ဘူးဆိုရင် လွှတ်တော်မှာ ကျနော်တို့က ၀ိုင်းရံ ပေးမှာပေါ့။ ပြည်မမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း NLDကိုမဲပေးဖို့ ကျနော်တို့ လုပ်ပေးမယ်” ဟု သူက ဆိုသည်။
NLD ကမူ မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ဗဟို ညီလာခံပြီးမှသာ တိုင်းရင်းသား ဒေသများတွင် NLDပါတီ၏ ၀င်ရောက်ဆောင်ရွက်မှုကို ပြောဆိုနိုင်မည်ဖြစ်ကြောင်း ၎င်းပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
“သဘောထားတွေ ဘာတွေ အခုအချိန်မှာဘာမှ ပြောစရာမရှိသေးဘူး။ ပါတီညီလာခံလုပ်ဖို့ ဆိုင်းပြင်း နေတုန်းပဲ ရှိသေးတယ်။၂၀၁၅ ရွေးကောက်ပွဲအတွက် ကျနော်တို့ပါတီမှာ ဘယ်လိုဝင်ပြိုင်မလဲ ဆိုတာကို ချမှတ်ထားတဲ့ ဗျူဟာ မရှိသေးဘူး” ဟု
၎င်းက ဆိုသည်။
တိုင်းရင်းသားများအနေဖြင့် ကိုယ့်ဒေသတွင် ၎င်းတို့ဘာသာ ဥပဒေနှင့်အညီ အုပ်ချုပ်စီမံခွင့်ကို သဘောတူ လက်ခံကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုလ ၂ ရက်နေ့ကUMFCCIတွင် ပြုလုပ်သော အခမ်းအနား တခုတွင် ပြောဆိုခဲ့သည်။
NPS ၏ သဘောထားကြေညာချက်တွင် စစ်မှန်၍ တည်တံ့ ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက် လျှင်မြန်စွာ ဖော်ဆောင်နိုင်ရန် သမာသမတ်ကျသော အဖွဲ့အစည်းအားလုံးက ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်ရာ၌ အဘက်ဘက်မှ ယုံကြည်လက်ခံနိုင်သည့် သမာသမတ်ကျသော ပုဂ္ဂိုလ်များဖြင့် လွတ်လပ်သော ကြားခံအဖွဲ့အစည်း တခု၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားဒေသများ၌ ပို၍ပို၍ ပြင်းထန်လာသော မူးယစ်ဆေးဝါးပြသနာကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ဖျက် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ် ဖော်ပြထားသော အမှန်တကယ်မရှိသည့် တိုင်းရင်းသားလူမျိုးစု စာရင်း ၁၃၅ မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းခြင်းသည် တိုင်းရင်းသားများအား ပို၍ သွေးကွဲစေသည့် အချက်ဖြစ်သဖြင့် လက်ခံနိုင်ဖွယ်မရှိ၍ ကန့်ကွက် ရှုတ်ချကြောင်း၊ အဆိုပါ စာရင်းကို ပြန်လည်စိစစ် ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ချင်းပြည်နယ် ခရီးစဉ်နှင့် တိုက်ဆိုင်၍ ကရင်ရိုင်း၊ ချင်းရိုင်းဟူသော အသုံးအနှုန်းပါသည့် စာရေးဆရာကြီး ပီမိုနင်း၏ ကနိုင်ကျော့ ၀တ္ထုအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ငံပိုင်သတင်းစာများတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြန်လည်ဖော်ပြခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေသော နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း စသည်တို့ ဖြစ်သည်။
NPS တွင်ပါဝင်သော ပါတီ ၆ ခုမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ချင်းအမျိုးသား ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကယန်းပါတီ၊ ဖလုံ-စဝေါ် ပါတီနှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ပြီး တခြားတိုင်းရင်းသားပါတီ ရ ခုမှာ လေ့လာသူအဖြစ် ပါ၀င်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများနှင့် ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်များ ပေါ်ပေါက်လာသည်။

http://burma.irrawaddy.org/archives/35059

March 4, 2013

၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို


ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)
မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီတွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူမျိုးစုဒေသတွေ အတွက် ၀င်ရောက် ယှဉ်ပြိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမဲ့လည်း ဒီတိုက်တွန်းချက်ဟာ ဒီမိုကရေစီ အခြေခံတွေကို ဆန့်ကျင်ရာ ကျနေတယ်လို့ အဓိကနိုင်ငံရေးပါတီ ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အတွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသတွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင်တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒါမှသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ အကောင်အထည် ဖော်ပေးနိုင် မယ်လို့ (National Brotherhood Federation) အဖြစ် အမည်ပေးထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့က ယုံကြည်ထားတဲ့အကြောင်း ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ (RNDP) က ဦးဖေသန်း က ပြောပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမှန်တကယ် လိုလားပါလျှင် နောင်ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲများတွင် အင်အားကြီးပါတီများက လူနည်းစု တိုင်းရင်းသားများ၏ မဲဆန္ဒနယ်မြေများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းကို လုံးဝ ရှောင်ရှားရန်”

ဒါပေမဲ့လည်း ပါတီစုံ ဒီမိုကရေစီ စနစ်တရပ်မှာ လွတ်လပ်တဲ့ ယှဉ်ပြိုင်ခွင့်တွေ ရှိရမှာ ဖြစ်တာမို့ ဒီလို သဘောထားဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ ကိုက်ညီမှုရှိပါ့မလား မေးခွန်းထုတ်တာတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းကတော့ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့် ရှိသင့်တယ်လို့ မြင်ပါတယ်။

“Competition (ယှဉ်ပြိုင်မှု) လုပ်တယ် မလုပ်ဘူးဆိုတာက သူတို့ပါတီရဲ့ သီးခြား အယူအဆ အဆုံးအဖြတ်ပဲ။ သူတို့ ဘယ်အပေါ်မှာ အခြေခံလည်းမသိဘူး။ အဲ့ဒါကတော့ ခုနပြောသလိုပဲ ဒီမိုကရေစီရေးနဲ့ သိပ်အကျုံးမဝင်ဘူးလို့ ထင်ပါတယ်။ ဒါဟာ ဒီမိုကရေစီနည်းကျကျ ဆုံးဖြတ်တာလို့ ကျနော်တော့ မယူဆဘူး။”

လက်ရှိ အချိန်မှာ လွှတ်တော်ထဲမှာ အင်အားကြီးပါတီ ၂ ခု အဖြစ် အာဏာရ အစိုးရပါတီဖြစ် တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်မြေတွေအားလုံးမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က လွှတ်တော်ကိုယ်စားလှယ် အင်အားများစွာနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေ မှာ နေရာရထားကြတာပါ။

တိုင်းရင်းသား လူနည်းစုဒေသတွေမှာ တိုင်းရင်းသားပါတီတွေပဲ ရွေးကောက်ပွဲဝင်ပြီး အင်အားကြီးပါတီတွေ ရွေးကောက်ပွဲ ၀င်မှာကို မလိုုလားဘူးဆိုတာဟာ နိုင်ငံရေး လမ်းစဉ် ဒီမိုကရေစီအရ ကြည့်ရင်တော့ မသင့်တော်ဘူးဆိုတာကို နားလည်ပြီးတော့ ဒါဟာ လူနည်းစု တိုင်းရင်းသားတွေရဲ့ ရင်တွင်းခံစားချက် အမှန်ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော် က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒါကတော့ နိုင်ငံရေးလမ်းစဉ် ဒီမိုကရေစီအနေနဲ့ ကြည့်ရင်တော့လည်း ဒါ သင့်တော်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ကျနော်တို့လည်း သဘောပေါက် နားလည်ပါတယ်။ သို့သော်လည်းပဲ ကျနော်တို့က တိုင်းရင်းသားရဲ့ ရင်တွင်းခံစားချက် အမှန်ကတော့ ဒီလိုပဲရှိနေတာကိုး။ မလိုးလားဒါကတော့ အမှန်ပဲပေါ့ဗျာ။ ဒါ ဒီမိုကရေစီနည်းတော့ မကျဘူးပေါ့လေ။”

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ဟာ ပြည်တွင်းအခြစိုက် တိုင်းရင်းသား ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ NBF မှာ ပါ၀င်တဲ့ တိုင်းရင်းသား ပါတီတွေကတော့ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ စဝေါ်ပါတီ၊ အင်းအမျိုးသားပါတီ၊ ကရန်း အမျိုးသားပါတီ တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၄ ကြိမ်မြောက် သဘောထားကြေ ညာချက်မှာတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပါ၀င်ဆောင်ရွက်တဲ့့ အဖွဲ့အစည်း အားလုံးက  သမာသမတ်ကျကျ ဆောင်ရွက်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကြီးမားလာတဲ့ မူးယစ်ဆေးဝါး ပြဿနာကို ပြည်တွင်း ပြည်ပ အင်အားစုတွေနဲ့ လက်တွဲပြီး ဖြေရှင်းဖို့၊ အစိုးရက သတ်မှတ်ပြောကြားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို တိတိကျကျ ကောက်ယူဖို့နဲ့ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ချင်းပြည်နယ် ခရီးစဉ်နဲ့ အချိန်ကိုက်ပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ပီမိုနင်းရဲ့ဆောင်းပါးမှာပါတဲ့ ကရင်ရိုင်း၊ ချင်းရိုင်းဆိုတဲ့ စကားအသုံးအနှုန်း တွေကို ပြန်လည်ဖော်ပြတဲ့အတွက် ရှုတ်ချကြောင်း ဆိုပြီး ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လွှတ်တော်တွင်း ကိုယ်စားလှယ် အများဆုံးနေရာကို ပြည်ခိုင်ဖြိုးပါတီ က ရယူထားပြီး၊ နံပါတ် ၂ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နံပါတ် ၃ နေရာမှာ ကျားဖြူ ပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ၊ နံပါတ် ၄ နေရာမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ နံပါတ် ၅ နေရာမှာ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က အင်အားအများဆုံးပါတီတွေအဖြစ် အသီးသီး ရပ်တည်နေတာကို တွေ့ရပါတယ်။ 
 
http://burmese.voanews.com/content/only-ethnic-parties-competition-to-2015-election/1614753.html
 
 

February 13, 2013

ဗမာလူမျိုးထက် ငြိမ်းချမ်းရေးကို ပိုလိုချင်ကြောင်း ဦးနိုင်ငွေသိန်းပြော


ငြိမ်းချမ်းရေးကို ဗမာလူမျိုးတွေထက် ပိုလိုချင်တယ်လို့ မွန်ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
နိုင်ငံရေး ပါတီ ၁၃ ခုရဲ ညစာစားပွဲမှာ ပြောဆိုသွားပါတယ်၊ အလားတူ ဒီညစာစားပွဲကို
တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း ကချင်ဒေသ
ငြိမ်းချမ်းရေးဟာ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ခံယူချက်မျိုး ထားဖို သူက
တိုက်တွန်းခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ ( UNA )က ဦးဆောင်
ကျင်းပတဲ့ ဒီညစာစားပွဲကို ရန်ကုန်မြို့ အင်းယားလမ်းနှင့် ဟံသာဝတီလမ်းထောင့်က ရွှေရှမ်းကန်
စားသောက်ဆိုင်မှာ ညနေ ၅း၃၀ နာရီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ မွန်ဒီမိုကရေစီပါတီ နဲ့ ဇိုမီး ၊ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း
စတဲ့တိုင်းရင်းသားပါတီတွေရဲ့ တာဝန်ရှိသူတွေ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ နိုင်ငံခြား
သံတမာန်တွေအပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက်လာခဲ့ကြပါတယ်။

http://www.burmavjmedia.net/?p=19220

February 12, 2013

ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓါတ်ကိုအခြေဖို့လို

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပင်လုံစိတ်ဓါတ်အခြေခံပြီး ခိုင်မြဲအောင် လုပ်ဆောင်ဖို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ကျင်းပတဲ့ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
အလားတူ ဒီပွဲကို တက်ရောက်လာတဲ့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အရှင်ဦးဝီရသူကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့
ိ မိန့်ကြားခဲ့သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယို မိန့်ခွန်းပေးပို့ခဲ့ပါတယ်။
နံနက် ၁၀း၃၀ နာရီကနေ စတင်ပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ စတင်ပြီး ၂ ရက်ကြာ ပြုလုပ်တဲ့
ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင် ဒုံးအကပြိုင်ပွဲမှာ ပထမ ၊ ဒုတိယ ၊ တတိယ ရရှိခဲ့သူတွေကိုလည်း ဆုချီးမြင်းခဲ့ပါတယ်။
ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ ပြည်ထောင်စုတိုင်းရင်းသားတွေ ၊ နိုင်ငံရေး အင်အားစုတွေ
နဲ့ စိတ်ပါဝင်စားသူတွေ အပါအဝင် လူဦးရေ ၁၅၀၀ ကျော် တက်ရောက် လာခဲ့ကြပါတယ် ။

http://www.burmavjmedia.net/?p=19214

January 4, 2013

လွတ်လပ်ရေးရပေမဲ့ တန်းတူမှု မရှိသေးဟု တိုင်းရင်းသားခေါင်းဆောင် တွေဝေဖန်

 
မြန်မာနိုင်ငံမှာလွတ်လပ်ရေး ရရှိခဲ့တာ နှစ်ပေါင်း ၆၅ နှစ် ဒီကနေ့ ပြည့်သွားပေမဲ့ တိုင်းရင်းသား အားလုံး အဆင့်အတန်း အခွင့်အရေး တူညီတဲ့ ပြည်ထောင်စုနိုင်ငံ မဖြစ်သေးဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောလိုက် ပါတယ်၊ မြန်မာလူမျိုးတွေ
နဲ့ ကျန်တဲ့ တိုင်းရင်းသား လူမျိုးတွေကြားမှာ အမြင်မတူညီမှုတွေကြောင့် ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောကြပါတယ်။ ဒီလိုသဘောထားတွေနဲ့အတူ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လွတ်လပ်ရေး မိန့်ခွန်းထဲမှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုအကြောင်း ပြောကြားခဲ့တာတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်ပြည့် သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာထဲမှာ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြားခေါင်းဆောင်ကြီးတွေရဲ့ တိုက်ပွဲဝင် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ဖော်ပြထားတာ တွေ့ရပါတယ်။ လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူအားလုံး အပြည့်အဝ ခံစားနိုင်ရေးအတွက် တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။

အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်အောင် တိုင်းရင်းသား ညီအကိုအပေါင်းက အသက်ပေါင်းများစွာနဲ့ လဲလှယ်ခဲ့ကြတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်လပ်ရေး သဝဏ်လွှာထဲမှာ ဖေါ်ပြထားပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် လွတ်လပ်ရေး ကြေညာစာတမ်းထဲမှာ တိုင်းရင်းသား အားလုံး စည်းလုံးလျက် အခွင့်အရေး အဆင့်အတန်း တူညီတဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို ထူထောင်ပြီလို့ ကြေညာခဲ့တာပါ။

လွတ်လပ်ရေးရပြီး ၆၅ နှစ်အကြာမှာ လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း တန်းတူ ညီမျှတဲ့ ပြည်ထောင်စုတခုလို့ တိုင်းရင်းသားတွေက မြင်ကြပါသလား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက လွတ်လပ်ရေးကြေညာစာတမ်းထဲကအတိုင်း တဝက်ပဲ မှန်သေးတယ်လို့ ပြောပါတယ်။

“တဝက်ပဲမှန်တယ်ဆိုတာ၊ တိုင်းရင်းသားညီအကိုတွေ အားလုံးတော့ စည်းလုံးညီညွတ်ရေး ရှိနေပြီလေ၊ ဒါပေမဲ့ တန်းတူညီတူ မရဘူး။ သူတို့ရပိုင်ခွင့်တွေ ဘာမှ မရဘူး။ အခုထက်ထိ လွတ်လပ်ရေးမရခင်က ဘဝတွေနဲ့ တူနေပါတယ်။”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အတွင်းရေးမှုး နိုင်ဟံသာကလဲ တိုင်းရင်းသား လူမျိုးတွေအားလုံး တန်းတူ အခွင့်အရေးရနေတဲ့ ပြည်ထောင်စု နိုင်ငံမဖြစ်သေးဘူးလို့ မြင်ပါတယ်၊

“မဖြစ်ပါဘူး။ အဲ့သလို တိုင်းရင်းသားတွေ တူညီတဲ့အခွင့်အရေးတွေ မရလို့ဘဲ ပြည်တွင်း စစ်တွေဖြစ်နေတယ်။ အမှန်ကတော့ လူမျိုးတိုင်းအပေါ်မှာ ကိုယ့်အမျိုးသား ဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် တကယ်လို့ ရှိခဲ့မယ်ဆိုရင် ကျနော်တို့နိုင်ငံက ပြည်တွင်းစစ် လည်းမဖြစ်ဘူး။ တော်တော်အေးချမ်းပြီးတော့ တော်တော်တိုးတက်နေပြီလို့ ပြောရမှာပါ။”

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ဖြစ်စေ ချင်တဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်၊

“လုံးဝကို ဆန့်ကျင်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာက တန်းတူရည်တူ၊ ဗမာက တိုင်းရင်းသားတွေအပေါ် ဗိုလ်မကျဖို့၊ ဗမာက တိုင်းရင်းသားတွေကို ဖိနှိပ်သွားဖို့ ဆိုတာ မရှိသင့်ဘူးဆိုတာ အဲ့တာလုံးဝ ကွာခြားနေပါတယ်။ တိုင်းရင်းသားအားလုံး လက်နက်ကိုင်ရတဲ့အကြောင်းအရင်းကတော့ တန်းတူညီမျှရေးပဲ၊ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သလို လွတ်လပ်ရေးယူတုန်းက ရည်ရွယ်ခဲ့သလို တိုင်းပြည်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ ညီတူညီမျှ၊ သာတူညီမျှ၊ အဲ့တာတွေက အဓိကရှိနေတာကိုး။ အဲ့တာကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေက ဒီလိ်ုရအောင်ဆိုပြီး ပြောဆိုကြတယ်။ မရတဲ့အဆုံး လက်နက်ကိုင် တောင်းဆိုရတဲ့ ဘဝတွေရောက်နေတာပဲ အခုလက်နက်ကိုင်တာလဲ သူတို့ရပိုင်ခွင့်ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရချင်တာပဲလေ။"

အခုလို စစ်မှန်တဲ့ ပြည်ထောင်စုလို့ မမြင်ကြသေးတာဟာ မြန်မာလူမျိုး၊ ရှမ်းလူမျိုး၊ မွန်လူမျိုး၊ ကရင်လူမျိုး စသဖြင့် တယောက်နဲ့ တယောက်ကြား ခွဲခြားမြင်နေတာကြောင့်လိုရော မပြောနိုင်ပါဘူးလား။

“အင်း။ အဲ့သလိုပြောမယ်ဆိုရင် အဓိကအားဖြင့်က ဗမာနဲ့ အခြားတိုင်းရင်းသားတွေအပေါ်မှာ အမြင်မတူတာကတော့ ဒါအဓိကကျတယ်။ ဥပမာ တခြားနီးစပ်ရာပေါ့နော် မွန်နဲ့ကရင်နဲ့၊ ကရင်နဲ့ ကရင်နီနဲ့၊ ရှမ်းနဲ့ ပအို့ဝ်နဲ့၊ ပလောင်နဲ့ စသည်ဖြင့်ပေါ့လေ။ နီးစပ်ရာကတော့ အထိုက်အလျောက် အမြင်မတူညီတဲ့ဟာတွေ၊ ရှိပေမဲ့ ဒါကတော့ ပြဿနာ အထူးမရှိပါဘူး။ အဓိကအားဖြင့်ကတော့ ဗမာနဲ့ တခြားတိုင်းရင်းသားလူမျိုးစု အားလုံး အပေါ်မှာ အဓိကပြဿနာဖြစ်နေတယ်။”

အဲဒီလို အခြေအနေမှာ တိုင်းရင်းသား လူမျိုးတွေအားလုံး လိုချင်သလို  တန်းတူ အပြည့်အဝ အခွင့်အရေးရတဲ့ ပြည်ထောင်စု နိုင်ငံဖြစ်လာဖို့ရော မျှော်လင့်နိုင်ပါသေးရဲ့လား။

“အဲ့သလို အလားအလာရှိတယ်၊ မရှိဘူးဆိုတာကတော့၊ အဓိက အာဏာရထားတဲ့ အစိုးရတွေ အပေါ်မှာ မူတည်တယ်။ တနည်းဆိုရင်တော့ ဒါကတော့ တွေ့ဆုံဆွေးနွေးဖို့၊ စကားတွေ အခြေခံအားဖြင့် သဘောတူလာပြီဆိုတော့ တိုင်းရင်းသားတွေဖက်က တိုင်းရင်းသားတွေဖက်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ဒါတွေ နည်းနည်းပြောခွင့်တွေ ရှိလာတာပေါ့လေ။  ဒါပေမဲ့ အဲ့ဒီ့အပေါ်မှာ အစိုးရဖက်က ဘယ်လောက် စေတနာမှန်မှန်နဲ့ အဲ့တာကိုပဲ ဘယ်လောက်အကောင်အထည်ဖော်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။”

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အတွင်းရေးမှုး နိုင်ဟံသာဖြစ်ပါတယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်ထွန်းဦးကလဲ အမြင်တွေကို ပြောင်းလဲကြမယ်ဆိုရင် မကြာခင်ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“ဗမာအစိုးရကသာလျင် တိုင်းရင်းသားတွေအတွက် စဉ်းစားပေးမယ်။ Mindset တွေပြောင်းလာမယ်၊ အတွေးအခေါ်တွေ ပြောင်းလာမယ်ဆိုရင်တော့ ဘယ်သူနဲ့မှ တိုင်ပင်စရာမလိုပါဘူး။ ဒီပြဿနာတွေက နော်ဝေတို့ဘာတို့ သွားခေါ်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ဖြစ်လာမှာပါ။ ဒါကတော့ လုပ်မယ်ဆိုရင်တော့၊ ပေးမယ်ဆိုရင်တော့ မခက်ခဲပါဘူး။ မပေးဘူး၊ မလုပ်ဘူးဆိုရင်တော့ ကြာမှာပေါ့ဗျာ။”

တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တယောက်နဲ့ တယောက် မတူတဲ့ အမြင်တွေကို နားလည်ကြဖို့လိုတယ်ဆိုတာကို ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလဲ အခုလို ပြောသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံဟာ ပြည်ထောင်စုဖြစ်ပါတယ်။ ပြည်ထောင်စုလို့ပြောရတဲ့ အကြောင်းအရင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံက ဖွဲ့စည်းထားတဲ့နိုင်ငံက ဖြစ်တယ်ဆိုတာ ကျမဆိုလိုတာပါ။ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ကျမတို့ တစ်နေ့၊ တစ်ရက်၊ တစ်စက္ကန့်မှ မေ့လို့မဖြစ်ပါဘူး။ ဒီဟာကို မမေ့မှသာလျင် ကျမတို့လိုချင်တဲ့ ပြည်ထောင်စုမျိုး၊ ကျမတို့ လိုချင်တဲ့ နိုင်ငံမျိုးကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာ ရှိတယ်ဆိုတာ အများသိပြီးသားပဲ၊ ကျမ ထူးထူးထွေထွေ ပြောနေစရာမလိုပါဘူး။ ပဋိပက္ခဖြေရှင်းရေးရဲ့ အခြေခံကတော့ တစ်ဦးကို တစ်ဦး အပြန်အလှန်လေးစားမှုပဲဖြစ်ပါတယ်။ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို မလေးစားနိုင်ရင်၊ ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်လို့ဆိုရင်တော့ ကျမတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်နိုင်မှာမဟုတ်ပါဘူး။”

၁၉၄၈ခုနှစ်က လုံးဝ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဖြစ် မြန်မာနိင်ငံအလံကို လွှင့်တင်ခဲ့ချိန် အတိအကျ အတိုင်း ဒီနေ့ ဇန်နဝါရီလ ၄ ရက် မနက် ၄ နာရီ မိနစ် ၂၀ မှာလည်း နေပြည်တော်မှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်ပြီးတော့ လွတ်လပ်ရေး အလံတင်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
http://burmese.voanews.com/content/independence-day-in-myanmar/1577626.html

November 23, 2012

တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်

တိုင်းပြည်စီးပွားရေး ကောင်းလာရုံ တခုတည်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားရေးရာ အခွင့်အရေးတွေကို အလိုအလျောက် ဖြေရှင်း သွားနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
Photo: RFA
ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ၂၁ရက်နေ့ လွှတ်တော်ထဲတွင် တွေ့ရစဉ်
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းရင်းသားပါတီပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ ကျင်းပတဲ့ မိတ်ဆုံစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို တိုင်းထွာကြည့်ရှုရာမှာ  ငွေကြေးဥစ္စာချမ်းသာသူတွေကို ကြည့်ပြီး တိုင်းထွာတာမျိုး မဖြစ်သင့်ပဲ၊ ဆင်းရဲသားအများစုရဲ့ လူနေမှုဘဝ ဘယ်လောက် မြင့်တက်လာသလဲဆိုတာကို အဓိကထား ကြည့်ရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် အစည်းအဝေးပြီးတိုင်းမှာ အခုလို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ညစာစကားဝိုင်းပုံစံမျိုး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေကြဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိ က ကောက်နှုတ်တင်ပြထားပါတယ်။

http://www.rfa.org/burmese/news/dassk-meet-party-leader-11232012104144.html
ဒေါ်ခင်ခင်အိ အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ဒေါ်စု တိုင်းရင်းသားပါတီ အမတ်တွေနဲ့ တွေ့ဆုံ


ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်း ခဲ့တဲ့  ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒီနေ့ချိန် အထိ မတည်ဆောက်နိုင်သေးတဲ့ အပေါ်မှာ စိတ်မကောင်း ဖြစ်ရတယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ မနေ့က လွှတ်တော် ပုံမှန် စည်းဝေးပွဲတွေ အပြီး တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လွှတ်တော်အမတ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တဲ့ ညစာစားပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က လွှတ်တော် ပုံမှန် အစည်းအဝေးတွေ အပြီး နှုတ်ဆက် ညစား စားပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေကို ဖိတ်ကြား ဧည့်ခံခဲ့တာပါ။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူပြီးရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့သလို ဒီကနေ့ သူ မျှော်လင့်တဲ့ နိုင်ငံတော်တရပ် ဖြစ်မလာသေးတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့တယ်လို့ ဒီ ညစာစားပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ပင်လုံစာချုပ် ချုပ်တဲ့ကာလမှာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ပါတ်သက်လို့ ရေးတဲ့ အခါမှာ ဆယ်နှစ်ကျတဲ့အခါမှာ ခွဲထွက်ခွင့်ဆိုတာကို အခန်း ၁၀ မှာရေးဆွဲခဲ့တာဖြစ်တယ်။ သူယုံကြည်ချက်အပြည့်နဲ့ ရေးခဲ့တာဖြစ်တယ်။ တိုင်းရင်းသားတွေကလည်း ဗိုလ်ချုပ်ကိုချစ်တယ်။ မြတ်နိုးတယ်။ ဗိုလ်ချုပ်ရဲ့ ကတိ အပေါ်မှာလည်း လေးစားမြတ်နိုး တန်ဖိုးထားတယ်။ ဆယ်နှစ်အကြာ တိုင်းပြည်ကိုပြန်လည် တည်ဆောက်တဲ့ ကာလမှာ အောင်မြင်နိုင်မယ်လို့ သူယုံကြည်လို့ အဲဒီအပိုဒ်လေးကို ဖြည့်တာ။ သူကိုယ်တိုင် မတည်ဆောက်နိုင်ခဲ့တာ၊ သူ့အဖေမျှော်မှန်းခဲ့တဲ့အတိုင်းဖြစ်မလာခဲ့တာတွေကို စိတ်မကောင်းဘူး။ ဒါပေမယ့် ကျမတို့အခု ကျနော်တို့အခု တည်ဆောက်ကြရမယ်။  ဒီလောက်များပြားတဲ့ တိုင်းရင်းသားတွေနေတဲ့ နိုင်ငံတော်ကြီးမှာ တိုင်းရင်းသားတွေ အချင်းချင်းချစ်ကြည် တစ်ဦးအပေါ်တစ်ဦးလေးစား ယုံကြည်ပြီးကာမှ တိုင်းပြည်ကို ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ်ထားနိုင်မှ ပြည်ထောင်စုကြီးဟာ သာယာမယ် ငြိမ်းချမ်းမယ် ဆိုတာကို သူ့ရဲ့အတွေ့အကြုံတွေနဲ့ ရှင်းပြသွားတာဖြစ်ပါတယ်"

ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲ နှုတ်ဆိတ်နေတယ် ဆိုတဲ့ ဝေဖန်မှုတွေ သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ကြုံခဲ့ရတာနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ကတော့ ဘယ် ဘက်ကိုမှ ရပ်တည်ပြီး ပြောဆိုသွားမှာ မဟုတ်တဲ့အကြောင်း ထပ်ပြီး ပြောသွားခဲ့တယ်လို့  ဒေါက်တာ အေးမောင် ကပြောပါတယ်။ ဒေါ်အောင်ဆန််းစုကြည် လွှတ်တော်တွင်းမှာ စတင် ပါ၀င်လာချိန်ကတည်းက ခုလို တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေနဲ့ မကြာခဏ ဆိုသလို တွေ့ဆုံလေ့ရှိတာဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေက တိုင်းရင်းသားတွေအကြား နွေးထွေးမှုကို ရရှိစေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ယုံကြည်မှု ပို တိုးလာစေတယ်လို့လည်း ဒေါက်တာ အေးမောင် က ပြောပါတယ်။

"ကျနော်အပါအဝင် တိုင်းရင်းသားအားလုံးရဲ့ မျက်နှာမှာ မျှော်မှန်းချက်တွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို မြင်တိုင်း ပြောတိုင်း တွေ့တိုင်းမှာ ကျနော်တို့ဗိုလ်ချုပ်ကို သတိရကြပါတယ်။  ဗိုလ်ချုပ်ကိုယ်ပွါး ဒေါ်အောင်ဆန်းစုကြည် ဟာ ၁၉၉၀ ကတည်းက ရပ်တည်လာတယ်။ နောက် သူ့ခဗျာ နှစ်ပေါင်းများစွာ အကျဉ်းချခံပြီးကာ ဒီမိုကရေစီ ရဖို့ကြိုးစားတယ်။ အခုတစ်ခါ လွှတ်တော်ထဲရောက်အောင် တိုင်းရင်းသားတွေကပဲ မေတ္တာရပ်ခံပန်ကြားပြီး ဖိတ်ခေါ်လာတယ်။

တိုင်းရင်းသားတွေနဲ့ တွေ့တယ်ဆွေးနွေးတယ် လွှတ်တော်ကိစ္စတွေတင်မကဘူး တိုင်းရင်းသားရေးရာ ပြည်ထောင်စုရေးရာ ပြည်တွင်းရေးရာ ပြည်ပရေးရာတွေ နှီးနှောဆွေးနွေးကြတယ် ဆိုတော့ ရင်းရင်းနှီးနှီးဖြစ်တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မပြီးဆုံးသေးတဲ့ ပြည်ထောင်စု ကဏ္ဍတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ကာမှ ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့အားလုံးယုံကြည်ပါတယ်။  အဲလို ယုံကြည်ချက် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တိုင်းမှာ ခိုင်ခိုင်မာမာ ဖြစ်ပွါးစေတာပါပဲ"

နေပြည်တော် စည်ပင်ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ဒီ ညစာ စားပွဲကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းတို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ တက်ရောက်လာခဲ့ကြပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ ကိုယ်စား ဦးတီခွန်မြတ်က အမှာစကား ပြောကြားခဲ့တယ်လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒီညစား စားပွဲကို တိုင်းရင်းသား ပါတီတွေက လွှတ်တော်အမတ် ၁၀၀ လောက် တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဇီလန် ၀န်ကြီးချုပ် နဲ့လည်း နေပြည်တော်မှာ ရှိတဲ့ သင်္ဂဟာ ဟော်တယ်တခုမှာ မနေ့က ညနေပိုင်း က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အကူအညီပေးခဲ့တဲ့ နယူးဇီလန် နိုင်ငံကို ကျေးဇူးတင်ကြောင်းနဲ့ သိပ်မကြာခင် ကာလတခုမှာ နယူးဇီလန်နိုင်ငံကို သူ သွားရောက် လည်ပတ်ချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒေါ်လာ ရ သန်း ကူညီထောက်ပံ့မယ့်အကြောင်း နယူးဇီလန် ၀န်ကြီးချုပ်က အခုခရီးစဉ် အတွင်း ပြောကြားခဲ့သလို ခုလို မြန်မာနိုင်ငံကို ပေးတဲ့အကူအညီတွေ လူထုကို တိုက်ရိုက် အကျိူးပြုနိုင်တဲ့ အကူအညီတွေ ဖြစ်ဖို့ လိုအပ်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းမရှိဘဲနဲ့တော့ ဒီမိုကရေစီ နည်းကျ တယ်လို့ အပြည့်အဝ မဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် နယူးဇီလန် နိုင်ငံအနေနဲ့ တွန်အားပေး ဆောင်ရွက်ဖိို့ကိုလည်း နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါသေးတယ်။

http://burmese.voanews.com/content/daw-suu-met-with-enthinc-parties-/1552054.html

November 13, 2012

ဖက်ဒရယ်စနစ်ကို လိုလားကြောင်း ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်

နိုဝင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးကို လိုလားကြောင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်း ရင်းသားပါတီများ(Nationalities Brotherhood Forum)က နိုဝင်ဘာလ ၁၁ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၀ရက်နှင့် ၁၁ရက်နေ့တို့တွင် ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီနောင်တိုင်းရင်းသားပါတီများ၏ ၁၃ကြိမ်မြောက် အစည်း အဝေးပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုစနစ်သည် ခွဲထွက်ရေးမဟုတ် အပါအဝင် အချက် ၆ချက်ကို ထုတ်ပြန်ကြေ ညာလိုက်ခြင်းဖြစ်သည်။
ညီနောင်တိုင်းရင်းသားပါတီများ၏ အဖွဲ့ဝင်တခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက “ဖက်ဒရယ်ဆိုတာ အဓိပ္ပါယ်အမျိုးမျိုး ပြောဆိုနေကြတယ်။ တချို့ကတော့ ခွဲထွက်ရေးလို့ မြင်နေ ကြတယ်။ ဒါပေမယ့် အခု ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဟာ စုစည်းဖို့ ဖြစ်တယ်ဆိုတာ အများသိစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းကြေညာချက်၌ ဖက်ဒရယ်ကိစ္စအပြင် လက်ရှိပါတီများ၏ အမည်ပြောင်းလဲခေါ်ဝေါ်ခြင်း၊ အချိုးကျ ကိုယ်စားပြုစနစ်ကို ၂၀၁၅တွင် မဲဆန္ဒရှင်ပြည်သူများ၏ ပြည်နယ်များ၌ အခြေအနေအရ ကျင့်သုံးရန် မသင့်လျော်သေးခြင်း၊ လက်ရှိ ပြည်နယ်များ၏ အမည်များကို ပြောင်းလဲလိုသည့် အယူအဆများကို လက်မခံခြင်း၊ ရခိုင်အရေးကို အစိုးရမှ သတိကြီးစွာ ဖြေရှင်းပေးလိုခြင်းနှင့် အမေရိကန်သမ္မတ ဘရက်အိုဘားမား၏ မြန်မာပြည်ခရီးစဉ်ကို ကြိုဆိုခြင်း စသည့်အချက်များ ပါ၀င်သည်။
ညီနောင်ပါတီများ၏ အစည်းအဝေးသို့ လေ့လာသူများအဖြစ် တိုင်းလိုင်(သျှမ်းနီ)အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်း သားလူမျိုးများဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စုစုပေါင်းလူဦးရေ ၄၀ကျော် ပါ၀င်ဆွေးနွေးခဲ့သည်။
၎င်းအပြင် လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် တိုင်းရင်းသားပါတီများကလည်း ညီနောင်ပါတီများနည်းတူ ဖက်ဒရယ်စနစ် မှာ ခွဲထွက်ရေးမဟုတ်ကြောင်းကို လက်ခံခဲ့သည်ဟု သိရသည်။
ညီနောင်တိုင်းရင်းသားပါတီများကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်များအဖြစ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ ဖြစ်သည်။
တစ်ဆက်တည်းပင် ညီနောင်တိုင်းရင်းသားပါတီများ၏ ထုတ်ပြန်လိုက်သည့် အဖွဲ့အမည်ပြောင်းလဲမှုတွင် မူလ ခေါ်ဝေါ်သော ညီနောင်တိုင်းရင်းသားပါတီများ-Nationalities Brotherhood Forum ကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation)အဖြစ် ပြောင်းလဲခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။

http://www.kicnews.org/?p=14095

November 3, 2012

ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း အရေးကြီး


စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ပေါ်ထွန်း လာပြီး အာဏာ ခွဲဝေကျင့်သုံးရေး စနစ်တွေ ပေါ်ထွန်းလာဖို့ ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင် သင့်တယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်ပါတီ ၁၁ ပါတီ တို့ တွေ့ဆုံ ခဲ့တဲ့ ငြိမ်းချမ်းရေးစင်တာမှာ သွားရောက် သတင်း ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ်မိတ်ဆွေ ၁၁ ပါတီတွေ့ဆုံပွဲမှာ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ခေါင်းဆောင်ပိုင်းတွေက ၀န်ကြီး ဦးအောင်မင်းကို စစ်မှန်တဲ့ ပြည်ထောင်စု တရပ်မှာ  လိုအပ်တဲ့ အာဏာ ခွဲဝေကျင့်သုံး ရေးနဲ့ သယံဇာတ ခွဲဝေ ရယူရေး ကိစ္စတွေကို အဓိက ထားပြီး တင်ပြတောင်းဆို လာကြပါတယ်။

နိုင်ငံတော် သမ္မတရုံး ၀န်ကြီးက စစ်မှန်တဲ့ ဖက်ဒရယ်စနစ် တရပ် ပေါ်ထွန်းလာပြီး တိုင်းရင်သားလူမျိုးစု ခေါင်းဆောင်ပိုင်းတွေက သက်ဆိုင်ရာ ပြည်နယ်တွေကို အုပ်ချုပ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ရွေးကောက်ပွဲ ၀င်ကြဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ရင်လည်း ပြင်ဆင်ကြဖို့ ပြန်လည် တိုက်တွန်းလိုက်ပါတယ်။

“ပြည်နယ်တွေကို ဘာနဲ့အုပ်ချုပ်ရမလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ အဲဒီတော့ ခင်ဗျားတို့က ကျနော့်ကို စောဒက တက်မယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မကြိုက်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်သူကရေးတာလဲ။ ဘယ်သူက ပြင်လို့ရလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးအောင်မင်း ပြင်လို့မရဘူး။ ဦးအောင်မင်းမှာ ပြင်ပိုင်ခွင့် မရှိဘူး။ လွှတ်တော်ကသာ ပြင်နိုင်တယ်။”

လက်ရှိ အုပ်ချုပ်ရေး စနစ်အရ ပြည်ထောင်စု အစိုးရ အောက်မှာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေကို အုပ်ချုပ်ခွင့် ပေးထားပေမဲ့ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ အဖွဲ့တွေမှာ အုပ်ချုပ်ရေး အာဏာ ခွဲဝေကျင့်သုံးခွင့် ဆိုင်ရာ အခွင့်အရေးတွေ အင်မတန် နည်းနေတယ်လို့ ရှမ်းပြည်နယ် ဒေသကြီး အစိုးရ အဖွဲ့ဝင် ဦးစိုင်းအိုက်ပေါင်း က နိုင်ငံတော် သမ္မတရုံး ၀န်ကြီးကို တင်ပြခဲ့ပါတယ်။

ပြည်သူတွေဆီက အာဏာရဖို့အတွက် သက်ဆိုင်ရာ ပြည်နယ်အသီးသီးက တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေက ပါတီ နိုင်ငံရေး လမ်းစဉ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲ ကနေတဆင့် ဖက်ဒရယ်စနစ် ပေါ်ထွန်းဖို့ ကြိုးစားသင့်တယ်လို့လည်း ဦးအောင်မင်းက တိုက်တွန်းလိုက်ပါတယ်။

အာဏာခွဲဝေ ကျင့်သုံးရေး ကိစ္စလိုပဲ သယံဇာတ ခွဲဝေရေးကိစ္စတွေကိုပါ ပြည်ထောင်စု အစိုးရက ရာခိုင်နှုန်း အလိုက် အချိုးကျ ပေးနိုင်အောင်လည်း စဉ်းစားပေးနေတယ်လို့  သမ္မတရုံး ၀န်ကြီးက ပြောပါသေးတယ်။

“national resources တွေမှာဆိုရင် ရခိုင်ပြည်နယ်မှာ ရေနံထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်တယ်။ ဒါတွေ အားလုံးကိုလည်း ထိုက်သင့်တဲ့ ရာခိုင်နှုန်း သူတို့ပြည်နယ်ထဲမှာ ထားရတယ်။ ဒီပိုက်ဆံတွေ အားလုံးဟာ သူ့တိုင်းနဲ့ ပြည်နယ် တိုင်းဒေသတွေမှာ ဖွ့ံဖြိုး တိုးတက်ရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ဖြစ်တဲ့အတွက် သူတို့ကို ချပြီးတော့ ထားခဲ့တယ်။ ရာခိုင်နှုန်း တခုနဲ့တခု တူချင်မှတူမယ်။ ကျောက်စိမ်းမှာ ၂၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်၊ ရေနံမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ရင်ဖြစ်မယ်။ ဒီအတိုင်းပဲ စဉ်းစားနေကြပါတယ်။ နောက်ပိုင်းကျရင် ဖြစ်လာမှာပါ။”

တိုင်းရင်းသား ပါတီတွေရဲ့ ကိစ္စကို ပြည်မက ပါတီတွေက ဂရုမစိုက်ဘူးလို့ ထင်တာကြောင့် ဒီမိုကရက်တစ် မိတ်ဆွေပါတီ ၁၁ ပါတီက တိုင်းရင်းသား ပါတီတွေနဲ့ ဆွေးနွေး လာတဲ့အခါ သူတို့ဟာ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူးလို့ ပြောလာသလို ၈ ပြည်ထောင် တည်ထောင်မယ့် ကိစ္စကိုလည်း လက်မခံဘူးလို့ ပြောလာတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ က ဒေါက်တာ သန်းငြိမ်းက ၀န်ကြီးဦးအောင်မင်းကို တင်ပြခဲ့ပါတယ်။

“စစ်မှန်တဲ့ပြည်ထောင်စု ဆိုရင်တော့ ဒါ ဘယ်သူမဆို ပြောကြတယ် ဆိုကြတယ်။ သို့သော်လည်း ဖက်ဒရယ်စနစ် ဆိုရင်တော့ နည်းနည်းလေး ခါသွားမယ်။ မပြောရဲကြဘူး။ နိုင်ငံရေးသမားတွေလည်း မပြောရဲဘူး။ အပြင်လူတွေလည်း မပြောရဲကြဘူး။ အဲဒီတော့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီးတော့ သူတို့ ခံယူထားတဲ့ အချက်တွေထဲက အရေးကြီးတဲ့ အချက်တွေကို ကျနော်တို့နဲ့ တင်ပြပြီးတော့ ဆွေးနွေးတဲ့ အခါမှာ ကျနော် အင်မတန် အံ့သြသွားတယ်။ ဘာလဲဆိုရင် တိုင်းရင်းသား ပါတီများက တင်ပြတာက၊ နံပတ် (၁) သူတို့သည် ပြည်ထောင်စုကြီးကနေ ဘယ်တော့မှ ခွဲမထွက်ဘူး ဆိုတာကို အာမခံတယ်။”

လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက အုပ်ချုပ်ရေးအာဏာ ရရှိမှုဟာ နည်းနေသေးပေမဲ့ ပြည်မက ပေးအပ်တဲ့ အာဏာ ခွဲဝေ ကျင့်သုံးတဲ့ စနစ် ရရှိလာတဲ့အထိ တဖြည်းဖြည်းချင်း စောင့်ဆိုင်းရဦးမယ်လို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် တဦး ဖြစ်တဲ့ ကျားဖြူပါတီက ဦးစိုင်းအိုက်ပေါင်း က ဗွီအိုအေကို ပြောပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ရန်ကုန်က ငြိမ်းချမ်းရေး စင်တာမှာ ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဒီမိုကရက်တစ် ၁၁ ပါတီ တွေ့ဆုံပွဲမှာ ၀န်ကြီးက ကချင်ပြည်နယ်က ငြိမ်းချမ်းရေး ကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတယ် လို့ နိုင်ငံရေးပါတီတွေကို ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေ ဘက်ကလည်း ၀န်ကြီးကိုတင်ပြတဲ့အခါ မကြားသေးခင် ရက်ပိုင်းတုန်းက နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရခိုင် ပဋိပက္ခ အရေးဖြစ်နေတဲ့ ကိစ္စရပ်တွေမှာ ဒေသတွင်း မငြိမ်သက်အောင် လုပ်နေတဲ့ ပါတီတွေ ရှိနေတယ်လို့ ဖော်ပြချက်ဟာ ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ (RNDP) ကို ရည်ရွယ်ချက် ရှိရှိ ထည့်သွင်းပြောဆို ထားတယ်လို့ ယူဆရတဲ့အတွက် များစွာ ၀မ်းနည်းတဲ့ အကြောင်း RNDP က ဦးဦးလှစော က ၀န်ကြီး ဦးအောင်မင်းကို ပြောဆို ခဲ့ပါသေးတယ်။

ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရတ်နေ့တုန်းက နိုင်ငံတော် သမ္မတ အကြံပေး ၂ ဦးနဲ့ တွေ့ဆုံခဲ့ပြီး အခုအခါမှာ နိုင်ငံတော် သမ္မတရုံး ၀န်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီမိုကရက်တစ် မိတ်ဆွေ ၁၁ ပါတီနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့ဟာ သီးသန့် တွေ့ဆုံဖို့ မရှိသေးဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဗွီအိုအေ ကို ပြောပါတယ်။

http://burmese.voanews.com/content/democratic-parties-meeting-11-03-12/1538866.html

October 9, 2012

တိုင်းရင်းသားခေါင်းဆောင် ဒေါက်တာလျန်မှုန်ဆာခေါင်း မြန်မာပြည်သွားမည်


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ဖွဲ့စည်းထားသည့် လက်ရှိ Ethnic National Council  ဥက္ကဌ နှင့် CNF ရဲ့ အဓိပတိကောင်စီဝင် ၉၀ ရွေးကောက်ပွဲကာလ UNLD အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆလိုင်း လျန်မှုန်ဆာခေါင်း မြန်မာပြည်သွားမည်ဟု သ တင်း ရရှိသည်။
“ အဓိက သွားမှာက Myanmar Egress and Peace Research Institute Oslo ကနေ ကမကထပြုပြီး ၁၃ – ၁၄ အောက်တိုဘာမှာ ကျင်းပမည့် The Seminar on Will Democracy Bring Peace to Myanmar ကို တက်ရောက်ဖို့ သွားမယ် ” ဟု ပြောသည်။
အဆိုပါ Seminar တွင် The 2008 Constitution and Ethni Issues: To What Extend did It Satisfy the Aspiration of various Ethnic Groups? ဆိုတဲ့ ၄င်း၏ စာတမ်းကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေါက်တာသည် Civil Society Forum က ပြုလုပ်မည့် သင််တန်းမှာ Resource Person အနေနဲ့ ပါ၀င်မှာ ဖြစ်ပြီး အောက်တိုဘာ လကုန်မှာ ဇာတိမြေ ဟားခါးကို သွားပြီး တဆက် တည်း CNF Public Consultation မှာ ပါ၀င်မည် ဟု ဆက်ဆိုသည်။
Martin Luther King Award ပိုင်ရှင် ဆလိုင်းလျန်မှုန်ဆာခေါင်းသည် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန် လေဆိပ်သို့ ဆင်းသက်မည်ဖြစ်ကြောင်း မြန်မာပြည်ခရီးစဉ်တွင် ၉၀ နိုင်ငံရေးပါတီများ ၂၀၁၀ နိုင်ငံရေးပါတီအသီးသီးနှင့် ဆုံတွေ့ဘွယ်ရှိ သည်ဟု နီးစပ်သူ တဦးက ပြောသည်။
ခေါင်းဆောင်ကြီး လျန်မှုန်းဆာခေါင်းအား ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မီတီ ( ရန်ကုန်) မှ ဦးဆောင်ပြီး ရန်ကုန်ရှိ ချင်း ပြည်သူများမှ မင်္ဂလာဒုံလေဆိပ်တွင် သွားရောက်ကြိုဆိုကြမည်ဟု ရန်ကုန်က လာတဲ့ သတင်းများ အရ သိရသည်။

http://khonumthungburmese.org/?p=687

October 5, 2012

သုံးပွင့်ဆိုင် ထဲက တိုင်းရင်းသားတို့၏ စုစည်း ကြိုးပမ်းမှု


WGEC_meetingoopတိုင်းရင်းသား အစုအဖွဲ့ အနေဖြင့် ၄င်းတို့၏ အခြေခံမူ ရရှိရေး အတွက် စက်တင်ဘာ (၁၆) ရက်နေ့က ကျင်းပ ခဲ့သော တိုင်းရင်းသား လူမျိုးများ ညီလာခံ၏ ဆုံးဖြတ်ချက်၊ အကြံပြုချက် များကို ယမန်နေ့က ပြန်လည် သုံးသပ် ခဲ့သည်ဟု အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာက ဆိုပါသည်။ ဤညီလာခံကို တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ WGEC (Working Group for Ethnic Co-ordinating) က ဦးဆောင်ပြီး ကျင်းပ ခဲ့ပါသည်။
“မနေ့က ပြီးသွားတဲ့ အစည်းအဝေး မှာတော့ ကျနော်တို့ရဲ့ WGEC အဖွဲ့က အဖွဲ့ဝင်တွေ တိုးချဲ့ ဖွဲ့စည်း သွားဖို့ ဆုံးဖြတ် တယ်။ အဲဒါ ကတော့ တိုင်းရင်းသား အရေးကို ဆောင်ရွက်တဲ့ နေရာမှာ ဘက်ပေါင်းစုံက အဖွဲ့တွေ ပါဝင် သင့်တယ် ဆိုတဲ့ အမြင်နဲ့ တိုးချဲ့ ဖွဲ့စည်းခြင်း ဖြစ်ပါတယ်” ဟု ဆိုပါသည်။ တိုးချဲ့ လိုသော ကော်မီတီဝင် များမှာ လူမှု အခြေပြု အဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်း များနှင့် အမျိုးသမီး အဖွဲ့အစည်းများ ဖြစ်သော အဖွဲ့ (၃) ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးဖြင့် ထပ်မံ တို့ချဲ့ မည်ဖြစ်သည်။ ဤသို့ကြောင့် WGEC အဖွဲ့၏ တိုင်းရင်းသား ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီဝင်တွင် အဖွဲ့ဝင် (၂၀) ဦး ဖြစ်လာ ခဲ့ပါသည်။
WGEC ၏ ရှေ့လုပ်ငန်းစဉ် ကိုမူ နိုဝင်ဘာ လဆန်း၌ အစည်းအဝေး ကျင်းရန် ရှိသည့် အပြင် လိုအပ်သော အလုပ်ရုံ ဆွေးနွေးပွဲ များကိုပါ ကျင်းပရန် ရှိသည်။ ၄င်းတို့၏ ရည်ရွယ်ချက်၌ ပြည်ပ၌ တိုင်းရင်းသား ညီလာခံ ကျင်းပ ခဲ့သလို အစိုးရ လက်ခံပါက ပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့များ ပါသည့် ညီလာခံ တရပ် ကျင်းပရန် ရှိပါသည်။
WGEC သည် UNFC အပါ၀င် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၉) ဖွဲ့ ကို အခြေခံပြီး ကော်မီတီ ၀င်(၁၄) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။ ဤအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၌ ကျင်း ပခဲ့ခြင်း ဖြစ်ပါသည်။
ထိုညီလာခံမှ တိုင်းရင်းသားများနှင့် ပတ်သက်သော ပဏာမ လမ်းပြ မြေပုံ အချက် (၆) ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။
              တိုင်းရင်းသားလူမျိုးများ၏ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ်( ၆ )ချက်
(၁)   တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထု အပါအဝင် Civil Societies တို့ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက် များကို သဘောတူ ချမှတ်ရန်။
(၂) (က)   ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များ၏ စု စည်းထားသော ကိုယ်စားလှယ်များ အကြား တွေ့ဆုံ ဆွေးနွေး၍ “တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘော တူညီချက် ရရှိရန်။
(ခ)          ထိုသို့ ဆွေးနွေး ရာတွင် ဘက်နှစ်ဘက်မှ လက်ခံနိုင်သော နေရာတွင် ဆွေးနွေးရန်။
(ဂ)          ထို့ပြင် ထိုသို့ ဆွေးနွေးစဉ်နှင့် သဘော တူညီချက် များကို အကောင်အထည် ဖော်ရာတွင် ဘက်မလိုက်သော နိုင်ငံ တကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ထားရှိရန်နှင့် သဘော တူညီချက် များကို အများပြည်သူ သိရှိအောင် ပူးတွဲ ထုတ်ပြန်ရန်။
(၃)   အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲမှ “တွေ့ဆုံ ဆွေးနွေး ရေးဆိုင်ရာ မူဘောင် သဘောထား” (The Framework of Political Dialogue) သဘော တူညီချက် ရရှိပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် သော်လည်းကောင်း၊ လူမျိုး အလိုက် သော်လည်းကောင်း တိုင်းရင်းသား တို့၏ ညီလာခံများ ကျင်းပပြီး  ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားရန်။
(၄)   တနိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသား များ၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ် အဖွဲ့အစည်းများ အပါအဝင် Civil Societies အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် အသိ ပညာရှင်၊ အတတ် ပညာရှင်များ ပါဝင်သော တိုင်းရင်းသား လူမျိုး စုံညီလာခံ တခုကို ခေါ်ယူ ကျင်းပ သွားရန်။
(၅)   တိုင်းရင်းသား အင်အားစု များ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီ နည်းအရ လှုပ်ရှားနေကြသော နိုင်ငံရေး အင်အား စုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီ ပါဝင်ပြီး အင်အားစု သုံးစုစလုံး လက်ခံနိုင်သော ပုံစံဖြင့် ပင်လုံ စိတ်ဓါတ်ကို အခြေခံသော ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ ချမှတ်သော သဘော တူညီချက် များကို “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက်” (Union Accord) အဖြစ် သဘောတူ လက်မှတ် ရေးထိုးရန်။
(၆)   “တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက်” (Union Accord) ကို အချိန် အတိအကျ သတ် မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။
အကယ်၍ အစိုးရက ခွင့်ပြုက ယခု ရရှိထားသော အချက် (၆) ချက်ကို ပြည်တွင်း၌ ကျင်းပရန် ရှိသည့် တိုင်းရင်းသား ညီလာခံသို့ တင်ပြရန် ရှိပါသည်။
မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရအဖွဲ့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အဖွဲ့တို့ (၃) ပွင့်ဆိုင် အဖြေရှာမှ ရနိုင်မည်ဟု ကုလ သမဂ္ဂမှ ခံယူထားပါသည်။ ဤသို့ကြောင့် တိုင်းရင်းသား အဖွဲ့များ သည်လည်း ၄င်းတို့ အစုအဖွဲ့မှ ကိုယ်စားပြု အမြင်များ ကျယ်ပြန့်ပြန့် ရရှိရန် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2195-2012-10-05-08-15-49.html

September 28, 2012

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

n-kham-ayeယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
ကျားဖြူပါတီပြည်နယ်လွှတ်တော်အမတ်နန်းခမ်းအေး(ဓါတ်ပုံသျှမ်းသံတော်ဆင့်)

“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့ မဲခွဲဆုံး ဖြတ်မယ်လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ၇၀ : ၆၀ မဲ ဝန်းကျင်ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွှတ်တော်အမတ်တဦးကလည်းပြောပါသည်။

နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်းဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေးလက်ပိုင် လယ် ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုးငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်ဖြစ်နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး ကတင်ပြခြင်းဖြစ်ကြောင်း  တောင်ကြီးဒေသခံ လွှတ်တော်အမတ်တဦးကလည်း ဆိုပါသည်။

“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်လို့ စိုးရိမ်စရာမလို ဘူးလို့ လို့ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စားလှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲက တိုင်းရင်းသားတချို့ပေါ့ မကန့်ကွက်ကြဘူး။ လွှတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက် ကြတဲ့အမတ်တွေထဲက သူတို့အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ်ရပ်ရတာပါတဲ့” - ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်တဦးကလည်းပြောပါသည်။

၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့ တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီး လွှတ်တော်ထဲဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရသွားတာပေါ့။” ဟု ဆိုပါသည်။

မူဝါဒတခုကို တသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ် အထိုက် အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေးရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း၊ အဆိုတိုင်းမှာ ဥပဒေ ဖြစ်မလာနိုင်သည်ကိုနားလည်ကြောင်း ၎င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊ ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၎င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်းပြောပါသည်။

အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက်ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးက ပြောပါသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ယနေ့မွန်း တည့် ချိန် ၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3534-2012-09-28-10-06-44.html

September 20, 2012

၂၀၁၅ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး ပြီးမြောက်ရန် မဖြစ်နိုင် ဟု တိုင်းရင်းသားခေါင်းဆောင်များပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားလုံး၂၀၁၅ မတိုင်မီ ပြီးစီးလုပ်ဆောင်ရမည်ဟူသော အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြောကြားချက်အပေါ်  “မဖြစ်နိုင်ဟု” ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတွင် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားကြောင်း သိရှိရပါသည်။
Ethinc_Conference
တိုင်းရင်းသားပေါင်းစုံ ညီလာခံမြင်ကွင်း (Photo: Shan Representatives)

“တိုင်းရင်းသားခေါင်းဆောင်တွေက အစိုးရက ၂၀၁၅ ရွေးကောက်ပွဲတိုင်ခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အပြီးလုပ်ဆောင်ရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုလုပ်ရင် အစိုးရခင်းထားတဲ့ အကွက်ထဲဝင်ပြီပေါ့။  ဆွေးနွေးတာဟာ ၃ နှစ်တည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဘူး။  ပြီးရင်လည်း ပထမအဆင့်ပေါ့။ ဒါကြောင့် အချိန်အတွက် နှစ်ဦး နှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက် ရယူရမယ်လို့ ပြောတယ်” ဟု ညီလာခံ တက်ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။

တိုင်းရင်းသားပေါင်းစုံ ညီလာခံကို စက်တင်ဘာ ၁၄ ရက် မှ ၁၆ ရက်ထိ ၃ ရက်တာ ကျင်းပခဲ့ရာ  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၃ ချက်နှင့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရှိရပါသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ် ၃ ဆင့်ကတော့ ၁) အပစ်ရပ်မယ်။ ၂) သဘောတူညီချက်တွေကို အကောင် အထည်ဖော်မယ်။ ၃) နိုင်ငံရေး ဆွေးနွေးမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတော့ မပါဘူး။ ဒါပေမဲ့ ဟန့်တားတာ လည်း မဟုတ်ဘူး။ ဖွံ့ဖြိုးရေးလုပ်ငန်းကို လုပ်ချင်တဲ့အဖွဲ့တွေလည်း ရှိမယ်လေ” ဟု ၎င်းက ဆက်ပြော ပါသည်။

ငြိမ်းချမ်းရေး လမ်းပြမြေပုံ ၆ ချက်မှာ-
၁) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် လူငယ်ထု အပါအဝင် အရပ်သား လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး “နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင်” (Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို သဘောတူချမှတ်ရန်။

၂)    (က) ပြည်ထောင်စု အစိုးရကိုယ်စားလှယ်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ၏ ကိုယ်စား လှယ်များအကြား တွေ့ဆုံဆွေးနွေး၍ “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” အတွက် သဘောတူညီချက် ရရှိရန်။
    (ခ) ထိုသို့ဆွေးနွေးရာတွေ နှစ်ဖက်သဘောတူလက်ခံနိုင်သော နေရာ၌ ဆွေးနွေးရန်။

(ဂ) ထိုသို့ဆွေးနွေးစဉ်နှင့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ဘက်မလိုက် သော နိုင်ငံတကာ လေ့လောစောင့်ကြည့်နေရေးအဖွဲ့ ထားရှိရန်နှင့် သဘောတူညီချက်များကို ပူးတွဲထုတ်ပြန်ရန်။

၃) “တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား” သဘောတူညီချက်ရပြီးမှ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းများအလိုက် တိုင်းရင်းသားညီလာခံများ ကျင်းပပြီး ရှင်းလင်းညှိနှိုင်း သဘောထား ရယူသွားရန်။

၄) တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာ ရှင်များ ပါဝင်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီလာခံတစ်ခု ခေါ်ယူကျင်းပသွားရန်။

၅) တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားနေသော နိုင်ငံရေးအင်အားစု ကိုယ်စား လှယ်များ၊ အစိုးရကိုယ်စားလှယ်များ အချိုးညီ ပါဝင်သည့် ပင်လုံစိတ်ဓာတ် အရင်းခံသော ပြည်ထောင်စု ညီလာခံကြီးတရပ် ကျင်းပသွားရန်။ ထိုညီလာခံကြီးမှ သဘောတူညီချက်များကို “တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက်” (Union Accord) အဖြစ် သဘော တူ လက်မှတ်ရေးထိုးရန်။

၆) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အချိန်ကို အတိအကျ သတ်မှတ်နိုင်ရန် ကြိုတင်ဆွေးနွေး သဘောတူညီချက် ရယူရန် - တို့ဖြစ်သည်။

၃ ရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးကို ပြည်တွင်းပြည်ပမှ တိုင်းရင်းသား ကိုယ်စားလှယ် ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3513-2012-09-20-10-56-00.html

August 11, 2012

ကယန်းပြည်သစ်ပါတီ ၄၈ နှစ်မြောက် မွေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာအနီးတွင် ကယန်းပြည်သစ်ပါတီ၏ ၄၈ နှစ်ပြည့်ပါတီမွေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ကြတယ်လို့ သိရပါတယ်။
ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးစောလွင်က “ဒီနေ့က ကယန်ပြည်သစ်ထူထောင်တာ ၄၈ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ အဲဒီလို ပြည်သူလူထုဘက်ကနေ အစဉ်အလာတစိုက် ရပ်တည်လာခဲ့တဲ့ အတွေ့အကြုံကို ပါတီဝင်တွေ ပါတီဝင်အသစ်တွေ သိရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ကစပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ဥက္ကဌဗိုလ်ပျန်၊ တွဲဖက်အတွင်းရေးမှူး ဦးရွှေအေးတို့ကနေပြီး ကယန်းပြည်သစ်ပါတီကို ဖယ်ခုံမြို့နယ် ဖလိုင်ရွာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်လ ၈ ရက်နေ့ကျရောက်တဲ့ အချိန်တိုင်းမှာ ကယန်းပြည်သစ်ပါတီအဖွဲ့ဝင်တို့က နှစ်စဉ်နှစ်တိုင်း ယခုလိုမွေးနေ့အခမ်းအနားကျင်းပကြတာဖြစ်ပါတယ်။


ကယန်းပြည်သစ်ပါတီအလံ
ကယန်းအမျိုးသားတွေအားလုံးကို အခြေခံတဲ့ ကယန်းပြည်သစ်ပါတီက လူထုကမွေးဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် လူထုတွေရဲ့ အခက်အခဲတွေကို ဦးဆောင်ပြီး တာဝန်ယူဖြေရှင်းရမည့် တာဝန်ရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် အတွင်းရေးမှူးအဖွဲ့ဝင် အားသန်းက ပြောပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ် အားသန်းက “နိုင်ငံရေးအရ ဦးဆောင်တဲ့နေရာမှာ လူထုတွေရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေအားလုံး သူတို့ဖြေရှင်းရမည့်တာဝန်ရှိပါတယ်။ ဒါကသမိုင်းပေးတာဝန်လို့မြင်ပါတယ်။ ပါတီဝင်တွေကလုပ်ရတော့မယ်။ တဆက်တည်းမှာဘဲ လူထုက တသွေးတည်းတသားတည်းဖြစ်အောင် တော့အများကြီး ကြိုးစားပြီးမှ လျှောက်လှမ်းရအုံးမယ်လို့မြင်ပါတယ်” လို့ ပြောပါတယ်။
ကယန်းပြည်သစ်ပါတီရဲ့ လက်ရှိရပ်တည်နေတဲ့ အနေအထားကတော့ အစိုးရနဲ့ ပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဖယ်ခုံမြို့နယ်မှာကျင်းပတဲ့ ပါတီမွေးနေ့အခမ်းအနားမှာတော့ ကယန်းပြည်သစ်ပါတီက ခေါင်းဆောင်တွေ ပါတီဝင်တွေ ကယန်းပြည်သစ်တပ်မတော်က တပ်ဗိုလ် တပ်မှူးတွေ တပ်သားတွေနဲ့ ပြည်သူလူထု ခန့်မှန်းခြေ လူအင်အား ၃၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

http://www.ktimes.org/index.php/rokstoriesnews/292-2012-08-09-15-19-06

July 28, 2012

အပစ်ရပ်တပ်ဖွဲ့များအား မတရားအသင်းစာရင်းမှပယ်ဖျက်သင့်

ssa-govt
အပစ်ရပ်သွားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မတရားအသင်းမှ ဦးသိန်းစိန်အစိုးရပယ် ဖျက်ပေးသင့်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ်အဖွဲ့ဝင်တဦးကဆိုသည်။

“အပစ်ရပ်ရုံနဲ့မပြီးဘူးပေါ့၊ အပစ်ရပ်သွားတဲ့ လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့အားလုံးကို မတရား အသင်း ကနေ တရားဝင်ပယ်ဖျက်သင့်တယ်။ အဲဒီလိုမလုပ်ရင် လူထုက အပစ်ရပ်တဲ့အပေါ် ဘယ်အယုံအကြည် ရှိမတုန်း”- ဟု မကြာမှီ ကျိုင်းတုံ၌ အစိုးရကိုယ်စားလှယ်နှင့် သွားရောက်တွေ့ဆုံမည့် RCSS/SSA ကိုယ်စားလှယ်အဖွဲ့ဝင်တဦး ကပြောပါသည်။

ဦးသိန်းစိန် အစိုးရ ကိုယ်စားလှယ်များသည် အင်အားကြီး အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့အား ပြည်ထောင်စုအဆင့်အဖြစ်ဆက်တိုက် လက်ခံတွေ့ဆုံခဲ့၏။ ၁၉၉၆ ကတည်းက တကြိမ်တခါမှ အပစ်မရပ်ဖူးသည့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) နှင့်လည်း မကြာမှီ ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံဆွေးနွေးမည်ဖြစ်၏။ သို့သော် ထိုတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား တကြိမ် တခါမျှ မတရားအသင်းမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခြင်းမရှိခဲ့သေးပေ။

“ရှင်းရှင်းပြောရင်ဗျာ၊ အခုအပစ်ရပ်တယ်လို့တာပြောတယ်။ မကြာခဏ သေနတ်သံထွက်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်တဲ့သူတွေကို လိုက်လံဖမ်းဆီးတယ်။ ဘယ်လို အယုံအကြည်ရှိနိုင်မလဲ။ မြို့ထဲ ဝင်လာတဲ့ သျှမ်းစစ်သားတယောက်ကို လွတ်လွတ်လပ်လပ်စကားပြောဖို့ မရဲဘူး” - ဟု သိန္နီမြို့ခံ တဦး ကပြောပါသည်။

လက်ရှိဦးသိန်းစိန်အစိုးရ နှင့် အပစ်ခတ်ရပ်စဲသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ - သျှမ်းပြည် တပ်မတော် နှစ်ဖွဲ့ RCSS/SSA နှင့် SSPP/SSA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ၀ ပြည်သွေးစည်းညီညွှတ်ရေး ပါတီ UWSP/UWSA၊ မိုင်းလားတပ်ဖွဲ့ ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် သျှမ်းပြည်အရှေ့ ပိုင်း NDAA-ESS ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်း အမျိုးသားတပ်ဦး CNF ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP နှင့် အပစ်ရပ်သဘောတူညီချက် တခါမျှမပျက် ဖူးသည့် သျှမ်းပြည် တောင်ပိုင်းမှ KNLP ကယန်းအမျိုးသားလွတ်မြောက်ရေးပါတီ တို့ဖြစ်သည်။

ညှိနှိုင်းနေဆဲတပ်ဖွဲ့များမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ အမျိုးသားအဖွဲ့ချုပ် WNO/WNA ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် တိုက်ခိုက်ဆဲ ဆွေးနွေးညှိနှိုင်းရေးလုပ်ပြီး မအောင်မမြင်ဖြစ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA တို့ဖြစ်သည်။

http://panglongburmese.blogspot.com/2012/05/blog-post_9414.html

တိုင်းရင်းသား ညီလာခံခေါ်ဖို့ ပါတီတွေတိုက်တွန်း

ပင်လုံကဲ့သို့သော တိုင်း ရင်းသား ညီလာခံ ကြီး တစ်ခု ကျင်းပဖို့ တိုင်းရင်းသား နိုင်ငံရေး အင်အား စုတွေ က အာဏာပိုင် တွေကို တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကလည်း ၂၀၁၅ မတိုင်ခင်မှာ ငြိမ်းချမ်းရေး ဖော်ဆောင် မယ်လို့  ထားတဲ့ စကားတွေနဲ့ အညီ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နဲ့ တွေ့ဆုံ မှုတွေ ခြေလှမ်း ကျဲကျဲ နဲ့ ပြု လုပ်နေတာ ကိုလည်း တွေ့ လာရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အပါအ၀င် နိုင်ငံရေး ပါတီ ၁၄ ခု တို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့တဲ့ အရေးနဲ့ ပတ်သက်ပြီး VOA ရဲ့  ရန်ကုန် သတင်းထောက် ကိုရဲကျော်အောင် သတင်းပေးပို့ ထား ပါတယ်။

တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ ပင်လုံကဲ့သို့သော ညီလာခံကြီး တစ်ခုကို ကျင်းပ ပေးဖို့ စစ်မှန်တဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပပေး ဖို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) အပါအ၀င် နိုင်ငံ ရေး ပါတီ ၁၄ ခု တို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ တွေ့ ဆုံစဉ် မှာ တောင်း ဆိုလိုက်ပါတယ်။ ဒီ ၁၄ ပါတီ ကို နိုင်ငံတော်သမ္မတ ဦး သိန်းစိန် က တွေ့ဆုံမယ်လို့  ပြောကြားလာကြောင်း အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နှင့် တွေ့ ဆုံခဲ့တဲ့ ဇိုမီး နေရှင်နယ် ကွန်ဂရက် မှ ပြော ရေး ဆိုခွင့်ရှိသူ ဦး ၀မ်ခမ်းလျှမ် က ပြော ပါတယ်။

“အဓိကကတော့ အဲဒီမှာ နိုင်ငံရေး ပါတီတွေ စုရုံးပြီးတော့မှ တွေ့ဆုံဖို့ လုပ်နေတယ်လို့ ပြောတာပဲ”

၂၀၁၅ မတိုင်မီ ပင်လုံကဲ့သို့သော  ညီလာခံကြီး ကျင်းပပေးဖို့ တိုင်းရင်းသားတွေက တောင်းဆိုမှု ကို ပြည်ထောင်စု ၀န်ကြီး  ဦးအောင်မင်း က လက်ခံ ဆွေးနွေးကြမယ် ဆိုပြီး ပြန်လည် ပြောကြား ခဲ့တယ်လို့  ရှမ်း တိုင်းရင်းသားများ  ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီ ရဲ့  ပြောခွင့်ရသူ ဦးစိုင်းလိတ် က VOA ကို ပြောပြ ပါတယ်။

“၀န်ကြီးကတော့ ထိုကဲ့သို့သော ညီလာခံလို့တော့ မပြောဘူး၊ ပင်လုံလို ကျယ်ပြန့်တဲ့ အစည်းအဝေး ကြီး တရပ် ကျနော်တို့ ၀ိုင်းပြီး လုပ်ကြတာပေါ့ တဲ့။ ဒီကိစ္စကို ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်ရင် ၂၀၁၄ အတွင်းမှာပဲ အပြီး လုပ်ချင်တယ်လို့တော့ အမိန့်ရှိပါတယ်”

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေးခရီးမှာ နိုင်ငံရေး အင်အားစုအားလုံး ပါဝင်လာရေး ကိစ္စရပ်တွေကိုလည်း ၀န်ကြီး ဦးအောင်မင်း က ပြောကြားခဲ့တယ်လို့  ဦးစိုင်းလိတ် က ဆိုပါတယ်။

“ဦးအောင်မင်း အဓိက ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေးကိစ္စ ရေရှည်တည်တံ့သွားဖို့၊ နောက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေး မှာ အားလုံး ၀င်ပါနိုင်ဖို့ ၊ ဒါကို သူတို့ အဓိကထားပြီး လုပ်နေတယ်၊ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေရော၊ NGO အဖွဲ့အစည်းတွေရော၊ တခြား တိုင်းရင်းသား အဖွဲ့အစည်း၊ လက်နက်ကိုင် အပစ်ရပ်စဲထားတဲ့ အဖွဲ့တွေ အပါ၊ နောက် ပြည်သူ တွေ လေးစား ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေရော အလွှာစုံ ပါနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်းနေတယ်ပေါ့”

မြန်မာနိုင်ငံဒေသ အသီးသီး ရှိကြတဲ့ တိုင်းရင်းသားတွေ ရဲ့ ဘာသာစကားတွေ ပြန်လည် သင်ကြားပေးဖို့ကို တိုင်းရင်းသားတွေက တောင်းဆိုမှုကိုလည်း သမ္မတကြီးဆီအထိ တင်ပြပေး သွားမယ်လို့ အာဏာပိုင်တွေက ပြောသွားတယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောပြ ပါတယ်။

“တိုင်းရင်းသား ဘာသာ စာပေတွေကို သင်ကြားခွင့်ပြုဖို့ပေါ့။  ပြည်နယ်ကို အခြေခံပြီး တိုင်းရင်းသား ဘာသာတွေကို သင်ကြားခွင့်ပြုပါ၊ တခြားသော တိုင်းရင်းသားငယ်တွေကိုလည်းပဲ အပိုဘာသာရပ် အနေနဲ့ သူတို့ စိတ်ကြိုက် ဘာသာ အဖြစ် ပြဋ္ဌာန်းပေးပါ ဆိုတာမျိုးကို တောင်းဆိုတယ်။ ၀န်ကြီး ဦးအောင်မင်း နဲ့ ၀န်ကြီး ဦးစိုးသိန်း တို့က သဘောတူ လက်ခံတယ်၊ ကျေနပ်ပါတယ်၊ ဖြစ်သင့်ပါ တယ် တဲ့။ ၀ိုင်းဝန်းကြိုးပမ်းကြတာပေါ့ .. ခင်ဗျားတို့ ဖြစ်ချင်တဲ့ ပုံစံမျိုးကို ရေးပေးလိုက်ကြပါ.. သမ္မတကြီး ဆီကို တင်ပြပေးမယ်.. ခင်ဗျားတို့ သမ္မတကြီးနဲ့ တွေ့ခွင့်ရအောင်လည်း ကြိုးစားပေး မယ်၊ တွေ့တဲ့အချိန်မှာလည်း ရေးတဲ့အတိုင်း ပြောကြပါ.. သူတို့လည်း ထပ်ပြီးတော့ ပြောပေးမယ် လို့ ပြောပါတယ်”

ဇူလိုင်လ ၁၈ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရက်တစ်မိတ်ဆွေ ၁၀ ပါတီ နဲ့  နေပြည်တော်မှာ တွေ့ခဲ့ပါသေးတယ်။ အခုလို ၁၉၉၀ ရွေးကာက်ပွဲမှာ  အနိင်ရခဲ့တဲ့ တိုင်းရင်းသား ပါတီတွေအပါအ၀င် အခြားသော နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံဖြစ်မယ် ဆိုရင် နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံရေး ပါတီတွေ ဒုတိယအကြိမ် တွေ့ ဆုံမှုတစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

http://burmese.voanews.com/content/ethnics-conference-07-24-12/1444314.html

July 27, 2012

တိုင်းရင်းသားအခွင့်အရေး ကာကွယ်မည့် အဆိုကို ဒေါ်စု ထောက်ခံ

dspal1s
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့လွှတ်တော်တွင် ပထမဆုံး ဆွေးနွေးမှုအဖြစ် ကြံ့ခိုင်ရေးပါတီမှ ဦးတီခွန်မြတ်၏ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုကို ပါဝင်ဆွေးနွေး (ဓါတ်ပုံ မဇ္ဈိမ)
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India