August 6, 2012

ကေအန်ယူနဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်းတို့အဖွဲ့ ဒီကနေ့ ကရင်ပြည်နယ် မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြဝတီမြို့ရှိ ခမရ ၂၇၅ ရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လာမယ့် ဩဂုတ်လ တတိယအပတ်မှာ အစိုးရနဲ့ ကေအန်ယူတို့ တတိယအကြိမ်တွေ့ဆုံဆွေးနွေးဖို့ အကြို ညိနှိုင်းဆွေးနွေးတာလို့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက ပြောပါတယ်။
“တတိယအကြိမ် ဆွေးနွေးပွဲအတွက်ကို ဒုတိယအကြိမ် ဆွေးနွေးတဲ့ အချက်အလက်တွေ အပေါ်မှာပဲ ပြန်လည်ပြင်ဆင်တာတွေရှိတယ်။ အဓိက တပ်ရုပ်သိမ်းရေးကိစ္စ၊ ပြည်သူလူထုဘဝလုံခြုံဖို့ အာမခံနိုင်ဖို့ဆိုတဲ့နေရာမှာ နည်းလမ်းတခုဖြစ်တဲ့ ကျေးရွာတွေကြားမှာ အများအပြားရှိနေတဲ့ တပ်တွေပြန်လျှော့ချဖို့၊ ရုပ်သိမ်းဖို့ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်။ နောက်တခုက လက်နက်ကိုင် နှစ်ဦးနှစ်ဖက်က လိုက်နာရမယ့် စည်းကမ်းတွေကို အကျယ်တဝင့် ဆွေးနွေးမှာ ဖြစ်ပါတယ်။”
တတိယအကြိမ် ဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ ပြုလုပ်မှာဖြစ်ပြီး ဩဂုတ်လ တတိယ အပတ်ကို ရွေးချယ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီနေ့မနက် ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ တွေ့ဆုံမှုမှာ အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် ရ ဦး တက်ရောက်ခဲ့ပြီး ကေအန်ယူဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်ပြီး အဖွဲ့ဝင် ၆ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့တဲ့ ကေအန်ယူနဲ ့အစိုးရ အကြား ဇန်နဝါရီလဆန်းပိုင်းက ပထမအကြိမ် တွေ့ဆုံရာမှာ  အပစ်အခတ် ရပ်ထားဖို့ နှစ်ဖက် ပဏာမ သဘောတူညီခဲ့ပါတယ်။
မတ် ၄ ရက်နေ့ကနေ ၁၁ ရက်နေ့မှာ ကေအန်ယူအဖွဲ့ဟာ မြန်မာပြည်တွင်း သွားပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ တနသာင်္ရီတိုင်း မြိတ်မြို့တို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ့်နိုင်ခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်တပ်တွေ ပြန်လည်နေရာချထားရေးကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဦးအောင်မင်းနဲ့ ၀န်ကြီးအဖွဲ့ဟာ ကေအန်ယူနဲ့ တွေ့ဆုံဆွေးနွေးပြီး မဲဆောက်မှာရှိတဲ့ မယ်တော်ဆေးခန်းကို ခဏ ၀င်ရောက်လည်ပတ် အားပေးခဲ့ပါတယ်။

http://burmese.dvb.no/archives/28844
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India