October 4, 2012

စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှု သမ္မတ ကာကွယ်ခြင်းကို KNO ဝေဖန်

SAMချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကာကွယ် ပြောကြားလိုက်ခြင်းနှင့် ပတ်သက်၍ ကချင်အမျိုးသားများ အစည်းအရုံး KNO မှ ကန့်ကွက်လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် ဦးသိန်းစိန် အမေးအဖြေ ကဏ္ဍတွင် အစိုးရတပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်နေခြင်းနှင့် ပတ်သက်၍ “တပ်မတော်အနေနှင့် ဥပဒေအရ လုပ်ဆောင်နေခြင်း ဖြစ်သော
ကြောင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု မစွပ်စွဲသင့်ကြောင်း” ဖြေကြားခဲ့ခြင်းအား ထိုင်းနိုင်ငံ အခြေစိုက် KNO က ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

“သမ္မတ က ဒီကချင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ ဥပဒေအရ လုပ်တယ် ဆိုတော့ ဒါက ဘယ်ဥပဒေမှ မတွေ့ပါဘူး။ လူတွေကို နှိပ်စက်တာ၊ သတ်တာတွေက ဘယ်ဥပဒေမှာမှ လုပ်နိုင်တယ်ဆိုတာ မရှိဘူး။ နောက် KIO က စစ်မရပ်လို့ သူတို့က ခုခံစစ် တိုက်ရတယ်ဆိုတဲ့ အချက်ကလည်း မဟုတ်ဘူး။ မြန်မာပြည်မှာ ရှိတဲ့ စစ်တပ်တွေ ရှိရှိသမျှ ကချင်ပြည်မှာ တိုက်နေတာ။ ပို့နေတာ ဖြစ်တယ်” ဟု KNO ဥက္ကဋ္ဌ ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောသည်။


ထိုသို့ ပြောဆိုနေခြင်းသည် သမ္မတအနေဖြင့် မြန်မာပြည်သူများအား တန်ဖိုးမထားခြင်းကို ထုတ်ဖော်လိုက်ခြင်းနှင့် စစ်ပြေးဒုက္ခသည်များကို လျစ်လျူရှု့ရာ ရောက်ကြောင်း ကြာသပတေးနေ့ထုတ် KNO ကြေညာချက်တွင် ပါရှိသည်။

“သမ္မတ ဦးသိန်းစိန် မှားတာ မဟုတ်ဘူး။ KIO လည်း မှားတာ မဟုတ်ဘူး။ မှားတာက အခြေခံဥပဒေကိုက မှားနေတယ် ဆိုတော့ အဲဒီအခြေခံဥပဒေကို ပြုပြင်မှုမှတပါး ကျနော်တို့မှာ ဆေးမရှိဘူး။ အဲဒါကို ပြောချင်တာပါ။ အခြေခံဥပဒေ မှားနေတာကို အတူနေဖို့ဆိုတာ မလွယ်တော့ အမြဲတမ်းပဲ တိုက်ပွဲဖြစ်မှာပဲ” ဟု ဒူဝါ ဘောမ်ဝမ် လရော် က ဆိုသည်။

အစိုးရတပ်များမှာ ကချင်ပြည်နယ် နေရာအနှံ့တွင် စစ်လက်နက်အင်အားများ ဖြည့်တင်းနေဆဲ ဖြစ်ပြီး ဖားကန့်မြို့နယ်၊
မြစ်ကြီးနား-ဗန်းမော်လမ်း၊ KIO ဗဟိုဌာနချုပ် လိုင်ဇာအနီးတဝိုက်တွင် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒူဝါ ဘောမ်ဝမ် လရော် က မဇ္စျိမကို ပြောဆိုသွားသည်။

KNO ၏ United Kachinland Army-UKA တပ်ဖွဲ့ကို ဇွန်လ ၂၈ ရက်နေ့က ရုတ်သိမ်းလိုက်ပြီးနောက် KIO နှင့်အတူ ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ဖွဲ့စည်းခဲ့သော်လည်း KIO နှင့် KIO တို့အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာရာမှ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် နှစ်ဖွဲ့သဘောထား
ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်အမျိုးသား ကျောက်လုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ရာ မှ ထိုင်း၊ အမေရိကန်၊ ဂျာပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ တိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်နှင့် တရုတ် စသည့် နိုင်ငံများတွင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။

လွန်ခဲ့သည့်နှစ် ဇွန်လက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်လွတ်လပ်ရေး အဖွဲ့ KIO အနေနှင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယခုနှစ် ဇွန်လ ၁ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် နောက်ဆုံး
တွေ့ဆုံခဲ့ပြီးနောက် ထပ်မံ တွေ့ဆုံမည့် ရက်နှင့်နေရာကို နှစ်ဘက် ညှိနှိုင်း၍မရသေးဘဲ ဖြစ်နေသည်။

သို့သော် သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ အမေရိကန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာပြီး ဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း KIO နှင့် ပြန်လည် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ က ဆိုသည်။

http://www.mizzimaburmese.com/news/inside-burma/10207--kno-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India