ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွက် မြဝတီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်ပေးပို့ထားပါတယ်။
မြဝတီမြို့ ခလရ (၂၇၅) တပ်တည်ရာနေရာမှာ ဆွေးနွေးခဲ့ကြတဲ့ ဒီဆွေးနွေးပွဲမှာ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကတော့ အပစ်အခပ်ရပ်စဲဲရေးကို ပိုမိုခိုင်မာစေဖို့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အကြိုညှိနှိုင်းခဲ့ကြကြောင်း အခုလို ပြောသွားပါတယ်။
“အဓိက ကတော့ ကျနော်တို့ peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ cease fire stage အပစ်အခတ်ရပ်စဲရေး အဆင်ကို ပိုပြီးတော့ ခိုင်မာသွားအောင် နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်၊ အင်္ဂလိပ်လိုတော့ code of conduct for cease fire အဲဒါလေးတွေကို ကျနော်တို့ ဆွေးနွေးဖို့အတွက် နောက်တကြိမ် အစည်းအဝေးကို သြဂုတ်လ နောက်ဆုံး ပတ်လောက်မှာ သင့်တဲ့နေရာမှာ၊ နီးတဲ့အခါ ထပ်ပြီး ဆွေးနွေးကြမှာပေါ့။ အဲဒီအစည်းအဝေး အတွက် ကျနော်တို့ အကြို အစည်းအဝေး လာပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အပစ်အခတ် ရပ်စဲရေး ယူထားသော်လည်းပဲ နည်းနည်းပါးပါး ဒီလို သွားရင်းလာရင်းနဲ့ ပစ်တာ ခတ်တာတွေ ရှိတယ်။”
ဆွေးနွေးမှုမှာ ပါ၀င်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမြဲတမ်း ဗဟိုကော်မတီဝင် ဖဒို သောသီ ကတော့ နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နဲ့ ကေအဲန်ယူကြားမှာ အရင်က ချပြ ဆွေးနွေးမှုတွေက ကွဲလွဲမှုတွေ ရှိနေသေးတဲ့ အကြောင်း၊ မြန်မာဘက်က တပ်မတော် စစ်သည်တော် ကျင့်ဝတ်တွေနဲ့သာ ဆွေးနွေးခဲ့တဲ့အတွက် အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီ code of conduct ဆိုတာ သူ့ဘက်က မရှိဘူးလေ။ သူ့ဘက်က အခါအားလျော်စွာ တပ်မတော် ကျင့်ဝတ် ၆၀ နဲ့ပဲ သူတို့ ပြောလေ့ရှိတယ်လေ။ စစ်သည်တော် ကျင့်ဝတ် ၆၀ က တကယ့်ကိုပဲ လုံခြုံမှုရော၊ နောက်ပြီးတော့ စည်းကမ်းချက်နဲ့ အကျံုးဝင်တယ်လို့ သူတို့ဘက်ကတော့ တွင်တွင်ကြီး ပြောတာပေါ့လေ။ ဒါပေမဲ့ အဲဒါတွေက တပ်မတော်က လိုက်နာကျင့်သုံးရမယ့် တပ်မတော် ကျင့်ဝတ်စည်းကမ်းပဲ။ နှစ်ဘက် အပစ်အခတ် ရပ်စဲလို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း မဟုတ်ဘူး။
ကျနော်တို့ဘက်က ရေးဆွဲတာက နှစ်ဦးနှစ်ဘက် တပ်မတော် နှစ်ဘက်စလုံးက လိုက်နာ ကျင့်သုံးရမယ့် စည်းကမ်းချက်တွေ ပေါ့နော်။ တပ်မတော် နှစ်ဘက်စလုံးက ကျနော်တို့ဆီက စည်းကမ်းချက်တွေကို ကြည့်ပြီးတော့မှ ဒါတွေ သဘောတူနိုင်မယ် မတူနိုင်ဘူး၊ ဘယ်အချက်မှာ သဘောတူနိုင်တယ်၊ ဘယ်အချက်မှာ သဘောမတူနိုင်ဘူး။ ဒါမျိုးတွေက ညှိနှိုင်းရမယ့်သဘောတွေ ရှိတယ်လေ။ ဥပမာ သူတို့ခေါ်တဲ့ စစ်သည်တော် ကျင့်ဝတ် ၆၀ ဆိုတာမှာ ကျနော်တို့မှာ သူ့ထက်တောင် တချက် ပိုတာ ရှိပါတယ်။ အဲဒါ တပ်မတော်ကျင့်ဝတ်မှာ ကျနော်တို့ KNLA တပ်မတော်မှာလည်း ကျင့်ဝတ်ရှိပါတယ်။ ရဲဘော်ကျင့်ဝတ်တွေ ရှိပါတယ်။”
ဆွေးနွေးမှုတွေ အတွင်းမှာ အဓိက ဆွေးနွေးချက်တွေ ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။
“ကျနော်တို့က တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကုန်းတန်းကြီး၊ တခေါင်းမိုး ကျေးရွာတို့လို မျိုးမှာ သူတို့ လူအရှင် ပစ်သတ်တာမျိုးတွေက ရှိတယ်လေ။ ကျနော်တို့ဘက်ကလည်း တခု ရှိတယ် ထင်ထင်ပေါ်ပေါ်။ နောက် တောင်ငူဘက်က ဆိုလို့ရှိရင်လည်း ဆန်သည်တာ၊ ရိက္ခသည်တာမျိုးတွေ ပစ်တာမျိုးတွေလည်း ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ ဖာပွန်နယ်ဘက်က အင်ဥရှာရင်းနဲ့ မျှစ်ရှာရင်းနဲ့ အပစ်သတ် ခံရတာမျိုးတွေလည်း ရှိတယ်လေ။ သူတို့ ပစ်လည်းပစ်၊ သေလည်း သေတဲ့ အခါကျတော့ ဒါ အရပ်သား ဖြစ်နေတယ်လေ။ နောက်တခုကလည်း ဖာပွန်ဘက်က အထက်ဘက်က ရွာတရွာ ရှိသေးတယ်။ အဲဒီဘက်ကလည်း အပစ်ခံရတာပဲ။”
သြဂုတ်လ တတိယ အပတ်မှာ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ဟာ ဆွေးနွေးပွဲတွေ အပြီးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ဆေးခန်းကို လာရောက်ခဲ့ပြီး မြဝတီမြို့ကို လူနာတွေ လွှဲပြောင်း နိုင်ရေးတွေကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်။
ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွက် မြဝတီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်ပေးပို့ထားပါတယ်။
မြဝတီမြို့ ခလရ (၂၇၅) တပ်တည်ရာနေရာမှာ ဆွေးနွေးခဲ့ကြတဲ့ ဒီဆွေးနွေးပွဲမှာ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကတော့ အပစ်အခပ်ရပ်စဲဲရေးကို ပိုမိုခိုင်မာစေဖို့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အကြိုညှိနှိုင်းခဲ့ကြကြောင်း အခုလို ပြောသွားပါတယ်။
“အဓိက ကတော့ ကျနော်တို့ peace process ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ cease fire stage အပစ်အခတ်ရပ်စဲရေး အဆင်ကို ပိုပြီးတော့ ခိုင်မာသွားအောင် နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်၊ အင်္ဂလိပ်လိုတော့ code of conduct for cease fire အဲဒါလေးတွေကို ကျနော်တို့ ဆွေးနွေးဖို့အတွက် နောက်တကြိမ် အစည်းအဝေးကို သြဂုတ်လ နောက်ဆုံး ပတ်လောက်မှာ သင့်တဲ့နေရာမှာ၊ နီးတဲ့အခါ ထပ်ပြီး ဆွေးနွေးကြမှာပေါ့။ အဲဒီအစည်းအဝေး အတွက် ကျနော်တို့ အကြို အစည်းအဝေး လာပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အပစ်အခတ် ရပ်စဲရေး ယူထားသော်လည်းပဲ နည်းနည်းပါးပါး ဒီလို သွားရင်းလာရင်းနဲ့ ပစ်တာ ခတ်တာတွေ ရှိတယ်။”
ဆွေးနွေးမှုမှာ ပါ၀င်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမြဲတမ်း ဗဟိုကော်မတီဝင် ဖဒို သောသီ ကတော့ နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နဲ့ ကေအဲန်ယူကြားမှာ အရင်က ချပြ ဆွေးနွေးမှုတွေက ကွဲလွဲမှုတွေ ရှိနေသေးတဲ့ အကြောင်း၊ မြန်မာဘက်က တပ်မတော် စစ်သည်တော် ကျင့်ဝတ်တွေနဲ့သာ ဆွေးနွေးခဲ့တဲ့အတွက် အခက်အခဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဒီ code of conduct ဆိုတာ သူ့ဘက်က မရှိဘူးလေ။ သူ့ဘက်က အခါအားလျော်စွာ တပ်မတော် ကျင့်ဝတ် ၆၀ နဲ့ပဲ သူတို့ ပြောလေ့ရှိတယ်လေ။ စစ်သည်တော် ကျင့်ဝတ် ၆၀ က တကယ့်ကိုပဲ လုံခြံုမှုရော၊ နောက်ပြီးတော့ စည်းကမ်းချက်နဲ့ အကျံုးဝင်တယ်လို့ သူတို့ဘက်ကတော့ တွင်တွင်ကြီး ပြောတာပေါ့လေ။ ဒါပေမဲ့ အဲဒါတွေက တပ်မတော်က လိုက်နာကျင့်သုံးရမယ့် တပ်မတော် ကျင့်ဝတ်စည်းကမ်းပဲ။ နှစ်ဘက် အပစ်အခတ် ရပ်စဲလို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း မဟုတ်ဘူး။
ကျနော်တို့ဘက်က ရေးဆွဲတာက နှစ်ဦးနှစ်ဘက် တပ်မတော် နှစ်ဘက်စလုံးက လိုက်နာ ကျင့်သုံးရမယ့် စည်းကမ်းချက်တွေ ပေါ့နော်။ တပ်မတော် နှစ်ဘက်စလုံးက ကျနော်တို့ဆီက စည်းကမ်းချက်တွေကို ကြည့်ပြီးတော့မှ ဒါတွေ သဘောတူနိုင်မယ် မတူနိုင်ဘူး၊ ဘယ်အချက်မှာ သဘောတူနိုင်တယ်၊ ဘယ်အချက်မှာ သဘောမတူနိုင်ဘူး။ ဒါမျိုးတွေက ညှိနှိုင်းရမယ့်သဘောတွေ ရှိတယ်လေ။ ဥပမာ သူတို့ခေါ်တဲ့ စစ်သည်တော် ကျင့်ဝတ် ၆၀ ဆိုတာမှာ ကျနော်တို့မှာ သူ့ထက်တောင် တချက် ပိုတာ ရှိပါတယ်။ အဲဒါ တပ်မတော်ကျင့်ဝတ်မှာ ကျနော်တို့ KNLA တပ်မတော်မှာလည်း ကျင့်ဝတ်ရှိပါတယ်။ ရဲဘော်ကျင့်ဝတ်တွေ ရှိပါတယ်။”
ဆွေးနွေးမှုတွေ အတွင်းမှာ အဓိက ဆွေးနွေးချက်တွေ ကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။
“ကျနော်တို့က တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ကုန်းတန်းကြီး၊ တခေါင်းမိုး ကျေးရွာတို့လို မျိုးမှာ သူတို့ လူအရှင် ပစ်သတ်တာမျိုးတွေက ရှိတယ်လေ။ ကျနော်တို့ဘက်ကလည်း တခု ရှိတယ် ထင်ထင်ပေါ်ပေါ်။ နောက် တောင်ငူဘက်က ဆိုလို့ရှိရင်လည်း ဆန်သည်တာ၊ ရိက္ခသည်တာမျိုးတွေ ပစ်တာမျိုးတွေလည်း ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့ ဖာပွန်နယ်ဘက်က အင်ဥရှာရင်းနဲ့ မျှစ်ရှာရင်းနဲ့ အပစ်သတ် ခံရတာမျိုးတွေလည်း ရှိတယ်လေ။ သူတို့ ပစ်လည်းပစ်၊ သေလည်း သေတဲ့ အခါကျတော့ ဒါ အရပ်သား ဖြစ်နေတယ်လေ။ နောက်တခုကလည်း ဖာပွန်ဘက်က အထက်ဘက်က ရွာတရွာ ရှိသေးတယ်။ အဲဒီဘက်ကလည်း အပစ်ခံရတာပဲ။”
သြဂုတ်လ တတိယ အပတ်မှာ ကရင်ပြည်နယ် ဘားအံမြို့မှာတော့ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ဟာ ဆွေးနွေးပွဲတွေ အပြီးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒေါက်တာ စင်သီယာမောင်ဆေးခန်းကို လာရောက်ခဲ့ပြီး မြဝတီမြို့ကို လူနာတွေ လွှဲပြောင်း နိုင်ရေးတွေကိုလည်း ဆွေးနွေးသွားခဲ့ပါတယ်။
မီဒီယာ
အသံ
KNU Peace Talkhttp://burmese.voanews.com/content/knu-peace-talk-08-05-12/1455613.html