အပြန်လမ်းမှာ အစိုးရစစ်တပ် နယ်မြေကိုအဖြတ်မှာ သူတို့မော်တော်ကား ထားခဲ့တဲ့နေရာကို ပြန်လာလို့မရအောင် အဲဒီမှာရှိတဲ့ အစိုးရတပ်ဖွဲ့ဝင်တချို့က မိုင်းများချထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့အဖွဲ့ဟာ ကားရပ်ထားတဲ့နေရာကို တံတားပေါ်က မဖြတ်တော့ပဲ ချောင်းဘေးကပတ်ပြီး သွားတယ်လို့သိရပါတယ်။ ကားရပ်ထားတဲ့နေရာကို ပြန်ရောက်ချိန်မှာ သူတို့ကားကို စက်နှိုးလို့မရအောင ်ဘက်ထရီကြိုးတွေ ဖြုတ်ထားတာ တွေ့ကြရတယ်လို့ ဆိုပါတယ်။
အခုလို သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။