February 16, 2013

စာနာမှုအထောက်အပံ့ ကချင်ဒုက္ခသည်တွေမျှော်

ကချင်ပြည်နယ် ဒုက္ခသည်စခန်းတခုကချင်လွတ်မြောက်ရေးတပ် ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေက ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ဒီရက်ပိုင်းအတွင်း ရောက်လာနိုင်တယ်လို့ ကေအိုင်အိုက ပြောကြားလိုက်ပါတယ်။ တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ထိန်းချုပ်ရာ နယ်မြေတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ခုနှစ်သောင်းကျော်သွားပြီလို့ ပြောပါတယ်။ ကချင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောခွင့်ရကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး (UNOCHA) ရဲ့ အကူအညီပေးရေး ယာဉ်တန်းတွေဟာ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ ရောက်ရှိလာနိုင်တယ် ဆိုတဲ့ သတင်းစကားကို ကေအိုင်အိုက ရရှိထားတယ်လို့ ကေအိုင်အိုပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ လိုင်ဇာမြို့ထဲကို အကူအညီပေးရေး အဖွဲ့တွေ ဝင်ရောက်လာခြင်းတော့ မရှိသေးဘူးလို့ ကေအိုင်အိုပြောခွင့်ရ ဦးလာနန်က ပြောပါတယ်။

“UNOCHA အဖွဲ့က လိုင်ဇာဘက်ကိုလည်း လာမယ်ဆိုတဲ့သတင်းတွေက ထုတ်ဖော်တာမျိုး ရှိတယ်။ နောက်ပြီး ဖားကန့်ဘက်မှာရှိတဲ့ ဒုက္ခသည်တွေကိုလည်း သူတို့ သွားပြီးတော့ ကူညီပေးပါ့မယ်ဆိုတဲ့ ထုတ်ဖော်ချက်တွေတော့ ရှိတယ်။ ကျနော် သိရသလောက် ဒီနေ့အထိတော့ ဒီလိုင်ဇာဘက်ကိုလာတဲ့ ယာဉ်ကားတွေက မထွက်လာသေးဘူး။ ဒါပေမဲ့ တရက် နှစ်ရက်အတွင်းမှာ သူတို့ ထွက်လာအောင် ကြိုးစားမယ်ဆိုတဲ့ သတင်း ပါးတာမျိုးတော့ သူတို့ ရတယ်ခင်ဗျ။”
ဖေဖော်ဝါရီ လဆန်းပိုင်းက ကေအိုင်အိုနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာကူညီရေး အဖွဲ့တွေကို ကချင်ပြည်နယ်ထဲကို သွားရောက် ခွင့်ပေးလိုက်ပါတယ်။ အရင်တုန်းကတော့ ကေအိုင်အေ ထိန်းချုပ်ရာ ဒေသတွင်းက ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာ အကူအညီပေးဖို့မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာ အစိုးရက ခွင့်မပြုခဲ့ပါဘူး။

အခုဆိုရင် တရုတ်-မြန်မာနယ်စပ်နဲ့ ကချင်ထိန်းချုပ်ရာနယ်မြေတွေမှာ စစ်ပြေးဒုက္ခသည်ဦးရေဟာ ခုနှစ်သောင်းကျော်သွားပြီ ဖြစ်ပြီး နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာနဲ့ လုံခြံုရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိနေပါတယ်။

“အားလုံး ကျနော်တို့ စာရင်းတွေ ချုပ်ကြည့်လိုက်မယ်ဆိုရင်တော့ ခုနှစ်သောင်းလောက် ကျော်တယ် ခင်ဗျ။ တရုတ်နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေသာမကဘဲ အတွင်းပိုင်းမှာရှိနေတဲ့ အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့ တပ်မဟာ (၁) ဒေသတို့၊ နောက်ပြီးတော့ တပ်ရင်း (၅) ဒေသတခွင်မှာရှိတဲ့ ဒုက္ခသည်တွေ အားလုံး ပေါင်းလိုက်ရင်တော့ ခုနှစ်သောင်းလောက် ကျော်မယ်ခင်ဗျ။ တချို့ သွားလာရေး ခက်ခဲတဲ့ဒေသမှာရှိတဲ့ ဒုက္ခသည်တွေ ကတော့ တော်တော်များများ စားရေးသောက်ရေးသာမက သူတို့ရဲ့ လုံခြံုရေးပေါ့၊ လုံခြံုရေးဆိုတဲ့နေရာမှာ နေရေးထိုင်ရေး ကိစ္စအပါ အများကြီး အခက်အခဲတော့ ရှိပါသေးတယ်ခင်ဗျ။”

ဒီလ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ ထိုင်းနိုင်ငံမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ တွေ့ဆုံဖို့ ရှိသလို ကေအိုင်အိုအနေနဲ့ကတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ နှစ်ဘက် စစ်ရေး တင်းမာမှုတွေ လျှော့ချနိုင်ဖို့၊  နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေ တယ်လို့ ဦးလာနန်က ပြောပါတယ်။

“ထိုင်းမှာတွေ့မယ့်ကိစ္စကတော့ UNFC အဖွဲ့နဲ့ ဒီလ ၂၀ ရက်မှာ ထိုင်းမှာတွေ့ကြမယ်ဆိုတဲ့ သတင်း ကျနော် ရတယ်ခင်ဗျ။ ဦးအောင်မင်းနဲ့ တွေ့ဆုံမှုကလည်း ဆက်ပြီးလုပ်ရမယ့်ကိစ္စအပိုင်းတွေပါ။ ဒါပေမဲ့ ဘယ်တော့ ဘယ်အချိန် လုပ်မယ်ဆိုတဲ့ ကိစ္စတော့ ဒါ သတ်မှတ်တာမျိုးတော့ မရှိနိုင်သေးဘူးခင်ဗျ။ တွေ့တော့တွေ့မှာပါ။”

မြန်မာအစိုးရကိုယ်စားလှယ်အဖြစ်နဲ့ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ လုပ်ဆောင်နေချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ ကချင်ငြိမ်းချမ်းရေး အတွက် အချိန်မရွေး လာရောက် ဆွေးနွေးနိုင်တယ် ဆိုတဲ့ ကမ်းလှမ်းချက်အပေါ်မှာတော့ နားမလည်ဘူးလို့ ကေအိုင်အိုက ပြောပါတယ်။

“အစိုးရအဖွဲ့ဝင်ကနေပြီးတော့ ဦးအောင်မင်းကို သူတို့ ကိုယ်စားလှယ်အနေနဲ့ သတ်မှတ်ထားတာ ရှိတယ်။ ဒါကြောင့် ဒီ ဦးအောင်မင်းအဖွဲ့နဲ့ ကျနော်တို့ တွေ့သင့်တဲ့ကိစ္စတွေမှာ တွေ့ကြတယ်ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်ကနေပြီးတော့ တိုက်ရိုက် ပြောဆိုတာမျိုး ဆိုတာကတော့ ဒါ ဘယ်လိုရည်ရွယ်ချက်နဲ့ပြောတယ်ဆိုတာ ကျနော်တို့ နားမလည်ဘူးခင်ဗျ။”

ပြီးတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးမှာ ဝင်ရောက် လုပ်ဆောင်ပေးပါ့မယ်လို့ ပြည်ထောင်စုနေ့က ကမ်းလှမ်းချက်အပေါ်မှာတော့ ကချင်အရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံးအရေး ဖြစ်တဲ့အတွက် အားလုံးက ပါဝင်နိုင်ပြီး ဘယ်သူ့ကိုမှ အကူအညီတောင်းမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း ကန့်သတ်ထားမှာ မဟုတ်ဘူူူးလို့ ကေအိုင်အိုက ဆိုပါတယ်။

“ကျနော်တို့ကတော့ အမြဲတမ်း ပြောပြီးသား။ ဒီ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို ဘယ်သူပါ၀င်ကြပါ ဆိုပြီးတော့ ဖိတ်ကြားတာမျိုး၊ အကူအညီတောင်းတာမျိုးတော့ လုပ်မှာမဟုတ်ဘူးဆိုတာ ပြောပြီးသားပါ။ ဒါကြောင့်မိုလို့ ဒီ အရေးမှာ၊ ကချင်အရေးဆိုပေမဲ့ ဒီကိစ္စဟာ ပြည်တွင်း တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အရေး ဖြစ်တယ်။ တိုင်းရင်းသား အရေးတွေ ဖြစ်တယ်။ ဒီကိစ္စမှာ အားလုံးက ပါ၀င်နိုင်တယ်၊ ပါ၀င်ဆောင်ရွက်နိုင်တယ်။ ဘယ်သူ့ကိုမှ မပါ၀င်ရ၊ မဆွေးနွေးရ ဆိုပြီးတော့ ကန့်သတ်ပိတ်ပင်ထားတာ မရှိဘူးခင်ဗျ။”
ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ဒီရက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ နှစ်ဘက်စလုံးက အသင့်စစ်ပြင်ထားတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ကေအိုင်အိုကပြောပါတယ်။

“ဒီရက်ပိုင်းမှာတော့ တိုက်ခိုက်မှုတွေက မရှိသလောက် လျော့ပါးသွားတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ အခြေအနေ တည်ငြိမ်သွားတယ်လို့တော့ ပြောလို့မရဘူး။ အားလုံးက ရှေ့တန်းမှာ တပ်စခန်းတွေက တခုနဲ့တခု နီးနီးကပ်ကပ် ရှိနေတော့ တင်းမာမှုတော့ ရှိသေးတယ်ခင်ဗျ။”

ဒီရက်ပိုင်းအတွင်းမှာ ကချင်ပြည်နယ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သွားရောက်ခဲ့ပေမဲ့ ကေအိုင်အို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခြင်း၊ သတင်းစကားပါးခြင်း လုံးဝမရှိခဲ့သလို ကေအိုင်အိုထိန်းချုပ်ရာ ဒုက္ခသည်စခန်းတွေ ဆီကိုလည်း ရောက်မလာခဲ့ဘူး လို့ ကေအိုင်အိုဘက်က ပြောပါတယ်။

http://burmese.voanews.com/content/kachin-refugee-02-16-13/1604977.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India