July 30, 2012

CNF နဲ့ ပြည်နယ်အစိုးရ တွေ့ဆုံမည့်အပေါ် CNP ကြိုဆို

လာမည့် ၂၀၁၂ ခုနှစ် ဇန္နဝါရီလအတွင်း ချင်း အမျိုးသားတပ်ဦးနဲ့ လက်ရှိ ချင်းပြည်နယ် အစိုးရ တွေ့ဆုံမည့်အပေါ် ချင်းအ မျိုးသားပါတီ က ထောက်ခံကြိုဆိုသည်ဟု သိရသည်။
ယခုလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသည် ချင်းအမျိုးသားပါတီ၏ ဗဟိုအလုပ်အမှု ဆောင် ကော်မီတီ အစည်းအဝေးက ယခုကဲ့သို့ ထောက်ခံကြိုဆိုကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ် သည်။

CNF နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်နေ့က ထိုင်း မြန်မာ နယ်စပ်တနေရာတွင် တခြားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNPP, KNU၊ SSA (S) တို့နှင့်အတူ တွေ့ဆုံခဲ့ကြပြီးလာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ပဏာမအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်   သဘော တူညီခဲ့ကြခြင်းဖြစ်သည်။

ယင်းသဘောတူညီချက်ကြောင့် နှစ်ဖက် ပြန်လည်တွေ့ဆုံမည့်အပေါ် ချင်းလူကြီးတချို့လည်းထောက်ခံ ကြိုဆိုသည်ဟု ထပ်မံ သိရသည်။

“ ပြည်သူလူထု အကျိုးစီးပွားအတွက် နှစ်ဖက် ညှိနှိုင်းပြီး ပြေလည်နိုင်ပါစေလို့ ပဲ ပြောချင်တယ်” ဟု ဟားခါးမြို့မှ လူကြီး တဦးက ပြောသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မီတီအစည်းအဝေးသို့ ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ လွှတ်တော်အမတ် များ နှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီ ၀င်များ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် CNP အနေဖြင့် လာမည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချူပ်ရေးမှူး ရွေးကောက်ပွဲတွင် ချင်းပြည်နယ် တပြည်နယ်လုံး၌ အနိုင်ရရှိနိုင်ရန် မဟာဗျူဟာ ချမှတ်ရေးကိစ္စကို အလေးထားဆွေးနွေး ခဲ့ကြသည်ဟု ချင်းအမျိူး သားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်း ကပြော သည်။

‘‘ ရပ်၊ကျေး အုပ်ချူပ်ရေးမှူး ရွေးခန့်အပ်ရေးနှင့်ပတ်သက်ပြီးတော့ နည်းဥပဒေလည်း ထွက်နေပြီ၊ သမ္မတက လက်မှတ် ရေးထိုးပြီးရင်တော့ အဲဒီဟာ အတွက် ရွေးကောက်ပွဲတွေလုပ်မှာကိုး၊ အဲဒီမှာ ချင်းအမျိုးသားပါတီအနေနဲ့ ချင်းပြည်နယ် တပြည်နယ်လုံးမှာအနိုင်ရရှိဖို့ မဟာဗျူဟာတွေချမှတ်ပြီး အဓိကလုပ်ဆောင် သွားမှာပါ’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ပြောသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချူပ်ရေးမှူး ရွေးချယ်ခန့်အပ်ရေး ဥပဒေကြမ်းကို အထက်၊ အောက် လွှတ်တော် ၂ ရပ်စလုံး က ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က အတည်ပြု လိုက်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးဖို့သာ ကျန်တော့သည်ဟုသိရသည်။

လက်ရှိ ချင်းပြည်နယ်၏ ရပ်ကွက်၊ ကျေးရွာ အုပ်ချူပ်ရေးမှူး အများစုသည် အနိုင်ရ ကြံ့ဖွံ့ပါတီဝင် များဖြစ်ကြပြီး ချင်းပြည်သူ လူထုများကလည်း မနှစ်သက်ကြကြောင်း၊ ထို့ကြောင့် ရပ်၊ကျေးအုပ်ချူပ်ရေး မှူး ရွေးကောက်ပွဲကို အစိုးရအနေဖြင့် အမြန် ဆုံး ကျင်းပပေးစေခြင်ကြောင်းဆလိုင်းကျဲအိုဘိခ်ထောင်း ကပြောသည်။

နှစ်ရက်တာ ကျင်းပသော အဆိုပါ အစည်းအဝေးတွင် ချင်းပြည်နယ်အထက်ပိုင်း တွန်းဇံ နှင့် ကျီခါးဒေသရှိ ဘိန်းစိုက် ခင်းကိစ္စ၊ ချင်းပြည်သူများ တခြားဒေသ သို့ ပြောင်းရွှေ့နေကြသည့်ကိစ္စ နှင့် ချင်းပြည်နယ်၏ ဆင်းရဲမွဲတေ မှုလျော့ကျ ရေး စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

ချင်းအမျိူးသားပါတီ (CNP) သည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းလူမျိူးကို ကိုယ်စားပြုသော ပါတီတခုအနေ ဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီ အမတ် (၉) နေရာ အနိုင်ရရှိခဲ့သည်။

http://burmese.bnionline.net/index.php/news/khonumthung/9198-cnf----cnp-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India