စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို နေရပ်ရင်းဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု သတင်းထွက်ပေါ် နေသည့်အပေါ် ကရင်လူထုအခြေပြုအဖွဲ့များ (KCBOs)မှ ယမန်နေ့က သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ဒုက္ခသည်များအား မူလနေထိုင်ရာ မိခင်မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် ကြိုတင်သတ်မှတ်ချက်နှင့် လုပ်ငန်းစဉ်မရှိဘဲ ဆောင်ရွက်ပါက ဒုက္ခသည်များ၏ဆန္ဒကို ဆန့်ကျင်ရာရောက်သလို ၎င်းတို့၏ အခွင့်အရေးကိုလည်း မလေးစားရာ ရောက်ကြောင်း ဖော်ပြထားသည်။
KCBOs ၏ ပြောရေးဆိုရှိသူ ကရင်အမျိုးသမီးအစည်းအရုံး-KWO အထွေထွေ အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က “ဒုက္ခသည်တွေကို ပြန်ပို့မယ်လို့ သတင်းထွက်ပေါ်နေတာပဲ။ စုံစမ်းတော့ ဘယ်သူမှ သေချာမပြောနိုင်ဘူး။ ဘယ်လိုပဲဖြစ်စေ တကယ်ပြန်ပို့မယ်ဆိုရင် ကျမတို့ KCBOs ဟာ အသိအမှတ်ပြုခံရဖို့နဲ့ ဘယ်ကဏ္ဍမှာ ပါ၀င်ပူးပေါင်းရမလဲဆိုတာ အဓိက ပြောချင်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
KCBOs သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူမှုအသိုင်းအဝိုင်းထဲတွင် အလုပ်လုပ်နေသည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့အဖွဲ့များမပါဘဲ ဒုက္ခသည် များအား ပြန်ပို့ရေးအစီအစဉ်ကို မလုပ်သင့်ကြောင်း နန်းဒါးအဲ့ကလယ်က ဆက်လက် ပြောဆိုသည်။
ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရန် မြန်မာနိုင်ငံအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး၊ ဒုက္ခသည်များ၏ လုံခြုံရေး အာမခံချက်အတွက် မြေမြုပ်မိုင်းရှင်းလင်းရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် မြေယာသိမ်း ဆည်းမှုများ အဆုံးသတ်ရေး စသည်တို့ကို ဆောင်ရွက်ရမည်ဟု ၎င်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
လက်ရှိအခြေအနေအရ မြန်မာအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို နေရပ်ပြန်စေချင်သော် လည်း ထိုင်းအစိုးရနှင့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNCHR တို့က လူ့အခွင့်အရေးကို လေးစားသည့်အနေဖြင့် ဒုက္ခသည်များ၏ ကိုယ်ပိုင်ဆန္ဒအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KCBOs က ဆိုသည်။
ထို့အပြင် KCBOs ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအား နေရပ်ပြန်ပို့ရေးကိစ္စနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်လူထုအခြေပြုအဖွဲ့အစည်း-KCBOs အဖွဲ့ပေါင်းမှာ ၃၀ခန့်ရှိပြီး ၎င်းတို့သည် လူ့အခွင့်အ ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး လုပ်ငန်းများကို အခြေခံလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြသလို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များနှင့် ပြည်တွင်းရှိ ကရင်ဒေသရှိ ပြည်တွင်းဌာနေမဲ့ ဒုက္ခသည်-IDPs များအရေးကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။
http://www.kicnews.org/?p=13333







Wednesday, September 12, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: