
ပဋိပက္ခများကြောင့် နေအိမ် ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် စစ်ဘေး ရှောင်ဒုက္ခသည်များ၏ လိုအပချက် ကို အထူးဦးစားပေးဖြေရှင်းပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသ မဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက ပြောကြားသည်။
“ပဋိပက္ခကြောင့်ထိခိုက်ခဲ့ရသူ တွေနဲ့နေအိမ်ပြောင်းရွှေ့နေထိုင်ခဲ့ရ သူတွေရဲ့ လိုအပ်ချက်ကို အထူးဦး စားပေးကိစ္စရပ်တစ်ခုအနေနဲ့ ဖြည့် ဆည်းပေးဖို့ကျွန်တော်အလေးအနက် ပြောကြားလိုပါတယ်။ ကုလသမဂ္ဂ နဲ့လူ့အခွင့်အရေးလက်တွဲဖော်တွေ ကလည်း အစိုးရထိန်းချုပ်ထားတဲ့ နေရာပဲဖြစ်ဖြစ်၊ အစိုးရထိန်းချုပ်မှု အားနည်းတဲ့နေရာမှာပဲဖြစ်ဖြစ် လို အပ်နေသူအားလုံးကို လွတ်လပ်မျှ တစွာထိတွေ့ခွင့်ရရှိရပါမယ်”၏ဟု မစ္စ တာကွင်တားနားကထောက်ပြပြော ကြားသည်။
မစ္စတာကွင်တားနားသည် ယင်း၏ခြောက်ကြိမ်မြောက် မြန်မာ နိုင်ငံခရီးစဉ်အတွင်း ကချင်ပြည် နယ်အပါအ၀င် နယ်စပ်ဒေသများ ရှိ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ပဋိပက္ခဖြစ်မှုအခြေအနေဆန်း စစ်လေ့လာခဲ့ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိထား သည်ကို ကြိုဆိုကြောင်း၊ တိုင်းရင်း သားများအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် စိုးရိမ်ပူပန်မှု များကို ပပျောက်စေနိုင်ရန် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာမှုကိုအရှိန် မြှင့်ဆောင်ရွက်သင့်ကြောင်း မစ္စတာကွင်တားနားကသုံးသပ်သည်။
ကချင်ပြည်နယ်တွင် ပဋိပက္ခများဆက်လက်ဖြစ်ပေါ်နေခြင်း ကြောင့် လူ့အခွင့်အရေးချိုးဖောက် မှုများရှိနေသည်ဟု သိရှိခဲ့ရကြောင်း၊ မြေမြှုပ်မိုင်းအသုံးပြုမှု၊ ကလေးစစ် သားအသုံးပြုမှု၊ အဓမ္မစေခိုင်းမှုများ နှင့် ပေါ်တာဆွဲခြင်းများရှိနေ သေး သည်ကိုလည်း သိရကြောင်း၊ အဆို ပါကိစ်္စများ အထူးဦးစားပေးဖြေရှင်းရ မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိ ပက္ခအတွင်း အရပ်သားများကို ကာ ကွယ်ရေးသည် အစိုးရနှင့်လက်နက် ကိုင်အဖွဲ့အစည်းအားလုံးတွင်တာဝန် ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာလူ့အ ခွင့်အရေးနှင့် လူသားချင်းဆိုင်ရာဥ ပဒေကိုလေးစားရမည်ဖြစ်ကြောင်း မစ္စတာကွင်တားနားကပြောကြား သည်။
သမိုင်းရှည်ကြာခဲ့ပြီဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့်ငြိမ်းချမ်းရေးတည် ဆောက်ခြင်းသည် ခက်ခဲနက်နဲပြီး အလွန်ထိရှလွယ်သည့်ကိစ်္စဖြစ် ကြောင်း သြဂုတ် ၄ ရက်တွင် နိုင်ငံ ရေးပါတီ ၁၄ ခုနှင့်တွေ့ဆုံစဉ်ပြော ကြားသည်။
တိုင်းရင်းသားလူမျိုးစုလက်နက် ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ထိ တွေ့ဆက်ဆံမှုများရှိနေပြီး အချို့သ ဘောတူညီသည့်အချက်များကို နှစ် ဦးနှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ ကြောင်း၊ကချင်ပြည်နယ်မြောက်ပိုင်း ရှိ ကချင်လက်နက်ကိုင် KIO/KIA အဖွဲ့နှင့် ယနေ့ထိညှိနှိုင်း၍မရသေး ကြောင်း၊ တစ်နှစ်ကျော်ကာလအ တွင်း နစ်နာဆုံးရှုံးမှုအလွန်များ ကြောင်း၊ ထိုဒေသရှိတိုင်းရင်းသား အချို့သည် စစ်ဘေး၊ စစ်ဒဏ် ကြောင့် မိမိတို့၏ရပ်ရွာ၊ အိုးအိမ် နှင့် အလုပ်အကိုင်များကိုစွန့်လွှတ်ပြီး နီး စပ်ရာတို့၌ခိုလှုံနေရသည်မှာ တစ် နှစ်ကျော်သွားပြီဖြစ်ကြောင်း၊ KIO/KIA ခေါင်းဆောင်ပိုင်းများနှင့် မိမိ တို့အဆက်အသွယ်ရှိကြောင်း၊ တိုင်း ရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးရရှိ အောင်ဆောင်ရွက်ရေးသည် အမျိုး သားရေးတာဝန်တစ်ရပ်ဖြစ်သည့်အ တွက် ပါတီအားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်ရန်တိုက်တွန်းလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ဖြိုးမောင်မောင်
http://www.themyanmarpost.com/?p=12595