January 1, 2013

CNF မှ ချင်းပြည်သူများထံ နှစ်သစ် သဝဏ်လွှာ ပေးပို့

ချင်းအမျိုးသားတပ်ဦးက ချင်းပြည်သူများအား ၂၀၁၃ ခုနှစ် နှစ်သစ်မှာ ပျော်ရွှင်မှု၊ ၀မ်းမြောက်မှု၊ ငြိမ်သက် မှုများနဲ့  စိတ်သစ် လူသစ်၊ အားမာန် အပြည့််ဖြင့် နှစ်သစ်မင်္ဂလာအခါကို ဆင်နွဲနိုင်ကြ ပါစေကြောင်း နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ လိုက်သည်။
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့သည် ချင်းအမျိုးသားတပ်ဦးထူထောင်သည့် ၂၅ နှစ် တင်းတင်းပြည့် တော့မည့် ကာလတွင် ချင်းအမျိုးသားတပ်ဦး၏ ၂၅ နှစ်တာ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုသည် ချင်းပြည်သူ များ၏ ကြိုး ပမ်းအား ထုတ်မှု၊ နိုင်ငံရေးအရ ပေါင်းစည်းမှု၊ အင်အားစုစည်းမှု တို့ကြောင့် ပြည်သူ့တော်လှန်ရေး လှုပ်ရှားမှု အသွင်သို့ ရောက်ရှိနေပြီကြောင်း ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ၂၀၁၂ ခုနှစ် ဇန္နဝါရီလမှ စပြီး ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရနှင့် ငြိမ်း ချမ်းရေး ရယူပြီးချိန်မှ စပြီး ထာဝရငြိမ်းချမ်းရေးဖြစ် တည်လာဖို့   ချင်းပြည်သူများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေခဲ့သည်။
သဝဏ်လွှာတွင် ချင်းအမျိုးသားများ၊ ချင်းပြည် သူများ၊နိုင်ငံရေးပါတီများ၊ လူထုအဓိက အခြေပြု အဖွဲ့ အစည်းများ၊ ဘာသာရေး အသင်းအဖွဲ့များ၏ အမျိုးသားရေးဆိုင်ရာ စုစည်းမှုကို ကြောက်ရွံ့ နေကြ သူများ၊ ရန်သူ့ဖက်တော်သားများနှင့် ကိုယ်ကျိုးရှာအဖျက်သမားများ၏ ရန်အား သတိဝိရိယဖြင့် ရင် ဆိုင်ဖော်ထုတ်ပြီး တိုက်ထုတ် သွားကြရန် နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး ကို နှောင့်ယှက်ဟန့် တား နေသူများအား ဖော်ထုတ်ပြီး စည်းလုံးမှု ကို အမိအရ တည်ဆောက် သွားကြရန် ဆက်လက် တိုက် တွန်းထားသည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းပြည်သူများ၊ အစိုးရမဟုတ်သောပြည် တွင်း၊ပြည်ပအဖွဲ့ အစည်းများ၊ ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်ထောင်စုအစိုးရတို့နှင့်အ တူအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက်များကို စတင်အကောင်အထည်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပ ရှိချင်းအမျိုးသားများနှင့် ချင်းပြည်သူများ အနေဖြင့်မိမိတို့ကျွှမ်းကျင်ရာ ကဏ္ဍ အလိုက် တက်တက် ကြွကြွ ပါဝင်ရန်လို အပ်ကြောင်း ဖော်ပြထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ယခုနှစ် နွေဦးတွင် အပစ်အခပ်ရပ်စဲရေးဆိုင်ရာနှင့် ရှေ့လုပ်ငန်း စဉ်များ အတွက် ချင်းပြည်သူများထံ တွေ့ဆုံဆွေးနွေးပြီး အကြံအဉာဏ် ရယူမှုများ ပြုလုပ်သွားကြမည်ဟု ထပ်မံသိရသည်။

http://khonumthungburmese.org/?p=1064
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India