All Burma Students’ Democratic Front (ABSDF)
၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတောင်းဆို တိုက်ပွဲဝင်မှု အရေးတော်ပုံကြီးအား စစ်အာဏာရှင်များက လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းကြောင့့် ထောင်ပေါင်းများစွာသော ကျောင်းသားများ၊ အလုပ်သမားများ လယ်သမားများ နှင့် လူငယ်များသည် မြန်မာနိုင်ငံ နယ်စပ်အသီးသီးသို့ ထွက်ခွာလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကို ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နေ့တွင် စတင်ဖွဲ့စည်းစဉ်ကတည်းက ညီလာခံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းကာ ၄င်းနှင့်အညီ တပ်ဦးကို ရှေ့ဆောင်ခဲ့သည်။
၁၉၉၁ခုနှစ် သြဂုတ်လတွင် ကျင်းပသော တတိယအကြိမ် ညီလာခံအပြီးတွင် (မကဒတ) နှစ်ဖွဲ့ ကွဲသွားခဲ့ရသည်၊၊ (မကဒတ) နှစ်ဖွဲ့ စလုံးသည် တတိယအကြိမ် ညီလာခံ၌ အတည်ðပပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် လက်ခံကျင့်သုံးခဲ့ကြသည်၊၊
(မကဒတ) နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးညီလာခံကို ၁၉၉၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသောအခါ ကွဲကွာ နေစဉ်ကာလအတွင်း (မကဒတ) နှစ်ဖွဲ့စလုံးမှ လက်ခံကျင့်သုံးခဲ့ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ခုကို အခြေခံပြီး ပြင်ဆင် ဖြည့်စွက်ချက်များðပလုပ်ကာ တစ်ခုတည်းသောဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ðပ ပြဌာန်းခဲ့သည်၊၊
၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မကဒတ ပÌမအကြိမ်ညီလာခံ၊ ၂ဝဝ၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်ညီလာခံ၊ ၂ဝဝ၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပခဲ့သော သ္တမ အကြိမ်ညီလာခံ၊ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ကျင်းပခဲ့သော အဋ္ဌမအကြိမ် ညီလာခံ နှင့် ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သော နဝမအကြိမ်ညီလာခံ အသီးသီး၌ ပြင်ဆင်ဖြည့်စွက်ချက်များ ထပ်မံ ပြုလုပ်၍ အတည်ပြုပြဌာန်းခဲ့သည်။
(၂) နိုင်ငံရေးရည်မှန်းချက် နှင့် ဦးတည်ချက်
(မကဒတ) သည် အောက်ပါဦးတည်ချက်များ ထမြောက်အောင်မြင်အောင် မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်သွား မည်ဖြစ်သည်။
(ခ) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရှိရေး။
(ဂ) ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး။
(ဃ) ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး။
(၃) နိုင်ငံရေးခံယူချက် နှင့် အခြေခံအတွေးအခေါ်
တပ်ဦးသည် လူမျိုးတမျိုး၊ ဝါဒတခု၊ လူတန်းစားတရပ်ကို ကိုယ်စားðပ တိုက််ပွဲဝင်ခြင်းမဟုတ်၊ တပ်ဦး၏ ဦးတည်ချက် (၄) ရပ် အောင်မြင်စေရန် “အမျိုးသားနိုင်ငံရေးလမ်းစဉ်”ကို ကိုင်စွဲကာ တနိုင်ငံလုံးရှိ လူမျိုးပေါင်းစုံ ပါဝင်သော အဖိနှိပ်ခံ အမျိုး သားထုကြီး တရပ်လုံးအတွက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် တက်လာသော အာဏာရအစိုးရအဆက်ဆက်သည် နိုင်ငံရေးပြဿနာများ ကို နိုင်ငံရေးနည်းအရ မှန်ကန်စွာ မဖြေရှင်းပေးနိုင်မှုကြောင့် လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည်။ ပြည်တွင်း စစ်မီး တောက်လောင်ခဲ့သည်။ ထိုပြဿနာကို အာဏာရအစိုးရက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည့်အစား တော်လှန်ရေး အဖွဲ့အစည်းများအား အðပတ်တိုက်ရေး နည်းလမ်းဖြင့်သာ ဖြေရှင်းရန် အားထုတ်ခဲ့သည်။ ထိုမှ စစ်တပ်အင်အား ကြီးထွား လာပြီး စစ်ဗိုလ်ကြီးများ၏ သြဇာအာဏာလည်း ကြီးထွား တိုးပွားလာခဲ့သည်။ အကျိုးဆက်နေနှင့် ၁၉၅ဝ ခုနှစ် တွင် စစ်တပ်၏ အကြပ်ကိုင်မှုကြောင့် အာဏာရအစိုးရသည် နိုင်ငံတော်အာဏာကို စစ်တပ်အကြီးအကဲများလက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆ဝ ခုနှစ် အထိ နိုင်ငံတော်ကို စစ်တပ်က ဖိနှိပ် အုပ်ချုပ်ခဲ့သည်။
၁၉၆ဝ ခုနှစ်၌ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ် အာဏာ သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်အောက်သို့ကျရောက်ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သမျှသော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော မည်သည့်လှုပ်ရှားမှုကိုမဆို စစ်တပ်ကို အသုံးချ ကာ အကြမ်းဖက် နှိပ်ကွပ်ခဲ့သည်ချည်းသာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ လူတန်းစားတိုင်း၊ အလွှာတိုင်း၊ လူမျိုးတိုင်း အာဏာရှင် စနစ်၏ ရက်စက်ကြမ်းñကတ်သော ဖိနှိပ်မှုကို ခံခဲ့ကြရသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ် နှင့် ပြည်သူလူထုတရပ်လုံးကြားရှိ ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အဓိကအကျဆုံး ပဋိပက္ခဖြစ်သည်။ ထို့ကြောင့်ပင် (မကဒတ) အဓိက ဦးတည် တိုက်ရမည့်ရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်ပေသည်။
စစ်အာဏာရှင်စနစ် ဆိုရာ၌ -
(ခ) စစ်အာဏာရှင်စနစ်ကို ကိုယ်စားðပ၍ ဦးဆောင်နေသော အစိုးရ နှင့်
(ဂ) စစ်အာဏာရှင်စနစ်တည်မြဲရေးကို အထောက်အကူðပနေသည့် စစ်ဗျူ±ိုကရေစီ ယန္တယားတစုံလုံး ဖြစ်သည်။
(မကဒတ) ၏ တိုက်ပွဲသဏ္ဍန်သည် လက်နက်ကိုင်တိုက်ပွဲဖြစ်ပြီး အခြားသော နိုင်ငံရေးတိုက်ပွဲများနှင့် ပေါင်းစပ် တိုက် ပွဲဝင်သွားမည်။
စစ်သည် နိုင်ငံရေး၏ အဆက်ပင်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်ကို နည်းနာတခုအဖြစ် အကောင်အထည်ဖော်ခြင်း ပင်ဖြစ်သည်။ တနည်းအားဖြင့် သွေးထွက်သော နိုင်ငံရေးတိုက်ပွဲတခုပင်ဖြစ်သည်။
အဖိနှိပ်ခံ ပြည်သူတရပ်လုံး၏ လွတ်မြောက်ရေးကို ဆက်လက် တိုက်ပွဲဆင်နိုင်ရန်အတွက် မကဒတ နှင့် ကျောင်း သားတပ်မတော်ကို ၁၉၈၈ ခု၊ နိုဝင်ဘလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ တော်လှန်ရေးစစ်ပွဲကို စတင် ဆင်နွှဲခဲ့ကြသည်။
စစ်၏ အနိုင်အ±ှုံးသည် ပြည်သူလူထု၏ ထောက်ခံပါဝင်မှုတွင် မှီတည်နေကြောင်း ရှည်လျားများပြားသော သမိုင်းက သက်သေထူခဲ့ပြီး ဖြစ်သည်။ ယနေ့ သမိုင်းကာလတွင် မြန်မာနိုင်ငံ၌ ပကတိတည်ရှိနေသော ပဋိပက္ခမှာ စစ်အာဏာရှင်စနစ် နှင့် လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးကြားရှိ ပဋိပက္ခကြီးဖြစ်သည်။ ထို့ကြောင့် “ကျောင်းသားတပ်မတော်” သည် စစ်အာဏာ ရှင်စနစ်ကို အနိုင်တိုက်ပွဲဆင်နိုင်ရေးအတွက် လူတန်းစားပေါင်းစုံ တိုင်းရင်းသားလူမျိုးအသီးသီး၊ ပြည်သူလူထု တရပ်လုံးကို အကျယ်ပြန့်ဆုံး စည်း±ုံးကာ တိုက်ပွဲဝင်သွားမည် ဖြစ်သည်။
စစ်သည် လူအင်အား၊ လက်နက်အင်အားချင်း ယှဉ်òပိင်မှုသာမက ဆန့်ကျင်ဘက် အင်အားစု နှစ် ရပ် ၏ စိတ် ဓာတ်အင်အား၊ နိုင်ငံရေးအင်အား၊ လေ့ကျင့်မှုအင်အား၊ စည်း±ံုးမှုအင်အား၊ အတတ်ပညာအင်အား၊ ကျွမ်းကျင်မှု အင်အား လူထုထောက်ခံမှု အနေအထားချင်း စုစည်းယှဉ်òပိင်မှုအတတ် ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားတပ်မတော်အနေဖြင့် အမျိုး အစားကောင်းသော၊ အရည်အသွေးထက်မြက်သော၊ ပြည်သူ့အကျိုးဆောင်သော၊ မျိုးချစ်ပြည်ချစ်စိတ်ရှိသော၊ ကိုယ်ကျိုးစွန့် သော၊ တိုက်ပွဲတရာ အောင်ပွဲတရာရှိသော၊ ကျောင်းသားတပ်မတော် တရပ်အဖြစ် တည်ဆောက် သွားရမည်ဖြစ်သည်။ ထို့အတူ စစ်၏ အားဖြစ်သော လူထုတိုက်ပွဲ၊ နိုင်ငံတကာ သံတမန်ရေးရာတိုက်ပွဲများ နှင့် အချိတ်အဆက်ရှိရှိ တော်လှန်ရေး စစ်ပွဲကို အောင်မြင်အောင် ဆင်နွှဲသွားမည် ဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခြင်း ကို ကျောင်းသားတပ်မတော်မှ အပြည့်အဝ ဆန္ဒရှိပေသည်။ သို့သော် ဤ အခြေအနေအတွင်းမှ မိမိတို့ ပြည်သူတရပ်လုံး၏ တရားမျှတသော အခွင့်အရေးများအတွက် အသက်၊ သွေး၊ ချွေး များ ပေးဆပ်ကာ မွန်မြတ် ဂုဏ်ပြောင်စွာ တိုက်ပွဲဝင်သွားမည် ဖြစ်ပေသည်။
မကဒတ စစ်ရေးလမ်းစဉ်၏ ဦးတည်ချက် မှာ မကဒတ ၏ ဦးတည်ချက် ၄ ရပ် အထမြောက် အောင်မြင်စေရန် အတွက် စစ်အနိုင်တိုက်ရေးပင် ဖြစ်သည်။
မကဒတ စစ်ရေးလမ်းစဉ် အောင်မြင်ရေးအတွက် မကဒတ (ကျောင်းသားတပ်မတော်) သည် လူထုတိုက်ပွဲ နှင့် လက်နက်ကိုင် တိုက်ပွဲ ပေါင်းစပ်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
မဟာမိတ် ðပခြင်းဆိုင်ရာမူ
နအဖ စစ်အုပ်စုကို ဆန့်ကျင်သော အခြားအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများနှင့်လည်း အောက်ပါ မဟာမိတ်ðပခြင်း ဆိုင်ရာမူအပေါ်တွင် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ðပနိုင်ရေးအတွက် óကိးပမ်းသွားရမည််ဖြစ်သည်။
(ခ) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို လက်ခံလျှင်၊
(ဂ) ပါတီစုံ ဒီမိုကရေစီကို လက်ခံလျှင်၊
(ဃ) မိမိတို့ တော်လှန်ရေးအကျိုးဖြစ်ထွန်းရေးကို ထောက်ခံ ပံ့ပိုးလျှင်၊
(င) တော်လှန်ရေး နှင့် အမျိုးသား အကျိုးစီးပွားကို မထိခိုက်လျှင်၊
(ခ) တဦးကို တဦး အပြန်အလှန် ကူညီရေး။
(ဂ) တန်းတူရည်တူ ဆက်ဆံရေး။
(ဃ) တဦးအတွင်းရေးကို တဦး ဝင်ရောက် မစွက်ဖက်ရေး။
(င) ပဋိပက္ခများကို မဟာမိတ်အသွင် ငြိမ်းချမ်းစွာပူးတွဲညိ‡နှိုင်း ဖြေရှင်းရေး။
တပ်ပေါင်းစု တည်ဆောက်ရေး အပေါ် မကဒတ ၏ သဘောထား
ပကတိ အခြေအနေအရ ဘုံရန်သူကို တကွဲတပြားစီ တိုက်ပွဲဝင်နေပါက ထိရောက်သင့်သလောက် ထိရောက်မှု မရှိ ကြောင်းတွေ့မြင်နေရသည်။ ဘုံလုပ်ငန်းစဉ်တရပ်အပေါ်တွင် အခြေခံ၍ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နေကြပါက ပိုမို ထိရောက် မြန်ဆန်စွာ အောင်ပွဲခံနိုင်ကြမည်ဖြစ်ကြောင်း ပြဆိုနေပေသည်။ ထို့ကြောင့် အထက်ပါ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင် အားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်မည့် တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေလိုအပ်လျက်ရှိသည်။ ဒီမိုကရေစီရေးသည် ပထမ၊ တိုင်းရင်းသားအရေးသည် ဒုတိယဟု လည်းကောင်း၊ တိုင်းရင်းသားအရေးသည် ပထမ၊ ဒီမိုကရေစီ အရေးသည် ဒုတိယဟု လည်းကောင်း အမြင်များကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် စုစည်းနိုင်ရေးတွင် အားနည်းခဲ့ကြသည်။ မကဒတ အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ပွဲဝင်ရေးအတွက် ယနေ့ကာလတွင် အမျိုး သားရေး နှင့် ဒီမိုကရေစီအရေးကို တòပိင်နက် ပူးတွဲထမ်းဆောင်တိုက်ပွဲဝင်ကြရမည်ဟု ခံယူသည်။
မကဒတ မှ ခံယူသော တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်ရေး တပ်ပေါင်းစု၏ အခြေခံသည် ရန်သူ စစ်အာဏာရှင် စနစ်၏ စည်းဝိုင်းကို သေးကျုံ့စေရေး နှင့် မိမိအင်အား စည်းဝိုင်းကို ကျယ်ပြန့်စေရေးအခြေခံပင် ဖြစ်သည်။ ထို့ကြောင့် ဖော်ပြပါ အခြေခံတွင် အသွင်အမျိုမျိုးဆောင်သော တော်လှန်ရေးတပ်ပေါင်းစုကို တည်ဆောက်ရပေမည်။
ထိုအခြေခံပေါ်တွင် စုစည်းထားသည့် တပ်ပေါင်းစုအောက်တွင် အထက်ပါ တော်လှန်ရေးအင်အား အားလုံးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသော တသီးပုဂ္ဂလများကို စည်းလုံးညီညွတ်စွာ ဆက်စပ်ပေးနိုင်ရေးမှာ မကဒတ ၏ တာဝန် ဖြစ်လာပေသည်။
ထို့ကြောင့် အထက်ပါ သဘောဆောင်သော တပ်ပေါင်းစု တည်ဆောက်နိုင်ရေးအတွက် -
(ခ) ကျစ်လစ်စွာ တည်ဆောက်ရေး၊
(ဂ) ဒီမိုကရေစီ ကျင့်စဉ်ကို ကျင့်သုံးရေး၊
(ဃ) ဘုံလုပ်ငန်းစဉ်အပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊
(င) အကျိုးစီးပွား သာတူညီမျှရေး၊
တပ်ပေါင်းစုအတွင်း ဆက်ဆံရေးမူ
(၂) တပ်ပေါင်းစုအဖွဲ့ဝင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ±ုပ်ဘဝအခက်အခဲများကို လက်တွေ့ကျကျ အတတ် နိုင်ဆုံး အပြန်အလှန် ကူညီဖြေရှင်းဆောင်ရွက်သွားမည်။
(၃) တပ်ပေါင်းစုအတွင်း စည်း±ံုးရေးလုပ်ငန်းစဉ်များကို မကဒတ ၏ မဟာမိတ်ဆက်ဆံရေးမူများအရ óကိးပမ်း ဆောင်ရွက်သွားမည်။
(၄) တပ်ပေါင်းစုအဖွဲ့ဝင်တိုင်းသည် မိမိတို့တဖွဲ့ချင်းအကျိုးစီးပွားထက် တပ်ပေါင်းစုတခုလုံး၏ အကျိုးစီးပွားကို ဦး စားပေးရေး နှင့် တပ်ပေါင်းစု တခုလုံးအနေနှင့်လည်း တပ်ပေါင်းစု အဖွဲ့ဝင်တိုင်း၏ အကျိုးစီးပွားကို လေးစား ရေးအတွက် óကိးပမ်းဆောင်ရွက်သွားမည်။
(၅) တပ်ပေါင်းစုအတွင်း အတွေးအခေါ် နှင့် လုပ်ဟန် မှန်ကန်ရေး၊ ကျစ်လစ်ခိုင်မာရေး óကိးပမ်းသွားမည်။
မြန်မာနိုင်ငံကို တိုင်းရင်းသား လူမျုုိးပေါင်းစုံ ပြည်သူများက စုစည်းတည်ဆောက်ခဲ့သည်။ တိုင်းရင်းသားလူမျိုးများ သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗမာ တိုင်းရင်းသားများနှင့် ရောနှောနေထိုင်သည့် အစိတ်အပိုင်းများ ရှိသော်လည်း အများ စုမှာ တသီးတခြားစီ နေထိုင်သည်။ ဗမာ တိုင်းရင်းသား မဟုတ်သော တိုင်းရင်းသားလူမျိုး အားလုံးပေါင်းသည် မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးရှိသည်။ ‚င်းတို့ အခြေစိုက်ရာ နယ်မြေများသည် တပြည်လုံး၏ ငါးပုံ သုံးပုံ ဖြစ်သည်။ သယံဇာတ ပစ္စည်းအမြောက်အများ ထွက်ရှိကာ အချက်အခြာကျသော ဒေသများဖြစ်သည်။
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအရ ပြည်ထောင်စု တည်ဆောက်ရန် ရည်ရွယ်ချက် ဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပြည်နယ်၊ ပြည်မ ခွဲခြားမှုရှိပြီး ဗမာတိုင်းရင်းသားအများစုနေထိုင်သည့် ပြည်မကို ဗဟိုအစိုးရနှင့် လုံးထွေးထားခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ပြည်ထောင်စု ဟု အမည်ခံထားသော်လည်း ပြည်နယ်များတခုစီသည် ဗမာအများစု နေထိုင်သော တိုင်း ရ တိုင်းထဲမှ တိုင်းတခု၏ အဆင့်တူအခွင့်အရေးမျှသာ ရရှိခဲ့ပြီး တိုင်းရင်းသားများ၏ တန်းတူရည်တူရှိမှု၊ အပြန်အလှန် အသိအမှတ်ðပမှု နှင့် ရရှိသင့်သော အခွင့်အရေးများ ဆုံး±ှုံးခဲ့သည်။ ထို့ကြောင့် သမိုင်းတွင်ရှိခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ နှစ်ရပ်စလုံးသည် အနှစ် သာရအရ တပြည်ထောင် ္ကညငအမေပ သာ ဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်ကစပြီး တိုင်းရင်းသား လူမျိုးများသည် ဖက်ဒရယ် ပြည်ထောင်စု တည််််််ထောင်ခွင့်မရခဲ့ကြသဖြင့် ယနေ့တိုင် လက်နက်ကိုင် တော်လှန်ရေးများ ဆင်နွှဲလျက် ရှိကြသည်။ ပြည်တွင်း စစ်မီး တောက်လောင်လျက်ရှိကြသည်။ ပြည်တွင်းစစ် ရှိနေသမျှကာလပတ်လုံး ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချိုးဖောက် မှုများ ရှိနေဦးမည်သာဖြစ်သည်။
လူ့သမိုင်းတလျှောက်လုံးတွင် လူမျိုးရေးပြဿနာသည် အထင်အမျိုးမျိုးနှင့် ပေါ်ပေါက်ခဲ့၊ ပေါ်ပေါက်ဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း စစ်အာဏာရှင်များသည် မဟာလူမျိုးကြီးဝါဒကိုမွေးမြူပြီး ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးကို မျက်ကွယ်ðပခဲ့ကြသဖြင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒများရှိလာကာ ±ှုတ်ထွေးသော နိုင်ငံရေးပြဿနာပေါင်းစုံ ပေါ် ပေါက်ဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
သို့ဖြစ်၍ စစ်အာဏာရှင်စနစ် တိုက််ဖျက်ရေးအတွက် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရမည်ဖြစ်ပြီး စစ်အာ ဏာရှင်စနစ်ကို တိုက်ဖျက်ပြီးနောက် အရှည်သဖြင့် တည်တန့်ခိုင်မြဲမည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည် ရွယ်သည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအားလုံးအတွက် မှန်ကန်သော သဘောထား နှင့် ပြည်ထောင်စုမူများ ရှိထား သင့်သည်ဟု မကဒတ အနေဖြင့် ခံယူသည်။
မကဒတ ၏ ပြည်ထောင်စုမူ
(၂) ပြည်နယ်ရထိုက်သော လူမျိုးတမျိုးအတွက် ပြည်နယ်တခုသာ ရှိရမည်။
(၃) လူမျိုး၊ ပြည်နယ်ရထိုက်သောလူမျိုး သတ်မှတ်ခြင်း နှင့် ပြည်နယ် အုပ်ချုပ်ရေး ဒေသ၊ ပြည် ထောင်စုအထူးဒေသ၊ လူမျိုးစုအထူးဒေသ အစရှိသည့် ပြည်ထောင်စုအဖွဲ့အဆင့်ဆင့် သတ်မှတ် ခြင်းကို စစ်မှန်သည့် အမျိုးသားညီလာခံမှ ဆုံးဖြတ်ရန်ဖြစ်သည်။
(၂) ပြည်ထောင်စု အစိုးရ၏ အာဏာများကို ကန့်သတ်၍ ကျန်အာဏာများကို ပြည်နယ် အစိုးရ များ ကျင့်သုံးပိုင်ခွင့်ရှိသော အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးမည်။ လိုအပ်ချက်အရ ပြည်ထောင် စုအစိုးရနှင့် ပြည်နယ်အစိုးရများ ပူးတွဲကျင့်သုံးပိုင်ခွင့်ရှိသော အာဏာများကို သတ်မှတ်ရန် ဖြစ်သည်။
(၃) ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြ ဌာန်းချက်များနှင့် အညီ ဖြစ်စေရမည်။
(၄) ပြည်ထောင်စုအစိုးရတွင် အနည်းဆုံး အောက်ပါအာဏာများကို ကျင့်သုံးပိုင်ခွင့် ရှိစေရမည်။
• နိုင်ငံခြားရေး
• ငွေစက္ကူထုတ်ဝေရေး
• သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး
လူမျိုးစုကို အခြေခံသော ပြည်နယ် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်နှင့် လူဦးရေကို အခြေခံ သော ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသည့် လွှတ်တော်ဟူ၍ လွှတ်တော် နှစ်ရပ်ဖြင့် ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းမည်။
ဖက်ဒရယ်ပြည််ထောင်စု ပေါ်ထွန်းရေးသည် ပြည်သူလူထုတရပ်လုံးအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အဓိက သော့ချက်ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် မကဒတ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို ဦးတည်ချက် တရပ်အဖြစ် ထားရှိခဲ့သည့်အပြင် ပြည်ထောင်စုမူတရပ်ကိုလည်း ချမှတ်ခဲ့ပြီးဖြစ်သည်။ ဤ အခြေအနေတွင် မကဒတ ၌ ထမ်းဆောင်ရမည့် တာဝန် သုံးရပ် ရှိပေသည်။
ပထမတာဝန် မှာ မည်သည့်အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လိုအပ်သည်ကို ပြည်သူလူထု တရပ်လုံး နားလည် သဘောပေါက် လက်ခံလာရေးအတွက် ရှင်းပြ စည်း±ံုးရန်ဖြစ်သည်။
ဒုတိယတာဝန် မှာ တိုင်းရင်းသားလူမျိုးများအချင်းချင်း ထာဝရ သွေးစည်းညီညွတ်စွာ အတူတကွ နေထိုင်ကြမည့် ဖက်ဒရယ် ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းနိုင်ရေးအတွက် ညီညွတ်ရေးကို အစွမ်းကုန် óကိးပမ်းသွားရန်ဖြစ်သည်။
တတိယတာဝန် မှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်အပေါ် အခြေခံသည့် အစိုးရတရပ် ပေါ်ပေါက်လာသည်အထိ óကိးပမ်းသွားရမည်ဖြစ်သည်။ ဤ တာဝန်သုံးရပ်ကို မကဒတ အနေဖြင့် တòပိင် တည်း ထမ်းဆောင်ရမည်ဖြစ်သည်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ မကဒတ ၏ သဘောထား
လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေအရပ်ရပ်နှင့်ပတ်သက်၍ မကဒတသည် အောက်ဖော်ပြပါ အတိုင်း သဘောထားရှိသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအားနအဖမှလက်နက်ðဖတ်သိမ်းခြင်း အပေါ်သဘောထား
၂။ နိုင်ငံရေးပြဿနာများကို မဖြေရှင်းပဲ အတင်းလက်နက်ဖြုတ်ခြင်းသည် ပြဿနာများကို ပိုမို ရှုပ်ထွေးစေမည်သာဖြစ်မည်။
လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ပတ်သက်သောသဘောထား
၁။ မြန်မာနိုင်ငံတွင် ပြည်သူလူထုကြီးတစ်ရပ်လုံးမှာ အထွေထွေအကြပ်အတည်းများ ဖြင့်ရင်ဆိုင် နေရသည်။
၂။ ပြည်သူလူထုကြီး ရင်ဆိုင်နေရသော အထွေထွေအကြပ်အတည်းများကို ဖြေရှင်းရာတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအင်အားစုများ၏ ကူညီပံ့ပိုးမှုများကို ရရှိရန် လိုအပ် သကဲ့သို့ စစ်အစိုးရ၏ စစ်အသုံး စားရိတ်များကို လျှော့ချပြီး လူထု၏ လက်ငင်းလိုအပ်ချက် များကို တိုးမြ‡င့်အသုံးðပသွားရန် လိုအပ်သည်။
၃။ သို့သာ် လက်ရှိ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တယားများဖြင့် နိုင်ငံတကာမှ ပေးအပ် သော လူသားချင်း စာနာ ထောက်ထားသည့် ကူညီထောက်ပံ့မှုများမှာ သက်ဆိုင်ရာ လူထုထံ မရောက် ရှိနိုင်ပေ။
၄။ ထို့ကြောင့်လက်ရှိ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ယန္တယားများအား ðပပြင်ပြောင်းလဲ ရန် လိုအပ် သကဲ့သို့ နိုင်ငံရေးðပပြင်ပြောင်းလဲမှုများ ðပလုပ်ရန် လိုအပ်သည်။
မြန်မာနိုင်ငံအရေးကိစ္စအား ကုလသမ္ဂလုံðခံရေးကောင်စီမှ အရေးယူဆောင်ရွက်နိုင်ရေး óကိးပမ်းမှုများ အပေါ် သဘောထား
၁။ ကုလသမဂ္ဂလုံðခံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် တိုက်တွန်းချက်များကို မကဒတ က ထောက်ခံ သည်။
၂။ မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ ထွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် ကုလသမ္ဂ အထွေထွေ ညီလာခံက ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်များသည် တိုင်းရင်းသား အဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများ အားလုံး ၏ သဘောထား ဆန္ဒမှန်ဖြစ်သည်။
၁။ နိုင်ငံတကာမှမြန်မာနိုင်ငံ အပေါ်ချမှတ်ထားသောအရေးယူပိတ်ဆို့မှုများ အား မကဒတ က ထောက်ခံသည်။
(၄) ဖွဲ့စည်းပုံ
၁။ ရဲဘော်သံခဲ ဥက္ကဌ
၂။ ရဲဘော် မျိုးဝင်း ဒု ဥက္ကဌ
၃။ ရဲဘော် ဆန်နီ အထွေထွေ အတွင်းရေးမှူး
၄။ ရဲဘော် မြင့်ဟိန်း တွဲဘက် အထွေထွေ အတွင်းရေးမှူး ၁
၅။ ရဲဘော် ခင်ကျော် တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂
၆။ ရဲဘော် ဝေလင်းဇင် ဗဟိုဦးဆောင်ကော်မတီဝင်
၇။ ရဲဘော် ဆလိုင်းယောအောင် ဗဟိုဦးဆောင်ကော်မတီဝင်
၈။ ရဲဘော် ကျော်ကို ဗဟိုကော်မတီဝင်
၉။ ရဲဘော် မိုးကျော်ဦး ဗဟိုကော်မတီဝင်
၁ဝ။ ရဲဘော် ကျော်ကျော်လင်း ဗဟိုကော်မတီဝင်
၁၁။ ရဲဘော် အေးလွင် ဗဟိုကော်မတီဝင်
၁၂။ ရဲဘော် စောမောင်ဦး ဗဟိုကော်မတီဝင်
၁၃။ ရဲဘော် လှဆိုင်း ဗဟိုကော်မတီဝင်
၁၄။ ရဲဘော် အောင်ကျော်ဦး ဗဟိုကော်မတီဝင်
၁၅။ ရဲဘော် ဒီးယူ ဗဟိုကော်မတီဝင်
၁၆။ ရဲဘော် အောင်ဝင်းတင် အရံဗဟိုကော်မတီဝင်
၁၇။ ရဲဘော် သိန်းလွင် အရံဗဟိုကော်မတီဝင်
၁၈။ ရဲဘော် မြဝင်း အရံဗဟိုကော်မတီဝင်