နံနက်ပိုင်း တွင် CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်များ
ဆွေးနွေးပွဲတွင် CNF နဲ့ အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စု သဘောတူညီချက်နှင့် UNFC ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် (၆) ချက် အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
CNF အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ယခုလို တွေ့ဆုံတာဟာ အနာဂါတ် ချင်းလူ မျိုးများ စည်းလုံးညီညွတ်မှုကို အထောက်အကူပြုမှာဖြစ်ကြောင်းနဲ့ အရှိုချင်းအမျိုးသားပါတီ ထူထောင်တဲ့ အပေါ် ၀မ်းမြောက်ကြောင်း ပြောသည်။
အရှိူချင်း အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦး အောင်မင်းလှိုင် ကလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ မိမိတို့ဟာ မြိုု့နယ် ၂၀ မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြောင်း၊ ယခုလို ချင်းအမျိုးသားတပ်ဦးနဲ့ တွေ့ဆုံနိုင်တာကို ၀မ်းမြောက် ကြောင်း ပြောသည်။
တိုင်းရင်းသားတွေ မျှော်လင့်နေတဲ့ နေ့သစ်ရောက်ရှိပါပြီ၊ ခေတ်အဆက်ဆက် ဗမာတိုင်းရင်း သားတွေက မိမိတို့ တိုင်းရင်း သားတွေကို မယုံကြည်သလို မိမိတို့ကလည်း သူတို့ကို မယုံ ကြည်ကြောင်း သို့သော် ယနေ့ အစိုးရသစ် ပေါ်လာပြီး နောက်ပိုင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့
ယနေ့ကာလဟာ အင်မတန်မှ အရေးကြီးတဲ့ အချိန် ဖြစ်ကြောင်း မိမိတို့ တိုင်းရင်းသား ပါတီများ၊ လက်နက် ကိုင် အဖွဲ့အစည်းအားလုံး တပေါင်းတစည်း တည်းဖြစ်နေပြီဖြစ်ေ
All Mon Democratic Party ခေါင်းဆောင် နိုင်လှမွန်က မြန်မာနို်င်ငံမပြိုကွဲဖို့ဆို
တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်ပြီး ညနေ ၄းဝဝ တွင် အစီအ စဉ်ကို အဆုံးသတ်ကြသည်။
ထို့အပြင် CNF ခေါင်းဆောင်များသည် UK နှင့် US သံအမတ်များနှင့် လည်းကောင်း၊ NLD ခေါင်းဆောင် ဦး တင်ဦး၊ ဦးဝင်းတင်၊ ဦး ၀င်းဆွေ တို့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ထပ်မံသိရသည်။
“ အဓိက က တိုင်းရင်းသားတွေရဲ့ Identity ကိစ္စကို ဆွေးနွေးကြတယ်၊ ၆၂ ခုနှစ်ကတည်းက တိုင်းရင်း သားတွေ Identity မှေးမှိန်သွားကြောင်း၊ NLD အနေနဲ့ တိုင်းရင်းသားကိစ္စကို အထူးအလေးထားကြောင်း ပြောတယ်” ဟု CNF အဓိပတိ ကောင်စီဝင် ပူး သောမတ်စ် ထန်နို်းက ပြောသည်။
http://khonumthungburmese.org/?p=1031