October 4, 2012

KNU ထိပ်တန်း ခေါင်းဆောင် သုံးဦး တာဝန်မှ ရပ်စဲခံရ

စံခလပူရီ (မဇ္စျိမ) ။             ။ ဘားအံ့မြို့ ဗဟို ဆက်သွယ်ရေးရုံး ဖွင့်ပွဲကိစ္စ၊ အဖွဲ့အစည်းအတွင်း တင်းမာမှုကြောင့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိပ်တန်း ခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်စဲလိုက်သည်ဟု KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ၊ ဗဟို ကော်မီတီဝင် ဖဒိုအောင်မော်အေး က ပြောသည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး
“ကျနော်တို့ ကြားတယ်၊ ရပ်ဆိုင်းလိုက်တယ်လို့။ အများသဘောနဲ့ လုပ်တာမဟုတ်ဘူး။ ညီညွတ်ရေးကို ရှေးရှူတဲ့အနေနဲ့ ဒါကို ပြန်လည် နားလည်မှု ယူရဦးမယ်လို့ပဲ မြင်တယ်။ မလုပ်သင့်သေးတဲ့ အရာတခုကို လုပ်လိုက်တယ်လို့ ပြောချင်တယ်” ဟု မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား တွဲဘက်အတွင််းရေးမှူး (၁) ဖဒိုလှငွေ၏ လက်မှတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သူဟု ဆိုသည်။

ထိုသို့ ထိပ်တန်းခေါင်းဆောင် သုံးဦးအား တာဝန်မှ ရပ်စဲရန်အတွက် စက်တင်ဘာလ ၂၇ ရက်နေ့ ကတည်းကပင် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှ ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည်ဟုလည်း သိရှိရသည်။

တာဝန်မှ ရပ်စဲလိုက်သည့် စစ်ဦးစီးချုပ် နေရာအား ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးမြ ၏ တူတော်သူ တပ်မဟာမှူး (၅) မှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲနှင့် စောရော်ဂျာခင် နေရာအား ဖဒိုအယ်ကလူရွှေဦး အား ခန့်အပ်ရန် လျာထားပြီး
စောဒေးဗစ်ထော နေရာတွင် မည်သူအား ခန့်အပ်မည်ကို မသိရှိရသေးဟု ဖဒိုအောင်မောင်အေး က မဇ္စျိမကို ပြော
သည်။

“အဲဒီလို ရပ်စဲလိုက်တယ်ဆိုတာကိုတော့ ကျနော်တို့ လက်မခံဘူး။ အကြောင်းရင်း အတိအကျကို မဖော်ပြဘဲနဲ့ အခုလိုမျိုး ဒီလိုပဲ လုပ်လိုက်တယ်ဆိုတော့ လက်မခံနိုင်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ဗဟိုကတော့ အခုထိ ကျနော်တို့ဆီကို
ပြောပြ ဖြေရှင်းတာမျိုး မရှိသေးဘူး” ဟု ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဘားအံ့မြို့၌ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့ခြင်းမှာ
လည်း အပစ်အခတ် ရပ်စဲရေးကို ခိုင်ခိုင်မာမာ ဖြစ်အောင် ကြံဆောင်ယူဆ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လုပ်ဟန်အမှားသာ ဖြစ်သည်ဟု ဗဒိုအော်မော်အေး က ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က KNU နှင့် KNLA ဗဟို စစ်ဌာနချုပ်အား အသိမပေးဘဲ KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား စစ်ဦးစီးချုပ်က သွားရောက် ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က မဇ္စျိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်သည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ နော်စီဖိုးရာစိန် နှင့် အတွင်းရေးမှူး (၁) ဖဒိုလှငွေ တို့အား စုံစမ်းမေးမြန်းရန်အတွက် မဇ္စျိမမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။


http://www.mizzimaburmese.com/news/inside-burma/10205-knu-----.html

- ကေအန်ယူ စစ်ဦးစီးချုပ် တာဝန်က ဖယ်ရှားခံရ click
- KNU ထိပ်တန်း ခေါင်းဆောင်သုံးဦး တာဝန်မှ ရပ်စဲခံရ click
- KNLA စစ်ဦးစီးချုပ်နှင့် အလုပ်အမှုဆောင် ၂ ဦး ထုတ်ပယ်ခံရ click
- အပစ်အခတ်ရပ်စဲရေး၏ အနှစ်သာရကို KNU ရင်ဆိုင်ရ click
- ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟု ဆို click
- လောပိတရေအားလျှပ်စစ်စီမံကိန်းတလျှောက်ရှိ မြေမြှုပ်မိုင်းများ ဖယ်ရှားပေးရန် တောင်းဆို click
- ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့ စစ်ဆေးနေ click
- အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို click
- သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲဆရာကြီး စစ်တပ်က ဖမ်း click
http://drlunswe.blogspot.com/

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India