November 6, 2012

အစိုးရတပ်များ KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်များနှင့် အင်အား တိုးချ

မြန်မာအစိုးရတပ်သည် ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-မန်မော် (ဗန်းမော်) လမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) နယ်မြေသို့ စစ်အင်အားများ တိုးချဲ့နေကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည ၁၀ နာရီချိန်တွင် စစ်အင်အား ၈၀ ကျော်အား ခလရ ၁၀၅ တပ် အခြေစိုက်သည့် ဂန်ဒေါင်ယန် (Gangdau Yang) စခန်းသို့ အင်အားဖြည့်ခဲ့သည်ဟု ဒေသခံများဆိုသည်။
နိုဝင်ဘာ ၁ ရက်နေ့တွင် မြန်မာအစိုးရတပ် ခလရ (၃၇) နှင့် ခမရ (၃၈၉) တပ်ပေါင်းစု စစ်ကြောင်းသည် မြစ်ကြီးနားမှကားဖြင့် လေတပ်သို့ ရောက်ရှိလာပြီး စက်လှေဖြင့်တစ်ဘက်ကမ်း တာလောကြီးစခန်းသို့ ရောက်ရှိလာကြောင်းသိရသည်။
“အင်အား ၁၅၀ ကျော်တယ်။ တာလောကြီးစခန်းဖက်ကို ပြန်ဖြည့်တယ်ထင်တယ်။ မနေ့ညက ဂန်ဒေါင်ယန်ဘက်သို့ ပြန်ဖြည့်လာတယ်။” ဟု ရှေ့တန်းမှ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ုပြောသည်။
ထို့နောက် မြစ်ကြီးနားမှ တပ်ရင်းအမည်မသိသော မြန်မာအစိုးရစစ်ကြောင်းသည်လည်း နိုဝင်ဘာ ၁ ရက် ကြာသပတေးနေ့တွင် ကား ၈ စီး ဖြင့် တာလောကြီး စခန်းသို့ လက်နက်ကျည်ဆံများနှင့် စစ်အင်အားများ ဖြည့်ခဲ့သည်။
“ကား ၁ စီးမှာ ၁၀ ယောက်ပါတယ်။ အဲဒီည ချက်ချင်း ၂ စီး မြစ်ကြီးနားသို့ ပြန်ခေါက်သွားတယ်။” ဟု KIA အရာရှိက KNG ကချင်သတင်းဌာန ဆက်ဆိုသည်။
မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် တာခေါ်ခ (တာပိန်) ရေအားလျှပ်စစ် ခြုံလုံရေးယူထားသည့် မြန်အစိုးရတပ်အင်အား ၁၀၀ ကျော်နှင့် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) တို့သည် နိုဝင်ဘာ ၂ ရက်နေ့ ၆ နရီခွဲချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြစ်ရဲ့ ဟိုဘက်ဒီဘက်ကနေ ပစ်ကြတာ။ ၃ မိနစ်လောက်ပစ်ပြီး ကျွန်တော်တို့ဘက်က ၆၀ မမ နဲ့့ ပြန်ပစ်လိုက်တဲ့ချိန် သူတို့ဘက်က ငြိမ်သွားတယ်။” ဟု ရှေ့တန်းမှဆိုသည်။
၎င်းအစိုးရတပ်သည် ဂါးရာယန် (Ga Ra Yang) အစိုးရကျောင်းတွင် အင်အား ၅၀ နီးပါးလှုပ်ရှားနေပြီး ယခုချိန် ဂျာပူ (Ja Pu)၊ မလီ (Mali) ဘက်သို့ ခြေလျှင်ဖြင့်ရောက်ရှိနေကြောင်းသိရသည်။
မြန်မာအစိုးရသည် တဖက်တွင် ငြိမ်းချမ်းရေးဆွေးနွေးရန်ကမ်းလှမ်းကာ တစ်ဖက်တွင် KIA နယ်မြေများသို့ စစ်အင်အားနှင့် လက်နက်များ တိုးချဲ့နေခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/991-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%9F%E1%80%AC-%E1%81%85-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%85%E1%80%85%E1%80%B9%E1%80%9C%E1%80%80%E1%80%B9%E1%80%94%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India