January 3, 2013

ကချင်တိုက်ပွဲကြောင့် နယ်စပ် ကုန်သွယ်ရေး ထိခိုက်


ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေကြားတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက်၊ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှု ထိခိုက်နေပါတယ်။ လိုင်ဇာမြို့မှာ ကုန်အရောင်းအဝယ် လာလုပ်နေကြတဲ့ တချို့တရုတ်လူမျိုးတွေဆိုရင်လည်း တရုတ်ပြည်ကို ပြန်သွားကြတယ်လို့ အဲဒီဒေသဖက်က ကုန်သည်တွေက ပြောပါတယ်။ မြစ်ကြီးနား ဗန်းမော်ကားလမ်းကို ပိတ်ထားတဲ့အတွက် တရုတ် မြန်မာနယ်စပ်မှာ ကုန်သည်တွေ အရောင်းအဝယ် ထိခိုက်နေရတဲ့ အကြောင်းကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နားတဝိုက်မှာ အစိုးရတပ်တွေနဲ့ လက်နက်ကိုင် (KIA) အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေတာမှာ ဒီကနေ့အထိ အစိုးရဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကို လိုင်ဇာမြို့မှာနေတဲ့ ကုန်သည်တယောက်က ခုလိုပြောပြပါတယ်။

"ကျမဆိုင်ကနေ ထိုင်နေရင်းနဲ့တောင် လေယာဉ် ပျံနေတာမြင်နေရတာ၊ အဲ့ဒါလက်နက်ကြီးနဲ့ အသကုန်ချ၊ ဗုန်းတွေလဲကြဲ တော်တော်လေးကိုဆိုးတယ်။ ဒီနေ့က လေယာဉ်ပျံ ငါးစီးလာတယ် အဖြူရောင်ကနှစ်စီး နောက်ပြီး အနီကသုံးစီး သူတို့က နေ့တိုင်းနေ့တိုင်း လာတိုက်နေတော့ လိုင်ဇာမှာရှိတဲ့ ပြည်သူလူထုတွေကတော့ နဲနဲရိုးသလိုလို ဖြစ်နေတာ။ နားထဲမှာ ယဉ်သလိုဖြစ်နေတာ။ တစ်ချို့ တွေကတော့နော် ကတုတ်ကျင်းထဲမှာ အောင်းနေတဲ့လူလည်း အောင်းကြတာပေါ့။ တစ်ချို့တွေကတော့ ရပ်ကြည့်ပြီးတော့ မှတ်တမ်းယူတဲ့လူလည်း မှတ်တမ်းယူတာပေါ့။ သူတို့တရုတ်ဘက်ကမ်းက လည်း မှတ်တမ်းတွေလာယူတာလေ။ ကင်မရာတွေဘာတွေနဲ့ လာယူကြတယ်"

ကချင်ပြည်နယ်ထဲမှာ အပြန်အလှန် ပြစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် မြစ်ကြီးနား ဗန်းမော်ကားလမ်းတွေကို ပိတ်ထားတာကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ၂ ဖက်ကုန်ပစ္စည်းတွေအရောင်းအဝယ် လုပ်ကြတဲ့ ကုန်သည်တွေ ထိခိုက်နေကြပါတယ်၊

"ထိခိုက်တာပေါ့၊ အရမ်းကြီးကို ထိခိုက်တယ်။ ဘာမှ အဝင်အထွက်မရှိ။ လူအဝင်အထွက်မရှိတဲ့ အခါကြတော့ ဒီမှာက စျေးရောင်းရတာလည်း အဆင်မပြေဘူး။ အဲလိုမျိုးတွေဖြစ်တာ။ နောက်ပြီးတော့ လူတွေကြောက်ကြတဲ့ အခါ ပြန်တဲ့လူပြန်ပေါ့။ ခြောက်သွားတာပေါ့။ စီးပွါးရေးအခြေအနေလည်း မကောင်းဘူး"

အရင်က ကုန်သည်တွေနဲ့ စည်ကားနေတဲ့ လိုင်ဇာ တရုတ်နယ်စပ် မြစ်ကြီးနား ဗန်းမော်သွားတဲ့ ကားဂိတ်မှာဆိုရင် ဆိုင်တွေ တော်တော်များများ အခု ပိတ်ထားကြပြီး ကုန်သည်တွေဟာ နေရပ်ကို ပြန်ကုန်ကြပါတယ်၊ အဲဒီလို ပြန်ကြတဲ့အထဲမှာ တရုတ်နိုင်ငံဖက်ကနေ စီးပွားရေးလာလုပ်ကြတဲ့ တရုတ်လူမျိုးတွေလဲ ပါတယ်လို့ လိုင်ဇာမြို့ခံက ပြောပြပါတယ်။

"အရင်တုန်းကတော့ ဒီမှာ ကားက အမြဲတမ်းဝင်ထွက်နေတော့ ကားဂိတ်မှာ ကားသမားတွေပေါ့နော် ကုန်သည်တွေပေါ့ အမြဲတမ်းလာပြီး စားသောက်ကြတယ်။ ပြီးကြတော့ ကုန်သည်ဆီမှာ သူတို့ဖောက်သည်ယူကြတာပေါ့။  ကားဂိတ်နားမှာပဲ သူတို့ဖောက်သည်ယူပြီးတော့ ဗမာပြည်သွားကြတာလေ။ အခုက ကားတွေကပိတ်လိုက်တဲ့အခါကြတော့ အဲ့ဒီနားမှာ ဖောက်သည်ယူတဲ့လူလည်း မရှိတော့ဘူး။ စာသောက်နေတဲ့ ကုန်သည် နဲ့ ကားသမားတွေလည်း မရှိတော့ဘူး ဆိုတော့ အဲဒါကြောင့်သူတို့ ပိတ်လိုက်ရတာလေ။ အဲဒီဖက်မှာတော့ လူစုံတယ် ဗမာပြည်ကလူတွေလည်းရောင်းတယ် တရုတ်တွေလည်းရောင်းတယ်။ ဗမာပြည်ကလူတွေလည်း ပိတ်ပြီးပြန်ကြတယ်။ တရုတ်ပြည်က လူတွေလည်း ပိတ်ပြီးပြန်ကြတယ်။ နဲနဲပါးပါးပဲ ဆိုင်ကယ်ဆိုင်တွေပဲရှိတော့တယ်။ ဆိုင်ကယ်ဆိုင်တောင်မှ သူတို့လက်ကျန်တွေ ထိုင်ရောင်းနေတာ"

ပြန်သွားကြတဲ့ တရုတ်လူမျိုးအရေးအတွက် အတိအကျကို သူ့အနေနဲ့ မခန့်မှန်းနိုင်ပေမဲ့ တိုက်ပွဲကြောင့် စိုးရိမ်ကြတဲ့ တရုတ်ကုန်သည် ဆိုင်ရှင်တော်တော်များများဟာ  ဆိုင်ပိတ်ပြီး ပြန်သွားကြတယ်လို့ ပြောပါတယ်၊ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်မှုအတွက် အဓိကဖြစ်တဲ့ ဗန်းမော် မြစ်ကြီးနား မော်တော်ကားလမ်းတွေ ပိတ်ထားတဲ့အတွက် တရုတ်ပြည်ဖက်ကို သွင်းတဲ့ စားသောက်ကုန်စျေးတွေလည်း တက်နေပါတယ်

"ဗမာပြည်က ဝင်လာတဲ့ ပစ္စည်းတွေ အကုန်တက်တယ်။ ဗန်မော်ကနေ လွယ်ချေ လွယ်ချေကနေ တရုတ် ဆိုတော့ ခရီးကဝေးသွားတယ်။ စရိတ်စက ကလည်း အကုန်များတဲ့ အခါကျတော့ စျေးနှုန်းတွေလည်းတက်သွားတာပေါ့။ စားသောက်ကုန်တွေ အကုန်တက်တယ်။ ဆီတို့ ပဲတို့ ငါးခြောက်တို့ အယ်လိုမျိုးတွေ အကုန်လုံးပေါ့ စားသောက်ကုန်တွေ အကုန်လုံးတက်တယ်"

ကားလမ်းတွေပိတ်ထားလို့ လိုင်ဇာ တရုတ်နယ်စပ်ဖက်မှာ ကုန်သွယ်ရေးထိခိုက်နေသလိုပဲ မူဆယ် တရုတ်နယ်စပ်မှာလဲ လူသုံးကုန်ပစ္စည်း အရောင်းအဝယ်တွေ ထိုင်းပြီး ထိခိုက်နေတာကို မူဆယ်ဖက်က ကုန်သည်က အခုလို ပြောပြပါတယ်၊

"ယူနန်ပြည်ဖက်က ဒီဖက်တရုတ်ဖက်ကို လာဖို့လည်းခက်တယ်။ တရုတ်ဖက်ကနေ မြန်မာပြည်ဖက်ကို ပစ္စည်းတွေ ကုန်ပို့ဖို့လည်းခက်တာပေါ့။ ဒီ လမ်းတွေပိတ်ထားတယ်ဆိုတော့လေ။ အခု လမ်းဖွင့်တာဆိုလို့ မန္တလေးလမ်း တစ်ခုလောက်ပဲဖွင့်တဲ့ အခါကျတော့  မန္တလေးဘက်ကဆို ဟိုး မြစ်ကြီးနားဘက်ကဆို တစ်ပါတ်ကြီးဖြစ်သွားပြီလေ။ အဲဒီတော့ ကုန်တွေက ပို့ရခက်တယ်။ ကယ်ရီနဲ့ ပို့ရတာလည်းခက်တယ်။ အဲဒီတော့ အဝတ်အစားတို့ စောင်တို့ ဘိနပ်တို့့ စသဖြင့်ပေါ့နော် အသုံးအဆောင်ပစ္စည်းတွေပေါ့"

အစိုးရတပ်တွေနဲ့ KIA တပ်တွေကြား တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေတဲ့အတွက် တိုက်ပွဲနဲ့ နီးတဲ့ နေရာတွေဖက်က ကုန်သည်တွေဟာ သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဘေးကင်းလုံခြုံတဲ့ နေရာတွေမှာ ရွှေ့ပြောင်းထားနေကြတယ်လို့ ပြောပါတယ်။

http://burmese.voanews.com/content/kachin-trade-failed-due-to-civil-war/1576986.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India