နို၀င်ဘာ ၄၊ ၂၀၁၂
http://moemaka.com/?p=28755
1 | ၂၀၁၃ ဖေဖေါ်ဝါရီလ ဓာတ်ပုံသတင်းများ | ကြာသပတေး, 14 မတ် 2013 | BNI |
2 | ၂၀၁၂ ဇန်နဝါရီ - အောက်တိုဘာ ဓာတ်ပုံများ | ကြာသပတေး, 04 အောက်တိုဘာ 2012 | BNI |
3 | ၂၀၁၁ စက်တင်ဘာ-နိုဝင်ဘာလ ဓာတ်ပုံများ | ကြာသပတေး, 01 စက်တင်ဘာ 2011 | BNI |
4 | ၂၀၁၁- ဧပြီ- သြဂုတ်လ ဓာတ်ပုံများ | သောကြာ, 06 မေ 2011 | BNI |
5 | ၂၀၁၁ ဇန်နဝါရီ-ဖေဖော်ဝါရီလ ဓါတ်ပုံများ | ဗုဒ္ဓဟူး, 23 ဖေဖေါ်ဝါရီ 2011 | BNI |
6 | ၂၀၁၀ စက်တင်ဘာ-နိုဝင်ဘာလ ဓါတ်ပုံများ | အင်္ဂါ, 07 စက်တင်ဘာ 2010 | BNI |
7 | ၂၀၁၀ မေ-သြဂုတ်လ ဓါတ်ပုံများ | အင်္ဂါ, 04 မေ 2010 | BNI |
8 | ၂၀၁၀ ဇန်နဝါရီလ-ဧပြီလ ဓါတ်ပုံများ | ကြာသပတေး, 21 ဇန်နဝါရီ 2010 | BNI |
9 | နိုဝင်ဘာလ-ဒီဇင်ဘာလ ဓါတ်ပုံများ | ကြာသပတေး, 05 နိုဝင်ဘာ 2009 | BNI |
10 | ဧပြီ-အောက်တိုဘာလ ဓါတ်ပုံများ | အင်္ဂါ, 21 ဧပြီ 2009 | BNI |
11 | မတ်လ ဓါတ်ပုံများ | ကြာသပတေး, 12 မတ် 2009 | BNI |
12 | ဖေဖေါ်ဝါရီလ ဓါတ်ပုံများ | ဗုဒ္ဓဟူး, 04 ဖေဖေါ်ဝါရီ 2009 | BNI |
KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။
မြန်မာ့အရေးလှုပ်ရှားသူနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ်လှုပ်ရှား ဆောင်ရွက်သူ ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်ခဲ့ပါသည်။ ဆုကို ယခုလ ၂၀ ရက်က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ဆုပေးပွဲအပြီး ဂုဏ်ပြုညစာ စားပြီးကြစဉ် ဆုရှင်တဦးဖြစ်သော ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း တည် ထောင်သူ ဒေါက်တာစင်သီယာမောင်အား သျှမ်းသံတော်ဆင့်ကဆက်သွယ် မေးမြန်းထားပါသည်။
ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်္ဘာလ ၁၇ ရက်နေ့က တက်ရောက်ခဲ့တဲ့ ရခိုုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်ကို နိရဥ္စရာက တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ အဓိက ဆွေးနွေးပွဲမှာ ဘာတွေကို တင်ပြ ဆွေးနွေးခဲ့သလဲဆိုတာကို ဒေါက်တာ အေးမောင်က ခုလို ပြောပြပါတယ်။
သျှမ်းပြည်တပ်မတော်၏ တပ်သားများနှင့်အတူ ဒေသခံလူထုအချို့အား ဝ တပ်ဖွဲ့မှဖမ်းဆီးထိန်းသိမ်းထားသည်မှာ လဝက် ခန့်ရှိပြီဖြစ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးဟု သိရပါသည်။ အဆိုပါအဖမ်းခံရသူများ လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တပ်မတော်မှ မည်သို့ကြိုးပမ်းနေသနည်း။ အကြောင်းစုံသိရအောင် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်အား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။
ယခင်စစ်အစိုးရအဆက်ဆက် ချမှတ်ထားသော ပြည်ဝင်ခွင့် ပိတ်ပင်ထားသူများစာရင်း Black List မှ ပယ်ဖျက်မှုအပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်လည်း ပြန်ရောက်လာခဲ့သည်။
ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်လည်းဖြစ် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း ပြည်တွင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းက ပါတီတွေရဲ့ သဘောထားတွေကို သိရှိနိုင်အောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကို နိရဥ္စရာရဲ့ ရန်ကုန် သတင်းထောက် မင်းခိုင်မိုက်က သွားရောက် မေးမြန်းတဲ့ အခါ သူက အခုလို စပြောပါတယ်။
အပစ်ရပ်အဖွဲ့များရဲ့ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးအတွက် နယ်စပ်နေဒုက္ခသည်တွေကို ပြည်တွင်း ပြန်ပို့မယ့်အရေးမှာ နော်ဝေအစိုးရရဲ့ Myanmar Peace Support Initiative(MPSI) အဖွဲ့က တိုက် ရိုက် အကူအညီပေးသွားမယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ကာလမှာ သတင်း တွေ ထွက်ပေါ်နေပါတယ်။
အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကိုယ်စားလှယ်တွေနဲ့ PNLO တို့ ဒီကနေ့ ရက်ပိုင်းမှာ ပဏာမအဆင့် ဆွေးနွေးကြဖို့ ရှိတယ်လို့ ကြားသိရပါတယ်။ ပထမအကြိမ် ဂျူလိုင်လ နှောင်းပိုင်း တုန်းကသွားရောက်တွေ့ဆုံစဉ်က ဘာအကြောင်းတွေအဓိကထား ဆွေးနွေးခဲ့ကြသလဲ။
ကရင်အမျိုးသားအာဇာနည်နေ့နှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်း အား ကေအိုင်စီမှ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။
သြဂုတ်လပိုင်း အတွင်း ကချင်ပြည်နယ်ဘက်တွင် မြန်မာအစိုးရတပ်ဖွဲ့များ စစ်အင်းအားပိုမို ထိုးစစ်ဆင်လာခြင်း ကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဘက်တွင် ကျဆုံး ဒဏ်ရာရရှိသူများပိုမိုများပြားလာခြင်းရှိသည် ဟူသော သတင်းနှင့်ပတ်သက်ပြီး KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်ကို KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန်က သြဂုတ် ၂၁ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။
၂၀၁၁ ဩဂတ်စ် ၁၈ ရက်နေ့ က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က တိုးတက်သောနိုင်ငံတော်ကို တည် ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အား ငြိမ်းချမ်းရေးအတွက် လက်ကမ်းခဲ့ပါ တယ်။