July 30, 2012

CNF နှင့် ချင်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပြီ

ချင်းအမျိူးသားတပ်ဦး CNF နှင့် ချင်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်း ၁၀ နာရီက ပြည်နယ်မြို့တော် ဟားခါးမြို့ အစိုးရဧည့်ဂေဟာ ဆောက်လုပ်ရေး ရိပ်သာမှာ ငြိမ်းချမ်းရေးအတွက် စတင်ဆွေး နွေးနေကြပြီဖြစ်သည်။
တွေ့ဆုံပွဲတွင် CNF ဘက်က ဒေါက်တာရွှေခါး၊ ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော လမွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်း တို့ပါ၀င်ပြီး၊ ချင်းပြည်နယ်အစိုးရဘက်မှ နယ်စပ်ဒေသ လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ ပြည်နယ် အစိုးရ အတွင်းရေး မှူး၊ ပြည်နယ်ဥပဒေချူပ် နှင့် ဗျူဟာမှူးတို့ပါ၀င်ကြောင်းသိရသည်။

ဆွေးနွေးသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး မသိရှိနိုင်သေးသော်လည်း ငြိမ်းချမ်းရေးအတွက် အလား အလာကောင်းမည် ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းကပြောသည်။

“ အခြေအနေက မသိသေးဘူး ဆွေးနွေးတာ မပြီးသေးလို့ ပြန်မလာကြသေးဘူး၊ အလားအလားတော့ ကောင်းမယ် လို့ကျနော်မှန်းထားပါတယ်” ဟု သူကပြောသည်။

ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန်တွင် အဆုံးသတ်မှာဖြစ်ပြီး ဟားခါးမြို့မိမြို့ဖများ နှင့် ဘာသာရေးခေါင်းဆောင်များက CNF ကိုယ်စားလှယ်အဖွဲ့ နဲ့  ပြည်နယ် အာဏာပိုင် အဖွဲ့ကို ညစာစားပွဲ တည်ခင်းဧည့်ခံပြီး ဆုတောင်းပွဲတရပ်ပြုလုပ်သွားမည်ဟုလည်းသိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါ၀င်သော ချင်းအမျိူးသားပါတီ (CNP) က ယခုလို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကြ သည့်အပေါ် ကြိုဆိုလိုက်ပြီး ထာဝရငြိမ်းချမ်းရေးအတွက် စိတ်ရှည်ရှည်နဲ့ကြိုးစားဖို့လိုကြောင်း ပါတီဥက္ကဌ ဦးဇိုးဇမ်ကပြောပါတယ်။

“ ကျနော်တို့ကတော့ ကြိုဆိုပါတယ်၊ တခုတော့ရှိတာပေါ့ဗျာ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ နေ့ချင်းည ချင်းတော့ ကျနော်တို့လိုချင်တဲ့ ပုံစံတော့ ချက်ချင်းတော့ဝင်ချင်မှဝင်မှာလေ၊ ဒါပေမဲ့ စိတ်ရှည်လက်ရှည် နဲ့ပဲ ထာဝရငြိမ်းချမ်းရေးရဖို့  ကျနော်တို့ကြိုးစားမှပဲဖြစ်မယ်’’ ဟုသူကပြောသည်။

CNF အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့သည် ယခင်စစ်အစိုးရ လက်ထက် ၂၀၀၇ ခုနှစ် မတ်လ (၁၅) ရက်နေ့က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တကြိမ် တွေ့ဆုံခဲ့ကြသော်လည်း တစုံတရာသဘောတူညီ ချက်မရရှိခဲ့ကြပေ။

ယခုတကြိမ်ဆွေးနွေးပွဲမှာမူ CNF နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးနိုင်ရန် ၉၅ ရာခိုင်နှှုန်းခန့် သေချာ နိုင်သည်ဟု ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်လွှင့်သည့် ပြည်တွင်းဂျာနယ် The Voice အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

http://burmese.bnionline.net/index.php/news/khonumthung/9452-cnf----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India