Showing posts with label နိုင်ငံတကာသဘောထား. Show all posts
Showing posts with label နိုင်ငံတကာသဘောထား. Show all posts

April 8, 2013

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဂျပန်ဆက်လက် ကူညီသွားမည်ဟု ကတိပြု

စံခလပူရီ (မဇ္စျိမ)။   ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအား
တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူနေမှုဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကတိပြု ပြောကြားခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သည့် တိုင်းရင်းသားခေါင်းဆောင် တဦး ဖြစ်သူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောသည်။

“(ဂျပန်)ဝန်ကြီးချုပ်နဲ့ တွေ့တော့ အဓိက အဲဒီ သုံးချက်ကိုပဲ ကတိပြုပြီး ပြောခဲ့တယ်။ တိုတိုနဲ့ လိုရင်းပဲ
ပြေခဲ့တယ်။ မြန်မာ အစိုးရနဲ့ တွေ့တိုင်းလည်း အဲဒီအချက်တွေကို အမြဲ တိုက်တွန်း ပြောကြားခဲ့ပါတယ်လို့ သူက ပြောတယ်” ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် နိုင်ဟံသာ (ဗိုန်ခိုင်) က မဇ္စျိမကို ပြောသည်။

နိပွန် ဖောင်ဒေးရှင်း၏ စီစဉ်ပေးမှုဖြင့် ဂျပန်နိုင်ငံသို့ ဒုတိယ အကြိမ် ခရီးစဉ်အတွင်း UNFC ကိုယ်စားလှယ်များ ဧပြီလ ၂ ရက်နေ့တွင် ဂျပန် ဝန်ကြီးချုပ်နှင့် နာရီဝက်ခန့်ကြာ တွေ့ဆုံခွင့် ရခဲ့သည်။

“ဝန်ကြီးချုပ် ကိုယ်တိုင် ပြောခဲ့တဲ့ မှတ်မှတ်ရရ စကားကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန် စစ်ရှုံးပြီး ဆင်းဆင်းရဲရဲနဲ့ ကာလတွေကို ဖြတ်သန်းရတယ်။ အဲဒီမှာ မြန်မာနိုင်ငံက အကူအညီ ပေးခဲ့တဲ့ ဆန်ကို ယူပြီး စားသောက်ခဲ့ရတယ်။ “ဘားမား (မြန်မာ)” လို့ခေါ်တဲ့ ကျနော်တို့ နိုင်ငံက ဂျပန်နိုင်ငံအပေါ် ဂုဏ်ကျေးဇူး ရှိခဲ့ဖူးတာ သူတို့ မမေ့ပါဘူး။ မြန်မာနိုင်ငံ အေးအေး ချမ်းချမ်း ဖြစ်မှာကို မြင်ချင်တဲ့ စေတနာ ဂျပန်မှာ ရှိတာကို သိစေချင်တယ်” ဟု မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖြစ် UNFC ဂျပန် ခရီးစဉ်တွင်း ပါဝင်ခဲ့သူ နိုင်ဟံသာ (ဗိုန်ခိုင်) က ပြောသည်။

ထိုခရီးစဉ်သည် မတ်လ ၃၁ ရက်နေ့မှ စတင်ခဲ့ကာ သီတင်း တပတ် ကြာမြင့်ခဲ့ပြီး တဖွဲ့လျှင် နှစ်ဦးကျ ဖိတ်ကြားခြင်း ခံရသည့် UNFC အဖွဲ့ဝင်နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း ၂၃ ဦး သွားရောက်ခဲ့သည်။

ယခင် ဂျပန် ဝန်ကြီး ချုပ်ဟောင်း နိုတိုခန် (Naoto Kan) လက်ထက်၌ မြန်မာ တိုင်းရင်းသား စစ်ဒဏ်သင့်
ဒေသများသို့ အမေရိကန် ဒေါ်လာ ၃ သန်းတန် အကူအညီ ရရှိခဲ့ပြီးဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီ အဖြစ် ပေးအပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့၌ ထိုအကူအညီ သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။

အကူအညီများ ထပ်မံပေးနိုင်ရန်မှာမူ ဂျူလိုင်လ၌ UNFC အဖွဲ့ဝင် တဖွဲ့ချင်း စီတို့မှ လိုအပ်ချက်အရ အဆိုပြုမှု (Proposal) ရေးသား တင်သွင်းရမည် ဖြစ်ကာ ၎င်းတင်ပြမှုများမှ တဆင့် ဆက်လက် ပံ့ပိုးသွားမည် ဖြစ်သည်။

လက်ရှိမှ ဂျူလိုင်လ အထိ အကူအညီများကိုမူ ခရီးစဉ်အတွင်း အလုပ်ရုံ ဆွေးနွေး ပြုလုပ်၍ ဆွေးနွေးခဲ့သည့် အကူအညီပေးရေးပုံစံ မူကြမ်းကို နိပွန် ဖောင်ဒေးရှင်းမှ ရေးဆွဲကာ ဂျပန် အစိုးရသို့ တင်ပြတောင်းဆို
သွားမည် ဖြစ်သည်။

သို့သော်လည်း ဧပြီ-ဇူလိုင်လအထိ အကူအညီများသည် ငွေကြေး ပမာဏ အနေဖြင့် နည်းပါးမည်ဟု ခန့်မှန်းပြီး နောက် တင်ပြရရှိလာမည့် ပရောဂျက် အကူအညီများမှာ ပမာဏ ကြီးမားသည့် အကူအညီ
ဖြစ်မည်ဟု တွက်ဆထာကြောင်း နိုင်ဟံသာ က ဆိုသည်။

ခရီးစဉ်အပြီး ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်သည့် UNFC ကြေညာချက်တွင်လည်း နိပွန် ဖောင်ဒေးရှင်းမှ တိုင်းရင်းသား ဒေသအတွင်းရှိ ပြည်သူများအတွက် တနှစ်တာ အကူအညီပေးခဲ့သည့် အရေးပေါ် အထောက်အပံ့များကို ယခုခရီးစဉ်အတွင်း ပြန်လည် သုံးသပ်ခဲ့ကာ ရှေ့လုပ်ငန်းစဉ်များကို
ဆွေးနွေးခဲ့ကြသည်ဟု ပါရှိသည်။

ထို့ပြင် တိုင်းရင်းသား ဒေသတွင်း လူမှု အခြေခံ အဆောက်အအုံ ကူညီ ထောက်ပံ့မှုများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ မြန်မာ အစိုးရနှင့် နိုင်ငံရေး ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်ပေါ် လာစေရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ကူညီပံ့ပိုးသွားနိုင်ရေးများလည်း ဆွေးနွေးခဲ့ကြောင်း
ဖော်ပြပါရှိသည်။

ယခု ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့် ဂျပန် အဆင့်မြင့် ခေါင်းဆောင်များတွင် ဒု-ဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေး ဝန်ကြီးလည်းဖြစ်သူ တာရို အာဆို (Tarō Asō)၊ နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှိဒ (Fumio Kishida) တို့လည်း ပါဝင်သည်။

UNFC အနေဖြင့် အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ကြားနေနိုင်ငံများ ကမ်းလှမ်း ထားသည့် အပေါ် ဂျပန်ဝန်ကြီး တာရို အာဆို က စိတ်ပူမိကြောင်းနှင့် ထိုနိုင်ငံများ၏ သဘောထားနှင့် မိမိနိုင်ငံ အကျိုးစီးပွားကို အခြေခံသည့် တွန်းအားပေးမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကျိုးဆက် ရှိစေနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်သား အပါအဝင် မြန်မာအစိုးရ တို့နှင့်လည်း ဆက်စပ်လုပ်ဆောင်လျက်ရှိကာ ၎င်းတို့ ပေးသည့် အကူအညီများသည် နှောင်ကြိုးမဲ့ အကူအညီများ
ဖြစ်သည်ဟု အကူအညီပေးရေး နားလည်မှု စာချွန်လွှာ MOU စာချုပ်၌ပင် ပါရှိ လက်မှတ်ရေးထိုး ထားကြောင်း ပြောသည်။

http://www.mizzimaburmese.com/news/regional/11311-2013-04-08-13-17-07.html

April 7, 2013

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

china_flag_guard_305_z.png
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
တရုတ်ပြည်၊ ရွှေလီမြို့မှာကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲမှာ နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ ၁ဝ ရက်နေ့မတိုင်ခင်ကျင်းပဖို့ သဘောတူ ညီခဲ့ကြပေမယ့်၊ တရုတ်အစိုးရက ကန့်ကွက်ခဲ့တဲ့ အတွက် မြန်မာအစိုးရက ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း လိုက်တဲ့ သဘောမျိုး မြန်မာသတင်းမီဒီယာတချို့ က ရေးသားဖေါ်ပြခဲ့ကြပါတယ်။
အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက်  တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ် လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဆက်လက်ပြီး မြန်မာ့အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို လေးစားသမှုရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရွှေလီမြို့မှာ နှစ်ဖက်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ်ကမကထပြု စီစဉ်ပေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို၊ တင်းမာမှုပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှုရလာတာနဲ့အတူ လူသားချင်းစာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။
ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်မှာ ပြဿနာရှိနေလို့ပဲဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ တခြားသတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

March 16, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးတွေ ပါ၀င်လာရေး

uaungmin-peacecentre-305
ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီခေါင်းဆောင် ဦးအောင်မင်းက ဒီကနေ့တွေ့ဆုံပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်၊ ကရင်လူမှုအဖွဲ့အစည်းတွေအကြား ဆွေးနွေးပွဲမှာ ၀န်ကြီးဦးအောင်မင်းက တိုက်တွန်းပြောဆိုခဲ့တာပါ။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလိုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းဟာ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါ၀င်ကူညီပေးဖို့နဲ့ တစ်ချိန်တည်းမှာလည်း လူမှုအဖွဲ့အစည်းတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေကို သိရှိလိုတဲ့အတွက် တွေ့ဆုံရခြင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒီကနေ့ပွဲမှာ ကချင်လူမှုအဖွဲ့အစည်းတွေကလည်း ကချင်ဒေသတွင်း ပြည်သူတွေကြံုတွေ့ရတဲ့ အခက်အခဲတွေ၊ ပြည်တွင်းစစ်ကြောင့် အများဆုံးထိခိုက်ဆုံးရှုံးပျက်စီးရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ဘဝတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါ၀င်ဆောင်ရွက်ခွင့်ရရေးအတွက် ကချင်အမျိုးသမီးအဖွဲ့တွေက ဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မည်သူမဆို ပါ၀င်ဆောင်ရွက်နိုင်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကချင်နဲ့ ကရင်လူမှုအဖွဲ့အစည်းတွေက  ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာတဲ့အခါ ဒေသဆိုင်ရာ ပြည်သူတွေရဲ့ဆန္ဒမပါဘဲ နိုင်ငံတော်စီမံကိန်း မပြုလုပ်ဖို့ကိုလည်း တောင်းဆိုတင်ပြခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက်စိတ်ရှည်ကြဖို့ တိုနီဘလဲတိုက်တွန်း

မစ္စတာ တိုနီဘလဲယား ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်တွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်။ (အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၂)။ငြိမ်းချမ်းရေးဖော်ဆောင်တာဟာ လွယ်ကူတဲ့လုပ်ငန်း မဟုတ်တဲ့အတွက် စိတ်ရှည်သည်းခံပြီး သတ္တိရှိရှိ လုပ်ဆောင်ဖို့လိုတယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Tony Blair (တိုနီ ဘလဲယား) က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေ တဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အားဖြည့် ကူညီရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မစ္စတာဘလဲ မြန်မာနိုင်ငံမှာ ရောက်နေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲယားရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဗြိတိန်အစိုးရနဲ့ မပတ်သက်ဘဲ သူတည်ထောင်ထားတဲ့ တိုနီဘလဲယား ဖောင်ဒေးရှင်းရဲ့ အကြီးအကဲတဦးအနေနဲ့ ရောက်လာခြင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ ဗြိတိသျှသံရုံးက အမည်မဖော်လိုသူ သံတမန်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

မတ်လ ၁၆ ရက်၊ စနေနေ့မှာတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာကို သွားရောက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ပတ်သက်လို့ သူ့အမြင်တွေကို ပြောကြားခဲ့တာပါ။

“ငြိမ်းချမ်းရေးဖော်ဆောင်တယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ စိတ်ရှည်ဖို့၊ သည်းခံဖို့၊ သတ္တိရှိဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိသလိုပဲ တဘက်နဲ့တဘက် အဆင်မပြေတာ၊ မှားယွင်းမှုတွေဖြစ်ပေါ်တာတွေ ရှိလာတဲ့အခါ သည်းခံကြဖို့ လိုပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်ပေါ်လာအောင် အချိန်ပေး ပြင်ဆင်မှုတွေ လုပ်ရတဲ့အတွက် ဦးဆောင်လုပ်ကိုင်နေသူတွေကို အပြင်လူတယောက်အနေနဲ့ လေးစားပါတယ်။ အကောင်းဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ကျနော့်ဘက်က စည်းလုံး ညီညွတ်မှုကို ပြသပြီး ကူညီနိုင်တာရှိရင်လည်း ကူညီ ပံ့ပိုးသွားမှာပါ။”

၀န်ကြီးချုပ်ဟောင်း တိုနီ ဘလဲယားရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်ရှိပြုလုပ်နေ တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အားဖြည့် ကူညီဖို့အတွက် လာရောက်လေ့လာတဲ့ ခရီစဉ်လည်း ဖြစ်ပါတယ်။

တိုနီးဘလဲယားဖောင်ဒေးရှင်းဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ထွန်းကားရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

တကယ်တော့ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲယား ဟာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အခုလို စကားမပြောခင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်တဲ့အကြောင်း ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“၀န်ကြီးဦးစိုးသိန်းနဲ့ လာရောက်တွေ့ဆုံတယ်ပေါ့။ ၀န်ကြီးဦးစိုးသိန်း တွေ့ဆုံတာက တခုဗျ။ နောက် ကျနော်တို့ Myanmar Peace Center ဟောထဲမှာ ဒီနေ့ ၀န်ကြီးဦးအောင်မင်းနဲ့ ရန်ကုန်မှာရှိတဲ့ ကရင် community နဲ့ ကချင် community နဲ့ ဆွေးနွေးတဲ့ပွဲလည်း ရှိတယ်ဗျ။ အဲဒါကတော့ ၃ နာရီမှာစပြီး ၆ နာရီမှာ ပြီးပါတယ်။ အဲဒီတော့ ၅ နာရီခွဲလောက်မှာ တိုနီဘလဲယား က သူ့အနေနဲ့လည်း ၀င်ပြီးတော့ နှုတ်ဆက်လိုတယ်၊ ဒီပွဲကိုလည်း သူ ၀င်အားပေးလိုတယ်ဆိုတာနဲ့ အားလုံးကိုခွင့်တောင်းပြီးတော့ သူ ခဏရောက်ပါတယ်။ ၅ နာရီခွဲကရောက်တယ်။ သူ ဒီမှာ ၅ မိနစိ ၆ မိနစ်လောက် ၀င်ထိုင်တယ်။ ပြီးတော့ အားလုံးကို လိုက်ပြီးတော့ သူ့အနေနဲ့ နှုတ်ဆက်တယ်။ သူ့အနေနဲ့ စကားအနည်းငယ်ပြောသွားပါတယ်။”

၀န်ကြီးချုပ်ဟောင်း တိုနီဘလဲယားဟာ မတ်လ ၁၅ ရက်နေ့တုန်းကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအဝင် မြန်မာအစိုးရ အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

တိုနီ ဘလဲယားအနေနဲ့ မြန်မာနိုင်ငံကမပြန်ခင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

http://burmese.voanews.com/content/tony-blair-burma-03-16-13/1622845.html

March 15, 2013

အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလ အတွင်းရေးမှူးချုပ် ကြိုဆို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အကြား မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့သည့်
ဆွေးနွေးပွဲအား ကြိုဆိုကြောင်း မတ်လ ၁၄ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

“အစိုးရနှင့် KIO အား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန်နှင့် လွတ်လပ်ရေး ရရှိပြီးသည့် အချိန်မှစ၍
မြန်မာနိုင်ငံ တဝှမ်းလုံး ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးရရှိနိုင်ရန်် အလို့ငှာ မျှတ၍ စစ်မှန်ကာ ကြာရှည်ခံမည့် အဖြေ တခု ထုတ်နိုင်ရေးအတွက် ကြိုးပမ်းမှုများကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က အားပေး တိုက်တွန်းလို်က်ပါသည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။

KIO ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် တနင်္လာနေ့ နံနက်ပိုင်းနှင့် ညပိုင်း သန်းခေါင်ကျော်ချိန်အထိ ဆွေးနွေးခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုမူ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးဘဲ ဧပြီလ ၁၀ ရက်နေ့ မတိုင်မီ အတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ
ဆွေးနွေးရန် သဘောတူခဲ့ကြသည် ဟု ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

“အတွင်းရေးမှူးချုပ် အနေဖြင့် ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် နှစ်ဘက်လုံး၏ ကြိုးပမ်း အားထုတ်မှုကို ကြိုဆိုပါသည်” ဟု မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။

ကုလသမဂ္ဂမှ ပေးအပ်သည့် အကူအညီများသည် လိုအပ်သူများထံသို့ ဆက်လက် ရောက်ရှိသွားလိမ့်မည်ဟု
မျှော်လင့်ကြောင်းလည်း ဘန်ကီမွန်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်းတွင် အမိုးအကာများ၊ စောင်များ၊ ခြင်ထောင်များ၊ ချက်ပြုတ်ရေး ပစ္စည်းများနှင့် အဝတ်များ စသည့် ပစ္စည်များ တင်ဆောင်လာသည့် ၁၀ စီး ပါဝင်သော ကုလသမဂ္ဂ မော်တော် ယာဉ်တန်းသည် ဖားကန့်ဒေသသို့ သွားရောက်ခဲ့ပြီး ဒုက္ခသည် ၂,၀၀၀ ကျော်အတွက် ထိုပစ္စည်းများကို
ပေးအပ်ခဲ့သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်သည့် Adrian Edwards က မတ်လ ၁ ရက်နေ့က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင် သတင်းထောက်များအား
ပြောကြားခဲ့ရာတွင် မြန်မာအစိုးရက ထိုဒေသသို့ ဝင်ရောက်ခွင့် ပြုခဲ့သဖြင့် သွားရောက်ကာ အကူအညီများ
ပေးအပ်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်းတွင် ကုလသမဂ္ဂ အနေဖြင့် အကူအညီများ ပေးအပ်ရန် ဖားကန့်ဒေသသို့ ပထမဆုံး အကြိမ် သွားရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် အစိုးရက KIO နှင့် ၁၇ နှစ် ကြာမြင့်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်ပွါးခဲ့ရာ စုစုပေါင်း လူ ၁၀၀,၀၀၀ ခန့် အိမ်ယာများကို စွန့်ခွာ၍ ထွက်ပြေး ခဲ့ကြရသည်။

http://www.mizzimaburmese.com/news/inside-burma/11138--kio-.html

March 5, 2013

ငြိမ်းချမ်းရေး အတွက် အီးယူ အကူ အညီ ပိုပေးမယ်

European Council President Herman Van Rompuy (R) welcomes Myanmar Prime Minister Thein Sein at the European Union Council in Brussels March 5, 2013. 
ဥရောပ ငါးနိုင်ငံ ခရီးစဉ် အတွင်း ဘယ်လ်ဂျီယံ နိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဥရောပ သမဂ္ဂ အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
မြန်မာ သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်း ဥရောပ ကော်မရှင် ဥက္ကဋ္ဌ၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ တို့နဲ့ အင်္ဂါ နေ့ တွေ့ဆုံပြီး အီးယူးနဲ့ မြန်မာ နိုင်ငံကြားမှာ ဆက်ဆံရေး ပိုမို တိုးမြှင့် ဆောင်ရွက် သွားရေး ဆွေးနွေး ခဲ့ကြ တယ်လို့ သမ္မတနဲ့ အတူ လိုက်ပါသွားတဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။
မြန်မာ နိုင်ငံ ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေး မြှင့်တင်မှု အခြေ အနေ၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် အတွင်း ဖြစ်နေတဲ့ အခြေ အနေ၊ အစိုးရက ဆောင်ရွက် နေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု တို့ကို ရှင်းပြပြီး အနာဂတ်မှာ ဥရောပ သမဂ္ဂ ဘက်က ကူညီဆောင်ရွက် နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှု တွေကို အပြီးတိုင် ဖယ်ရှားနိုင်ရေးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အထူး အခွင့် အရေး လျှော့ပေါ့ ပေးနိုင်ရေး တို့ကို လည်း မြန်မာ ဘက်က တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြော ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ဥရောပ သမဂ္ဂ ဘက်က စဉ်းစား ဆောင်ရွက် သွားမှာ ဖြစ်ပေမဲ့ ဒီလုပ်ငန်းစဉ်မှာ ဥရောပ ကောင်စီ၊ ဥရောပ ကော်မရှင်နဲ့ ဥရောပ ပါလီမန် စတဲ့ သုံးဖွဲ့လုံး ပါဝင်နေတဲ့ အတွက် ချက်ချင်း လက်ငင်း အဖြေ မရနိုင် သေးကြောင်း သမ္မတနဲ့ ဆွေးနွေးခဲ့တဲ့ ဥရောပ သမဂ္ဂ ခေါင်းဆောင် တွေက ပြောခဲ့ တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကချင် ပြည်နယ် အတွင်း နိုင်ငံ တကာ အဖွဲ့ အစည်း တွေက လူသားချင်း စာနာမှု အကူ အညီတွေ ပေးနိုင်ရေး အတွက် မြန်မာ အစိုးရ ဘက်က ခွင့်ပြုဖို့ အီးယူက တောင်းဆိုတာကို သမ္မတက ခွင့်ပြုမယ်လို့ ပြောခဲ့ကြောင်း လည်း သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေ အတွက် ဥရောပ သမဂ္ဂက အရင်နှစ်က ပေးနေတဲ့ ငွေကြေး အကူ အညီ တွေထက် ပိုပေးမယ်လို့လည်း ပြောခဲ့ကြောင်း သူက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/03/130305_president_in_brussels.shtml

February 18, 2013

ဆိုင်းငံ့ထားသည့် ကုလအကူအညီ ယနေ့ည ဖားကန့်မြို့သို့ ရောက်မည်

ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းမှ အကူအညီ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ကား တနင်္လာနေ့တွင် ဖားကန့်မြို့သို့ ရောက်ရှိ လာမည် ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက ကုလ၏ စားနပ်ရိက္ခာသယ်ဆောင်လာသော ကားများ  ဖားကန့်မြို့သို့ သွားရောက် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံခြားသား နှစ်ဦး ပါဝင်နေသဖြင့် ဒေသအာဏာပိုင်များ ဆိုင်းငံ့ထားရာမှ ယခု သွားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

“မြစ်ကြီးနားကနေ မနေ့က တက်လာပြီ။ ဒီနေ့က ကာမိုင်းကနေ တက်လာပြီလို့ ပြောတယ်။ ဒီညနေတော့ ဖားကန့်ရောက်မယ်။ ပစ္စည်းတင်တဲ့ကားက ၆ စီး။ တခြားကားက ၄ စီး အားလုံးပေါင်း ၁၀ စီးလို့ တက်လာ တယ်လို့ ပြောတယ်” ဟု KIA တပ်မဟာ ၂ လက်အောက် တပ်ရင်း ၆ တပ်ရင်းမှူး ဒုဗိုလ်မှူး ဇော်ဒွဲ က
ပြောသည်။

ထိုနိုင်ငံခြားသား နှစ်ဦး သွားရောက်ခွင့် ရှိမရှိကို နေပြည်တော် ဗဟိုအစိုးရထံ တင်ပြထားရာမှ ခွင့်ပြုချက် ရသဖြင့် ယနေ့ ကုလထောက်ပံ့ရေးအဖွဲ့တွင် နိုင်ငံခြားသားများ ပါဝင်သည်ဟု သိရသော်လည်း ကိုယ်တိုင် မတွေ့ရသေးသဖြင့် အသေးစိတ်ကို မသိနိုင်သေးကြောင်း ၎င်းက ပြောသည်။

အစိုးရတပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲများ တနှစ်ကျော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များ အတွက် ကုလ အကူအညီများကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။

ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများအတွင်း စစ်ပြေး ဒုက္ခသည် ရ,၀၀၀ ကျော် ရှိသည်ဟု သိရသည်။

http://www.mizzimaburmese.com/news/inside-burma/10977-2013-02-18-12-01-28.html

February 15, 2013

ကချင်အခြေအနေမှန် ကင်တားနားသိနိုင်ဖွယ်မရှိ

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tomas Ojea Quintana
မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ ဒီကနေ့မှာတော့ မကြာသေးခင်က လက်နက်ကို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေ တွေကို လေ့လာ အကဲခတ်ဖို့ ရောက်လာတဲ့ ခရီးစဉ်အတွင်း ကချင်ပြည်နယ်က အခြေအနေတွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းနိုင်ပါ့မလား စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Ojae Quintana ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ကို ရောက်လာခဲ့ပြီးတဲ့နောက် ပြည်နယ်အစိုးရ တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံပါတယ်။ ဒီနောက်မှာတော့ မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေကြား မြေဇာပင် ဖြစ်ခဲ့ကြရသူတွေရဲ့ အခြေအနေတွေကို အကဲခတ်ဖို့ မြစ်ကြီးနားမြို့က ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းကို ရောက်သွားခဲ့တဲ့အကြောင်း ခရီးစဉ်မှာ အထူးကိုယ်စားလှယ်နဲ့ အတူ လိုက်ပါသွားတဲ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်း ကပြောပါတယ်။

“မစ္စတာကင်တားနားက အခု မြစ်ကြီးနားမြို့မှာရှိတဲ့ ဂျန်မိုင်ကောင်းဆိုတဲ့ ဒုက္ခသည် စခန်းကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းမှာတော့ ကချင်ပြည်နယ်ရဲ့ တာဝန်ရှိသူတွေနဲ့တွေ့ပြီးတော့ ကချင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar လည်း မကြာသေးခင် တုန်းကပဲ ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့နဲ့ အနီးအနားက ဒုက္ခသည် စခန်း တချို့ကို အစိုးရတာဝန်ရှိသူတွေနဲ့အတူ သွားရောက် ကြည့်ရှု ခဲ့တာပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ၁ နှစ်ခွဲကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကနေ ဘေးလွတ်ရာ တိမ်းရှောင်ကြရတဲ့ ဒုက္ခသည်ပေါင်းဟာဆိုရင်တော့ အနည်းဆုံး ၁ သိန်းကျော်မယ်လို့ အကူအညီပေးရေး လုပ်ငန်းလုပ်ကိုင်နေသူတွေက ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့လည်း KIO ထိန်းချုပ်ရာ ဒေသတွေ အပါအဝင် နယ်စွန်နယ်ဖျားတွေမှာ တိမ်းရှောင်နေရသူ အများအပြားရဲ့ အခြေအနေတွေကို လက်လှမ်းမမီနိုင်ဘဲ ဖြစ်နေဆဲမို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းမယ့် အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ဟာ ပြည့်စုံမှုရှိဖို့တော့ မလွယ်ဘူးလို့ KIO ပြောခွင့်ရသူ ဦးလာနန် ကပြောပါတယ်။

“သူတို့လာတဲ့ကိစ္စက ကောင်းတဲ့ကိစ္စပါ။ အလားအလာကောင်းတဲ့ ကိစ္စတွေ ပေါ်လာနိုင်စရာရှိတယ်။ ဒါပေမဲ့ လာမယ်ဆိုတာကို ကြိုပြီးစီစဉ်ပြီးမှ သွားတဲ့ကိစ္စဆိုတော့ အဖြစ်မှန်တွေ သိရဖို့တော့ ခက်ခဲ လိမ့်မယ်။ နောက်တခုက အခုချိန်မှာ သူလာတဲ့နေရာက အစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့ စခန်းပဲ သူလာလို့ရမယ်။ ဒီလိုဟာမျိုးကတော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ သိပ်ပြီးမှန်ကန်တဲ့ အချက်အလက်တွေ ရဖို့ ခဲယဉ်းအုံးမယ်။ နောင်တချိန် စစ်ရေးအခြေအနေ ပြေလျော့လာတဲ့အချိန်မှာ လွတ်လွတ်လပ်လပ် နေရာတကာကို သွားလို့ရပြီဆိုရင်တော့ သက်သေ အထောက် အထားတွေ တော်တော်ရမှာပါ။ နောက်ပိုင်း ကချင် ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကိုလည်း လာနိုင်မယ်ဆိုရင်တော့ အရပ်သားတွေ ရဲ့ ပြောဆိုမှုနဲ့ တော်တော်လေး ပြည့်ပြည့် စုံ သိနိုင်လိမ့်မယ်။ နောက်ပြီးတော့ အစိုးရစစ်တပ် လုပ်ထားခဲ့တဲ့ ချိုးဖောက်မှုတွေ အများကြီးရှိပါတယ်။ မြို့ပေါ်မှာတော့ အဲဒါမျိုးတွေ ရှာတွေ့မှာ မဟုတ်ဘူး ခင်ဗျ။”

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတဲ့ KIO အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ် သူ ဒေါက်တာတူးဂျာ ကလည်း လူ့အခွင့်အရေး ကိုယ်စားလှယ် အနေနဲ့ သက်ဆိုင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်အောင် ကြိုးပမ်းသင့်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကစလို့ ကုလသမဂ္ဂ အရာရှိတွေ ထဲထဲဝင်ဝင် ပါ၀င်လာကြတဲ့အတွက် ငြိမ်းချမ်းရေး ရနိုင်မယ့် လမ်းစတခု အဖြစ်နဲ့တော့ မျှော် လင့်နိုင်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“အခု ကုလသမဂ္ဂရဲ့စိတ်ဝင်စားမှုအတိုင်း ကူညီထောက်ပံ့မှုက တွေ့မြင်လာရပြီလေ။ ဒါကြောင့် ကချင ပြည်နယ်သားတွေက တော်တော်လေး စိတ်အားတက်ကြွမှုရှိတယ်။ ဝမ်းသာအားရ ဖြစ်နေကြ တယ်။ အဲဒါကြောင့် ကျနော်တို့ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ နောင် အနာဂတ်မှာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အစပျိုးသော ခြေလှမ်းတွေဖြစ်တယ်လို့ မြင်တယ်။ နောက် ပြည်သူ လူထုကို ကြီးမားသော မျှော်လင့်ချက်ပေးသွားတာဖြစ်တယ်လို့ မြင်တယ်။”

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ၂၀၁၁ ခုနှစ်ထဲ ပျက်ပြားခဲ့ရပြီး နောက်မှာတော့ KIO နဲ့ မြန်မာစစ်တပ်တို့ကြား တကျော့ပြန် တိုက်ခိုက်မှုတွေလည်း ဒီနှစ်ဆန်းပိုင်းအထိ ကြီးထွား လာခဲ့တာပါ။ ဒါပေမဲ့လည်း နိုင်ငံတကာနဲ့ ဒေသတွင်း တိုင်းပြည်တွေက တိုက်ခိုက်မှုတွေ အဆုံး သတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းမှုတွေ ကြားမှာပဲ ဒီလဆန်းပိုင်းက တရုတ်နိုင်ငံ ရွှေ လီမြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပထမဆုံး တွေ့ဆုံခဲ့ကြပါတယ်။

ဒီနောက်ပိုင်းမှာတော့ ကြီးကြီးမားမား တိုက်ပွဲတွေ မရှိတော့ဘူးလို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် ကပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား ကတော့ ကချင်ပြည်နယ် ခရီးစဉ် စနေနေ့ အဆုံးမသတ်မီ နိုင်ငံရေးနဲ့ လူမှုရေးအသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက်မှာတော့ ၅ ရက်ကြာ လေ့လာ အကဲခတ်ခဲ့ တာတွေကို  မပြန်ခင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ရှင်းပြသွားဖို့လည်း စီစဉ်ထား တာပါ။ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံအဖြစ်နဲ့တော့ ကုလသမဂ္ဂရဲ့ လူ့အခွင့် အရေးကောင်စီ အစည်းအဝေးမှာ လာမယ့်မတ်လထဲ အထူးကိုယ်စားလှယ်က တင်သွင်း သွားမှာ လည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/quintana-might-not-know-actuate-condition-on-kachin/1604437.html

February 7, 2013

ခိုင်မြဲတဲ့ ကချင်ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်း


မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းက အကြမ်းဖက် ပဋိပက္ခတွေ လျှော့ကျစေရေး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO အကြား သဘောတူညီချက်ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပြီး၊ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်ဆဲသွားဖို့ မြန်မာအစိုးရနဲ့ ကေအိုင်အေ အကြား တွေ့ဆုံဆွေးနွေးပြီး တဲ့နောက် အခြေအနေတွေ ပိုပြီး တိုးတက်ကောင်းမွန် လာဖို့ မျှော်လင့်တဲ့အကြောင်း အတွင်းရေးမှုးချုပ် က ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ နှစ်ဖက်ဆွေးနွေးပြီး ရလာတဲ့ ဒီသဘောတူညီချက်ကို အတွင်းရေးမှုးချုပ်က ကြိုဆိုတဲ့အကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မာတင် နာစကီး က မနေ့က ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

“အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ တရုတ်ပြည်မှာ ပူးတွဲ သဘောတူချက်ရခဲ့တာကို အတွင်းရေးမှုးချုပ်က ကြိုဆိုပါတယ်။ အဲဒီအထဲမှာတော့ ကချင်ပြည်နယ်တွင်း အကြမ်းဖက်ပဋိပက္ခတွေ လျှော့ကျသွားဖို့ အစီအစဉ်လုပ်ဆောင်ရေး သဘောတူညီထားကြပါတယ်။”

ပြီးခဲ့တဲ့လတွေအတွင်း ကေအိုင်အို ဗဟို ထိန်းချုပ်ရာ လိုင်ဇာဒေသကို မြန်မာဖက်က ထိုးစစ် ဆင်ခဲ့ပြီးတဲ့ အပေါ်မှာ နိုင်ငံတကာရော ပြည်တွင်းကပါ စိုးရိမ်ပူပင်တွေ တိုးလာခဲ့တာပါ။ ဒီနောက် ပြီးခဲ့တဲ့လကတော့ မြန်မာဖက်က ထိုးစစ်တွေ ရပ်လိုက်ပြီလို့ အစိုးရဖက်က ကြေညာပေမယ့်၊ တိုက်ပွဲတွေက လျှော့မသွားခဲ့ပါဘူး။ တရုတ်နိုင်ငံဖက်က ကမထကလုပ်ပြီး နယ်စပ် ရွှေလီမြို့မှာ နှစ်ဖက် ဆွေးနွေးပြီးတဲ့နောက်တော့ အခြေအနေတွေ တင်းမာမှုတွေ လျှော့ကျလာတဲ့ သဘောတော့ တွေ့ရပါတယ်။

၂၀၁၁ ဇွန်လကတည်းကစခဲ့တဲ့ အစိုးရတပ်နဲ့ ကချင်လက်နက်ကိုင် ကေအိုင်အေ တိုက်ပွဲတွေကြောင့် ဒေသတွင်း မှာရှိတဲ့ အရပ်သား ဒုက္ခသည် ရ သောင်းခွဲလောက်ဟာ ရပ်ရွာတွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ လုံးဝရပ်ဆဲသွားဖို့ အခုလို ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ ကနေ ဖြစ်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်တဲ့အကြောင်းလည်း ပြောခွင့်ရသူ မာတီက ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်းမှာ စစ်မှန်ပြီး ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရေး ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်း ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် သေနက်သံတွေ ဆဲသွားဖို့ အခု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုကနေတဆင့် ဖြစ်လာလိမ့်မယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်ထားပါတယ်။”

ကချင်ပဋိပက္ခအပေါ် စိုးရိမ်မှုတွေ တိုးလာတာကြောင့် အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ဖေဖဝါရီလ ၃ ရက်နေ့ကနေ ၆ နေ့အထိ ရောက်ရှိလာခဲ့ပါတယ်။ ကေအိုင်အေနဲ့ မြန်မာအစိုးရအကြား တရုတ်ဖက်မှာ ဆွေးနွေး သဘောတူချက်ရပြီး နောက်တနေ့ ဖေဖဝါရီလ ၅ ရက်နေ့မှာတော့ မစ္စတာနမ်ဘီယားဟာ ကချင်ပြည်နယ် မြစ်ကြီးနားကို ရောက်ရှိခဲ့ပြီး၊ တာဝန်ရှိသူတွေကိုရော စစ်ပြေးဒုက္ခသည်တွေကိုပါ တွေ့ခဲ့ပါတယ်။

မစ္စတာနမ်ဘီးယားဟာ သူ့ခရီးစဉ်အတွင်း သမတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ အပါအဝင် အခြား အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် လို့ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်မှာတော့ အခြားအရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ သံတမန်တွေနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ကချင်အရေးကိစ္စနဲ့ ဆက်နွယ်မှုတွေကို အဓိကထားဆွေးနွေးတယ်လို့ သိရပါတယ်။ အစိုးရနဲ့ ကေအိုင်အိုအကြား ဆွေးနွေးညှိုနှိုင်းမှုတွေရလဒ်တွေနဲ့ အထူးသဖြင့်တော့ ကချင် ပဋိပက္ခလျှော့ကျဖို့ စောင့်ကြည့်ရေးစနစ်ထားမယ်ဆိုတဲ့အပေါ် ကုလသမဂ္ဂ အနေနဲ့ ထောက်ခံအားပေးတဲ့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူသားချင်းစာနာကူညီရေးအဖွဲ့တွေ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကို အကူအညီပေးဖို့ကို မြန်မာအစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။ အရင်တုန်းကတော့ ကေအိုင်အေ ထိန်းချုပ်ရာဒေသတွင်းက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကချင်အရပ်သားတွေကို နိုင်ငံတကာအကူအညီပေးဖို့ လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာအစိုးရက ခွင့်မပြုခဲ့ပါဘူး။

 http://burmese.voanews.com/content/un-burma-kachin/1599483.html

January 17, 2013

ကချင် အရေးကြောင့်ပြုပြင်ပြောင်းလဲမှု ထိခိုက်မှာ ကုလစိုးရိမ်

ကချင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့မှာ ဒီပဋိပက္ခမှာ ပါ၀င်သူတွေကြားမှာပဲ ညှိနှိုင်း ဆောင်ရွက်ကြမှာဖြစ်တဲ့ အကြောင်းနဲ့ လက်ရှိ တင်းမာမှု အရှိန်မြင့်လာတာကနေ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းတွေကို ထိခိုက်တာမျိုး ဖြစ်မှာကို ကုလသမဂ္ဂအနေနဲ့ မလိုလားဘူးလို့ မကြာသေးခင်ကပဲ မြန်မာနိုင်ငံက သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။။


လတ်တလော ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်က အခြေအနေတွေနဲ့ ပြီးခဲ့တဲ့နှစ်က သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားရဲ့ အခုနောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

ကချင် ပြည်နယ်တွင်း လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နှစ်ဘက် အဖွဲ့တွေကြား ပြဿနာ ပြေလည်အောင် ညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်သလို တင်းမာမှုတွေ ပိုပြီး အရှိန်မြှင့်လာနေတဲ့ လက်ရှိ ပဋိပက္ခတွေကြောင့် တိုင်းပြည်ရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေကို ထိခိုက်တာ၊ ဒါမှမဟုတ် နိုင်ငံတကာရဲ့ အကောင်းမြင် အသိအမှတ်ပြုမှုတွေကို ထိခိုက်သွားတာမျိုး ဖြစ်လာမှာကို ကုလသမဂ္ဂ အနေနဲ့ မလိုလားဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာအစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အင်အားသုံး ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ထုတ်ဖော်ပြောဆိုထားသလို နှစ်ဘက် အဖွဲ့တွေ အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းထားတဲ့ အကြောင်းလည်း ဒီလ ၂ ရက်နေ့ကပဲ ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန် တိုက်တွန်း ခဲ့ပါသေးတယ်။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကူညီပေးနိုင်ဖို့အတွက် အဲဒီဒေသတွေမှာ ကုလသမဂ္ဂ နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ သွားရောက် အကူအညီ ပေးနိုင်အောင် ပဋိပက္ခမှာ ပါ၀င်နေတဲ့ အဖွဲ့အစည်း အားလုံးက ကူညီ ဆောင်ရွက်ပေးဖို့လည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းထားပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကချင်နဲ့ ရခိုင်အရေးကိစ္စတွေ အပြင် သန်းခေါင်းစာရင်း ကိစ္စ၊ လူသားချင်း စာနာကူညီမှုအကူအညီပေးရေး ဆိုင်ရာ ကိစ္စ၊ ပြုပြင် ပြောင်းလဲမှု တိုးတက်လာတဲ့ အခြေအနေတွေနဲ့ ကုလသမဂ္ဂ အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါ၀င် ကူညီ ဆောင်ရွက်နိုင်မလဲ ဆိုတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ဆိုင်တဲ့ ကိစ္စတွေနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က မြန်မာဒုသမ္မတ စိုင်းမောက်ခမ်းနဲ့ မစ္စတာ နမ်ဘီးယား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့သလို သူ့ခရီးစဉ်အတွင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ သမ္မတ ပြောခွင့်ရ ဒုတိယ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ပြီးခဲ့တဲ့လကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု နိုင်ငံတကာအလှူရှင်များ အဖွဲ့ရဲ အစည်းအဝေးကို တက်ရောက်ဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။

http://burmese.voanews.com/content/un-envoy-statement-on-myanmar/1586165.html

ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း

 
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ကြဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက်ခဲ့ပါတယ်။  ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ်နားမှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင် လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ နယ်စပ်ကနေ မီတာ ၅၀၀ လောက်အကွာ တရုတ်နိုင်ငံဖက်ကို အင်္ဂါနေ့က ဗုံးတလုံးကျခဲ့တယ်လို့ နေ့စဉ်သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lee က ပြောကြားခဲ့တာဖြစ်ပါတယ်၊

ဒီကိစ္စနဲ့ ပါတ်သက်လို့ တရုတ်နိုင်ငံဖက်က အလွန်အမင်း စိုးရိမ်မှုနဲ့ မကျေနပ်မှုကို အသိပေးဖို့အတွက် အရေးပေါ် တင်ပြထားပါတယ်၊ နောက်ထပ် အလားတူ အဖြစ် မဖြစ်ရအောင် မြန်မာဖက်က အသေးစိတ် စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဖို့ တရုတ်ဖက်က တောင်းဆိုပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်၊ အခုလို တရုတ်နိင်ငံထဲက မြန်မာဖက်က လက်နက်ကြီးတွေ ကျရောက်တာဟာ ၄ ခု မြောက်ဖြစ်ပါတယ်၊ 2012 ခုနှစ် ဒီဇင်ဘာလ 30 ရက်နေ့ကလဲ ဗုံး ၃ လုံး ကျခဲ့တာဖြစ်ပါတယ်၊ တိုက်ခိုက်မှုတွေ လုပ်နေကြတဲ့ ၂ ဖက်လုံးအနေနဲ့ အခြေအနေကို အစွန်းဆုံ ထိန်းသိမ်းကြဖို့၊ ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာကြဖို့နဲ့ တရုတ် မြန်မာနယ်စပ်ဒေသကို တည်ငြိမ်နေအောင်လုပ်ဖို့အတွက်ကိုလဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက တိုက်တွန်းပါတယ်၊

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တရုတ်က ဟိုးအရင်ထဲက အနီးကပ် စောင့်ကြည့်နေတာပါ၊ တရုတ်ရဲ့ လွှမ်းမိုးမှုလဲ နယ်စပ်ဒေသမှာရှိပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ မရှိရအောင် ပြည်နယ် တာဝန်ရှိသူတွေ ထိရောက်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ထားတယ်ဆိုတာကိုလဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lee က ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
http://burmese.voanews.com/content/china-myanmar/1586181.html

အစိုးရနဲ့ ကေအိုင်အိုတိုက်ပွဲတွေ ပြင်းထန် လာနေတာကို အမေရိကန်သံအမတ်ကြီး စိုးရိမ်

အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ အရင်းခံအကြောင်းဟာ တဖက်နဲ့တဖက်ယုံကြည်မှု အားနည်းနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ဇန်နဝါရီလ ၁၇ရက်နေ့ ဒီကနေ့ ပြောလိုက် ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ကေအိုင်အိုတပ်တွေ နှစ်ဖက်စလုံးတိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ကိုလည်း သံအမတ်ကြီးက တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့က ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေပါ သေဆုံးခဲ့ရတာကို မိမိတို့အမေရိကန် အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်နေကြောင်းလည်း ပြောလိုက်ပါတယ်။
မိမိတို့အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုဖြစ်မယ့် ဘယ်လိုလုပ်ရပ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်းလည်း သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ရက်နေ့က လိုင်ဇာမြို့မှာ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး တစ်ချို့ဒဏ်ရာရခဲ့ပါတယ်။

http://www.rfa.org/burmese/news/us-embassador-kio-mmgov-01172013045353.html

January 16, 2013

KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရခြင်း အပေါ် EUထုတ်ပြန်

တပ်မတော်မှ KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရခြင်းအပေါ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ လိုင်ဇာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ပတ်သက်သော နောက်ဆုံး အစီရင်ခံစာများတွင် အပြစ်မဲ့ အရပ်သားများ သေဆုံးရမှုသည် အလွန်ဆိုးရွားကြောင်း၊ အန္တရာယ်ကြီးမားစွာ အရှိန်မြင့်လာသော ပဋိပက္ခသည် ကချင်ပြည်နယ်နေ လူထုအတွက် ပိုမိုဆိုးရွားသော ဒုက္ခများဆီသို့ ဦးတည်နေကြောင်း EU ၏ အဆင့်မြင့်ကိုယ်စားလှယ် ကက်သရင်း အက်ရှ်တန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ကြေညာချက်တွင် ရေးသားခဲ့သည်။
ရန်လိုမှုများ အဆုံးသတ်ရန်နှင့် ပြေလည်မှု ရရှိရေးကို အထူး အလေးအနက် ထား ဦးတည်လျက် ချက်ချင်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် စေ့စပ်ညှိနှိုင်းရန် EU မှ တောင်းဆိုခဲ့ပါသည်။ထို့အပြင် နေရပ်ကို စွန့်ခွာခဲ့ကြရသော ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားသော အကူအညီပေးရန်အတွက် အတားအဆီးမဲ့ ခွင့်ပြုရေးမှာ အရေးပေါ် လိုအပ်ချက်ဖြစ်ကြောင်းကြေညာချက်တွင် ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ပိုမိုတိုးပွား လာလျက်ရှိနေပြီး KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒုက္ခသည် ၆၀၀၀၀ ကျော်အတွက် နိုင်ငံတကာမှ အကူအညီများ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။ UN အပါအဝင် ဒုက္ခသည်များကို ကူညီသည့် နိုင်ငံတကာ အဖွဲ့အစည်းများအား ကြိုဆိုထားသော်လည်း အစိုးရဘက်မှ ကန့်သတ်ချက်များကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေး ဒုက္ခသည်များထံသို့ နိုင်ငံတကာမှ အကူအညီများ ရောက်ရှိလာခြင်း မရှိဟု KIO မှ ပြောဆိုထားပါသည်။
ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ KIA ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည်များထဲတွင် KIO၊ KIA အဖွဲ့ဝင်များ၊ မိသားစုဝင်များ မည်မျှပါ၀င်နေသည်ကို စိစစ်သင့်ကြောင်း 7 Days News ဂျာနယ်နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
"ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး မပြောခင် သူတို့ ပြောနေတဲ့ ဒုက္ခသည် အရေအတွက်ထဲမှာ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ဘယ်လောက် ပါနေသလဲဆိုတာ သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်"ဟု ဦးရဲထွဋ်က 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောပါသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=17394:kia------eu&catid=42:2009-11-10-07-36-59&Itemid=112

ကချင်အရပ်သားတွေကို အကာအကွယ်ပေးဖို့ AI တိုက်တွန်း






မြန်မာအစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ကြားဖြစ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေ ထိခိုက် သေဆုံးတာတွေ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့ မြန်မာအစိုးရ အနေနဲ့ လုပ်ဆောင်သင့်တာတွေ အားလုံးကို လုပ်သွားဖို့လိုတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၄ ရက်နေ့က အစိုးရတပ်တွေ ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေဆုံး သွားခဲ့ပြီးတဲ့နောက် အခုလို Amnesty International ကပြောလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် KIA ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေနားမှာ အစိုးရတပ်တွေဘက်က ပစ်မှတ်ထားနိုင်တဲ့ စစ်စခန်းတွေ မထားမိအောင်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို အပြည့်အဝ လေးစားလိုက်နာဖို့တိုက်တွန်းပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အရပ်သားတွေ မထိခိုက်ရအောင် အစိုးရတပ်တွေရော၊ KIA ဘက်ကပါ သေချာပေါက် အကာအကွယ် ပေးသွားဖို့လိုကြောင်း၊ တကယ်လို့ အရပ်သားနဲ့ တိုက်ခိုက်ရေးတပ်တွေကို မခွဲဘဲ ပစ်နေမယ်ဆိုရင် အရပ်သားပြည်သူတွေရဲ့ ဘဝတွေဟာ ထိခိုက်သေဆုံးရမယ့် အန္တရာယ်ရှိတယ်ဆိုတာကို လိုင်ဇာမှာ လူ ၃ ယောက် သေ ဆုံးခဲ့တဲ့ ဖြစ်ရပ်က ပြသနေတယ်လို့ Amnesty International အဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Issabelle Arradon က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ရှိမရှိဆိုတာကို ဆုံးဖြတ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတယ်လို့လည်း ပြောပါတယ်။ အခုရက်ပိုင်းတွေအတွင်းမှာ အစိုးရတပ်တွေနဲ့ KIA တို့ကြား တိုက်ပွဲတွေဟာ ပိုပြီးတော့ အရှိန်မြှင့်လာခဲ့ပါတယ်။ အစိုးရဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို KIA ဘက်ကလည်း မန္တလေး-မြစ်ကြီးနားမီးရထားလမ်းမှာ ရထားဗုံးခွဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

အစိုးရတပ်တွေဘက်က လိုင်ဇာကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA တပ်မဟာ ၃ နယ်မြေ မိုင်ဂျာယန် ဒုက္ခသည်စခန်းမှာ ဗုံးခိုကျင်းတွေတူးပြီး လုံခြုံရေးအတွက် ပြင်ဆင်နေစဉ် အတွင်း ဗုံးခိုကျင်းပြိုကျတာကြောင့် ကလေးငယ် ၃ ဦး သေဆုံးသွားခဲ့ပါတယ်။

http://burmese.voanews.com/content/kachin-kia-civilians-killed-by-myanmar-army-bomb-ai-/1585425.html

January 15, 2013

ကချင်အရေး နှစ်ဖက်လုံး ညှိုနှိုင်းဖြေရှင်းကြဖို့ အမေရိကန်တိုက်တွန်း


ကချင် စစ်ရေး အဆုံးသတ်ရေး မြန်မာ အစိုးရရော ကချင်သူပုန်တွေကပါ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ သိန်းနဲ့ချီ ရှိတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကိုလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

ကချင် ဒေသ အပေါ် မြန်မာ အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြင့်လာတာနဲ့ အမျှ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန် ပြည်ထောင်စု ကလည်း မြန်မာ အစိုးရရော ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေကိုပါ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Victoria Nuland က တနလာင်္နေ့တုန်းက အခုလို ပြောပါတယ်။

"အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်လို့ကတော့ အပြောင်းအလဲ မရှိပါဘူး။ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးခဲ့တာဟာ ရှင်းရှင်းလင်းလင်း ပြောရရင် တိုးတက်ဖြစ်ထွန်းမှုတွေ ဆက်ပြီး ဖြစ်ပေါ်နေအောင် အခြေအနေ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ ကချင်စစ်ရေး ပဋိပက္ခဟာလည်း ကျမတို့ စိုးရိမ်တကြီး လုပ်ဆောင်နေတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ နှစ်ဘက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကျမတို့ တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လာတာလို ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် အစိုးရက ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့ ရုပ်သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ ကချင်ဒေသ စစ်ရေးကိုလည်း အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွနး်ပါတယ်လို့လညး် သူမက ပြောပါတယ်။

"ထပ်ပြောပါရစေဦးရှင်။ နှစ်ပေါင်းများစွာ ကတည်းက ကချင်ဒေသမှာ စစ်ရေး ပဋိပက္ခတွေက ဖြစ်လိုက် ၊ရပ်သွားလိုက် ဖြစ်နေတာပါ။ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေ တွေ့ဆုံဆွေးနွေးပြီး တစိတ်တပိုင်း ရှေ့တိုးလုပ်ဆောင်နိုင်တာမျိုး စီးပွားရေးနဲ့ နိုင်ငံရေး မကျေလည်မှုတွေကို အရေးယူ လုပ်ဆောင်နိုင်ခဲ့သလိုမျိုး ကချင် အနေနဲ့လည်း ဒီ တိုင်းရင်းသား လူနည်းစုတွေနည်းတူ လုပ်ဆောင်စေချင်တာဘဲ ဖြစ်ပါတယ်။ ဒါက ကချင်ဒေသမှာ ကျမတို့ ဖြစ်စေချင်တဲ့ ကိစ္စပါ။ ဒါ့အပြင် နှစ်ဘက်လုံးကနေ ပဋိပက္ခတွေကို ရပ်ဆိုင်းကြဖို့လည်း တောင်းဆိုနေပါတယ်။"

မြန်မာ အစိုးရနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ပေးခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား ဒေသတွေက ကိစ္စရပ်တွေ အပေါ်မှာ တလျှောက်လုံး စိုးရိမ်မှုတွေကတော့ တိုးနေပါတယ်။ မြန်မာ အစိုးရကိုလည်း အရပ်သားတွေ အတွက် လိုအပ်တဲ့ အထောက်အကူတွေကို ကုလအဖွဲ့အစည်းတွေလို အဖွဲ့တွေကနေ အနှောင့်အယှက်ကင်းကင်း ပေးခွင့်ပြုဖို့ ကျမတို့ ဆက်ပြီး တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရကတော့ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ရာ ဒေသဘက်က စစ်ကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ကုလ အပါအဝင် နိုင်ငံတကာ အထောက်အပံ့တွေ ပေးခွင့် ပိတ်ထားတာပါ။ လတ်တလောမှာတော့ မြန်မာ အစိုးရ တပ်တွေက လေကြောင်း၊ ခြေလျင်တပ်တွေနဲ့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီးမှာ အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ လိုင်ဇာဒေသမှာတော့ ဒေသခံတွေ အပြင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူလည်း ၆ သောင်းကျော် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။

http://burmese.voanews.com/content/us-concern-on-kachin-army-and-burmese-army-fighting-in-kachin-state/1583805.html

January 14, 2013

ကချင်အရေးနှစ်ဖက်လုံးညှိုနှိုင်းဖြေရှင်းကြဖို့အမေရိကန်တိုက်တွန်း

ကချင် စစ်ရေး အဆုံးသတ်ရေး မြန်မာ အစိုးရရော ကချင်သူပုန်တွေကပါ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ သိန်းနဲ့ချီ ရှိတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေကိုလည်း လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးခွင့်ပြုဖို့ မြန်မာ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြထားပါတယ်။

ကချင် ဒေသ အပေါ် မြန်မာ အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှု အရှိန်မြင့်လာတာနဲ့ အမျှ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။ တချိန်တည်းမှာဘဲ အမေရိကန် ပြည်ထောင်စု ကလည်း မြန်မာ အစိုးရရော ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေကိုပါ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Victoria Nuland က တနလာင်္နေ့တုန်းက အခုလို ပြောပါတယ်။

"အမေရိကန်ရဲ့ မူဝါဒနဲ့ ပတ်သက်လို့ကတော့ အပြောင်းအလဲ မရှိပါဘူး။ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးခဲ့တာဟာ ရှင်းရှင်းလင်းလင်း ပြောရရင် တိုးတက်ဖြစ်ထွန်းမှုတွေ ဆက်ပြီး ဖြစ်ပေါ်နေအောင် အခြေအနေ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ ကချင်စစ်ရေး ပဋိပက္ခဟာလည်း ကျမတို့ စိုးရိမ်တကြီး လုပ်ဆောင်နေတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ နှစ်ဘက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကျမတို့ တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လာတာလို ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် အစိုးရက ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုးတက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့ ရုပ်သိမ်းခဲ့တာ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ ကချင်ဒေသ စစ်ရေးကိုလည်း အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွနး်ပါတယ်လို့လညး် သူမက ပြောပါတယ်။

"ထပ်ပြောပါရစေဦးရှင်။ နှစ်ပေါင်းများစွာ ကတည်းက ကချင်ဒေသမှာ စစ်ရေး ပဋိပက္ခတွေက ဖြစ်လိုက် ၊ရပ်သွားလိုက် ဖြစ်နေတာပါ။ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေ တွေ့ဆုံဆွေးနွေးပြီး တစိတ်တပိုင်း ရှေ့တိုးလုပ်ဆောင်နိုင်တာမျိုး စီးပွားရေးနဲ့ နိုင်ငံရေး မကျေလည်မှုတွေကို အရေးယူ လုပ်ဆောင်နိုင်ခဲ့သလိုမျိုး ကချင် အနေနဲ့လည်း ဒီ တိုင်းရင်းသား လူနည်းစုတွေနည်းတူ လုပ်ဆောင်စေချင်တာဘဲ ဖြစ်ပါတယ်။ ဒါက ကချင်ဒေသမှာ ကျမတို့ ဖြစ်စေချင်တဲ့ ကိစ္စပါ။ ဒါ့အပြင် နှစ်ဘက်လုံးကနေ ပဋိပက္ခတွေကို ရပ်ဆိုင်းကြဖို့လည်း တောင်းဆိုနေပါတယ်။"

မြန်မာ အစိုးရနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အရပ်သားတွေကို လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ ပေးခွင့်ပြုဖို့လည်း မြန်မာ အစိုးရကို  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။

"အမေရိကန် ပြည်ထောင်စု အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား ဒေသတွေက ကိစ္စရပ်တွေ အပေါ်မှာ တလျှောက်လုံး စိုးရိမ်မှုတွေကတော့ တိုးနေပါတယ်။ မြန်မာ အစိုးရကိုလည်း အရပ်သားတွေ အတွက် လိုအပ်တဲ့ အထောက်အကူတွေကို ကုလအဖွဲ့အစည်းတွေလို အဖွဲ့တွေကနေ အနှောင့်အယှက်ကင်းကင်း ပေးခွင့်ပြုဖို့ ကျမတို့ ဆက်ပြီး တိုက်တွန်းနေပါတယ်။"

မြန်မာ အစိုးရကတော့ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ ထိန်းချုပ်ရာ ဒေသဘက်က စစ်ကြောင့် အိုးအိမ်စွန့် ထွက်ပြေးကြသူတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ကုလ အပါအဝင် နိုင်ငံတကာ အထောက်အပံ့တွေ ပေးခွင့် ပိတ်ထားတာပါ။ လတ်တလောမှာတော့ မြန်မာ အစိုးရ တပ်တွေက လေကြောင်း၊ ခြေလျင်တပ်တွေနဲ့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီးမှာ အပြင်းအထန် ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။ လိုင်ဇာဒေသမှာတော့ ဒေသခံတွေ အပြင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူလည်း ၆ သောင်းကျော် ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။

http://burmese.voanews.com/content/us-concern-on-kachin-army-and-burmese-army-fighting-in-kachin-state/1583805.html

January 5, 2013

တရုတ်ဘက်က ဝင်ဗုံးကြဲတာ မသိယောင်ဆောင်လား

တရုတ် အစိုးရဟာ သူ့ဘက်ခြမ်းကို ဗုံးကျလို့ မြန်မာ အစိုးရကို တိုင်ကြား ပေမယ့် သူ့ပိုင်နက် ထဲကနေ မြန်မာ စစ်တပ် လေယာဉ်တွေ ဝင်ပြီး ဗုံးကြဲနေတာကို မသိကျိုးကျွံ ပြုနေတယ်လို့ ဦးအောင်ကျော်ဇောက ပြောကြား ပါတယ်။
တရုတ်ဟာ အကျိုးစီးပွား အခြေခံပြီး ဆက်ဆံသူမို့ မြန်မာ အစိုးရနဲ့ ကေအိုင်အေကြား စစ်ပွဲမှာ မြန်မာ အစိုးရဘက်က ရပ်တည်မှာ ဖြစ်တယ် လို့လဲ သူက ဆိုပါတယ်။
နှစ်ဆန်းပြီး နောက်ပိုင်း တရုတ်ဘက်က အမြဲတမ်း ချထားတဲ့ တပ်တွေ ရုပ်ပြီးတာနဲ့ မြန်မာ အစိုးရက လေကြောင်း စစ်ဆင်ရေး စခဲ့တာ လို့လဲ သိရပါတယ်။
မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေ သူပုန်တွေ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ် နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက် ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

January 4, 2013

တရုတ်နိုင်ငံဘက် ဗုံးတွေ ကျလို့ မြန်မာကို ကန့်ကွက်

မြန်မာ အစိုးရ စစ်တပ် ကနေ ကေအိုင်အေ သူပုန်တွေ အပေါ် လေကြာင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့စဉ် အတွင်း အိမ်နီးချင်း တရုတ် နိုင်ငံ ဘက်ခြမ်းကို ဗုံးသုံးလုံး ကျရောက် ခဲ့တဲ့ အတွက် တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို သံတမန်ရေး အရ ဆက်သွယ် တိုင်ကြားမှု ပြုလုပ်ခဲ့ ပါတယ်။
အခုလို အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် ဖြစ်မလာ ရအောင် ချက်ခြင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တရုတ် နိုင်ငံ ကနေ မြန်မာ နိုင်ငံကို တောင်းဆိုထား တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုး သမီး ဟွာ ချွန်ယင်းက ပြောပါတယ်။
ဗုံးတွေဟာ တရုတ် နိုင်ငံဘက် ခြမ်းကို တနင်္ဂနွေနေ့က ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတွေတော့ မရှိဘူးလို့ ပြောပါတယ်။
ကချင် ပြည်နယ်က တိုက်ပွဲတွေဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး၊ မြန်မာ အစိုးရ အနေနဲ့ ဒီ ပဋိပက္ခတွေ အပေါ် ငြိမ်းချမ်းတဲ့ နည်းနဲ့ ကိုယ်တွယ် ဖြေရှင်း နိုင်လိမ့် မယ်လို့ မျှော်လင့် ကြောင်းကိုလည်း တရုတ် ပြောခွင့်ရသူက ပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2013/01/130104_china_complains_burma.shtml

မြန်မာနိုင်ငံကို ဂျပန်က ဘဏ္ဍာရေး အကူအညီပေးမယ်

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ဒုတိယဝန်ကြီးချုပ် တာရိုအာဇို က ရန်ကုန်သီလဝါ စီးပါွးရေးအထူးဇုန်ကို မနေ့က သွားရောက်ကြည့်ရှု ပြီးနောက် မြန်မာနိုင်ငံကို ဂျပန်က ဘဏ္ဍာရေး အကူအညီပေးမယ့်အကြောင်းထပ်မံ အတည်ပြုပြောဆိုလိုက်ပါတယ်။
Photo: Myanmar President Website
သမ္မတ ဦးသိန်းစိန်နဲ့ ဂျပန် အောက်လွှတ်တော်အမတ်နဲ့ ဒုတိယဝန်ကြီးချုပ် မစ္စတာတရိုအာဇိုတို့ ဇန်နဝါရီ ၃ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံပုံ
မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အလားအလာကောင်း တယ်လို့ မိမိယူဆပါတယ်၊ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးရေးအတွက် ပါဝင်ကူညီဖို့ ရည်မှန်းပါတယ်။ ဂျပန်နိုင်ငံက ရစရာရှိတဲ့ကြွေးမြီတွေကို လျော်ပစ်ခဲ့တာနဲ့ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေက ကျေးဇူးစကားတွေ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။ တကယ်တော့ အဲဒီလိုအကြွေးတွေကို လျော်ပစ်လိုက်တာဟာ မြန််မာနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုးရေးအတွက် ပထမအဆင့် တွန်းအားပေးတဲ့အနေနဲ့ ဆောင်ရွက်ရာကျမယ်လို့ မိမိ မျှော်လင့်ပါတယ် လို့ ဂျပန် ဒုတိယ ဝန်ကြီးချုပ် တာရိုအာဇို က ပြောကြားလိုက်ပါတယ်။

http://www.rfa.org/burmese/news/japan-help-myanmar-01042013221436.html

ကချင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ဗြိတိန်နဲ့ အမေရိကန် ပြောကြား

ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲအရှိန် မြင့်လာတာဟာ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိတယ်လို့ ဗြိတိန်အစိုးရတာဝန်ရှိသူ တဦးက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီလို မြန်မာအစိုးရတပ်နဲ့ KIO တို့ တိုက်ပွဲဖြစ်ပွားနေတာကို ဗြိတိန်နိုင်ငံအနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်ရတယ်လို့ နို်င်ငံခြားရေးနဲ့ ဗြိတိန်ဓနသဟာယရုံး ဒုတိယဝန်ကြီး Hugo Swire က ပြောပါတယ်။
AFP
ကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦးကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။
ရန်လိုမှုတွေ အရှိန်တိုးမြင့်လာတာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေး ရေရှည်တည်တံ့ရေးအတွက် အန္တရာယ်သက်ရောက်နိုင်ဖွယ်ရှိတယ်လို့  Hugo Swire က ကြေငြာချက်ထုတ်ပြန်ပါတယ်။  ဒီလိုတိုက်ပွဲတွေကို အဆုံးသတ်ဖို့ သမ္မတက တိုက်တွန်းတာကို မြန်မာနိုင်ငံက စစ်ဦးစီးမှူးတွေက အလေးထားလိုက်နာဖို့လည်း Hugo Swire က ပြောကြားလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ms. Nuland က ကချင်ပြည်နယ်မှာ မငြိမ်မသက်ဖြစ်ပွားနေတာတွေကို   အမေရိကန်အစိုးရအနေနဲ့ ပူပန်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းစွာ စားပွဲဝိုင်းထိုင်ပြီး လေးလေးနက်နက် ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းကြောင်း သောကြာနေ့က ထပ်မံပြောကြားလိုက်ပါတယ်။
ဒါ့အပြင် တဆက်တည်းမှာပဲ သူက မြန်မာအစိုးရဟာ တခြားတိုင်းရင်းသားဒေသအများအပြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနဲ့ ကချင်ပြည်နယ်မှာလည်း အလားတူအောင်မြင်မှုတွေ ဖြစ်ထွန်းလာတာကို မိမိတို့မြင်တွေ့လိုပါကြောင်း ပြောဆိုခဲ့ပါတယ်

http://www.rfa.org/burmese/news/us-uk-worry-kachin-01042013215224.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India