
“ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေဟာ အလကားပါ။ အစိုးရက မိုင်းရှူးမှာ ရှိတဲ့ ကျနော်တို့ စခန်းကို တမင်လာ တိုက်တယ်။ နှစ်ကြိမ်တိုင် ကျနော်တို့ ဆုတ်ပေးခဲ့တယ်။ နောက် ဆုံးတော့ ကျနော်တို့က ပြန်တိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကိုချတယ်။ အဲဒီအခါမှာ သူတို့က မိုင်းရှူးကို ထပ်တိုက်လာတယ်၊ ရာဇသံပေးတယ်။ ကျနော်တို့ ကလည်း လာရှိး၊ ကျောက်မဲ၊ မိုးမိတ်ဖက်ကို ပြန်တိုက်တယ်။ ဒီလို တုန့်ပြန် လိုက်တော့မှ သူတို့က ငြိမ်သွား တော့တယ်” ဆိုပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ် ဆေထင် ခေါင်းသော (SSPP) အဖွဲ့နှင့် အစိုးရတို့သည် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးရန် မူလက စီစဉ် ထားသော်လည်း ရခိုင်ပြည်နယ် အရေးကို အကြောင်း ပြပြီး အစီစဉ်ကို အစိုးရက ပယ်ဖျက် လိုက်ပါသည်။ ထို့အပြင် အစိုးရသည် အစီစဉ် ဖျက်သိမ်းကြောင်း အသိပေးပြီးသည်နှင့် ဇွန်၁၉ ရက်နေ့နှင့်၂၀ ရက်နေ့တွင် အစိုးရ တပ်ရင်း (၂) ရင်းသည်၊ မိုင်းရှူး မြို့နယ်ရှိ မောင်ဝါ၌ စခန်းချထားသော SSPP တပ်တည်နေရာဖြစ်သည့် ကောင်းမိုင်ဟုန် စခန်းကို စတင် တိုက်ခိုက် တော့သည်ဟု SSPP က ဆိုပါသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ထိုတိုက်ပွဲ အကြောင်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင် ဦးသိန်ဇော်ထံ အကြောင်းကြား ခဲ့ပြီးမှ သမ္မတ ဦးသိန်းစိန်ထံမှ အကြောင်းပြန်ကြားချက် ရရှိခဲ့ပါသည်။ သမ္မတသိန်းစိန်က “ဆုတ်ပေးမယ် ဆိုပြီး အသိပေးခဲ့တယ်။ နောက်ပြီး SSPP ဘက်ကလဲ စိတ်ရှည်ရှည် သဘောထားေ ပးပါ ဆိုပြီး အဆိုပြု လာပါတယ်” သို့သော် လည်းဘဲ ဇွန်လ (၃၀) ရက်နေ့သို့ ရောက်သောအခါ မိုင်းရှူးရှိ SSPP ၏ အမှတ် (၇) တောင်ကုန်းကို ၄င်းတို့၏ (၅) မိုင်ကုန်းမှ နေပြီး လက်နက်ကြီးနှင့် စတင် ပစ်ခတ်ရာ ဇူလိုင် ၁/၂/၃/ ရက်နေ့ ၌ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပါသည်။ ထို့အပြင် မိုင်ကောင်း၊ တန်ယန်း မြို့ နယ်မှ လာသော တပ်မ ၃၃ တပ်ဖွဲ့ ကလည်း အမှတ် (၇) တောင်ကုန်ကို အပြင်းအထန် ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။
“ဇူလိုင် ၄ ရက်နေ့မှာ ကျနော်တို့က သူတို့ထံက လက်နက် ခဲယမ်း မီးကျောက်တွေ၊ ပစ္စည်းတွေ သိမ်းရတာကို ကြည့်ရင် တိုက်ပွဲထဲမှာ အစိုးရဘက်က အထိနာတယ်။ တော်တော် ကျသွားတယ်လို ခန့်မှန်း ရတယ်။ ကျနော်တို့ ကလည်း ပြန်တိုက် တာပေါ့ ။ လာရှိုး၊ ကျောက်မည်း မိုးမိတ် ဖက်က တပ်တွေကို ပြန်တိုက်တယ်။ အဲဒီတော့မှ အရှေ့ပိုင်းတိုင်း တပ်တွေက ဘာပြောလာ လဲဆိုတော့ ပြည်သူတွေကို ဒုက ္ခမပေးပါနဲ့လို့ ဆိုလာတယ်။ အမှန်တကယ်ကတော့ အဲဒီ တိုက်ပွဲတွေဟာ သူတို့က နေပြီး စတင် တိုက်လာလို့ မခံနိုင်လို့ ပြန်တိုက်တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း သူတို့ဘဲဖျက်တယ်။ သဘောတူ ညီချက်ကို သူတို့ဘဲ ဖေါက်ပြီး လာတိုက်တယ် ဆိုတော့ ယုံကြည်စရာ မရှိတော့ဘူး” ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

ဤဖြစ်ရပ် များကြောင့် အစိုးရ၏ ဂတိ၊ သဘောတူညီချက် များသည် အခြေအမြစ်မရှိဟု SSPP က ယူဆခဲ့ပါသည်။ အလားတူ SSPP ၏ စစ်မဟာမိတ် ဖြစ်ကြသော ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ မိုင်းလားနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့တို့ သည်လည်း အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို မယုံကြည် ကြတော့ဘဲ စစ်ရေး အသင့် ပြင်ဆင်ထားပြီး စောင့်ကြည့် နေကြသည်ဟု ဆိုပါသည်။
“ဝ တွေရဲ့ သုံးသပ်ချက်ကတော့ အစိုးရဟာ အပြောတခြား အလုပ်တမျိုး ဖြစ်လို့ ယုံကြည်ရ ခက်သွားပြီလို့ ပြောကြတယ်။ ၀ တွေ ငြိမ်နေတာက အစိုးရဘက်က အခြေအနေကို စောင့်ကြည့် နေတာပါ။ အစိုးရရဲ့ အပြောင်းအလဲ အပေါ် မူတည်တယ်။ ဝ နဲ့ ကျနော်တို့က အချင်းချင်း မဟာမိတ်တွေ ဆိုတော့ နားလည်မှုတွေ ရှိတယ်။ စစ်ရေး ပူးပေါင်းမှု တွေလည်း ရှိတယ်”ဟု ဗိုလ်မှူးကြီးက ဆိုပါသည်။
ဤသို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးသည်၊ အစိုးရနှင့် အစိုးရ NGO အဖွဲ့များ ပြောသလို တိုင်းရင်းသား အဖွဲ့များ၌သာ မူတည်နေသည် မဟုတ်ဘဲ အသံကောင်း ဟစ်နေသော အစိုးရ၏ သဘေထား အပေါ်၌သာ မူတည်သည်ဟု တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2012-2012-08-15-11-04-48.html