July 30, 2012

တီးတိန်တွင် CNF ဆက်သွယ်ရေးရုံးထားရှိမည့်ကိစ္စ ကန့်ကွက်မည်

ချင်းအမျိုးသားတပ်ဦး (စီအဲန်အက်ဖ်) နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ သဘောတူညီချက် (၉) ချက် အနက် (၂) ချက် မြောက်ဖြစ်သော တီးတိန်မြို့နယ်တွင် CNF ဆက်သွယ်ရေးရုံးထားရှိရန် ဆိုသည့် ကိစ္စကို ပြည်တွင်းပြည်ပမှ ဇိုမီးအမျိုးသား များက ကန့်ကွက်ကြမည်ဟု ဇန္နဝါရီလ နောက်ဆုံးပတ်က ပြောလိုက်သည်။

CNF နှင့် အစိုးရတို့သည် ဇန်နဝါရီလ ၆ ရက်နေ့က အချက် (၉)ချက်ပါသော သဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီး ယင်း စာချုပ်ထဲတွင် CNF ၏ဆက်သွယ်ရေးရုံးကို တီးတိန်၊ ထန်တလန် နှင့် ပလက်ဝ မြို့နယ်တွင် ထားရှိရန်ဟု ပါရှိသည်။

တီးတိန်မြို့နယ်တွင် CNF ဆက်သွယ်ရေးရုံးထားရှိမည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် တီးတိန်မြို့ရှိ လူငယ်ခေါင်းဆောင် တချို့က ပြည်သူလူထု၏ လက်မှတ်များကို ကောက်ခံနေသည်ဟု တီးတိန် လူငယ် ခေါင်းဆောင်တဦးကပြောသည်။

“ CNF ကို လူတော့မုန်းတာမဟုတ်ဘူး၊ သူတို့ရဲ့အဖွဲ့စည်းတွေပေါ့၊ အရင်တုန်းကဆိုရင် CNF က ဒီဘက်မှာ သောင်းကျန်း တာများလို့ ပေါ့၊ ဆက်ဆံရေးရုံးတွေဘာတွေဖွင့်လို့ရှိရင် အပြင်မှာ ရှိနေတဲ့ အချိန်တုန်းကလည်း ဒုက္ခရောက်ကျတယ်၊ အခု အတွင်းမှာ ရှိမယ် ဆိုရင် ပိုပြီးဒုက္ခရောက်မယ်ဆိုပြီး ပြည်သူလူထုက လည်းယူဆ လို့” ဟု သူကပြောသည်။

လက်မှတ်ကောက်ခံမှုကို တီးတိန်မြို့အပြင် ဇိုမီးအမျိုးသားများနေထိုင်သော တွန်းဇံ၊ ကလေးမြို့ နှင့် ရန်ကုန်မြို့ တို့တွင် လည်း လုပ်ဆောင်နေသည်ဟုသိရသည်။

ထို့အပြင် ပြည်ပရှိ ဇိုမီးအမျိူးသားများကလည်း ကန့်ကွက်လက်မှတ်ရေးထိုးကြမည်ဟု သိရပြီး အင်တာနက် အွန်လိုင်းပေါ် ၌ ကန့်ကွက်လက်မှတ်ရေးထိုးနိုင်မည့် စာမျက်နှာတခုပြုလုပ်ထားသည်ဟု Zogam Post အင်တာနက်စာမျက်နှာတွင်ဖော် ပြထားသည်။

ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်ရှိသည့် တီးတိန်မြို့နယ်အတွင်း အုပ်စု ၃၀ ကျော်တွင် လက်မှတ်များကို ကောက်ခံပြီးပြီဟု သိရပြီး ယခုဖေဖော်ဝါရီလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းဟိုင်းထံသို့ တင်ပြ မည်ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး  CNF လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်(၁) ပူးပေါလ်စီထာက  “ ဒီကိစ္စနဲ့ ပတ်သက် လို့ Voice of Zomi ကနေ ရေးသားထုတ်လွှင့်တာကိုဖတ်တဲ့အပြင် အခြားသိရှိ ရတာမရှိဘူး၊ လက်နက်ကိုင် တော်လှန် ရေးကြောင့် ပြည်သူအများ ဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့တာ အမှန်ပါပဲ၊ CNF လှုပ်ရှားမှု ကြောင့် အပြစ်မဲ့ပြည်သူတွေ စစ်အစိုး ရက နှစ်ရှည်ထောင်ဒဏ်ချတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာ တွေနဲ့ သတ်ပစ်ခဲ့တာတွေလည်း ချင်းပြည်အနှံ့မှာ ရှိခဲ့တယ်။ ချင်းပြည်အတွင်း သတင်းစာ၊ တယ်လီဖုန်းစတဲ့ မီဒီယာသုံးတွေမရှိတော့ တနယ်မှာဖြစ်ပျက်တာကို အခြားတနယ်က မသိနိုင်တဲ့အခါမှာ ၄င်းတို့သက်ဆိုင်ရာ ဒေသမှာ ဖြစ်ပျက်တာကို ကွက်ပြီး ထင်ကြမြင်ကြတတ်ပါတယ်။ အဖြစ်အပျက်အား လုံးကို ချင်းပြည်တပြည် လုံးအတိုင်းအတာနဲ့ကြည့်တတ်ဖို့လိုပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး “ ကျနော်တို့က ၁၉၉၀ခုနှစ်လောက်စပြီး ချင်းပြည်နယ်မှာရှိတဲ့ အိမ်ထောင်တိုင်းဆီမှာ အလှူငွေ ကောက် ခံခဲ့ပါတယ်။ ၂၀၀၈ခုနှစ်အထိပေါ့။ ဒါလဲ ချင်းပြည်တပြည်လုံးမှာကောက်ခံတာပါ။ တချို့မြို့နယ်ကို ချန်လှပ်ထားပြီး ကောက်ခံမှုတွေ မလုပ်ဖူးပါဘူး။ တီးတိန် နဲ့ တွန်းဇံမြို့နယ်ဒေသခံ တွေက အခုလိုမျိုး ကန့်ကွက်မှုကို တခါတည်း မလုပ်ပဲနဲ့ အမျိုးသားအကျိုးကို ငဲ့ညှာပြီး အချင်းချင်း ကြား မကျေနပ်ခဲ့တာတွေ နားလည်မှုလွဲခဲ့တာတွေကို ခေါင်းချင်းဆိုင် ဆွေးနွေးဖြေရှင်းဖို့ကို အလေး ပေးစေချင်တယ်။ ဒီလိုလုပ်သွား ကြရင် ကျနော်တို့ အချင်းချင်းကြားမှာ ဖြေရှင်းလို့မရတဲ့ အရာ ရှိမယ် မထင်ဘူး” ဟု ပြောသည်။

ဇန္နဝါရီလ ၅- ၆ ရက်နေ့ ပြည်နယ်အဆင့် ပမာဏ ငြိမ်းချမ်းရေး သဘောတူညီချက်ထဲတွင် ချင်း ပြည်နယ် မြောက်ပိုင်းတွင် ဘိန်းခင်း၊ ဘိန်းလုပ်ငန်းများ၊ ဘိန်းကုန်ကူးခြင်းများကို အမြစ်ပြုတ်ခြေ မှုန်းရေး ပူးပေါင်းလုပ် ဆောင်သွားမည်ဟု ပါရှိသည်။

http://burmese.bnionline.net/index.php/news/khonumthung/9693--cnf--.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India