April 3, 2013

ရှမ်းမြောက်ပိုင်း KIA တပ်ရှိရာသို့ အစိုးရတပ်များ အင်အားတိုးချဲ့ ထိုးစစ်ဆင်နေ

kachin-army-140412
KIO ဌာနချုပ် လိုင်ဇာ အနီးမှ KIA ့စစ်သား တဦး။
အစိုးရတပ်သည် ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေသို့ ဆက်လက်၍ အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၈ ဒေသရှိ တရုတ်ရွာ တာဘန်ကုန်း (Tabang Kung)နှင့် ရှောင်ဘန်ကုန်း (Shaubang Kung) နေရာတွင် အစိုးရတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲသည် KIAနှင့် တအောင်း (ပလောင်) လက်နက်ကိုင် တပ်ပေါင်းစုများဖြင့် မုန်ဝီ (Mung Wi) ဘက်မှ ထိုးစစ်လာသော အင်အား ၆၀ ခန့်ရှိသည့် အစိုးရတပ်နှင့် နံနက် ၉ နာရီခွဲမှ ၁၁ ခွဲထိ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ပြောသည်။
"အစိုးရတပ်က နေရာတိုင်းမှာ လှုပ်ရှားလာတယ်။ ကျနော်တို့နယ်မြေမှာ အစိုးရတပ်က Operation လုပ်လာသလို နေရာတိုင်းမှာ လှုပ်ရှားလာတယ်။  အင်အားက အဖွဲ့ ၁ ဖွဲ့မှာ ၅၀၊ ၆၀ နဲ့ စစ်ကြောင်းများစွာနဲ့ လှုပ်ရှားနေတယ်" ဟု တပ်မဟာ (၄) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။
တနင်္လာနေ့ တိုက်ပွဲတွင် နှစ်ဘက်တပ် ထိခိုက်သေဆုံးမှု မသိရှိရပါ။  KIA တပ်ရင်း (၈) နှင့် တပ်ရင်း (၃၄) နယ်မြေတွင် တအောင်း (ပလောင်) လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)များသည် တပ်ပေါင်းစုအဖြစ် သီးသန့်လှုပ်ရှားနယ်မြေဖြစ်သည်။
ထို့ပြင် အစိုးရတပ်များနှင့် KIA တပ်မဟာ (၄) နယ်မြေ နမ်တောင်းဒေသ နမ်ဂတ် (Nam Gat) ရွာအပြန်ဘက်တွင်လည်း မတ်လ၂၉ ရက်နေ့ ညနေ ၅ ခွဲချိန်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုစစ်အင်အားများ ဆက်လက်တိုးချထားကြောင်း သိရသည်။
KIA ပြည်သူ့စစ် MHH (Mungshawa Hpyen Hpung) တပ်ဖွဲ့ (၅)နှင့် အင်အား ရ၀ ခန့်ရှိသော အစိုးရတပ်၊ မုန်ဘော်ပြည်သူ့စစ်နှင့် ပန်းဆဲ ပြည်သူ့စစ်များဖြစ်ကြောင်း သိရသည်။ အစိုးရစစ်တပ်များသည် နမ်တောင်းဒေသ ရှဘွတ်ကောင်းခရားတွင် အယောက် ၄၀၊  ပန်းခါးတွင် ၅၀ ယောက်၊ နမ်ဂတ်တွင် အယောက် ၅၀၊ မော်တောင်းတွင် အယောက် ၅၀ စသဖြင့် အင်အားများကို တပ်ခွဲ (၅) နေရာတွင် အဆင့်အဆင့်တိုးချဲ့ကာ လှုပ်ရှားနေခြင်းဖြစ်သည်ဟု ဆိုသည်။
"လူအင်အားစုပြီး ရှေ့တန်းမှာ နည်းနည်းစီဖြည့်နေတယ်။ ရှေ့မှာရှိနေတဲ့သူတွေကိုလည်း ကျန်နေတဲ့သူတွေကို ပြန်စောင့်ပြီးနေတယ်။ တိုးတိုးပြီး အဆင့်နဲ့အဆင့်ဖြတ်ပြီး ကျနော်တို့နဲ့အနီးကပ်ဆုံးရှိနေပြီ" ဟု MHH တပ်ခွဲ (၅) အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။
၄င်းတိုက်ပွဲတွင် တပ်ခွဲ (၅)သည် ချုံခိုတိုက်ခိုက်ခြင်းကြောင့် ထိခိုက်မှုမရှိဟုဆိုပြီး အစိုးရတပ်မှ ၂ ဦးသည် ဒဏ်ရာရပြီး မူဆယ်ပြည်သူ့ဆေးရုံးတွေ ကုသမှုခံယူနေကြောင်း မျက်မြင်များပြောသည်။
အဆိုပါအစိုးရတပ်သည် လားရှိုးဘက်မှ ဖြစ်ပြီး MHH တပ်ခွဲ (၅) နယ်မြေနှင့် အနီးကပ်ဆုံးနေရာတွင် စစ်အင်အား ၂၀၀ ကျော်ရှိတိုးချထားကြောင်း MHH တပ်မှပြောသည်။
MHH တပ်ခွဲ (၅) နယ်မြေ နမ်တောင်း၊ ၁၀၅ မိုင်ဒေသသည် တရုတ်နိုင်ငံမှ ၀င်ထွက်သောနေရာ၊ ရခိုင်ပြည်မှဓာတ်ငွေ့ ပိုက်လိုင်းရှိရာလမ်းကြောင်းဖြစ်သောကြောင်း ယခုလို ထိုးစစ်ဆင် အင်အားတိုးချဲ့လာခြင်းဖြစ်နိုင်ကြောင်း MHH တပ်ခွဲ (၅) မှ သုံးသပ်သည်။
အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ယခုလ ဧပြီ ၁၀ ရက်မတိုင်မီ ထပ်မံတွေ့ဆုံရန် ပြောဆိုထားသော်လည်း ယခုချိန်ထိ ရက်သတ်မှတ်ခြင်းမရှိသေးပဲ တိုက်ပွဲများသည် မမျှော်လင့်ပဲ ဖြစ်လာကာ အစိုးရအား အင်အားတိုးချဲ့မှုထိုးစစ်ဆင်မှုမပြုလုပ်ရန် စာဖြင့်ပို့ထားခဲ့ပြီး အဆိုပါတွေ့ဆုံမည့်ကိစ္စအတွက်လည်း ညှိနှိုင်းစရာများရှိနေသေးကြောင်း ဒု-အထွေထွေအတွင်းရေးမှူး-၂ လာနန် ပြောဆိုခဲ့သည်။

http://kachinnews.com/burmese/news/1070-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-kia-%E1%80%90%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%9B%E1%80%AC%E1%80%9E%E1%80%AF%E1%80%AD%E1%82%94-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%81%E1%80%BA%E1%80%B2%E1%82%95-%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%94.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India