
Tuesday, April 30, 2013

မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
DKBA ခေါင်းဆောင်တချို့ (ဓါတ်ပုံ DKBA)
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA နှင့်နယ်ခြားစောင့်တပ် BGF တို့သည်ဖြစ်ပေါ်ခဲ့သောပစ်ခတ်မှု ပဋိပက္ခကို ဖြေရှင်းရန်ယနေ့ ညနေပိုင်းတွင်ကရင်ပြည်နယ်လှိုင်ပွဲြမို့နယ်ရှိြမိုင်ြကီးငူကျေးရွာ၌တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စန်းအောင ်က ဆိုပါသည်။
“ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကရင်အချင်းချင်းကြားမှာ စစ်ကို ရပ်တန့်စေချင်ြပီး အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေ ကို သွေးထွက်သံယို အဖြစ်ဆိုးနဲ့ အချင်းချင်း ပြန်သတ်ကြတာမျိုး မဖြစ်စေ ချင်တော့ဘူး။ ဒါကြောင့်တရားနည်း လမ်းကျကျနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီညနေမှာ တဖွဲ့နဲ့ တဖွဲ့ နုတ်ကတိဖြစ်ဖြစ်၊ စာချွန်လွာ ဖြစ်ဖြစ် လက်မှတ်ေရးထိုးကြမှာပါ” ဟု ဆိုပါသည်။
ယင်းဆွေးနွေးပွဲသို့ DKBA မှ တပ်မဟာမှူး ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သော အဖွဲ့နှင့်နယ်ခြားစောင့်တပ်BGF မှဗိုလ်မှူးချစ်သူဦးဆောင်သော
အဖွဲ့တို့က သွားရောက် ဆွေးနွေးကြပါမည်။ မည်သို့ သဘောတူညီကြမည်ကို မသိရ
သေးသော်လည်း သဘောတူညီမှုများမှာ သေချာရရှိမည် ဖြစ်သည်ဟု ဆိုပါသည်။ သဘောတူ
လက်မှတ် ရေးထိုးပွဲ၌ အစိုးရ ဖက်မှ ပါ၀င်ပတ်သက်ပါက DKBA အနေဖြင့် လက်ခံမည် မဟုတ်ဘဲ BGF အနေဖြင့်သာ လက်မှတ်ရေးထိုးရန် DKBA က လိုလား နေပါသည်။
DKBA နှင့် BGF တို့သည် ြပီးခဲ့သည့် ဧြပီလ 27 ရက်နေ့ညပိုင်းတွင် DKBA ကလို့ထူးလား ဗျူဟာမှ ဗိုလ်မှူးြကီး စောဘိ လက်အောက်ခံ တပ်ဖွဲ့နှင့် နယ်မြေချင်း ထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် မနက်ပိုင်း အချိန်အထိ တိုက်ခိုက်ခဲ့ကြပါသည်။
ဤဖြစ်ရပ်ကြောင့် ြမိုင်ြကီးငူဒေသသည် စစ်မဲ့ဇုံအဖြစ် ထားရှိရန် DKBA က လိုလားနေသည်ဟု ဆိုပါသည်။ သို့သော် BGF ဖက်ကမူ အစိုးရ၏ ဆန္ဒပါ၀င် နေမှုကြောင့် မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း DKBA ဖက်က၀န်ခံထားပါသည်။အကောင်းဆုံးမှာ BGF ၏ ဆန္ဒအတိုင်းဖြစ်ရန်လိုအပ်သည်ဟု DKBA ဖက်ကဆိုပါသည်။
သို့သော်လက်တွေ့အခြေအနေတွင်DKBA နှင့် BGF တပ်များအကြား ပဋိပက္ခကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း အပါ၀င် ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီတို့လည်း ညှိနှိုင်းပေး ခဲ့ပါသည်။
BGF တပ်ဖွဲ့သည်
အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ ့ဖြစ်သဖြင့် အစိုးရအား လွန်ဆန်နိုင်မည်
မဟုတ်ပေ။ အစိုးရသည် ကရင်တပ်ဖွဲ့အချင်းချင်း သင့်မြတ်မှုကို လိုလားလိမ့်မည်
မဟုတ်ဘဲ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား လိုအပ်သလို အသုံးချ သွား
လိမ့်မည်ဟု ယုံကြည်ကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။
“ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။ တပ်မှာလည်းအစိုးရ တပ်ရင်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ရှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။ အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို ြငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူး” ဟု ဗိုလ်မှူးြကီးစန်းအောင် ကဆိုပါသည်။
အလားတူ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း သွေးစည်းရေးအတွက် ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တုန်းကလည်း ဖါးအံြမို့တွင် ပထမအြကိမ် ကရင်ရေးရာ အစည်းအဝေးပွဲ တရပ်ကျင်းပြပီး ကော်မီတီတရပ် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ ကရင် လူမျိုးထဲတွင် လက်နက်ကိုင်အဖွဲ့စည်း (၅) ဖွဲ့ ရှိနေပါသည်။ ၄င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) ၊အစိုးရနယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် ကရင်ငြိမ်း ချမ်းရေး တပ်ဖွဲ့ (KPF) အဖွဲ့တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်မှ စပြီး ဆင်နွဲသည်မှာ နှစ်ပေါင်း 60 ကျော်ခဲ့ပြီးဖြစ်သည်။ DKBA သည် လည်း 1994 ခုနှစ်မှ
ယနေ့ ငြိမ်းချမ်းရေး ကာလအထိ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ပါသည်။ ပြည်တွင်း
စစ်သည် ဒီမိုကရေစီ ရရှိရေးနှင့် တိုင်းရင်းသား အခွင့်အရေးများကြောင့်
ကြာရှည်နေရကြောင်း ဆိုပါသည်။ ဤပြသနာကို အစိုးရမှ မှန်ကန် သောနည်းလမ်းဖြင့်
မဖြေရှင်းဘဲ မလိမ့်တပတ်နည်းဖြင့် ဖြေရှင်းလာခဲ့သောကြောင့် လူပေါင်းများစွာ
အသက်စတေး ခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ မိမိ နေရပ် ကို
စွန့်ခွါခဲ့ကြရပြီး ဒုက္ခသည်ဘဝ သို့ ရောက်ခဲ့ကြ သည်မှာလည်း
မရေတွက်နိုင်အောင် ဖြစ်ပါသည်။
ထိုအခြေနေများသို့ ပြန်လည်မရောက်ရှိစေရန် ယနေ့ ြငိမ်းချမ်းေရးကာလတွင်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွား စေရန် ကရင်ပြည်သူများက အစည်းအဝေးအြကိမ် ကြိမ်ကျင်းပြပီး တောင်းဆိုလျှက် ရှိကြောင်း ဆိုပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/263-dkba-bgf.html
Posted in: BGF,DKBA,ကရင်,ပဋိပက္ခ,သတင်း
Email This
BlogThis!
Share to Facebook