CNF
၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှင်းလင်းပွဲသို့ ရန်ကုန်ရှိ
ချင်း နိုင်ငံရေး ပါတီများ၊ ဘာသာ ရေးအဖွဲ့ အစည်းများ၊ မိဘပြည်သူများ ၅၀၀
ခန့်တက် ရောက်ခဲ့ ကြသည်။ရှင်းလင်းပွဲကို ၁၁ ဒီဇင်ဘာ ၂၀၁၂ တွင် ရန်ကုန်မြို့ Myanmar Institute Theological Hall တွင် ညနေ ၂ နာရီမှ ၄ နာရီအထိ ပြုလုပ်ကြသည်။
ရှင်းလင်းပွဲ အဖွင့် အမှာစကားကို အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ၄င်း၊ ဒီမိုကရေစီ ရေးရာ ဆိုင်ရာကို အဓိပတိ ကောင်စီဝင် ဆလိုင်းကစ်ခိုလျန်က ၄င်း ၂၇ ချက်ပါ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အဓိပတိကောင်စိ၀င် ပူး သော မတ်စ်ထန်နိုးတို့က ရှင်းလင်းပြောကြား ခဲ့ကြသည်။
“ ချင်းအမျိုးသားတွေရဲ့အားထုတ်မှု
ချင်းအမျိုးသားနေ့၊ ချင်းပြည်နယ်နေ့နဲ့ပါတ်သက်ပြီး အစိုးရနဲ့ သဘောတူထားမှုအပေါ် အထူး ၀မ်းမြောက် ၀မ်း သာဖြစ် ကြောင်း အလားတူစွာ ချင်းယဉ်ကျေးမှုရိုးရာပွဲတော်ြ
ထို့အပြင် CNF ငြိမ်းအဖွဲ့သည် 88 Generation Student မှ ဦးကိုကိုကြီး၊ ဦးဌေးကြွယ်၊ ကို ဂျင်မီတို့ နဲ့ တွေ့ဆုံ ခဲ့ကြ သည်။
“အဓိက တန်းတူရေး၊ ပြည်ထောင်စုအရေးမှာ နှစ်ဖက်သဘောထားဆန္ဒတူညီကြပါတယ်၊ လက်ရှိ နိုင်ငံရေး ဖြစ်စဉ် ကို ပြည် သူလူထု တရပ်လုံး ချပြဖို့ တာဝန်ရှိကြောင်း လည်း ဆွေးနွေးကြပါတယ်၊ 88 အဖွဲ့အနေ ဖြင့် ချင်းတောင်ကို တက်လာဖို့ ပြင်ဆင်ထား တဲ့ အပေါ် လှိုက်လှိုက်လှဲလှဲကြို ဆိုပါတယ် ” ဟု အထွေထွေ အတွင်းရေးမှူးချုပ် ပူး ပေါလ်ဆီထာ က ပြော သည်။
88 Generation Student သည် ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် နှစ်နှစ် ပြည့်တော့မည်ဖြစ် သည်၊ အဓိကအားဖြင့် Peace and Open Society ကို အဓိက လုပ်ဆောင် အကောင်အ ထည်ဖော်နေ ကြသည်။
ထို့အပြင် ယနေ့ ငြိမ်းအဖွဲ့သည် ယနေ့တွင် UNLD ခေါင်းဆောင်များ၊ ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မီတီ နှင့် နို်င်ငံ တကာ သံရုံးများနှင့် တွေ့ဆုံကြကြောင်း သိရသည်။
http://khonumthungburmese.org/?p=1036







Wednesday, December 12, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: