
Wednesday, August 15, 2012

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တပ်မဟာနှစ်ခုအတွက် ဆက်ဆံရေးရုံးကို သြဂုတ်လ ၁၈ရက်နေ့ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ရရှိသည့် ၎င်းတို့၏ ဖိတ်စာအရ သိရသည်။

ထိုနေ့နံနက် ၁၀နာရီမှ ၁၂နာရီအထိ ဖွင့်ပွဲအဖြစ် ပြုလုပ်သွားမည့် အဆိုပါဆက်ဆံရေးရုံးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ(၆)နှင့် တပ်မဟာ(၇)တို့ ပူးတွဲထားခြင်းဖြစ်သည်။
KNLA ဆက်ဆံရေးရုံး ဖွင့်ပွဲကို မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အိမ်အမှတ်(၂၀၁)နေရာ၌ ပြုလုပ်သွားမည် ဖြစ်သည်။
http://www.kicnews.org/?p=12903
Posted in: KNU,ကရင်,ဆက်ဆံရေးရုံးများ,တွေ့ဆုံဆွေးနွေးမှု,သတင်း
Email This
BlogThis!
Share to Facebook