
ကချင်ပြည်နယ်တွင်း မှာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကြားမှာ မပြီးနိုင်သေးတဲ့ တိုက်ခိုက်မှု တွေကိုရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး အတွက် ပိုမို ဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံ ကို လာရောက်ခဲ့ တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂလူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တားနား က ထုတ်ဖေါ် ပြောသွားပါတယ်။ သြဂုတ်လ ၄ ရက် နေ့စွဲ နဲ့ထုတ်ပြန်တဲ့ ကင်တားနား ရဲ့ ထုတ်ပြန်ချက် ထဲ မှာ ကချင်ကိစစ်ကို လည်း သူ့အနေနဲ့အလေးထား ဆွေးနွေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
ဒီအချက်ပေါ် ကေအိုင်အို ရဲ့သဘောထား ကို အဖွဲ့ရဲ့တွဲဖက် အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ ဦးလာနန်း ကတော့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့အနေနဲ့ရန်ကုန်မှာရော နေပြည်တော် မှာပါ ကိုယ်စားလှယ် အဖွဲ့ မရှိတဲ့ အတွက် ကင်တားနား နဲ့တွေ့ခွင့်မရသလို သူ မြန်မာနိုင်ငံမှာ ရှိချိန် မှာ ရှေ့တန်းစခန်းတွေ ငြိမ်သက်မှု ရှိနေပေမယ့် သူပြန်သွားတာနဲ့ ပြီးခဲ့တဲ့ စနေ ည ကစလို့ ရှေ့တန်းက ညွှန်ကြားချက် တွေပိုပြီးပြင်းထန်လာပုံ တွေ ဘီဘီစီ ကိုေ ပြာပြပါတယ်။
စစ်တပ် ရဲ့ညွှန်ကြားချက် စာတွေထဲမှာ ကေအိုင်အေ ကို အပြတ်ရှင်းရမယ်၊ ထိပ်တိုက်ရင်ဆိုင် ရှင်းလင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ပါဝင်ကြောင်း ဘီဘီစီ ကို ဦးလာနန်း ကပြောပါတယ်။
နိုင်ငံတော် သမ္မတ ဉီးသိန်းစိန် က တိုင်းရင်းသား ပါတီ ၁၄ ခု နဲ့တွေ့ဆုံတဲ့ အခါမှာ ကေအိုင်အို နဲ့ ဆောင်ရွက်မှုအပိုင်းမှာ ယုံကြည်မှု တည်ဆောက်နေပါတယ်၊ အဆက်အသွယ်လည်း ရှိပါတယ် လို့ဆိုပေမယ့် ရှေ့တန်းအခြေအနေနဲ့ကွာခြားနေပုံ ကို ထောက်ပြပါတယ်။
ဒါ့အပြင် ရှေ့တန်းက တပ်မမှူးတွေ၊ တပ်ရင်းမှူးတွေ တိုက်ပွဲ ဝင်လိုစိတ် မရှိရင်လည်း တပ် က ဖြုတ်ပစ်တာတွေရှိနေကြောင်း ဘီဘီစီ ကိုဦးလာနန်း ကပြောပါတယ်။
http://www.bbc.co.uk/burmese/burma/2012/08/120806_kachin_ularnan.shtml