November 6, 2012

BGF တပ်ရင်းများ နဘူးမြို့နယ်အတွင်း တပ်သားသစ်များ စုဆောင်းနေ

နိုဝင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ နဘူး(သနေးချား)မြို့နယ်ရှိ မယ်ပလာ့ဒေသအတွင်း လှုပ်ရှားနေသော နယ်ခြားစောင့်တပ် BGF တပ်ရင်း ၄ရင်း ဖြစ်သည့် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) တပ်ရင်းများသည် သနေးချားမြို့နယ်အတွင်း ကျေးရွာတစ်ရွာလျင် လူ ၅ဦးဖြင့် တပ် သားသစ် စုဆောင်းနေသည်ဟု သိရသည်။
နယ်ခြားစောင့်တပ်များသည် ရိက္ခာအတွက် တပ်သားဦးရေ စာရင်း အပြည့်အစုံ အစိုးရထံ တင်ထားခဲ့သည့်အပေါ် အစိုးရတပ်မှ ၎င်းတို့၏ တပ်ရင်းများအား တပ်သားဦးရေ လာရောက်စစ်ဆေးခဲ့ရာ မပြည့်သဖြင့် ပြန်လည်ဖြည့်ဆည်းရန် အစိုးရက ပြန်စု ဆောင်းခိုင်းလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“သူတို့ တပ်ရင်းအတွင်းမှာ တပ်သားဦးရေ မပြည့်ရင် အစိုးရက စစ်ခုံရုံးအထိ အရေးယူမယ်။ နောက် သူတို့က အစိုးရ လစာကို စားတာ ဖြစ်တယ်။ အဲဒါကြောင့် အစိုးရက သူတို့တွေကို ပြန်ပြီး အကြပ်ကိုင်တာဖြစ်တယ်”ဟု သူက ဆိုသည်။
အောက်တိုဘာလအတွင်း ကိုကို့ထူးကျေးရွာ၌ BGF နှင့် အစိုးရများ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အစိုးရက နယ်ခြားစောင့်တပ်ကို တပ်သားသစ် စုဆောင်းခိုင်းပြီး အခြားတစ်နေရာသို့ ပို့ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မယ်ပလာ့ဒေသအတွင်းရှိ နယ်ခြား စောင့်တပ်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောဆိုသည်။
“နယ်ခြားစောင့်တပ်ကို ကချင်ပြည်နယ်မှာ အစိုးရတပ်အတွက် စစ်ကူအဖြစ် သွားရမှာဖြစ်တယ်။ ဒါကြောင့် တပ်သားမပြည့်သေး တဲ့ တပ်ရင်းကို တပ်သားဖြည့်ခိုင်းတယ်”ဟု သူက ဆိုသည်။
၎င်း BGF တပ်ရင်းများသည် အောက်တိုဘာလကုန်မှ တပ်သားသစ်များ စတင် စုဆောင်းနေခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်နေ့ နောက်ဆုံးထားကာ နယ်ခြားစောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူထံ တပ်သားသစ်စာရင်း တင်ပြသွားရ မည်ဖြစ်ကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် (၁၀၁၈)တပ်ရင်းမှူး ဗိုလ်မှူးမောင်ဝင်းထံ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ “ကျနော်တို့ တပ်သားတွေဟာ သက်တမ်း ၃နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးပေမဲ့ သူတို့မှာ ကိုယ်ပိုင်နံပါတ်တွေ အသီးသီး ရှိကြပါ တယ်။ ဒီအပေါ်မှာ သူတို့ကို တာဝန် ဆက်လက် ထမ်းဆောင်ဖို့ ပြန်ပြီး ညွှန်ကြားတာဖြစ်ပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။
၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာစစ်အစိုးရက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို နယ်ခြားစောင့်တပ် BGF အဖြစ်သို့ ၂၀၁၀ သြဂုတ်လက အသွင်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=14010
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India