April 2, 2013

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံမည့် ကိစ္စ အဆင်သင့် မဖြစ်သေး

kio-burma-june-20-talk2
မြန်မာအစိုးရ နဲ့ KIO ကိုယ်စားလှယ်များ။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဧပြီလ ၁၀ ရက်မတိုင်ခင် ပြန်လည်တွေ့ဆုံရန် ပြောဆိုထားသော်လည်း တွေ့ဆုံမည့်ကိစ္စကို ယခုချိန်ထိ အဆင်သင့် မဖြစ်သေးကြောင်း KIO ကပြောသည်။
KIO နှင့် အစိုးရ မတ်လ ၁၁ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံဆွေးနွေးစဉ် ထိုသို့သဘောတူထားခြင်းဖြစ်သော်လည်း ညှိနှိုင်းစရာများရှိနေသေးသောကြောင့်ဖြစ်သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဒု-အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
 “ဒီဧပြီလ ၁၀ ရက်အတောအတွင်း သင်္ကြန်မတိုင်ခင်မှာ တွေ့ရအောင်ဆိုပြီး သူတို့အနေနဲ့ပြောတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရက်အတိအကျမသတ်မှတ်သေးဘူး။ ဘယ်မှာတွေ့မယ်ဆိုတဲ့နေရာလည်း မဆုံးဖြတ်ရသေးဘူး။ တခြားဆွေးနွေးတိုင်ပင်စရာ တွေရှိသေးတဲ့အတွက်ကြောင့် အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးဘူး”
တွေ့ဆုံမှုများကို ညှိနှိုင်းဆောင်ရွက်နေချိန်တွင် အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးဆိုသည့် ခေါင်းစဉ်ဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် မမျှော်လင့်ပဲ တိုက်ပွဲများ ဖြစ်ပွားလာသည်ဟု ဆလန်ကဘား လာနန် ကပြောသည်။
“သူတို့က စစ်အင်အားလျှော့သွားတာမရှိဘူး။ အလှဲအလှယ်လုပ်တာနဲ့ လူသစ်လာတိုးချထားတာတွေက ဆက်တိုက်ကိုလုပ်နေတယ်။ KIA စခန်းတွေနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့နေရာကနေ တစ်နေ့ကို နည်းနည်း ရွှေ့ရွှေ့ပြီးတော့ နေရာယူပြီး လာနေသွားတယ်။ ဒီလိုမျိုး လှုပ်ရှားတာတွေရှိတဲ့အတွက်ကြောင့် ဘယ်လိုမှ ရှောင်လွှဲမရလို့ ပစ်ခတ်တာတွေဖြစ်လာတယ်။ အဲလိုမျိုးဖြစ်တာတွေရဲ့ ပြသနာ အစက သူတို့အစိုးရတပ်ဖွဲ့တွေ ဆက်ပြီးလှုပ်ရှားနေတယ်။ သူတို့ ခေါင်းစဉ်က နယ်မြေရှင်လင်းရေးဆိုတာဟုတ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အဲဒါက စစ်ဆင်ရေးလှုပ်ရှားမှုဖြစ်တယ်။ အဲဒါကြောင့် မျှော်လင့်မထားတဲ့နေရာတွေမှာ မမျှော်လင့်ပဲ ပစ်ခတ်တာ တွေဖြစ်လာတယ်”
ထို့ပြင်ဆွေးနွေးမှုတဖက်တွင် အစိုးရတပ်မှ KIO ထိန်းချုပ်နယ််မြေများတွင် လမ်းဖောက်လုပ်နေသည်ဟုဆိုကာ လှုပ်ရှားမှုများကိုတွေ့ရှိရပြီး အဆိုပါကိစ္စသည် ယခုအခြေအနေအရ ထိုသို့ပြုလုပ်ရန်မသင့်တော်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီထံ အကြောင်းကြားထားပြီးလည်းဖြစ်သည်ဟု ဦးလာနန်က ဆက်ဆိုသည်။
“သူတို့ဘက်က အရင်က လမ်းမကောင်းတဲ့နေရာမှာ စစ်တပ်ကနေ လမ်းဖွင့်ဖို့ စီစဉ်တာတွေရှိတယ်။ သူတို့ဆက်သွယ်ရေးလေနော်။ စစ်ပြန်ဖြစ်လာရင်ဆိုပြီးလုပ်တာလား ဘယ်အချိန်အတွက်လဲ။ အဲဒါက လုပ်လို့မဖြစ်ဘူး။ မလုပ်သင့်ဘူး။ ဒီလို ရှေ့တန်းနေရာတွေမှာ အရမ်းစိုးရိမ်ရတဲ့အချိန်မှာ စစ်တပ်ကနေပြီး စစ်ဆင်ရေးလှုပ်ရှားမှုတွေမှာ အကျိုးရှိအောင် အသုံးချဖို့အတွက် လမ်းဖောက်တာမျိုးတွေ မလုပ်ရင်ကောင်းတယ်။ အဲလိုမျိုး ရပ်ထားရင်ကောင်းတယ်ဆိုပြီး ကျနော်တို့ စာနဲ့အကြောင်းကြားထားပြီးသားဟုတ်တယ်။ အဲဒီမှာ သူတို့ဆက်ပြီး လုပ်လာမယ်ဆိုရင်တော့ သူတို့လုပ်လာတဲ့အပေါ်မှာ လိုက်ပြီး တိုက်ပွဲက ရှောင်လို့မရတဲ့ အခြေအနေဖြစ်လာမယ်”
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့် မတ်လ (၁၁-၁၂) တွင် တရုတ်နိုင်ငံရွှေလီမြို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်တပ်များ ယနေ့ထိ တိုက်ပွဲ ရ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရွှေလီဆွေးနွေးမှုတွင် အစိုးရနှင့် KIO သည် စစ်ရေးလျှော့လာရေး နှစ်ဖက် တပ်ပိုင်းဆိုင်ရာ အောက်ခြေတပ်ဖွဲ့များအထိ ညှိနှိုင်းမှုရရှိအောင် ညွန်ကြားသွားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
သို့သော် ယခုချိန်ထိ ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ နယ်မြေနှင့် ပန်ဝါဘက်တို့တွင် အစိုးရနှင့် KIA ကြား တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/1068-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kio-%E1%80%91%E1%80%95%E1%80%B9%E1%80%99%E1%80%B6%E1%80%B1%E1%80%90%E1%80%BC%E1%82%95%E1%80%86%E1%80%AF%E1%80%B6%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%80%80%E1%80%AD%E1%80%85%E1%81%A5-%E1%80%A1%E1%80%86%E1%80%84%E1%80%B9%E1%80%9E%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%9E%E1%80%B8.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India