October 30, 2012

ရွှေလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းမထူး


ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ ပထမဦးဆုံးအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချန်းဟိုတယ်တွင် ယနေ့ ကျင်းပရာ သဘောတူညီချက် တစုံတရာ မထုတ်ပြန်နိုင်ဘဲ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် နှစ်ဘက်ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမး်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရာတွင် စစ်ရေးနည်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးနိုင်မှ ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည်ကို နှစ်ဘက်စလုံးမှ အလွတ်သဘော ပြောဆိုကြသော်လည်း စစ်ရေးအရ မည်သို့ အပစ်အခတ် ရပ်ဆဲမည်ကိုမူ နှစ်ဘက်စစ်ရေးခေါင်းဆောင်များ မတက်ရောက်ခဲ့သဖြင့် ရှင်းလင်းစွာ မသိရပေ။
“အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်တောင်းဆိုပါတယ်” ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ပြောသည်။
အငြင်းပွားဖွယ်ရာ ကြိုတင်ကန့်သတ်ချက်များ မရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရန် ကြိုးစားသွားမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မှီ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံကာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ကတိပေးတယ်။ KIO နဲ့ နောက်တကြိမ် ဆွေးနွေးတဲ့အခါ ပြည်တွင်းမှာပဲ တွေ့ချင်တယ်။ ဗန်းမော် သို့မဟုတ် မူဆယ်ကို KIO က ရွေးပေးပါ။ နောက်ထပ်လည်း တွေ့ချင်တယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များ၏ အဆိုအရ ယခု အကြိမ် ဆွေးနွေးပွဲကို နိုင်ငံရေး နှင့် စစ်ရေး ဆွေးနွေးရန် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များသာမက ပြည်နယ်ဝန်ကြီးချုပ်အဆင့်များ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြီးတန်း စစ်ဦးစီးမှူးများပါ တက်ရောက်ရန် ပြင်ဆင်ခဲ့ကြောင်း၊ အပစ်အခတ် ရပ်ဆဲရေးအတွက် စစ်ဘက် အကြီးတန်း ကိုယ်စားလှယ်များ နှစ်ဘက် အပြန်အလှန် တွေ့ဆုံရန်လိုကြောင်း၊ သို့သော် ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ KIO ဒုတိယစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွန်မော် မတက်ရောက်မည့် အကြောင်းပြန်မှုကို နောက်ဆုံးအချိန်မှ သိရ၍ မြန်မာအစိုးရဘက်မှ အဆင့်တူ ဆွေးနွေးမည့် ကာကွယ်ရေး ၀န်ကြီးှဌာန အထူးစစ်ဆင်ရေးမှူး ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး တက်ရောက်နိုင်ခြင်း မရှိဟု သိရသည်။
အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဗိုလ်မှူးချုပ်ဂွန်မော် မလာရောက်နိုင်ခြင်းဖြစ်ကြောင်း KIO က ပြောသည်။
KIO က နိုင်ငံရေးဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး မြန်မာ အစိုးရဘက်ကမူ မြစ်ကြီးနား-ပူတာအိုလမ်းကို လုံခြုံငြိမ်းချမ်းသော အခြေအနေသို့ ရောက်ရှိရေးအတွက် KIO က ကူညီရန်၊ တာပိန် ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန်၊ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူများကို ၂ ဖက် ပူးပေါင်း ကူညီဆောင်ရွက်ရန်နှင့် ၂ ဦး ၂ ဖက် စစ်ရေး အရှိန်လျှော့ချရန် တောင်းဆိုသည်။
KIO နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် အစိုးရသစ် လက်ထက်တွင် နောက်ဆုံး ကျန်ရှိသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတခု ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံးဖြစ်သည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ပြီး ဖြစ်ပွားခဲ့သော မြန်မာအစိုးရတပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေးလမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူ သောင်းချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။
ယခု တွေ့ဆုံမှုသည် ပထမ ခြေလှမ်းဖြစ်ပြီး  နိုင်ငံရေးဆွေးနွေးမှုကိုသာ အစဉ်တစိုက် တောင်းဆိုသွားမည်ဖြစ်ကြောင်း KIO က ဆိုသည်။

http://burma.irrawaddy.org/archives/24185
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India