January 4, 2013

ကချင်စစ်ပွဲအပေါ် သူတို့အမြင်

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေလည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက်ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါသူများကိုပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။
ဦးလနန်
KIA ပြောခွင့်ရပုဂ္ဂိုလ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတော့ မသိဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကတော့ မျှော်လင့်ချက် မရှိဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံရေး ဆွေးနွေးမှုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ပြီး အဖြေရှာမှသာ လျှင် ငြိမ်းချမ်းရေး ရရှိမယ် ဆိုတဲ့ကိစ္စ ပြောတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပြီး မှသာ အဆင်ပြေမယ် ဆိုတာထက် နိုင်ငံရေး ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို ရောက်မှာပါ။
အာဏာရ ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာ နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရ မှာပါ။ နိုင်ငံရေး ဆွေးနွေးမှုကတော့ မဖြစ် ဖြစ်အောင်ကို လုပ်ရမှာပါ။ ဒါပေမယ့် အစိုးရကတော့ တောင်းဆိုမှုတွေ အပေါ် စိတ်သဘောထား မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းတာမျိုး၊ နိုင်ငံရေး နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းတာမျိုး သူတို့ သဘောဆန္ဒ မရှိဘူး။ အဲဒါကြောင့်ပဲ ပြည်တွင်းစစ်က ယနေ့ ကာလအထိ ကြာရှည်ရတာပါ။
စစ်ရေးနည်းနဲ့ ဖြေရှင်းမှုက ပြသနာကို ပိုပြီးတော့ များပြားစေမယ့် ရှည်လျားစေမယ့် ကိစ္စ ပါ။ KIAက အမြဲတမ်း ပြောနေတယ်။ စားပွဲပေါ်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ကိစ္စပဲ။ အခုလည်း အဲဒီလိုပဲ လက်ခံထား တယ်။ ဒီ ကိစ္စပြေလည်ဖို့ ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရမယ်။ တဖက်က ပိတ်ထားတယ် ဆိုရင်လည်း နိုင်ငံရေး ဆွေးနွေးမှုတံခါးကို ပွင့်အောင်လုပ်ရမယ်။ တိုင်းရင်းသား အနေနဲ့ကတော့ ကြိုးစားရမယ်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့ဘက်က ဆွေးနွေးပွဲ အတွက် ကမ်းလှမ်းတာမျိုး တိုက်ပွဲ ကာလ အတွင်းမှာ မရှိဘူး။
ဦးလှမောင်ရွှေ
ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးဆောင်
ဆွေးနွေးပွဲကနေ အဖြေရှာဖို့ အစိုးရဘက်ကနေ တောက်လျှောက် ကမ်းလှမ်းနေတာပဲ။ ကျနော်တို့က စက်တင်ဘာ ၃၀ ရက်နေ့ အစည်းအဝေးမှာလည်း ကမ်းလှမ်းတယ်။ နို၀င်ဘာလ လုပ်ဖို့ ကမ်းလှမ်းတယ်။ တလလုံး စောင့်တယ်။ မရတဲ့အတွက် ဒီဇင်ဘာလမှ တရားဝင်စာနဲ့ ကမ်းလှမ်းတယ်။ ကျနော်တို့ PCG (Peace Creation Group) ငြိမ်းချမ်းရေး အကျိုးဆောင်တွေကလည်း ကမ်းလှမ်းတယ်။
အခုလည်းပဲ UNFC (United Nationality Federation Council) (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ) ကတဆင့် ဆွေးနွေးဖို့ ထပ်ကမ်းလှမ်းတယ်။ လွန်ခဲ့တဲ့ ၃ ရက်က လည်း ကမ်းလှမ်းထားတယ်။ နှစ်သစ်ကူးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုပါတယ်။ ရက်ကို လူကြီးမင်းတို့ အားမယ့် ရက်ကို အကြောင်းပြန် ပေးပါ ဆိုတာကို ပို့ထားတယ်။ PCG ကို တောက်လျှောက်ပြောနေတယ်။ မီဒီယာမှာ ဟိုဘက် ဒီဘက်ပြောလို့ရတဲ့ ငြိမ်းချမ်းရေး ကျနော်ကမ္ဘာပေါ်မှာ မဖတ်ဖူးသေးဘူး။ Blame Game နဲ့ ငြိမ်းချမ်းရေး ရတာလည်း မတွေ့ဖူး သေးဘူး။ တွေ့ဆုံဆွေးနွေးရေးကသာ ငြိမ်းချမ်းရေးရမယ့် လမ်းစဉ်ပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို တွန်းနေတာ။
ဒေါက်တာအေးမောင်
ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
မီးစတဖက်၊ ရေမှုတ်တဖက်ကတော့ မကောင်းဘူး။ ငြိမ်းချမ်းမှု တကယ်လိုချင်ရင် မငြိမ်းချမ်းတာတွေကို ဆွေးနွေး နိုင်အောင် လုပ်ရမယ်။ ပြည်တွင်း စစ်ရပ်ဖို့ လိုတယ်။ အခု စစ်တပ်က တောင်ကုန်း တခုကို လေကြောင်းပစ်ကူပြီး သိမ်းလိုက်တယ် ဆိုတာ ထာဝရ အောင်မြင်မှု မဟုတ်ပါဘူး။
အမြဲတမ်း ငြိမ်းချမ်းရေး လိုချင်တယ်၊ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခငြိမ်းချမ်းချင်တယ် ဆိုရင် တိုက်ပွဲနည်းနဲ့ မရဘူးဆိုတာ နားလည်ကြဖို့လိုပါတယ်။ တွေ့ဆုံ ဆွေးနွေး ကြဖို့ လိုပါတယ်။ တနေရာကို သိမ်းလိုက်လို့ အဲဒီနေရာက ထာဝရ ပိုင်ဆိုင်သွားတာမဟုတ်ဘူး။ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။ ဒီနေ့သိမ်း၊ မနက်ဖြန် ထိန်းနိုင်ပါ့မလား။ တဒင်္ဂတွေပါ။ အာဏာဆိုတာကလည်း ခဏလေးပါ။ အောင်မြင်မှု ဆိုတာလည်း ခဏလေးပဲ။ ထာဝရငြိမ်းချမ်းဖို့ ဆိုရင် ဆွေးနွေးကြဖို့ အရေးကြီးပါတယ်။
ဦးဇိုဇမ်
ဥက္ကဌ၊ ချင်းအမျုုိးသားပါတီ
အခုလက်ရှိအချိန်က KIA နဲ့ အစိုးရ အတွက် အင်မတန် အရေးကြီးပြီး အထိအခိုက် လွယ်တဲ့အခြေအနေ ရောက်နေပြီ။ ပွင့်ပွင်းလင်းလင်း ပြောရမယ် ဆိုရင် ကချင်နဲ့ အစိုးရနဲ့ ကြားမှာက တော်တော့်ကို ကွာဟချက် ကြီးမား နေတယ်။ မနည်းကို အလုပ်လုပ် ရဦးမယ်။ နားလည်မှု လုံးဝ လွဲနေကြတယ်။ သမ္မတရဲ့ ထိုးစစ်မဆင်နဲ့ ဆိုတဲ့ အမိန့်ကိုလည်း တပ်ဘက်က မနာခံကြဘူး။ မနာခံတဲ့ အပေါ်မှာ စိုးရိမ်စရာတော့ ဖြစ်နေပြီ။ ကချင်တွေက မြစ်ကြီးနားကို လာတိုက်တာ မဟုတ်ဘူး။ KIA စခန်းတွေကို တပ်မတော်က သွားတိုက်နေတာ။ ကိုယ့်တပ် ကိုယ့်စခန်းမှာနေရင် ဘာမှမဖြစ်ဘူး။ တပ်မတော်ဘက်က မှားမယ်လို့ ထင်တယ်။ ကိုယ့်ဟာကိုယ်နေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။
ဒေါက်တာ တူးဂျာ
ဥက္ကဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)
အခုထိုးစစ်တွေ ရပ်တန်းက မရပ်ရင်၊ ချေမှုန်းတဲ့ ပုံစံမျိုး ဆိုရင်တော့ အများကြီးထိခိုက်သွားမယ်။ အခု စစ်တပ်က သိမ်းတဲ့ တောင်ကုန်း ဆိုတာကလည်း စစ်ရေးအရ မဟာဗျူဟာအရ ပွိုင့်ကျနေတော့ သူသိမ်း၊ ကိုယ်သိမ်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အခု အခြေအနေမှာ အခုအဆင့်မှာ အပစ်အခတ် ရပ်စဲမယ်။ ရှေ့ဆက်မတိုးဘဲ ညှိနှိုင်းကြမယ် ဆိုရင် ငြိမ်းချမ်းရေး ဖြစ်နိုင် သေးတယ်။ တုတ်ပြပြီး စည်းရုံးတာက အဖြေမထွက် နိုင်ဘူး။ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မုန့်ပြ စည်းရုံးတာက အဆင်ပြေစေ လိမ့်မယ်််။ ဒီအတိုင်း ဆက်တိုးသွားရင်တော့ယုံကြည်မှု တည်ဆောက်ဖို့ တော်တော်ခက်သွားလိမ့်မယ်။
ဦးနိုင်ငွေသိန်း
ဥက္ကဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
အရင်ကတည်းက စစ်ပွဲတွေရပ်ဖို့ ကြေညာချက် ထုတ်ထားပြီးသား ပဲ။ ကျနော်တို့ ပြောပေမယ့် ဘယ်သူမှ စစ်ပွဲ မရပ်ကြ ဘူး။ မွန်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တယောက် အနေနဲ့ရော ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က တော်တော် ဆင်းရဲ ကြတယ်။ သနားဖို့ ကောင်းတယ်။ ဒုက္ခသည်တွေ အတွက် စဉ်းစားမိရင် စိတ်မကောင်းဘူး။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ အခုလို တိုက်နေတယ် ဆိုတာ ကြီးသူက ငယ်သူကို ညှင်းဆဲတဲ့သဘော အများကြီးပါတယ်။ ငြိမ်းချမ်းရေး အလားအလာကိုတော့ သံသယ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ မရှိတဲ့အခါ အပစ်အခတ် ရပ်စဲရေး ပျက်သွားတယ်။ ပျက်သွား ပြန်တော့ တခါပြန်စ။ တိုင်းရင်းသားတွေ အနေနဲ့ အစိုးရ အပေါ်မှာ သံသယဖြစ်လာပြီ။ ဦးသိန်းစိန် အစိုးရကို တောင်မှ သံသယ ဖြစ်နေတယ်။ နောက်ပြန်လှည့်မှာလား။ သဘောထားမှန်ရဲ့လား သံသယရှိတယ်။
ဦးအုန်းကြိုင်
ပြန်ကြားရေးတာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကျနော် ပြောချင်တာက တော့ စစ်ရှိန်မြှင့်လာတဲ့ အပေါ်မှာ အဖွဲ့ချုပ် အနေနဲ့ ဆိုရင်တော့ အဖွဲ့ချုပ်က တစုံတရာပြောဖို့ ကျနော့်မှာ ဘာမှသိထားတာ မရှိသေးပါဘူး။ တဦးတည်း ပုဂ္ဂိုလ်အမြင်အရ ဆိုရင်တော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဒုတိယမြောက် ဖော်ပြထားတာက ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေတဲ့ အထဲကပဲ နှစ်ကုန်ခါနီးမှာ အခုလို စစ်ရှိန်မြှင့်လာ တာကနေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် အရမ် းစိုးရိမ်ပါ တယ်။ ခက်တာက အခြေအနေ သတင်း အတိအကျဆိုတာ ကလည်း မီဒီယာတွေကပဲ သိနေရတာဆိုတော့ ဘယ်လိုအခြေအနေ လဲဆိုတာ မသိပါဘူး။ သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရဘဲနဲ့ နိုင်ငံ့ဖွံ့ဖြိုးဖို့ဆိုတာ စိတ်ကူးယဉ် တာပဲ ဖြစ်ပါလိမ့် မယ်။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင်တော့ စစ်ပွဲရပ် ဖို့ ကြိုးစားရပါ လိမ့်မယ်။
ဦးဇော်ဌေး
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
အလားအလာ ကောင်းမှာပါ။ နည်းနည်းလေးတော့ ခက်သွားမှာပေါ့။ လတ်တလော ဖြစ်ပွားနေတဲ့ ဟာတွေ အမြန်ဆုံး လျော့ပါး သွားမယ်လို့ မျှော်လင့်တယ်။ နည်းနည်းလေး စစ်ရှိန်လျော့သွားရင် ပြည်သူတွေရဲ့ အပြောင်းအရွှေ့ အနေအထိုင်တွေ အရေးတကြီး လိုအပ်လာ မယ်။  နှစ်ဦး နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ မပြီးပြတ်ရင် နောင်လည်း ဆက်ဖြစ်နေမှာပဲ။ နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေး ကြမယ်၊ Dialogue လုပ်မယ်။ အစိုးရဘက်က တောက်လျှောက် လမ်းဖွင့်ထားတယ်။
ဒေါ်မိဆူးပွင့်
ဗဟိုကော်မတီဝင်၊ ABSDF
မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါ၀င်နေရတာ ဘာကြောင့်လဲ ဆိုရင် မကဒတ အပစ်အခတ်ရပ်ဆဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေ လုပ်နေတဲ့ ဒေသမှာ ABSDF ရှိနေတဲ့အတွက်  ပါ၀င်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ ABSDF ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါ၀င်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်။
ဦးကြည်မြင့်
လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
နှစ်ဦး နှစ်ဖက်စလုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ လို့ထင်ပါတယ်။ စစ်ဆိုတာဖြစ်လာရင် လက်နက် ရောင်းမယ့် နိုင်ငံတွေနဲ့ အကျိုးအမြတ်ဖြစ်အောင် ထုတ်မယ့် နိုင်ငံတွေရှိနေတယ်ဆိုတာ သတိထား ကြစေချင်ပါတယ်။

http://burma.irrawaddy.org/archives/29803
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India