September 1, 2012

ကချင် ဒုက္ခသည်များကို ကူညီရန် အမေရိကန်က တရုတ်ကိုတောင်းဆို

Ms._Nulandကချင်ပြည်နယ်တွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသော စစ်ပြေး ဒုက္ခသည်များအား တရုပ်နိုင်ငံထဲ၌ ခိုလှုံခွင့် ပေးရန် အပါ၀င် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အစိုးရတို့အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကို ဖြေရှင်း နိုင်ရန် တရုတ် အစိုးရ အနေဖြင့် အားပေး ကူညီရန် အမေရိကန် အစိုးရက တရုတ် အစိုးရထံ တိုက်တွန်း ထားသည်ဟု နိုင်ငံခြား ရေးဝန်ကြီး ဌာန ပြောရေး ဆိုခွင့်ရှိသူ Victoria Nuland က တမြန်နေ့က ပြောကြား ခဲ့ပါသည်။
ထို့အပြင် တရုတ် နိုင်ငံထဲ၌ရှိသော ကချင်စစ်ပြေး ဒုက္ခသည်များထံ နိုင်ငံတကာမှ အကူအညီပေးနိုင်ရန် တရုတ် အစိုးရက ခွင့်ပြု ပေးရန် လိုအပ်ပါသည်။ ထို့အတူ မြန်မာနိုင်ငံ အတွင်းပိုင်းသို့ တရုတ်နိုင်ငံက  ပြန်လည်ပြောင်းရွှေ့ခိုင်းခဲ့သော ဒုက္ခသည် များ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းများက အကူအညီပေးနိုင်ရန် မြန်မာအစိုးရမှ ခွင့်ပြုပေးရန် သတင်းစာ ရှင်းလင်းပွဲ၌  Ms. Nuland က တောင်းဆိုခဲ့ပါသည်။

တရုတ်အစိုးရသည် ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ၌ ခိုလှုံနေကြသော ကချင်စစ်ပြေး ဒုက္ခသည်များကို အတင်း အဓမ္မပြန်ပို့ခဲ့သည်ဟု စွပ်စွဲချက်များ အပေါ် ငြင်းဆိုခဲ့ပါသည်။ ဤဒုက္ခသည်များသည် (၅၀၀၀) နီးပါးခန့် ရှိပြီး တရုတ် ပြည်ယူနန်ပြည်နယ် ကူမင်းခရိုင် ရွှေလီမြို့နယ်မှ မြန်မာနိုင်ငံအတွင်းသို့ ဤသြဂုတ်လ အကုန်တွင် အပြီးတိုင် ပြန်ပို့ရန် စီစဉ်နေပါသည်။
ထို့အတူ ကချင်ပြည်နယ် ဖါးကန့်ရှိ ကျောက်စိမ်းတူးဖေါ်ရေး ဒေသဖက်၌လည်း KIO နှင့်အစိုးရ တပ်များအကြား တိုက် ပွဲများ ပြင်းထန် လာနေသဖြင့် ထောင်နှင့် ချီသော ဒေသခံများဘေးလွတ်ရာ ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းနေကြရပါသည်။
အမေရိကန် အစိုးရ၏ ဤတောင်းဆိုမှုကို တရုတ်ဖက်မှ လိုက်လျှောဖွယ် ရှိနေပါသည်။ တရုတ်သည် ကုလသမဂ္ဂအဖွဲ့၏ ဗီတိုရကြီးငါးကြီး အမြဲတမ်း အဖွဲ့ဝင် ဖြစ်သည့်အတွက် ကမ္ဘာ့ဒုက္ခသည်ရေးရာများ၌ ပါ၀င်ကူညီရ မည်ဖြစ်သည်ဟု အကဲ ခတ်များက ဆိုပါသည်။
ဤကဲ့သို့ ဒုက္ခသည်အရေးကို အကြောင်းပြပြီး အမေရိကန်ဖက်မှ ပါ၀င်စွက်ဖက်လာမည်ကို မလိုလားသော တရုတ်သည် မိမိတို့နယ်မြေထဲ၌ ကချင်စစ်ပြေးဒုက္ခသည် မရှိစေရေးအတွက် ပြီးခဲ့သည့် လကုန်ပိုင်းမှစပြီး ၄င်းတို့နယ်မြေထဲရောက် နေ သော ဒုက္ခသည်များကို အတင်းနှင်ထုတ်ခဲ့ပါသည်။
Min_Ag_Hling__Macell
ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်သံအမတ်ကြီး တွေ့ဆုံစဉ်

ဤကဲ့သို့ အမေရိကန်အစိုးရ တရုတ်အစိုးရကို မတောင်းဆိုမှီ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ်ချဲကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင််းအောင်လှိုင်အား ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲ ထုတ်ပြန်ထဲ၌ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စလည်း ဆွေးနွေးခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်လဲရေး အစီစဉ်၌ လက်တွေ့ကျသော အခန်းကဏ္ဍ၌ ပါ၀င်လာ ရန် မြန်မာနိုင်ငံဆိုင်ရာ USAID(U.S. Agency for international Development) အဖွဲ့ တာဝန်ခံကိုလည်း ခန့်အပ်ခဲ့ပါသည်။

31 August 2012
 
http://phophtaw.org/burmese/index.php/news/local-news/2063-2012-08-31-06-54-38.html 
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India