September 1, 2012

စစ်ပြေး ဒုက္ခသည်များ အရေးမှ စစ်ပွဲ ရပ်ရေးကို ကန်တောင်းဆို

Ka_Chin_Blank_warသြဂုတ်လကုန်အတွင်း၌ တရုတ်နိုင်ငံဖက်၌ ရှိနေသော ကချင် စစ်ပြေးဒုက္ခသည်များ အပြီးတိုင် ပြောင်းရွှေ့ရန် တရုတ် အာ ဏာပိုင်တို့က လိုလားသော်လည်း လက်တွေ့၌ တထောင်နီးပါးမျှ ကျန်ရှိနေသေးသည်ဟု ကချင် ဒုက္ခသည် ကော်မီတီမှ အဖွဲ့ဝင် တဦးက ပြောပါသည်။
“ မပြောင်းပေးနိုင်သေးတာ ခဒေါင်ပါ ဒုက္ခသည်စခန်း တစ်ခုကျန်နေသေးတယ်။ အဲဒီစခန်းက တောကျတဲ့နေရာလဲ ဖြစ် တယ်။ ကားလမ်းလဲမရှိ ဖြစ်နေတော့ နီးဆုံး စခန်းဖြစ်တဲ့ လနာဇွပ်ဂျာ ဒုက္ခသည်စခန်းကို မပြောင်းပေးနိုင်ခဲ့ဘူး” ဟု ဆိုပါ သည်။
ခဒေါင်ပါ စစ်ပြေး ဒုက္ခသည် စခန်းသည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ်းခမ်းမြို့နယ် တရုတ်နယ်မြေတွင်းရှိ စခန်း (၆) ခု အနက် တခုဖြစ်သည်။ လူဦးရေ (၇၀၀) ခန့်ရှိပြီး လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဆေးဝါးနှင့် အခြေခံ အစားအစာများကို ရရှိရန် အခက်အခဲများသည့် နေရာဖြစ်ပါသည်။
ပြောင်းရွှေ့သွားသော ဒုက္ခသည််စခန်း (၅) ခုကို ကချင်ပြည်နယ် ဗန်မော်ခရိုင် မံစီမြို့နယ်တွင်းရှိ လနာဇွပ်ဂျာ  ဒုက္ခသည် စခန်းနှင့် မန်ဝိန် ဒုက္ခသည်စခန်းများသို့ ပြောင်းရွေ့ ပေးခဲ့ပြီး ဒုက္ခသည် (၄၀၀၀)ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးတွဲပီဆာ က ပြောပါသည်။
ယခုကဲ့သို့ မြန်မာပြည်ဖက်သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း မြန်မာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ပေးခြင်းမရှိဘဲ ဒုက္ခသည်ကော်မီတီများနှင့် ဘာသာရေး အဖွဲ့များကသာ တာဝန်ယူ ဆောင်ရွက်ပေးနေကြပါသည်။ စစ်ပွဲကြောင့် စစ်ပြေး ဒုက္ခသည် စုစုပေါင်းတသိန်းနီးပါး ရှိလာခဲ့သည်ဟု ဒုက္ခသည်ကော်မီတီများက ခန့်မှန်းခဲ့ကြပါသည်။
ဤစခန်းများကို ပြီးခဲ့သည့် သြဂုတ်လ (၂၂) ရက်နေ့၌  မြန်မာနယ်စပ်ဖက်သို့ ပြောင်းရွေ့ပေးရန် တရုတ် အာဏာပိုင်များ ကဖိ အားပေးခဲ့ခြင်းဖြစ်ပါသည်။ စစ်ပွဲကြောင့် ဒုက္ခသည်များ ဖြစ်ပွားနေသည့် အရေးအပေါ် မူတည်ပြီး၊ အမေရိကန် အစိုးရသည် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲသွားရန် တရုတ်အစိုးရမှ အကူအညီပေးသင့်သည်ဟု အမေရိကန်နိုင်ငံ  ခြားရေးဌာန ပြောခွင့်ရသူ Ms.Vitoria Nuland က တိုက်တွန်းခဲ့ပါသည်
Kachin_war_refugeeကချင် စစ်ပြေးဒုက္ခသည်များ
“အဲဒီ နယ်စပ်မှာ ရှိတဲ့ KIA အဖွဲ့အစည်းတွေနဲ့ ပြန်လည် တွေ့ဆုံမှုပြုကြပါ။ သူတို့ကိုလည်း နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲမှာ ထည့်သွင်း ပါဝင်စေဖို့ ကျမတို့ အမေရိကန်ပြည်ထောင်စု အစိုးရက မြန်မာအစိုးရကို ထိရောက်စွာ တိုက်တွန်းတယ်။ ဒီလို နှစ်တွေကြာရှည်စွာ ပဋိပက္ခ ဖြစ်နေတာကို အဆုံးသတ်သင့်ပြီး ဆိုတာကို တရုတ်အစိုးရ အနေနဲ့လဲ ဝိုင်းဝန်အကူအညီ ပေး ဖို့လိုတယ်” ဟု ဆိုပါသည်။
ကချင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လမှစပြီး အပစ်အခတ်ရပ်စဲရေး ပျက်ခဲ့ပြီးသည့်နောက် ဆွေးနွေး ပွဲများ (၅) ကြိမ် ပြုလုပ်ခဲ့သော်လည်း မည်သည့်သဘောတူညီချက်များ မရရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ် ပွားလျှက်ရှိ ပါသည်။
KIA သည် နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပရေးကို  ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပ ရန် ထပ်မံ အဆိုပြုထားသော်လည်း  အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးဟု ဆိုပါသည်။

31 August 2012

http://phophtaw.org/burmese/index.php/news/local-news/2068-2012-08-31-12-56-24.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India