October 30, 2012
မရေမရာ ဖြစ်သွားသော KIO နှင့် အစိုးရ ဆွေးနွေးပွဲ
“ ဒီလိုဗျ။ အစိုးရက အပစ်ရပ်ရေး ကိုဘဲ လိုချင်နေတာကို ကချင်က သိတယ်ဗျ။ ကချင်ကတော့ နိုင်ငံရေး အရ ဆွေးနွေးပြီး အဖြေရှာချင်နေတယ် ဒီတိုင်းရင်းသား အခွင့်အရေးတွေ အတွက်။ အခု အစိုးရက လုပ်ထားတဲ့ ပုံစံမျိုးလို တခြား တိုင်းရင်းသား တွေနဲ့ အပစ်ရပ် ထားပြီးတော့ နိုင်ငံရေး အမြတ်ထုတ် နေတာကို ကချင်ဖက်က မလိုလားဘူး။ ဒါကြောင့် နှစ်ဖက်စလုံးက ခြေမြင်နေကြတော့ အစိုးရဖက်က ဗိုလ်ချုပ် ဂွမ်မော်မပါလို့ ဆိုပြီး စစ်ရေး ကိစ္စကို အကြောင်းပြ နေတာပေါ့၊ ဒါကြောင့် အခု ဆွေးနွေးပွဲက မထိရောက် တော့တာ ဖြစ်ပါတယ်”ဟု ဆိုပါသည်။
ဤသို့ကြောင့် ဆွေးနွေးပွဲသည် တရားဝင် ဆွေးနွေးပွဲမှ အလွတ်သဘော ဆွေးနွေးပွဲ ဖြစ်သွား ပါသည်။ KIO သည် နိုင်ငံရေး ဆွေးနွေးရန် အဓိက တောင်းဆိုနေပြီး အစိုးရ ဘက်ကမူ မြစ်ကြီးနား-ပူတာအို လမ်းကို လုံခြုံရေး၊ တာပိန် ရေအား လျှပ်စစ် စီမံကိန်း ပြုပြင် ထိန်းသိမ်းရေး ပြုလုပ်ခွင့်ပေးရန်၊ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူများကို ၂ ဖက် ပူးပေါင်း ကူညီ ဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် စစ်ရေး အရှိန် လျှော့ချရန် တောင်းဆို ခဲ့ပါသည်။
“အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ မပြေလည်ရင် စစ်ဆိုတာ ထပ်ဖြစ်မှာပဲ။ အဲဒါကြောင့် စစ်ရေး နည်းလမ်းနဲ့ ဖြေ ရှင်းတာ မဟုတ်ပဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းပေးဖို့ ကျနော်တို့ ထပ်မံ တောင်းဆိုပါတယ်” ဟု ကချင် လွတ် မြောက်ရေး အဖွဲ့ ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ဆွေးနွေးပွဲ၌ တင်ပြခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2265--kia-.html
ဆွေးနွေးပွဲ တက်ရောက်သော အစိုးရ ကိုယ်စားလှယ်များမှာ-
၁။ ဦးအောင်မင်း (ဒု-ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် ပြည်ထောင်စု ၀န်ကြီး၊ သမ္မတရုံး ၀န်ကြီးဌာန)
၂။ ဦးဝင်းထွန်း (ပြည်ထောင်စုဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန)
၃။ ဦးအုန်းမြင့် (ပြည်ထောင်စု ၀န်ကြီး၊ မွေး/ရေ ၀န်ကြီးဌာန)
၄။ ဦးစဝ်အောင်မြတ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
၅။ ဦးလဂျွန်ငန်ဆိုင်း (ကချင်ပြည်နယ်ဝန်ကြီးချုပ်)
၆။ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး)
ရ။ ဗိုလ်မှူးချုပ် အောင်စိုး (အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး)
၈။ ဦးထွန်းထွန်းဦး (ဒုတိယ-ရှေ့နေချုပ်)
၉။ ဗိုလ်ချုပ် ဇော်ဝင်း (ဒု-၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန)
၁၀။ ဗိုလ်မှူးကြီး သန်းအောင် (ကချင်ပြည်နယ် နယ်/လုံဝန်ကြီး)
၁၁။ ဗိုလ်မှူးကြီး အောင်သူ (ရှမ်းပြည်နယ် နယ်/လုံဝန်ကြီး)
၁၂။ ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာချုပ်ဦးစီးရုံး) တို့ဖြစ်ပါသည်။
KIO ဖက်မှ တက်ရောက်ကြမည့် ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင်များမှာ-
၁. ဦးဆွမ်လွတ်ဂမ် (အဖွဲ့ခေါင်းဆောင်)
၂. ဦးလဖိုင်လ (အဖွဲ့ဝင်)
၃. ဦးဇော်ရော် (အဖွဲ့ဝင်)
၄. ဦးခွန်နောင် (အဖွဲ့ဝင်)
၅. ဦးဂျီးနောင် (အဖွဲ့ဝင်)
၆. ဦးဇော်တောင် (အဖွဲ့ဝင်)
ရ. ဦးနော်ထွယ် (အဖွဲ့ဝင်)
၈. ဦးခွန်ဆိုင်း (အဖွဲ့ဝင်)
၉. ဦးဆိုင်းခေါ (အဖွဲ့ဝင်) တို့ တက်ရောက်ပါသည်။
၁၀၅ မမ ပစ်မိန့်ကို ကက(ကြည်း)ကသာ အမိန့် ပေးနိုင်သည်ဟု ဦးအောင်မင်းက ဆိုပါသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး (KIO) ကိုယ်စားလှယ်က “ဒီလထဲမှာတင် တိုက်ပွဲပေါင်း (၉၀) ကျော်ဖြစ်ထားတယ်၊ ၁၀၅ ကို ကက (ကြည်း) က ပစ်မိန့်ရ မှ ပစ်ရတယ် ဆိုတာကို အခုမှ သူသိပါတယ်။ ဒါပေမယ့် ဒီလ ၂၄ ရက်နေ ၂၈ ကြားမှာ KIO ကို ဗဟိုဌာနချုပ်ကို ၁၀၅ နဲ့ ၁၄ ကြိမ် ပစ်တာ ခံခဲ့ရပါတယ်” ဟု တင်ပြ သွားပါသည်။
အစိုးရ ကိုယ်စားလှယ်သည် မကြာမီ နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပနိုင်ရန် ဆန္ဒရှိပြီး ပြည်တွင်း၌ ဆွေးနွေး သွားရန် တင်ပြ သွားပါသည်။ KIO သည် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး၊ ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးရေးနှင့် လွှတ်တော်တွင်း ဆွေးနွေးရေး စခန်းဆင့်များကို လက်မခံကြောင်း ပယ်ချ ခဲ့ပြီး ဖြစ်ပါသည်။
ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဦးအောင်သောင်းတို့နှင့် တ ရားဝင် (၃) ကြိမ်တိုင် ဆွေးနွေး ခဲ့ပြီးသော်လည်း ရလာဒ်ကို ဦးအောင်မင်းတို့၏ အလွတ်သဘော တွေ့ဆုံပွဲဖြင့် လက်မခံ ပယ်ချခဲ့ပါသည်။ ဦးအောင်မင်းတို့နှင့် သုံးကြိမ်တိုင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံမှုမှာ ယခုအကြိမ် ပထမဆုံးဖြစ်ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2293--kio-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။