August 6, 2012
ပြည်ထောင်စုအဆင့် တက်နိုင်ရန် အပစ်ရပ် ခိုင်မာဖို့လိုဟု KNU ပြော
နော်မေဦး က မဇ္စျိမကို ပြောကြားလိုက်သည်။
“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရဖို့ ကျမတို့ လုပ်နေတာပါ။ ပြည်ထောင်စု အဆင့်ကိုခြေလှမ်းနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ လိုတယ်” ဟု သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် KNU တို့၏ တွေ့ဆုံပွဲကို သြဂုတ်လ ၅ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၌ နံနက် ၁၀ နာရီခန့်မှ နေ့လည် ၂ နာရီ ခွဲအထိ ကျင်းပခဲ့သည်။
မြန်မာ အစိုးရ၏ ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လဝက ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါ၀င် တက်ရောက် ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်၍ နော်မေဦး၊ ပဒို သောသီဘွဲ၊ စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့ကြသည်။
KNU ဘက်မှ ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကပင် ၁၁ ချက် ပါဝင်သည့် တောင်းဆိုချက်ကို ပေးအပ်ထားခဲ့ပြီး ဦးအောင်မင်း မှလည်း အချက်အားလုံးကို မူအားဖြင့် သဘောတူသည်ဟု ပြောကြားထားသည်။
တနင်္ဂနွေနေ့ ဆွေးနွေးပွဲသည် ဘားအံမြို့၌ ပြုလုပ်မည့် အစိုးရနှင့် KNU တို့၏ တတိယအကြိမ် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ ခရီးစဉ်အတွက် ပဏာမ သဘောဖြင့် ဆွေးနွေးကြမည့် အချက်အလက်များအား ကြိုတင်ညှိနှိုင်း
ဆွေးနွေးကြခြင်းလည်း ဖြစ်သည်။
သို့သော်လည်း အနှစ် ၆၀ ကျော် ပြည်တွင်းစစ် ရပ်ဆိုင်းနိုင်ရန်အတွက် အောက်ခြေတပ်များအကြား ပဋိပက္ခများ ရှိနေဆဲ ဖြစ်ကြောင်း မနော်မေဦး က ပြောသည်။
“ပြီးခဲ့တဲ့ ဂျုလိုင်လ အတွင်းမှာ ခိုသာခို ရွာမှာ အင်ဥ သွားရှာတဲ့ ကရင်ရွာသား တယောက် တပ်စခန်း အနီးရောက်သွားတော့ ဟိုက ရန်သူ ထင်ပြီး ပစ်လိုက်တယ်။ အဲလို အလားတူ ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်။ ၆၄ နှစ်တာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ရပ်ဆိုင်းနိုင်ဖို့အတွက် အောက်ခြေမှာ ပြဿနာတွေ အများကြီး ရှိပါသေးတယ်” ဟု ဆိုသည်။
ကရင်ပြည်နယ်အတွင်း၌ အစိုးရတပ်များ လွှမ်းမိုးထားမှု၊ နေရာ ချထားမှု အများအပြား ရှိနေသေးကြောင်း ၎င်းဆွေးနွေးပွဲ၌ ထောက်ပြခဲ့ပြီး နှစ်ဦးနှစ်ဘက် လက်နက်ကိုင် တပ်များအကြား လိုက်နာရမည့် ကျင့်ဝတ်များနှင့် ပဋိပက္ခများ နည်းနိုင်သမျှ နည်းအောင် ညှိနှိုင်းလုပ်ဆောင် ကြရေးကို ဆွေးနွေးခဲ့ကြသည်။
အစိုးရနှင့် KNU တို့အကြား၌ နယ်မြေ ပဋိပက္ခများ ဖြစ်ပွားနေကြဆဲ ကာလ၌ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကိုလည်း လက်မခံလိုသေးကြောင်း KNU ဘက်မှ အဆိုပြု ထားသည်။
KNU အနေနှင့် မြဝတီမြို့၌ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် လျာထားမှု ရှိသော်လည်း ဖွင့်လှစ်မည့် နေ့ရက် အတိအကျကို မသိရှိ ရသေးကြောင်း မနော်မေဦး က ပြောသည်။
KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင် ဟိုတယ်
ဆွေးနွေးပွဲ၌ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်နယ်အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/9800-----knu-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။